Feature Blogs

နှစ်ငါးဆယ် အခွင့်အရေးအတွက် အရေးကြီးသောကာလ

ex-absdf - 7 hours 31 min ago
by Padauk Myay on Saturday, February 4, 2012 at 10:49am (၂၀၁၂ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က အယ်ဒီတာ့အာဘော် ဖြစ်ပါတယ်။ )ယခုအခါ မြန်မာနိုင်ငံတွင် ယခင် နှစ်ငါးဆယ် အတွင်း မကြုံဖူးခဲ့သည့် အဖြစ်သနစ်စုံတို့ ပေါ်ပေါက်လျက်ရှိသည်။အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး လှုပ်ရှားသူ အများအပြား လွတ်မြောက်ကာ ခရီးရောက်မဆိုက်ပင် ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများအတွက် စိုင်းပြင်းနေကြသည်။နယ်စပ်ဒေသ များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အစိုးရပိုင်း ပုဂ္ဂိုလ်များ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ကာ အဆင့်ဆင့်သော အောင်မြင်မှုများ ရရှိနေကြပြီ။ထို့ပြင် လွှတ်တော် အရပ်ရပ်ရှိ လစ်လပ်နေသော ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက်ရှိပြီး၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မပါဝင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း နေရာအပြည့် ပါဝင်ယှဉ်ပြိုင်ရန် အသင့်ပြင်လျက်ရှိသည်။လက်နက်ကိုင်သော၊ လက်နက် မကိုင်သော နိုင်ငံရေးနယ်ပယ် နှစ်ရပ်လုံးမှာပင် ပဋိပက္ခများ လျော့ပါးလာနေရာ သည်အတိုင်း သွားသော်ပိုမို တိုးတက် ယဉ်ကျေးသည့် နိုင်ငံရေး ဓလေ့များ ဤတိုင်းပြည်၌ ထွန်းကား လာလိမ့်မည်ဟု မှန်းမျှော် နိုင်သည်။နိုင်ငံတကာကလည်း မြန်မာနိုင်ငံတွင် အာဏာပိုင် အုပ်စိုးမှုမှနေ၍ ဒီမိုကရေစီ စနစ်ဆီသို့ အသွင်ကူးပြောင်းမှု စတင်နေပြီဟု ယုံကြည်မှုများ တိုးပွားလျက်ရှိရာ မကြာမတင် ကာလတွင် ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်း၍၊ နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်သော လုပ်ငန်းတို့သည် စီးပွားရေး အပါအဝင် ကဏ္ဍမျိုးစုံ၌ အရှိန်အဟုန်ကြီးစွာ ဖြစ်ထွန်း ပေါ်ပေါက် လာတော့မည်ဟု ရှုမြင်ရသည်။သို့သော် တစ်ဖက်တွင် မသေချာ နိုင်သေးသော အကြောင်းများလည်း ရှိနေပါသေးသည်။ တစ်ခုက အပြောင်းအလဲ ဖြစ်ရခြင်း၏ အကြောင်းအရင်း တို့ကို ရှာဖွေစုငုကြသည့် သုတေသီတို့ အနေနှင့် ဘယ်အရာသည် ပြောင်းလဲရန် တွန်းအား ပေးလိုက်သည့် အဓိက အကြောင်းအရင်းဟူ၍ သေချာစွာ  အဖော်ထုတ်နိုင်ခြင်းနှင့် ယင်းကို အကြောင်းပြုကာ အပြောင်းအလဲ၏  ရှေ့အလားအလာနှင့် စပ်လျဉ်း၍  ပီပီသသ အကဲခတ် သုံးသပ်မှုများ မပြုလုပ်နိုင်ခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ အပြောင်းအလဲ ခရီး၌ ဖြေရှင်းရမည့် ပြဿနာတို့သည်လည်း တစ်ဝက်တစ်ပျက် ဖြေရှင်းပြီး ဆက်လက် ဖြေရှင်းဆဲ ယခုမှ ဖြေရှင်းရန်စတင် ဟူသော အနေအထား များတွင်သာ ရှိသေးခြင်း ဖြစ်သည်။ ထို အကြောင်းများ ကြောင့်ပင် အပြောင်းအလဲ၏ ရှေ့ရေးနှင့် စပ်လျဉ်း၍  စိတ်မအေးနိုင်သော သဘောတို့ ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။မည်သို့ပင်ဖြစ်စေ တကြောင့်ကြကြနှင့် သွားနေသည့် ကြားကပင် အထက်က ဖော်ပြခဲ့သည့် ဖြစ်ရပ်များအပြင် အခြား သိသာ ထင်ရှားသော တိုးတက်မှု များလည်း ပြီးခဲ့သော နှစ်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တာ အားလုံးအသိ ဖြစ်သည်။အရေးကြီးသော သာဓက တစ်ရပ်က သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့နှင့် ဥပဒေပြုမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်များ အကြား အာဏာ ခွဲဝေမှုနှင့် အပြန်အလှန် ထိန်းကွပ်မှုတို့ ကျင့်သုံးဆောင်ရွက်မှု ရှိတာ တွေ့မြင်ရခြင်း ဖြစ်သည်။ အဲဒါသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကာလတစ်လျှောက် နိုင်ငံကို အုပ်ချုပ်ခဲ့သည့် ယန္တယားများ အတွင်း၌ မရှိခဲ့ဖူးသော အနေအထား တစ်ရပ်ဖြစ်သည်။သည့်အပြင် စာနယ်ဇင်း မီဒီယာတို့ လွတ်လပ်မှု အပြည့်အဝ မရရှိ သေးသော်လည်း ယခင် ဖော်ပြခွင့်မရှိသည့် အကြောင်းအရာ များစွာတို့ကို ရေးသားတင်ပြ နိုင်ကြသည့်အပြင် နိုင်ငံ၏ စတုတ္တမဏ္ဍိုင် အဖြစ်လည်း အရေးတယူ ပြုခြင်း ခံနေရပြီ။အသင်းအပင်း ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အပါအဝင် နိုင်ငံသားတို့၏ မူလအခွင့်အရေးများ တကယ်လက်တွေ့ ခံစား ရရှိနိုင်ရေး အတွက် တရားဝင် စည်းရုံး ဆော်သြမှုများနှင့် တင်ပြ တောင်းဆိုမှု များလည်း စတင် ဖြစ်ပေါ်လျက် ရှိကြပြီ။ နှစ်ပေါင်း ၅၀ ကာလက မဖြစ်နိုင်ခဲ့သော အရာများပင်။ များမကြာမီ ကလည်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ခြင်း၊ အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေး လှုပ်ရှားသူတို့ အမျိုးသားပြန်လည် စည်းလုံး ညီညွှတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အတွက် ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်လာခြင်း တို့သည်လည်း နိုင်ငံရေးတွင် ကဏ္ဍ နယ်ပယ်စုံမှ အင်အားစုများ ပါဝင်နိုင်အောင် ဖွင့်ဟ ပေးလာသော သဘောဟု ရှုမြင်နိုင်သည်။ခြုံ၍ကြည့်သော် ယနေ့ အနေအထားသည် မြန်မာ့နိုင်ငံရေး ကစားကွင်းကြီးကို တံခါးမှူး လုပ်သူတို့ ဖွင့်လှစ် ပေးခဲ့၍ သည်ကွင်း အတွင်း နိုင်ငံရေး အင်အားပေါင်းစုံတို့ ယှဉ်ပြိုင်ရန် ရောက်ရှိနေ ဝင်ရောက်လာနေသော သဘောဖြစ်သည်။ ပြိုင်ပွဲထဲသို့ မိမိ ဝင်ရောက်သင့် မသင့်နှင့် ဝင်ရောက်မည့် ပုံသဏ္ဍာန်ကို စဉ်းစားဆဲ ရွေးချယ်ဆဲပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ရှိနေသေးတာ မှတ်သော်လည်း ယခုလက်ရှိမှာပင် ကွင်းထဲ၌ ယခင်ထက် သိသိသာသာ စည်ကားလာနေတာကား အထင်အရှားဖြစ်သည်။သည်ကွင်းကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်သူ၊ အင်တိုက်အားတိုက် အားပေးသူ တို့ဖြင့် ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှား တက်ကြွဖွယ် ပြိုင်ပွဲများ ဖြစ်ပေါ်စေဖို့နှင့် အနိုင်ရသူတို့ ထိုက်တန်သော ဆုလာဘ်ရရှိပြီး၊ မနိုင်သူတို့လည်း မကျေနပ်စရာ မဖြစ်စေဖို့တွင် ပြိုင်ပွဲဦးဆောင် ကျင်းပသူတို့ ရည်ရွယ်ချက် စေတနာမှန်ကန်ရေး၊ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ သမာသမတ်ကျ၍ ကျင်းပစဉ်၌လည်း ၄င်းစည်းကမ်းများ အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရေးတို့သည် အလွန် အရေးကြီးသည်။သည့်အပြင် အရေးကြီးသည်ကား ပြိုင်ပွဲဝင်သူတို့ အားကစား သမားကောင်း စိတ်ဓာတ်များ မွေးမြူ နိုင်ကြဖို့ ဖြစ်သည်။ အားကစား ယဉ်ကျေးမှု၊ သို့မဟုတ် နိုင်ငံရေး ပြိုင်ပွဲယဉ်ကျေးမှု။သည်ကွင်းထဲ၌ လောလောဆယ် မြင်တွေ့ရမည့် အနီးကပ်ဆုံး နိုင်ငံရေးပြိုင်ပွဲကား ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်သည်။ ယခု ရက်ပိုင်းများအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ် ရွေးကောက်ပွဲတွင် ယခင် ရွေးကောက်ပွဲ အတွေ့အကြုံများကို သင်ခန်းစာ ယူ၍ ပိုမို ပြည့်စုံ မှန်ကန်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးကို ဥပဒေနှင့် အညီ ကြီးကြပ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများအား ညွှန်ကြား ပြောဆိုခြင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် နိုင်ငံရေး ပါတီများက ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်လျက်ရှိခြင်း စသည်တို့အရမူ ယခင်က ဖြစ်ခဲ့သည့် ကြိုတင်မဲ ပြသနာမျိုး မပေါ်ပေါက်အောင် ဒိုင်လူကြီးတို့ ထိန်းသိမ်း ကြလိမ့်မည်ဟု မျှော်လင့်ရသည်။ စင်စစ် ၂၀၁၀ နိုဝင်ဘာမှသည် ယနေ့ကာလအထိ ပြောင်းလဲလာနေသည့် အနေအထားများအရ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှု အတိုင်းအတာ တို့လည်း တိုးတက်ရမည် ဖြစ်၏။ ယခု ''ကြားဖြတ်'' သည် အဆိုပါ တိုးတက်မှုကို သက်သေထူရမည့် အရာ တစ်ခုဟုလည်း ရှုမြင်နိုင်သည်။''ကြားဖြတ်''ကို အကဲခတ်ကြမည့် သူတို့အနေဖြင့် ယခုမှသည် ဆန္ဒမဲပေးသည့် နေ့မတိုင်မီအထိဖြစ်သော အကြိုကာလ၊ ထို့နောက် မဲဆန္ဒ ပေးကြသည့် နေ့ရက်၊ ထို့နောက် မဲအရေအတွက် ကြေညာခြင်း၊ အနိုင်ရသူအား လွှတ်တော် ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ကန့်ကွက်ချက်များ အတွက် ခုံအဖွဲ့ဖြင့် စစ်ဆေး ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည့် နောက်ပိုင်း ကာလ စသဖြင့် စ-လယ်-ဆုံး သုံးပါးလုံး၏ အနေအထားကို ကြည့်ကာ တရားမျှတမှု မည်မျှ ရှိမရှိကို တိုင်းတာသတ်မှတ် ကြမည်ဖြစ်သည်။မဲဆန္ဒနယ် ၄၈ နယ်သာ ယှဉ်ပြိုင်ရသည်ဖြစ်၍ အာဏာရရှိမှုအထိ အဆုံးအဖြတ် ပေးနိုင်သည့် ပွဲကြီး မဟုတ်သော်လည်း ပွင့်လင်းလာသော အနေအထားနှင့် ပိုမိုပြည့်စုံစွာ ပါဝင်ယှဉ်ပြိုင်လာမှုတို့ကို အကြေင်းပြု၍ ယခုရွေးကောက်ပွဲ၌ လုပ်ကိုင် ဆောင်ရွက်ပုံ တို့သည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် သက်ရောက်မှု ရှိမည်ဖြစ်ရာ၊ စံချိန်ယူ နမူနာပြ တရားမျှတသော ပွဲတစ်ခုဖြစ်ဖို့ အရေးကြီးသည်။သည်အတွက်၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့က မိမိတို့၏ တာဝန်နှင့် ရာဇဝင်ကို အလေးထား၍ လည်းကောင်း၊ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများက သန့်ရှင်းသော နည်းလမ်းတို့ဖြင့် အနိုင်ရအောင် ကြိုးပမ်း၍ လည်းကောင်း ဆင်နွှဲဆောင်ရွက် ကြသကဲသို့၊ ဒီမိုကရေစီစနစ်ကို  ဖော်ဆောင်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်များ ရရှိရေကို အလေးထားသော ပြည်သူတို့ကလည်း နိုင်ငံရေး အသိစိတ်ဓာတ် ထက်သန် ပြည့်ဝစွာ စောင့်ကြည့် ထိန်းကွပ်သော နည်းအားဖြင့် ပါဝင်ကြဖို့လိုကြောင်း တိုက်တွန်းအပ်ပါသည်။ပြည်သူ့ခေတ်အယ်ဒီတာ၊ ၁၉-၁-၂၀၁၂
Categories: Feature Blogs

ထာဝရရဲဘော်သို့... တမ်းချင်း

ex-absdf - 8 hours 11 min ago
by Win Ko on Sunday, February 5, 2012 at 1:51pm ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်မှ စတင်ပြီး နေ့စဉ်ရက်ဆက် တတောဝင်တတောင်တက် မမောမပန်း ခရီးနှင်နေရသည်။ မြင့်မားမတ်စောက်လှသော တောင်တန်းကြီးများ ချိုင့်ဝှမ်းများနှင့် ရေချောင်းပေါင်းများစွာကို လည်း ဖြတ်သန်းရသည်။ အဓိကအခက်အခဲ အတားအဆီးမှာ သံလွင်မြစ်ကြီးပင်ဖြစ်သည်။ သံလွင်မြစ်သည် ရေစီးအလွန်ကြမ်းတမ်းပြီး ကျောက်ဆောင်ကျောက်ကမ်းပါးများကြား ကွေ့ကောက်စီးဆင်းရသောကြောင့် စုပ်ဝဲ၊မှုတ်ဝဲများ အလွန်ပေါများသလို မြစ်၏မြည်ဟီးသံမှာလည်း အတော်ပင်ကြောက်မက် ဖွယ် ကောင်းလွန်း လှပေသည်။သံလွင်မြစ်ကမ်းနဖူးသို့ ရောက်သောအခါ တဖက်ကမ်းသို့ကူးရန်အတွက် ရေမနေသစ်ပင်ကြီးတပင်ကို ခုတ်လှ လိုက်ရသည်။ ထိုခုတ်လှဲပြီးသား သစ်ပင်ကြီးကို သစ်လုံးလှေအဖြစ်ထွင်းရသည်။ ထိုထွင်းပြီးသား သစ်လုံးလှေ မှာ လူသုံးယောက်သာဆန့်သည်။ ရှေ့နောက် တယောက်စီ လှော်၍ အလယ်တွင်တယောက်ထိုင်လိုက်ရသည်။ လိုအပ်သော ပစ္စည်းများကို လှေဝမ်းအတွင်းထည့်ပြီး သုံးယောက်စလုံးမှာ အဝတ်အစားများ ချွတ်ထားရသည်။ အရေးအကြောင်းရှိလျှင် ရေကူး၍ထွက်နိုင်ရန်ဖြစ်သည်။ အလယ်တွင်ထိုင်သောသူမှာ လှေနံရံ နှစ်ဘက်ကိုကိုင် ပြီး ငြိမ်သက်စွာ လိုက်ပါရသည်။ လှုပ်ရှားယိမ်းယိုင်မှုမရှိရန် ခန္ဓာကိုယ်ကို ထိန်းသိမ်းရသည်။ လှေကို ရေဆန်သို့ အတော်ဝေးဝေးသို့ လှော်ခတ်သွားပြီး ဦးခေါင်းလှည့်ကာရေစီးကို တစောင်းဖြတ်၍မျှောဆင်းရသည်။ မှုတ်ဝဲစုပ်ဝဲ များကို ရှောင်ရှားရင်း အားသွန်ခွန်စိုက်လှော်ခတ်၍ နောက်ဆုံးတဖက်ကမ်းသို့ ရောက်ရှိရသည်။အချို့ကံဆိုးသူများမှာ စုပ်ဝဲမှုတ်ဝဲတွေကြား လှေတိမ်းမှောက်၍ အသက်ဆုံးရှုံးကြရသည်လည်း ရှိသည်။ ကျနော်ကိုယ်တိုင်လည်း ၁၉၉၆ ခုနှစ်က တကြိမ် သံလွင်မြစ်ထဲမျောပါခဲ့ဖူးသည်။ သေကံမရောက် သက်မ ပျောက်ဟု ဆိုရမည်ပင်။ ထိုအကြောင်းကို “အထီးကျန် သံလွင်လမ်းခွဲ” ဟူသောခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ ပြီးဖြစ်ပါသည်။ သံလွင်မြစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိင်ပြီးနောက် သုံးရက်ခန့်ခရီးဆက်သွားသောအခါ ပွန်ချောင်းသို့ ထပ်မံရောက်ရှိခဲ့ပါသည်။နွေရာသီတွင် ပွန်ချောင်းကို သစ်ပင်များခုတ်လှဲပြီး လမ်းခင်း၍သွားနိုင်သော်လည်း မိုးရာသီတွင် ဖောင်ဖွဲ့၍ကူး ကြရသည်။ တချို့က ပစ္စည်းပစ္စယအားလုံးကို မိုးကာထဲစုထုပ်ပြီး ရေထဲတွင် ချိန်ဆချကြည့်ပြီး မိုးကာထုပ်ကို ဖက်၍ခက်ခက်ခဲခဲ ဖြတ်ကူးကြရသည်။ ထိုသို့အခက်အခဲများကို ကျော်ဖြတ်ရင်း နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ကယန်းပြည်သစ်ပါတီ တည်ရှိရာ ဆီးဘူးမြို့လေးသို့ ရောက်ရှိခဲ့ပါသည်။ပြည်ရန်အေး စခန်းပေါ်သို့ ရောက်သောအခါ စတင်ထိတွေ့ဆက်ဆံခွင့်ရခဲ့သူမှာ နိုင်ငံရေးမှူး ကိုစောလွင် (ကုလားလေး ဌေးအောင်)ပင်ဖြစ်သည်။ ကိုစောလွင်က အရပ် ၅ပေ ၆/၇ လောက်ရှိပြီး အစ္စလာမ်လူမျိုး ဖြစ်ကြောင်း သိရပါသည်။ စခန်း ပေါ်တွင် သူ့ဇနီး၊သားလေးတဦးနှင့် ရဲဘော်တချို့သာရှိသည်။ သူ့မျက်နှာမှာ အမြဲတမ်းတည်ငြိမ်အေးချမ်းနေပြီး အရာရာကို တွေးတောချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိသူ ဖြစ်ပါသည်။ညနေပိုင်း ကျနော်တို့နှစ်ယောက်စကားပြောဖြစ်သောအခါ ကိုစောလွင်မှာ ဆီးဘူးမြို့မှကျော်၍ အခြားဒေသသို့ သွားလာခွင့်မရှိ။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) ကိုထောက်ခံသောကြောင့် စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် စခန်းကုန်းပေါ်၌သာနေစေခဲ့ကြောင်း သိရသည်။ ကိုစောလွင်မှာ နိုင်ငံရေးသမားစစ်စစ်တဦး ဖြစ်ပေသည်။ ၁၉၇၄ ဦးသန့်အရေးအခင်း၌ဦးဆောင်ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်တဦးဖြစ်သလို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။တနေ့ သူနဲ့ကျနော် ထမင်းစားနေခိုက်မှာ သူက-“ငါဟာ အစ္စလာမ် ဘာသာဝင်တဦးဖြစ်တယ်။ ဒါပေမယ့် တိုင်းပြည်နဲ့လူမျိုးကိုတော့ အသက်မကချစ်မြတ်နိုး တယ်။ အကြမ်းဖက် သမားလည်း မဟုတ်ဘူး။ စနစ်ဆိုးကို မျိုးဆက်သစ်တွေ မခံစားရဖို့အတွက် အသက် သေတဲ့အထိ တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်။ ငါဟာဆိုရင် စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ဒဏ်တွေကို အလူးအလဲနဲ့ ခံစားခဲ့ရတယ်။ အခု ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ကျနော့်ပါးစပ်ထဲမှာ သွားဆိုလို့တချောင်းမှ မရှိတော့ဘူး။ ဒီကြားထဲ လည်ပင်းမှာလည်း သားရေပတ်ကြီးခံပြီး သွားရည်တွေကို သုတ်သင်နေခဲ့ရတယ်။ လူမျိုးခြားဆိုပြီး စစ်ကြောရေးက ငါ့ကိုပိုပြီးတော့ နှိပ်စက်ကြတယ်။ ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် ငါဒူးထောက်အညံ့မခံခဲ့ဘူး။ စနစ်ဆိုး ချုပ်ငြိမ်းတဲ့အထိတော့ ရပ်နိုင်သလောက် ရပ်တည်နေမှာပဲ။ ဒီနေ့ချိန်ထိ ဘာအခွင့်အရေးမှလည်း မတောင်းဆိုဖူးဘူး။ ခင်ဗျားလည်း ကျနော်နဲ့ထမင်းအတူစားနေတာပဲ။ ဟင်းဆိုတာ ဘယ်မှာလည်းဗျာ..။ အဲဒီအပေါ်မှာ ဘယ်တော့မှ နောင်တမရ ခဲ့ပါဘူး။ ကိုယ်ကျိုးမရှာခဲ့ပါဘူး။ ”“နိုင်ငံရေးသမားတွေမှာ သဘောထားသေးသိမ်သူက သူတပါးအပြစ်ကိုသာ မြင်တတ်ပြီး ကိုယ့်အပြစ်ကိုတော့ မမြင်နိုင်ဖြစ်နေတယ်။ နိုင်ငံရေးသဘောထားကြီးသူက သူတပါးအပြစ်ကိုမြင်တတ်သလို ကိုယ့်အပြစ်ကိုလည်း ပြန်မြင်တတ်တယ်။ နိုင်ငံရေးသဘောတရားပြည့်ဝသူက ဘယ်သူ့ကိုမှ အပြစ်မမြင် အပြစ်မတင်တတ်တော့ဘူး။ ဖြစ်နိုင်ရင် ကိုယ်နဲ့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရန်သူအပေါ်မှာတောင် ပုဂ္ဂိုလ်ရေးအရ အမုန်းတရား မရှိအပ်ပါဘူး”“နိုင်ငံရေးအရ ခွင့်လွှတ်တယ်ဆိုတာကလည်း အရှုံးပေးတာမဟုတ်သလို အနိုင်ယူတာလည်း မဟုတ်ဘူး။ နာကျည်းစရာ အတိတ် ဖြစ်ရပ်တွေက ရုန်းထွက်နိုင်ဖို့ဖြစ်တယ်။ နှစ်ဘက်စလုံးမှာလည်း ပြင်ဆင်ခွင့်ရှိဖို့လိုပါ တယ်။ နိုင်ငံရေးသမားဆိုတာ အခြေအနေ၊အချိန်အခါလိုက်ပြီး ကိုယ့်ရဲ့အယူအဆ၊ အတွေးအခေါ်တွေကို ပြောင်းလဲပြင်ဆင်ခွင့်ရှိတယ်။ ပြင်လည်း ပြင်နိုင်ရမယ်။ အဲဒါကိုဖောက်ပြန်တယ်လို့ မယူဆနိုင်ဘူး။ ”“မင်းအနေနဲ့ မှန်တယ်၊ အများအတွက်အကျိုးရှိမယ်လို့ ယုံကြည်ထားတဲ့အရာတွေမှာ ဘယ်သူတွေကပဲ ကိုယ့်ကို ဆန့်ကျင်ပါစေ။ ကိုယ်ယုံကြည်တဲ့တိုင်း ရပ်တည်ချက်ကို ခိုင်ခိုင်မြဲမြဲ တောင့်ထားနိုင်ရမယ်။ တို့တတွေ ဝေးသွားပါစေ။ ဘယ်နေရာပဲရောက်ရောက် ယုံကြည်ချက်အတိုင်း ဆက်လက်ချီတက်ကြမယ်။ အဲဒါဟာ တို့နှစ် ယောက်အကြားက သစ္စာတရားပဲ..”သူနှစ်ကျနော် နောက်ထပ်မဆုံဖြစ်တော့ပါ။ ယခု ဆယ်စုနှစ်တခုကျော်ကြာမြင့်ပြီးသည့် အချိန်မှာ သူ့အကြောင်း ပြန်စဉ်းစားမိတော့ သူ့အပေါ် လေးစားဂုဏ်ယူမှုတွေ ဆထက်တိုးလာမိပါသည်။ သူဟာ ယနေ့တိုင် တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ကောင်းစားရေးအတွက် သူ့ဘဝကို သံတိုင်တွေကြားမှာ စတေးကာ တိုက်ပွဲဝင်နေဆဲ။ သူပြောခဲ့သည့်အတိုင်း သူ့အသက်နှင့်ခန္ဓာတည်မြဲနေသရွေ့ သူချစ်မြတ်နိုးလှသော ပြည်သူလူထု အတွက် ယုံကြည်ချက်ကို မဆုပ်မနစ်ဆက်လက်ကိုင်စွဲသွားမည့်သူဟု ကျနော် အကြွင်းမဲ့ ယုံကြည်နေမိပါသည်။သူကိုယ်တိုင် အကျဉ်းထောင်အတွင်းမှ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနှင့်အတူ အေးအတူပူအမျှ နေထိုင်ကာ တိုင်းပြည်တည်ဆောက်ရေးတွင် ဆက်လက်ပါဝင်နိုင်ပါစေ။အုပ်ကြီးဖေ၅-၂-၂၀၁၂
Categories: Feature Blogs

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)

ex-absdf - 8 hours 12 min ago
(အောင်မိုးဝင်း )by Maung Maung Wann on Sunday, February 5, 2012 at 11:40amမြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့  ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေချင်ပါတယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။ရှေ့ဆက်ရမဲ့ခရီးကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။  ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ်တယ်။ မြောက်ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲပုံစံအသွင်ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘောထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါတယ်။ ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။   မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ်ပြနေတဲ့စာဟာ  မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက် အသက်ရှုပေါက်ရမဲ့စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာစိတ်မဲ့တဲ့စကားတွေပြောနေသလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကို ချစ်သယောင်ယောင်၊ နစ်နာနေသူတွေဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင် နှမ်းဖြူးဟန်ဆောင်နေမှာစိုးလို့ပါ။မြောက်ပိုင်းကိစ္စအပေါ်မှာ ၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊ ဒီကနေ့လက်ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ  ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင်ရဲ့စာတွေအပြင်၊ ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါချင်တာတပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ်ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့ ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခိုတဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်းတယ်။ ဒီ မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စု ရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ ( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသနဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ်ခံခဲ့ရတယ်ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။ ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊ ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ဖွင့် ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။ ဒီလို အာဘောင်အာရင်း သန်သန်ပြောခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက သွေးရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။” “ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါတယ်။တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲတိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။ကာယကံရှင် ဆိုတာဘယ်သူလဲကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။ မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။ ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်းခဲ့တဲ့ လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွားတဲ့ တောင်ပိုင်းက ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။ ထပ်ပြီးပြောလိုက်ပါမယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။အောင်ပွဲကို ရပြီဆိုပဲကိုမိုးသီးဇွန် ရဲ့ နီးစပ်တဲ့သူတယောက်က ဆိုပါတယ်။ “ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်းပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။ လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။ ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြောပြီး မေ့ပျောက်လွယ်၊ ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထားတကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေးသူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။  ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။  ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့ပြောတဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထားကို ကြေငြာချက်ကို ဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။ ဗဟိုကော်မတီရဲ့သဘောထားကတော့ ထားလိုက်ပါတော့။ ဘာမှ မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။    ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက်နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။ ဘာလို့ အဖြစ်မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေတာကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့ လို့ ဆိုကြပါတယ်။ ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာတကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထားပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊ ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ်ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့သလိုရေးထားပါတယ်။ “အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာတမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents.ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။  ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ် ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါတယ်။ မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်းစကားစတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။  --- On Wed, 2/10/10, Naing Aung <dna_freeburma> wrote:</dna_freeburma>From: Naing Aung dna_freeburma@yahoo.comSubject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]To: "Aung Moe Win" <aung_m_win>, "Than Win" <thanwin.yakatha></thanwin.yakatha></aung_m_win>Date: Wednesday, February 10, 2010, 10:34 PMDear Ko Than Win,If it is true that you are writing letters attacking Ko Moe Thee and me and started to involve in non-sense and time wasting wrangling, here is my first and last response. First of all, I don't usually reply those letters written by those based on their self claimed status and out of frustration. But I don't want the ordinary people to hate more and more of 88 generation over your furious over you are wrong and I am right, clean and clever.If Moe Thee claimed the social event as political one, please talk to Ko Moe Thee. I criticized him face to face, I don't attack in front of the people who don't need to know.Secondly, if you want to talk about history of ABSDF, please remember what you have done to ABSDF. Don't you know that there are thousand of ABSDF will point the fingers on you during your administration.Thirdly, most of decisions of ABSDF were made by committee, I never acted alone like you did. But I take the responsibility as chair of ABSDF whether I agreed the decision or not. I still do. Fourthly, I am not saying I am right all the time, people has rights and wrongs. It is important to learn and correct. Whether you like it or not, I am still working for the movement.People like you who left ABSDF cannot tell that I have destroyed ABSDF. How many members left when I assumed Chairmanship?You are the one who supported ko Moe Thee after the split even knowing what ko Moe Thee's behavior as you mentioned.Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents. In one day, those will be explained to family but during the movement time, I have only one enemy.So i want you to get matured. Please swallow your personal guilty feeling and support in best way you can.If you don't satisfy on what the people in the movement doing, please do some constructive and positive works. Nobody can stop you if you are doing good.Please don't make the ordinary people to hate your revolution more than you did. Please don't post this email without my authority.best,DNA
Categories: Feature Blogs

05.02.2012 နေ့ဖတ်ရန်သတင်းများ

ex-absdf - Sat, 02/04/2012 - 23:47
by Myanmar Journal on Sunday, February 5, 2012 at 8:55am  တိုင်းရင်းသားအရေး နိုင်ငံတကာ ကြားဝင်ဖို့ ဦးခွန်ထွန်းဦးအကြံပြုဦးခွန်ထွန်းဦးရဲ့ ထောင်တွင်း အတွေ့အကြုံ တွေကို မစ္စတာ ကင်တားနားကို ပြောပြခဲ့မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀လောက် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ဆောင်ရွက် နေပေမယ့် အကောင်အထည် မဖေါ်နိုင်ပဲ ဖြစ်နေတဲ့အတွက် တတိယ အင်အားစုက ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana နဲ့ တွေ့ဆုံစဉ်မှာ အကြံပြုခဲ့ တယ်လို့ SNLD ရှမ်း တိုင်းရင်းသားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။မြန်မာ ကိစ္စမှာ ကုလသမဂ္ဂဖြစ်ဖြစ် အာဆီယံ ဖြစ်ဖြစ် ကြားဝင် ဆောင်ရွက်ပေးနိုင်မှ လမ်းကြောင်း ပွင့်သွားနိုင်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောပါတယ်။ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်တားနား ရန်ကုန်မြို့မှာ သောကြာနေ့က တွေ့ဆုံပြီး တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာ အခုလို ပြောခဲ့တာပါ။အကျဉ်းထောင်တွင်းက မကြာသေးခင်က ပြန်လွတ်လာခဲ့သူ ဦးခွန်ထွန်းဦးက သူရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို မစ္စတာ ကင်တားနားကို အရှိအတိုင်း ပြောပြခဲ့ တယ်လို့ ဆိုပါတယ်။မစ္စတာ ကင်တားနားအနေနဲ့ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား နယ်မြေမှာ ဖြစ်နေတဲ့ ကိစ္စတွေကို အသေးစိတ် သိလိုပုံရတယ်လို့ ပြောပါတယ်။၂၀၀၈ အခြေခံ ဥပဒေကို မပြင်ရင် တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စု အစိုးရ အကြား ပြဿနာတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ တာမျိုးမလုပ်ပဲ ရက်ပေါင်း ၆၀ ဒါမှမဟုတ် ရက်ပေါင်း ၉၀ အပစ် ရပ်စဲရေး ကာလ သတ်မှတ်ပြီးမှ အားလုံးနဲ့ တပြေးညီ ဆွေးနွေးပြီး ပင်လုံကဲ့သို့ ညီလာခံတခု ခေါ်ယူသင့်ကြောင်းကိုလည်း မစ္စတာ ကင်တားနားကို အကြံပြုခဲ့တယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။မစ္စတာ ကင်တားနား ဟာ စနေနေ့မှာ မော်လမြိုင်ထောင်ကို သွားရောက် ကြည့်ရှုခဲ့ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။ဥရောပဆီ ရေနံတင်ပို့မှု အီရန်ပိတ်မယ်အီရန်အပေါ် ပိတ်ဆို့မယ့် အစီအစဉ်ကို ပြန်စဉ်းစားဖို့ အီးယူကို တိုက်တွန်းခဲ့အီးယူ ဥရောပသမဂ္ဂကနေ ဇူလိုင်လ ကျရင် အီရန်အပေါ် ကုန်သွယ်ရေး ပိတ်ပင်မှုတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် အီရန်နိုင်ငံက ဥရောပနိုင်ငံတွေဆီ ရေနံ တင်ပို့မှုတွေကို ပိတ်ပစ်တော့မှာ ဖြစ်တယ်လို့ အီရန် ရေနံ ဝန်ကြီး ရို့စတန် ကာစာမိက ထပ်မံ ပြောကြား လိုက်ပါတယ်။အခုလို ရေနံပိတ်ပင်မှုအတွက် ဥရောပက ဘယ်နိုင်ငံတွေကို ထိခိုက်မှု ရှိစေမယ် ဆိုတာ ကိုတော့ သူက ပြောကြားခြင်း မရှိပါ။တီဟီရန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့တာဖြစ်ပြီး၊ နိုင်ငံတကာ ရေနံဈေးကွက်မှာလည်း ကသောင်း ကနင်းတွေ ဖြစ်စေမယ်လို့ သူကဆိုပါတယ်။ဒီအတွက် အီးယူအနေနဲ့ အီရန်အပေါ် ပြုလုပ်မယ့် ပိတ်ဆို့မှုတွေ အတွက် ပြန်စဉ်းစားဖို့ သူက တိုက်တွန်းလိုက်ပါတယ်။အီရန်ဟာ နျူးကလီးယား လက်နက်တွေကို တိတ်တဆိတ် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုပြီး အီးယူနဲ့ အမေရိကန်က မကြာသေးခင်ကမှ အီရန်အပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ဆီးရီးယားအစိုးရတိုက်ခိုက်မှု လူပေါင်းရာချီသေဆုံးအစိုးရက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ တာလို့ အတိုက်အခံတွေက ပြောပါတယ်ဆီးရီးယား အစိုးရရဲ့ ဟုမ်းစ်မြို့ စစ်ဆင်ရေးမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးသွားခဲ့တယ်လို့ အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ခါဒီယာ့ ရပ်ကွက်ဟာ အမြောက်တွေနဲ့ အကြီး အကျယ် ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံ တွေက ပြောပါတယ်။အခုလောက် သေဆုံးသွားတယ်ဆိုတာကို သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပေမယ့် ဒီသတင်းမှန်မယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ၁၁ လက မတည်ငြိမ်မှုတွေ စတင် ခဲ့ပြီး နောက်ပိုင်း ဒီကနေ့ဟာ လူ သေကျေထိခိုက်မှု အများဆုံး ဖြစ်ခဲ့တဲ့နေ့ ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် အစိုးရဘက်ကတော့ ဒါကို ငြင်းဆိုလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆီးရီးယားကို အရေးယူနိုင်အောင် အတိုက်အခံတွေဘက်က ဖန်တီး လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။သတ်ဖြတ်မှုတွေဟာ လက်နက်ကိုင် အကြမ်းဖက်အုပ်စုတွေရဲ့ လက်ချက် ဖြစ်တယ်လို့ အစိုးရဘက်ကပြောပါတယ်။သမ္မတ အာဆတ်ကို ဒေါသဖြစ်နေကြတဲ့ သူတွေကတော့ ကမ္ဘာတဝန်းက ဆီးရီးယား သံရုံးတွေကို ဆန္ဒပြ တိုက်ခိုက်ခဲ့ကြပါတယ်။ အီဂျစ်မြို့တော် ကိုင်ရို၊ ဂရိက အေသင်၊ ဗြိတိန်က လန်ဒန်မြို့တွေမှာလည်း ဆန္ဒပြ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။နယူးယော့ခ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မကြာခင်မှာ သံတမန်တွေ တွေ့ဆုံပြီး ဆီးရီးယားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မူကြမ်းတခုကို ဆွေးနွေး ဆုံးဖြတ်ဖို့ ရှိပါတယ်။ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ဆီးရီးယား သမ္မတအာဆတ် အနေနဲ့ သူ့ရဲရာထူးကို လက်ထောက်တစ်ယောက်ယောက်ကို လွှဲပေးပြီး ငြိမ်းချမ်းရေး လုပ်ဆောင်စေဖို့တွေ ပါဝင်ပါတယ်။ဒါပေမယ့် ဆီးရီးယားရဲ့ မဟာမိတ် ရရှားနိုင်ငံကတော့ ဒီမူကြမ်းရဲ့ တချို့အပိုင်းတွေကို ကန့်ကွက်ထားတာကြောင့် ဒီဆုံးဖြတ်ချက် မူကြမ်းကို ဗီတိုအာဏာ သုံးပြီး ပယ်မလား မပယ်ဘူးလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ဒါပေမယ့် တခြားနိုင်ငံတကာ သံတမန်တွေကတော့ ဒီဆုံးဖြတ်ချက် ကျနိုင်အောင် အပြင်း အထန် ဆွေးနွေးနေကြပါတယ်။၈၈ မျိုးဆက် နဲ့ ကင်တားနား တွေ့ဆုံ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟဲကင်တားနား တွေ့ ရာမှာ ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုကိုကြီး က မြန်မာ့ အရေး ကို ကြိုးစား လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။မစ္စတာ ကင်တားနား ကလည်း ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ ဖြတ်သန်း အနစ်နာခံမှု တွေ ကို လေးစား အသိအမှတ် ပြုတါ ပြောတဲ့ အကြောင်း၊ ကိုကိုကြီး က ဘီဘီစီ ကို ပြောပါတယ်။ကိုကိုကြီးတို့ ဘက်က တင်ပြတဲ့ အထဲမှာ နိုင်ငံတွင်း လူသား အရင်းအမြစ် ရှားပါးတဲ့ အခါမှာ အထူးသဖြင့် နိုင်ငံရေး နယ်ပယ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေသေးတဲ့ ကိစ္စ၊ ပြည်ပရောက် မြန်မာ့ နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေ သိက္ခာ ရှိရှိ နဲ့ အာမခံချက် အပါအဝင် ပြန်လာနိုင်ရေး တွေ ပါဝင်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။လက်ရှိ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ရဲ့ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အုပ်ချုပ်ရေး စနစ် တို့ကို ကြိုဆိုကြောင်း၊ လက်တွေ့ အနေအထား အရ အောက်ခြေလူထု အထိ အကျိုးသက်ရောက်မှု ရှိအောင် ပူးပေါင်းဆောင်ရွက် လိုတာတွေလည်း ကိုကိုကြီး က တင်ပြခဲ့ပါတယ်။အခုလို ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက် ရာမှာလည်း ဌာန ဆိုင်ရာ အဖွဲ့အစည်း တွေ အနေနဲ့ စိုးရိမ် ကြောင့်ကျမှု မရှိစေဖို့လည်း မျှော်လင့်ကြောင်း မစ္စတာ ကင်တားနား ကို ပြောခဲ့တာတွေ ကိုကိုကြီး က ဘီဘီစီ ကိုပြောပါ ခဲ့ပါတယ်။ဇန်နဝါရီ ကန် အလုပ် လက်မဲ့ ဦးရေ ကျဆင်းကုန်ပစ္စည်း ထုတ်လုပ်မှု သိသိသာသာ တက်လာခဲ့အမေရိကန် နိုင်ငံမှာ ဇန်နဝါရီလ အလုပ် လက်မဲ့ဦးရေဟာ ရှစ် ဒဿမသုံး ရာခိုင်နှုန်း ထိ ကျသွားတဲ့ အတွက် စီးပွားရေး နလံထူ စေချင်တဲ့ မျှော်လင့်ချက်တွေ မြင့်မားလာ ခဲ့ပါတယ်။ဇန်နဝါရီလ အလုပ်လက်မဲ့ ဦးရေဟာ သုံးနှစ် အတွင်း အနိမ့်ဆုံး ဖြစ်ပါတယ်။အလုပ်လက်မဲ့ ဦးရေ လျော့သွားတဲ့ အပြင် ပြီး ခဲ့တဲ့ လမှာ အလုပ် အကိုင်သစ် နှစ်သိန်းခွဲ နီးနီး ဖန်တီး ပေးနိုင်ခဲ့ပြီး မှန်းထားတဲ့ အရေအတွက်ထက် ပိုများတာကို မနေ့က ထွက်လာ တဲ့ ကိန်းဂဏန်းတွေက ပြနေပါတယ်။ဒီကိန်းဂဏန်းတွေကြောင့် နယူးယောက် အစု ရှယ်ယာ ဈေးကွက် အဓိက ညွှန်းကိန်းဖြစ်တဲ့ ဒေါင်းဂျုံးစ ညွှန်းကိန်းဟာ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလ မတိုင်ခင်လေး တင်က ရှိခဲ့တဲ့ အမှတ်ထိ ပြန်တက် လာခဲ့ပါတယ်။အလုပ်လက်မဲ့နဲ့ အလုပ်အကိုင် ဖန်တီးမှု အပိုင်းတွေမှာ တိုးတက်မှုတွေ ရှိနေပေမယ့် စီးပွား ရေး ကျဆင်းမှုကနေ နလံပြန်ထူတဲ့ နှုန်းဟာ နှိုင်းယှဉ်ချက် အရ အားနည်း နေတုန်းပဲလို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။အီဂျစ်မှာ ရဲနဲ့ ဆန္ဒပြသူတွေ ထပ်မံ ရိုက်နှက်ကိုင်ရိုမှာ ဒုတိယမြောက်နေ့ အဖြစ် ရိုက်ပွဲ ဆက်ဖြစ်အီဂျစ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ဘောလုံးပွဲ တခုမှာ လူ ၇၄ ယောက် သေဆုံးခဲ့မှု အ တွက် ကိုင်ရို မြို့လယ်မှာ ဆန္ဒပြနေသူတွေနဲ့ အီဂျစ် လုံခြုံရေး တပ်တွေ ဒီကနေ့မှာလည်း ဒုတိယ မြောက်နေ့ အဖြစ် ထပ်ပြီး ရိုက်နှက် ခဲ့ကြပါတယ်။တာဟီယာလွတ်မြောက်ရေး ရင်ပြင်မှာ မနေ့က တနေ့လုံး သူနာပြုကားတွေ ဝင်လိုက် ထွက် လိုက် နဲ့ အလုပ် များနေခဲ့ပါတယ်။ဒဏ်ရာ ရသူတွေကို ဆေးရုံကို တနေ့လုံး တောက်လျှောက် ပို့နေရပြီး ပြည်ထဲရေး ဝန်ကြီးရုံး ကို စောင့်ကြပ်နေတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ရာမှာ ဒဏ်ရာ ရကုန်တာ ဖြစ်ပါတယ်။အနားမှာ ရှိတဲ့ အခွန်ရုံးကို ဆန္ဒ ပြသူတွေက နောက်ပိုင်း မီးတင်ရှို့ခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့က လူ ရှစ်ဆယ် နီးပါး သေဆုံးမှုဟာ ပြည်ထဲရေး ဝန်ကြီးဌာန လက်ချက်လို့ ဆန္ဒ ပြနေသူတွေက ယုံကြည်ပြီး ဒီရုံးကို သဲကြီးမဲကြီး ဝိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ဆီးရီးယား ပြဌာန်း ဆုံးဖြတ်ချက် မဲခွဲမည်ဆီးရီးယား ပြဌာန်း ဆုံးဖြတ်ချက် ဒီကနေ့ မဲခွဲမည်ဆီးရီးယားအကျပ်အတည်းဖြေရှင်းဖို့ ရည် ရွယ် ရေးဆွဲထားတဲ့ ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းကို ဒီကနေ့ နယူးယောက် ဒေသ စံတော်ချိန် မနက် ကိုးနာရီမှာ မဲခွဲမယ်လို့ မျှော်လင့် ရပါတယ်။ဒီပြဌာန်း ဆုံးဖြတ်ချက်ထဲမှာ အာရပ် နိုင်ငံများ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက် ဖြစ်တဲ့ ဆီးရီးယား သမ္မတ ဘာရှာ အယ်လအာဆတ်ကို ရာထူးက ဆင်းပေးဖို့တောင်းဆိုချက်မပါဘူးလို့ နောက်ဆုံး ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါ တယ်။အရင် ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းမှာတော့ သမ္မတ အာဆတ်ကို ဒုတိယ သမ္မတကို အာ ဏာ လွှဲပြီး နိုင်ငံရေး အသွင် ကူးပြောင်းမှု ပြုလုပ်ဖို့ တောင်းဆို ထားပါတယ်။ရုရှကတော့ အာရပ် အဖွဲ့ချုပ်ဟာ ဆီးရီးယား နိုင်ငံထဲမှာ အုပ်ချုပ်သူ အပြောင်းအလဲ ဖြစ် လာအောင် အားပေး အားမြှောက် လုပ်နေတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။အမေရိကန် ရောက် ကိုဇာဂနာအမေရိကန် ပြည်ထောင်စု National Endowment for Democracy NED အဖွဲ့ရဲ့ ဖိတ်ကြားချက် အရ စွယ်စုံ အနုပညာရှင် ကိုဇာဂနာ ဟာ အမေရိကန် အစိုးရ အရာရှိတွေ၊ NED အဖွဲ့ဝင် လူကြီးတွေ အပြင်၊ အမေရိကန်ရောက် မြန်မာလူမျိုးတွေ နဲ့ပါ တွေ့ဆုံ ဆွေးနွေးမှု တွေ ပြုနေပါတယ်။သူ့ခရီးစဉ် အရ ဝါရှင်တန် ဒီစီ အပြင်၊ မေရီလင်း ပြည်နယ် က မြန်မာလူမျိုးတွေ နဲ့ တွေ့ဆုံခွင့် ရတဲ့ အခါမှာ မြန်မာပြည်တွင်းရှိ ပြည်သူတွေ ကို ကူညီပံ့ပိုးပေး သူတွေ ကို ကိုယ်တိုင် ကိုယ်ကျ ကျေးဇူးစကား ပြောကြားခဲ့ပုံ နဲ့ Freedom Film Festival ရုပ်ရှင်ပွဲတော် တုန်းက ပြသခဲ့ တဲ့ ရုပ်ရှင်တချို့ ပြန်လည်ပြသ မယ့် အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။အမေရိကန်ရောက် မြန်မာလူမျိုးတွေ နဲ့ တွေ့ဆုံခွင့် ရတဲ့ အခါမှာ သုံးမျိုး သုံးစားတွေ့ ရပုံ၊ တမျိုးက အလုပ်ပဲ ကျိုးစားနေသလို၊ တမျိုးကတော့ မြန်မာ့နိုင်ငံရေးပဲ တစိုက်မတ်မတ် အလေးထား လုပ်နေသူတွေ တွေ့ရပုံ နဲ့ တမျိုးကတော့ မြန်မာနိုင်ငံ အတွက် ကူညီသင့် သလောက် ကူညီပြီး ပြည်တော်ပြန်ရေး ပဲ စဉ်းစားနေသူ တွေ တွေ့ရကြောင်း ကိုဇာဂနာ က ပြောပြပါတယ်။ထူးခြားချက် အနေနဲ့တော့ လူတိုင်းလိုလိုဟာ ကလေး လူကြီး မကျန် စာအုပ် အမြဲဖတ်နေတာ ကို တွေ့ရကြောင်း၊ ရထားပဲ စီးစီး၊ ကားပေါ်ပဲ ရောက်ရောက်၊ ဓါတ်တိုင်မှီ စာဖတ်သူတွေ ပါတွေ့ရလို့ သဘောတွေ့မိ ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ နေရာတကာ မှာ လူတွေ လေကန်နေကြတာ ပဲ တွေ့ရတာကို လည်း ဘာကြောင့် ဆိုတာ ကို ရိပ်စားမိပုံ ဘီဘီစီ ကို ပြောပြပါတယ်။အများအားဖြင့် မြန်မာ လူမျိုးတွေရဲ့ အိပ်မက် တွေ မတူကြပေမယ့် အမိနိုင်ငံ အတွက် မိမိတို့ တတ်မြောက်ထားတဲ့ ပညာတွေ နဲ့ ပြန်လည် အကျိုးပြုလိုတာတွေ သိခဲ့၊ ကြားခဲ့ရလို့ ဝမ်းသာ ကြည်နူး ဖြစ်ရပုံ ပါ ကိုဇာဂနာက ပြောပြပါတယ်။"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်By ဗွီအိုအေ (မြန်မာဌာန)အာရပ်နွေဦး လို ဒီမိုကရေစီအရေး လှုပ်ရှားမှုမျိုး တရုတ်နိုင်ငံမှာလည်း ဖြစ်လာလိမ့်မယ်လို့ တချိန်က အမေရိကန် သမ္မတလောင်း အဖြစ် ၀င်အရွေးခံဖူးတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်က သတိပေး ပြောကြားလိုက်ပါတယ်။ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ အဆင့်မြင့် လုံခြုံရေးဆိုင်ရာ ညီလာခံအတွင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun ကို အာရီဇိုးနား ပြည်နယ်က ရီပါဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က စနေနေ့မှာ အဲဒီလို ပြောကြားလိုက်တာပါ။တရုတ်နိုင်ငံ တိဘက်ဒေသမှာ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေသွားကြတဲ့ သံဃာတွေရဲ့ အသံတွေကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမှ ထိန်းချုပ်ထားလို့ ရနိုင်မှာမဟုတ်ဘူးလို့ လက်ကိုင် မိုဘိုင်းဖုန်းကို လက်ညိုးထိုးပြီး ဂျွန်မက်ကိန်း က ပြောကြားလိုက်တာပါ။တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်အစိုးရရဲ့ လှုပ်ရှားမှုတွေအပေါ် စိုးရိမ် ပူပန်ကြောင်းလည်း မက်ကိန်းက ပြောပါတယ်။ လောင်စာဆီနဲ့ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ အဲဒီ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံတချို့နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာမှာ တရုတ်တို့က အဲဒီကျွန်းစုတွေကို သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာပါ။တရုတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပိုပြီး တာဝန်ရှိလာတဲ့အကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun က ညီလာခံအတွင်း ပြောကြားလိုက်ပါတယ်။ အခြေအနေတွေ လက်ရှိထက် ပိုဆိုးလာအောင် တရုတ်တို့ဘက်က လုပ်စရာ အကြောင်းမရှိပါဘူးလို့ သူက ပြောပါတယ်။ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချBy ဗွီအိုအေ (မြန်မာဌာန)ဆီးရီးယား နိုင်ငံသားတွေအပေါ် တနှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြပြန်ပါပြီ။ဆီးရီးယားနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုတ်ချထားပြီး သမ္မတ အာဆဒ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုထားတဲ့ အနောက်အုပ်စုနဲ့ အာရပ်နိုင်ငံတွေရဲ့ အဲဒီ အဆိုပြုချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက စနေနေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ ပြင်သစ် အပါအ၀င် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။သမ္မတ အာဆဒ် အစိုးရက သွေးထွက်သံယိုမှု အများဆုံး အကြမ်းဖက် တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ပြီးနောက်မှာ လုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ကြတာပါ။ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေက စနေနေ့ အစောပိုင်းမှာ ဟုမ်းစ် မြို့ကို အမြောက်တွေ၊ မော်တာတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် မချနိုင်တဲ့အပေါ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြစ်တင် ရှုတ်ချလိုက်ပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်နိုင်အောင် တညီတညွတ်တည်း ၀ိုင်းဝန်း လုပ်ဆောင်နိုင်မယ့် အခွင့်အရေး လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးရှုံးသွားပြီလို့ သူက ပြောပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ ဆိုင်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်တာဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို သေးသိမ်သွားစေတဲ့ အကြောင်းနဲ့ သမ္မတ အာဆဒ် အစိုးရအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်နေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။သမ္မတ အာဆဒ်အစိုးရရဲ့ လူမဆန်စွာ အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ဆန့်ကျင်ပြီး လုံခြုံရေးကောင်စီအနေနဲ့  ရပ်တည်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက တောင်းဆိုပြီး နာရီပိုင်းအကြာမှာပဲ ရုရှားနဲ့ တရုတ်နိုင်ငံတို့က လုံခြုံရေးကောင်စီမှာ အခုလို ဗီတိုအာဏာသုံး ပယ်ချလိုက်ကြတာပါ။ဆီးရီးယား အစိုးရဟာ ပြည်သူတွေကို အကြင်နာကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေအပေါ် သမ္မတ အိုဘားမားက အပြင်းထန်ဆုံး စကားလုံးတွေသုံးပြီး ဝေဖန် ရှုတ်ချထားတာပါ။ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်By ဗွီအိုအေ (မြန်မာဌာန)ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချဖို့ အနောက်နိုင်ငံတွေက အားပေး ထောက်ခံမှုနဲ့ ရေးထားတဲ့ မူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းမယ်ဆိုရင် ဒါဟာ မသမာမှုပဲလို့ ရုရှားနိုင်ငံခြားရေး ၀န်ကြီး Sergey Lavrov က ဝေဖန်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က အချက်နှစ်ချက်ကို ပြင်ချင်တယ်လို့ ဆိုပါတယ်။ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်မလာနိုင်အောင် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေနဲ့ အစိုးရထောက်ခံရေး အင်အားစုတွေကို ညီညီမျှမျှ ဆက်ဆံဖော်ပြသင့်တယ် လို့လည်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ ဆီးရီးယား ပဋိပက္ခမှာ နိုင်ငံခြားက ၀င်ရောက်မှုတွေ ရှိလာနိုင်ခြေ ကိစ္စတွေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို တံခါးပိတ် ဆွေးနွေး သင့်တယ်လို့လည်း ဆိုပါတယ်။ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့အစည်းအဝေးကို သွားပြီးမတက်ရောက်ခင် မော်စကိုလေဆိပ်မှာ ရုရှားနိုင်ငံခြားရေး ၀န်ကြီးက သတင်းထောက်တွေကို အခုလိုပြောခဲ့တာပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာတော့ ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ဆီးရီးယားနိုင်ငံ အတွင်းမှာတော့ အစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူ ၂၀၀ ကျော် ဟုမ်းစ်မြို့မှာ သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ သောကြာနေ့ကစပြီး ဟုမ်းစ်မြို့မှာ အကြမ်းဖက်မှုတွေ ပြန်ပြီး မြင့်တက်လာခဲ့တာပါ။ မနေ့တုန်းက ဟုမ်းစ်မြို့က အကြမ်းဖက်မှုတွေမှာ ရာနဲ့ချီတဲ့လူတွေလည်း ဒဏ်ရာတွေ ရခဲ့ပြီး အဆောက်အဦးတွေလည်း ဒါဇင်နဲ့ချီပြီး ပျက်စီးခဲ့ရတယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်လေ့လာနေတဲ့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ဟုမ်းစ်မြို့ဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ရှိနေတဲ့ မြို့ဖြစ်ပြီး နိုင်ငံရဲ့ အနောက်ပိုင်း လက်ဘနွမ်နိုင်ငံ နယ်စပ်ရဲ့အနီးနားမှာ ရှိပါတယ်။ ၁၁ လလောက်ကြာအောင် ဖြစ်ပွားလာနေတဲ့ ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဟုမ်းစ်မြို့က လှုပ်ရှားမှုတွေက အဓိကကျခဲ့ပါတယ်။ရာသီဆိုးတဲ့ကြားက ရုရှားလူထု ဆန္ဒပြBy ဗွီအိုအေ (မြန်မာဌာန)ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ရာသီဥတု အပြင်းအထန် အေးစက်နေတဲ့ကြားက နိုင်ငံရေး အင်အားပြမှုတွေ၊ စုဝေးမှုတွေ လုပ်ခဲ့ကြပြီး အဲဒီပွဲတွေမှာ လူတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ပါဝင်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေမှာ ၀န်ကြီးချုပ် ဗလာဒီမီယာပူတင်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုကြတဲ့သူတွေရော၊ သူ့ကိုထောက်ခံကြတဲ့ သူတွေရောပါဝင်ခဲ့ကြပါတယ်။ ရုရှားနိုင်ငံက သမ္မတ ရွေးကောက်ပွဲမတိုင်ခင် တလတိတိလိုတဲ့အချိန်မှာ နိုင်ငံရေးအရ ပိုပြီးလွတ်လပ်မှုတွေ ရှိရေး တောင်းဆိုနေကြပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ ရုရှားရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို စတင်နေပါပြီ။ကရင်မလင် ရင်ပြင်မှာ ဒီကနေ့လာပြီး စုဝေးခဲ့ကြတဲ့ အစိုးရဆန့်ကျင်ရေးသမား ၂၃,၀၀၀ လောက် ရှိတယ်လို့ ရုရှားရဲတွေက ခန့်မှန်းပါတယ်။ အဲဒီလူတွေက သူတို့လှုပ်ရှားမှုရဲ့သင်္ကေတအဖြစ် အဖြူရောင် ဖဲကြိုးတွေကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ မစ္စတာပူတင်ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကတော့ မော်စကိုမြို့တော် အနောက်ပိုင်းမှာ ၉၀,၀၀၀ လောက် ရှိတယ်လို့ ရုရှားရဲတွေက ပြောပါတယ်။တချို့လူတွေ ပြောတာကတော့ မစ္စတာပူတင်ကို ထောက်ခံရေး ဆန္ဒပြကြတဲ့သူတွေဟာ သူတို့ရဲ့ အလုပ်အဖွဲ့အစည်းတွေက အမိန့်ထုတ်ထားလို့ လာရတာလို့ ဆိုနေပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေ၊ သူနာပြုတွေနဲ့ စာတိုက် အလုပ်သမားတွေက သူတို့ကို အစိုးရ ထောက်ခံရေး ဆန္ဒပြပွဲသွားဖို့ အမိန့်ပေးတာ ခံရတဲ့အကြောင်း တိုင်ကြားမှုတွေ ရှိနေတယ်လို့ မော်စကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေးBy မသင်းသီရိမန္တလေးကိုလာဖို့ ခရီးစဉ်ကို အခုရွေ့ဆိုင်းထားရပေမဲ့ နောက်ပိုင်းလာဖို့ အတွက် စီစဉ်ရာမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာတဲ့ နားလည်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မန္တလေးကို ပါတီစည်းရုံးရေးအဖြစ် သွားဖို့ခရီးစဉ် ပျက်သွားခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အခုလို အသိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်သလို NLD ရုံးချုပ်က တာဝန်ရှိသူတွေ ဟာလည်း မန္တလေးက သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေ တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။မူလက ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးမြို့ကို ပါတီစည်းရုံးရေး အဖြစ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားပေမဲ့ လူထုနဲ့ စကားပြောဖို့ နေရာအခက်အခဲတွေကြောင့် အစီအစဉ် ဖျက်ထားရတာနဲ့ ပတ်သက်လို့ မန္တလေးလူထုကို အသိပေးချက်တစ်စောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့တာပါ။ မန္တလေးပြည်သူလူထုရဲ့ NLD ပါတီအပေါ် ထောက်ခံမှုကို လေးစား တန်ဖိုးထားသလို နိုင်ငံရေး ရင့်ကျက်မှုနဲ့ တည်ငြိမ်တဲ့ စိတ်ဓါတ်ကို သိထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ဒီခရီးစဉ်ဟာ လတ်တလောမှာ ဖျက်ထားရပေမဲ့ နောက်ပိုင်း မန္တလေးလူထုနဲ့ တွေ့ဖို့ စီစဉ်မှာဖြစ်သလို ဒီခရီးစဉ်အတွက် ပြန်စီစဉ်ရာမှာ ဆက်သွယ် ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုနားလည်မှုတွေ ရဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က မန္တလေးကို ရောက်နေတဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး မန္တလေးလူထုကို အသိပေးချက် ပြောဆိုခဲ့တာဖြစ်ပြီး ဦးဝင်းတင် အပါအ၀င် NLD ရုံးချုပ်က တာဝန်ရှိသူတချို့ဟာ မန္တလေးမြို့က သတင်းထောက်တွေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။“မန္တလေး ပြည်သူလူထုတွေ ကြားထဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ပျက်သွားတဲ့အခါကျတော့ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာ၊ မကျေမချမ်း ဖြစ်စရာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကိုလည်း သိပါတယ်။ အဲဒီလို သိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ကျနော်ဆီကို ဖုန်းဆက်ပြီးတော့ သူ့ရဲ့ လူထုထံသို့အသိပေး ပြောကြားချက် ဆိုတာကို ပြောပြပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေအကြား ပိုမို နားလည်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်လို့ ပြောတယ်။ အဲဒီ အဖွဲ့အစည်း ဆိုတဲ့နေရာမှာ အစိုးရအဖွဲ့များ အပါအ၀င်ပေါ့ အဖွဲ့အစည်းတွေကြားမှာ နားလည်မှုတွေ ပိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ သူ့ရဲ့ ယုံကြည်ချက်ကို ပြောပါတယ်။”အထူးသဖြင့် နောက်ပိုင်း မန္တလေးကို လာဖို့ ထပ်စီစဉ်ရာမှာ ဒီတခေါက်လိုမျိုး အစီအစဉ်တွေ လုပ်ရတာမှာ အားနည်းတာမျိုး မဖြစ်ရအောင် ပိုပြီးတော့ နားလည်မှုတွေ ရဖို့ မျှော်လင့်ထားပါတယ်။“ဒီအဖွဲ့အစည်းတွေကြားမှာ နားလည်မှုတွေ ပိုပြီးရရှိလိမ့်မယ်လို့ သူ ယုံကြည်တဲ့အချက်က ပိုပြီးတော့ အရေးကြီးမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တာတွေ ပြီးပြီ။ ဖြစ်သင့်တာတွေနဲ့ ပတ်သက်ပြီးတော့ ပျက်ကွက်မှုတွေ ဟိုဘက်ဒီဘက် ရှိကြမယ်။ အားနည်းမှုတွေ ရှိမယ်၊ ဒါပေမဲ့ ဒီ အဖွဲ့အစည်းတွေကြားမှာ အစိုးရ အပါအ၀င်ပေါ့လေ ပိုပြီးတော့ နားလည်မှုတွေ ရရှိမယ်လို့ သူ ယုံကြည်ပါတယ်လို့ ပြောတာဟာ အရေးကြီးတဲ့စကားလို့ ကျနော် ထင်ပါတယ်။”ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် မန္တလေး အစီအစဉ် ဖျက်လိုက်ရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အသိပေးတာနဲ့ ပတ်သက်ပြီး NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ဘယ်ရက်မှာ သွားမယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ NLD ပါတီက ပြောသလို လာမယ့် အင်္ဂါနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ပုသိမ်နဲ့ မြောင်းမြ မြို့တွေကို ပါတီစည်းရုံးရေးသွားမှာ ဖြစ်ပါတယ်။တဆက်တည်းပဲ ဦးဝင်းတင်ဟာ ညနေပိုင်းမှာ မန္တလေးမှာရှိတဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးက တာဝန်ခံ အိန္ဒိယ သံမှူးနဲ့ တွေဆုံတဲ့အခါမှာလည်း အိန္ဒိယအစိုးရရဲ့ မြန်မာနိုင်ငံပေါ် ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ပြောပြခဲပါတယ်။“အိန္ဒိယဟာ ကျနော်တို့ရဲ့ နိုင်ငံရေးစံပြုတဲ့ နိုင်ငံဖြစ်တယ်။ လွတ်လပ်ရေး မတိုင်ခင်ကတည်းက ကိုလိုနီခေတ်ကတည်းက ကျနော်တို့ရဲ့ စံထားစံပြုတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံဟာ နောက်ပိုင်းမှာလည်း ဒီမိုကရေစီဖြစ်စဉ်မှာလည်း အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးတွေမှာ အများကြီး ကူညီ အားပေးခဲ့တယ် ဆိုတာကို သူတို့သိတယ်။ ဒါပေမဲ့လို့ အစိုးရဟာ အရှေ့မျှော်ဝါဒ ဆိုတဲ့ဟာကို ကျင့်သုံးတဲ့အချိန်ကစပြီး နောက်ပိုင်းမှာ မြန်မာပြည်နဲ့ ပတ်သက်လို့၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ဘာမှ မပြောတော့ဘဲနဲ့ ခပ်ခွာခွာ နေခဲ့တာဟာ ဒီနှစ်ကာလအချိန် အထိပေါ့။ ကျနော်တို့ကတော့ ဒါကို အားငယ်စိတ်ပျက်ခြင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ တိုးတက်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး နဲ့ပတ်သက်ပြီးတော့ အိန္ဒိယရဲ့ ထောက်ခံအားပေးမှုတွေ ကူညီရိုင်းပင်းမှုတွေ ရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါတော့ ကျနော်တို့ ပြောလိုက်ပါတယ်။ သူတို့ဘက်ကတော့ နားထောင်ရုံပါပဲ။”NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က စီစဉ်ထားတဲ့ ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ဒီကနေ့ ဖွင့်လှစ်ခဲ့သလို အဲဒီပြပွဲမှာ ပန်းချီဆရာပေါင်း ၁၃၀ ကျော်က ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၂၀၀ ကျော်ကို ပြသထားပါတယ်။ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတစေမည်ဟု ဦးရွှေမန်း ပြောကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည်၊ အပြောမဟုတ် အလုပ်ဖြစ်၍ စောင့်ကြည့်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသို့ ပြောကြောင်း သိရသည်။ ယမန်နေ့ နေ့လည်က နေပြည်တော်တွင် ဦးရွှေမန်းနှင့် မစ္စတာ ကင်တာနားတို့ တွေ့ဆုံရာတွင် ယင်းသို့ ကတိပေးခြင်းဖြစ်ကြောင်း ပေါ်ပြူလာမြန်မာ သတင်းဂျာနယ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စတာ ကင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်တွင် တွေ့ဆုံမည်ဖြစ်သည်။မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး2012-02-02မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ပါတယ်။၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ၀ါရှင်တန်ဒီစီ NED ( National Endowment for Democracy ) က ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကိုဇာဂနာ ဆွေးနွေးနေစဉ်အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်က NED ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အကူအညီ ပေးနေတဲ့အဖွဲ့ရဲ့ ရုံးခန်းမှာ မနေ့က ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဇာဂနာနဲ့ ဒေါ်ဘောက်ဂျာတို့က ပြောခဲ့တာပါ။အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မိမိတို့ တိုင်းပြည် ပြောင်းလဲမှုအတွက် အသုံးဝင်တဲ့ ဖိအားတွေဖြစ်ကြောင်း ကိုဇာဂနာက ပြောပါတယ်။လက်ရှိ အခြေအနေမှာ ပြောင်းလဲမှုတွေ ရှိနေပေမယ့် တိုင်းရင်းသား ကချင်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထက် ပိုဆိုးကြောင်း၊ အစိုးရ စစ်သားတွေက ယောက်ကျားတွေကို ပေါ်တာဆွဲ၊ အမျိုးသမီးတွေကို မတရားပြုကျင့်၊ ပစ္စည်းယူ ရွာမီးရှို့ လုပ်ကြတာကြောင့် ဒေသခံ ကျေးရွာတွေ စစ်ပွဲဒဏ် ခံစားနေရကြောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။မနေ့က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမေရိကန်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Michael Posner ကတော့ အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး "မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ယုံကြည်ရတဲ့ အခြေခံ အကြောင်းတွေ မိမိတို့မှာ ခိုင်ခိုင်လုံလုံ ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာလည်း အပြောင်းအလဲတွေ ခိုင်မာမှုမရှိဘဲနဲ့ မိမိတို့ အမေရိကန် အစိုးရရဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒဟာ အလျင်စလို ချက်ခြင်း ပြောင်းလဲသွားဖို့မရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
Categories: Feature Blogs

၈၈ အပိုင်း ၃ သို့မဟုတ် ရောက်တတ်ရာရာစကားများ---

ex-absdf - Sat, 02/04/2012 - 23:23
Soe Naing      ဒုက္ခပဲ--- မေးလ်ရှည်တာနဲ့ သူများတွေ အနှောင့်အယှက်ဖြစ်မှာစိုးပြီး အပိုင်းခွဲလိုက်တာပါ။ အပိုင်း ၃ ကိုမျှော်နေတယ်ဆိုတော့ ကြုံတွေ့ခဲ့ရတာလေးတွေ ကောက်သင်းကောက်ပြီး နိဂုံးချုပ်ပါ့မယ်။ အရေးအခင်းဖြစ်တာက -(၈-၈-၈၈)  ကနေ (၁၈-၉-၈၈) နေ့ထိဆိုတော့ ရက်ပေါင်း (၄၂) ရက် တစ်လခွဲလောက်ပေါ့။  ဒီအတွင်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ရတာလည်း တကယ်ပါ။       ကျွန်တော့်ဆီကို ညီငယ်တစ်ယောက်က မေးလ်တစ်ဆောက်ပို့လိုက်ပါတယ်။  ၈၈ သမိုင်းကြောင်းရေးထားတာပါ။ အဲဒီမေးလ်ကမီဒီယာသမားရေးတာမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးသမားတစ်ယောက်ရေးထားတာလို့ ကျွန်တော်မြင်ပါတယ်။ မီဒီယာသမားရေးရင်  အမြင်ကို အမြင်အတိုင်း  အကြားကို အကြားအတိုင်း လိုတိုး ပိုလျှော့ မလုပ်ပဲ ပြည်သူသိအောင် ရေးမှ မီဒီယာကျင့်ဝတ်နဲ့ညီပါတယ်။ နိုင်ငံရေးသမားဆိုရင်တော့  ဖုံးသင့်တာဖုံး ချဲ့သင့်ရင်လဲပုံကြီးချဲ့ ကိုယ်လိုသလို ပြုပြင်တည်းဖြတ်ပြီးမှ ကိုယ်ဖြစ်စေချင်တာကို ပြည်သူတွေဖြစ်အောင် ရေးသားတာပါ။ အဲဒီမေးလ်ထဲမှာ အဲဒီလိုမျိုး မြှုတ်ကွက်တွေ။  ဖွကွက်တွေ တွေ့ရပါတယ်။ ကျွန်တော့အနေနဲ့ကတော့ မေးလ်ဂရုက ညီငယ် ညီမငယ်တွေကို ကိုယ်သိထားတဲ့အတိုင်း အမှန်တရားကိုပဲပြောချင်ပါတယ်။ သိစေချင်ပါတယ်.။       ၈၈ အရေးခင်းဟာ ကျောင်းသားတွေဦးဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ၁၉၂၀ ပထမကျောင်းသားသပိတ်လို တက္ကသိုလ် အက်ဥပဒေကိုမကျေနပ်လို့ မတရားလို့ စနစ်တကျ အစီအမံရှိရှိ ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့  ဆန္ဒပြခဲ့ကြတဲ့ သပိတ်မျိုးနဲ့ နိုင်းယှဉ်ရင်တော့ တန်းမဝင်ဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစမကောင်းခဲ့လို့ပါ။        အဲဒီကာလ ပညာတတ်ကျောင်းသားအချို့ရဲ့ ရင်ထဲမှာ နိုင်ငံကိုအုပ်ချုပ်နေသူတို့ရဲ့ မတရားမှု အသိဥာဏ်နည်းမှု တွေကို မကြိုက်တဲ့ခံစားချက်  ရင်ထဲမှာရှိနေမယ်လို့တော့ ယုံပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသား အများစုကတော့   အဓိပတိလမ်း နဲ့ ကံ့ကော်တန်း  ။ ဂျက်ဆင်နဲ့ ကွန်မိုဂေးရှင်း ဦးချစ်  ဆိုင်။ ပုဂံလမ်း ။ သစ်ပုတ်ပင်။ အင်းယားကန်ဘောင် နဲ့ မြကျွန်းသာ  စတဲံ့ တက္ကသိုလ်ရဲ့ ပျော်စရာဘုံတွေကြားမှာ နစ်မြောနေပါတယ်။         ကျွန်တော်တို့ကိုယ်တိုင် တက္ကသိုလ်ဆိုတာ လူငယ်တွေရဲ့မျှော်လင့်ချက် အိပ်မက်ဘုံပါ။ ရသစာပေ ဝတ္ထုတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဇြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားခေါင်းဆောင် တစ်ချို့ရဲ့ ရင်ထဲမှာ နိုင်ငံရေးခံစားချက်ရှိတယ်ဆိုတာ ယုံနိုင်ပေမယ့် ကျောင်းသားအများစုဆိုရင်တော့ မယုံပါဘူး။ စက်မှုတက္ကသိုလ်ကျောင်းသား နဲ့ အရပ်သား ရန်ဖြစ်တော့ ကျောင်းသားနှစ်ယောက်သေတာကို ကျောင်းသားထုက မခံချင်လို့ လူစုပြီး ရပ်ကွက်ကို အဲဒီတရားခံထုတ်ပေးဘို့ ပြောတယ် ။ မရတော့မီးရှိဲု့တယ်။ မီးသတ်ကားအဝင်မခံဘူး။ ကျောင်းသားထုနဲ့ဝိုင်းထားတယ်။ ၈၈ အရေးခင်းက အဲဒီကစတာ အမှန်ပဲ။ ဒါပေမယ့်နိုင်ငံရေးသမားတွေက အဲဒါကို မပြောချင်ဘူး။         အဲဒီအချိန်တုန်းက ရန်ကုန်ရော နိုင်ငံအနှံ့မှာ ဦးနေဝင်းအစိုးရကို ပြုတ်အောင်ဖြုတ်ချင်နေကြတဲ့ မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေရှိကြတယ်။ ဒီနေရာမှာ အကြောင်းရှိလို့ ကြားဖြတ်ပြီးပြောစရာတစ်ခုရှိတယ်။ န-ဝ-တ လက်ထက် အတွင်းရေးမှုး(၃) ဖြစ်ခဲ့တဲ့  ဗိုလ်ချုပ်ဝင်းမြင့် က ကျွန်တော်တို့ရွာသား။ သူရွာပြန်လာရင် ကျွန်တော်တို့ကလေးတွေကို သကြားလုံးတွေ  မုန့်တွေ တစ်ရွာလုံးက ကလေးတွေကို ဝေပေးတယ်။ မုန့်စားရတော့ပျော်ကြတယ် မျှော်ကြတယ်။ သူက စစ်ဘက်တိုက်ခိုက်ရေးမှာ တော်တော်လက်သံပြောင်တယ်။ သူ့တပ်ရှိတဲ့နယ်မြေဆိုရင် ရန်သူက သူ့တပ်ကို အတတ်နိုင်ဆုံးရှောင်တယ်။ စစ်တပ်မှာ ဥပဒေရှိတယ် ရန်သူ့ဘက်က သုံ့ပန်း မိလာရင် မသတ်ရဘူး ။နောက်တန်းစစ်ခုံရုံးကို ပို့ပေးရတယ်။ သူက ဥပဒေအတိုင်း မသတ်ဘူး ။ နောက်တန်းမပို့ခင် အဲဒီရန်သူနဲ့ ရက်အတော်ကြာနေရတော့ သူတို့ကိုမှတ်မိနေတယ်။ နောက်တန်းစစ်ခုံရုံးကို ရန်သူကိုပို့ပြီး လပိုင်းအတွင်းမှာ အဲဒီရန်သူကို ပြန်ပြီးစစ်သုံ့ပန်းအဖြစ်ဖမ်းမိပြန်တယ်။ တော်တော်အံ့သြသွားတယ် ။ ဘာဖြစ်လို့လဲစစ်ကြည့်လိုက်တော့ နောက်တန်းက အရာရှိတွေက ပိုက်ဆံရရင် ရန်သူကိုရွေးလို့ရနေတာကိုး။  ကောင်းရောကွာ-- ငါတို့ကတော့ ရှေ့တန်းမှာ သူသေ ကိုယ်သေ အသက်ချင်းလောင်းကြေးထပ်ပြီးတိုက်လိုက်ရတာ။ သူတို့က နောက်ကနေအေးဆေး ပိုက်ဆံယူပြီး ရန်သူကိုတောထဲပြန်လွတ်ပေးတယ်----- အဲဒီနေ့က စပြီး ဦးဝင်းမြင့်စစ်တပ်က ဘယ်တော့မှ ရန်သူစစ်သုံ့ပန်း အရှင်မမိတော့ဘူး။ လက်နက်ဘယ်လောက် အသေဘယ်လောက် အဲဒီလိုပဲ သတင်းပို့ရတော့တယ်။ ရန်သူကိုနှစ်ခါမတိုက်တော့ဘူး။ ကလေးဘဝ လူကြီးတွေကပြန်ပြောပြလို့သိတာ။          ဘာကိုပြောချင်တာလဲဆိုတော့ ရန်ကုန်မှာနိုင်ငံရေးဒါရိုက်တာ တွေအများကြီးရှိတယ်။ ဇာတ်လမ်းမှာ ဝင်ကမယ့် ဇာတ်ကောင်တွေမရှိသေးလို့ စောင့်နေကြတာ။ ဟော-- ခုတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်ပြီ။ ဦးနေဝင်းလည်း ကမ္ဘာမှာ “ သူတောင်းစားနိုင်ငံ“ လက်မှတ်ယူပြီး ပြန်လာခါစ။ ကမ္ဘာ့ဘဏ်က အကြွေးတွေ လျှော်ပစ်ဘို့ဆိုရင် ဒီလက်မှတ်ရှိမှ လက်ခံတယ် ။ အကြွေးမဆပ်နိုင်တော့ သိက္ခာသွားရောင်းရသလိုပေါ့။          ၈၈ အေ၇းခင်းမတိုင်ခင် ဦးနေဝင်းကိုယ်တိုင် တစ်ပါတီစနစ်နဲ့ ဆက်သွားမလား ။ ပါတီစုံဒီမိုကရေစီစနစ် ပြောင်းရင်ကောင်းမလား ဆိုပြီး စိတ်ဓါတ်တွေယိုင်နေတဲ့အချိန်။ အဲဒီစကားက ဦးနေဝင်းကိုယ်တိုင်ပြောတာ တခြားလူပြောရင်တော့သေပြီ။          သြော်---ဒါနဲ့  ၈၈ မှာထင်ရှားတဲ့ အရေးပါခဲ့တဲ့  ဗိုလ်မှုးသော်က အကြောင်းလဲ ပြောရအုံးမယ်။ အရိုင်း ကာတွန်းဆွဲတဲ့ ကာတွန်းသော်က မဟုတ်ဘူးနော်။ တိုက်ရေယဉ် ၁၀၃  စာအုပ်ရေးတဲ့ ရေတပ်က ဗိုလ်မှုးသော်က. ။ ဒီလိုဗျ   ဗိုလ်မှုးသော်က တိုက်ရေယဉ် ၁၀၃ နဲ့ ကင်းလှည့်နေတုန်း မုန်တိုင်းမိတယ် ။ တိုက်ရေယဉ် ပင်လယ်ထဲနစ်မြုတ်သွားတယ်။ အုပ်စုနှစ်စုခွဲပြီး သက်ကယ်ဘောလှေလေးနဲ့ ပင်လယ်ထဲမျောသွားတယ်။ တစ်ဖွဲ့ကတော့ အားလုံးသေသွားတယ်ထင်တယ် သတင်းမရတော့ဘူး။ ဗိုလ်မှုးသော်က ပါတဲ့ သက်ကယ်လှေပေါ်မှာတော့ တစ်ချို့သေပြီး လူနည်းနည်းပဲ အစာငတ် ရေငတ် ငါးစိမ်းတွေစား ဇင်ယော်ငှက်အစိမ်းစား နောက်ဆုံးသေတဲ့လူရဲ့ အလောင်းကိုတောင်စားရတော့မယ့် ကိန်းဆိုက်နေတယ်။ ရေငတ်လို့ ကျင်ငယ်ရေကိုလဲစမ်းသောက်ကြည့်ကြတယ်။ ဒါပေမယ့် ဂျပန်ပင်လယ်ကူးသင်္ဘောကမြင်ပြီး ကယ်တင်လိုက်တယ်။ မသေပဲ အမိမြေပေါ်ချေချမိမှ  ထောင်ထဲတန်းသွင်းလိုက်တယ်။ တိုက်ရေယဉ် ဆုံးရှုံးသွားလို့တဲ့။ အဲဒီလို ဦးဏှောက် ပျက်နေတဲ့ အစိုးရကို သူဘယ်ကျေနပ်တော့မလဲ။ ဒီတော့ ၈၈ မှာသူဒါရိုက်တာလုပ်ပြီပေါ့။         အရေးခင်းကာလ တစ်ရက်မှာ ရပ်ကွက်ထဲ မင်းလောင်းပေါ်သလို လူတွေ အုတ်အော်သောင်းနင်း ပြောဆိုနေကြတယ်။  ဘယ်သူထင်လဲ။  ဦးအောင်ဆန်းဦး  --- ဦးအောင်ဆန်းဦး  တဲ့ ။ ဗိုလ်ချုပ်အောင်ဆန်းသား  ခေါင်းဆောင်မယ်တဲ့။  ဒါရိုက်တာတွေက နိုင်ငံရေးဇာတ်ခုံပေါ် ဝိုင်းပွေ့ပြီးတင်တယ်။ ဦးအောင်ဆန်းဦးက မလုပ်ဘူး  မလုပ်ဘူး ဆိုပြီး ဟိုဘက်ကနေ ခုန်ချသွားတယ်။ဥပမာပြောတာနော်--။ ရပ်ကွက်တိုင်းမှာတကယ်ကို အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ကိစ္စ ။ မီတဲ့လူတိုင်းသိတယ်။ နှစ်ရက်လောက်ကြာမှ မဟုတ်ဘူးတဲ့။  ဦးအောင်ဆန်းဦးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်တဲ့။ ဗိုလ်ချုပ်သမီးလေ။         ဒေါ်အောင်ဆန်းစုကြည် အဲဒီအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လာတယ်။ ဒါရိုက်တာ ဦးသော်က နဲ့ ဦးတင်ဦးတို့တင်လိုက်တာပြောကြတယ်။ သေချာတော့မသိဘူ။ အော် သတိရတုန်းပြောရအုံးမယ်  အဲဒီကာလက ဦးနေဝင်း ပြည်သူကို ရေဒီယိုကနေ တိုက်ရိုက်မိန့်ခွန်းပြောတဲ့အထဲမှာ  “သေနတ်ဆိုတာ  မိုးပေါ်ထောင်ပစ်တဲ့အရာ မဟုတ်ဘူး “လို့ ခြိမ်းခြောက်ပြောသွားတယ်ဗျ။ ပြည်သူကို ။ အဲဒါသာကြည့် ဘယ်လောက်ဦးဏှောက်ပျက်စီးနေတယ်ဆိုတာ။        ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစင်မြင့်ပေါ် တတ်ပြီးရက်ပိုင်းအတွင်းမှာပဲ  စစ်တပ်က အာဏာသိမ်းပြီး မာရှယ်လောဥပဒေထုတ်ပြီး အုပ်ချုပ်လိုက်တယ်။ အရေးအခင်းလဲပြီးဆုံးသွားတယ်။               ဗိုလ်ချုပ်မှုးကြီးစောမောင်=  ဂျိုကုတ် ဒူးကြီး ကျောပြောင်  တဲ့               နှဖူးပြောင် ဒူးချောင်               ဦးမောင်မောင်               အရူးထောင်ကို   ပို့လိုက်  ပို့လိုက်   တဲ့               ရရင် ရ    မရရင်ချ    ရရ မရရ ချ  တဲ့  အိုး စုံနေတာပဲ။          ။        ရင်ထဲ အမှန်တိုင်းရှိသလိုပြောမယ်နော်  နောက်မှ လူကိုလာမဆဲကြနဲ့ ဟဲဟဲ ကြိုတားထားတာ။ ဒေါ်အောင်ဆန်းစုကြည်  ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရတာတော့ တော်တော် တန်တယ်ဗျ။ သူဘာမှ သိပ်မပင်ပန်းလိုက်ရဘူး။ သူနိုင်ငံရေးစင်ပေါ်ရောက်တယ်  ခဏကြာတော့ စစ်တပ်ကအာဏာသိမ်းတယ်။  မာရှယ်လောထုတ်တယ်  အဲဒီကျမှ တကယ်ပစ်တယ်။ အရေးခင်းပြီးသွားတယ်။ ကမ္ဘာက အံ့သြတုန်လှုပ်သွားစေတဲ့ လူအချင်းချင်း ခေါင်းဖြတ်သတ်တာတွေ မရှိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် အဲဒီနှစ်မှာ ပူးတွဲ ငြိမ်းချမ်းရေးနိုဘယ်ဆုရတယ်။ ဒါပဲ။        စကားကတော့ အစီအစဉ်ကျမှာမဟုတ်ဘူး။ ဟိုရောက်ဒီရောက်နဲ့ဖြစ်နေမှာပဲ။ ၈၈ ဆန္ဒပြကောင်းနေတဲ့ အချိန်မှာ သမဂ္ဂတွေ မှိုလိုပေါက် ပေါ်လာတယ်။ အဲဒီအထဲက နာမည်ကြီးတဲကသမဂ္ဂက တော့ အိမ်ရှင်မများ သမဂ္ဂပါပဲ။ အိမ်ရှင်မ အမျိုးသမီးတွေစုပြီး သမဂ္ဂထူထောင်ပြီးတော့ အုပ်စုလိုက်လူစုပြီး ဆန္ဒပြစစ်ကြောင်းထွက်တယ်။ အိုးတွေ. ယောင်းမတွေ .ပုဂံ ခွက်ယောက်တွေကို ကိုင်ပြီးတော့ ရီဘို့လည်းကောင်း ပျော်ဘို့လည်းကောင်းတယ်ဗျ။ နောက်ထပ် ထူးဆန်းတဲ့သမဂ္ဂနှစ်ခုကတော့  ``သူတောင်းစား သမဂ္ဂ `` နဲ့ `` အခြောက်များ သမဂ္ဂ ``ပါပဲ။ တစ်ကယ်ပြောတာ  လုပ်ကြံပြောတာတစ်ခု မှမပါဘူး။ ၈၈ မတိုင်ခင်က ရန်ကုန်မှာ သူတောင်းစား အရမ်းပေါတယ်။ ညဘက် ပန်းဆိုးတန်းဆိုတာ ညငှက် မိန်းမသားတို့ရဲ့ ဌာနချုပ်ပဲ။       ကျွန်တော်တို့က နေ့တိုင်းတော့ ဆန္ဒပြမထွက်နိုင်ဘူး။ တစ်နေကုန် လမ်းလျှောက်ရတာဆိုတော့ ပင်ပန်းတယ်။ နေ့တိုင်း မထွက်နိုင်ဘူး။ တစ်ရက်ခြားတော့ မပျက်ကွက်ဘူး။ ပျော်ဘို့ကောင်းတယ်။ စားဘို့မပူရဘူး။ နေရာတိုင်းမှာ အလှုရှင်အပြည့်ရှိတယ်။ ကိုယ့်အုပ်စုနဲ့ကိုယ် ကိုယ့်စစ်ကြောင်းနဲ့ကိုယ်ဆိုပါတော့။ တစ်အုပ်စုမှာ လူဦးရေကနည်းတာမဟုတ်ဘူး။ ဘာအန္တရယ်မှ မရှိပါဘူး။ စစ်တပ်ကလည်း သူ့သတ်မှတ်ဝင်းထဲမှာပဲနေတယ်။ တစ်ရက် အခြောက်များသမဂ္ဂ စစ်ကြောင်းနဲ့တွေ့တယ်။ အခြောက်တစ်ယောက်က တိုင်ပေးတယ်-----                     ``ဒီမိုကရေစီ ရရှိရေး ------``  အများစုက သံပြိုင်လိုက်ဆိုတယ်                       ``ဒို့ အရေး  ပါလို့ဆို------``                       ``ဒို့ အရေး  ပါလို့ဆို------``   ကနွဲ့ကလျ နဲ့  ။ ဘေးက စစ်ကြောင်းတွေက အားလုံး တဟားဟားနဲ့ ရီကြတယ်။  သူတောင်းစား သမဂ္ဂ စစ်ကြောင်းနဲ့လည်းဆုံဘူးတယ်။ ခွက်ကလေးတွေ ကိုယ်စီကိုင်လို့ပေါ့။  ဟီးး  ဟီးးးး  ။ စစ်တပ်ကလည်း စစ်ဝတ်စုံတွေနဲ့  ဆန္ဒပြပါဝင်လာတယ်။ ယူနီဖောင်းစုတ်စုတ်နွမ်းနွမ်းလေးတွေနဲ့။ အားလုံးက အဲဒီစစ်ကြောင်းတွေနဲ့ တွေ့ရင် သောင်းသောင်းဖြဖြ ကြိုဆိုကြ ။ လက်ဆွဲနှုတ်ဆက်ကြ။ လက်နက်တော့မပါဘူး။ စစ်သားအဆင့်တွေပဲဖြစ်မယ်။ အဲဒါတွေအားလုံးက အိုးကပ်စား ခွက်ကပ်စား အားလုံးမို့ လက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် ယူနီဖောင်းအဖြူ  ဦးထုတ်တွေစမတ်ကျကျ နဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြလာတဲ့ အကောက်ခွန်ဦးစီးဌာနကိုတော့  ကျွန်တော်နားမလည်ဘူး။ အဲဒီခေတ်က တကယ့်အဆီအနှစ်စားနေရတဲ့ မလိုင်စား လူတန်းစားတွေလေ။          နိုင်ငံရေးသမားတွေက စစ်အစိုးရကိုစိတ်နာအောင်  စစ်အစိုးရကိုပြည်သူတွေက မုန်းတီးစပ်ဆုတ်ရွံရှာလာအောင်  ရည်ရွယ်ချက်နဲ့ အချို့ဖြစ်ရပ်တွေကိုတော့ တကယ့်ဖြစ်ရပ်ထက် ပုံကြီးချဲ့ပြီး လုပ်ကြံသတင်းလွှင့်တာမျိုးတွေ  အများကြီးတွေ့လာရတယ်။ ပြည်သူတွေကလည်း လွယ်လွယ်ဒေါသထွက် လွယ်လွယ်လက်သီးလက်မောင်းတန်း လွယ်လွယ်မိုင်ရူးရဲဆန်စွာ တုန့်ပြန်တိုက်ခိုက်ကြ တဲ့ အခါ  သေကုန်ကြတဲ့သူတွေလည်း ရှိတယ်။ အဲဒီဖြစ်ရပ်တွေမှာ စစ်တပ် ကိုပိုမုန်းအောင်ဝါဒဖြန့်ကြပြန်တယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်ရည်ရွယ်ချက်နဲ့ ပြည်သူတွေကိုစိတ်ဆိုးအောင် မဟုတ်တန်းတရား မြှောက်ပေးတာ  သွေးထိုးတာ  ဝါဒဖြန့်တတ်တဲ့ နိုင်ငံရေးသမားတွေဆိုရင် သိပ်မုန်းတယ်။  တကယ်သေတော့ပြည်သူက သေတာ။ မြှောက်ပေးတဲ့ သွေးထိုးတဲ့သူတွေက ကွယ်ရာက။ ဒါကြောင့် ကျွန်တော် နိုင်ငံရေးသမားမဖြစ်ချင်ဘူး။ ဖြစ်ချင်တာက မီဒီယာသမား ။ မီဒီယာသမားက ပြည်သူလူထုရဲ့ မျက်လုံး။ ပြည်သူလူထုရဲ့ နား ။ ပြည်သူလူထုကို အမှန်တွေပဲသိအောင်ပြောမယ့် ပါးစပ်။ မီဒီယာကျင့်ဝတ်မှာ သတင်းကို မပြုပြင်ရဘူး။ မသုံးသပ်ရဘူး ။ အရှိကိုအရှိအတိုင်းတင်ပြယုံပဲ။         ကြားတာ မြင်တာကို ကြားတဲ့မြင်တဲ့အတိုင်း ပြည်သူကို အမှန်တင်ပြရင်                         မီဒီယာသမား         ကြားတာ မြင်တာကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်ပြုပြင်ပြီး ပြည်သူကို စည်းရုံးရင်             နိုင်ငံရေးသမား  . ကျွန်တော်ကတော့အဲဒီလို  ယုံထားတယ်။          စစ်တပ်ကအာဏာသိမ်းလိုက်လို့  ၈၈ အရေးအခင်းအပြီးမှာ စစ်တပ်က ခေါင်းဆောင်တွေကို ညဘက်လိုက်ဖမ်းနေတယ်လို့ သတင်းပြန့်လာတယ်။ ဒါကြောင့် ကျောင်းသားတွေရော ခေါင်းဆောင်ခဲ့သူတွေရော တောခိုရှောင်ထွက်ကုန်ကြတယ်။ မိုးသီးဇွန် ဟာအဲဒီကတည်းက နာမည်ကြီးကျောင်းသားခေါင်းဆောင်ပါ။  ခွပ်ဒေါင်းရဲ့ စရိုက်နဲ့ညီတာ ကိုမိုးသီးဇွန်။ ဒေါက်တာအောင်နိုင် ။ ကိုထွန်းအောင်ကျော်။ ကိုမျိုးဝင်း ------ စတဲ့ အေဘီ အက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ပါ။ ကိုမင်းကိုနိုင် တို့ ကိုကိုကြီး တို့က ခွပ်ဒေါင်းစရိုက်မရှိဘူး။ သူတို့က မတရားတာကို မကြောက်ပဲပြောမယ်။ ဒါပေမယ့် ဖမ်းမလား ရိုက်မလား သတ်မလား --- ပြန်မတုန့်ပြန်ဘူး ငြိမ်းချမ်းစွာပဲဆန္ဒပြမယ်။ ဂန္ဒီကြီးနဲ့ နေရူး  လိုပေါ့။ မတူဘူး။ ရည်ရွယ်ချက်တူတယ်။ တုန့်ပြန်ပုံမတူဘူ။ ခွပ်ဒေါင်းဆိုတာ ရန်မလိုတတ်ဘူးလို့တော့ပြောတာပဲ။ ခက်တာက ဒေါင်းတွေရဲ့သဘာဝကို ကျွန်တော်ကမသိဘူး။ ဒါကြောင့်မညင်းချင်ပါဘူး။ ကျွန်တော်က အညာသားဆိုတော့ တိုက်ကြက်အကြောင်းတော့ ကောင်းကောင်းသိတယ်။ တိုက်ကြက်တွေက ကိုယ့်အုပ်စုထဲက အချင်းချင်းဆိုရင် ဘယ်တော့မှ မခွပ်ဘူး။ အဲ  -- အခြားအိမ် အခြားအုပ်စုက တိုက်ကြက်ဆိုရင်တော့ ခွပ်သလားမမေးနဲ့ ။ အသေကိုခွပ်တာ။ မြန်မာဆိုရိုးစကားရှိပါတယ်။ ဘာတဲ့   `` အိမ်ကြက် အချင်းချင်းအိုးမဲသုတ်ခွပ်ခိုင်းတယ် `` ဆိုတာလေ။  ကြက်တွေရဲ့သဘာဝကိုသိထားတဲ့ လူတွေဟာ အိမ်ကြက်တစ်အုပ်စုထဲက အချင်းချင်းခွပ်စေချင်တဲ့အခါ နှစ်ကောင်လုံးကို အိုးမဲသုတ်လိုက်တယ်။ ဒီတော့ မမှတ်မိတော့ပဲ သဲကြီးမဲကြီး အသေခွပ်ပါလေရော။ လူတွေက အဲလိုယုတ်မာတာ။           အင်း ခွပ်ဒေါင်းတွေလဲ ဘယ်သူက အိုးမဲသုတ်လိုက်လဲ မသိဘူး။ အင်တာနက်ပေါ်ဖတ်ရတဲ့ ``မြောက်ပိုင်းအရိုးတွန်သံ`` ဟာ ဖတ်လိုက်တာနဲ့ ခေါင်းတွေတောင်ကိုက်တယ်။ တကယ်ရက်စက်ကြတဲ့ ၈၈  ရဲ့အရိပ်တွေပဲ။ ဒါ့ကြောင့် ကျွန်တော်ပြောတာ  ခွပ်ဒေါင်းကိုကြောက်ပါတယ်  လို့။   ။          ကဲတောင်ရောက်မြောက်ရောက် စကားတွေပြောလာတာ ဘယ်တွေရောက်ကုန်ပြီလဲ။ ကျွန်တော် ညီငယ် ညီမငယ်တွေကို တစ်ခုပဲ ဖြစ်စေချင်တယ်။ အွန်လိုင်းမှာဖြစ်ဖြစ် ဂျာနယ်မှာဖြစ်ဖြစ် စိတ်နာစရာ  ဒေါသထွက်စရာ  ရင်နာစရာ သတင်းတွေကို ကြားရ ဖတ်ရရင် အလွယ်တကူ  အမြန်မတုန့်ပြန်ကြပါနဲ့။ မှားတတ်လွန်းလို့ပါ။ လူတိုင်းကိုယ့်လို ရိုးသားတယ်လို့ မတွေးကြနဲ့။ တစ်ချို့က ရည်ရွယ်ချင်ရှိရှိ ကြုံးသွင်းတတ်တယ်။ ဒါကြောင့် စိတ်ဆိုးတော့မယ်ဆိုရင် စဉ်းစားပါ  နောက်တစ်ကြိမ်စဉ်းစားပါ  နောက်ဆုံးတစ်ခေါက်စဉ်းစားပါဦး  လို့ ။    ပြီးမှ သေချာပြီဆိုရင်ကိုယ်ကြိုက်သလို တုန့်ပြန်ပါ။  လောကဓံကို ခံနိုင်ရည်ရှိမှ အီးကျူ မြင့်မှာပေါ့။  မမှားစေချင်တဲ့စေတနာနဲ့ပါ။                                                                                    အားလုံးရွှင်လန်းချမ်းမြေ့ပါစေ                                                                                    သဘောထားမတိုက်ဆိုင်သူများကို အားလုံးပဲတောင်းပန်ပါတယ်။                                                                                     ကိုစိုးနိုင်
Categories: Feature Blogs

Q and A Over 18 Readings (28)

Myanmar Health blog - Sat, 02/04/2012 - 23:05
၁။ Morning sickness က ကိုယ်ဝန်ဘယ်နှစ်ပတ်လောက်မှာ စတတ်ပါသလဲ ၂။ ဆေးဆက်သောက်ပြီး ရာသီလာအောင်လုပ်ရမလား။ ၃။ Ecce2 72 နာရီအတွင်းသောက်ရတဲ့ အရေးပေါ်ဆေး ဝယ်တိုက်ပါတယ်။၎။ (၂ ချောင်းပေါ်) ကိုယ်ဝန်ရှိနေတယ်ဆရာ။ ၅။ သူဆီးသွားရင် အောင့်နေတယ်ပြောပါတယ်။၆။ ဇန်နဝါရီလမှာ လာရက်အတိုင်း မလာပါဘူး။ ၇။ ဒီဆေးကဒ်လေးက သူနဲ့ အဆင်ပြေတယ်ဆိုပြီး သောက်နေပါတယ်။ ၈။ ရာသီထိန်နေလို့ ဘာဆေးသောက်ရမလဲ ၉။ လိင်အင်္ဂါအရင်းမှာ အနာလိုအဖုလေး ပေါက်နေတယ်ပါတယ်။ ၁ဝ။ I am married for 3 years and no child yet. ၁၁။ အဲဒါ ကဝယ်လို့ရပါသလား သိချင်ပါတယ်။ February 4, 2012 1:40 PM Morning sickness က ကိုယ်ဝန်ဘယ်နှစ်ပတ်လောက်မှာ စတတ်ပါသလဲ ဆရာ။ အဲဒါ ဘာတွေပါလဲရှင့်။ ကိုယ်ဝန် ၂ ပတ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဆရာသမီး လွန်ခဲ့တဲ့ ၂ ပတ်နဲ့ ၄ ရက်ကမှ ဓမ္မတာပေါ်ထားတာပါရှင့်။ ဒါပေမယ့် ဆီးစစ်တော့ Positive ဖြစ်နေပါတယ်ရှင့်။ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း2012/2/4(့)၊ အသက် ၂၇ ပါ၊ အိမ်ထောင်ရှိပါတယ်။ ကလေးမရှိသေးပါဘူး။ (့) မှာနေတာပါ။ မေးချင်တာက ကျမငယ်ငယ်ကတည်းက ရာသီသိပ်မမှန်တတ်ဘူး။ အမြဲနောက်ကျတတ်တယ်။ ၁၂ လမှာ ၉ လလောက်ကနောက်ကျတယ်။ အခုအိမ်ထောင်ကျပြီးတော့ ဘာဆေးမှမသုံးပါဘူး။ ကွန်ဒုံးပဲသုံးပါတယ်။ (ရာသီလာပြီး ၁ ရက် ၂ ရက်ကလွဲလို့ပေါ့။ ဆေးတွေက နောက်ပိုင်းကလေးလိုချင်ရင် အနှောက်အယှက်ရှိတယ်ဆိုလို့ပါ။ ပြီးခဲ့တဲ့လက ရာသီမလာတာ ၁ လကျော်သွားပြီ။ တစ်ခါမှဒီလို တလလုံး မပျက်ဖူးပါဘူး။ နောက်ကျလို့ ကေသီပန်တွေသောက်တယ်။ အရင်လည်း ကေသီပန် ၃-၄ ကဒ်လောက်သောက်ရင်လာပြီ။ အခုသောက်တာ ၈ ကဒ်လောက်ရှိပြီ၊ မလာသေးဘူး။ ကလေးလည်းမရှိပါဘူး။ PT Test စစ်ကြည့်ပြီးပြီ။ ကလေးယူဖို့စဉ်းစားထားလို့ အခု ကွန်ဒုံးမသုံးပဲ နေလိုက်လို့ ကလေးရနိုင်လား။ ရရင် သောက်ထားတဲ့ဆေးတွေက side effect ပေးနိုင်လားဟင်။ ကလေးကို ထိခိုင်မှာစိုးလို့။ အခုဘယ်လိုဆက်လုပ်သင့်လဲဆိုတာ အကြံတောင်းတာပါ။ ဆေးဆက်သောက်ပြီး ရာသီလာအောင်လုပ်ရမလား။ ကလေးစယူလိုက်လို့ရမလား။မစိုးရိမ်ပါနဲ့။ တိုင်းရင်းဆေး၊ မြန်မာဆေးတွေအကြောင်း ဆရာသိပ်မသိပါ။ တားဆေးမသောက်၊ (ကွန်ဒွမ်) လဲမသုံးရင် ကိုယ်ဝန်ရလာမှာပါ။ အားဆေးကလွဲရင် ဘာဆေးတွေမှာ မသောက်ဘဲနေတာကောင်းပါမယ်။လိုမယ်ထင်မှာ OG ပြပါ။ သိသလောက် ကေသီပန်မှာ Menstrogen ဆေးနဲ့တူတာပါတယ်။ ရာသီလာအောင် လုပ်တာဖြစ်တယ်။ ကလေးလိုချင်ရင်တော့ မသောက်တာကောင်းပါမယ်။လိုသေးရင်လဲ မေးပါ။Fri, Feb 3, 2012 at 10:59 PMဒေါက်တာရှင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ဆရာ့ website မှာ ဖတ်ရလို့ ဆရာက့ကို အထူးကျးဇူးတင်မိပါတယ်။ ဆရာ page မှာ မမေးရဲလို့ mail နဲ့ ကျွန်မ သိလိုတာလေးတခုလောက် မေးပါရစေရှင့်။ (နားနဲ့မနာ ဖဝါးနဲ့သာနာ ပေးပါဆရာ) ကျွန်မနဲ့ ကျွန်မချစ်သူတို့ တခါတလေ အတူနေမိကြပါတယ်။ အတူနေပြီးတိုင်း ကျွန်မချစ်သူက Ecce2 72 နာရီအတွင်းသောက်ရတဲ့ အရေးပေါ်ဆေး ဝယ်တိုက်ပါတယ်။ ဆေးကပ်မှာ နှစ်လုံးဆေးဖြစ်ပြီး ဆေးအညွန်းအရ ပထမ ဆေးလုံးတစ်လုံးသောက်ပြီး နောက် ၁၂ နာရီ မှာ ဒုတိယ ဆေးလုံကို သောက်ရမယ်လို့ ပါ ပါတယ်။ ဒါပေမဲ့ ကျွန်မချစ်သူက ဆေးနှစ်လုံးစလုံး တပြိုင်နက်ထဲသောက်မှပိုစိတ်ချရကြောင်းပြောပြီး ဆေးနှစ်လုံးစလုံး တပြိုင်နက် သောက်ခိုင်းပါတယ်။ သူပြောသည့်အတိုင်း မသောက်လျှင် ကိုယ်ဝန်ရှိမှာစိုးသောကြောင့် ဆေးနှစ်လုံး စလုံး တပြိုင်နက်ထဲသောက်နေခဲ့ပါတယ်။ ဆေး ၇ ကြိမ်သောက်ပြီး ယ္ခုချိန်ထိ ကိုယ်ဝန် ပြဿနာမရှိခဲ့ပါ။ ကျွန်မအနေနဲ့ ဆေးအညွန်းအတိုင်းသာ သောက်လိုပါသော်လဲ သူပြောသလို နှစ်လုံးသောက်ခြင်းကြောင့် ကိုယ်ဝန်မရခဲ့တာများလားဟုလဲ တွေးမိပါတယ်။ သူပြောသလို မသောက်လို့ ကိုယ်ဝန်ရသွားမှာလဲ စိုးပါတယ်။ ဆေးအညွန်းမှာပါတဲ့အတိုင်း ဆေးတစ်လုံးနဲ့ တစ်လုံး ၁၂ နာရီခြားသောက်ခြင်းနဲ့ နှစ်လုံးစလုံး တပြိုင်နက်သောက်ခြင်းမှာ ဘယ်အရာက ပိုမှန်ပါလဲ သိပါရစေရှင့်။ ကျွန်မနှင့်သူ ဆေးသောက်တိုင်း ပြဿနာတက်နေရပါတယ်။ အဆင်ပြေဆုံးနဲ့ အကောင်းဆုံးနည်းလမ်းအား ကြေားပေးပါရန် လေးစားစွာ တောင်းပန်ပါရစေရှင့်။ ၁။ Levonorgestrel 075 mg ၂ ခါသောက် = ၁့၅%၊၂။ Levonorgestrel 15 mg တခါထဲသောက် = ၁့၈%၊Emergency Contraception (3) အရေးပေါ်တားဆေးများ (၃)2012/2/3ဒေါက်တာရှင့် တလုံးစီကို ၁၂ နာရီ ခြားသောက်တာနဲ့ ၂ လုံးတခါထဲသောက်တာ အတူတူပဲ လို့ ဆိုလိုတာပါလားရှင့်။Sorry, I can't type Burmese in this computer. As I said 15% and 18% chances for failure Not 100% equally effective. Again not all medications are 100% sure Emergency contraceptives are among them If taken 12 hours apart, possibility of pregnancy is 15% If taken 2 tablets together, chance for pregnancy is 18% Clear? The difference is 03%. A woman can decide based on the side effects If she can tolerate she can take 2 tablets at once And if she are sure for the next 12 hours she can take one by one so that side effects will be less Set the alarm clock then. Be advised emergency pills are only for emergency not for regular protection.Emergency တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် 2012/2/3ကျွန်တော်တို လင်မယား အိမ်ထောင်ကျတာ ၈ လကျော်ပြီ။ အခု ကျွန်တော်မိန်းမ ရာသီမလာတာ ၁ လ ၇ ရက်ရှိနေလို့ ကိုယ်ဝန်ရှိမရှိ တိုင်းတဲအတံလေးနဲ့ စစ်တာ (၂ ချောင်းပေါ်) ကိုယ်ဝန်ရှိနေတယ်ဆရာ။ ကလေးယူဖို့ ဘယ်လိုမှ အဆင်မပြေနိုင်သေးလိုပါ။ ကျွန်တော်မိန်းမ အသက်က ၂၃ ပါ။ ဆရာ့ဝက်ဆိုဒ် ဖတ်တာ 12 ပတ် ကိုယ်ဝန်အတွက်ပဲရေးထားတာတွေ့လိုပါ။ ၁ လကျော်ကိုယ်ဝန်အတွက် သောက်ရမဲ့ဆေးနဲ့ အသုံးပြုပုံ လေးတွေသိချင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် စိတ်တအားညစ်နေလို့ပါ။Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)ဆေးငုံတယ်ဆိုတာက အရည်ပျော်အောင်ထိငုံတာကို ပြောတာလား ဆရာ။စာထဲမှာ အတိအကျ ပါပါတယ်။2012/2/3အမျိုးသမီးနဲ့ ကျွန်တော်အတူနေပြီးတော့ တရက်ကျော်လောက်ကျတော့ သူဆီးသွားရင် အောင့်နေတယ်ပြောပါတယ်။ အဲလိုဖြစ်နေတာ ခုဆို ၆ ရက်လောက်ရှိပါပြီ။ ဆေးခန်းပြဖို့ပြောပေမဲ့ ရှက်လို့ ခဏစောင့်ကြည့်ဦးမယ်တဲ့။ မရိုသေ့စကား သူ့အပြောရတော့ သူ့အင်္ဂါထဲမှာ ယောင်နေတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က ယူပြီး ကျွန်တော်က ပြည်ပထွက်ပြီး ခုမှပြန်ဆက်ဆံဖြစ်တာပါ။ သူ့အသက်က ၃၃ ပါ။ အဲ့ဒါဘာဖြစ်တာပါလဲ။ ဆေးခန်းမပြပဲ ဆေးဝယ်သောက်ရင်ကော ပျောက်နိုင်ပါသလား။ ဆေးခန်းအမြန်ဆုံးပြသင့်ပါသလား။ ဆေးသောက်ရင်ပျောက်တယ်ဆိုလဲ ဆေးနာမည်လေး ပြောပြပေးပါခင်ဗျား။ဖြစ်နိုင်ခြေ ၂ မျိုးရှိတယ်။ (၁) ဆီးလမ်း (၂) လိင်လမ်းပိုးဝင်တာတွေဖြစ်မယ်။ ၂ မျိုးလုံးရေးထားပါတယ်။ ချက်ချင်းဆေးသောက် မကြာခင် ပျောက်ပါမယ်။http://health-adult-readingblogspotin/ အောက်ဆုံးက မာတိကာမှာရှာပါ။2012/2/3သမီးအသက် ၃၃ နှစ် ၊အိမ်ထောင်ကျတာ ၆ လပါ။ အမျိုးသားနဲ့ ၁၄-၁၂-၂ဝ၁၁ အထိ အတူနေခဲ့ပါတယ်။ သူက သင်္ဘောတက်သွားပါပြီ။ ၁ နှစ်ခွဲကြာမှာပါ။ ဒီဇင်ဘာလ ကုန်မှာ လာရက်အတိုင်း ရာသီလာပါသေးတယ်။ ဇန်နဝါရီလမှာ လာရက်အတိုင်း မလာပါဘူး။ ၂ ပတ်ကျော်လာပါပြီ။ ဘာလုပ်သင့်လဲဆိုတာ ဒေါက်တာ့ဆီ အကြံတောင်းတာပါ။ကိုယ်ဝန်လို့ ထင်ရင် သေခြာအောင် ဆီးစစ်နိုင်ပါတယ်။ Urine pregnancy test kit တခုဝယ်စစ်ပါ။ စစ်နည်းရေးထားလဲ လိုရင် ဖတ်ပါ။2012/2/3ကျွန်တော်က အသက် ၂၇ နှစ်၊ အိမ်ထောင်ရှိပါတယ်။ အမျိုးသမီးကတော့ အသက် ၂၆ နှစ်ပါ။ အိမ်ထောင်သက် (၂)နှစ်ခန့် ရှိပါပြီ။ ကလေးမရှိသေးပါ။ အမျိုးသမီးက လက်ညိုးလေးတွေပါတဲ့ တားဆေးကဒ်သောက်ပါတယ်။ ရာသီလဲပုံမှန်လာပါတယ်။ ကျွန်တော်တို့က နောက်(၃)နှစ်လောက် ထပ်နေပြီးမှကလေးယူဖို့ဆုံးဖြတ်ထားကြတာပါ။ သိချင်တာက ဆေးကို (၅) နှစ်လောက်ကြီး ဆက်တိုက်သောက်နေရမှာဆိုတော့ ကျွန်တော့ အမျိုးသမီးအတွက် စိုးရိမ်လို့ပါ။ သူကတော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ပြောပေမဲ့ လိုချင်တဲ့အချိန်ကျမှ မရတော့မှာဆိုးလို့ပါ။ သူက ဝမှာလဲကြောက်တော့ ဆေးလုံးဝမထိုးဘူး။တခြားနည်းလဲ ပြောင်းမသုံးဘူး။ ဒီဆေးကဒ်လေးက သူနဲ့ အဆင်ပြေတယ်ဆိုပြီး သောက်နေပါတယ်။ ကလေးယူတဲ့အချိန်ကျရင် မရနိုင်တာတော့တာများ ဖြစ်နိုင်ပါသလား သိချင်ပါတယ်။လက်ညိုးလေးတွေပါတဲ့ တားဆေးကဒ်ဆိုတာ စာလုံးပေါင်းသိရင်ပြောပါ။ လိုမယ်ထင်ရင် ဆေးကပ်ကို ဓါတ်ပုံရိုက်ပို့ပါ။2012/2/3(့) အသက်က ၃၄နှစ်ပါ။ ရာသီထိန်နေလို့ ဘာဆေးသောက်ရမလဲ သိချင်လို့ပါရှင့်။ ပုံမှန် ရက်မှန်ပါတယ်။ လစဉ် ၂၆ ဆိုလာပါတယ်။ နောက်ကျရင်လဲ ၁ ရက်ပါပဲ။ ယခု ၁ ကြိမ်ပဲ အဲ့လိုဖြစ်ဖူးပါတယ်ရှင့်။ ဒီနေ့နဲ့ဆို ၈ ရက်နောက်ကျနေပါပြီရှင့်။ အိမ်ထောင်လဲမရှိပါဘူး။ အိမ်ထောင်လဲမရှိ၊ သမီးရည်းစားဆက်စပ်မှုကိုလဲ ဖယ်ထားနိုင်ရင် ကိုယ်ဝန်ဆိုတာ ထည့်စဉ်းစားစရာမလိုဘူးပေါ့။ အဲလိုအမျိုးသမီးတွေမှာ စိုးရိမ်နေစရာ မလိုပါ။၃၄ နှစ်ဆိုတော့ ၄၅ နှစ်ဖြစ်မှာတွေက အဝေးကြီးလိုသေးတယ်။ ဆေးမသောက်ဘဲ စောင့်နိုင်ပါတယ်။ မြန်မာဆေး၊ အရပ်ဆေး ဥပမာ ချင်းပြုတ်ရည်လောက်တော့ သောက်နိုင်ပါတယ်။ Menstrogen ထိုးဆေး မလိုလောက်ပါ။တခြားခံစားရတာ ရှိသေးသလား။ ဥပမာ အဖြူဆင်းတာ၊ ဗိုက်နာတာ စသဖြင့်။ နောက်ရက်တွေမှာ မထူးခြားရင်ပြောပါ။Menstrogen (မင်စထိုဂျင်) ဆေး Thu, Feb 2, 2012 at 1:54 PMကျွန်တော်ကတော့ (့) ကပါ။ ကျွန်တော်မှာ လိင်အင်္ဂါအရင်းမှာ အနာလိုအဖုလေး ပေါက်နေတယ်ပါတယ်။ အရည်ကြည်ဖုလေးလိုပါပဲ။ ပျောက်လည်းမပျောက်ဘူး။ ယားတာလည်းမယားဘူး။ ကုတ်ရင်လည်း သွေးထွက်တယ် ဒါပေမဲ့မနာဘူး။ အရမ်းစိုးရိမ်တယ်ဆရာ။ ကျွန်တော်က အိမ်ထောင်မရှိ လူပျိုပါ။ အဲ့အဖုလေး ပေါက်ပြီးနောက်ပိုင်း ကျွန်တော် လိင်အင်္ဂါဟာ အရင်လောက်မသန်မာဘူး။ ချစ်သူနဲ့ အတူတူနေရင်တောင် ဘာမှလုပ်မရဘူး။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါဦး။ တော်တော်ကို စိတ်ဓာတ်ကြနေလို့ပါ။ ပန်းသေတာတော့ မဟုတ်လောက်ပါဘူးနော်ဆရာ။ အရမ်းစိုးရိမ်နေတယ်။ အသက်။ အဲလို ပန်းမလန်းတာ ဘယ်လောက်ကြာ။ တကိုယ်ရေ အာသာဖြရင် ဘယ်လိုနေ။ မသန်မာတာလား။ ခဏသာဖြစ်တာလား။ ပြီးတဲ့အထိ ရောက်နိုင်သလား။ အရင်ကကော ပုံမှန်ဘဲလား။ စိတ်ဖိစီးမှု များသလား။ အဲဒါအတွက် ဆေးစတာ စမ်းဘူသလား။အသက်က 23 နှစ်ပါဆရာ ပန်းကလာလည်းခဏပဲဆရာ တစ်ကိုယ်ရေ အာသာဖြေလည်းတစ်ခါတစ်လေ ပြီးမှန်းမသိပြီးသွားတယ်။ အရင်လောက်မသန်မာသလိုပဲ ခုလပိုင်းမှ ဖြစ်တာပါ တစ်ခြား ကောင်မလေးတွေနဲ့ ဆက်ဆံရင်ပြီးတယ်။ ချစ်သူနဲ့ ဆက်ဆံရင် ဘယ်လိုမှ မသန်မာတော့ဘူး။ စိတ်ဖိစီးမှုကတော့ မရှိပါဘူး။ ဆေးတွေပါတွေလည်း မစမ်းဖူးပါဘူး။ တစ်ခြားကောင်မလေးတွေနဲ့ဆို စိတ်ကလာသေးတယ်၊ ချစ်သူနဲ့ဆို ဘယ်လိုမှ စိတ်ထည့်လို့မရဘူး။ ချစ်သူနဲ့ကျွန်တော် ခုထိတစ်ခါမှလည်း မဖြစ်ဖူးသေးဘူး။ ဘယ်လို့ဖြစ်တာလဲ မသိဘူးဆရာ။ အကြံပေးပါဦး။ ခုနောက်ပိုင်းတော့ ဘယ်ကောင်မလေးနဲ့နေနေ အရင်လောက်မသန်မာတော့ဘူးဆရာ။ ပြီးတော့ ကျွန်တော် လိင်အင်္ဂါအချောင်းမှာ ပေါက်နေတဲ့ အဖုလေးနဲ့တော့ မဆိုင်လောက်ပါဘူးနော်ဆရာ။ စိုးရိမ်မိလို့ပါ။Lesions on penis ကျားအင်္ဂါ အနာများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)Genital herpes လိင်လမ်း ရေယုံ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၉)Genital Warts လိင်အင်္ဂါကြွက်နို့ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၄)On Sat, Jan 21, 2012 at 5:37 AM, My name is (့) and I am 26 years old. I am married for 3 years and no child yet. I would like to ask you about some pigmented spots on my female genital region. (ကန်တော့နော် Sayar) Last year, some pimples like acne on my vulva and I tried to squeeze when they ripe. At that time I noticed one black spot on top inside of left vulva which is as little as 3mm, oval shape more like a black slit, painless, no itchiness and no bleeding. At first I think I was vein but it is not. I showed this one to my family doctor while taking pap smear and she said that it is pigmentation and nothing need to do. After that, I noticed one another light brown spot on right middle of vulva which is also flat, 3-4 mm, no pain and no itchiness. And now I noticed one another brown mark on right to inner crease of thigh. Now, I am worried about these black and brown marks and please give advice to me. What are these possible? Any dangerous? And what should I do?Then you don't needs to feel sorry, I assume (1) One doctor has seen it and (2) it is not like cancer or any of sexually transmitted diseasesIt can be a benign pigmentation But it may spread It may become larger But it is just fine.I also don't not think you need medication There are creams or lotions for pigmentation But the skin around is thin, soft and sensitive So all medicines must be careful You do need cosmetic reason either, I thinkMaybe a skin specialist who is a female can be helpful.2012/2/1သမီးက အသက် ၂၅ နှစ်ပါ။ ငယ်ငယ်ကတည်းက အခုထိနေ့တိုင်း သွားကြိတ်ပါတယ်။ သတိထားပြီး အိပ်ရင်လဲ လွတ်သွားတဲ့အချိန်ကြိတ်တာပါပဲ။ သမီးသွားတွေမှာ အက်ကြောင်းတွေ ဖြစ်နေတာလဲတွေ့ရတယ်ရှင့်။ ပီကေတော့ တစ်ခါတစ်ရံ ဝါးတတ်ပါတယ်။ ဆရာ့ရဲ့အမေးအဖြေထဲမှာ (Taste-based biofeedback method ကုနည်းတမျိုးလဲရှိတယ်။ ပိတ်ထားတဲ့အိတ်လေးထဲမှာ မကြိုက်မဲ့အရသာ Hot sauce,Vinegar, Denatonium benzoate ထည့်ပေးထားလို့ သွားကြိတ်ရင် အိတ်ကပေါက်ထွက်ပြီး လူက သတိ ရှိလာစေဘို့ ရည်ရွယ်တာဖြစ်တယ်) လို့ဖတ်ရပါတယ်ရှင့်။ အဲဒါက ဝယ်လို့ရပါသလား သိချင်ပါတယ်။ သမီးက သွားဆေးခန်းလဲတစ်ခါမှ မပြဖူးပါဘူးရှင့်။ ဆရာ့စာထဲမှာပါတာတွေက တကယ်ရှိတာတွေပါ။ ဒါပေမဲ့ ရှားတာမျို၊ သစ်ဆန်းတာမျိုးတွေကတော့ တိုးတက်တဲ့နိုင်ငံမှာသာ ရနိုင်တာတွေ ဖြစ်တတ်တယ်။ကိုယ်နေတဲ့နိုင်ငံမှာ မေးကြည့်ပါ။
Categories: Feature Blogs

04.02.2012 နေ့ဖတ်ရန်သတင်းများ

ex-absdf - Sat, 02/04/2012 - 07:41
by Myanmar Journal on Saturday, February 4, 2012 at 6:14am ခမာနီထောင်မှူးကို ထောင်ဒဏ်တသက် ချမှတ်သူဟာအမိန့်ကို လိုက်နာရတဲ့ အငယ်တန်း အရာရှိ သာ ဖြစ်ခဲ့တယ်လို့ Duch ကပြောကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီ အကျဉ်း ထောင် တခုကို အုပ်ချုပ်ခဲ့သူဖြစ်တဲ့ Comrade Duch လို့ လူသိများတဲ့ Kaing Guek Eav ရဲ့ အယူခံကို ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ တရားရုံးကနေ ပယ်ချလိုက် ပါတယ်။လူသားတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်ခဲ့မှု စွဲချက်နဲ့ သူ့ကို ၂၀၁၀ ခုနှစ်က ထောင်ဒဏ် ၃၅ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။အယူခံတရားရုံးကနေ Kaing Guek Eav ကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပြီး၊ ပြစ်ဒဏ်ကို ၁၉၉၉ ခုနှစ် မေလ ၁၀ နေ့က စတွက်ရမယ်လို့ တရားသူကြီးက ဖတ်ကြားသွား ပါတယ်။အသက် ၆၉ နှစ်ရှိနေပြီဖြစ်တဲ့ Duch က သူ့ရဲ့ အယူခံမှာ ရေးသားထားရာမှာ သူဟာ အမိန့် ကို လိုက်နာဆောင်ရွက်ရတဲ့ အငယ်တန်း အရာရှိတဦးသာ ဖြစ်ခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။တရားသူကြီးအဖွဲ့ကတော့ ဒီအယူခံကို ပယ်ချလိုက်ပြီး တရားလိုဘက်က တောင်းဆိုထားတဲ့ ပိုမိုပြင်းထန်တဲ့ ပစ်ဒဏ်ချမှတ်ဖို့ကို သဘောတူခဲ့တာ ဖြစ်ပါတယ်။၁၉၇၀ ခုနှစ်တွေအတွင်း Duch အုပ်ချုပ်တဲ့ အကျဉ်းထောင်မှာ လူပေါင်း ၁ သောင်းခွဲလောက် ညှင်းပန်း နှိပ်စက်ခံရပြီး သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။အီရန်ဘာသာရေးခေါင်းဆောင်က အမေရိကန်ကို သတိပေးအီရန်နျူကလီးယားစက်ရုံကို တိုက်ဖို့ အစ္စရေးပြောအီရန်ဘာသာရေးခေါင်းဆောင်က အမေရိကန်တို့က တိုက်ခိုက်လာရင် ဒါမှမဟုတ် ပိတ်ဆို့ အရေးယူရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ အမေရိကန်နဲ့ အစ္စရေးကို ပြောသွား ပါတယ်။ အီရန်နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး အီရန် နဲ့ အစ္စရေး ခေါင်းဆောင် ပိုင်းတွေရဲ့ အပြန်အလှန် ပြောဆိုမှု တွေ တဖက်က အရှိန်မြင့်လာပါတယ်။အီရန် က လည်း သူ တို့ နျူကလီးယား လက်နက် လုပ်နေတာ မဟုတ်ဘူးလို့ ငြင်း သလို အစ္စရေး ဘက်ကလည်း အီရန် ကအဲဒီ အဆင့်ထိ လုပ်နေပြီ လို့ ယူဆ ထားပြီး အဲဒိ နေရာ ကို လေကြောင်း တိုက်ခိုက်မှု တွေ လုပ်နိုင်တဲ့ အနေအထား ထိ ကို စိုးရိမ်နေကြပါတယ်။အီရန် က သူတို့ နျူကလီးယား စီမံ ကိန်း ကို မြေအောက် မှာ ထွင်းဖောက်ထားတဲ့ လှိုဏ် ခေါင်းတွေ ထဲမှာ လုပ်နေတာပါ။အစ္စရေး နဲ့ အနောက်နိုင်ငံ တွေ က တော့ အီရန် က နျူကလီးယား လက်နက် အထိ လုပ်နေပြီ လို့ တွက်ဆ နေပါတယ်။နိုင်ငံတကာ နျူကလီးယား စောင့်ကြည့်ရေး ကုလသမဂ္ဂ ဌာန တခုဖြစ်တဲ့ အိုင်အေအီးအေ ရဲ့ အခုနောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ ကိုကြည့်ပြီး အမေရိကန်နဲ့ အီးယူ ဥရော ပသမဂ္ဂ နိုင်ငံတွေ က အီရန် ကို အရေးယူ ပိတ်ဆို့မှု တွေ ထပ်တိုးလုပ်လာနေပါပြီ။အီရန် ဘက်က တော့ သူတို့ နျူကလီးယား လုပ်တာ က စစ်ပြုဖို့ လက်နက် အတွက် မဟုတ် ပဲ ငြိမ်းချမ်းတဲ့ လုပ်ငန်း တွေမှာသာ အသုံးချ ဖို့ လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်သူတို့ မဟာမိတ် ရုရှ ကလည်း အီရန် ကို နိုင်ငံတကာ က ဆန်ရှင် တွေ ထပ်မတိုး ဖို့ တောင်းဆို နေပါတယ်အမေရိကန် ဘက် ကတော့ အစ္စရေး က အီရန် ကို လေကြောင်း က ၀င်တိုက်နိုင်တယ် ဆိုတာ ကို စိုးရိမ်ကြောင်း ပြောပေမယ့် လ အနည်းငယ် အတွင်းမှာ တော့ အဲသလို ၀င်တိုက်တာ မဖြစ်နိုင်သေး ပါဘူး လို့ လည်း ပြောနေပါတယ် ။မြဝတီမြို့ထဲက လူထုတွေရဲ့ အိမ်မြေယာတွေ အသိမ်းခံနေရမြဝတီ မြို့က ဘိုးဘွားပိုင်မြေတွေ အသိမ်းခံ နေရထိုင်းမြန်မာ နယ်စပ် မြဝတီမြို့မှာ ဒေသ ခံတွေရဲ့ အိမ်မြေ လယ်ယာတွေကို အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကရော အစိုးရ အာဏာပိုင်တွေ ကပါ သိမ်းယူနေတာ ကြောင့် ဆင်းရဲသား လူထုတွေ ဒုက္ခ ရောက်နေ ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။မနှစ်က စပြီး ခရိုင်အုပ်ချုပ်ရေးမှူးက မြေကွက်တွေကို အကွက်ရိုက်သွားခဲ့ပြီး မြဝတီမြို့ တဝက်နီးပါး၊ ရွှေညောင်ဦး၊ မြေနီကုန်း၊ ကားဝင်းဟောင်း အနောက်က ကရင်စုတွေကနေ ဖယ်ပေးရမယ်လို့ ပြောကြောင်း၊ တချို့ဆိုရင် တရား ဆိုင်နေရကြောင်း မြဝတီ မြို့ခံ အမျိုးသမီး တဦးက ပြောပါတယ်။တရားဆိုင်ဖို့ အတွက် ရှေ့နေငှားရလို့ ငွေကုန်သလို ဖယ်ပေးရအောင်ကလည်း သွားစရာ နေစရာ မြေမရှိဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။တခါ KRF ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ အလင်းဝင်လာချိန် ၂၀၀၂ ခုနှစ်တုန်းကလည်း မြဝတီမြို့ ကြံခင်းဖက်က မြေတွေကို KRF အဖွဲ့ပိုင်ဆိုပြီး သိမ်းသွားခဲ့တာ ခုချိန်ထိ ပြန်မရသေးဘူးလို့ နှစ်ပေါင်း အတော်ကြာ အစိုးရကို မြေခွန်သွင်းနေတဲ့ ဘိုးဘွားပိုင်မြေ အသိမ်းခံရသူ နောက်မြို့ခံ အမျိုးသမီး တဦးက ဘီဘီစီကို ပြောပြပါတယ်။သူနဲ့ အတူ တခြား မြေသိမ်းခံထားရတဲ့ သူတွေက သူတို့မြေတွေ ပြန်ရဖို့ သက်ဆိုင်ရာကို နှစ်ပေါင်း အတော်ကြာ လိုက်လံ တိုင်တန်း နေရလို့ အချိန်ကုန် ငွေကုန်ပြီး စီးပွားပါ ပျက်သွားရပေမယ့် ခုချိန်ထိ သူတို့ရဲ့ မြေတွေကို ပြန်မရသေးဘူးလို့ ဆိုပါတယ်။အရင် အစိုးရ လက်ထက်မှာ မြေယာ အသိမ်းခံရသူတွေရော၊ လက်ရှိ အစိုးရ လက်ထက်မှာ မြေယာ အသိမ်းခံရသူတွေပါ သူတို့မြေတွေ ပြန်ရရေးအတွက် နိုင်ငံတော် သမ္မတ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကိုပါ တိုင်ကြားသွားမယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေး ခရီးစဉ် ပျက်သွားထားဝယ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြဖေဖေါ်ဝါရီလ ၄ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ စည်းရုံးရေး မန္တလေး ခရီးစဉ် အခုအခါ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။မန္တလေးရောက်ရင် ဗထူးကွင်းမှာ လူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့တဲ့အတွက် အခုလို ခရီးစဉ် ပျက်သွားခဲ့ ရတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မန္တလေးကို လိုက်ပါသွားဖို့ စီစဉ်ထားတဲ့ NLD ပါတီရဲ့ မိတ္ထီလာ မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။တခါ လာမယ့် ၇ရက်နေ့မှာ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ဆင်းဖို့ စီစဉ်ထားရာမှာလည်း ပုသိမ်မြို့ အာဏာပိုင်တွေက မြို့နေ ကျောင်းသားတွေ အားလုံး အဲဒီနေ့မှာ ကျောင်းမပျက်ကြဖို့ မှာကြားထားတယ်လို့ ကြားရကြောင်း ဦးဝင်းထိန်က ပြောပါတယ်။ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ် ပျက်ပြားအောင် အာဏာပိုင်တချို့က တမင် ရည်ရွယ် လုပ်နေတယ်လို့ ယူဆစရာ ဖြစ်လာတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ် ခရီးစဉ် မှာ လူထုက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီဝင်တွေ စုဆောင်းတာ၊ လာမယ့် ရွေးကောက် ပွဲမှာ မဲပေးတဲ့အခါ ဘယ်လို မဲပေးသင့်တယ် စတာတွေကို ဟောပြောခဲ့တာမို့ အာဏာပိုင်တွေ ဖက်က သဘောမကျ ဖြစ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။သူ့အနေနဲ့ ၁၉၈၈-၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ အတူ လိုက်ပါသွား ခဲ့သလို ၁၉၉၅ ခုနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကိစ္စတွေကို လုပ်ကိုင် ပေးခဲ့ဖူး တာမို့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေကို ကြုံခဲ့ဖူးတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။အခု မန္တလေး ခရီးစဉ် ပျက်သွားအပြီး နောက်စီစဉ်ထားတဲ့ စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့လည်း အခြေအနေကို မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်မယ်လို့ ယူဆရကြောင်း ဦဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။အီဂျစ်မှာ ရဲနဲ့ ဆန္ဒပြသူ ထိပ်တိုက်တွေ့ရဲနဲ့ ထိပ်တိုက် ရင်ဆိုင်မှုအတွင်း ဆန္ဒပြသူ ရာနဲ့ချီ ဒဏ်ရာရခဲ့အီဂျစ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ဘောလုံးပွဲ အပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ဘောလုံးဝါသနာအိုး ၇၄ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ လူထုအကြား အမျက်ဒေါသတွေ တိုးပွားလာနေချိန်မှာပဲ ကိုင်ရိုမြို့တော်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက် တွေ့ခဲ့ကြ ပါတယ်။တာဟီယာ ရင်ပြင်မှာ ဆန္ဒပြသူ အများအပြား ပြည်ထဲရေး ဌာနကို ဝင်စီးဖို့ ကြိုးပမ်းခဲ့ကြ ပေမယ့် မျက်ရည်ယိုဗုံး တွေ၊ ရာဘာကျည်ဆံ တွေကြောင့် ရှေ့မတိုးနိုင်ပဲ ဖြစ်ခဲ့ရပြီး လူနာတင်ယာဉ်တွေနဲ့ လူနာတွေ အဆက်မပြတ် တင်ဆောင်သွားနေတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ဆန္ဒပြသူ ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။Port Said မြို့ ဘောလုံးကစားရုံမှာ ဖြစ်ခဲ့တဲ့ သေဆုံးမှုတွေဟာ စစ်တပ်ရဲ့ လက်ချက် ဖြစ်တယ်ဆိုပြီး ဆန္ဒပြသူတွေက ပြစ်တင် ပြောဆိုနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ကိုင်ရိုမြို့တော်ကနေ လာကြတဲ့ AL Ahli ဘောလုံး ဝါသနာအိုးတွေဟာ သမ္မတ မူဘာရက် ပြုတ်ကျစေခဲ့တဲ့ ဆူပူအုံကြွမှုတွေမှာ အထင်ကရ ပါဝင်လှုပ်ရှားခဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ယူဆနေကြပါတယ်။ဒါဟာ အရင် အစိုးရကလူတွေ လုပ်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ AL Ahli ဘောလုံးအသင်း ဌာနချုပ်အပြင်ဖက်မှာ လာရောက်စုရုံးခဲ့ကြသူတွေထဲက ဘောလုံး ဝါသနာအိုးတဦးက ဘီဘီစီကို အခုလို ပြောပြပါတယ်။အဲဒီလူတွေဟာ အီဂျစ်နိုင်ငံမှာ တော်လှန်ရေးကြီး အောင်မြင်တာကို မလိုလားဘူးလို့လည်း AL Ahli ဘောလုံး ဝါသနာအိုးက ပြောသွားပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ခွင့်ပြုဖို့ တိုက်တွန်းမြန်မာအစိုးရဘက်က စောင့်ကြည့်ခွင့် ပေးမယ် လို့ မျှော်လင့်ကြောင်း မစ္စတာပို့စနာပြောမြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပ မယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကို စောင့်ကြည့်ခွင့်ပြုဖို့ အမေရိကန်က မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။မြန်မာအာဏာပိုင်တွေဘက်က စောင့်ကြည့်ခွင့် ပေးလိမ့်မယ်လို့လည်း အမေရိကန်အနေနဲ့ အများကြီး မျှော်လင့်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာက ပြောပါတယ်။အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကနေ လက်ရှိလွှတ်တော်ထဲမှာ အာဏာ ချိန်ခွင်ရှာ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အရေးကြီးတဲ့ လမ်းခုလတ် ဖြစ်တယ်လို့ မစ္စတာ ပို့စနာက ပြောပါတယ်။အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာနိုင်ငံဒီမိုကရေစီအရေး အကူအညီ ပေးနေတဲ့ NED အဖွဲ့ရဲ့ ဆွေးနွေးပွဲ တခုမှာ မစ္စတာ ပို့စနာက ပြောကြား လိုက်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျော့ကျစေရေး အတွက် အခု ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ လိုကြောင်း ကိုလည်း သူကပြောပါတယ်။ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ လစ်လပ်နေရာ ၄၈ နေရာ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။မဂ္ဂင်ကျောင်း တခါ ထပ် ချိပ်ပိတ် ခံရမယ်၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု အပြီး မဂ္ဂင်ကျောင်း ချိပ်ပိတ် ခံခဲ့ ရပါတယ်၂၀၀၇ ခုနှစ် က ချိတ်ပိတ် ခံခဲ့ရတဲ့ မဂ္ဂင် ကျောင်းကို ပြီးခဲ့တဲ့ လက ထောင်ကနေ ပြန်လွတ် လာခဲ့ကြတဲ့ သံဃာတော် တွေ က ဒေသခံ အာဏာပိုင် တွေနဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်ခဲ့ ပေမဲ့ သာသနာရေး ဦးစီးဌာနရဲ့ အမိန့် အရ စနေနေ့မှာ တခါပြန် ချိတ်ပိတ် ခံရ တော့မှာ ဖြစ်ပါတယ်။စနေနေ့ နေ့လည် ၁၂ နာရီ မှာ သာသနာရေး ဦးစီး ဌာနက ကျောင်း ကို ပြန် ချိတ်ပိတ် တော့မယ်လို့ ဇန်န်နဝါရီ လ က ပြန် လွတ်မြောက် လာခဲ့ပြီး အခု မဂ္ဂင်ကျောင်မှာ သီတင်းသုံး နေတဲ့ ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။အာဏာပိုင်တွေက ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု နောက်ပိုင်း မဂ္ဂင်ကျောင်း ပဓာန နာယက ဆရာတော် ဖမ်းဆီး ထောင်ချ ခဲ့တဲ့ အပြင် ကျောင်းတိုက် ကို လည်း ချိပ်ပိတ် ထားခဲ့တာ ဖြစ်ပါတယ်။ချိပ်ပိတ်ခဲ့စဉ် အချိန်က သံဃာ့ မဟာ နာယက အဖွဲ့ ဆရာတော်တွေ မပါဘဲ အဲဒီ အချိန်က သင်္ဃန်းကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က ချိပ်ပိတ်ခဲ့တာ ဖြစ်တယ်လို့ သိရကြောင်း ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။ဒါကြောင့် ပြန်လွတ် လာတဲ့ အခါ လက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး အသစ်ထံ ဆရာတော်က စာရေး အကြောင်းကြား တာကို အုပ်ချုပ်ရေးမှူးက လက်ခံ ပြီး လိုအပ်တဲ့ အကူ အညီတွေ ပံ့ပိုး ပေးခဲ့ တာကြောင့် အေးအေး ဆေးဆေး ဖြစ်နေပြီလို့ ဆရာတော်က ယူဆခဲ့ ကြောင်း ပြောပါတယ်။ဒါပေမဲ့ သံဃာ့ မဟာ နာယက ဆရာတော်ကြီး တွေက သောကြာ နေ့က ဆင့်ခေါ်ပြီး စနေနေ့မှာ ဖယ်ရှား ပေးဖို့ ပြောခဲ့ တယ်လို့ ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။အဲဒီလို ဖယ်ရှားပေးရင် မဂ္ဂင်ကျောင်းမှာ လက်ရှိ နေထိုင် သီတင်းသုံး နေကြတဲ့ သံဃာ ခြောက်ပါးနဲ့ လူ လေးယောက်တို့ နေထိုင်ရေး အခက် အခဲ ရှိနိုင်တာ ကြောင့် သင်္ဃန်းကျွန်း မြို့နယ် သံဃာ့ မဟာ နာယက ဥက္ကဌ ဆရာတော်က သူ့ကျောင်းမှာ ၁၄ ရက်ကြာ နေထိုင်ခွင့် ပေးဖို့ သဘောတူ ခဲ့တယ်လို့လည်း ဆရာတော်က မိန့် ပါတယ်။၁၄ ရက်ကျော်လို့ မဂ္ဂင် ကျောင်းကို ပြန်လည် ဖွင့်မပေး ရင်တော့ လက်ရှိ ကျောင်းမှာ နေသူတွေ အခက်အခဲ ရှိနိုင်တယ်လို့ ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။မဂ္ဂင် ကျောင်းတိုက်ကို စတင် ချိတ်ပိတ် ခဲ့တာ သာသနာရေး ဦးစီး ဌာန ဖြစ်တာမို့ ပြန်လည် ဖွင့်လှစ် ပေးတဲ့ အခါမှာလည်း သူတို့ ကသာ ပြန်ဖွင့် ပေးတယ် ဆိုတာ ဖြစ်စေ ချင်တဲ့ အတွက် အခုလို စီစဉ်တာလည်း ဖြစ်နိုင်တယ်လို့ ဆရာတော်က မျှော်လင့်ပါတယ်။မစ္စတာကင်တားနား ဒေါ်စုနဲ့ တွေ့ဆုံအခု ခရီးစဉ်နဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောပါတယ်မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ သောကြာနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။အဲဒီနောက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ပြဌာန်း ကျင့်သုံး ထားတဲ့ အခြေခံ လူ့အခွင့် အရေးတွေကို လေးစား လိုက်နာဖို့ လိုကြောင်း ပြောကြားသွားပါတယ်။နောက်ပြီး သူက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရှိရမှာ ဖြစ်ပြီး၊ ဘယ်သူတဦးတယောက်၊ ဘယ်အဖွဲ့အစည်းကမှ နှောင့်ယှက် ဟန့်တားတာမျိုး လုပ်လို့ မရဘူးလို့ ပြောကြားသွားပါတယ်။ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ ဆွေးနွေးခဲ့ကြောင်းနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို သူ့အနေနဲ့ စောင့်ကြည့် သွားမယ်လို့ ပြောသွားခဲ့ပါတယ်။မစ္စတာ ကင်တားနားဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ငါးကြိမ်မြောက် အခု ခရီးစဉ်နဲ့ ပတ်သက်လို့ လာမယ့် တနင်္ဂနွေနေ့ မှာ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံကို အခုလို ကိုယ်တိုင်လာကြည့်ရှု လေ့လာခွင့်ရတာဟာ အင်မတန် ကောင်းမွန် ကြောင်းနဲ့ လာမယ့် မတ်လမှာ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ့် သူ့ရဲ့ အစီရင်ခံစာ ကိုလည်း သမာသမတ်ကျအောင် ရေးသွားမယ်လို့ ပြောဆိုသွားပါတယ်။ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်By မစုမြတ်မွန်လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာကို တွေ့မြင်နေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၆ ရက်ကြာ ခရီးစဉ်နဲ့ရောက်နေတဲ့ မစ္စတာ ကင်တားနားက ဒီကနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့အပြီးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။(၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာအတွက် ကိုယ်တိုင်လာပြီး အခြေအနေတွေကို ဆန်းစစ်ပြုစုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက သူ့အနေနဲ့ ကိုင်တွယ်ရမယ့် လူ့အခွင့်အရေးကိစ္စတွေ အများကြီးရှိတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။“ကျနော့်အနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းဖို့လိုတဲ့ လူ့အခွင့်အရေး ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ အစိုးရက ချမှတ်နေတာကိုတော့ တွေ့မြင်နေရပါတယ်။ အခုခရီးစဉ်နဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ခရီးစဉ်ပြီးဆုံးတဲ့အခါမှာ ထုတ်ပြန်ပါမယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။ဘယ်လိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဆိုလိုတာလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောမသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာကင်တားနား တို့ ၁ နာရီလောက်ကြာအောင် ဆွေးနွေးခဲ့ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဆွေးနွေးပွဲအကြောင်း တစုံတရာ ပြောမသွားခဲ့ပါဘူး။ မစ္စတာ ကင်တားနား ကပဲ သူ့ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအတွက် အခြေအနေတွေ ဆန်းစစ်နိုင်ဖို့ အစိုးရက ခွင့်ပြုတဲ့အတွက်ကိုတော့ ဝမ်းသာတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။“အခုခရီးစဉ်ကို အစိုးရက ခွင့်ပြုတဲ့အတွက်ကို ဝမ်းသာပါတယ်။ ကျနော့် ခရီးစဉ်တွေနဲ့ ပတ်သက်လို့ အစိုးရဘက်က တော်တော်လေး လိုက်လိုက်လျောလျော ရှိပါတယ်။ အခုနေ့လယ်ကပဲ ကျနော် အင်းစိန်ထောင်ကို သွားခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူ ၃ ယောက်ကို တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာလည်း ဝန်ကြီးတချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့နိုင်အောင် စီစဉ်ပေးတဲ့အတွက် အစိုးရကို ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြရမယ့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ မျှမျှတတ ဖြစ်ဖို့အတွက်က နိုင်ငံထဲမှာ ကိုယ်တိုင်အချက်အလက်တွေကို စုဆောင်းနိုင်ရေးက အင်မတန် အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံကို ကျနော်လာနိုင်ဖို့က သိပ်ကို အရေးကြီးတယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။ဇန်န၀ါရီလ ၃၁ ရက် အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ နေပြည်တော်မှာ တရားရေးဆိုင်ရာ သမ္မတအကြံပေး အဖွဲ့ဝင် ဦးစစ်အေး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး အပြင် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စတဲ့ အစိုးရဝန်ကြီး တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာကို မြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ အရေးကြီးတဲ့ အခုလိုအချိန်မျိုးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ သူ့ရဲ့ ခရီးစဉ်မစခင်မှာ မစ္စတာ ကင်တားနားက ပြောထားပါတယ်။ လပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သူ့အနေနဲ့ အနီးကပ် စောင့်ကြည့်နေမှာဖြစ်တယ်လို့ ခုလို ဆိုပါတယ်။“ဘယ်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ်ထဲမှာပါတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ အရေးကြီးပါတယ်။ လူ့အခွင့်အရေး ပဋိညာဉ်ထဲမှာပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံးနိုင်ရပါမယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ကျနော် မနေ့တုန်းက တွေ့ဆုံခဲ့တုန်းက ဒီကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ကျနော် အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။” - လို့ ပြောသွားတာဖြစ်ပါတယ်။တနင်္ဂနွေနေ့ကျမှ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် မစ္စတာ ကင်တားနား ဟာ မနက်ဖြန်မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၅ ရက်၊ တနင်္ဂနွေနေ့ကျမှ သူ့ခရီးစဉ်တစ်ခုလုံးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မှာ လုပ်မှာဖြစ်ပါတယ်။ မစ္စတာ ကင်တားနား ဟာ အခုခရီးစဉ်မတိုင်ခင် ၂၀၁၁ ခုနှစ် သြဂုတ်လကတုန်းက မြန်မာနိုင်ငံကို သွားခဲ့ပြီးတော့ အဲဒီခရီးစဉ်မှာ သူ အကြံပြု တောင်းဆိုခဲ့တာတွေ အတိုင်း အစိုးရက ဆောင်ရွက်ခြင်း ရှိ မရှိ ဆိုတာကို အခုခရီးစဉ်မှာ ဆန်းစစ်မယ်လို့ ပြောထားပါတယ်။ အခုတခေါက်  မြန်မာနိုင်ငံခရီးစဉ်မှာ တွေ့ရှိတဲ့ လူ့အခွင့်အရေး အခြေအနေ အပြည့်အစုံကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ ဂျနီဗာမှာလုပ်မယ့် (၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က တင်ပြဆွေးနွေးပါမယ်။မြန်မာအပြောင်းအလဲ စိတ်မချရသေးBy ဦးရော်နီညိမ်းအမေရိကန်ပြည်ထောင်စုကို ရောက်နေကြတဲ့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ တက်ကြွ လှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာဟာ လုံးလုံးလျားလျား ပြောင်းလဲသွားတာ မဟုတ်သေးဘဲ ပြောင်းလဲဖို့ အစပျိုးတဲ့ အခြေအနေမှာသာ ရှိနေတာဖြစ်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေက ထင်နေသလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲတာမျိုးလည်း မဟုတ်သေးဘူးလို့ ဖေဖော်ဝါရီလ ၂ ရက်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။National Endowment for Democracy အဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အနုပညာရှင် ဇာဂနာ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်သန်းမြင့်တို့နဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်းကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။ဒီအခမ်းအနားကို ရောက်လာတဲ့ ကိုဇာဂနာက သူ့ရဲ့ အမေရိကန်ကိုလာရင်း ရည်ရွယ်ချက်ကို ဗွီအိုအေကို အရင်ဆုံး အခုလို ရှင်းပြပါတယ်။“ကျနော်ဒီကိုလာတာ နံပါတ် ၁ - အလည်လာတာ မဟုတ်ဘူးပေါ့။ နောက်တခုက မြန်မာပြည်မှာ ခေတ်စားနေကြသလို shoping ထွက်တာလည်း မဟုတ်ဘူး၊ နောက် တတိယတချက်ကတော့ ကျနော် ဒီကိုလာတာ ဖျော်ဖြေပွဲလုပ်ဖို့ လာတာလည်း မဟုတ်ဘူးပေါ့။ ရောက်တဲ့နေ့ကတည်းက ပြောလိုက်၊ ဆိုလိုက်၊ ဆွေးနွေးလိုက်ရတာတွေ အားလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ကျနော် ပြောနေရတာပါ”ဒီကနေ့ပြုလုပ်တဲ့ပွဲမှာ မကြာခင်က မြန်မာနိုင်ငံကို ၂ ခေါက်သွားရောက်ခဲ့ဖူးတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပို့စနာလည်း တက်ရောက်ခဲ့ပါတယ်။ မစ္စတာ ပို့စနာက မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဇာဂနာအပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို သူတွေ့ခဲ့ဖူးကြောင်းနဲ့ သူ့အနေနဲ့ အရင်က မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းမသိခဲ့ဘဲ ဝန်ကြီး ဟီလာရီကလင်တန်နဲ့တခေါက်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်နဲ့တခေါက် သွားရောက်ခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံ အခြေအနေကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ကြောင်းတွေ ပြောပြသွားခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးကို ဆက်ပြီးပံ့ပိုးသွားမယ်လို့ အခုလို ဆိုပါတယ်။“ဒီမိုကရေစီစနစ်ကို ပြောင်းလဲရာမှာ လုပ်ရကိုင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နမူနာတွေ ကျနော်တို့ တွေ့ခဲ့ကြရပါပြီ။ အီဂျစ်နိုင်ငံသားတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ ပိုင်ဆိုင်ဖို့နဲ့ သူတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းခဲ့ကြတာ မလွယ်ကူဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ကြရပါပြီ။ ထိုနည်းတူပဲ မြန်မာနိုင်ငံဟာလည်း အီဂျစ်တို့လို၊ အာရပ်နိုင်ငံတွေနဲ့မတူ ကွဲပြား ခြားနားစွာနဲ့ ဒီမိုကရေစီ အခင်းအကျင်းတွေ ခက်ခက်ခဲခဲ တည်ဆောက်နေတာကို ကျနော်တို့က ပံ့ပိုး အားပေး ထောက်ခံသွားကြရပါမယ်”ဒီပွဲကို တက်ရောက်လာကြတဲ့ အမေရိကန်အစိုးရအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ သိလိုသမျှ မေးမြန်းကြတာကို တက်ကြွ လှုပ်ရှားသူတွေက ပြန်လည်ဖြေကြားကြပါတယ်။ကချင်အမျိုးသမီးရေးရာတွေကို ဆောင်ရွက်နေတဲ့ ဒေါ်ဘောက်ဂျာက တနိုင်ငံလုံး ပြောင်းလဲကုန်ပြီလို့ ပြည်ပက ထင်နေကြမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း အခုလို ပြောပြပါတယ်။“တိုင်းရင်းသားဒေသတွေမှာ မဖွံ့ဖြိုးမချင်း၊ မအေးချမ်းမချင်းကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေပါသေးတယ်။ ဘယ်လိုပဲ ပြောင်းလဲပါတယ်လို့ ပြောနေပေမယ့် ပြောင်းလဲနေတာက နေပြည်တော်နဲ့ မြို့ပေါ်ဖြစ်တဲ့ ရန်ကုန်မြို့လောက်ပဲ ပေါ့နော်- အဲလောက်ပဲ နည်းနည်းလေး လှုပ်တာပါ။ ကြီးကြီးကျယ်ကျယ် ပြောင်းလဲခြင်း ဆိုတာတွေလည်း မရှိခဲ့ပါဘူး။အဲဒါကြောင့် ကျမတို့ရဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ အဓိက လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးလည်း ဖြစ်သလို တိုင်းရင်းသားဒေသမှာ သူတို့တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိမယ်ဆိုရင် ကျန်တာက အလိုလိုနေရင်းနဲ့ ပြောင်းလဲသွားနိုင်မယ်လို့လည်း ကျမယုံကြည်ပါတယ်”အရေးယူပိတ်ဆို့ ဒဏ်ခတ်တာတွေကို သူ့အနေနဲ့ မထောက်ခံပေမယ့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာ့အရေးမှာ လက်နက်ကိရိယာတခု ဖြစ်တယ်ဆိုတာကိုတော့ သူ သဘောတူကြောင်းကိုလည်း ကိုဇာဂနာက ဒီပွဲမှာ ပြောပါတယ်။ ဘာကြောင့် သူမထောက်ခံရသလဲဆိုတာ ဗွီအိုအေကို ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။“ပိတ်ဆို့ခြင်းကို ကျနော့ရဲ့ တဦးတည်း ပုဂ္ဂလိကဆန္ဒအရ ပြောရမယ်ဆိုရင် နည်းမျိုးစုံ လျှောက်ရှာ နေရတဲ့အတွက် အခြား မလိုလားအပ်တဲ့ထွက်ပေါက်တွေ ဖြစ်ကုန်မယ်။ အဲလိုမျိုး အလားသဏ္ဍန်နဲ့ ကျနော် နမူနာရှင်းတာပါ။ ကျနော် ဘယ်လိုပိတ်ပိတ်မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ပိတ်တာမှန်ရင် ဘယ်ပိတ်တာကိုမှ ကျနော်မကြိုက်ဘူး ဆိုတဲ့ သဘောနဲ့ပြောတာပါ”ကိုဇာဂနာအနေနဲ့ နယ်ပယ်အနှံ့ကလူတွေနဲ့ ထိတွေ့ဆက်ဆံနေသူဖြစ်တာကြောင့် အတွေ့အကြုံ၊ အကြားအမြင် အားလုံးအပေါ်မှာ ခြုံငုံပြီး မြန်မာနိုင်ငံမှာ တကယ်ပဲ ပြောင်းလဲနေပါပြီလားလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -“ကျနော်က အပြောင်းအလဲကို လုံးလုံးလျားလျား ပြောင်းလဲနေပြီလို့ ကျနော် မပြောနိုင်ဘူး။ သေချာတယ်။ မပြောင်းလဲသေးဘူး၊ ပြောင်းလဲမှုရဲ့ အစပျိုးနေတုန်းပဲ ရှိသေးတယ်။ ရောင်နီသန်း လာစလေးပဲ။ သို့သော် အဲဒီကနေ အမှောင်ထဲ ပြန်မရောက်သွားအောင် ရှေ့လျှောက်ပြီးတော့ အလင်းထဲပဲ ဆက်သွားမယ်။ အခုမှ ကျနော်တို့ ရောင်နီသန်းတာကို။ရောင်နီသန်းပြီး နေ့ခင်း အလင်းရောင်ကို ကျနော်တို့ သွားရမယ်ဆိုရင် အဲဒီအချိန်မှာ တယောက်ကို တယောက် အညှိုးအတေးတွေ မရှိအောင် ဒီလူတွေကို network စမယ်။ ဒီလူတွေကို စုပြီးတော့ ရွှေ့သွားရင် တဖြည်းဖြည်းချင်းနဲ့ အလင်းထဲရောက်သွားရင် ကျနော်တို့တိုင်းပြည် ကောင်းလာမှာပေါ့။ ကျနော်တို့က သစ်ပင်ပေါ် မတက်ရဲတဲ့ရှင်လောင်း၊ ရေထဲတောင် မဆင်းရဲတဲ့ရှင်လောင်းလို ဖြစ်နေတယ်။ သိပ်ဂရုစိုက်ပြီး သိပ် fragile ဖြစ်နေတယ်။ အချိန်မရွေး ကျကွဲနိုင်တယ်”ကိုဇာဂနာနဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုက တခြားသောမြို့ကြီးတွေမှာလည်း သွားရောက်ပြီးတော့ အလားတူ မြန်မာနိုင်ငံအကြောင်း မေးမြန်းဆွေးနွေး ဟောပြောပွဲတွေ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ဒေါ်စုရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရစာမေးပွဲ စစ်မည်By မသင်းသီရိမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်နဲ့ မြောင်းမြမြို့တွေကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ သွားဖို့ စီစဉ်ထားပြီး အဲဒီနေ့မှာပဲ ပုသိမ်တက္ကသိုလ်မှာ Pre Exam ဆိုတဲ့ စာမေးပွဲကို စစ်မယ်လို့ ဖော်ဖော်ဝါရီ ၂ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီလိုစာမေးပွဲမျိုး ပုသိမ်တက္ကသိုလ်မှာ တခါမှမရှိခဲ့ဖူးသလို ဒီစာမေးပွဲကို မဖြေရင် မတ်လမှာကျင်းပမယ့် Fial Exam ကိုလည်း ဖြေဆိုခွင့်မရဘူးဆိုတဲ့ စည်းကမ်း တင်းကျပ်မှုလည်း ပါဝင်နေပါတယ်။ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ညွှန်ကြားချက်အရ ဆိုပြီး ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို အသိပေးတာ ဖြစ်ပြီး ကျောင်းသားအများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ကိုလာမယ့်အတွက် လူထုနဲ့တွေ့ဆုံပွဲကို မသွားစေချင်တာကြောင့် ဖြစ်တယ်လို့ ယူဆကြပြီး မကျေမနပ် ဖြစ်နေကြတယ်လို့ ပုသိမ်တက္ကသိုလ် ကျောင်းသားတွေက အခုလိုပြောပြပါတယ်။“အခု တစ်ရက် နှစ်ရက်ပဲ ရှိသေးတယ်အစ်မ၊ အဲဒီလိုပြောတာလေ။ ပါမောက္ခတွေက ပြောတာ။ ၆ ရက်နဲ့ ၇ ရက်နေ့ကို၊ ၆ ရက်နေ့ကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် လာမယ်တဲ့။ ၇ ရက်နေ့ကျရင် ၈ နာရီခွဲကနေ ညနေ သူတို့ပြီးတဲ့အထိပေါ့နော် စာမေးပွဲ စစ်မယ်တဲ့။”“၇ ရက်နေ့ကျတော့ စာမေးပွဲရှိတယ်တဲ့။ အဲဒါ ၈ နာရီအရောက်တဲ့ ကျောင်းကို။ ၈ နာရီခွဲကနေ စ စစ်မှာ။ တကယ်လို့ ဒီ စာမေးပွဲကြီးကို မဖြေရင် စာမေးပွဲ တကယ် အစစ်ကြီးကျရင် ဖြေဆိုခွင့်မရှိဘူး။ စာမေးပွဲ အစစ်ကြီးက ၃ လပိုင်းထဲမှာ။ ကျနော်တို့က အဲဒါသွားမှာစိုးလို့ (ဒေါ်အောင်ဆန်းစုကြည်ပွဲ သွားမှာစိုးလို့) လုပ်တာလားပေါ့။ ကျောင်းသားတွေကတော့ အဲဒါ မရှိရင်တော့ သွားကြမှာ။ နည်းနည်းတော့ ကသိကအောက်ဖြစ်တာပေါ့နော်။”ပုသိမ် တက္ကသိုလ်ကျောင်းသားတွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Categories: Feature Blogs

ပူပူနွေးနွေး ထောင်လွတ် ရှစ်ဆယ့်ရှစ် ကျောင်းသားများ အဖွဲ့ သို့ အိတ်ဖွင်ပေ့းစာ

ex-absdf - Sat, 02/04/2012 - 07:02
by Wai Maw on Saturday, February 4, 2012 at 3:18pm ဖိုးသောကြာ -၁-၂ -၂၀၁၂ မြန်မာ့ နိုင်ငံရေးတွင် ရေပန်းစား နေသော အကြောင်းအရာမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ရရှိရေး (စိန်၊ စု၊ ကန် - ပူးပေါင်း)ဆောင်ရွက်ချက်မှု များနှင့် လောလော လတ်လတ် ပူပူနွေးနွေး ထောင်မှ လွတ်လာကြသည့် နိုင်ငံရေး သမားများနှင့် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား များ အဖွဲ့ ခေါ် နိုင်ငံ အနာဂတ် ဦးလေးကြီးများ ဘယ်လမ်းသွားမလဲ ဆိုသည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ဖြစ်သည်။နိုင်ငံအနာဂတ် ဦးလေးကြီးများ ဆိုသည့် စကား ရှင်းလိုသည်။ရှစ်ဆယ်ရှစ် ကျောင်းသား များ အဖွဲ့သည် အမှန်တကယ် ပြန်လည် စစ်တွက်ကြည့်လျှင် အသက် ၄၅ ၀န်းကျင်နှင့် ၅၀ ကြားတွင် ရောက်ရှိ နေကြလေပြီ။လွန်ခဲ့သော လများ မကြာမီက သူတို့ထဲက လူတချို့ အသက် ၅၀ ပြည့် မွေးနေ့ ပွဲ ကျင်းပသည်ဟု သတင်းတွင် ဖတ်ရသည်။ကျွန်ုပ်လည်း အသက်သည် ၅၀ နှစ် ပြည့်ခဲ့ပြီ။ ၁၉၈၄ -ခုနှစ်၊ အသက် ၂၂ နှစ်နှင့် ကျောင်းပြီးပြီး ဘွဲ့ ရကာ လုပ်ငန်းခွင်သို့  စောစီးစွာ ၀င်ခဲ့ရသဖြင့် ရှစ်ဆယ့်ရှစ် အရေးအခင်း ဖြစ်ချိန်တွင် ကျောင်းသား အမည် တပ်ခွင့် မရခဲ့။ကျွန်ုပ်နည်းတူ ကိုကိုကြီး၊ မင်းကိုနိုင် တို့နှင့် သက်တူ ရွယ်တူများသည် ကျောင်းစောစွာ ပြီးခဲ့ပြီး လုပ်ငန်းခွင် စောစီးစွာ ၀င်ခဲ့သူများမှာလည်း ကျောင်းသား အမည်ခံခွင့် မရသူ များစွာ ရှိပေမည်။ကျွန်ုပ် လွန်ခဲ့သော နှစ်က မွေးရပ်မြေ သို့ ပြန်ရောက်၏။အဘိုးလေးဟု တမျိုး၊ ဦးလေးကြီးဟု တဖုံ၊ အန်ကယ် ဟု တသွယ် နှုတ်ဆက် လာကြသည်။ထိုသူများမှာ ကျွန်ုပ်၏ အကို၊ အမ၊ ညီ၊ ညီမနှင့် အသက်ရွယ်တူ မိတ်ဆွေများမှ မွေဖွားလာကြသူ အသက် ၂၀ ၀န်းကျင် မျိုးဆက်သစ်များ ပေတည်း။ဆိုလိုသည်မှာ ကျောင်းသား အမည်ဖြင့် အမည်ခံရေးသည် အဓိကလော။အလုပ် ဖြစ်ရေးသည် အဓိလော ၊ခွဲခြား မြင်စေရန် ဆိုလိုရင်း ဖြစ်သည်။ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ ရှင်းသည်။ပါတီနိုင်ငံရေး ဖြင့် ရွေးကောက်ပွဲ ၀င်မည်ဟု ထုတ်ဖော်သည်။ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား များ အမည်ခံများမှာ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်မည်၊ပီးပဲလ် ဆိုဆိုက်ရတီ လုပ်မည်၊လူထုကြားတွင် တသားတည်း ရပ်၍ လူထု ဘ၀ အနီးကပ် လေ့လာဦးမည်၊ နောက်မှ ပါတီထောင်မည်လုထူ အသံ နားထောင် ဦးမည် ဆိုသော အသံတွေ ကြား နေရသည်။ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနှင့်ပါတီ မထောင်သေး၊ ရွေးကောက်ပွဲ မ၀င်သေးဟူ၍ ကိုကိုကြီးပြောဆိုသည်။အမှန်မှာ ပူပူနွေးနွေး ထောင်လွတ် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ ပါတီ မထောင်၊ ရွေးကောက်ပွဲ မ၀င်ဟု ပြောသင့်သည်။အကြောင်းမှာ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား များ အဖွဲ့ အမည်ဖြင့်ပါတီ ၂ ခု ထောင်ထားပြီး ဖြစ်၍ ထိုစကားမှာ ရှေ့ နောက် မညီ ဖြစ်နေသည်။တချို့က ယခုတလော ရေပန်းစားနေသည့် ဗကသ ပြန်လည် ဖွဲ့ စည်းရေး၊ အထက်-ဗ ပြန်လည် ဖွဲ့ စည်းရေးတို့ တွင် ပူပူနွေးနွေး ထောင်လွတ် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား များ အဖွဲ့ ၀င်တို့သည် နာယက၊ အကြံပေး၊ ဘာညာစသည့် ရာထူး တို့ဖြင့် တာဝန် ယူရန် ရှိသဖြင့် နိုင်ငံရေး လောကဖြင့် ပူးသယောင်၊ ခွါသယောင် လုပ်လေသလောဟု ခန့်မှန်းချင့်ချိန် တွက်ဆနေမိသည်။ပြည်သူ တို့ ဒုက္ခ တွင်းမှ ကယ်တင်မည့် လုပ်ငန်းစဉ် မှန်သမျှတွင် နိုင်ငံရေးလောက၌် အချိန်စောသည်မရှိ။နာရီတိုင်း စက္ကန့် တိုင်းတွင် နိုင်ငံရေးသမားတို့ စေတနာဖြင့် လုပ်ဆောင် မှု များသည် ရွှေမိနစ် များပင် မဟုတ်ပါလော။နိုင်ငံရေးသည် စစ်ရေးကို ရှောင်ရှား၍ ဖြေရှင်းသည့် အနုနည်း ဥာဏ်ရည် တိုက်ပွဲ စစ်ဆင်ရေး တမျိုးပင် ဖြစ်သည်။အဖိုး သခင်ကိုယ်တော်မှိုင်း ဦးဆောင်မှုဖြင့် သခင်လူငယ်များသည် အင်္ဂလိပ် အခက်။ ဗမာ့ အချက် ဆိုသည့် အချိန်တွင် တော်လှန်ရေး အလုပ်မှန်ခဲ့သဖြင့် လွတ်လပ်ရေး ရခဲ့သည်။မြန်မာ့ သမိုင်းတွင် ဒုတိယ ကမ္ဘာစစ်၌ အင်္ဂလိပ်ကို တိုက်ထုတ်လို၍ ဂျပန် ကိုပေါင်း၊ ဂျပန်ကို ပြန်လည် တိုက်ထုတ်လို၍ အမေရိကန်နှင့် အင်္ဂလိပ်တို့ ကိုပြန်လည်ပေါင်းသင်းခဲ့၊ အချိန်ကိုက် နိုင်ငံရေး လုပ်ဆောင်ခဲ့ရသည် မဟုတ်လော။ကမ္ဘာ့ သမိုင်းတွင် ဒုတိယ ကမ္ဘာစစ်၌် (ရုရှား၊ အင်္ဂလိပ်၊ အမေရိကန် ) တို့ မဟာမိတ်လုပ်၍ အချိန်ကို အကျိုးရှိစွာ သုံးနိုင်၊နိုင်ငံရေး ကစား နိုင်သဖြင့် ကမ္ဘာတွင် ဖက်ဆစ် စနစ်ကို တိုက်ဖျက်နိုင်ခဲ့သည် မဟုတ်ပါလော။ ကျွန်ုပ် ဆိုလိုသည်မှာ ကျောင်းသား အမည်ခံပြီး လူထု မေတ္တာကို ရယူ၍ တော်လှန်ရေး အသံကောင်း ဟစ်နေယုံမျှဖြင့် အောင်ပွဲ ရနိုင်-မရနိုင် စဉ်းစား ကြဖို့ လိုသည်။ကျောင်းသား ဆိုသော အမည် သည် နောင် မည်မျှကြာသည်အထိ ပြည်သူက လက်ခံ နားလည် ပေးနိုင်မည်ကိုလည်း တွက်သင့်ကြသည်။စစ်မြေပြင်တွင် သူရဲကောင်းများ ရှိနေကြသကဲ့သို့ ပါတီနိုင်ငံရေးနှင့် လွှတ်တော်တွင်း နိုင်ငံရေး သည်သာလျှင် တရားဝင် ပြည်တွင်း- ပြည်ပတို့နှင့် ပြောဆို လုပ်ကိုင်ပိုင်ခွင့် ရှိသည်ကို သတိချပ်ရန်လိုသည်။နမူနာ အားဖြင့် ပုံပြရသော် --ကိုကျော်သူ ကဲ့သို လူမှုရေး အဖွဲ့အစည်းတခု၏ ခေါင်းဆာင်သည် ပါတီ နိုင်ငံရေး၊ လွှတ်တော် နိုင်ငံရေးကို ကျော်လွန်၍ သမ္မတ၊ ၀န်ကြီးချုပ် ဖြစ်နိုင် ပါသလော။နို်င်ငံခြား အကူငွေဖြင့် လူမှုရေး လုပ်ငန်းမှ ၀န်ထမ်းသည် ပါတီ နိုင်ငံရေး၊ လွှတ်တော် နိုင်ငံရေးကို ကျော်လွန်၍ သမ္မတ၊ ၀န်ကြီးချုပ် ဖြစ်နိုင်ပါသလော။မိုက်ခရိုဆော့ဖ် သဌေးကြီး ဘီလ်ဂိတ် ကဲ့သို့ သန်းချီ လှူကာ လူမှုရေး အလှူ ပေးနေသူမျိုးသည် ပါတီ နိုင်ငံရေး၊ လွှတ်တော် နိုင်ငံရေးကို ကျော်လွန်၍ သမ္မတ၊ ၀န်ကြီးချုပ် ဖြစ်နိုင် ပါသလော။ ပြည်ပရောက် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား များ ဆိုသူ အများစုသည် မီဒီယာ လောကကို နိုင်ငံရေးကွင်းပြင် အဖြစ် သမုတ်ကြလျှက် ၀က်ဆိုက်ထောင်ကာ ပရိုပိုဇယ်ရှာခြင်း၊ နှင့် (ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ-စသည့် ) မီဒီယာလိုင်းဘက် ရွေ့ သူ ရွေ့ ကြလေပြီ။အချို့ မှာမူ -- အာသမားများ၊ အသပြာသမား ဘ၀ဖြင့် ငဘတ်၊ င၀ါး အဖွဲ့နှင့် ပေါင်းသူပေါင်း၊ ငွေပေးမည့် ရိုဟင်ဂျာနှင့် ပေါင်းသူပေါင်း၊ တော်လှန်ရေး သမား ဘ၀မှ လူသတ်သမား ဖြစ်သူဖြစ်၊ ဦးသိန်းစိန် လက်ဝေခံ ဖြစ်ရန် ကြံသူ ကကြံ၊ နိုင်ငံခြား ပရိုပိုဇယ် ဆက်ပေးမည့် အဖွဲ့အား မျှော်သူကမျှော်၊ ပြည်တွင်းဝင်မည့် လူမှုရေး ကယ်ဆယ်ရေး လုပ်မည့် နိုင်ငံခြား အဖွဲ့များတွင် ကပ်သူက ကပ်ကြ ဖြစ်နေကြပေပြီ။ပူပူနွေးနွေး ထောင်လွတ် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား များတို့သည် နိုင်ငံရေး လုပ်ငန်းနှင့် နိုင်ငံရေး အထောက်အကူပြု လုပ်ငန်းကို ခွဲခြား တတ်မှ ရှေ့ ဆက် နိုင်ပေမည်-မဟုတ်ပါလော။ပြည်သူတို့ မျှော်လင့် အထင်ကြီးထားသလောက် တာဝန်ကျေပြွန်အောင် လုပ်ဆောင် နိုင်ကြပါစေဟု ဆုမွန်ရည်လျှက်-----ဆက်ပါဦးမည်။။။------ဖိုးသောကြာမြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
Categories: Feature Blogs

guest

Khin oo may - Fri, 02/03/2012 - 19:18
ထိုနေ့သည်က ဘိုက်ခွေးနမ်းသောနေ့ပင်တည်. ပြောသာပြောရ ခွေးအနာကပ်လာလျင်တော့အော်ပြီးလစ်ပြေးမိမည်ထင်သည်. ချစ်ခင်သော အမျိုးများ (နစ်ယောက်ကြီးများတောင်) က သူပျင်းမေည်ကိုစိုးရိမ်သောကြောင့်သူရို့ဆီလာပါရန်ဖိတ်ကြားလေရာ ငေါက်ကနဲ့ အဲလေ ကောက်ကနဲ တက္ကစီစီးမည်လုပ်ပြိးမှ ဘတ်စကားလာရာဘတ်စကားတတ်စီးလိုက်လေသည်လမ်းသိတ်မမှတ်မိ ဖုံးဆက်မေးပေါင်းလဲများပြီဖြစ်ရာ ကျီတ်မှိတ်အံကြိတ်ကာ လမ်းကျုပပြူးပြဲကြည့်က ကံအားလျော်စွာ မှန်သွား၏. မှားသောကေကြငာင့်ရောက်လေရာအ့ရပ်.အဲလေ မှ ပြန်လာကာ တက္ကဏစီးရပေါင်းလည်းမနည်းချေ.ထို nn (ညည မဟုတ်) သည် ညည နင့်ဘာမျှ မဆိုင်ချေ. ဟင်...... အိမ်မှူကိစစ ကျွမ်းကျင်နိုင်နင်း၏. ဖဘ ရှိသော်လည်းဘလော့မလုပ်. ယောကျာာ်းကိုချစ်၏.ယောကျာ်း စားရန်ဆိုလျင် မောသည်မထင်. အချစ်ဘာစားမလဲဆိုတာ လေ၏ လျင်မြနခြင်းဖြင့်လှုပ်ရှားသည် သေသပ်သည် သွက်လက်သည် ရှင်းလင်းသန့်ပြန့်၏. လှပ၏. ချောမော၏. မယုံမရှပါနင့် သူ၏အမျိုးများဖြစ်လေရာ သူ့ယောက်ကျာ်းပါ အရှီန်ဟပ်ရွေ့ချောသည်. ဟန်းဆန်းဖြစ်သည်။ နစ်ဦးသားဆိုလျင် မင်းသားမင်းသမီးလားထင်ရသည်. ။အီကြာကွေးကို ကိုက်မစား ညှပ်ထားရာကဗျာဆန်၏. ခဥမသေည်ကာ သုံေးချာင်းဝယ်လြာီပီးလျင် မနက် တစ်ချောင်း နှုန်ံး(ဟင်း) (ဖြစ်ရပြန်ပီ) ဖြင့် ဝယ်လာသောအိတ်ထဲမှ ထုတ်စားရင် ရောင်ူးသူက သုံးချောင်းနစ်ကျပ် (ပေါလိုက်တာနော်) ရောင်းမှော့ဝဝယ်သူကလည်းဝယယ်ရတော့သည်ပေါ့ သို့ရာတွင် မနက်တိုင်း တစ်ချောင်း (ဟင်း) နစ်ချောင်း နစ်ရက်စားပြီးသော သုံေးချာင်းမြောက်မစားချင်တော့ချေ. မာလည်းမာပြီးဖြစ်ရာအစာအိမ်အောင့်မည်စိုးသောကြောင့် သော်လည်းမလွတ်ပစ်ရသေးချေ. ထမင်းစာပွဲါ( အလှပြင်စားပွဲအဖြစ်လည်းအသုံးပြုသည)ပေါါ်တွင် တင်ထားသည်.။ ဆီများရွဲစိုနေလေသည်. (ဟူး)မောင်သည ခဥမ ထိုအိမ်သို့သွားလျေင် ကျေနပ်သည် ဘာကြောင့်ဆိုသောပ်ြနလာလျင် တံမြက်စဥည်းလှည်းသောကြောင့်ဖြစ်သည် သူရို့အိမ်ကလေးမှာသန့်ပြန့်နေသည် resort ထဲဝင်သွားသကဲ့သု့ခံစားရသည် ပါရမီပါပေ။ နေတော့ရွေတောင်ကြားဖြစ်သည်။စားရသည်မှ အလျှ့ံ့ပယ်ဖြစ်သည် ဤသည်မှာ သူမမကြာခဏ အချစ်ကိုကျွေးနေခြင်းဖြစ်သည်. ခင်ဦးမေ အချစ်ကတော့ထူးဆန်းပေသည် ချစ်သော်ငြားလည်းမချက်ချင်ပေ.ငါလည်း မင်းနဲ့ရကတည်းက ထမင်းကို ကောင်းကောင်းမစားရပါဘူးဟု ညည်းယူရာမှ ဘလော့လုပ်လေသသော် စားမည်ဆိုလည်းမလှူပ် ရိုက်မောင်းပုတ်မောင်း ( စိတ်ဆိုးလာပြီးကွကို ထမင်းထခူးပြီးဆိုလျင်တော့ကွိန်ြူ့ပူတာရှေ့မှ အမြန်ထကာ ထမင်းပန်းကန်ကို လိုက်လုရန်လိုအိသည် သို့မဟုတ်တက ဆယ်နစ်ကြိုးထဲမှ တစ်ကျိုးပျောက်သွားလေမည်.)သူ့အီမ်တွင် ဝိုင်ဖိုင်မိခိုက် os 5 ကိုကမန်းကတန်း ဒေါင်းလုပ် လုပ်နေခြင်းဖြစ်သည် င်ဥမအိမ်တွင် ဝိုင်ဖိုင်မရှိဆိုသော အမေရီကားမှ ကွန်ပြူတာ လုပ်နေသောအကိုသည်သက်ပြင်းချရှာသည်။ထိုမျတွင်မကသေး I tune ကိုဝင်ကြရာ ထိုအိမ်မမှ အမျိုး၏ အချစ် ပစဝဖြင့်ဝင်လေရာ ယခု I tune ဝင်တိုင်းသူ့အစချစ်၏ ပစဝကကိုတောင်းနေသည် . တတ်သလောက်မှတ်သလောက် စကရင်ကိုမပိတ်ဘဲ (အဟိ. pif pif ) ပါဝါကိုပိတ်ပြီးနြပ်ဖွှုင့်သောလည်း သူ့မ အစချစ်၏ပစဝကိုတောင်းနေဆဲဖြစ်သည် ဒေါင်းလေုပ်တွေ လုပ်ရင်း waitin time တွင် ရပ်လိုက်လေရာ ယခု ခင်ဥမ အိုင်ဖုံးတွှုါင် waiting icon များရှိနေလေသည် မဖယ်ရှားတတ်ချေ.။အိုင်ဘ ကိုသတိရသော်လည်းအသည်းလေးဖြင့်အလုပ်များနေမည်လေ. ကိုကိုဒီဘီကိုသတိရသော်လည်း. အင်း အဆိုင်းမန်းလုပ်ရင်းမိုးချုပ်ရှာမယ်လေ]ဟု သနားက မခေါ်မိချေ. mammk တို့ မယ်မျိုးတို့ကိုကား စာရင်းထဲတွင်ကိုမသွင်းချေ.out of question ဖြစ်သည်။မှတ်ချက်နာမည်ပါသူများစိတ်ဆိုးပြီး မပါသူများစိတ်ကောက်ကြသည်.။ ဖတ်သူအများနားမလည်ကြချေ။
Categories: Feature Blogs

ဒီမိုကရေစီ

ex-absdf - Fri, 02/03/2012 - 07:39
လင်းဇော်ထက်ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေးအတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံးနိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ် ရှိသည်။နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှတစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့်ကွန်မြူနစ်နိုင်ငံများသည် ၄င်းတို့ကို ၄င်းတို့ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။ ၁၉၅၀ ခုနှစ်တွင်ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်းမပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။နိုင်ငံရေးစနစ်အပြည့်အဝ ရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့်နိုင်ငံပေါင်း (၅၀) ကျော်တို့က ၄င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး(တစ်ခါတရံတွင်မူ ၄င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏အနှစ်အရသာမှာပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့ အတွက် ပြည်သူတို့ထံသို့ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။စကားလုံးရင်းမြစ်ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံးdemos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး(လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား(အုပ်ချုပ်မှုအာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော်ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်းဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည်အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကိုဆိုလိုသည်။စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကိုအတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည်အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက်အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၄င်းဝေါဟာရနှင့် တွဲဖက်ပြီးဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သောအဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ Participatory Democracy သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။ နောက်ခံသမိုင်းအစ သမိုင်းကြောင်းအရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့်စပါတာမြို့ပြနိုင်ငံတို့ဖြစ်ပါသည်။ထိုစဉ်ကာလကအေသင်မြို့ပြနိုင်ငံ၏လူဦးရေမှာမများသကဲ့သို့ အေသင်ဒီမိုကရေစီစနစ်တွင်ပါဝင်သူနိုင်ငံသားဦးရေမှာလည်းများသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏သုံးပုံတစ်ပုံ နီးနီးရှိသော ကျွန်လူတန်းစားများနှင့်ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာနိုင်ငံသားဟုသတ်မှတ်ခြင်းမခံရ၍ ပါဝင်နိုင်ခြင်းမရှိသလိုနိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများသာပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟုဆိုရပေမည်။ အေသင်မှာ ကျင့်သောစနစ်အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကိုထမ်းဆောင်သည်။လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ်ငါးရာပါဝင်သောကြောင့်ငါးရာကောင်စီဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ့ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ) လက်ထက်တွင်ထိုဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂၀ပြည့်ပြီးသော နိုင်ငံသားတိုင်းတက်ရောက်နိုင်သည်။ လူဦးရေ ၆၀၀၀ ကျော်ပါကအစည်းအဝေးအထမြောက်သည်။မဲခွဲဆုံးဖြတ်ကြသောကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ် သဘောဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံးပြည်သူက တိုက်ရိုက်အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုနိုင်သည်။ စပါတာမှာ ကျင့်သောစနစ်စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင်တည်ထောင်ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုးဖွဲ့စည်းထားသော အသက်၆၀ ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ်ဥပဒေပြုကောင်စီလည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်းပါသည်။ အသက်၃၀ အထက်ယောင်္ကျားမှန်သမျှ ပါဝင်သည့်အယ်ပယ်လာ (Appella) ခေါ်လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊တိုင်းရေးပြည်ရာများဆွေးနွေးခြင်း၊ဥပဒေပြုကောင်စီဝင်များရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ် ကြိုးကိုင်အဖွဲ့ဝင်ငါးဦး(Ephors) ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီကသာအာဏာရှိပြီး ဘုရင်မှာရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်းလွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီဟုလည်း ခေါ်ဆိုနိုင်သည်။ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများမျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန်များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန်မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကိုသုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများကရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့်အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင်လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။တစ်ပါတီစနစ်ထားရှိသောနိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကြီးကိုကိုယ်စားပြုသည်ဟု ဆိုသည်။ လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ - တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ)တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှုဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူကအုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၄င်းတို့ အကျိုးအတွက်အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ်လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသောအသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီလုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင်ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၄င်းတို့က စောဒကတက်သည်မှာလူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင်မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှုမရှိသေးဘဲ ၄င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေးအခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရများ (က)လွတ်လပ်စွာ တွေးခေါ်မှု။ ။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ဟာ အရာရာတိုင်းမှာအမှန်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ။ အမှန်တရားနဲ့အကောင်းဆုံးနည်း လမ်းဆိုတာ လူ့ဦးနှောက်က ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့်ဘယ်သူဘယ် ၀ါရဲ့ ဦးနှောက်က ထွက်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူး ။ ဒါကြောင့်အမှန် တရားနဲ့အကောင်းဆုံးနည်းလမ်းတွေ ရရှိလာဖို့ လူတိုင်းဟာ မိမိတို့ရဲ့ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။ ဒါပေမယ့်လွတ်လပ်စွာ တွေးခေါ် ခွင့်ဆိုပြီး ပရမ်းပတာ ၊စည်းလွတ်ဝါးလွတ်တွေးခေါ်တာမျိုးဟာ ဒီမိုကရေစီနဲ့ လား လားမှ မလျော်ညီဘူး။ ဒီမိုကရေစီရဲ့ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင်တွေးခေါ်ဖို့ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ဖြစ်ပါတယ်။(ခ) လွတ်လပ်စွာ ပြောဆိုမှု။ ။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင်ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ ဒါပေမယ့်လွတ်လပ် စွာပြောဆိုခွင့်ဆိုတာ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြောတာမျိုး၊အကျိုးရှိရှိ ၊မရှိရှိ ပြော တာမျိုးဟာ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ကိုဖျက်ဆီးရာရောက်ပါတယ်။ မဟုတ်မမှန် မတရားတဲ့ စကားတွေကို ပြောဆိုခြင်းဟာလွတ်လပ်မှုကို အကျိုးမဲ့စေတယ်။ ခြုံ ပြီးပြောရရင်ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ်စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်းလွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက်တရားသဖြင့် အသုံး ပြုရတယ်။ အလွဲသုံးစားမပြုရ ၊လွတ်လပ်စွာပြောဆိုခွင့်ရဲ့ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။(ဂ)လွတ်လပ်စွာရေးသားခွင့်။ ။အသိအလိမ္မာ ၊ ဥာဏ်ပညာဟာဒီမိုကရေစီ စနစ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အသိအလိမ္မာဥာဏ်ပညာခေါင်းပါးတဲ့ ဒေသတစ်ရပ်မှာ ဒီမိုကရေစီမထွန်းကားနိုင် ၊လူတိုင်းအသိဥာဏ် ၊အဆင့်အတန်း မြင့်ဖို့လိုပါတယ်။ လမ်းမှန်ကိုစဉ်းစားနိုင်ရမယ်။ လမ်းမှန်ကို စဉ်းစားနိုင်မှ မှန်တဲ့ စကားကိုပြောနိုင်မယ်။ တရားနည်းလမ်းကျတဲ့ အလုပ်ကိုလုပ်နိုင်မယ်။ ဒါမှ လူထုဆန္ဒအမှန်ကို ဖော်ပြနိုင်မယ်။ လူထုကိုယ်စားလှယ် အစစ်အမှန်ကိုရွေးချယ်နိုင်မယ်။ ဒါကြောင့် လူထုအသိဥာဏ် တိုးတက်လာစေတဲ့ သတင်းစာ ၊ ဂျာနယ်၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုတယ်။ အဲဒီရေးသားထုတ်ဝေခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာ တိမ်မြုပ်သွားနိုင်တယ်။လူထုဆန္ဒ ဟာလည်း တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ စာရေးဆရာ ၊ သတင်းစာဆရာများကလည်း လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပြီး ကလောင်သွားသမျှ လက်လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါးလိုက်စားရေးတာမျိုး မပြုအပ်ပါ။ ပြည်သူလူထုအကျိုးရှိမယ့် အကြောင်းအရာတွေ သာမကွယ်မထောင့် ၀ံ့ဝံ့စားစား ရေးရပါမယ်။ ပါတီနိုင်ငံရေးခေတ်မျိုးတွင် ပါတီသံယောဇဉ်ထားပြီး မလိုတစ်မျိုး ၊လိုတစ်မျိုး မရေးသင့်ဘူး ။သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။(ဃ) လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်။ ။ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်သာမကလွတ်လပ်စွာနေထိုင်သွားလာ လုပ်ကိုင်စားသောက် ခွင့်ရှိသည်။ နိုင်ငံတော်၏ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကိုမဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်းလုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက်လူတိုင်းလိုက်နာရတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာစီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကိုသက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေမဲ့လုပ်ပိုင်ခွင့်မရှိကြဘူး။(င)လူထုဆန္ဒ။ ။များရာနိုင်တိုင်း မှန်သလား၊လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဥာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ်စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကိုပေါက်ရောက်မယ်မဟုတ်ဘူး ။ဒီမိုကရေစီနဲ့ ပိုလို့ပင်အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘ၀လိုအပ်ချက်များရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဥာဏ်ပညာအဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ဘ၀မှာ မှန်ကန်စွာ ကျင့်သုံးလာနိုင်မယ် ဖြစ်ပါတယ်။ဒီမိုကရေစီ၏ ဖြစ်စဉ်ကို အကျဉ်းချုပ်လေ့လာမည်ဆိုလျှင် လွန်ခဲ့သည့်ဘီစီ (၇၅၀)ခန့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုမြို့ပြနိုင်ငံများတွင် အရွယ်ရောက် သည့် နိုင်ငံသားတိုင်းတိုက်ရိုက်စုပေါင်းဆွေးနွေးဆုံးဖြတ်သည့် စနစ်ဖြစ်ပါသည်။ ထိုခေတ်တွင်အေသင်နိုင်ငံ ငယ်သည် ဒီမိုကရေစီစနစ် အထွန်းကားဆုံးဖြစ်သည်ဟု ဆိုပါသည်။အေသင်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ဒီမိုကရေစီစနစ်ဟု ခေါ်ပါသည်။အဘယ်ကြောင့်ဆိုသော် အေသင်မြို့သူ ၊မြို့သားအားလုံးသည်ကျယ်ဝန်းသည့်တစ်နေရာတွင် စုရုံးတွေ့ဆုံပြီး မဲပေးဆုံးဖြတ်သည့်စနစ်ကြောင့်ဖြစ်ပါသည်။ ထိုဂရိမြို့ပြ နိုင်ငံများတွင် ဒီမိုကရေစီထွန်းကားသည့် ကာလမှာကျေးပိုင်ကျွန်ပိုင်ခေတ် အဆင့်သာရှိပါသည်။ ထိုကာလ တွင်ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကျွန်ပိုင်ရှင်များသာ ခံစားခွင့်ရှိပါသည်။(ကျေးကျွန်များတွင် ဒီမိုကရေစီ မရှိပါ) လူတိုင်းတူညီသည့် အခွင့်အရေးမရရှိခဲ့ကြပါ။ ဤအပေါ်အကြောင်းပြု၍ ဒီမိုကရေစီသဘောတရားကိုအနောက်ဥရောပနိုင်ငံများက လက်တွေ့ဘ၀နှင့် ပေါင်းစပ်ပြီးအဆင့်ဆင့်ထူထောင်ကျင့်သုံးလာခဲ့ခြင်း ဖြစ် ပါသည်။ ယနေ့ ဒီမိုကရေစီနှင့်ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီတို့သည်လွန်စွာခြားနားပါသည်။ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည်ပြည်သူတို့အုပ်ချုပ်သော အစိုးရဖြစ်ပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည်အခြေခံအကျဆုံးဖြစ်၍ အများဆုံးအသုံးပြုကြပါသည်။ ထိုအဓိပ္ပါယ်ကိုအဓိကပြင်ဆင်ချက်အနေဖြင့် နိုင်ငံများအနေဖြင့် အုပ်ချုပ်မှုကိုဆောင်ရွက်ကြရာတွင် ပြည်သူ တို့က တိုက်ရိုက်မလုပ်ဆောင်ကြဘဲ ပြည်သူတို့ကလွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့်ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်များက အုပ်ချုပ်မှုကိုလုပ်ဆောင်ကြသည်ဟု ဖွင့်ဆိုနိုင် သည်။ အချုပ်မှာ ပြည်သူတို့ကလွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များကဆောင်ရွက်ကြသော အုပ်ချုပ်မှုသာလျှင်ဖြစ်ပေသည်။ အကောင်းဆုံး ၊စံအမြင့်ဆုံးဒီမိုကရေစီအုပ်ချုပ်ရေး သည် အားလုံးသောပြည်သူတို့၏ အကြိုက်ကိုလိုက်၍ဆောင်ရွက်သည်ဟု ဆိုရပေမည်။ ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့်အုပ်ချုပ်သောအစိုးရဟူ၍ မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ သို့သော်ထိုအဖြစ်မျိုးကို အမြင့်ဆုံးစံအဖြစ်ထား၍ ထိုစံကို မီနိုင်သ၍မီရန်ဒီမိုကရေစီအစိုးရများ မည်မျှဒီမိုကရေစီ အနှစ်သာရကိုဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာ၌ အောင်မြင်မှုအတိုင်းအတာသည် လွယ်ကူစွာခန့်မှန်း၍မရနိုင်ပေ။ မည်ရွေ့မည်မျှ အောင်မြင်သည်ဟူ၍ တိုင်းတာနိုင်ရန်အချက်သုံးချက် ရှိသည်။ ယင်း တို့သည် အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊မည်မျှကြာရှည်ခံသည်ဟူ၍လည်းကောင်း ၊ရွေးကောက်ပွဲတွင် ပြည်သူတို့မည်မျှစိတ်ဝေင်စားစွာ မဲပေးကြသည်ဟူ၍လည်းကောင်း ၊ ရွေးကောက်ပွဲမှာဖြစ်စေ ၊အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်းဟုလည်းကောင်းဖြစ်ပေသည်။ အတော်အသင့် ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီမျိုးသည်အောက်ပါအာမခံချက် ရှစ်ချက်ရှိနေမှသာ တည်မြဲနိုင်ပေ မည်။အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင် ခွင့် ။လွတ်လပ်စွာ မိမိ၏အာဘော်ကို ဖော်ပြနိုင်ခွင့် ။ လွတ်လပ်စွာ မဲပေးနိုင်ခွင့် ။ပြည်သူ့ဝန်ထမ်းရာထူးအတွက် အရွေးခံနိုင်ခွင့်။နိုင်ငံရေးခေါင်းဆောင်တို့အဖို့ မိမိ၏ပါတီကို ပြည်သူတို့ ထောက်ခံမဲပေး စေရန် အပြိုင်အဆိုင် မဲဆွယ်ခွင့် ။သတင်းများကို အစိုးရဌာနများမှအပ အခြားဌာနများထံမှ ရနိုင်ခွင့် ။လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခွင့် ။အစိုးရမူဝါဒများကို ပြဌာန်းမည့်အဖွဲ့အစည်းများ၏ မဲဆန္ဒနှင့် အခြားဆန္ဒ များပေါ်တွင် တည်ရှိနိုင်ခွင့် တို့ဖြစ်သည်။powered by google sites
Categories: Feature Blogs

Pages

Subscribe to mandalar.net aggregator - Feature Blogs