Feed aggregator

မဲဆောက်တွင် မြန်မာအလုပ်သမား (၇၀၀) ခန့် ဖမ်းဆီးခံခဲ့ရ၊ အချို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ

မြတ်လေးငုံ - 1 hour 27 min ago
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင် ပြီးခဲ့သည့် ညက တည်းက မြန်မာအလုပ်သမားများထွက်ပြေးတိမ်းရှောင်
နေခဲ့သော်လည်းထိုင်းရဲနှင့်လူဝင်မှုကြီးကြပ်ရေးတို့ က၊ယနေ့ တနေကုန် ပိုက်စိုက် တိုက်ရှာဖွေ ဖမ်းဆီးမှုများ ကြောင့်ရွေ့ ပြောင်းအလုပ်သမားများ၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရှိရသည်။


ဘန်ကောက်မှ ထိုင်း၇ဲနှင့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တို့ လာရောက်ဖမ်းဆီးမည်ကိုကြားသိရသဖြင့် ထိုင်းလုပ်ငန်း
ရှင်များကိုယ်တိုင်ဖွက်ထားပေးခဲ့သည်။ထောင်ချီရှိသည့်မြန်မာအလုပ်သမားများကိုအလုပ်သမားအရေးဆောင်
ရွက်သူများက နေရာထိုင်ခင်းများပြင်ဆင်ပြီးရှောင်တိမ်းနေစေခဲ့သည်။

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ကတာဝန်ခံ ကိုထက်ခေါင်က“ညဥ့်ကကျနော်တို့ ရုံးမှာ အလုပ်သမား ငါးဆယ်
ကျော်တယ်လာ အိပ်ကြတာ၊ ဒီနေ့ နေ့ လည်ပိုင်းမှာတော့အခြား လုံခြုံတဲ့ နေရာတွေ ကိုပို့ ပေးထားတယ်။ ဒီနေ့ 
မဲဆောက်မြင်ကွင်းပိုပြောရရင် စစ်ဖြစ်နေတဲ့မြို့ တစ်မြို့ လိုပဲ၊အလုပ်သမား တွေခမျာ ဟိုဘက် ပြေးလည်း မလုံခြုံ
ဒီဘက်ပြန်ပြေးလည်းမလုံခြုံ၊ဟိုပြေးဒီပြေးဗျာ၊ကျနော်တို့ လည်းတစ်နေကုန်ပဲ၊လိုက်ပြီးတော့အလုပ်သမားတွေ
ကိုကူညီနေတာ၊ခုထိ ပြေးကြတုန်းပဲဟု ” သတင်းရေးသားချိန်ညနေ၆နာရီကျော်တွင်ပြောသည်။

ယခုကဲ့သို့ အထိတ်တလန့် ဖြစ်လောက် အောင်လိုက်လံ ရှာဖွေဖမ်းဆီးခြင်းမှာ ထိုင်းဝန်ကြီးချုပ် အဘီဆေ့၏
နိုင်ငံခြားသား အလုပ်သမားများ ရှာဖွေ ဖမ်းဆီးထောင်ချရေး ကို အကောင်အထည် ဖေါ်ခြင်းကြောင်း JACBA
ဥက္ကဌ ဦးမိုးကြိုးကဆိုသည်။

“ထိုင်းတွေက ကိုယ်လက်ကို ကိုယ်ရိုက်ချိုးတာပဲဗျ။နိုင်ငံတကာလုပ်ငန်းရှင်တွေကရော ထိုင်းလုပ်ငန်းရှင်တွေက
ရော မြန်မာအလုပ်အလုပ်သမားတွေဟာဈေးပေါတယ်၊ အလုပ်ကောင်းတယ်၊ အကြမ်းခံတယ်၊ အန္တရာယ်များတဲ့
အလုပ်တွေမှာလည်းလုပ်ရဲတယ်ဆိုပြီးပြောကြတယ်။အဓိကပြောချင်တာက အလုပ်သမားတွေကို ဘတ်မရှိလို့  ဖမ်းရင်၊ဘတ်လုပ်မပေးတဲ့သူဌေးကိုလည်းဖမ်းလေ၊အလုပ် သမားတွေကို ရှာပြီး ဖမ်းသလို၊ အလုပ်ရှင် ကိုလည်း ရှာဖမ်းလေ၊ဒါမှတရားမျှတမမှုရှိတော့မှာပေါ့” ဟုဖွင့်ဆိုသည်။


ယခုအကြိမ် အတွင်း ထိုင်းလုပ်ငန်းရှင် အချို့တို့ကသူတို့ အလုပ် သမားများအား၊ ဆန်များ၊ ကြက်ဥများ၊ မာမား
ခေါက်ဆွဲခြောက်ထုတ်များ လာရောက်ပေးဆောင်သည် ဟုသိရှိရသည်။ မဲဆောက် အခြေစိုက် ကူညီေ၇းအဖွဲ့ တို့ကမြန်မာနိုင်ငံရေးအကျဉ်းသားများသမဂ္ဂအဖွဲ့ဝင်ကိုမြတ်မင်းတို့ကူညီပေးထားသည့်နေရာဖက်သို့ မည်သူမျှ မရောက်ရှိ ကြောင်း ပြောသည်။


“ကျနော်တိုအနီးအနားက ဘုန်းကြီးကျောင်းဝင်း ထဲမှာလူ ၁၆၀၀ လောက် ရှိမယ် ထင်တယ်၊ဒီတခါ ထိုင်းလုပ်ငန်း ရှင်တွေကောင်းတယ်လို့ပြောလို့၇တယ်။ကျနော့်အထင်ပြောရရင်၊မြန်မာပြည်မှာရွေးကောက်ပွဲအတွက်မဲဆန္ဒရှင် တွေလိုလိုဖမ်းပို့သလား၊ယာယီပတ်စပိုမလုပ်လို့ကြလို့ဆိုရင် ဘာကြောင့် မလုပ်ကြ သလဲဆိုတဲ့ အနေ အထားမှန်ကိုသိအောင်မကြိုးစားကြပဲ၊မလုပ်ကောင်းရလားဆိုပြီးဖမ်းတာနည်းမှန်လမ်းမှန် မဟုတ်ဘူးလေ၊အဖြေ မှန်မဟုတ်ဘူး။ ဒီဘက်ကို ရောက်နေတဲ့ ဗမာတွေအထဲ မြန်မာပြည်မှာ မှတ်ပုံတင် မလုပ်ဖူးတဲ့ လူတွေအများကြီးပဲ” ဟုထောက်ပြပြောဆိုသည်။

စက်ရုံ အလုပ်ရုံပေါင်း၂၀၀ကျော်ခန့်ရှိပြီး၊မဲဆောက်နယ်မြေအတွင်းမြန်မာအလုပ်သမားပေါင်းသိန်းချီရှိကြောင်း
အလုပ်သမားအရေးဆောင်ရွက်သူများကပြောသည်။ အချို့ ကမူ စက်တင်ဘာလ ၅ ရက်နေ့အထိ လူဖမ်းပွဲကြီး ရှိနေမည် ဟု ပြောကြသည်။


ယမန်နေ့ က ချင်းမိုင်မြို့နယ်၊အလုပ်အလုပ်သမားကြီးကြပ်ေ၇းရုံးမှ နဖ၀ဒီဖိနန် ဆိုသူနှင့်နယ်ခြားစောင့်တပ်အမှတ် ၃၃တို့ ပူးပေါင်း၍ ဆီဖုန်းရပ်ကွက် အာစထော်လမ်းရှိ လုပ်ငန်းခွင့်ကိုဝင်ရောက်ဖမ်းဆီလိုက်သည်။


ယမန်နေ့ နေ့ လည်ပိုင်းက စစ်သား အင်အား ၅၀ ကျော်ခန့် ဖြင့်စီးနင်း ၀င်ရောက် ဖမ်းဆီးရာ မြန်မာအလုပ်သမား၂၀၀ကျော်ဖမ်းဆီးခံခဲ့ရသည်။ထိုအထဲတွင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းမရှိ သည့်အလုပ်သမား ၃၀ ကျော်ကိုမူနယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ဒေလီနယူးသတင်းစာ တွင်ရေးသားဖေါ်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း သန်းချီရှိသည့် မြန်မာ အလုပ်သမားများတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင် ခွင့်မရှိသူ
များသဖြင့်၊ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးပြန်ပို့ခြင်း၊ငွေညှစ်ခြင်းကိုနေ့စဉ်ခံနေရဆဲဖြစ်သည်။ဖမ်းလိုက်၊ပြေးလိုက်၊ထိုင်းနိုင်ငံအတွင်းပြန်လာလိုက်သံသရာမှာ နှစ်ပေါင်းမည်မျှကြာမည်မသိနိုင်သေးကြောင်း မဲဆောက်မှအလုပ်သမားအရေး လုပ်သူများက သုံးသပ်ပြောဆိုနေကြသည်။


သတင်း.-ကိုကျော်သောင်း (ဘန်ကောက်)

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဒေသ ခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင် ၃ နှစ်စီချ

မြတ်လေးငုံ - 2 hours 39 min ago
စစ်ကိုင်းတိုင်း ၊ အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ တစညပါတီက ဒေသဆိုင်ရာ ခေါင်းဆောင် ၅ ဦး ကို ဖမ်းဆီးပြီးတရားစစ်ဆေးတာ မရှိပဲ ခန္တီး အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ဟုမ္မလင်းမြို့နယ် တစညပါတီ ဥက္ကဌ ဦးသက်ခိုင်နဲ့ ဦးကာသိန်း ၊ ဦးနီဖောင် ၊ ဦးစီပေါ့ ၊ ဦးယာပေါ့ တို့ကို ဟုမ္မလင်းမြို့နယ် နောင်ပင်ရွာမှာ ဟုမ္မလင်းမြို့နယ် အခြေစိုက် ခလရ ၂၂၂ က ဗိုလ်ဇော်ဇော် ဦးဆောင်တဲ့ စစ်ကြောင်းကနေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ် ။

သူတို့အားလုံဟာ နာဂတောင်တန်း စည်းရုံးရေး တာဝန်ယူထားရသူတွေဖြစ်ကြောင်း နဲ့ အဖမ်းခံရတဲ့ အကြောင်းရင်းကတော့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရပဲနဲ့ ခန္တီးမြို့နယ် အတွင်းက နာဂ တိုင်းရင်းသားတွေကို စည်းရုံးနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

ဆက်လက်ွှပီး သက်ဆိုင်ရာ အာဏာပိုင်တွေက နာဂတောင်တန်းမှာ တစည အနေနဲ့ စည်းရုံးရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ တားဆီးထားတယ်လို့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ နေထိုင်ပြီး နာဂ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ ကိုမိုးကြည်က RFA ကို ပြောပါတယ် ။

“တစညပါတီက ပါတီစည်းရုံးရေးမှူးတွေကို စည်းရုံးရေး မဆင်းဖို့ အခု တစည ဥက္ကဌ ဦးသက်ခိုင် ကို ဖမ်းထားတယ် ။ အဲဒါကြောင့် စည်းရုံးရေး မဝင်ဖို့ မြို့နယ်တိုင်းကို တားထားတယ် ။ အဓိကကတော့ လေရှီး၊ လဟယ် ၊ နန်းယွန်း အကုန်လုံး အဲဒီမြို့နယ်တွေအထဲမှာ ခဏ စည်းရုံးရေး ရပ်ဆိုင်းပါဆိုတဲ့ ပုံစံမျိုး အကြောင်းကြားထားတာ။”

လာမဲ့ စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို နာဂတောင်တန်းမှာ တစည ပါတီ နဲ့ ကြံခိုင်ရေးပါတီ နှစ်ပါတီတည်းပဲ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး လက်ရှိအနေအထားအရ တစည ပါတီ က အသာစီးရတဲ့ပုံ ရှိတယ်လို့ ကိုမိုးကြည်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း တစည ပါတီက နာဂတောင်တန်း နန်းယွန်းမြို့မှာ အနိုင်ရရှိခဲ့ပါတယ် ။
အဲဒီပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာပဲ ဒေသခံ နာဂတောင်တန်း တိုးတက်ရေးပါတီက လေရှီး ၊ လဟယ် စတဲ့မြို့ ၂ မြို့မှာအနိုင်ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ လာမဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ နိုင်တဲ့အတွက် ပါတီ မှတ်ပုံတင်တာ ပြန်မလုပ်ခဲ့ကြောင်း သိရပါတယ်။

သတင်းရင်းမြစ်..RFA

ဆန်ဖရန်စစ္စကိုမြို့တွင် အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်ကားနှင့် ပက်သက်သည့် ဆန္ဒပြမည့် အစီအစဉ်။

မြတ်လေးငုံ - 2 hours 47 min ago

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများကစစ်အစိုးရ၏ သမိုင်းကြောင်း အမှန်များကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်ခဲ့သော စစ်အာဏာရှင် ၀ါဒဖြန့်ချီရေး ရုပ်ရှင်ဇာတ်ကားဖြစ်သည့် အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားနှင့် ၎င်းဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ကြသူများ၊ ပံ့ပိုးကူညီကြသူများကို ဆန့်ကျင်ရှုတ်ချ သော သဘောထား ကြေညာချက် များကို သိရှိနိုင်ရန်အတွက် ပေးပို့လိုက်ပါသည်။

ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြမည့် အစီအစဉ်။

အချိန် ။ ။ ညနေ(၅:၃၀)နာရီမှ (၆:၃၀)နာရီအထိ
နေ့ရက် ။ ။ စက်တင်ဘာလ(၄)ရက် (စနေနေ့)
နေရာ ။ ။ South San Francisco Unified School District
398, B Street, South San Francisco, CA 94080

ဆက်သွယ်ရန်။ ။ ကိုစိန်ထွန်း (၆၅၀ ၃၈၇ ၆၈၉၄)၊ ကိုမိုးကျော် (၆၅၀ ၈၃၄ ၀၁၈၄)၊
ကိုနေလင်း (၄၁၅ ၃၆၈ ၃၉၁၄)
Statement of the LA Organizers for Burma Los Angeles

ပေးပို့ ပေးသော ကိုမိုးကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

တိမ်နဲ့ ရေ

ခင်ဦးမေ - 3 hours 21 min ago

















မလေးရှား ဂျိုဟိုမှာရှိတဲ့ ရထားဘူတာရုံ့ပါ. အခု ဆေးအသစ်သုတ်လိုက်တယ်။ စလုံးက ထွက်တဲ့ရထားက အဲဒီက ဖြတ်ပြီး ကေအယ်ရောက်ပါတယ်။ အဲဒီကနေတက်စိးချင်လဲရတယ်။ အမြန်ရထားလဲရှိတယ် အနေးရထားလဲရှိတယ်။ အမြန်ဆိုတာ မြို့ကြီးတွေ ကိုဘဲရပ်တာ. အနေးဆိုတာ မြို့သေးတွေ မှာပါရပ်တာ. ကေအယ်ထိတော့မစိးဘူးသေးဘူး မြို့သေး kulai တို့ klung တို့အထိတော့စီးဘူးတယ်။ အပျော်ပေါ့။ရထားလျောက်စီးတာ နစ်နာရီလောက်။ ဟိုရောက်တော့တစ်ခါ ဘတ်စကားနဲ့ဒီဘက်ကိုပြန်လာတယ်။ ရထားက နဲနဲရှားပေမဲ့ကားကတော့ပေါတယ်။ ရထားက နဲနဲစောင့်စီးရတယ။် ကားကတော့ အဲဒီမြို့ကလေးတွေကနေ ဒီဘက်ကို ပြန်လာတာအများကြီးရှိတယ်။ something new လုပ်လို့ရတယ်။

































































တိမ်တွေ ရိုက်လွန်းလို့မင်းတိမ်တွေ က ဘာများလှလို့လဲတဲ့ kmsl က.. ဒီဘက်ကလည်းချေပဘို့ဝန်မလေးပါဘူး.။ မင်း Google earth ကရော ဘာများထူးဆန်းလို့လဲ လို့။ တစ်နေ့တစ်နေ့ထိုင်ကြည့်တာ ကိုကျော်ဝဏ္စ (စာလုံးပေါင်းကလဲပေါင်းရခက်လိုက်တာ.) မိုးချိုသင်း ကိုကိုလို့သာမှတ်လိုက်တော့. ဘောလုံးပွဲစဉ်တွေ ကိုထိုင်ကြည့်နေတဲ့အတိုင်းဘဲ။ အကြာကြီး တစ်မေ့တစ်မောထိုင်ထိုင်က်ြည့တာ. သူကြည့်ရုံနဲ့မပြီးသေးဘူး ခေါ်ခေါ်ပြသေးတယ်။ မကြည့်ချင်ပါဘူးဆိုလဲမရ. နစ်ယောက်ထဲရှိတာ တည့်အောင်ပေါင်းရတော့ အားနာပါးနာသွားကြည့်ရတယ်။

ကြည့်ရုံနဲ့မပြီးသေးဘူး နားထောင်ရသေးတယ။် စိတ်လဲမဝင်စားဘဲနဲ့. အိုက်တင်က ခံရသေးတယ်။ ယောကျာ်းကြောက်ရတယ်ဆိုတာအဲဒါပြောတာပေါ့။


မြင်တယ်နော် အဲဒါမြန်မာပြည်။ နေဦး ငါ အနီးကပ်ဆွဲလိုက်ဦးမယ်။ ဟင်း. မကြည့်ချင်ဘဲ ထိုင်စောင့်နေရတယ်။

















ကဲကြည့်ကြည့်.. ဟင် ဘာကြည့်ရမှာလဲ လို့. (မကြည်မလင်. မအောက်ဂလိ)



















မင်းဟာလေ ငဒုံဘဲ ဘာမှ ဗဟုသုတမရှိဘူး။ ဒီမှာကော့သောင်တွေ့လား။ အင်း..တွေ့ပါပြီမောင် (မျက်နာငယ်လေးဖြင့်ပြော)



















အဲသလိုနဲ့ဘဲ.. ဥပမာ macleod island ။ ဇာဒတ်ကြီးကျွန်းနားမှာရှိတယ်။ ကိုကြည့်နေပြနရော ကော့သောင်ကို အရင်သွားရတယ် စိတ်ကူးနဲ့သူသွားတာပေါ့. သူသွားရင်သူ့ဘာသာသွားပါလားလို့ သူများကို လာလာခေါ်တာဆိုးတယ်။ ပြီးရင် မိုင်တိုင်းလိုက်တယ် ။ အဲဒီကနေ မိုင်ငါးဆယ်လောက်အကွာမှာ အဲဒီကျွန်းရှိတယ်။ ပင်လယ်ထဲမှာ... သဲသောင်တွေ သိတ်လှတယ်။ Adamanresort beach လို့ရေးထားတယ။် ရေလဲကြည်နေတာဘဲ ။ ဘန်ဂလိုလေးတွေ လည်းရှိတယ်။အဲဒီကို သူစိတ်ကူးနဲ့သွားနေတယ်။ သူသိတ်ပျော်တယ်။


















































ငါတို့သာမရောက်ဘူးသေးတာ ရောက်ဘူးတဲ့သူတွေ ကဓါတ်ပုံတွေ ရိုက်ပြီးတင်ထားပြီးကြပြီ. ဆိုပြီး. အဲဒီဓါတ်ပုံတွေ ကိုကလစ်လုပ်ကြည့်ပြီးကျေနပ်နေတယ်။ သူကိုယ်တိုင်ရောက်သွားသလိုဘဲ စိတ်ကူးတွေယဉ်နေတယ်။

အဲဒါနဲ့မပြီးသေးဘူး. ငါက အဲဒီကိုသွားလည်ဘို့ထက်အဲဒီမှာ ဘန်ဂလိုဆောက်ပြီး လာတဲ့သူတွေ ကို တစ်နေ့ကို အစိမ်းတစ်ရာနဲ့ငှားချင်တာ. ငါးရက်ငှားထွက်ရင်တောင် အစိမ်းငါးရာ အေးအေးဆေးဆေးထမင်း ကို အဲကွန်းလေးနဲ့စားရုံဘဲဆိုပြီး စိတ်ကူးတွေယဉ်ပြီး လုပ်ငးန်းရှင်ကြီးလုပ်သေးတယ်။ ယောက်ျားလေးတွေ ကိုစိတ်ညစ်တာအဲဒါဘဲ. တို့ဒုက္ခတွေ လူမသိပါဘူး။ ဟင်း..

The City of Golden Pagodas

WP Myanmar - 3 hours 55 min ago
Rangoon or Yangon as it is known these days, is the former capital of Myanmar, one of the handful of

အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ်

VOA - 5 hours 50 min ago

အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည် စတင်ခဲ့တာ ၁ ရက်တာ ပြီးမြောက်သွားပါပြီ။ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး အခွင့်အရေးပဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီ ကလင်တန်က မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

အစ္စရေးရော ပါလက်စတိုင်းရော ၂ နိုင်ငံလုံးဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံ ထူထောင်ရေးတွေ အတွက် ပြင်းပြတဲ့ ညိနှိုင်းလိုစိတ်တွေ ရှိနေကြတာမို့ ဒီအချိန်ဟာ သိပ်အရေးကြီးတဲ့အချိန် ဖြစ်နေတယ်လို့လည်း ၀န်ကြီးကလင်တန်က အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံက ရုပ်မြင်သံကြား သတင်းထောက်တွေကို ပြောပါတယ်။

ကာလကြာရှည်နေပြီ ဖြစ်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပြေလည်အောင် ဆုံးဖြတ်ဖို့အတွက် ဒီတကြိမ်ဟာ နောက်ဆုံး အခွင့်အရေး ဖြစ်တာမို့ အမေရိကန် ပြည်ထောင်စုကလည်း ဒီကိစ္စကို နှစ်နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ သေသေချာချာ ချိန်ထိုး စဉ်းစားကြစေချင်ပါတယ်လို့လည်း ၀န်ကြီးကလင်တန်က ပြောပါသေးတယ်။

ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟူး (Banjaman Natanyahu) နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ၂ နှစ်နီးပါးအတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ပြန်လည် စတင်တာပဲ ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ယောက်တို့ဟာ ဒီဆွေးနွေးပွဲအပြီးမှာ အနိမ့်စားအဆင့် ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေ ကျရင်လည်း အီဂျစ်နိုင်ငံမှာ တွေ့ဆုံကြမယ်လို့ သဘောတူခဲ့ကြပါတယ်။

myo: မယ်ဆင် ကြက်သွန်ဖြူထည့်ချဉ်လည်းရတယ် နယ်ပြီး အိုးထဲစိမ်တော့မယ်ဆို တခါတည်းထည့်လိုက်ရပြီ

kom - 6 hours 11 min ago
myo: မယ်ဆင် ကြက်သွန်ဖြူထည့်ချဉ်လည်းရတယ် နယ်ပြီး အိုးထဲစိမ်တော့မယ်ဆို တခါတည်းထည့်လိုက်ရပြီ
Categories: Cbox

အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ အလုပ်ဖြစ်ဟု ကာကွယ်ရေးဝန်ကြီးဂိတ်စ် ယုံကြည်

VOA - 6 hours 21 min ago

အာဖဂန်နိုင်ငံအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာဟာ အလုပ်ဖြစ်နေတာကြောင့် အားတတ်မိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောပါတယ်။ ဒါပေမဲ့လဲ လာမယ့် ရက်တွေအတွင်းမှာ ပြင်းထန်ခက်ခဲတဲ့ တိုက်ပွဲတွေ အတော်များများ ရှိလာလိမ့်မယ်လို့ သတိပေးပြောပါတယ်။

တာလီဘန်သူပုန်တွေ အဓိက ခြေကုပ်နယ်မြေဖြစ်တဲ့ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်အတွင်းက စစ်စခန်းနှစ်ခုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စည်းဝေးအပြီး မစ္စတာဂိတ်စ် က သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။ အာဖဂန်နိုင်ငံ စစ်ဆင်ရေးအတွက် အမေရိကန်စစ်အင်အား ထပ်တိုးရာမှာ နောက်ဆုံး အသုတ်ဖြစ်တဲ့ အမေရိကန် တပ်သား ၃ သောင်းဟာ အခုလအတွင်း တောင်ပိုင်း ကန်ဒါဟာကို ရောက်ရှိမှာပါ။

စစ်ဆင်ရေးအတွင်း နိုင်ငံတကာ တပ်ဖွဲ့တွေအကြား အထိအခိုက်မှာ အခုနောက်ဆုံးရတဲ့ သတင်းကတော့ သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့်
တောင်ပိုင်းမှာ နေတိုး ၀န်ထမ်းတဦး သေဆုံးသွားတယ်လို့ နေတိုးအရာရှိတွေက ပြောပါတယ်။ အာဖဂနစ္စတန်တွေ အနေနဲ့ သူတို့လုံခြုံရေး ကိစ္စကို သူတို့ဖာသာ တာဝန်ယူနိုင်ပြီ ဆိုတာနဲ့ လုံခြုံရေးတာဝန်အ၀၀ကို အာဖဂန်လက်ထဲ လွှဲပြောင်းပေးလိုတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က ပြောပါတယ်။

လာမယ့်နှစ် သြဂုတ်လမှာ အာဖဂန်က အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုတ်သိမ်းဖို့ အိုဘားမားအစိုးရက ရည်မှန်းထားပါတယ်။

ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း

VOA - 6 hours 31 min ago

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက
ဦးစီး ဦးဆောင်ပြုလုပ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ဘယ်လို နည်းနဲ့ ဆောင်ရွက်မယ်ဆိုတာ အဆုံးအဖြတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ (Amnesty International) က တိုက်တွန်းနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းရေး မကြာခင် ကျင်းပတော့မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ ဆုံးဖြတ်ပေးဖို့ လန်ဒန်အခြေစိုက်
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က တောင်းဆိုလိုက်တာပါ။ စုံစမ်းစစ်ဆေးတဲ့နေရာမှာ အစိုးရလုံခြုံရေး တပ်တွေက အရပ်သား လူထုအပေါ်မှာ စံနစ်တကျ ညှင်းပမ်း သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို အလေးပေး စုံစမ်းဖို့ AI အဖွဲ့က တိုက်တွန်းပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်ပြည်နယ်အတွင်း မူစလင်တွေ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက တိုင်းရင်းသား လူမျိုးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဖို့လိုတယ်လို့ ထောက်ပြပါတယ်။

ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းမှာ လက်နက်ကိုင် အုပ်စုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ နိုင်ငံတကာ
လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုရှိမရှိ စုံစမ်းဖို့လိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအားဖြင့်တော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး ကိစ္စကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားကြပါတယ်။ ဥရောပနိုင်ငံအချို့လည်း မကြာခင် ပူးပေါင်း ပါဝင်လာကြလိမ့်မယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ရာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဦးစီး ဦးဆောင်လုပ်ဖို့ လိုမယ်လို့ AI အဖွဲ့ရဲ့ ၀ါရှင်တန်ရုံး ဒါရိုက်တာ T. Kumar က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက ဦးစီး ဦးဆောင်လုပ်ပြီး ဆောင်ရွက်ဖို့ ကျနော်တို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။”

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက် ကောင်းမွန်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံ အများစုက မကြာမကြာ အဆိုတင်သွင်းတာတွေ ရှိပေမဲ့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်၊ ရုရှား စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ တတိယ နိုင်ငံအချို့က ဒီအဆိုတွေကို ကန့်ကွက်ပယ်ချတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခေါက်မှာရော  မြန်မာလူ့အခွင့်အရေးကိစ္စ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဖြစ်နိုင်ပါ့မလား တွေးစရာပါ။ မစ္စတာ T.Kumar ကတော့ ဖြစ်နိုင်ချေလမ်းတွေ ရှိတယ်လို့ ယူဆပါတယ်။

“ဒါတွေက လုံခြုံရေးကောင်စီအတွင်းမှာ ဖြစ်ခဲ့တာပါ။ အခု နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်လို့ရပါတယ်။ အထွေထွေ ညီလာခံကြီးကတဆင့် ဆောင်ရွက်လို့ရတဲ့နည်း ရှိသလို လူ့အခွင့်အရေး ကောင်စီကတဆင့်
ဆုံးဖြတ်လို့ရတဲ့ နည်းလည်း ရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆုံးဖြတ်ရမှာပါ။”

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ကိစ္စကို ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနား က အခုနှစ်ဆန်း မတ်လ လူ့အခွင့်အရေး ကောင်စီကို အဆိုပြု တင်ပြပြီးကတည်းက ဒီကိစ္စက အတော်လေး ကျယ်ပြန့်လာပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရော နိုင်ငံကြီးအချို့ ကပါ ထောက်ခံလာကြပေမဲ့လို့ အဆုံးအဖြတ် ပေးပါလို့ တိုက်တွန်းခံနေရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဆီကတော့ တုံ့ပြန်သံ ဘာမှ မကြားရသေးပါဘူး။

၂၀၀၈ ခုနှစ် AI အစီရင်ခံစာထဲမှာတော့ ၂၀၀၅ ခုနှစ်ကတည်းက ကရင်ပြည်နယ် မြောက်ပိုင်း ပဲခူးတိုင်း အရှေ့ဖက်ခြမ်းတွေက အရပ်သား ပြည်သူလူထုအပေါ် စံနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တွေကို မှတ်တမ်းပြုထားပြီး မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းဒေသမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက် ၁၉ ခု ရှိထားပေမဲ့ မြန်မာအစိုးရဟာ ဒီအကြံပြုချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတယ် ဆိုတာကို AI အဖွဲ့ကြီးက ထောက်ပြထားပါတယ်။

လူငယ် စာရေးဆရာ ဝေမှုးသွင် လည်း ၂၀၁၀ ရွေးကောက်ပွဲ ကို ကျောခိုင်း

Freedom News Group - 3 September, 2010 - 17:26
အပြည့်အစုံ ကို စနေနေ့ မနက် စောင့်မျှော်ဖတ် ရှုနိုင်ပါသည်။ Filed under: သတင်း, ပြည်တွင်းသတင်း

Canada Backs UN Probe into Alleged Rights Crimes in Burma

WP Myanmar - 3 September, 2010 - 17:14
AP Photo: Burma - VOA News Canada’s government says it supports a proposed United Nations commission

အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲ အီရန်ရှုတ်ချ

VOA - 3 September, 2010 - 16:14

အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်တဲ့အပေါ် အီရန်သမ္မတ မာမွတ် အမာဒင်နဂျတ် (Mahmoud Ahmadinejad) က ဝေဖန် ပုတ်ခတ်လိုက်ပြီး ဆွေးနွေးပွဲ ပျက်ဆီးမှာပဲလို့ ပြောလိုက်ပါတယ်။

ပါလက်စတိုင်းတွေရဲ့ ကံကြမ္မာကို ပါလက်စတိုင်းတွေသာ ဆုံးဖြတ်နိုင်မှာဖြစ်ပြီး အနောက်တိုင်းသားတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ ခုခံ တိုက်ခိုက်ရေး နည်းလမ်းကသာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးရအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ သူက ပြောပါတယ်။

ပါလက်စတိုင်း လူမျိုးတွေကို ထောက်ခံတဲ့နေ့အဖြစ် အီရန်နိုင်ငံမှာ သတ်မှတ်ထားတဲ့ Quds နေ့ လို့ခေါ်တဲ့ ရာမာဒန် ဥပုဒ်ကာလရဲ့ နောက်ဆုံး သောကြာနေ့ ဖြစ်တဲ့ ဒီကနေ့မှာ အီရန်ခေါင်းဆောင်က အခုလို ပြောကြားလိုက်တာပါ။ ဒီအခမ်းအနားကိုတက်လာကြတဲ့ ထောက်ခံသူတွေက မစ္စတာ အမာဒီနဂျတ်ရဲ့ မိန့်ခွန်းကို ကောင်းချီးသြဘာပေးပြီး အစ္စရေး ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတာယာဟူး (Benjamin Netanyahu) နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) တို့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကြာသပတေးနေ့က ပြန်စပြီး နောက်တနေ့မှာ အီရန်သမ္မတက အခုလို ပြောကြားလိုက်တာပါ။

ငါးခေါင်းဟင်း-ဘဲအရိုးပျောက်အစာသွပ် နဲ့ မွေးနေ့ လက်ဆောင်

Kay - 3 September, 2010 - 16:09

တလောက... ဒန်ပေါက်ချက် နည်း ရှာ ရင်း.. အချက်အပြုတ်..အစားအသောက် ဘလော့ တွေ ဆီ ရောက်သွား ခဲ့ သည်။ အတော့် ကို စိတ်ချမ်းသာ စရာ ကောင်းသော.. ဘလော့ဂ် များပါပေ..။

လုလု တို့ ရှင်မင်း တို့ ဘလော့ဂ် လေး တွေ က...အတော် အစော တည်းက..လူသိများ ပြီးသား မို့.. ရောက်ဖူး နေပေမဲ့.. အဲဒီ နေ့က.. လင့် တွေ က..တဆင့် တဆင့် လျှောက်သွား ရင်း နဲ့...တော်တော့် ကို စုံသွားတာ.. တညနေ လုံး.. မထတမ်း ကို.. ၀င်းဒိုး အိတင်း နဲ့ ကွတ်ကင် (windown eating / window cooking) လုပ် ပြစ် လိုက် မိတော့တယ်။ မိန်းမ တော်တော်များများ သိပါတယ်။ ချက်နည်းပြုတ်နည်း.. တွေ..ပုံတွေ ကြည့်ပြီး..စိတ်ထဲ မှာ ချက်စား ရတာ ... သိုးမွေးထိုး ပုံစံ စာအုပ်တွေ ကြည့်ပြီး..စိတ်ကူး နဲ့..တမျိုး ပြီး တမျိုး ထိုး ရ တာ..ဘယ်လောက် အရသာ ရှိ တယ် ဆိုတာ..။ စိတ် နဲ့ ဆိုတော့.. အများကြီး လည်း ပြီးတာပေါ့..။ လှ ကလည်း လှ မှ လှ.. စားလို့က လည်း ကောင်း.. ဆို သလို..။


ဓါတ်ပုံ တွေ ကလည်း ကောင်း ဆိုရင်တော့. ပြောစရာ ကို မလို တော့ဘူး။ ကိုယ်တို့ တွေ တော်တော် များများ လည်း.. စားစရာ လေး တွေ..ချက်ပြုတ် ပြီး..လှနေရင်.. ဓါတ်ပုံ ရိုက်ပြီး.. တယောက် ယောက် ကို ပြ ချင် နေ ရောလေ....ဟုတ်တယ် မလား..။ ဘလော့ဂ် ရှိရင် ရှိ.. မဟုတ်လည်း.. ဖေ့စ်ဘွတ်ခ် မှာ.. တင် ကြ.. မစားရ ညှော်ခံ ကြ နဲ့... ဘာမှ တော့ လည်း မဟုတ်ပေ မဲ့..ပျော်စရာ လေး တွေ ..။


ပြန် စဉ်းစား ကြည့် တော့....လွန်ခဲ့တဲ့..၃ နှစ်ကျော်..ဘလော့ စ ဖွင့် တဲ့အချိန် .. ကိုယ့် လက်လှုပ် လိုက်သမျှ.. ကွန်ပြူတာ..မျက်နှာပြင် မှာ..ပေါ်လာ တဲ့.. ဘလော့ လေး ကို ကြည့်ရင်း...ဘာတွေ ရေး ရင်..ကောင်းမလဲ..ဘာတွေ တင်ရင် မကောင်းမလဲ ဆိုပြီး..ရင်တွေ ခုန် ခဲ့ တာ လေ..။ တကယ်ပါ..။ အရိုးသား ဆုံး နဲ့.. စိတ်အလှုပ်ရှား ဆုံး အချိန် လေး တွေ ပဲ...။ အဲဒီလို နဲ့.. ကွန်ပြူတာ ထဲ ရိုက် သိမ်း ထား တဲ့.. အစားအသောက် ပုံလေး တချို့ တင် ဖြစ်ခဲ့ သေး တယ်။ နောက်တော့.. အခါ အားလျော် စွာ.. အစားအသောက် အကြောင်း လေးတွေ ရေး ဖြစ် ခဲ့ ပေမဲ့.. အခု.. သေချာ ပြန်ပြီး.. ကိုယ့်ဘလော့ ရဲ့.. ခေါင်းစဉ် တွေ ကြည့်တော့.. food အောက်မှာ..၄ ပုဒ် လားပဲ ရှိ တယ် ..။


တကယ် က .. အစားအသောက် အချက် အပြုတ် လောက်.. လူတိုင်း ကို..စွဲ ဆောင် နိုင်တာ..ဘာမှ မရှိ ဘူးလို့ ပြောရင် ပိုမယ် မထင်ဘူး..။ ဟုတ်တယ်လေ... နိုင်ငံရေး သမား တွေ လည်း အစား ကြိုက်.. မင်းသား မင်းသမီး တွေ လည်း အစားကြိုက်.. အမှိုက်ပုံ ပေါ်က..ကလေး တွေ လည်း အစား ကြိုက် ကြ တာပဲ..မဟုတ်လား..။ ဒါပေမဲ့.. ရိုးရိုး ကြိုက် တာ ထက် ပိုပြီး.. အနုပညာ တခု လို.. ဖြေဖျော်မူ တခု လို ဖြစ် လာ နေ တဲ့.. အကြောင်း.. Times မဂ္ဂဇင်း တခု မှာ ဖတ်လိုက် ရ တယ်။ Pop culture တခု လို ဖြစ် လာ နေ တဲ့.. အချက်အပြုတ် အစီ အစဉ် တွေ

အကြောင်း.. ခေတ် တခု ခြင်း စီ ကနေ.. ဆွဲ ထုတ် ပြ ထားတာ..။ နေ့ တိုင်း လည်း..တီဗီ ဖွင့် လိုက်ရင်.. အစားအသောက် နဲ့ပတ်သတ် တာ တခု ခု ကတော့..တလိုင်းလိုင်း မှာ လာနေတာ ပဲ..။ အစားအသောက် ချက်နည်း လုပ်နည်း တွေက.. pop ဖြစ်လာ တော့.. chef တွေ လည်း celebrity တွေ လို ဖြစ်လာ ကြ တော့ တာပေါ့..။

Iron chef ... celebrity chef .. top chef... pop chef...။ ဟော.. တလောက.. အော်ဇီ မှာ..အကြီး အကျယ် ပေါက်သွားတာ .. master chef ..။


ညနေ တိုင် ၇ နာရီ ခွဲ ရင်.. လူတိုင်း လိုလို လုပ်လက်စ တွေ ပြစ်ပြီး.. တီဗီ ရှေ့ ရောက် ကြ ရတယ် လို့ တောင်.. အမွှန်းတင် ရေး ကြ တယ်။ လူတိုင်း ဟုတ် မဟုတ် တော့ မသိ.. ကိုယ်လည်း.. နောက်ပိုင်း အစီအစဉ် တွေ ကို.. စိတ်ဝင် တစား ကို ကြည့် ဖြစ်တယ်။ အစမ်း ရွေး ထားတဲ့..လူ ၂၅ ယောက် ထဲ ကနေပြီး.. တယောက် ပြီး တယောက် ထုတ် သွား တဲ့.. reality show biz တခုက.. ထင်တာ ထက် ကို.. ဟစ် တွေ ထိ ပြီး..ပေါက်သွား ခဲ့ တယ်။ အမလေး.. သူတို့ လုပ် မှ.. တကယ့်... ဒိုင်လူကြီး.. chef ကြီး တွေ ကို ကြည့် ရတာ.. နပိုလီယံ တို့ ဟစ်တလာ တို့.. ဘုရင့်နောင် တို့ လား အောက်မေ့ ရ တယ်။ အော် လိုက်..ငေါက် လိုက်.. ကြိမ်း လိုက်..မောင်း လိုက်.. ။ သူတို့ မို့.. ပြိုင်ပွဲ ခန်းမ ထဲ ၀င်လာ ရင်.. ငတိ တွေ မှာ..ငြိမ်လို့...။ တယောက် က များ.. မျက်လုံး တချက် ၀င့်ကြည့် လိုက် ပြီ ဆိုရင်.. ပြို တော့ မလို..မျက်နှာ တွေ နဲ့...။ ငို တဲ့ သူ က..ငို.. ရီ တဲ့သူ ကရီ.. ။ ကြည့်လို့ တော့..ကောင်း နေတာ ပါပဲ..။ ထူးဆန်းတာက.. ကိုယ့် ထက် ပို..အစားအသောက် ၀ါသနာ ပါတဲ့.. အမျိုးသားက.. အဲဒီ အစီ အစဉ် ကို မကြိုက်ဘူး တဲ့..။ “ ဘာလဲ..အစားအသောက် လုပ်စား တာများ..ပျော်ပျော် ရွှင်ရွှင် မရှိဘူး... ဖြစ်ပျက် နေ လိုက် ကြတာ.. ” တဲ့..။ ဟုတ်တော့ လည်း

ဟုတ် သား.. တခါတလေ stress test ဆိုတာ ပါသေးတယ်။ stress တွေ များလို့..ဖျော်ဖြေ ရေး ကြည့် ပါတယ် ဆို မှ.. သူတို့ နဲ့ လိုက်ပြီး..ချွေးပြန် ရတာ..ရင်မောရတာ.. တကယ် မတန် ဘူး။


လပေါင်း များစွာ.. တပတ် ..၅ ရက် ပြ တဲ့..အဲဒီ အစီ အစဉ် ပြီး သွာတော့..ဗိုလ် စွဲ သွားတဲ့.. မာစတာ ရှဖ် က.. လူရွယ် ဥပဒေ ဘွဲ့ရ တယောက်..။ သူ့လို ဗိုလ် စွဲ တဲ့ သူ မပြော နဲ့.. အဆင့် ၁၀ လောက် မှာ ပြုတ်တဲ့ လူတွေ တောင်.. နာမည် တလုံး ရ.. လူသိ များပြီး..စားသောက် ဆိုင် တွေ ဖွင့် ဖို့ တာဆူ နေ တာ.. ဆိုတော့... အဲဒီ ရှေ့ နေ လည်း.. မာစတာရှဖ် ဆုကြီးကို ကိုင်ပြီး ..ဘာ ဆက်လုပ် စား မလဲ မသိပေ။ သူတို့ တွေ များ ကြည့် လိုက်ရင်.. တကယ့် ကို စတိုင် တွေ မလိုင် တွေ နဲ့.. ဆံပင်ရှည် ကြီးတွေ ကို နဖူးပြောင် နေ အောင် စည်း .. ဆံထုံး ထုံး... ရှဖ် ၀တ်စုံ အဖြူ ကို ..အပေါ် ဆုံး ကြယ်သီး ဖြုတ်..ရင်ဖုံး တခြမ်း ဟ ပြီး.. အားရ ပါးရ.. ချက် နေ တာများ.. ကီဗင် ကော့စနာ တို့.. ရပ်ဆဲလ်ခရိုး တို့.. ဘရက်ပစ် တို့ တောင်.. မေ့ တယ် .. တကယ်...။


အချက် အပြုတ် ၀ါသနာ ပါတဲ့..ကိုယ့် အိမ်က..ဆရာ လည်း.. စိတ်တွေ ပါ ပြီး..ငါလည်း..အသက်ကြီး ရင်.. home restaurant ဖွင့်မယ် လုပ်ရော..။ “ဟင်.. ဂစ်တာ ဆိုင် လည်း ဖွင့် မှာ ဆို.. ” ဆို တော့.. “ ရတယ်.. ၂ ခု လုံး လုပ်မယ် ” တဲ့..။ အကျင့် မကောင်းပုံများ..။ ( တော်ကြာ..မချစ်ကြည်အေး စားသောက်ဆိုင် နဲ့ အပြိုင် ဖြစ်နေ အုံးမယ်..)


ပြီး..ပြောသေးတယ်..။ ယူ တို့ မိန်းမ တွေ.. ဟင်းချက် တယ် ဆိုတာ.. ကိုယ့် အိမ်က..မီးဖိုချောင် တင် စိတ်ဝင်စားတာ.. ။ ဘယ် နာမယ်ကျော် ရှဖ် ကြည့် ကြည့်..ယောက်ျား ချည်း ပဲ တဲ့..။ သူက.. ကျိုးကြောင်း စိတ်ဖြာ ပြ သေးတယ်။ “ ဘယ် ဖြစ် မလဲ.. မိန်း မ တွေ..ဟင်းချက် ရင်..ဟိုဟာလေး..တို့ တိ..တို့တိ..ဒီဟာလေး တို့တိ တို့တိ.. ငါတို့ တွေက တော့..အကုန် ပြစ်ထဲ့.. ရှိသမျှ မှောက်ထဲ့ တာပဲ ” တဲ့..။ ဟုတ် လည်း ဟုတ်ပါ့.. သူတို့ ဟင်းချက် ရင်...ကြော်ပြီး သုံးပြီးသား ဆီ ဆို..လုံးဝ ပြန်မသုံး..။ အဲဒါ က..အရေး မကြီး.. ကိုယ်တွေ မှာ တော့.. စီးတဲ့ ရေ..ဆည် တဲ့ ကန်သင်း တင် မက.. ဆေးတဲ့ ပန်းကန် ပါ.. ဖြစ် နေရ တာ ကို တော့..ထဲ့ မပြော ။ သူတို့ က..ချက် ပြီး သွားရင်..မီးဖို နဲ့ ရေစင် ကို လုံးဝ ပြန် လှည့် မကြည့်တော့.. ။ ကိုယ်တွေ မှာ..ဆေးပေတော့.. ရှင်းပေတော့..။ ဘာပဲ ပြောပြော..ချက် ကျွေး တယ် ဆိုရင်ပဲ..ကျေးဇူး တင်ပါတယ်လေ...။


ကြုံတုန်း..ကြော်ငြာ ၀င် ရ ရင်တော့.. သူက.. စင်ကာပူ..ငှက်ပျောရွက် ဆိုင်က..ကုလား ငါးခေါင်းဟင်း မျိုး ကိုတော့.. ရှယ်ဗျ..။း)



ငါးခေါင်းဆရာ ရဲ့ မချက်ပြုတ်မှီ..အခင်းအကျင်း..



ကိုယ်တို့ နေ တဲ့ မြို့လေးက လည်း.. အားလုံး နဲ့ ခပ်ဝေးဝေး.. ဗမာ အစား အစာ မရှိ..ဘာမရှိ ဆို တော့ လည်း.. တခါ တရံ မှ ရတဲ့..ငါးခေါင်း ကို..မျှော် ရတာ.. အမြဲ ချက် မစား နိုင်ပါဘူး။ အဲဒီ မြေနီနီ မြို့လေး မှာပဲ.. ရှိစု မဲ့စု ဗမာ မိတ် ဆွေ လေး တွေ.. ပိတ်ရက် ဆို.. ဟိုဟာ ချက်စား..ဒီဟာ ချက်စား.. စုပြီး.. လုပ်လေ့ ရှိတယ် ပေါ့။ တရက် တော့.. ကိုယ့် ဆရာ ရဲ့ ငါးခေါင်းဟင်း ကို..အားကျ မခံ.. တခြား ဆရာ တယောက် ကလည်း..သူ့ ရဲ့.. Grandpa recipe ဆိုပီး .. လုပ်ပါ လေ ရော..။ တကယ့် ကိုပဲ..သူ့ အဘိုး က.. ဆွေစဉ် မျိုးဆက် ပေး ခဲ့ ရင်း ..သူ့ လက်ထဲ ကို ရောက်လာ တဲ့.. “ ဘဲ အရိုးပျောက် အစာသွပ် ပေါင်း ...” တဲ့ လေ..။ အတော် လည်း လက်ဝင်ပြီး.. အချိန်ကုန် တာကြောင့်..ဘယ်စားသောက် ဆိုင် မှတောင်..တင်မရောင်း နိုင် တဲ့..ဟင်းလျာ တခု လို့ ဆိုတယ်....။ သိတယ် မဟုတ်လား.. ကိုယ် က တော့.. သွားရေယို ယုံထက် မပို ပေမဲ့.. home restaurant ဖွင့်ချင် တဲ့ တယောက်က.. ဘဲ အရိုးထုတ်နည်း ကို....စိတ်ဝင်စား လို့ .. သင်ချင် ပါသတဲ့.. ။


အဲဒါ နဲ့.. တရက်တော့.. စိတ်ကူး တွေ လည်း ပေါက်တုန်း.. ဟို အကို ရဲ့..ဘဲပေါင်း အရိုးပျောက် .. သင်ခန်းစာ ကြီး..စတင် ပါတော့ တယ်။


တကယ်တော့..ဘဲလေး ခများ.. ဘာရောဂါ မှ..မရှိရှာ ပဲ.. မီးဖိုချောင်.. အော်ပရေးရှင်း သီရေတာ ထဲ မှာ.. ခွဲစိတ် ခံ ရ တာပါ..။ ဘဲဆရာ..အကို.. က..ဒီ မြို့ လေး ရဲ့ ဆေးရုံ..အရေးပေါ် ဌါန က..ဆရာဝန် ဆို တော့.. ဘဲလေး ခမျာ.. အရေးမပေါ် ချင်ပဲ.. အရေးပေါ် ခန်းထဲ ရောက် လာ ရ ရှာ တယ်။ ကြည့် အုံးလေ.. ဘဲလေးကို ခွဲ စိတ် မဲ့..ကိရိယာ တန်ဆာ ပလာ တွေ.. က..။





ဘဲ တကောင် ရယ်.. ခွဲစိတ်ခန်း သုံး ကိရိယာ တချို့ ရယ်.. အထဲကို သွပ် မဲ့ အစာ တွေ..ရယ်...။

သွပ်မဲ့ အစာ ကတော့..၀က်သား သုံးထပ်သား ဆိုတော့.. အီစိမ့် နေမဲ့ ပုံ ကို ..မြင်ယောင်သာ ကြည့်ပေတော့..။ နောက်.. ဂေါ်ရခါး သီးရယ်.. မှိုရယ်.. တောင်ဆိုင် လို့ ခေါ်တဲ့..တရုတ် ရိုးရာ အရွက် ခြောက် တခု လို့.. ဆိုတယ်။


တယောက်က.. ဘဲ ကို လုံးဝ ပုံမပျက် အောင်.. ခက်ခက်ခဲခဲ ကို အရိုးစု ကြီး တခု လုံး ကို..ခွဲစိတ်ခန်း ဓါး နဲ့ ..စိတ်ရှည် လက်ရှည်.. လှီးဖြတ် နေတဲ့.. အချိန် မှာ.. နောက် တယောက် က . စိတ်ဝင် တစား.. ဓါတ်ပုံ တွေ တဖျပ် ဖျပ် ရိုက် နေ လေ တဲ့.. အမျိုးသား ၂ယောက် ကို ကြည့် ပြီး..... အဲဒီလောက် ခက်တာ များ.. မစား ရ ရင် လည်း နေပါစေ...လို့ တွေးနေမိ တယ်...။ အင်း..ပြောသလို..မိန်းမတွေ.. မီးဖိုချောင် ၀င်တာ.. ၀ါသနာပါ လို့ မဟုတ်ဘူး ဆိုတာ.. ဟုတ် တော့ နေပါ ပြီ နော်..။ ဘဲ ဆရာ... အကို ကလဲ ပြော တယ်..။ သူတို့ မိသားစု မှာ..အဲဒီ နည်း ကို..သူ့ အဖေ က.. သင်ပေး တော့.. သူ့ အမ တွေ တယောက်မှ.. စိတ် မ၀င်စား မတတ် မြောက်ပဲ..သူ တယောက် တည်း..ရ ထား တာ တဲ့..။


.. ပထမ ဆုံး..ဘဲလေး ကို..ဇောက်ထိုး ဆွဲ ပြီး.. ဖြည်းဖြည်း ချင်း..အလယ်ရိုး ကြီးကို.. ဖော်ဖော် ပြီး..လှီး ယူ ရ တယ်..။..ဒူးစစ် တွေ နားမှာ တအား ကို လက်ဝင် တာ..။








ဒါလေးက.. ဘဲ စော် နံစေ တဲ့.. အဆီဗူး လေး.. တဲ့.. အတော် သတိ ထား ပြီး ဆွဲ ထုတ် ရ ပါတယ်။
( lymph nodes ) တမျိုး ပေါ့ လို့.. တခါ တည်း..စာပါ သင်ပေး လိုက် သေးတယ်..။



ပြီးသွားတော့.. အိတ်ကြီးလို ဖြစ်သွားတဲ့..ဘဲ ကောင် ကြီး ထဲကို.. အခုန ၀က်သား တွေ.. အစာ တွေ.. ကြိုက် သလောက် သွပ်ပေ တော့... လည်ပင်း ထိ ရောက်အောင် သွပ်..






ပြီး တော့.. အရိုးထုတ် ခဲ့တဲ့.. အပေါက် ကို.. သေချာ ပြန် ချုပ်.. လည်ပင်း ထိပ်က.. အပေါက် ကိုပါ.. ဆွဲ စိ ပြီး ပိတ် ချုပ်...





နောက်ဆုံး.. ၃ နာရီ လောက် အချိန်ယူ ပြီး..ပေါင်းအိုး နဲ့ ပေါင်းလိုက်တဲ့ အခါ.. ဟောဒီလို..စားချင် စဖွယ်.. ဘဲကောင်လုံး အရိုးပျောက်..အစာသွပ်...ရ လာ ပါတော့တယ်။




ကဲ....၀ိုင် အနီလေး တခွက်စီ.. ထဲ့ ပြီး.. ချီးယားစ် ....

သူ့ အရသာ က.. ဘဲသား ဆိုလည်း ဟုတ်..၀က်သားဆို လည်း ဟုတ်.. နူးညံ့ ပြီး..အရသာ တကယ် ထူး ပါ ပေတယ်။




ဘဲ ဆရာ ရဲ့ မိသားစု..ရန်ကုန် ပြန်နေတုန်း ဆိုတော့.. ကိုယ်တို့ သုံး ယောက် ထဲ .. ကမ္ဘာ့ ဖလား ကြည့် ရင်း.. ဘဲပေါင်း တဖဲ့ စားလိုက်.. ၀ိုင် တငုံ သောက်လိုက်..။

ကို်ယ် တို့ ၂ ယောက်က.. စားကောင်း လိုက်တာ..လို့ ပြောလိုက်.. ဘဲ ဆရာ ကလည်း.. ကျနော်..နောက်တခေါက် ထပ်လုပ် အုံးမယ် ... လို့.. ကြိမ်းဝါး လိုက် နဲ့ ပဲ.. ဘဲတကောင် လုံး.. ၃ရက် လောက် နေ မှ ကုန်သွား တော့တယ်..။



ဒီနေ့ တော့ ... မြေနီနီ မြို့လေး မှာ..ဘဲဆရာ နဲ့.. ဗမာတသိုက်.. မွေးနေ့ ပွဲကျင်းပ မယ် လို့ ပြော သည်.။ မွေးနေ့ရှင် ရဲ့ ကိုယ်တိုင် လက်ရာ... My Grandpa recipe လည်း.... မပါ မဖြစ်.. ဟင်းလျာ တပွဲ ဖြစ်ပေ လိမ့် မည် ပေါ့..။ ဒီ တခါ.. ကိုယ်က.. မြို့ တော် ရောက် နေ လို့... ဘဲအရိုးပျောက် ကို ..၀င် မ နွဲ နိုင် တော့..။


ခင်မင် နေ ကြတာ..ကြာပြီ ဖြစ်ပေ မဲ့.. ဘလော့ အကြောင်း..တခါ မှ စကား မစပ် ဖြစ် လို့.. မပြောပြ ဖြစ် တာကြောင့်.. ခု လ ပိုင်း မှ..ဒီဘလော့ ကို စ ဖတ် ဘူး တယ် ဆို တဲ့..ကိုကျော့် အတွက်... ဒီ ဘလော့ က နေ ပဲ..မွေးနေ့ လက်ဆောင် ပေးလိုက် ပါ တယ်။

Happy Birthday ပါ.. ကိုကျော်

မဖတ်ရင်..မရဘူး ..ဖတ်မှ..ရမယ် ဆိုပါတော့...း))



ထိုင်းတောင်ပိုင်း ပစ်ခတ်မှု ၃ ဦးသေ

VOA - 3 September, 2010 - 16:08

အသေးစား တိုက်ခိုက်မှုတွေကို ခွဲထွက်ရေး မူစလင်တွေ လုပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သားတွေနဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကြား အပြန်အလှန် ပစ်ခတ်မှုကြောင့်၂ ယောက် သေဆုံးသွားပါတယ်။ စစ်သားတစ်ယောက်နဲ့ လက်နက်ကိုင် တစ်ယောက် ရာလ ခရိုင်မှာ ဒီနေ့ သောကြာနေ့ မနက်ပိုင်းက ပစ်ခတ်မှုအတွင်း သေဆုံးသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

စစ်သား ၂ ယောက်လည်း ဒဏ်ရာရ သွားပါတယ်။ ဒေသတွင်းက အရင် အကြမ်းဖက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ သောင်းကျန်းသူ တစ်ယောက်ကို Gado ရွာက အိမ်တစ်အိမ်မှာ စစ်သားတွေက ဝင်ဖမ်းရာက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

သီးခြားသတင်းတခုကတော့ တောင်ပိုင်းကပဲ ပါတာနီ ခရိုင်မှာ ကားမောင်းသွား နေတဲ့ မူစလင် ရွာသူကြီးတယောက် ကြာသပတေးနေ့ ညပိုင်းက ပစ်သတ်ခံရပါတယ်။ ၂၀၀၄ ခုနှစ်ကတည်း ကစလို့ ထိုင်းတောင်ပိုင်းက ရာလ၊ ပါတာနီနဲ့ နာရသီဝတ် ခရိုင်တွေမှာ လူနည်းစု မလေးလူမျိုး မူစလင်တွေနဲ့ ပဋိပက္ခကြောင့် သေဆုံးသူ ၄,၀၀၀ ကျော် ရှိသွားပါပြီ။ အဲဒီခရိုင် ၃ ခုမှာ နေထိုင်ကြသူ ၈၀ ရာခိုင်နှုန်းက မူစလင်တွေ ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲကို CRPP သပိတ်မှောက်

VOA - 3 September, 2010 - 15:43

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ပြီးနောက်ပိုင်း အလားတူ ဆုံးဖြတ်ချက်ကို CRPP အဖွဲ့က ဒီကနေ့ ဆုံးဖြတ်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့  မသင်းသီရိက တင်ပြထားပါတယ်။

ဒီမိုကရေစီစံနစ်အတွက်ရော၊ အခွင့်အရေး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မှာမဟုတ်လို့ အများပြည်သူက လက်မခံတဲ့ ၂၀၀၈ ဖွဲစည်းပုံကို အတည်ဖြစ်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို  CRPP အဖွဲ့က သပိတ်မှောက်တယ်လို့ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်နေ့ကပဲ ရွေးးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ကြေညာအပြီး  အခု CRPP အဖွဲ့ဆီက အလားတူ ဆုံးဖြတ်ချက်  ထွက်လာတာပါ။

အရင်ကတည်းကလည်း ရွေးကောက်ပွဲကို လက်မခံဘူးလို့ CRPP က  သဘောထားတွေကို ထုတ်ပြန်ထားပြီး ဖြစ်ပေမဲ့ ဒီကနေ့မှာတော့ အများပြည်သူ တရားဝင် သိရှိအောင် ဆုံးဖြတ်ချက်ချ ထုတ်ပြန်ခဲ့တာ  ဖြစ်တယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က  ပြောပါတယ်။

“CRPP အဖွဲ့ဝင်များဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စသည်အားဖြင့် မီဒီယာတွေမှာ ဒါမှ မဟုတ်ရင်လည်း ကျေညာချက်တွေ ထုတ်ပြီးတော့ ဆုံးဖြတ်ပြီး ပြောပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ အမျိုးမျိုး ပြောဆိုတာတွေ ကြားနေရတယ်လေ။ ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ရော၊ နိုင်ငံရေးအဖွဲ့ဝင်တွေ အနေနဲ့ရော တခါတည်း တသဘောတည်းကို နားလည်မှုရနိုင်အောင် CRPP အနေနဲ့ တခုတည်းသော အသံ ဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တာပါ။”

အခုရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတချို့ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ရော တခြား နိုင်ငံရေးပါတီတွေပါ အခု ရွေးကောက်ပွဲဟာ နိုင်ငံရေးပြသနာတွေ အားလုံးကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် အခွင့်အလမ်း မရှိဘူးဆိုတာကို သတိထား သုံးသပ်စေချင်တယ်လို့လည်း  ဦးအေးသာအောင်က ပြောပါတယ်။

“တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံရေးပါတီများ အနေနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ၀င်တဲ့နေရာမှာ တကယ်တော့ တိုင်းပြည်အတွက် တိုင်းရင်းသားလူမျိုးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ မရှိနိုင်ဘူးလို့ အဲန်ကယ်လ်တို့က သုံးသပ်ပါတယ်။ ဒါကြောင့်လဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီလို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ပေးမထားဘူး၊ စစ်တပ်ကပဲ ချုပ်ကိုင်ထားမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်တယ်ဆိုတာကို အခု ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ နီးလာတဲ့အခါ ပိုပြီးတော့ သိသာထင်ရှားလာတာ တွေ့ရတယ်။”

ဒါပေမဲ့ တိုင်းရင်းသားဒေသတချို့မှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မလွဲမသွေ ရွေးကောက်ပွဲဝင်ဖို့ လိုတာကြောင့် ဖြစ်တယ်လို့ ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်တဲ့ CRPP အဖွဲ့အနေနဲ့ ဒီအခြေအနေတွေကို မျက်ကွယ်ပြုရာ ကျမနေဘူးလားလို့ ကျမ မေးကြည့်ပါတယ်။

“ဒီလိုပြောလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ပြည်နယ် အသီးသီးမှာ တိုင်းရင်းသားပါတီတွေကပဲ နေရာရရ တခြား ပါတီတွေကပဲ အနိုင်ရရ၊ ဒီပြည်နယ်တွေကို ပေးထားတဲ့ ပြည်နယ်ဥပဒေပြုခွင့်အာဏာ အရကိုယ်နှိက်ကိုက ဘာမှမလုပ်နိုင်တဲ့ အခွင့်အလမ်း အလားအလာ မရှိတဲ့အတွက်ကြောင့် ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတွေကပဲ နိုင်နိုင်၊ တခြား အဖွဲ့ဝင်တွေကပဲ နိုင်နိုင်၊ ဘာမှ ပြည်နယ်အတွက် တိုင်းရင်းသားတွေအတွက် လုပ်ပေးနိုင်မယ့် အခွင့်အလမ်း မရှိပါဘူး။”

CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာပါ။ ဒီကနေ့ CRPP အဖွဲ့ရဲ့ လစဉ် ပုံမှန်ကျင်းပတဲ့ အစည်းဝေးမှာ NLD အပါအ၀င် တိုင်းရင်းသား အဖွဲ့အသီးသီးဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီမိုကရေစီ အခွင့်အရေး တိုင်းရင်းသား အားလုံး အခွင့်အရေးတွေအတွက် ပင်လုံမှု ပင်လုံ သဘောတူညီချက် တွေကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတခု ချမှတ်နိုင်ဖို့အတွက်ကိုလည်း CRPP အဖွဲ့က ဆက်လက် ကြိုးပမ်းသွားကြဖို့ ကိစ္စကို သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

Human Rights Roundup (9/3/2010)

WP Myanmar - 3 September, 2010 - 15:21

Human Rights Roundup is a feature bringing local and global human rights stories from around the Web into one place.

TOP STORY

Anchor babies. Sen. Lindsay Graham of South Carolina announced that he plans to introduce a bill to repeal the Anchor Baby clause of the 14th Amendment.

The Americas

One study finds that Latino voters are disillusioned with both parties as midterm election season begins. Meanwhile, estimates show that legal costs to the state of Arizona related to the controversial immigration policy could top $1 million when all is said and done.

Early reviews of Robert Rodriguez’s ‘Mexploitation’ flick Machete are out and indicate that the film has elements of a bloody immigration satire at its core.

Congress is calling on Vietnam to halt human rights abuses against Catholics and other religious groups in the country.

Survivors of the earthquakes in Haiti are taking refuge in The Dominican Republic.

Asia

Canada has joined the list of countries calling for better policing of human rights abuses being perpetrated in Burma.

Pakistan has received significantly less aid than Haiti and a new article by NPR looks at the possible reasons why.

Europe

The human rights lawyer who was forced to flee Iran due to his representation of a woman sentenced to stoning was finally reunited with his family in Norway.

Africa

A father and daughter pair of Eritrean refugees in the U.K. were reunited after 8 years.

Have an interesting or relevant story/article to share? Have your say in the comments!

ဝဒေသ လုံခြုံရေး တင်းကျပ်

VOA - 3 September, 2010 - 15:00

နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ တောင်းဆိုထားတဲ့ရက် ကျော်လွန်လာတဲ့နောက်မှာ ၀တပ်ဖွဲ့တွေက သူတို့ဒေသ လုံခြုံရေးအတွက် တိုးမြှင့် ဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ အဲဒီဒေသကိုလာရောက် အလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေနဲ့ ဒေသခံ မဟုတ်သူတွေဟာ တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး နေရပ်ပြန်တာတွေ ရှိနေသလို ၀နယ်မြေ အတွင်းမှာ တာဝန်ချထားတဲ့ အစိုးရ စစ်တပ်ဖွဲ့တွေကိုလည်း ပြန်လည် ခေါ်ယူတာတွေ ရှိနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ ငြင်းဆန်ထားကြတဲ့ ၀၊ မိုင်းလား၊ ကချင်၊ မွန်နဲ့ ကရင် စတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မြန်မာစစ်အစိုးရက ဒီလ ၁ ရက်နေ့မှာ နောက်ဆုံးထား အသွင်ပြောင်းဖို့ တောင်းဆိုထားတာပါ။ ဒီလို အသွင်ပြောင်းဖို့ လက်မခံဘူးဆိုရင် ဒီအဖွဲ့တွေကို အပစ်မရပ်ခင်က အခြေအနေအတိုင်း သတ်မှတ် ဆက်ဆံသွားမယ်လို့လည်း ပြောဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ထပ်မံ ငြင်းဆန်လိုက်ပြီးတဲ့ နောက်မှာတော့ သူတို့ ၀ဒေသရဲ့မြို့တော် ပန်ဆန်းမှာ လုံခြုံရေးတွေကို တိုးမြှင့်ထားပါတယ်။

“ကျနော်တို့ အိမ်ပေါ်မှာလည်း တပ်စခန်းနဲ့ လာစောင့်နေတယ်။ မြို့ထဲမှာလည်း မြို့ပတ်ြ့ပီး လုံခြုံရေးကို ကားနဲ့ပတ်တာတမျိုး၊ နောက်ပြီး လူတွေ သက်သက် ပတ်တာကတမျိုးနဲ့ ညကရင်လည်း လိုက်စောင့်တယ်လေ။ ညကျရင် ၉ နာရီလောက်ဆို လူမရှိတော့ဘူး။ ကားသံတွေ ဆိုင်ကယ်သံတွေလည်း မကြားဘူး။ သူတို့က ဘယ်လိုပြောမလဲ လမ်းလျှောက်တဲ့သူတွေနဲ့ မကောင်းတဲ့သူတွေကို သူတို့လိုက်ဖမ်းတယ်။ ကျေးရွာထဲမှာလည်း သူတို့ စစ်တပ်နဲ့စောင့်တယ်။ မြို့အနီးစပ်မှာတော့ သူတို့ ပြည်သူ့စစ်တွေ ချထားတယ်။”

ဒါကတော့ ပန်ဆန်းက ဒေသခံတယောက် ပြောသွားတာဖြစ်ပါတယ်။

ဒီလို လုံခြုံရေး တိုးမြှင့်လာပြီးတဲ့နောက်မှာတော့ ၀ဒေသမှာ လာရောက် အလုပ်လုပ်ကြတဲ့ အစိုးရ၀န်ထမ်းနဲ့ အရပ်သားတွေဟာ နေရပ်ကို ပြန်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီရက်လည်း ပြန်တယ်။ လွန်ခဲ့တဲ့ လေးငါးရက်ကလည်း ပြန်တယ်။ နေ့တိုင်းပဲ။ ကျန်နေတဲ့သူတွေကို ၀ အာဏာပိုင်တွေက ၀င်ဖမ်းတယ်လေ။ အစိုးရ၀န်ထမ်းရော၊ တချို့က ၀န်ထမ်းမဟုတ်တဲ့သူတွေ ပြန်ကြတယ်။ ဒီနေ့တော့ လိုင်းကား သုံးလေးစီး ရှိတယ်။ ပြန်တာ တော်တော်များတယ်။ တရက်ကို ကား နှစ်စီးသုံးစီးလောက် ရှိတယ်။ ပြန်ကြတာလေ။ တချို့ကလည်း ဒီမှာ မနေရဲဘူး၊ ဒီမှာ ရှုပ်ထွေးမယ်ဆိုတော့လေ။ ဘယ်လိုပြောမလဲ ဆိုင်ကယ်တွေလာပြင်၊ ကားတွေလာပြင်နဲ့ ထောက်လှန်းရေးလိုယောင်ယောင် လူတွေလည်း တချို့က နေလို့မရတော့ဘူးလေ။ နောက်ပြီးတော့ နေထိုင်ခွင့်လက်မှတ် မရှိရင်လည်း ဖမ်းတယ်လေ ဒီမှာက။ တအားဖမ်းမိတယ်၊ ဖမ်းတယ်။ သူတို့အနေနဲ့ လက်မှတ်မရှိဘူးဆိုရင် ၀ အာဏာပိုင်တွေက ဖမ်းတယ်။”

ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာစစ်အစိုးရက ၀နယ်မြေ ပန်ဆန်းမှာ ထားရှိတဲ့ ခမရ (၃၂၆) နဲ့ မိုင်းမောမှာထားရှိတဲ့ ခလရ (၁၂၇) တို့ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ဒီလိုတပ်တွေ ပြန်လည် ခေါ်ယူတာကို ၀တပ်မှူးတယောက်က အတည်ပြုပေမဲ့ အသေးစိတ် အခြေအနေကိုတော့ မပြောပါဘူး။

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ထားတဲ့ NDAA ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် အခြေစိုက်ရာ မိုင်းလားဒေသ အတွင်းက ၀န်ထမ်းတွေကိုလည်း ဒီရက်ပိုင်းမှာပဲ တြိဂံတိုင်း တိုင်းမှူးက ပြန်လည်ခေါ်ယူထားပါတယ်။ ဒီအခြေအနေကြောင့် ဒေသခံတွေဟာ တိုက်ပွဲတွေ ပြန်ဖြစ်မလားဆိုပြီး စိုးရိမ်တာတွေလည်း ရှိနေပါတယ်။

ဒီလို ၀နဲ့ မိုင်းလား ဒေသအတွင်းက လက်ရှိအခြေအနေ အပေါ်မှာတော့ တရုတ်-မြန်မာနယ်စပ် ဒေသက စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလို သုံးသပ်ပါတယ်။

“၀ပြည်ကို ဒါမျိုးနဲ့လုပ်မယ်ဆိုရင် အနိမ့်ဆုံး ၅ လ ၆ လလောက် ဒီကိစ္စက ပြတ်ဖို့မလွယ်ဘူး။ အဲဒီတော့ ဒီလိုရွေးကောက်ပွဲနဲ့ အင်မတန် အလုပ်ရှုပ်နေတဲ့ ကာလမျိုးမှာ ဒီလို စစ်ဆင်ရေးကြီး လုပ်ဖို့ဆိုတာ တကယ် မလွယ်ပါဘူး။ ဖြစ်နိုင်တဲ့အချက်တခုကတော့ တဖက်က ခြိမ်းခြောက်တာဖြစ်တယ်။ တဖက်ကတော့ တကယ်လုပ်မယ်ဆိုတဲ့ အခြေအနေတခုလောက် အထိပေါ့ သတ်မှတ်ထားတဲ့အချိန်နဲ့ သတ်မှတ်ထားတဲ့ ဒေသမှာ ခြေလျင်တပ် တပ်သိမ်းမယ့် တိုက်ပွဲမျိုး တချို့တော့ ဖန်ဆီးရင် ဖန်တီးမယ်။ ၀နယ်မြေရဲ့ အစွန်အဖျား တချို့နေရာတွေ၊ ဆိုပါတော့ မက်မန်းခြံတို့၊ နန်တုန် တို့ဘက်တွေမှာ အခုထက်ထိလည်း သူတို့က အလှမ်းဝေးပါတယ်။ အဲဒီနေရာတွေမှာ တပိုင်တနိုင်ပေါ့နော် စစ်ဆင်ရေးတခုလုပ်ပြီးတော့ သူတို့က နေရာတနေရာ တက်ယူတာမျိုးတော့ ဖြစ်နိုင်တယ်ဗျာ။ ဒါမှမဟုတ် သာလုံရှေ့က ညောင်စူချန်း တို့ဘာတို့ နေရာတွေ တက်ပြီးတော့ယူတာ အဲဒါမျိုးတွေပေါ့။”

မြန်မာစစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို လွန်ခဲ့တဲ့နှစ် ဧပြီလတည်းက နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုခဲ့တာပါ။ ဒီနှစ် ဧပြီလကုန်ကိုလည်း အသွင်ပြောင်းဖို့ နောက်ဆုံးရက် အဖြစ် သတ်မှတ်ခဲ့ဖူးပြီး ၀နယ်မြေအတွင်းက အစိုးရ၀န်ထမ်းတွေကို တကြိမ်ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Syndicate content