You are here

Myanmar News

တရုတ်နဂါး၏ အရင်းအမြစ် ရှာပုံတော်

Thit Htoo Lwin - Mon, 05/20/2013 - 08:14
၂၀၀၇ ခုနှစ် နွေရာသီ တစ်ခုမှာ ပီရူးနိုင်ငံ၏ တောင်တစ်လုံးကို တရုတ် ကုမ္ပဏီတစ်ခုက ၀ယ်ယူခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ကြီး၏ တစ်ဝက်ခန့်မြင့်မားသည့် တိုရိုမိုချိုတောင်ကြီးမှာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိသည့် ကြေးနီသိုက်ကြီး တစ်ခု ရှိနေခဲ့သည်။ ညှိနှိုင်းဈေးဖြစ်သည့် အမေရိကန်ဒေါ်လာ သုံးဘီလီယံကို တရုတ်ကုမ္ပဏီ ချင်နာကိုက ပေးချေပြီးသည့်အခါ တိုရိုမိုချိုတောင်ကြီးကို ပီရူးနိုင်ငံသားများ ဆုံးရှုံးလိုက်ရပါသည်။ တရုတ်နဂါး၏အနာဂတ်အတွက် အရင်းအမြစ်ရှာဖွေစုဆောင်းမှုစီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှာရှိသည့် သဘာဝအရင်းအမြစ်များ ရှားပါးလာမှုနှင့် အနာဂတ် ပြဿနာကို ရင်ဆိုင်ဖို့အတွက် စီးပွားရေးအရရော နိုင်ငံရေးအရပါ အပတ်တကုတ် ကြိုးပမ်းပြင်ဆင်မှုများ အပြုလုပ်နေဆုံး နိုင်ငံဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တုများအပါအ၀င် အစားအသောက်၊ သောက်သုံးရေနှင့် စိုက်ပျိုးမြေများအထိ အနာဂတ်နှစ်ပေါင်းများစွာမှာ လုံခြုံစေဖို့အတွက် တရုတ်တို့ ပြင်ဆင်နေကြသည်။လျှပ်စစ်လုပ်ငန်းများအတွက် ၀ိုင်ယာနှင့် ကေဘယ်လ်ကြိုးများ၊ အပူအအေးပေးစနစ်များအတွက် ပိုက်လိုင်းများ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်များမှစ၍ မိုဘိုင်းဖုန်းများနှင့် စက်မှုလုပ်ငန်းအသီးသီးမှာ မရှိမဖြစ်အရေးပါသည့် “ကြေးနီ”ကတော့ တရုတ်တို့ ရှာဖွေစုဆောင်းနေသည့် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုဖြစ်သည်။တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူလတ်တန်းစားအရေအတွက် အဆမတန်များပြားလာမှုကြောင့် တရုတ်တို့၏ ဇိမ်ခံဘ၀များမှာ ကြေးနီက အရေးပါလာ သလို နိုင်ငံတကာကို သူတို့တင်ပို့ ရောင်းချသည့် ကုန်ပစ္စည်းများမှာလည်း ကြေးနီသုံးစွဲမှုမှာ တစ်ကမ္ဘာ လုံးသုံးစွဲမှု၏ ၂၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်မှာ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တကယ်တော့ တရုတ်နိုင်ငံသည် ကြေးနီထွက်သည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ကမ္ဘာပေါ်မှာရှိသည့် မတူးဖော်ရသေးသော ကြေးနီသိုက်များ၏ ၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် ရှိနေသည်။ သို့သော် တစ်နှစ် လျှင် ကြေးနီသုံးစွဲမှုနှုန်း ၆ ရာခိုင်နှုန်း မှန်မှန်တက်လာနေသည့် တရုတ်၏ လိုအပ်ဆနအတွက်တော့ ဆင့်ပါး စပ်နှမ်းပက်သလိုပါ။အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာန၏ “သက္က ရာဇ် ၂၀၂၀ အနာဂတ်ကမ္ဘာ့ကုန်ပစ္စည်းများ ဟန်ချက်မညီမျှမှု” စစ်တမ်းအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကြေးနီ လိုအပ်ချက်သည် ထုတ်လုပ် နိုင်သည့်အားထက် တစ်ဆပိုများလာမည် ဖြစ်သည်။ ယခုတွေ့ရှိချက်ကို တရုတ်တို့ ဖတ်ရှုပြီးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပါ။တရုတ်နိုင်ငံမှာ ကြေးနီအပြင် အခြားဖိအားများစွာရှိသည်။ မြို့ကြီးပြကြီးများ ထွန်းကားလာမှုကလည်းစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တုန်းကပင် တရုတ်နိုင်ငံမှာ လူဦးရေတစ်သန်းကျော်သည့် မြို့ကြီးပေါင်း ၄၀ ရှိနေခဲ့သည်။ လာမည့် ၂၀၂၀ မှာတော့ လူဦး ရေတစ်သန်းကျော်ရှိသည့် မြို့ကြီးပေါင်း ၂၂၅ မြို့အထိ ရှိလာမည်ဟု ရည်မှန်းကြသည်။ မက်ဂင်ဆေးဂလိုဘယ်လ် အင်စတီကျူဒ် အဖွဲ့ကြီး၏ ခန့်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ လူဦးရေစုစု ပေါင်း၏ ၆၄ ရာခိုင်နှုန်းဖြစ်သည့်သန်း ၄၀၀ သော ပြည်သူများသည် မြို့ကြီးများတွင် နေထိုင်ကြမည်ဟု ဆိုသည်။ စွမ်းအင်နှင့် အခြားလိုအပ်ချက်များအပြင် အစားအသောက်အတွက်ပါ တရုတ်တို့ အပတ်တကုတ် ပြင်ဆင်လာကြသည်။မြို့ပြဖွံ့ဖြိုးလာမှုနှင့် စက်မှုလုပ်ငန်းများက စိုက်ပျိုးမြေဧကများကို လျော့နည်းလာစေမှုကြောင့် အစားအသောက် ပြဿနာကို ရေရှည်ဖြေရှင်းဖို့အတွက် တရုတ်တို့ကြိုးပမ်းနေကြသည်။ကမ္ဘာကြီး၏ မျက်နှာပြင်မှာ ၂၉ ရာခိုင်နှုန်းကသာ မြေမျက်နှာပြင်ဖြစ်ပြီး ထိုမြေမျက်နှာပြင်၏ ၁၁ ရာခိုင်နှုန်းကသာ စိုက်ပျိုးနိုင်သောမြေ ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ကြီးကဆိုသည်။ လူဦးရေအဆမတန်များပြားလာမှုက စားနပ်ရိက္ခာ လိုအပ်ချက်ကို ကြီးမားသည့်ဖိအား ဖြစ်လာသည့်အနက် တရုတ်နိုင်ငံ က အဆိုးရွားဆုံးဖြစ်ပါသည်။ ၁ ဒသမ ၃ ဘီလီယံလူဦးရေရှိသည့် တရုတ်နိုင်ငံ၏ မြေမျက်နှာပြင်မှာ ၁၂ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်သည့် မြေဖြစ်ပါသည်။လူဦးရေမတိမ်းမ ယိမ်းရှိလာနေသည့် အိန္ဒိယနိုင်ငံ သည် စိုက်ပျိုးနိုင်သည့် မြေ ၅၀ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် တရုတ်ထက်အပြတ်အသတ်သာသည်။ထို့အပြင် တရုတ်နိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကို စိုက်ပျိုးမြေဟက်တာပေါင်းတစ်သန်းခန့် ဆုံးရှုံးနေသည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။ မိမိနိုင်ငံမှာ စားနပ်ရိက္ခာကို လုံလောက်အောင် မထုတ်နိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းမှာ မြေယာများကို ၀ယ်ယူငှားရမ်းဖို့အတွက် တရုတ်တို့ ကြိုးပမ်းခဲ့ကြသည်။ ကွန်ဂို၊ မိုဇမ်းဘစ်၊ တန်ဇန်းနီးယား၊ ဇင်ဘာတွေစသည့် အာဖရိကတိုက်နိုင်ငံများ အပါအ၀င် တောင်အမေရိကတိုက်အထိ နှစ်ရှည်မြေ၀ယ်ယူငှားရမ်းမှုများ ပြုလုပ်ခဲ့ကြသည်။တရုတ်တို့၏ စိုးရိမ်ပူပန်မှုမှာ စားနပ်ရိက္ခာအပြင် ရေကလည်း အဓိကကျသည်။ တရုတ်နိုင်ငံရှိ မြစ်များနှင့် ရေအရင်းအမြစ်များတည်ရှိမှုမှာ တကယ်လိုအပ်သည့်နေရာ များနှင့် ကွာဟမှုများရှိနေသည်။ လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က တရုတ် နိုင်ငံ၏ မြို့ကြီးပေါင်း ၆၆၉ မြို့၏ ၆၀ ရာခိုင်နှုန်းသည် ရေပြတ်တောက်မှုနှင့် ကြုံခဲ့ရဖူးသည်။ နိုင်ငံတကာရေ အရင်းအမြစ်ပညာရှင်များက ရေသည် ကမ္ဘာ့အနာဂတ်ပဋိပက္ခများအတွက် အဓိကကျသည့် အကြောင်း တရားတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းလာကြသည်။သဘာဝအရင်းအမြစ်များကို အပြင်းအထန်လိုအပ်နေသည့် တရုတ်နိုင်ငံ၏ အိမ်နီးနားချင်းအနေဖြင့်ကျွန်တော်တို့အတွက် အ ကောင်းအဆိုးဒွန်တွဲသည့် အနာဂတ်တည်ရှိနေသည်။ စနစ်ကျမှန်ကန်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ပွင့်လင်းမြင်သာသည့် သဘာဝအ ရင်းအမြစ်စီမံခန့်ခွဲမှုတို့ လိုအပ်သည်။ မည်သည့်အခါမျှ ပြည်သူ လူထုကို အစီရင်မခံခဲ့သည့် အစိုးရဟောင်းများ၏ သဘာဝအရင်းအ မြစ်ရောင်းချမှုများက မြန်မာ့လူ့အဖွဲ့အစည်းတွင် နှစ်ရှည်ဆိုးမွေများ ချန်ရစ်ခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်းဆက်ဆံရေး မပျက်ပြယ်ဘဲ ကိုယ့်နိုင်ငံ၏ အရင်းအမြစ်များကို နောင် အနာဂတ်မျိုးဆက်များအတွက် ချန်ထားရစ်နိုင်ဖို့ ကြိုးပမ်းကြရ မည်။ နိုင်ငံတစ်နိုင်ငံ၏ သဘာဝ အရင်းအမြစ်များသည် လက်ရှိမျိုး ဆက်တစ်ခုတည်းနှင့်သာ သက်ဆိုင် သည်မဟုတ်ဘဲ အနာဂတ်မျိုးဆက် များပါ ပိုင်ဆိုင်ကြောင်း အားလုံးအသိအမှတ်ပြုဖို့ လိုအပ်သည်။ကျွန်တော်တို့အိမ်၏ ကပ်လျက်အိမ်နီးချင်းသည် ဆာလောင်မွတ်သိပ်နေသော နဂါးကြီးတစ်ကောင်ဖြစ်သည်ကို သတိရဖို့လိုအပ်ပါသည်။ရေးသားသူ- ရဲမိုး - 7Day News Journal http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

သီလ၀ါဇုန်ရှိ မြေသိမ်းခံရသူများအား နိုင်ငံတကာစံနှုန်းအတိုင်း လျော်မည်

Thit Htoo Lwin - Mon, 05/20/2013 - 08:02
သီလ၀ါ အထူး စီးပွားရေး ဇုန်တွင် အသိမ်းခံ ထားရသော လယ်မြေများအား နိုင်ငံတကာ စံနှုန်းအတိုင်း ရရှိရန် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု သီလ၀ါ အထူးစီးပွားရေး ဇုန်အား တာဝန်ယူ ဆောင်ရွက်နေသော အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ပဒူတုပ်၍ သေဆုံးမှု ရှိလာသဖြင့် ဆေးဖျန်းရန် စည်ပင်အသင့်ရှိဟုဆို

Thit Htoo Lwin - Mon, 05/20/2013 - 07:55
ရန်ကုန်မြို့တွက် ငါးရက်အတွင်း ပဒူတုပ်၍ လူတစ်ဦးသေဆုံးပြီး လေးဦး ဆေးရုံတင်ခဲ့ရ ပြီးနောက် ပဒူသတင်းရပါက ပိုးသတ်ဆေးဖျန်း ရှင်းလင်းနိုင်ရန် အဆင်သင့် ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ အရာရှိတစ်ဦးက ပြောသည်။ “အခုထိတော့ သက်ဆိုင်ရာ ဆေးရုံတွေက ကျွန်တော်တို့ဌာနကို ပဒူတုပ်လို့ သေဆုံးတယ်လို့ အကြောင်း မကြားသေးပါဘူး။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ရခိုင်ပြည် လူဦးရေစာရင်း ကောက်ယူရာတွင် ရုန်းရင်းဆန်ခတ်မှု တရားစွဲမည်

Thit Htoo Lwin - Mon, 05/20/2013 - 07:25
ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်မှာ စီမံချက်တရပ်ချမှတ်ပြီး လူဦးရေစာရင်း စတင်ကောက်ယူတဲ့နေ့မှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်လို့ စီမံချက်ရပ်ထားရပြီးနောက် ဖမ်းဆီးထားတဲ့ မွတ်စလင် ၉ ဦးကို မေ ၂၆ ရက်နေ့ ရုံးတင်တော့မယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ဆွဲတင်စစ် စီမံကိန်းဖြစ်တဲ့ လူဦးရေစာရင်းကို ကောက်ယူတဲ့ ဧပြီ ၂၆ နေ့မှာပဲ ပြဿနာဖြစ်ခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။ ဆွဲ ဆိုတာက မြေပြင်အခြေအနေကို မြေပုံဆွဲ၊ တင် ဆိုတာက မှတ်တမ်းတင်၊ စစ် ဆိုတာကတော့ စစ်ဆေး ဆိုတဲ့အပိုင်းဖြစ်တယ်။ဧပြီ ၂၆ ရက်မှာ စစ်တွေမြို့ သက်ကယ်ပြင်နဲ့ ဗောလုဝ ဒုက္ခသည်စခန်းတွေကို ၀င်ရောက်ပြီး လူဦးရေစာရင်းကောက်ယူရာမှာ ရိုဟင်ဂျာအဖြစ်သာ ဖြည့်သွင်းပေးဖို့ ဒုက္ခသည်တွေက တုံ့ပြန်တာကြောင့် တဖက်နဲ့တဖက် အဓိကရုန်းဆန်ဆန်ဖြစ်ခဲ့ပြီး အော်ဟစ် ခဲနဲ့ပစ်ပေါက်ခံခဲ့ရတဲ့အတွက် သေနတ်ဖောက် လူစုခွဲခဲ့ကြပါတယ်။အဲဒီနောက် သက်ကယ်ပြင်စခန်းက ၇ ဦးနဲ့ ဗောလုဝစခန်းက ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတာပါ။ ဖမ်းဆီးထားသူ ၉ ဦးကို မေ ၂၆ ရက်နေ့မှာ တရားရုံးတင်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးအရာရှိလည်းဖြစ် ပြည်နယ်ဥပဒေချုပ်လည်းဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။“မေလ ၂၆ ရက်နေ့မှာ ရုံးတင်တရားစွဲသွားမှာဖြစ်ပါတယ်။ အရေးယူထားတဲ့ ပုဒ်မကတော့ လူစုလူဝေးနဲ့အကြမ်းဖက်တယ်ဆိုတဲ့ပုဒ်မ ၁၄၈၊ နောက် ပြည်သူ့ဝန်ထမ်းအလုပ်ကို ဥပဒေနဲ့လုပ်တာကို နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၃၃ ပါပါတယ်။ အဲမှာကြားကြမှာပါ။ တပ်မတော်သားတယောက် ခေါင်းထိခိုက်နာကျင်ပြီး ဆေးရုံတက်ရောက် ကုသရတယ်။ နောက် ဖြစ်စဉ်ဖြစ်တုန်းကလည်း ၂၆၊ ၂၇ အင်တာနက်တွေမှာ သတင်းတွေ တက်ပြီးဖြစ်တယ်။ အဲမှာတချို့ဝန်ထမ်းတွေက သက်ဆိုင်ရာကို ဖုန်းနဲ့အကြောင်းကြားတဲ့ပုံတွေမှာ ဖုန်းလုယူတာတွေ ရှိတဲ့အတွက် လုယက်မှု ၃၈၂ လည်းပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး တာဝန်မထမ်းဆောင်ရဲတော့အောင်၊ လတ်တလောအန္တရာယ်ကျအောင် မင်းတို့ကိုလုပ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ ပြည်သူ့ဝန်ထမ်းတွေ ကြောက်ရွံ့သွားလို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆၊ ဒါတွေနဲ့ အရေးယူထားတယ်။”ဖမ်းဆီးခံရသူတွေကတော့ သက်ကယ်ပြင်ကျေးရွာက ရပ်မိရပ်ဖ ဦးကျော်မြင့်နဲ့ သား ကိုလှမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ အရန်မီးသတ်ဗိုလ် ဦးစံနှင်း၊ ရပ်မိရပ်ဖ ဦးဘသာ၊ ပြဿနာစဖြစ်တဲ့အိမ်က ဒေါ်ဆိုလီမာခါတွန်နဲ့ သား ကိုစောလင်း၊ ဗောလုဝစခန်းက ကိုဇော်မင်းနဲ့ ကိုအာမီရားမန်းတို့ ဖြစ်ပါတယ်။သက်ကယ်ပြင်နဲ့ ဗောလုဝဒုက္ခသည်စခန်းတွေကို မေးမြန်းရာမှာ ဖမ်းဆီးခံရသူတွေအတွက် သတင်းအချက်အလက် မရကြောင်းနဲ့ ရန်ကုန်က ဆွေမျိုးတွေကတာ့ ရှေ့နေလိုက်ပါနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖြေဆိုပါတယ်။“သက်ကယ်ပြင်ကလူတွေ ဘယ်သူမှသွားတွေ့ခွင့်မရှိဘူး။ ထမင်းပို့လို့မရဘူး။ သူတို့ဘယ်လို ထားတယ်၊ နေထိုင်နေတယ်ဆိုတာလည်း သတင်းအစအန မရှိဘူး။ ရန်ကုန်က ရှေ့နေငှားပေးမယ်တော့ ပြောတယ်၊ ရောက် မရောက် မသိရသေးပါဘူး။”ဦးလှသိန်းကတော့ ဒီစီမံချက်ဟာ ရခိုင်ပြည်နယ်တ၀န်းမှာ လူဦးရေ စာရင်းကောက်ယူဖို့ အဖွဲ့ ၆၃ ဖွဲ့နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူတာ မဟုတ်တဲ့အကြောင်းနဲ့ ရခိုင်အစီရင်ခံစာပါအချက်တွေကို အကောင်အထည်ဖော်တာဖြစ်ကြောင်း ရှင်းပြပါတယ်။“စီမံချက်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီဒေသမှာ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ တရားဝင်၊ တရားမ၀င် ဘယ်လောက်ရှိသလဲ။ နောက် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း။ ဒါဟာ ကျနော်တို့ ပြန်လည်နေရာချထားရာမှာ အထောက်အကူပြုအောင် ကောက်တဲ့စာရင်းပါ။ ဒါ သန်းခေါင်စာရင်း ကောက်တာ မဟုတ်ဘူး။ ရှေ့ပြေးသန်းခေါင်စာရင်းလည်း မဟုတ်ဘူး။ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာထုတ်ရာမှာ လူထုကို ပြန်လည်နေရာချထားဖို့ လိုတယ်။ အသက်မွေးဝမ်းကြောင်း လုပ်မယ့် လူတွေကို ထူထောင်ပေးရမယ်ဆိုတော့ ကျနော်တို့က ကြည့်ရတော့မယ်။ သူက တံငါလား တံငါဆို လှေပေးမယ်။ ပိုက်ပေးသင့်သူပေးမယ်၊ ကွန်ပေးသင့်သူပေးမယ်။ လယ်လုပ်မယ့်သူဆိုရင်လည်း ၅ ဧကရှိလား၊ ၅ ဧက ရှိသူဆို လက်တွန်းလယ်ထွန်စက်လိုသလား၊ နွားလိုသလား။ မျိုးစပါးလိုသလား၊ ဒါတွေ ရည်ရွယ်ကောက်တာပါ။ မကောက်ခင်လည်း ဒီလိုကောက်မယ်ဆိုတာကို ရှင်းလင်းပြောပြတယ်။ နောက် ဘယ်လိုဖြစ်ပြီး နားလည်မှုတွေလွဲသလဲမသိဘူး၊ သွားကောက်တဲ့နေ့မှာပဲ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ စီမံချက်ကို ရပ်ထားပါတယ်။”ဆွဲတင်စစ်စီမံချက်ကိုတော့ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။အစိုးရက ဧပြီ ၂၄ ရက်နေ့က ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အစည်းအဝေးကနေ ဆွဲတင်စစ်လို့ အမည်ပေးထားတဲ့ လူဦးရေ စာရင်းကောက်ယူတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ by ​အေး​နိုင် (ဒီဗွီဘီ) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

အလုပ်ရှင်များကို ထိရောက်စွာ အရေးယူသည့် ဥပေဒပြဋ္ဌာန်းရန်လို

Thit Htoo Lwin - Mon, 05/20/2013 - 07:23
တော်ဝင် သစ်အချောထည်စက်ရုံ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုတာဟာ တဖက်သတ် ဆန်နေပြီး အလုပ်ရှင်တွေကို ထိရောက်စွာရေးယူတဲ့ ဥပေဒပြဋ္ဌာန်းဖို့ လိုတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတွေက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားတွေကို အာဏာပိုင်တွေက ဖမ်းဆီးတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဒီအလုပ်သမားတွေဟာ မိမိအခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်ရာမှာ အလုပ်ရှင်ဘက်က လိုက်ရောမှုမရှိတဲ့အတွက် ပဋိပက္ခဖြစ်ရာကနေ ဖမ်းဆီးခံရတာဖြစ်ပြီး ဒါဟာ တဖက်သတ်ဖြစ်တယ်လို့ အလုပ်သမားရေးရာဆောင်ရွက်ပေးသူ ကိုကျော်မင်းက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမား မိသားစုတွေလည်း အခက်အခဲတွေရင်ဆိုင်နေတယ်လို့ ပြောပါတယ်။ “အလုပ်သမားတွေက ဥပဒေအရတောင်းဆိုမှုတွေ ရှိခဲ့တယ်။ နစ်နာခဲ့တယ်။ အခုနောက်ဆုံး ဖမ်းဆီးခံရတဲ့အထိ ဖြစ်ခဲ့တယ်။ ဥပဒေက တဖက်သတ်ပေါ့။ မိသားစုတွေလည်း အရမ်းစိုးရိမ် ကြောင့်ကြနေကြတယ်။ သားသမီးတွေကို ဘယ်မှာသွားထားရမလဲ၊ ရဲစခန်းမှာ အပ်ရမလား။ အဲလိုအခြေအနေမျိုးထိ မေးလာတာမျိုး ဖြစ်လာတယ်။ ဒီကလေးတွေ မရှိဘဲ စားဝတ်နေရေးကို မိသားစုတွေ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မေးလာကြတယ်။ ပြဿနာအများကြီးအပေါ်မှာ ဥပဒေရဲ့တဖက်သတ်ကြောင့် အလုပ်သမားတွေ အရမ်းနစ်နာနေပါတယ်။” တော်ဝင်သစ်အချောထည်အလုပ်သမားတွေက သူတို့ရဲ့ အခွင့်အရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန် လောက်ကတည်းက ဆန္ဒပြကြတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ အလုပ်သမား ၁၀ ဦး အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရက်ကြာလာတဲ့အတွက် ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပေမယ့် မရတဲ့အတွက် မြို့နယ်တာဝန်ရှိသူတွေက ညှိနှိုင်းပြီး သဘောတူညီစာချုပ်တွေ ချုပ်ဆိုပေမယ့် အလုပ်ရှင်ဘက်က ချိုးဖောက်ခဲ့တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့  အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောပါတယ်။ ဒီကနေတဆင့် ခုံသမာဓိကို တက်ပြီး ခုံသမာဓိကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင် ဦးကိုကိုထွေးက မလိုက်နာဘဲ တရားလွှတ်တော်ချူပ်ကို တင်ပြခဲ့တဲ့အတွက် အချိန် ၃ လစောင့်ဆိုင်းခဲ့ရပါတယ်။ ဒီကြားကာလမှာ အလုပ်သမားညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီးနောက် အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ပေမယ့် မပြေလည်မှုတွေ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်က အလုပ်သမားတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့အတွက် အလုပ်သမားတွေ အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒီလိုအလုပ်သမားနဲ့ အလုပ်ရှင်တွေအကြား သဘောတူညီမှုတွေရှိတဲ့ကြားက အလုပ်ရှင်က မလိုက်နာမှုမှာ အလုပ်ရှင်တွေကို ထိထိရောက်ရောက် အရေးယူတဲ့ ဥပဒေမရှိသေးဘူးလို့  ဒေါ်သက်သက်အောင်က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့ခွင့်တွေကို ၂၀၁၁ အောက်တိုဘာ ၁၁ ရက်နေ့မှာ တရားဝင်ချမှတ်ပြီး ဖွဲ့စည်းခွင့်တွေ ပေးလိုက်သော်လည်းပဲ အလုပ်ရှင်တွေဘက်ကနေ နည်းမျိုးစုံနဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေ ရှိလာတယ်။ ဒါတွေကို အစိုးရဘက်က ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိဘူး။ တော်ဝင်အလုပ်သမားတွေကိစ္စမှာလည်း အလုပ်ရှင်နဲ့အလုပ်သမား ညှိနှိုင်းမှုတွေလုပ်တယ်။ မြို့နယ်ညှိနှိုင်းရေးရုံးမှာလည်း သဘောတူစာချုပ် ချုပ်တယ်။ ဖောက်ဖျက်တယ်။ ခုံသမာဓိကောင်စီက ဆုံးဖြတ်တယ်။ မလိုက်နာဘူး။ ဒီလိုအဆင့်ဆင့်တွေကို မလိုက်နာတဲ့ အလုပ်ရှင်တွေကိုတော့ ထိရောက်တဲ့ အရေးယူမှုတွေ ဥပဒေမှာ မပါလာဘူး။ အဲတော့ ကျမတို့အနေနဲ့ ခုံသမာဓိကောင်စီကနေ ချမှတ်လိုက်ပြီးတဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ထိရောက်စွာ အရေးယူပေးဖို့ ဥပဒေမှာ သေသေချာချာ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုမယ်။” ဖမ်းဆီးချုပ်နောင်ခံထားရတဲ့ အလုပ်သမားအတွေအတွက် တရားမျှတအောင် ကူညီဆောင်ရွက်မှာဖြစ်သလို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုအယ်လ်အို) ကိုလည်း စာတင်သွားမယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။ တော်ဝင်သစ်အချောထည်စက်ရုံ ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို  မေ ၁၄ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာချုပ်နှောင်ထားတာပါ။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့်ပုဒ်မ၊ ပိုင်နက်ကျူးကျော်မှု အစရှိတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတယ်လို့ အလုပ်သမားတွေအတွက် ရှေ့နေအဖြစ် လိုက်ပါပေးမယ့် ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။ by နော်နိုရင်း  (ဒီဗွီဘီ) မနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ပုဂံ မြစည်းခုံဘုရားတွင် ကိန်းဝပ်စံပယ်တော်မူသည့် ဆင်းတုတော်တစ်ဆူ ခိုးယူခံရ

Thit Htoo Lwin - Mon, 05/20/2013 - 07:13
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီ မြစ်နံဘေးတွင်တည်ရှိသော မြစည်းခုံ ဘုရားတွင် ကိန်းဝပ်စံ ပယ်တော်မူသည့် ဆင်းတု တော်တစ်ဆူ ခိုးယူခြင်းခံရကြောင်း ပုဂံ ရဲစခန်းမှသိရသည်။ မြစည်းခုံ ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော် ဦးဇောတိသာရသည် မေ ၁၉ ရက်ညနေပိုင်းက ဘုရားပေါ် တက်ရောက် စဉ် ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မေလ (၂၀)ရက်နေ့ ထုတ် စီးပွားရေးသတင်း ဂျာနယ် အတွဲ ၁၃ အမှတ် ၁၈

Thit Htoo Lwin - Mon, 05/20/2013 - 07:10
မေလ (၂၀)ရက်နေ့ ထုတ် စီးပွားရေးသတင်း ဂျာနယ် အတွဲ ၁၃ အမှတ် ၁၈   ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ

Thit Htoo Lwin - Mon, 05/20/2013 - 05:54
သမ္မတ ဦးသိန်းစိန်နဲ့ Voice Of America ( VOA ) မိသားစုတွေ တနင်္ဂနွေနေ့ ညနေပိုင်းက တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုရောက် ဒီမိုကရေစီအဖွဲ့အစည်းတချို့က ၀ါရှင်တန်ဒီစီ VOA ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြပွဲမှာပါဝင်သူ နိုင်ငံတကာ မြန်မာအမျိုးသားကွန်ဂရက်ဖေါင်ဒေးရှင်း (IFBNC) အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်သန်းက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ ပေါ်ပေါက်မလာသေးတဲ့အတွက် ဦးသိန်းစိန်အစိုးရကို ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။“သံဃာတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတာပါမယ်၊ မဲလိမ်မဲခိုးတဲ့အစိုးရ အလိုမရှိ၊ အတုအယောင် ဒီမိုကရေစီ အလိုမရှိ၊ ခရိုနီစီးပွားရေးစနစ်ကို ဆန့်ကျင်ကြ၊ တရားမျှတမှုရှိတဲ့ စီးပွားရေးစနစ်ကို တည်ဆောက်ကြ၊ စစ်တပ်ဦးစီးတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ဖျက်သိမ်းပစ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဒို့အရေး၊ စစ်မှန်သော ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်၊ ကြွေးကြော်သံတွေက များကြီးတော့အများကြီး”ဆန္ဒပြပွဲမှာ US Campaign for Burma အဖွဲ့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစ္စလာမ်အဖွဲ့တွေ လာရောက်ခဲ့ကြပါတယ်။RFA Burmese http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

သင်တန်းကြေးစရိတ်များ စိစစ်ညှိနှိုင်းဆောင်ရွက်ပေးပါရန်

Thit Htoo Lwin - Mon, 05/20/2013 - 05:30
သို့ဝန်ကြီးကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်နေပြည်တော်ရက်စွဲ၊ ၂ဝ၁၃ ခုနှစ် မေလ    ရက်အကြောင်းအရာ။    ။ သင်တန်းကြေးစရိတ်များ စိစစ်ညှိနှိုင်းဆောင်ရွက်ပေးပါရန်အထက် အကြောင်းအရာပါ ကိစ္စနှင့် စပ်လျဉ်း၍ ကယားပြည်နယ် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းတွင် သူနာပြုနှင့် သားဖွား ဒီပလိုမာ သင်တန်း တက်ရောက် ပညာ သင်ကြားနေကြသော သင်တန်း သား/သူများသည် သင်တန်းကြေးများ အလွန် များပြားနေခြင်း အတွက် အခက်အခဲနှင့်ကြုံတွေ့ နေရပါသည်။ အစိုးရမှ သင်တန်းသား/သူများအတွက် သင်တန်းကြေး ထောက်ပံ့ကြေးငွေမှာ လစဉ် ကျပ် ၃ဝဝ/-သာ ရရှိပြီး သင်တန်းသား/သူတစ်ဦး အမှန်တကယ် လစဉ် သင်တန်းကြေးကုန်ကျငွေမှာ ကျပ် ၅ဝဝဝ/-အထက်တွင် ကုန်ကျနေသည့်အတွက် အစိုးရထောက်ပံ့ငွေနှင့် နှိုင်းစာကြည့်ပါက ၁ဝ ဆအထက်တွင် ရှိနေ ၍ အစိုးရမှ ထောက်ပံ့ပေးနေသောသင်တန်းကျောင်းဟု ပြောဆိုရမည်ပင် ခဲယဉ်းနေပါသည်။ သင်တန်း ကြေးများပြားခြင်းတွင် သင်တန်းအုပ်ချုပ်သူဆရာမကြီးနှင့်နည်းပြဆရာမများကို သင်တန်းဆင်းသောအခါ ရွှေxnfyစ္စည်းများ ကန်တော့ရန် လစဉ် ဘဏ်ကြေးငွေများ ထည့်သွင်းရခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၏ တန်ဖိုးမှာ ကျပ် ၁ဝဝဝ/-အထက်တွင် ရှိခြင်း၊ လစဉ်အထွေထွေကြေးများ ပေးသွင်းရခြင်း၊ စာမေးပွဲကြေး များ ထည့်သွင်းရခြင်း စသည်ဖြင့် ကုန်ကျစရိတ်များ အလွန်များပြားနေပါသည်။သို့ဖြစ်ပါ၍အစိုးရမှ အထောက်အပံ့ပေးနေသောသူနာပြုနှင့်သားဖွားသင်တန်းကျောင်းအမည်နှင့်အညီ သင်တန်းသား/သူများ သက်သာချောင်လည်စွာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် စိစစ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။ကျောင်းသားမိဘတစ်ဦးဦးလောရယ်၂/လကန(နိုင်) ၁ဝဝ၃၈၇ ရှမ်းစုရပ်၊ လွိုင်ကော်မြို့မိတ္တူကို - ညွှန်ကြားရေးမှူးချုပ်၊ ဆေးသိပ္ပံပညာဦးစီးဌာန(ရုံးချုပ်)နေပြည်တော်- ညွှန်ကြားရေးမှူး၊ စီမံရေးရာဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာန(ရုံးချုပ်)နေပြည်တော်- ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ လွိုင်ကော်မြို့- ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ကယားပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ လွိုင်ကော်မြို့- ဆေးရုံအုပ်ကြီး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့- ကျောင်းအုပ်ကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ လွိုင်ကော်မြို့- လက်ခံ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ကြေးနီစီမံကိန်းနည်းတူ မြစ်ဆုံစီမံကိန်းကို စစ်ဆေးရန် တရုတ်ကုမ္ပဏီလိုလား

Thit Htoo Lwin - Mon, 05/20/2013 - 05:22
မြစ်ဆုံဆည်စီမံကိန်းကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနည်းတူ လာရောက် စစ်ဆေးစေချင်တယ်လို့ တရုတ် စီပီအိုင်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေရဲ့ မေ ၁၀ရက်ကနေ ၁၈ ရက်ထိ ၁၀ရက်ကြာ လေ့လာရေးခရီးစဉ်အတွင်း လေ့လာရေးအဖွဲ့နဲ့ တရုတ်ကုမ္ပဏီတို့ တွေ့ဆုံခိုက် ကုမ္ပဏီဘက်က အခုလို ပြောဆိုခဲ့တာဖြစ်ကြောင်း လေ့လာရေးအဖွဲ့မှာ လိုက်ပါသွားတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။အန်အယ်ဒီပါတီဝင်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ လေ့လာရေးခရီး သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ကျနော်တို့ကြားတာတခုက မြစ်ဆုံစီမံကိန်းလာလုပ်နေတဲ့ ကုမ္ပဏီနဲ့တွေ့တော့ အန်တီတို့ အဖွဲ့ကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပေးဖို့ စီမံကိန်းပြန်စချင်တယ်ဆိုတဲ့ အသံကြားရပါတယ်။ ဟုတ်ပါသလား။“ကျမတို့ကို ရှင်းပြတာက ကမ္ဘာပေါ်မှာလျှပ်စစ်ဓာတ်အားကို ရေအားကထုတ်တာက ကုန်ကျစရိတ်အသက်သာဆုံးပေါ့။ ဒီဟာ သူတို့ဘယ်လောက်ကုန်ကျထားတယ်၊ ပေးထားရတယ်။ သဘာဝပတ်ဝန်းကျင်ကို သူတို့ဘယ်လိုထိန်းသိမ်းပေးတယ်ပေါ့။ သူတို့ကိုလည်း ကြေးနီတောင်စီမံကိန်းလိုပဲ လာစစ်ဆေးစေချင်တယ်ပေါ့။ သူတို့ဘယ်လို သေသေချာချာလုပ်ပေးထားတယ်ဆိုတဲ့အကြောင်း။ သူတို့ကို လာစစ်ဆေးပြီး လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ လာစစ်ပါလားပေါ့။ ကြေးနီတောင်စီမံကိန်းကို စစ်ဆေးဖို့က အစိုးရ၊ လွှတ်တော်က ဒီအဖွဲ့ကို တာဝန်ပေးလို့ သွားစစ်တာပေါ့။ အဲလိုမျိုးရှိလားလို့ မေးတယ်။”ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြေးနီတောင်စီမံကိန်းသွားစစ်သလိုပဲ မြစ်ဆုံကိုလည်း စစ်ပေးဖို့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောလိုက်တာပေါ့။ အန်တီတို့ ဘယ်လို သဘောပြန်ကြားခဲ့ပါလဲ။“ကျမတို့က ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် သူတို့ပြောတာတွေကို ပါတီကို ပြန်တင်ပြပေးမယ်လို့ ပြောခဲ့တယ်။”ပါတီဥက္ကဋ္ဌကို ပြန်တင်ပြပြီးပါပြီလား။“ကျမတို့ ပါတီဥက္ကဋ္ဌနဲ့မတွေ့ရသေးဘူး။ ဥက္ကဋ္ဌက လွှတ်တော်တက်သွားလို့ ကျမတို့နဲ့ မဆုံရသေးပါဘူး။”တရုတ်ပြည်ခရီးစဉ်အတွင်းမှာ မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့တွေ့ရမယ်။ ကုမ္ပဏီကလည်း အလားတူ တောင်းဆိုချက်မျိုး တောင်းဆိုလာမယ်လို့ အန်တီတို့ ကြိုသိလား။ အဲရောက်မှသိတာပါလား။“မဟုတ်ဘူး။ သူတို့ ကျမတို့ကို သူတို့ရဲ့အစီအစဉ်ကို ဘေဂျင်းရောက်တော့ ချပေးတယ်။ အဲမှာ ဧရာဝတီ လျှပ်စစ်ကုမ္ပဏီပါလာတယ်။ ကျမတို့က ဒီကုမ္ပဏီကို တို့ကို ဘာလို့ပြလဲဆိုတော့ ကျမတို့က စရောက်ကတည်းက လျှပ်စစ်မီးအကြောင်း စိတ်ဝင်စားတယ်၊ မေးကြတယ်ပေါ့။ အမှန်လည်း ဟုတ်တယ်။ ကျမတို့က မီးရလား၊ မီးရလား၊ လျှပ်စစ်ဓာတ်လှေကားတွေ ဒီလောက်များတာ၊ အိမ်တွေ၊ တိုက်အထပ်တွေ ဒီလောက်အများကြီးက လျှပ်စစ်ဓာတ်လှေကားတွေသုံးတာ သုံးလို့ရလား၊ ပျက်တာတွေဘာတွေ၊ ၂၄ နာရီ မီးရလား မေးတော့ ကျမတို့က သိပ်စိတ်ဝင်စားတယ်ဆိုတာ သူတို့ သိရတယ်တဲ့။ ဒါကြောင့် သူတို့က ဒီကုမ္ပဏီနဲ့ပေးတွေ့တာပါတဲ့။ ကျမတို့ကို သူတို့ကမေးတယ်၊ ဖိတ်တယ်၊ ပေးတွေ့ချင်တယ်ဆိုတော့ ကျမတို့က တွေ့လိုက်ပါတယ်။”တရုတ်ကုမ္ပဏီရဲ့ တင်ပြချက်အပေါ် အန်တီတဦးတည်းရဲ့အမြင် ပြောပေးပါ။“ကျမတို့အမြင်ကတော့ ဧရာဝတီမြစ်ကြီးကို ဘာနဲ့မှ မလဲနိုင်ဘူးလေ။ သူတို့က ဘယ်လောက်ပဲ ရွှေထွက်နေတယ်ပဲ ပြောပြော ကျမတို့အတွက် ဧရာဝတီမြစ်ကို ဘယ်သူမှ မပေးနိုင်ဘူး။ ဘယ်လုပ်ငန်းရှင်ကိုမှလည်း မပေးနိုင်ဘူး။ ဧရာဝတီရဲ့ သဘာဝအလှကို ကျမတို့ လက်ခံထားတာပဲ။”သူတို့ကလည်း လက်ပန်းတောင်းလိုပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးကအစ၊ လျော်ကြေးပေးတာတွေကအစ စနစ်တကျ နိုင်ငံတကာအဆင့်မီ လုပ်ထားတယ်ဆိုတော့ အဲဒီအချက်တွေကိုရော ထည့်သွင်းစဉ်းစားဖို့ မကောင်းဘူးလား။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ပြန်တင်ပြသင့်တယ်လို့ မထင်ဘူးလား။“သူတို့ဘက်က ချပြတာ ကျမတို့အတွက် လက်ခံနိုင်စရာရှိတာတွေ အများကြီးရှိပါတယ်။ အရင်ဧရာဝတီမြစ်ကြီး တိမ်ကောနေတဲ့ဟာတွေ။ သူတို့ တကယ်လို့သာ ရေကာတာ ပြန်ပြီးလုပ်ပေးမယ်ဆိုရင် အဲဒီပတ်ဝန်းကျင်က ရွာတွေ သူတို့ဘက်ကအပြောပေါ့။ အဲဒါတွေကို သူတို့ ပြန်ချပြတယ်။ ရေကာတာလုပ်ပြီးတဲ့ အခြေအနေကို သူတို့က ချပြတာ။ ဘေးပတ်ဝန်းကျင်တွေ မထိတဲ့အကြောင်း။ နောက်ပြီး မြန်မာပြည်ကို သူတို့ ပေးတယ်ဆိုတာကလည်း ထွက်တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ပေးရတာ။ မြန်မာနိုင်ငံက အခုသုံးနေတဲ့ပမာဏ ၁၀ ရာခိုင်နှုန်းဆို လုံလောက်တယ်လို့ သတ်မှတ်ထားလို့ ဒီလောက်ပဲ ပေးတာ။ တကယ်လို့သာ မြန်မာပြည်က ၂၀ ရာခိုင်နှုန်းလောက်မှ လုံလောက်တယ်ဆိုရင်လည်း သူတို့က ပေးမှာပဲပေါ့။ ပိုတဲ့ဟာကိုသာ သူတို့က အသုံးချမှာဆိုပြီး ပြောတယ်။ အဲလို နားထောင်လိုက်တဲ့အခါကျတော့လည်း တကယ်တမ်း ပြန်ပြီးစိစစ်ပြီးတဲ့အခါကျရင် သုံးသပ်ရင် သုံးသပ်မှာပေါ့။ ကျမတို့ကတော့ ဧရာဝတီမြစ်ကြီးကို သံဃောဇဉ်ရှိတာကိုး။” by ရွှေအောင် (ဒီဗွီဘီ) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ပန်းဘဲတန်းမြို့နယ်တွင် ကြော်ငြာ ဆိုင်းဘုတ်မီးလောင်မှုဖြစ်ပွါး

Thit Htoo Lwin - Mon, 05/20/2013 - 04:05
၂၀.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် ဆူးလေဘုရားလမ်းထောင့်ရှိ MIKKO COFFEMIX ကြော်ငြာဆိုင်းဘုတ်အား ရန်ကုန်မြို့တော် စည်ပင်လမ်းတံတားဌာနမှ ဖျက်သိမ်းရန်အတွက် ဆိုင်းဘုတ်ကြော်ငြာသံပြား အား ဂဟေဖြင့်ဖြတ်စဉ် အပူရှိန်လွန်ကဲပြီး အလျား (၂၅)ပေ၊ အနံ(၅၀)ပေခန့်ရှိဗီနိုင်းစအား မီးစွဲလောင်ခဲ့သဖြင့် ကျောက်တံတား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၁)စီးဖြင့်ငြိမ်းသတ်ခဲ့ရာ ၁၀၁၅ အချိန်မီးငြိမ်းသွားခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/yangonpolice တွင် ဖော်ပြထားပါသည်။ သစ်ထူးလွင် ပန်းဘဲတန်းမြို့နယ်တွင် ကြော်ငြာ ဆိုင်းဘုတ်မီးလောင်မှုဖြစ်ပွါး http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ကျပ် ၁၅၀၀ တန် ဆင်းကတ်တန်းစီဖို့ လာရာက် စောင့်ဆိုင်းရင်း မူးလဲကာ သေဆုံးမှု

Thit Htoo Lwin - Mon, 05/20/2013 - 03:49
ကျပ် ၁၅၀၀ တန် ဆင်းကတ်တန်းစီဖို့ လာရာက် စောင့်ဆိုင်းရင်း မူးလဲကာ သေဆုံးမှုတစ်ခု မေလ ၂၀ရက် မနက် ၃ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပါတ်ကုန်းဝန်းကျင် ရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာ အကွက် ၇၃၃ နေ အသက် ၄၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မသေဆုံးခင် အရက်သောက်ထားကာပုရစ်ကြော်စားထားတယ်လို့ သေဆုံးသူအမျိုးသားရဲ့ ဇနီးကပြောကြောင်း ပါတ်ကုန်းဝန်ကျင်ရပ်ကွက်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။စတင်မူးလဲကျတာ မေလ ည၇ နာရီခွဲခန့်ဖြစ်ပြီး ယနေ့ မနက် ၃ နာရီခန့်မှာ သေဆုံးသွာတယ်လို့ဆိုပါတယ်။“အရက်နဲ့ ပုရစ်ကြောင့် ဦးနှောက်သွေးကြောပြတ်သွားတယ်ထင်တယ်။သူ့လက်ထဲမှာ မူးကျတုန်က ဖုန်းတန်းစီဖို့ အိမ်ထောင်စု မှတ်ပုံတင်လည်းပါတယ်။ သူဘာသူ သေဆုံးလို့ အမှုဖွင့်ထားတာမျိုးတော့မရှိပါဘူး”လို့ ပါတ်ကုန်းဝန်ကျင်ရပ်ကွက်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။The Modern News Journal မေလ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ရောင်းချပေးမယ့် ၁၅၀၀တန် တန်ဘိုးနည်း ဖုန်းများကို ၁၉ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကတည်း မျန္တလေးမြို့ပေါရှိ ရက်ကွက် အုပ်ချုပ်ရေးမှုးရုံးများမှာ တန်းစီ စောင့်ဆိုင်းနေကြတာကို အခုလို တွေ့ရှိရပါတယ်။ ရက်ကွက်ရုံးတွေမှာ စုံစမ်းမေးမြန်းကြည့်တဲ့အခါ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ချထားပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ အထက်အမိန့်အရ ရောင်းချမယ့် ပုံစံတွေလည်း ပြောင်းသွားနိုင်တယ်လို့ ဖြည့်စွက် ပြောကြားသွားပါတယ်။ (သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ) ဒီဗွီဘီ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ပဲခူးမြို့ ကလေးစစ်သားအမှု

Thit Htoo Lwin - Mon, 05/20/2013 - 03:39
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်တပ်အတွင်းသို့ ကားဆေးမှုတ်ရန် သွားရောက်ရင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် မောင်ချစ်နိုးသူ - ကိုယ်ပိုင်အမှတ် - တ/၄၇၆၄၈၆ ( မွေးသက္ကရာဇ် -၁၉၉၆ခုနှစ်) မောင်အောင်ကိုဟန်း - ကိုယ်ပိုင်အမှတ် - တ/၄၇၆၄၈၇ (မွေးသက္ကရာဇ် - ၁၃၊၂၊၁၉၉၆)တို့အား ပျောက်ပြီး ၁လကျော်အကြာတွင် ILO၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီများသို့ တိုင်ကြားသော်လည်း မေလအထိ အကြောင်းမထူးသေးကြောင်း သိရှိရပါသည်။ ၎င်းတို့အား ဦးခင်ဇော်မှ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် (၅၄၈) ခလဂ နဘူးတပ်အတွက် စစ်သားအဖြစ် စုဆောင်းခဲ့ကြောင်း မော်လမြိုင် အမှတ် (၅၂၅) ထောက်ပို့တပ်တွင် ခေတ္တခဏထားပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ အမှတ် (၁) စစ်လေ့ကျင့်ရေး ဖောင်ကြီးသင်တန်းကျောင်းတွင် ရောက်ရှိနေကြောင်း သိရပါသည်။Burma VJ Media Network မောင်ချစ်နိုးသူ - ကိုယ်ပိုင်အမှတ် - တ/၄၇၆၄၈၆ (မျှားပြထားသူ) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ဒေသန္တရအမိန့်အမှတ်(၁/၂၀၁၃)နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်(၇)ရပ်ကွက်တွင် ကြေညာချက်ထုတ်ပြန်ထား

Thit Htoo Lwin - Mon, 05/20/2013 - 03:03
ဒေသန္တရအမိန့်အမှတ်(၁/၂၀၁၃)နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ကြေညာချက် တစ်စောင်ကို မေလ (၁၈) ရက်နေ့က ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။ ထိုကြေညာချက်အရ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်ကြသူများအနေဖြင့် ကျန်းမာရေး၊ ကလေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါ ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ်နိုင်ရေး အတွက် ရေစီးရေလာ ကောင်းမွန်စေရန်၊ မိမိတို့၏ နေအိမ်ရှေ့ရှိ ရေမြောင်းများကို (၃)ပေအကျယ်၊ (၃)ပေအနက် တူးဖော်ခြင်းကို (၂၀၁၃)ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး တူးဖော်ရမည်ဖြစ်ကြောင်း သိရသည်။လိုက်နာမှုမရှိလျှင် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။SkyNet TV Browser http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မလေးရှား ခိုးသွား အဖမ်းခံရ လှေစီးသမားများကို ဘင်္ဂလာဒေခ်ျ့ ပြန်ခေါ်

Thit Htoo Lwin - Mon, 05/20/2013 - 02:49
မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စက်လှေနဲ့ ခိုးထွက်သွားပြီး သီရိလင်္ကာမှာ ဖမ်းဆီးခံထားရတဲ့ သူ့နိုင်ငံသား (၆၁) ဦးကို ဘင်္ဂလာဒေခ်ျ့အစိုးရက မေလ ၁၉ ရက်နေ့က ပြန်လည် ခေါ်ယူလာပါတယ်။ သူတို့ကို သီရိလင်္ကာ ကိုလံဘိုမြို့ကနေ လေယာဉ်နဲ့ ဒက္ကားမြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ခေါ်ဆောင်လာတာ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်မှာ ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သီရီလင်္ကာရေတပ်မှ ကယ်ဆယ်ရေး လုပ်နေစဉ်။ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

သထုံခရိုင် ဆေးရုံကြီး၌ လေးမြွှာပူး ကလေး အောင်မြင်စွာ ခွဲစိတ် မွေးဖွားနိုင်

Thit Htoo Lwin - Mon, 05/20/2013 - 02:44
မွန်ပြည်နယ် သထုံခရိုင် အထွေထွေရောဂါကု ဆေးရုံကြီး၏ သားဖွားမီးယပ်နှင့် ကလေး ကုသဆောင်၌ မေ ၁၇ ရက်က လေးမြွှာပူး ကလေးများကို နံနက် ၁၁ နာရီ ၂၅ မိနစ်မှ စတင်ကာ တစ်မိနစ်ခြားစီဖြင့် အောင်မြင်စွာ ခွဲစိတ် မွေးဖွား ပေးနိုင်ခဲ့သည်။ ယင်း ကလေးများအား --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

လူရှေ့နမ်းတာ လက်ခံသင့်လား (အသံဖိုင်)

Thit Htoo Lwin - Mon, 05/20/2013 - 02:28
လူရှေ့နမ်းတာ လက်ခံသင့်လား ။ လင်းလက်ကြယ်စင်အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

NLD မှ သတင်းပေးများအား အရေးယူသွားမည်

Thit Htoo Lwin - Mon, 05/20/2013 - 02:14
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲ မ၀င်မီကာလ အထိ ပါတီတွင်း၌ အခြားခြား သော အဖွဲ့အစည်း များ၏အသုံး ချခံ သတင်းပေး များရှိခဲ့ပြီး ယခု လက်ရှိ အခြေတွင်လည်း ရှိနေနိုင် သည့်အတွက် ယင်းသို့သော အခြား အဖွဲ့ အစည်းများ၏ အသုံး ချခံအဖြစ် ပါဝင်နေသူ၊ အဖွဲ့ အစည်းတွင်းသတင်းများ အခြား အဖွဲ့အစည်းများသို့ လျှို့ဝှက်စွာ ပေးပို့နေသူများအား ----သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ပြောင်းပြန် ဖြစ်နေသော ချိတ်ဆက်မှု

Thit Htoo Lwin - Mon, 05/20/2013 - 01:49
မြန်အောင်မြို့ သည် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတ ခရိုင် (၂၆) မြို့နယ် မှ မြို့တစ်မြို့ အပါအ၀င် အဖြစ်တည်ရှိပြီး ၊ မြို့နယ်အဆင့် နှင့် ညီသော အဂါင်္ရပ်များ နှင့် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပါသည်။ မြန်အောင်မြို့ ဆက်သွယ်ရေး နှင့် ပါတ်သက်သော ဆက်သွယ်ရေး စနစ် များလည်း ခေတ် နှင့် အညီ တပ်ဆင်ထားပြီး ဖြစ်ပါသည် ။ သို့သော် မြန်အောင်မြို့ ဆက်သွယ်ရေး ၏ မြောက်များစွာသော ချို့ယွင်းချက်များကြောင့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မြန်မာ့ မီဒီယာရှုခင်း

Thit Htoo Lwin - Mon, 05/20/2013 - 01:43
အစိုးရအသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ မီဒီယာကို ပြန်ကြားရေးဝန်ကြီး ဌာနက မည်သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက် နေသည်၊မည်သည့် တိုးတက်မှုများ ရရှိ ခံစား လာကြရသည် ဆိုသည့် အချက်တို့နှင့် ပတ် သက်၍ ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ သွားသည့် လမ်းကြောင်းဝယ် စတုတ္ထမဏ္ဍိုင် ဖြစ်သော စာပေစာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍ ကို တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ချက် နှင့် ပတ်သက်၍ မြန်မာ့ မီဒီယာရှုခင်းကို ပြန်ကြည့်လိုက်လျှင် ယခင်နှင့်မတူ တစ်မူ ထူးခြား လှပနေကြောင်း မြန်မာနိုင်ငံ၏ မီဒီယာ ရှုခင်းကိုပြန်ကြည့်လိုက်လျှင်ပန်းပေါင်းစုံဖူးပွင့်ဝေဆာ မှုများနှင့်အတူစိမ်းလန်း သာယာ လှပသစ်လွင်တောက်ပနေတာကိုမြင်တွေ့ကြရမည် ဖြစ်ပေသည်။ပြန်ကြားရေးဝန်ကြီးဌာနက စာအုပ်၊ စာစောင် ထုတ်ဝေခြင်းနျင့်ပတ်သက်၍ ၂၀-၈-၂၀၁၂ရက်နေ့မှစ၍ ယခင်ကလို စာအုပ်၊ စာစောင်သတင်း ဂျာနယ်များထုတ်ဝေ မှုကို စာပေစိစစ်တွင် တင်ပြအစစ် ဆေးခံ ရန်မလို တော့ဘဲ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို ဖျက်သိမ်းခြင်း၊ ၂၀၁၂ခုနှစ် နိုဝင်ဘာ လမှ စတင်ပြီး စာအုပ်၊ စာစောင်ပုံနှိပ်ထုတ်ဝေ ခွင့်ကိုယခင်ကကဲ့သို့လူကိုယ်တိုင် လျှောက် လွှာတင်ကာ စိစစ်မှု အချိန်ကာလတစ်ခု စောင့်ဆိုင်းပြီးမှ မိမိစာအုပ် ကိုပုံနှိပ်ထုတ်ဝေ ရရှိသည့်စနစ်မျိုးမဟုတ်တော့ဘဲ on Line မှ လျှောက်ထားပြီး လျှင်လျှင် မြန်မြန် ခွင့်ပြု ပေး နေပြီဖြစ်ရာ အလွန်လွယ်ကူ လျှင်မြန်သည့် စနစ် နှင့် အတူ ပြည်သူအတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ နှင့် ဖျော်ဖြေရေး စာအုပ်စာစောင်များကိုပုံနှိပ်ထုတ်ဝေနိုင်ခြင်းက မြန်မာ့ မီဒီယာရှုခင်း တွင် ပန်းမျိုးတစ်ထောင် ဖူးပွင်ဝေဆာအောင် မျိုးစေ့ မှသည် အပင်သန် အောင် မြေဆီသြဇာရော၊ ဥတုရာသီ ကိုပါ ညီညွတ်မျှတအောင် ဖန်တီး ဆောင်ရွက် ပေး လိုက်သဘ်ဟု ဆိုနိုင် ပါသည်။မြန်မာ့မီဒီယာရှုခင်းကို ထပ်လောင်း အားဖြည့်ပုံဖော်ပြီး သာယာလှပစေရန် နောက် ထပ်ဆောင်ရွက်ချက် တစ်ခု ကတော့ ယခင်က State Media News Paper ဖြစ်သည့် နိုင်ငံပိုင် သတင်းစာ ၃မျိုးထဲ ထုတ်ဝေပြီး အစိုးရ၏ လုပ်ဆောင်ချက် နှင့် အစိုးရနှင့် နီးစပ် သည့် သတင်း အချက်အလက် ဆိုင်ရာ များ ကိုသာအများအားဖြင့်ဖော်ပြရိုက်နှိပ် ဖြန့်ချိပေး နိုင်သည့် အခြေအနေမှ ပြည်သူ ဗဟိုပြု သတင်းအချက်အလက်များ ရေးသား ဖော်ပြ နိုင်ရန် ပြန်ကြားရေး ၀န်ကြီး ဌာနက ၁-၄-၂၀၁၃ မှစ၍ လွတ်လပ်သော ပုဂ္ဂလိက နေ့စဉ်သတင်းစာတို့ကိုထုတ်ဝေခွင့်ပြု လိုက် ခြင်းပင်ဖြစ်သည်။ယခုအခါ မြန်မာဘာ သာဖြင့် ရိုက်နှိပ်ထုတ်ဝေနေသည့် လွတ်လပ် သော ပုဂ္ဂလိက နေ့စဉ်သတင်းစာ(၂၄)စောင် နှင့် အင်္ဂလိပ်ဘာသာ ပုဂ္ဂလိက နေ့စဉ်သတင်း စာ(၂)စောင်၊ပေါင်းပုဂ္ဂလိကနေ့စဉ် သတင်းစာ (၂၆)စောင် ရိုက်နှိပ်ထုတ်ဝေကာ ပြည်သူများ ၏ လိုအပ်သည့် သတင်းအချက် အလက် တို့ကို အချိန်နှင့်တစ်ပြေးညီ အသိပေး ဖော်ပြ လျက်ရှိပေသည်။မြန်မာ့မီဒီယာရှုခင်းရဲ့ နောက်ခံ အဖြစ် ပူပြင်းခြောက်သွေ့သည့် အကျည်းတန်သော မြင်ကွင်းတို့အစား စိမ်းလန်းသည့် သစ်ပင် သစ်တောများဖြင့်ရှုချင့်စဖွယ်အားဖြည့်ဖန်တီး ပေးမှုတစ်ရပ်အနေဖြင့်လည်းယခင်ကချမှတ်ခဲ့သော တင်းကြပ် သည့် မီဒီယာ ဥပဒေ ပုဒ်မ တို့ကို ရုတ်သိမ်းစေကာ ခေတ်စနစ် နှင့် အညီ၊ နိုင်ငံတကာ မီဒီယာဥပဒေနှင့်အညီ၊ ပြည်သူ ဗဟိုပြုသော၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး သော မီဒီယာဥပဒေများ ပြဌာန်း သတ်မှတ် ပေးနိုင်ရေး အတွက် ပြန်ကြားရေး ၀န်ကြီးဌာန နှင့် စာနယ်ဇင်းကောင်စီ Press Council တို့ ညှိနှိုင်း ပေါင်းစပ်ပြုစုရေးဆွဲ နေပြီဖြစ်ကြောင်း ၊ ပုံနှိပ်သူများ ထုတ်ဝေ သူများဥပဒေ ကိုလည်း နိုင်ငံ တကာ စံနှုန်းများ နှင့်ညီညွတ်အောင်၊ ပြည်သူဗဟိုပြု လုပ်ဆောင် နိုင်အောင်၊ မြန်မာ့ ဓလေ့ထုံးစံ ၊ ဒီမိုကရေစီ စံနှုန်းထား များနှင့် အညီ စိစစ်ရေးဆွဲ ပြီး လွှတ် တော်သို့ တင်ပြ ထားကြောင်းသိရပြီးကျန်သည့် Broadcasting Law, Film Law တို့ကို လည်း ရေးဆွဲပြုစု နေကြောင်းသိရ သဖြင့် အတိုင်း ထက်အလွန် ၊ တံခွန်နဲ့ကုက္ကား ဆိုသလို မြန်မာ့ မီဒီယာ ရှုခင်းဟာ ပြည်သူများ နားခိုကြည့်ရှု ခံစားဖွယ် သာယာ လှပ စိမ်း လန်းသစ်လွင်တောက်ပလို့ လာနေပြီဟုဆိုနိုင် ပေသည်။မြန်မာ့အသံအစီအစဉ် ရေဒီယို ထုတ် လွှင့် မှုများကို အသံအားကောင်းစွာ ထုတ် လွှင့်ပေးနိုင်ရန် စက်သစ်ကြီးများ ၀ယ်ယူ တပ်ဆင် ထုတ်လွှင့် စီစဉ်ဆောင်ရွက်ခြင်း၊ FMဖြင့်ထုတ်လွှင့်ပေးခြင်းအပြင်အင်တာ နက်မှ လည်း ထုတ်လွှင့်ပေးမည်ဖြစ်၍ ကွန်ပျူတာ နှင့် လက်ကိုင်ဖုန်းများမှ နားသောတ ဆင်နိုင်ရန် လုပ်ဆောင် နေကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်း ရင်းသား ဓလေ့ရိုးရာ ယဉ်ကျေးမှု စရိုက် လက္ခ ဏာ နှင်အသိပညာဗဟုသုတတို့ကို လေလှိုင်း မှ ထုတ်လွှင့် ပေးနိုင်မည့်Community Radio ,FMRadio ထုတ်လွှင့် ပေးခြင်းတို့ကို တိုင်း၊ ဒေသကြီး ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဝေလံခေါင်ဖျား ဒေသများအထိ ထုတ်လွှင့်ပေးနိုင်ရန်ပုဂ္ဂလိက များနှင့် ပေါင်းစပ် ဆောင် ရွက် ပေးနိုင်ရန် အတွက် လည်း စီမံချက်ချမှတ် ဆောင်ရွက် နေကြောင်း သိရပါ သည်။ ယခင် analogue စနစ်ဖြင့် MRTV နှင့် MI ဟူ၍ TV Channel နှစ်ခုသာ ထုတ်လွှင့် ပေးနေရာမှ လွှတ်တော် Channel ၊ တောင်သူ လယ်သမား Channel နှင့် ပြည်ထောင်စု Channel ရုပ်သံ လိုင်းတို့ကိုDigital စနစ်ဖြင့် ထုတ်လွှင့် ပေးရန် စီမံဆောင်ရွက် သွားမည် ဟုသိရပါသည်။တစ်ချိန်တည်းမှာပင် ပြန်ကြားရေးဝန် ကြီးဌာန၊ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများအနေဖြင့်လည်း မြန်မာနိုင်ငံ တစ် ၀န်းလုံးတွင်ရှိသည့် စာကြည့်တိုက်များ ကို အင်တာနက်ကွန်ရက်များ ချိတ်ဆက်၍ e-Book များ ၊ လိုအပ်သည့် သတင်းအချက် အလက်များ ကို လေ့လာဖန်ရှုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်း မှ မြန်မာနိုင်ငံဘာသာပြန်အသင်းကိုပြန်လည်ထူထောင်ပြီး မြန်မာစာပေအပါအ၀င် တိုင်းရင်း သား စာပေဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းစဉ် များ ရေးဆွဲဆောင်ရွက် နေကြောင်း၊ မြန်မာစာပေ အပါအ၀င်တိုင်းရင်းသားစာပေများကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုပြီး ကမ္ဘာသို့ ဖြန့်ချိခြင်း၊ အင်္ဂလိပ်ဘာသာစာပေများကို မြန်မာစာပေ အပါအ၀င်တိုင်းရင်းသား ဘာသာ သို့ဘာသာ ပြန်ဆိုခြင်းများ ဆောင်ရွက်သွားမည်ဟုသိရပါပါသည်။ ထိုသို့ မီဒီယာရှုခင်း ကို သစ်လွင် လှပအောင် ကြိုးပမ်းရွက်ဆောင်လျက် ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာန နှင့် အတူ မီဒီယာ လောကသားများအားလုံး၊အနုပညာ လောက သားများ အားလုံး တစ်တပ် တစ်အား ပါဝင် ကူညီပံ့ပိုးရန် အထူးပင် လိုအပ်ကြောင်း မြန်မာ နိုင်ငံ၏ အနာဂတ်မီဒီယာရှုခင်းကို တစေ့ တစောင်း လေ့လာတင်ပြ အပ် ပါသည်။(ကျေးဇူးတင်ပါသည်)ယမုံနာမင်းထွေးby Myanmar News Now (ဓာတ်ပုံ – Reuters) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

Pages

Subscribe to mandalar.net aggregator - Myanmar News