You are here

Myanmar News

Primary tabs

Categorize

ငါးဖမ်းသမား ၃၀ ခန့် မြောက်ကိုရီးယားတွေ ပြန်ပေးဆွဲ

Voa news international - 7 hours 16 min ago
မည်သူမည်ဝါဆိုတာ မသိရတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေက တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို ပင်လယ်ဝါအတွင်းမှာ ပြန်ပေးဆွဲသွားကြောင်း တရုတ် မီဒီယာတွေမှာ ဖေါ်ပြနေကြပါတယ်။ ပြန်ပေးသမားတွေက ဒီလူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေကြေး တောင်းခံထားတယ်လို့ ဆိုပါတယ်။လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား ရေယာဉ်တစီးဟာ တရုတ်နိုင်ငံပိုင် ပင်လယ်ဝါအတွင်းမှာ ငါးဖမ်းနေတဲ့ တရုတ်ငါးဖမ်း စက်လှေ သုံးစီးမှာ အလုပ်လုပ်ကိုင်နေသူ တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို မေလ ၈ ရက် နေ့က ဖမ်းဆီးလိုက်ပြီးနောက် သူတို့ကို မြောက်ကိုရီးယားပိုင် နယ်နမိတ် အတွင်းကို ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးဖို့အတွက် ဒေါ်လာ ၂ သိန်း နီးပါးပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ပြုံယမ်းမှာရှိတဲ့ မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုလိုက်ပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အလွန်အရေးပါတဲ့ စီးပွားရေးနဲ့ သံတမန်ရေးရာ ထောက်ခံမှုပေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မကြာခင်နှစ်တွေအတွင်း တရုတ်နိုင်ငံက ငါးဖမ်းသင်္ဘောတွေဟာ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက် ဒေသအတွင်း အခြေအတင်ပြဿနာတွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။
Categories: Myanmar News

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

Voa Burmese - 8 hours 13 min ago
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။ အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။ ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိရာထူးတိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။ အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့လေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။ဖြေ။ "ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့ ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။" ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့ သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။ သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။
Categories: Myanmar News

အမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အတွက် ကမ္ဘာလုံး​ဆိုင်ရာ လှုံ့​ဆော်

DVB - 9 hours 14 min ago
နိုဘယ်လ်ဆုရ အမျိုး​သမီး​တွေအပါအဝင် အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက တိုက်ပွဲ​ဒေသမှာရှိတဲ့​ မုဒိမ်း​မှုနဲ့​ အမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အတွက် ကမ္ဘာလုံး​ဆိုင်ရာ လှုံ့​ဆော်မှုတရပ် စတင်လိုက်ပါတယ်။ အမျိုး​သမီး​တွေကို စစ်လက်နက်သဖွယ် အသုံး​ပြုပြီး​ မုဒိမ်း​မှုအများ​ဆုံး​ ဖြစ်ပွား​နေတဲ့​ မြန်မာ၊​ ကိုလံဘီယာ၊​ ကွန်ဂိုနဲ့​ ကင်ညာနိုင်ငံ​တွေကို အဓိကထား​ လှုံ့​ဆော်တာ ဖြစ်ပါတယ်။ ဒီလှုံ့​ဆော်မှုနဲ့​ ပတ်သက်ပြီး​ ဘာမား​ကမ်း​ပိန်း​ယူ​ကေအဖွဲ့​ရဲ့​ စည်း​ရုံး​ရေး​မှူး​ ​ဒေါ်​မေရီလှကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ “နိုဘယ်လ်ဆုရှင်အမျိုး​သမီး​တွေ ပါဝင်တဲ့​ သူတို့​ခေါင်း​ဆောင်တဲ့​ အဖွဲ့​အစည်း​နဲ့​၊​ ​နောက်ပြီး​တော့​ အခြား​ သူတို့​နဲ့​အတူ တွဲလုပ်​နေတဲ့​ ​ကော်မတီအဖွဲ့​အစည်း​ ၂၅ ခု​ပေါ့​နော် နိုင်ငံတကာမှာ ရှိတဲ့​ မြို့​နယ်နဲ့​ အစည်း​အရုံး​တွေ၊​ ​နောက်ပြီး​တော့​ အမျိုး​သမီး​ရပိုင်ခွင့်​ လှုပ်ရှား​တဲ့​ အဖွဲ့​အစည်း​တွေ၊​ ​နောက် မုဒိမ်း​မှုပ​ပျောက်​ရေး​ လှုပ်ရှား​တဲ့​အဖွဲ့​အစည်း​တွေ၊​ ဒီအဖွဲ့​အစည်း​တွေက ပူး​ပေါင်း​ပြီး​တော့​ပေါ့​နော်။ ပထမဦး​ဆုံး​ ကမ္ဘာလုံး​ဆိုင်ရာ လှုံ့​ဆော်မှု​ပေါ့​နော် တိုက်ပွဲ​ဒေသမှာရှိတဲ့​ မုဒိမ်း​မှုနဲ့​ အမျိုး​သမီး​များ​ အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အတွက်ကို campaign တခု စပြီး​တော့​ လုပ်​ဆောင်တာကို ကျမတို့​ မြန်မာပြည်အ​ရေး​ကို လှုံ့​ဆော်တဲ့​ ကမ်ပိန်း​ အုပ်စု​တွေက အား​လုံး​ ​ထောက်ခံအား​ပေး​တဲ့​အ​နေနဲ့​ ဒီ ​ကြေညာချက်ကို ထုတ်တာပါ။” ​ကြေညာချက်မှာ အမျိုး​သမီး​တွေကို အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အ​နေနဲ့​ လုပ်တယ်ဆို​တော့​ ဘယ်လိုမျိုး​ပုံစံနဲ့​ လုပ်​ဆောင်သွား​မှာလဲ။ “ဒီ campaign ကို အဓိက ၄ နိုင်ငံကို ဦး​စား​ပေး​ပြီး​တော့​ လုပ်တယ်ရှင့်​။ အဓိက ဒီမုဒိမ်း​မှုဖြစ်ပွား​မှု အများ​ဆုံး​ ​ဒေသနဲ့​ ကာကွယ်မှုကို အမြန်ဆုံး​လိုအပ်တဲ့​ ​ဒေသ​တွေ​ပေါ့​နော်၊​ နိုင်ငံ​တွေဖြစ်တယ်။ အဲဒီထဲမှာ မြန်မာပြည်ရယ်၊​ ကိုလံဘီယာရယ်၊​ ကွန်ဂိုရယ်၊​ ကင်ညာရယ် ​ပေါ့​နော်။ အခု အဓိကက မြန်မာပြည်မှာ ဆိုလို့​ရှိရင် လူ​တွေအား​လုံး​က၊​ ကမ္ဘာနိုင်ငံ​တွေက​ရော၊​ အခု လက်ရှိအစိုး​ရရဲ့​ နိုင်ငံ​ရေး​ တိုး​တက်​ပြောင်း​လဲမှုကိုပဲ ​ပြော​နေကြတယ်။ ကမ္ဘာကလည်း​ ဒီ နိုင်ငံ​ရေး​တိုး​တက်​ပြောင်း​လဲမှု​တွေ ရှိလာပြီ ဆိုပြီး​တော့​၊​ သူတို့​ အခု စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ​လေ်ွာ့​ပေါ့​ပေး​ဖို့​ကိုပဲ စဉ်း​စား​ပြီး​တော့​ ​ပြောဆို​နေကြတယ်​ပေါ​နော်။ “တကယ်အား​ဖြင့်​က​တော့​ သူတို့​ရဲ့​ မြန်မာပြည် တိုး​တက်မှုဆိုတာက အများ​ကြီး​ ​ပြောပ​လောက်တဲ့​ တိုး​တက်မှု မရှိ​သေး​ပါဘူး​။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်ရဲ့​ တိုက်ခိုက်ထိုး​နှက်မှု​တွေက အခုအချိန်အထိ ရှိ​နေတုန်း​ပါပဲ။ အဲဒီ တိုက်ခိုက်ထိုး​နှက်မှု​တွေနဲ့​အတူ သူတို့​က အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​တာကို လက်နက်တခုအ​နေနဲ့​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ကျူး​လွန်မှု​တွေ အများ​ကြီး​ရှိတယ်။ အဲဒီလိုဆို​တော့​ ဒီအ​ခြေအ​နေ​တွေ ပ​ပျောက်သွား​အောင်လို့​ ကျမတို့​က ဒီ campaign ကို ပါဝင်ပြီး​တော့​ ​ထောက်ခံအား​ပေး​တာပါ။” မြန်မာနိုင်ငံမှာ အမျိုး​သမီး​တွေကို အဓမ္မကျင့်​ကြံပြီး​ လက်နက်သဖွယ် အသုံး​ပြုတာက အခုက ဘယ်​လောက်ဆိုး​ဝါး​နေလဲ။ “မြန်မာပြည်မှာ ဟိုး​အရင် နှစ်​ပေါင်း​များ​စွာကတည်း​က အထူး​သဖြင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ အမျိုး​သမီး​တွေကို သူတို့​ ဒီမုဒိမ်း​မှုနဲ့​ အသုံး​ပြုပြီး​ ဒီအမျိုး​သမီး​တွေရဲ့​ ဘဝကို ဖျက်ဆီး​နေတာ ​တော်​တော်ကြာပါပြီ။ ဒီ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာတုန်း​က​တောင်မှ ကမ္ဘာကလည်း​ ဒီ​ရွေး​ကောက်ပွဲကို ​ပြော​နေတယ်။ လူ​တွေအား​လုံး​ကလည်း​ ဒီ​ရွေး​ကောက်ပွဲကို အာရုံစိုက်​နေတဲ့​အချိန်မှာ​တောင်မှ တဖက်မှာ ရှမ်း​ပြည်နယ်မှာ မသန်မစွမ်း​ အမျိုး​သမီး​တ​ယောက်ကို စစ်တပ်က​နေပြီး​တော့​ စစ်သား​တချို့​ ​နေပြီး​တော့​ မုဒိမ်း​ကျင့်​တဲ့​အမှု ဒီအမျိုး​သမီး​ဆိုလို့​ရှိရင် သူက ရှက်ပြီး​တော့​ ဘာမှ ဘယ်သူ့​မှလည်း​ မတိုင်ရဲဘူး​ ဒီလိုမျိုး​နဲ့​ အမှု​တွေ ပ​ပျောက်သွား​တာ အများ​ကြီး​ပါပဲ။ “တကယ့်​ တကယ်က​တော့​ အား​လုံး​က မှတ်တမ်း​တွေ ​ကောက်နိုင်တယ် ဆို​ပေမဲ့​လည်း​ မှတ်တမ်း​မ​ကောက်နိုင်ဘဲနဲ့​ ပ​ပျောက်သွား​တဲ့​အမှု​တွေလည်း​ အများ​ကြီး​ ရှိပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ကမ္ဘာ့​ကုလသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေး​မှူး​က ကမ္ဘာလုံး​ဆိုင်ရာ အမျိုး​သမီး​တွေ အကြမ်း​ဖက်ခံရမှုနဲ့​ မုဒိမ်း​ကျင့်​ခံရမှုဟာ သုံး​ယောက်မှာ တ​ယောက်က ဒီလိုအမှုမျိုး​ကို ရင်ဆိုင်ရပါတယ်။ ဒါ​ကြောင့်​မို့​ ကျမတို့​က ဒီအမှု​တွေ ပ​ပျောက်ဖို့​ကို အား​လုံး​က ဝိုင်း​ဝန်း​ပြီး​တော့​ ပါဝင်​ပေး​ဖို့​ လိုအပ်ပါတယ်။” အခုလက်ရှိ နိုင်ငံတကာကလည်း​ မြန်မာပြည်ရဲ့​ အ​ပြောင်း​အလဲ​တွေကို အား​ပေး​တယ်။ ​နောက် ပိတ်ဆို့​အ​ရေး​ယူမှု တချို့​တောင် ရုပ်သိမ်း​သွား​တာမျိုး​တွေ ရှိတယ်​လေ။ ဆို​တော့​ အခု ဒီအမျိုး​သမီး​တွေကို စစ်​မြေပြင်မှာ လက်နက်သဖွယ်အသုံး​ပြု​နေတာ၊​ အဓမ္မပြုကျင့်​တာ​တွေက အခု ဆက်ရှိ​နေဆဲပဲ ဖြစ်တဲ့​အခါကျ​တော့​ အစ်မတို့​အ​နေနဲ့​ နိုင်ငံတကာအသိုင်း​အဝိုင်း​ကို​ရော၊​ မြန်မာအစိုး​ရ​တွေကို​ရော ဘယ်လိုမျိုး​ တိုက်တွန်း​ပြောဆိုချင်လဲ။ “ဒီ campaign အ​နေနဲ့​ ကျမတို့​ ​တောင်း​ဆိုထား​တာက​တော့​ နိုင်ငံတကာအစိုး​ရ​တွေက မုဒိမ်း​မှု​တွေပ​ပျောက်​အောင် တား​ဆီး​ပေး​ဖို့​ပေါ့​နော်။ ဒုတိယအချက်အ​နေနဲ့​က​တော့​ ဒီ မုဒိမ်း​ကျင့်​ခံရတယ်၊​ ပြီး​တော့​ အကြမ်း​ဖက်နှိပ်စက်မှုခံရတဲ့​ အမျိုး​သမီး​တွေရဲ့​ ဘဝကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့​၊​ သူတို့​တွေက ပတ်ဝန်း​ကျင်နဲ့​ သူတို့​ရဲ့​ မိသား​စုနဲ့​ ပြန်ပြီး​တော့​ ဒီလိုမျိုး​ ခံရတဲ့​အခါမှာ သူတို့​ စိတ်ပိုင်း​ဆိုင်ရာ​ရော၊​ ကိုယ်ခန္ဓာပိုင်း​ဆိုင်ရာ​ရော ထိခိုက်မှု​တွေ အများ​ကြီး​ ရှိပါတယ်။ ဒီလို အ​ခြေအ​နေမျိုး​တွေမှာ ပြန်ပြီး​တော့​ မိသား​စုနဲ့​ရော ပတ်ဝန်း​ကျင်နဲ့​ရော ပြန်လည်ထူ​ထောင်​ပေး​ဖို့​အတွက်ကို ကျမတို့​ ​တောင်း​ဆိုပါတယ်။ ​နောက်တခုက​တော့​ မုဒိမ်း​မှုကျူး​လွန်တဲ့​ တရား​ခံ​တွေကိုလည်း​ တရား​မ်ွတစွာ အ​ရေး​ယူ​ပေး​ဖို့​ ​ပေါ့​နော်။ အခု မြန်မာပြည်မှာဆိုရင် ခုနက​ပြောပြခဲ့​သလိုပဲ တချို့​နယ်​တွေမှာ ဆိုလို့​ရှိရင် မုဒိမ်း​ကျင့်​တဲ့​အမှု​တွေ ဖြစ်တယ်။ က​လေး​တွေ​ရော ​နောက်ပြီး​တော့​ ဒီလို မသန်မစွမ်း​အမျိုး​သမီး​တွေကအစ ဒီမုဒိမ်း​ကျင့်​တာ​တွေကို ခံရတယ်။ တချို့​တွေဆိုရင် ရှက်လို့​ ဘာမှ မ​ပြောတာ​တွေ ရှိတယ်။ ဘယ်လို ဘယ်ကိုတိုင်း​လို့​ တိုင်း​ရမှန်း​မသိတာ​တွေ ရှိတယ်။ တိုင်တာ​တောင်မှ ထိ​ရောက်စွာ အ​ရေး​ယူမှု​တွေ မရှိတာ​တွေ ရှိတယ်။ ဆို​တော့​ ဒီလိုအမှု​တွေ ပ​ပျောက်ပြီး​တော့​ တကယ်ကို ကျူး​လွန်တဲ့​သူကို ကျူး​လွန်တဲ့​အ​လျောက် အ​ရေး​ယူမှု​တွေ ထိ​ရောက်စွာ ​ဆောင်ရွက်ဖို့​ကိုလည်း​ ကျမတို့​က​တောင်း​ဆိုပါတယ်။” အခု အ​ရေး​ယူ​ပေး​ဖို့​ကို အစ်မတို့​ ​တောင်း​ဆို​ပေမယ့်​လည်း​ ဘယ်သူက ဘာလုပ်ပါတယ်ဆိုတာကို တိုင်ကြား​မှုမျိုး​က ဘယ်လိုမျိုး​သက်​သေ​တွေနဲ့​ လုပ်မလဲ။ “ကျမသိရတဲ့​အ​တွေ့​အကြုံအရ တချို့​တွေက မုဒိမ်း​မှုဖြစ်​မြောက်ခဲ့​ပြီဆိုရင် သူတို့​ဖြစ်တဲ့​အ​ခြေအ​နေ​တွေကို သွား​တိုင်တဲ့​သူ​တွေလည်း​ရှိတယ်။ သွား​တိုင်တဲ့​အခါ အ​ရေး​ယူမှု​တွေဟာ တကယ်ခံစား​ရတဲ့​ အမျိုး​သမီး​တွေရဲ့​ ခံစား​မှုထက်စာရင် ဘာမှမ​ပြောပ​လောက်ဘဲ ပြီး​သွား​တာ​တွေလည်း​ ရှိတယ်။ ကျမ​ပြောချင်တဲ့​ အဓိပ္ပာယ်က တရား​မ်ွတစွာ စီရင်ဆုံး​ဖြတ်ခြင်း​ မရှိတာပါပဲ။ တချို့​အမှု​တွေဆိုရင် စစ်အစိုး​ရအသိုင်း​အဝိုင်း​၊​ စစ်တပ်အသိုင်း​အဝိုင်း​တွေ​ကြောင့်​ ပ​ပျောက်သွား​တာရှိတယ်။ တချို့​ ရဲဝန်ထမ်း​တွေ လာဘ်စား​မှု​တွေ​ကြောင့်​ အမှု​တွေဟာ ထိ​ရောက်စွာအ​ရေး​ယူခြင်း​မရှိဘဲ ပ​ပျောက်သွား​တာရှိပါတယ်။ ဒါမျိုး​တွေကို ထိထိ​ရောက်​ရောက် အ​ရေး​ယူ​ပေး​ဖို့​၊​ တား​ဆီး​ပေး​ဖို့​၊​ မုဒိမ်း​မှု​တွေဟာ မ​ကောင်း​ဘူး​၊​ မဖြစ်သင့်​ဘူး​ ဆိုတာကို ပညာ​ပေး​အ​နေနဲ့​ တား​ဆီး​ပေး​ဖို့​၊​ သူတို့​ကိုယ်တိုင်က လက်တွဲပြီး​ လုပ်​ဆောင်​ပေး​ဖို့​၊​ အမျိုး​သမီး​တွေကို ကာကွယ်​ပေး​ဖို့​၊​ တရား​မ်ွတစွာ အ​ရေး​ယူမှု​တွေမှာလည်း​ သူတို့​ကိုယ်တိုင် စိစစ်​ပေး​ဖို့​ ကျမတို့​က ​တောင်း​ဆိုတယ်။ ဒီလိုဖြစ်လာဖို့​ဆိုတာက လူ​တွေအား​လုံး​ရဲ့​ ဆန္ဒပါမှ နိုင်ငံတိုင်း​က အစိုး​ရတိုင်း​က နား​ထောင်မှာ၊​ အ​ရေး​ယူမှာပါ။ ဒါ​ကြောင့်​မို့​ ကျမတို့​က လူ​တွေကို ​တောင်း​ဆိုချင်တာက​တော့​ ဒီကမ်ပိန်း​နဲ့​ ပတ်သက်ပြီး​တော့​ ကျမက ဝဘ်ဆိုက်တခု လုပ်ထား​တယ်။ အဲဒီဝဘ်ဆိုက်ထဲမှာ လူတိုင်း​၊​ အဖွဲ့​အစည်း​တိုင်း​၊​ နိုင်ငံတိုင်း​က ပါဝင်လို့​ရပါတယ်။ အဲဒီဝဘ်ဆိုက်က​တော့​ www.stoprapeinconflict.org ကို ဝင်ကြည့်​လို့​ရှိရင် ကာကွယ်တား​ဆီး​ဖို့​၊​ အ​ရေး​ယူဖို့​၊​ကို ဘယ်လို​တွေ လုပ်ရင် ရတယ်ဆိုတာကို အ​သေး​စိတ်​ရေး​ပြထား​ပါတယ်။ ဥပမာ – စကား​အား​ဖြင့်​ လူ​တွေကို ပညာ​ပေး​ခြင်း​အား​ဖြင့်​ ဒါ​တွေကို ပ​ပျောက်​အောင် လုပ်မယ်။ ​နောက်ပြီး​တော့​ နိုင်ငံ့​ခေါင်း​ဆောင်​တွေ သိ​အောင် ​ဖော်ထုတ်ပြီး​ သူတို့​တွေ အ​ရေး​ယူ​ပေး​အောင်လုပ်မယ်။ ဒီလို ဖြစ်​နေတဲ့​ ​ဒေသ​တွေမှာ ​သေချာ မှတ်တမ်း​မှတ်ရာ​တွေ တင်ခြင်း​အား​ဖြင့်​ အ​ရေး​ယူမှု​တွေ ထိ​ရောက်လာ​အောင် လုပ်မယ်။ ဒါမျိုး​တွေမှာ ပါဝင်ကူညီ​ပေး​လို့​လည်း​ ရပါတယ်။ ဒီလိုလှုပ်ရှား​မှုမျိုး​ ဆိုတာက အမျိုး​သမီး​တွေတင်မကပါဘူး​၊​ တချို့​နေရာ​တွေမှာဆို အမျိုး​သား​တွေ​ရော လူငယ်​တွေပါ အကြမ်း​ဖက်မှု​တွေ၊​ မုဒိမ်း​မှု​တွေ ခံရတာ​တွေရှိပါတယ်။ အမျိုး​သမီး​တွေပဲဆိုင်တဲ့​အရာမဟုတ်ဘူး​။ လူတိုင်း​နဲ့​ဆိုင်တဲ့​အတွက် လူတိုင်း​ပဲပါဝင် လှုံ့​ဆော်​ထောက်ခံအား​ပေး​ကြပါလို့​ ကျမ တိုက်တွန်း​ချင်ပါတယ်။”
Categories: Myanmar News

မန္တ​လေး​တွင် ​ရေမလာ၊​ မီး​ပျက်၊​ ဖုန်း​လိုင်း​ပျက်​နေ

DVB - 9 hours 56 min ago
အထက်မြန်မာနိုင်ငံ မန္တ​လေး​မြို့​မှာ ​ရေမီး​မလာတာနဲ့​ လက်ကိုင်ဖုန်း​လိုင်း​ ပျက်​နေတာ​တွေ ကြုံ​တွေ့​နေရပါတယ်။ အထက်မြန်မာပြည် မြို့​တော် မန္တ​လေး​မှာ ခုရက်ပိုင်း​တွေအတွင်း​ ပုံမှန်လ်ွပ်စစ်မီး​ မလာ​တော့​တဲ့​အတွက် ​သောက်​ရေသုံး​ရေပါ အခက်အခဲ ဖြစ်လာတယ်လို့​ မန္တ​လေး​မြို့​ခံ​တွေက ​ပြောကြပါတယ်။ မြို့​ခံသတင်း​သမား​တဦး​ဖြစ်တဲ့​ မင်း​ထက်ငြိမ်း​ချမ်း​က “လူကြီး​တွေ၊​ သက်ကြီး​ရွယ်အို​တွေ အခုလို အပူချိန် ပြင်း​ထန်တဲ့​အတွက် ဒုက္ခ​ရောက်​နေတဲ့​ အချိန်မှာ ​ရေမလာဘူး​၊​ မီး​မလာဘူး​၊​ ပန်ကာဖွင့်​မရဘူး​၊​ အဲယား​ကွန်း​ ဖွင့်​မရဘူး​၊​ ​ရေခဲ​သေတ္တာသုံး​မရ​တော့​ အစား​အ​သောက်​တွေ ပျက်စီး​တယ်။ ဘထ္ထရီ​တွေ မီး​အား​သွင်း​လို့​မရဘူး​။ မီး​လောင်တာ​တွေ ခဏခဏ ဖြစ်တယ်။ မီး​လာတဲ့​အချိန်ကို စုပြုံပြီး​ အား​သွင်း​ရတယ်။ လုပ်ရတယ်။ မီး​ကလည်း​ ပျက်၊​ ​ရေကလည်း​ ပြတ် ဆို​တော့​ ​ရေမသန့်​တာ​တွေ သုံး​ပြီး​ အ​ရေပြား​တွေ ယား​တာ​တွေ၊​ အဖု​ပေါက်တာ​တွေ ဖြစ်တယ်။ ကျုံး​ရေကလည်း​ အရင်လို လုံလုံ​လောက်​လောက် မရ​တော့​ဘူး​” လို့​ ​ပြောပါတယ်။ မန္တ​လေး​မှာ တ​နေ့​ကို ပုံမှန်​ပေး​နေကျ ၁၂ နာရီအစား​ ၄ နာရီ​လောက်သာ မီး​ရတဲ့​အတွက် မန္တ​လေး​မြို့​က အ​သေး​စား​ စီး​ပွား​ရေး​လုပ်ငန်း​တွေ အများ​ကြီး​ ထိခိုက်နစ်နာရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ မီး​ပျက်ရတဲ့​အ​ကြောင်း​ရင်း​ကို မန္တ​လေး​တိုင်း​ လ်ွပ်စစ်ဌာနကို ဆက်သွယ် ​မေး​မြန်း​ပေမယ့်​ တာဝန်ခံ ​ဖြေဆိုမယ့်​သူ မရှိခဲ့​ပါဘူး​။ မန္တ​လေး​မြို့​မှာ လ်ွပ်စစ်မီး​နဲ့​ ​ရေမလာသလို တချိန်တည်း​မှာပဲ ဒီ​နေ့​ မိုဘိုင်း​ လက်ကိုင်ဖုန်း​တွေ ၈ နာရီ​လောက် ဆက်သွယ်မရဘူး​လို့​ သိရပါတယ်။ မန္တ​လေး​မြို့​က နှုတ်ခမ်း​မွေး​ပါပါ​လေး​အငြိမ့်​အဖွဲ့​ နာမည်​ကျော်လူရွှင်​တော် ဦး​လူ​မော်က “မန္တ​လေး​မြို့​မှာ မီး​ကလည်း​လန့်​၊​ ​ရေကလည်း​ပြတ်။ အဲ့​တော့​ အား​လုံး​ ဒုက္ခ​ရောက်​နေကြတယ်။ မီး​မလာတာ ဘာ​ကြောင့်​မလာတဲ့​အ​ကြောင်း​ ပြည်သူကို ရှင်း​လင်း​ တင်ပြသင့်​တယ်​ပေါ့​။ မန္တ​လေး​လူထုကလည်း​ သိချင်တယ်​လေ။ ​ရေ၊​ မီး​၊​ ဖုန်း​ကိစ္စ​တွေ​ပေါ့​။ ပြည်သူကို ​လေး​စား​သင့်​တယ်”လို့​ ​ပြောပါတယ်။ အလား​တူ စစ်ကိုင်း​တိုင်း​၊​ မုံရွာခရိုင်၊​ ကနီမြို့​နယ်၊​ မုံရွာ-က​လေး​ဝ လမ်း​မတ​လေ်ွာက် ​ကျေး​ရွာ​တွေမှာ ​သောက်သုံး​ရေ ပြတ်လပ်မှု​တွေ ကြုံ​နေရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ မုံရွာက​လေး​ဝ လမ်း​တ​လေ်ွာက် ၂၆ မိုင်က​နေ ၃၁ မိုင်အတွင်း​ ရွာ​တွေမှာ ​ရေရှား​နေတာပါ။ ​သောက်သုံး​ရေကန်​တွေ ခန်း​ခြောက်လာပြီး​ ​သောက်သုံး​ရေ အခက်အခဲ​တွေလည်း​ ဖြစ်​နေကြပါတယ်။ တ​နေ့​ထက်တ​နေ့​ ကန်​ရေ​တွေ ခန်း​ခြောက် လာ​နေတာမို့​ ​ရေ အလှူရှင်​တွေလည်း​ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။
Categories: Myanmar News

လိင်တူချစ်သူများနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပ

DVB - 10 hours 16 min ago
ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု အား ဆန့်ကျင်ရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို ကမ္ဘာတ၀န်းမှာ နှစ်စဉ် ကျင်းပကြသလို အခုနှစ်မှာ မြန်မာနိုင်ငံတွင်းမှာလည်း ပထမဆုံး အကြိမ် ကျင်းပပါတယ်။ ရန်ကုန် ရွှေဂုံတိုင်က Excel Treasure တာဝါမှာ ည ၆ နာရီခွဲကနေ ၁၀ နာရီအထိ ကျင်းပသလို စစ်ကိုင်းတိုင်း မုံရွာနဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်းမှာ လည်း ကျင်းပကြပါတယ်။ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “ဒီမြန်မာပြည်မှာက ကျနော်တို့ ဒီ လိင်တူချင်း ချစ်တဲ့သူတွေ သူတို့ရဲ့ အခေါ်အဝေါ် က အခြောက်တို့၊ ဂျီပုန်းတို့၊ မိန်းမလျှာ စသည်ဖြင့် အဲဒီလို ခေါ်တဲ့သူတွေ အပေါ်မှာ လူထုထဲမှာ အထင်အမြင် လွဲမှားမှုတွေ ရှိနေတယ်။ ဥပမာ ဒါဟာ ဆိုလို့ရှိရင် စိတ်ရောဂါမျိုးဖြစ်တယ် ဆိုတဲ့ အရာမျိုးတွေ ဒီလို လူမျိုးတွေက အသုံးမကျဘူး၊ ဒီလိုလူမျိုးတွေက လူ့အသိုင်းအဝိုင်း ရဲ့ ပြဿနာတွေ ဖြစ်တယ် ဆိုတဲ့ ယူဆထားချက်တွေ ရှိတယ်။ အဲဒီတော့ ဒီလိုမျိုးအချက်တွေကို ကျနော်တို့က ပပျောက်ဖို့ အတွက် ဒီလိုမျိုး  အခမ်းအနားကို ကျင်းပတာဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင်တော့ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ်တုန်းက ဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကိုယ်တိုင်က လိင်တူချင်းချစ်တဲ့စိတ်က စိတ်ရောဂါ မဟုတ်ဘူးလို့ သူတို့ ပယ်ဖျက်ထားတယ်။ အဲဒီတော့ ဒီလိုမျိုး အမြင်မှားမှုတွေ ပပျောက်ဖို့အတွက် ဒီလိုအခမ်းအနားမျိုး ကျင်းပတယ်။ လူသားချင်း အတူတူပဲ ဖြစ်တယ်။ လူသား အချင်းချင်း တယောက်နဲ့တယောက် မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေ မရှိသင့်ဘူးဆိုတဲ့ စိတ်မျိုးပေါ်ပေါက်လာဖို့ အရေး ပူးပေါင်း လုပ်ဆောင်လိုတဲ့ စိတ်တွေ ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံတွင်းမှာ မကျင်းပနိုင်ဘဲ လိင်တူချစ်သူတွေက ထိုင်းနိုင်ငံတွင်းမှာ လာရောက်ပြီး ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံတွင်း လူမှုရေးရော နိုင်ငံရေးအရပါ ပွင့်လင်းလာတဲ့ အပေါ်မှာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုအား ကန့်ကွက် ဆန့်ကျင်ရေးနေ့ကို ကျင်းပတာလို့ သူက ဆက်ပြောပါတယ်။ ဒေသခံ အာဏာပိုင်တွေဆီကနေလည်း ခွင့်ပြုချက်ယူပြီး ကျင်းပတာလို့ ဆိုပါတယ်။ ဒီလို လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ကန့်ကွက် ဆန့်ကျင်ရေးနေ့ကို မြန်မာနိုင်ငံ တွင်းမှာ ကျင်းပနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အသိုင်းအ၀ိုင်းနဲ့  ဥပဒေအရ လိင်တူချစ်သူတွေ ကို ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ “လက်ရှိအထိ ရှိနေတဲ့ ရာဇဝတ်မှု ဥပဒေ ပုဒ်မ (၃၇၇) ဆိုလို့ရှိရင် သဘာဝမကျတဲ့ လိင်ဆက်ဆံမှုကို ရာဇဝတ်မှု အဖြစ်သတ်မှတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ချနိုင်တဲ့ အရာမျိုးဖြစ် တယ်။ သူတို့ပြောထားတဲ့ အချက်ကတော့ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုပါ။ ဒါပေမယ့် အဲ့ဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲကအရဆိုရင် လိင်တူချင်းလိင်ဆက်ဆံမှုကိုလည်း ဒါနဲ့ အကျုံးဝင်တဲ့ သဘောမျိုး ဖြစ်တဲ့ အတွက် ဒါတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နေတဲ့ ပုံစံမျိုး ရှိတယ်။ မြန်မာနိုင်ငံမှာ ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ပြီး အပြစ်ပေးတာ နည်းပေမယ့် ဒီဥပဒေ ရှိနေခြင်းကြောင့် ဥပဒေဝန်ထမ်းတွေက ဒါကို အခွင့်ကောင်းယူပြီး လိင်တူချင်း ချစ်တဲ့သူလို့ သတ်မှတ်ခံရတဲ့သူ၊ သံသယရှိသူတွေ အပေါ်မှာ ဖမ်းဆီးတာ၊ အနိုင်ကျင့်တာ၊ ငွေတောင်းတာ၊ ပြီးလို့ရှိရင် ဒါတွေနဲ့ ခြိမ်းခြောက် တဲ့ အရာတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်နေတုန်းပါပဲ။” လိင်တူ ချစ်ကြိုက်မှုကို အရင်က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတခုအဖြစ် ယူဆထားခဲ့ကြတာကို ၁၉၉၀ ခု မေလ ၁၇ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒါဟာ ရောဂါတခုမဟုတ်ကြောင်း ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါကြောင့် မေလ ၁၇ ရက်နေ့ကို လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှု ကန့်ကွက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတ၀ှမ်း ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ‘လိင်တူချင်းချစ်ခြင်းဟာ ရောဂါမဟုတ်၊ လိင်တူချင်း ချစ်တဲ့သူအပေါ် မုန်းတီးမှုကသာ ရောဂါဖြစ်တယ်’ ဆောင်ပုဒ် တင်ပြီး လိင်တူချစ်သူကို မုန်းတီးသူ ပပျောက်၊ ပယ်ဖျက်ပေးဖို့ လုပ်ဆောင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
Categories: Myanmar News

ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည်

Thit Htoo Lwin - 10 hours 32 min ago
၁။      မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို 16-9-2011 ရက်နေ့တွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသ်။ ထိုစာချုပ်အရ လုပ်ကွက်ဧရိယာ (6105) ဧကကို (၅နှစ် သက်တမ်းလျှင် (5.577)တန် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပါသည်။ ၂။      အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီသည် နိုင်ငံတော်နှင့် အကျိုးတူစာချုပ်ချုပ်ဆိုပြီနောက် ဒေသခံမိတ်ဖက်ကုမဏီငယ်လေးများနှင့် လက်အောက်ခံ အသေးစားရွှေလုပ်ငန်းရှင်များ ၄င်းတို့အားမှီခိုလုပ်ကိုင်နေသော ရွှေလုပ်သားများအား မိမိတို့လုပ်ကိုင်ခွင့် သက်တမ်းကာလတစ်လျှောက် လက်တွဲခေါ်ဆောင် သွားမည်ဟု ဒေသခံအာဏာပိုင်များ၏ ရှေ့မှောက်တွင် ကတိက၀တ်ပြုခဲ့ကြပါသည်။ ၃။      မိုးထိမိုးမိဒေသ၊ ထုံးကြီးတောင်ရွှေစင်အပါအ၀င် လုပ်ကွက်ဧရိယာတစ်ခုလုံးကို သေးစား ရွှေထုတ်လုပ်မှုဇုန်(၁)မှ (၁၂)ထိခွဲခြားသတ်မှတ်ပြီး အသေးစားရွှေကြိတ်စက်လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်း နှင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ရန် Adit နှင့် လေးပေအင်းများ အမှတ်စဉ် (၁)မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များ ပေးပြီးလုပ်ကိုင်စေခဲ့ပါသည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကုမဏီမှ တစ်စုံတစ်ရာသော အထောက် အပံ့မရဘဲ မိမိတို့ ကိုယ်ပိုင်အရင်းအနှီး ငွေကြေးအကုန်အကျခံပြီး လုပ်ကိုင်ခဲ့ကြရပါသည်။ ၄။      ရွှေလုပ်သားတို့၏ အသက်အန္တရာယ်၊ လုပ်အားငွေအရင်းအနှီးစိုက်ထုတ်ပြီ ရရှိလာသော ရွှေသတ္တုဗြုန်းများမှ (၅၀%)ကို ကုမဏီသို့ ပေးဆောင်ရသည်။ ဇုန်(၈) ထုံးကြီးတောင်လုပ်ကွက်တွင် ရွှေလုပ်သား ထုတ်လုပ်ရရှိလာသော ဗြုန်းကို အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီအား တစ်ပုံ၊ မိတ်ဖက်ကုမဏီဟုခေါ်သော တာဝန်ခံကုမဏီအားတစ်ပုံနှင့် ရွှေလုပ်သားတစ်ပုံသာ ခံစားခွင့်ရရှိပါသည်။ ၅။      အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွှေလုပ်သားများသည် ကုမဏီလုပ်ပိုင်ခွင့်ရသော သက်တမ်းကာလ တစ်လျှောက် အတူလက်တွဲပြီး လုပ်ကိုင်ခွင်ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ချက်ဖြင့် ရှိစု၊ မဲ့စု မိမိတို့ ပိုင်ဆိုင်ကြသော အိမ်၊ ခြံ၊ ယာ၊ မြေ၊ ကျွဲ၊ နွားပါမကျန် ပေါင်နှံရောင်းချပြီး အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း၊ Adit နှင့် လေးပေအင်းများကို Mineing စနစ်ဖြင် ရေရှည်တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်ခြင်း တို့ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။ ၆။      (5-1-2012)ရက်စွဲပါနေ့တွင် ရွှေလုပ်သားများဖက်မှ တစ်စုံတစ်ရာသော စည်းကမ်းဖောက်ဖျက်ခြင်း မရှိခဲ့ပါလျှက်နှင့် အသေးစားရွှေထုတ်လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး နိုင်ငံတကာအဆင့်မှီ Mine Town စီမံကိန်းနှင့် အကြီးစားရွှေထုတ်လုပ်ငန်းအသွင်ကူးပြောင်းပြီး လုပ်ဆောင်မည့်အကြောင်း ကုမဏီ၏ ရွှေသတ္တု ထုတ်လုပ်မှုဇုန်တာဝန်ခံ (ခေါ်) မိတ်ဖက်ကုမဏီများမှ တစ်ဆင့် အကြောင်းကြားခဲ့ပါသည်။ ၇။      ရွှေလုပ်သားများသည် ကုမဏီနှင့်အတူလက်တွဲလုပ်ကိုင်စဉ် (၇)လတာအချိန်အတွင်း အသေးစားကြိတ်စက်များတည်ရန် မြေညှိခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်း၊ စက်ယန္တရားများ တပ်ဆင်ခြင်း စသည့် လုပ်ငန်းများနှင့် ရွှေသတ္တုထုတ်လုပ်နိုင်ရန် Adit နှင့် လေးပေအင်းများ ဖေါက်ပြီး ရွှေသတ္တုရှာဖွေခြင်း၊ ရေရှည်ခိုင်ခန့်အောင်ပြုပြင်ထိန်းသိမ်းခြင်း စသောလုပ်ငန်းများ လုပ်ကိုင်နေချိန် ဖြစ်ပြီး တစ်စုံတစ်ရာသော အကျိုးခံစားခွင့်မရရှိကြသေးပါ။ ၈။      လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်ရသောကြောင့် မိမိတို့နေရပ်ပြန်မည်ဆိုလျှင်လည်း နေစရာ အိမ်ခြံဝန်းမရှိ၊ မိမိတို့ဒေသမှာ လုပ်ကိုင်စားသောက်မည်ဆိုလျှင်လည်း လယ်ယာကျွဲနွားမရှိ “နွေခေါင်ခေါင် ကျောက်စရစ်ကုန်းပြောင်ပြောင်မှာ အတောင်ကျွတ်သော ကြိုးကြာငှက် ရေရှာရန်ခက်သည့်ပမာ” မှီခိုအားထား ရာမဲ့သော ဘ၀အခြေအနေသို့ ဆိုက်ရောက်နေကြရပါသည်။ ၉။      သို့ဖြစ်ပါ မိုးထိမိုးမိဒေသ ရွှေလုပ်သားတို့၏ ဘ၀ဖြစ်ပုံအလုံးစုံကို သိရှိနားလည်ခံစားပြီး လူသားအချင်းချင်း စာနာထောက်ထားသောစိတ်ဖြင့် ဌာနဆိုင်၇ာအကြီးအကဲများမှတဆင့် ဝေဖန်သုံးသပ်ပြီး ကူညီဖြေရှင်းပေးနိုင်ပါ၇န် တင်ပြအပ်ပါသည်။  ဦးသိန်းမြင့်(ခ)ဆရာကျောင်း  5/မရန(နိုင်) 103540  ရွှေလုပ်ငန်းလုပ်ကိုင်သူ၊ ထုံးကြီးတောင်လုပ်ကွက်၊ မိုးထိမိုးမိဒေသhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​ နုတ်ထွက်မှု တရား​ဝင်သတင်း​ထုတ်ပြန်​ပေး​ရန် ​တောင်း​ဆို

DVB - 10 hours 41 min ago
ဒု-သမ္မတ ၁ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ ရာထူး​က နုတ်ထွက်သွား​ပြီလို့​ သတင်း​တွေ ထွက်​ပေါ်ပြီး​ ​နောက်ပိုင်း​ သမ္မတက တာဝန်ခံမှု အပြည့်​နဲ့​ သတင်း​ထုတ်ပြန်​ပေး​ဖို့​ လွှတ်​တော်ကိုယ်စား​လှယ်အချို့​က ​တောင်း​ဆို လိုက်ကြပါတယ်။ ဒု-သမ္မတ ၁ ဦးတင်အောင်မြင့်ဦး ဒု-သမ္မတ ၁ ဦး​တင်​အောင်မြင့်​ဦး​ ကျန်း​မာ​ရေး​ကြောင့်​ ရာထူး​က နုတ်ထွက်စာ တင်ထား​တယ်လို့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပြီး​ သမ္မတအ​နေနဲ့​ ဒီနုတ်ထွက်စာကို တရား​ဝင် အသိအမှတ်ပြု လက်မခံ​သေး​တာဟာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ ၂၁ ရက်အတွင်း​ လွှတ်​တော်ပြန်လည်​ခေါ်ယူပြီး​ ဒု-သမ္မတ ​နေရာကို ​ရွေး​ကောက် တင်​မြှောက်ရမယ်ဆိုတဲ့​ အချက်​ကြောင့်​ တရား​ဝင် ထုတ်ပြန် ​ကြေညာတာမျိုး​ မရှိ​သေး​တာပါ။ ဒါနဲ့​ပတ်သက်ပြီး​ အမျိုး​သား​လွှတ်​တော် ဥပ​ဒေမူကြမ်း​ ​ကော်မတီအဖွဲ့​ဝင် ​ဒေါက်တာမြတ်ဥာဏစိုး​က “ဒုတိယ သမ္မတ (၁) က ကျန်း​မာ​ရေး​အရ အနား​တောင်း​ထား​တယ်ဆိုတာက​တော့​ ​သေချာသ​လောက်ပါပဲ။ အဲဒီ​တော့​ တရား​ဝင်ထုတ်ပြန်​ကြေညာခြင်း​ မရှိ​သေး​ဘူး​ဆိုတာက​တော့​၊​ တရား​ဝင် ဒါကို လက်ခံလိုက်ပြီဆိုရင် ကျ​နော်တို့​က ၂၁ ရက်အတွင်း​မှာကို လွှတ်​တော်ပြန်​ခေါ်ရမယ့်​ အ​နေအထား​မျိုး​ပါ။ ဒါ​ကြောင့်​မို့​လို့​ ဒီဟာ​လေး​ကို​တော့​ သမ္မတကြီး​က ထုတ်ပြန် မ​ကြေညာထား​သေး​ဘူး​လို့​ ထင်ပါတယ်” လို့​ ​ပြောပါတယ်။ သမ္မတအ​နေနဲ့​ ဒီနုတ်ထွက်လွှာကို လက်ခံ လက်မခံ တရား​ဝင် ထုတ်ပြန်​ကြေညာ​ပေး​ဖို့​ လိုအပ်တယ်လို့​ အမျိုး​သား​လွှတ်​တော် နိုင်ငံသား​များ​ရဲ့​ မူလအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နှင့်​ လူ့​အခွင့်​ရေး​ကော်မတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ဆိုပါတယ်။ “အစိုး​ရအဖွဲ့​က ထုတ်ပြန်မှပဲ တရား​ဝင်သိတာ​လေ။ ဒီလိုမျိုး​ ပြင်ပမှာ ​ကောလာဟလပဲ ဖြစ်ဖြစ်​ပေါ့​နော် အယူအဆမျိုး​စုံ မီဒီယာ​တွေမှာ ထွက်​နေတယ်ဆိုရင် အစိုး​ရအဖွဲ့​ရဲ့​ တာဝန်က​တော့​ဖြင့်​ ဒါ ပြည်သူ​တွေ အမှန်ဘက်ကို သိ​အောင် ပြည်သူ​တွေ ရှင်း​ရှင်း​လင်း​လင်း​သိ​အောင် သူတို့​ပြောကြား​တဲ့​ ပွင့်​လင်း​မြင်သာမှု​ပေါ့​။ ဒါ​တွေကို လူထုကြား​ထဲကို အမှန်တခု တင်လည်း​ တင်ထား​တယ်၊​ ဒီလို သုံး​သပ်​နေတယ်၊​ သတင်း​စာရှင်း​လင်း​ပွဲ မလုပ်နိုင်ရင်​တောင်မှ​လေ။ လက်ခံလည်း​ လက်ခံတယ်၊​ လက်မခံရင်လည်း​ လက်မခံဘူး​။ ဒါကို နိုင်ငံအကျိုး​အတွက် အကုန်လုံး​ အကျိုး​အတွက်​လေ ထုတ်ပြန်​ပေး​သင့်​တဲ့​ သ​ဘောလို့​ ကျ​နော် သ​ဘောရပါတယ်။” လစ်လပ်သွား​မယ့်​ ဒုတိယသမ္မတ ၁ သီဟသူရဦး​တင်​အောင်မြင့်​ဦး​ရဲ့​ ​နေရာကို ဒုတိယသမ္မတ ၂ အဖြစ် တာဝန်ထမ်း​ဆောင်​နေတဲ့​ ​ဒေါက်တာ စိုင်း​မောက်ခမ်း​က ဥပ​ဒေအရ လွှဲ​ပြောင်း​တာဝန်ထမ်း​ဆောင်ရမှာပါ။ ​ဒေါက်တာစိုင်း​မောက်ခမ်း​ရဲ့​ ဒုတိယသမ္မတ ၂ ​နေရာအတွက် ကာကွယ်​ရေး​ဦး​စီး​ချုပ်က အမည်စာရင်း​တင်သွင်း​ ခန့်​အပ်ထား​တဲ့​ တပ်မ​တော်သား​ လွှတ်​တော်ကိုယ်စား​လှယ် ၂၅ ရာခိုင်နှုန်း​ အစုအဖွဲ့​က တင်​မြှောက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ဒုတိယသမ္မတ ၂ ​နေရာ တင်​မြှောက်မယ့်​အ​ပေါ် ဘယ်လို ပုဂ္ဂိုလ်မျိုး​ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စား​စရာ ​ကောင်း​နေတဲ့​အ​ပေါ်ကိုလည်း​ ​ဒေါက်တာ​အေး​မောင်က အခုလို​ပြောပါတယ်။ “သမ္မတကြီး​ ပြီး​ခဲ့​တဲ့​ကာလ​လေး​က ​ပြောခဲ့​တဲ့​ မိန့်​ခွန်း​လေး​တွေက​တော့​ စိတ်ဝင်စား​ဖို့​ ​ကောင်း​ပါတယ်။ ပြုပြင်​ပြောင်း​လဲလိုတဲ့​ ဥစ္စာ​လေး​နဲ့​ မပြုပြင် မ​ပြောင်း​လဲလိုတဲ့​ ဥစ္စာ​လေး​ နှစ်ခုရဲ့​ ခြား​နား​ခြင်း​ကို သူညွှန်း​တာ ရှိတယ်။ တကယ်လို့​များ​ ဒုတိယ သမ္မတ တဦး​ဦး​ကို အစား​သွင်း​ဖို့​ လိုမယ်ဆိုရင် ပြုပြင်​ပြောင်း​လဲ လိုတဲ့​ပုဂ္ဂိုလ်၊​ ​ပျော့​ပျောင်း​တဲ့​ ပုဂ္ဂိုလ်၊​ တပ်မ​တော်နဲ့​ပတ်သက်လို့​ နီး​စပ်တဲ့​ ပုဂ္ဂိုလ်၊​ တပ်မ​တော်အ​ပေါ်မှာလည်း​ပဲ ယုံကြည်သလို၊​ တပ်မ​တော်က ​လေး​စား​တဲ့​ ပုဂ္ဂိုလ်လည်း​ ဖြစ်လာမယ်လို့​ ထင်ပါတယ်။ ​ပျော့​ပျောင်း​ပြီး​ကာမှ သမ္မတကြီး​နဲ့​လည်း​ လက်တွဲနိုင်တဲ့​ ပုဂ္ဂိုလ်၊​ အကုန်လုံး​ နှစ်ဦး​နှစ်ဖက် အပြန်အလှန်​လေး​စား​မှု ရှိတဲ့​ ပုဂ္ဂိုလ်မျိုး​ကို ​ရွေး​ပေး​နိုင်ကြမယ်လို့​လည်း​ ထင်တယ်​လေ။ လွှတ်​တော်အမတ်​တွေ အကုန်လုံး​လက်ခံနိုင်တဲ့​ ပုဂ္ဂိုလ် ဖြစ်ဖို့​လည်း​ ကြိုး​စား​မယ် ထင်ပါတယ်။” ဒုတိယသမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့​အ​ပေါ် ခန့်​မှန်း​မှု​တွေ အမျိုး​မျိုး​ ရှိ​နေတဲ့​ထဲက ​ဒေါက်တာ မြတ်ဥာဏစိုး​က သူ့​ရဲ့​ခန့်​မှန်း​ချက်ကိုလည်း​ အခုလို ​ပြောဆိုထား​ပါတယ်။ “ကျ​နော် တဦး​တည်း​ အမြင်ကို ​ပြောရရင်​တော့​ လက်ရှိမြန်မာနိုင်ငံမှာ သမ္မတကြီး​ကလည်း​ တကယ့်​ကို ပြုပြင်​ပြောင်း​လဲ​ရေး​ကို ​ဖော်​ဆောင်​နေတာ​တော့​ ရှိပါတယ်။ တဖက်မှာလည်း​ လွှတ်​တော် ဥက္ကဋ္ဌ​တွေကလည်း​ ဒါ​တွေကို ​ဆောင်ရွက်​နေပါတယ်။ ​နောက်တခါ ကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ​ဆောင်ရွက်​နေတယ်​ပေါ့​။ သုံး​ဦး​သုံး​ဖလှယ်ရဲ့​ သား​ရွှေအိုး​ထမ်း​တဲ့​ ပုံစံမျိုး​ ဖြစ်နိုင်တာက​တော့​ ဥပမာ သူရဦး​ရွှေမန်း​ကို တပ်မ​တော်သား​ကိုယ်စား​လှယ်များ​က ဒု-သမ္မတအဖြစ် ​ရွေး​ချယ်လိုက်မယ်ဆိုရင် လွှတ်​တော်ဥက္ကဋ္ဌ​နေရာက လစ်လပ်သွား​မှာပါ။ အဲဒီ​တော့​ လွှတ်​တော်ဥက္ကဋ္ဌ ​နေရာမှာ​တော့​ ​ကော့​မှူး​မြို့​နယ်က ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က​နေပြီး​တော့​ ဒီ​နေရာမှာ အများ​သ​ဘောတူတယ်ဆိုရင်​ပေါ့​ လွှတ်​တော်ကိုယ်စား​လှယ် အများ​စုက သ​ဘောတူတယ်ဆိုရင် တာဝန်ထမ်း​ဆောင်လို့​ ရပါတယ်။” ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ (၃) နိုင်ငံ​တော်အကြီး​အကဲ (နိုင်ငံ​တော်သမ္မတနှင့်​ ဒုတိယသမ္မတများ​) ဆိုတဲ့​ အခန်း​ရဲ့​ ပုဒ်မ ၇၂ နှစ်မှာ​တော့​ သမ္မတနဲ့​ ဒုတိယသမ္မတ​တွေဟာ မိမိသ​ဘောဆန္ဒ​တွေအရ သက်တမ်း​မကုန်ဆုံး​မီ ရာထူး​က နုတ်ထွက်လိုရင် နုတ်ထွက်ခွင့်​ရှိတယ်လို့​ ​ဖော်ပြထား​ပါတယ်။ အဲ့​ဒီလို နုတ်ထွက်တာနဲ့​ ပတ်သက်ပြီး​ ပုဒ်မ ၇၃ ရဲ့​ အပိုဒ်ခွဲ (စ) မှာ လွှတ်​တော်အစည်း​အ​ဝေး​ ကျင်း​ပ​နေချိန် နုတ်ထွက်ရင် တပတ်ကြိုတင်ပြီး​ သမ္မတက ပြည်​ထောင်စု လွှတ်​တော်နာယကကို အ​ကြောင်း​ကြား​ဖို့​ ပြဋ္ဌာန်း​ထား​ပါတယ်။ အပိုဒ်ခွဲ (ဆ) မှာ​တော့​ လွှတ်​တော်အစည်း​အ​ဝေး​ ရပ်နား​နေချိန်မှာ နုတ်ထွက်ခဲ့​ရင် ပြည်​ထောင်စုလွှတ်​တော် အကြီး​အကဲက သမ္မတရဲ့​ အ​ကြောင်း​ကြား​စာကိုရရှိပြီး​ ၂၁ ရက်အကြာမှာ လွှတ်​တော်​ခေါ်ယူပြီး​ ပြန်လည်အစား​ထိုး​ တင်​မြှောက်ရမယ်လို့​ ပြဋ္ဌာန်း​ထား​ပါတယ်။
Categories: Myanmar News

အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ

Thit Htoo Lwin - 11 hours 21 min ago
မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ) ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲပြီးတွေ့ ရစဉ် မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ) ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲနေစဉ် (၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန်  ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင် (၁၃-၅-၂၀၁၂)ရက်နေ့ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ) ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆)ရွှေဥမင်ဓမ္မသုခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များက  အောင်ပန်းမြို့ မြို့မပြင်သာ ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတောသံဃမဟာနာယကအဖွဲ့၏  ညွှန်ကြားလွှာအမှတ်(၉၅)(၀ိ-မှုခင်းလုပ်ထုံး) နှင့်အညီ...လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်တို့မှလည်း....ပြည်နယ်သံဃနာယကအဖွဲ့ဆရာတော်၏ ညွှန်ကြားချက်အရလည်းကောင်း၊ ပြည်နယ်သာသနာရေးဦးစီးဌာန၏လျှောက်ထားချက်အရလည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဦးဆောင်ကာလည်းကောင်း၊    အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ  အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅)အရ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က    မိုးပြာဝါဒသည်  အဓ္ဓမ၀ါဒ  ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း   အပြစ်ဒဏ်ကျခံနေရပြီးဖြစ်ကြောင်း သိရှိရပါသည်။သို့ဖြစ်၍  ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ  ဦးဥတ္တမ   ကိုလည်းလူဝတ်လဲပြီးနောက်  သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊   ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၉၅(က) အရ  ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိပါသည်။Myanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ထုတ်ပစ်မည်ဟု ခြိမ်း​ခြောက်

DVB - 11 hours 29 min ago
ရန်ကုန်တိုင်း​၊​ လှိုင်သာယာစက်မှုဇုန်မှာ မ​နေ့​ကတည်း​က လုပ်ခလစာတိုး​မြှင့်​ရရှိဖို့​ ဆန္ဒပြ​နေကြတဲ့​ အလုပ်သမား​တွေကို အလုပ်ရှင်​တွေဘက်က ၃ ရက်အချိန်​ပေး​လိုက်ပြီး​ ၃ ရက်အတွင်း​ အလုပ်ပြန်မဆင်း​ရင် အလုပ်ထုတ်ပစ်မယ်လို့​ ခြိမ်း​ခြောက် ​ပြောဆိုလိုက်ပါတယ်။ Pearl Garment စက်ရုံအလုပ်သမားများ ဆန္ဒပြနေစဉ် စပယ်ပွင့်​၊​ ပုလဲနဲ့​ ​နေလင်း​အောင် အထည်ချုပ်စက်ရုံ ၃ ခုက အလုပ်သမား​ ၂ ​ထောင်​ကျော်ဟာ ဒီ​နေ့​မှာလည်း​ အချိန်ပို​ကြေး​ တိုး​ပေး​ဖို့​ သူတို့​စက်ရုံ​တွေ​ရှေ့​မှာထိုင်ပြီး​ ဆက်လက်ဆန္ဒပြ​နေကြရာမှာ အလုပ်ရှင်​တွေက မလိုက်​လျောတဲ့​အပြင် အလုပ်ထုတ်ပစ်မယ်လို့​ ​ပြောဆိုလာတာဖြစ်တယ်လို့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ ကိုမင်း​မင်း​ထွန်း​က အခုလို ​ပြောပါတယ်။ “သူတို့​လိုချင်တာ​တော့​ ရှား​ပါး​စရိတ် ၃ ​သောင်း​ပါပဲ။ စက်ရုံတိုင်း​က ရှား​ပါး​စရိတ်​တွေ ​ပေး​နေကြတယ်။ အလုပ်ရှင်သူ​ဌေး​တွေက သူတို့​ ၁ ​သောင်း​ခွဲထိပဲ ​ပေး​တယ်။ အလုပ်သမား​တွေကို သူတို့​ညှိ​ပေး​တာ လက်မခံဘူး​ဆိုရင် သုံး​ရက်အချိန်​ပေး​မယ်။ အဲဒီ သုံး​ရက်မှအလုပ်မဆင်း​ရင် အလုပ်ထုတ်ပစ်မယ်။ ကိုယ့်​ဘာသာကို အလုပ်ထွက်သွား​တဲ့​သ​ဘော​ပေါ့​။ အဲဒါကို အလုပ်သမား​တွေက လက်မခံဘူး​။ ထိုင်ပြီး​တော့​ ဆန္ဒပြ​နေကြတယ်။” မ​နေ့​က ဆန္ဒပြ​နေတဲ့​စက်ရုံ ၃ ခုအပြင် moon crap အထည်ချုပ်စက်ရုံက အလုပ်သမား​ ၅၀၀ ​ကျော်ဟာလည်း​ ဒီ​နေ့​မှာ လုပ်ခလစာတိုး​ပေး​ဖို့​ ဆန္ဒပြကြပါတယ်။ အဲ့​ဒီမှာလည်း​ အလုပ်ရှင်ဘက်ကတိုး​ပေး​တဲ့​ လုပ်ခကို အလုပ်သမား​တွေက မ​ကျေနပ်လို့​ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား​နေတာမို့​ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံ ၄ ခုက အလုပ်သမား​ ၃ ​ထောင်​လောက် ဆန္ဒပြ​နေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြ​နေကြတဲ့​ စက်ရုံ​တွေရှိရာကို လွှတ်​တော်ပြုပြင်​ပြောင်း​လဲ​ရေး​နဲ့​ ​ခေတ်မီဖွံ့​ဖြိုး​တိုး​တက်​ရေး​ရာ​ကော်မတီ ဥက္ကဋ္ဌ အရင် ရန်ကုန်မြို​တော်ဝန်​ဟောင်း​ ဦး​အောင်သိန်း​လင်း​ သွား​ရောက်ပြီး​ ညှိနှိုင်း​ ​ဆောင်ရွက်​ပေး​ခဲ့​ပေမယ့်​ ​အောင်မြင်မှုမရခဲ့​ပါဘူး​။ လုပ်ခလစာတိုး​ပေး​ဖို့​ ​တောင်း​ဆိုဆန္ဒပြ​နေကြတဲ့​ အလုပ်သမား​တွေဟာ ​နောက်​နေ့​မှာ ဆက်လက်​တောင်း​ဆိုဆန္ဒပြကြဖို့​ရှိပြီး​ မီဒီယာ​တွေနဲ့​တွေ့​ဖို့​ အစီအစဉ်ရှိတယ်လို့​ သိရှိရပါတယ်။
Categories: Myanmar News

အလုပ်သမားအရေး ညှိနှိုင်းဆောင်ရွက်ပေးသူ ဦးအောင်သိန်းလင်းနှင့် မေးမြန်းချက်

DVB - 11 hours 29 min ago
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာ ဆန္ဒပြနေကြတဲ့ စက်ရုံတွေရှိရာကို လွှတ်တော်ပြုပြင်ပြောင်းလဲရေး နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အရင် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း သွားရောက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းလင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။ အန်ကယ်၊ ဒီနေ့ လှိုင်သာယာမှာ အလုပ်သမားတွေ အရေး လိုက်ပြီးတော့ ဖြေရှင်း ဆောင်ရွက်ပေးနေ တယ် လို့ သိရပါတယ်။ “ဟုတ်ပါတယ်။ အခုပဲပြန်လာတယ်။” အန်ကယ်တို့ ဘယ်လိုဖြေရှင်းပေးခဲ့တယ် ဆိုတာ သိပါရစေ၊ အဆင်ပြေသလား။ “လောလောဆယ်တော့ မပြေလည်သေး ဘူး။ သူတို့တွေက ၃ သောင်း ပိုတောင်းတာပေါ့။ အလုပ်ရှင်တွေက ၁ သောင်းခွဲထိ တိုးပေးတယ်။ အဲဒီကြားထဲမှာ ညှိနေတုန်းပဲ၊ မပြေလည်သေးဘူး။” အန်ကယ် ပါတီအနေနဲ့ သွားဖြေရှင်းပေးတာလား၊ လွှတ်တော်ရေးရာ ကော်မတီအနေနဲ့ သွားဖြေရှင်းပေးတာလား။ “ကျနော် ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ အနေနဲ့ သွားတာပါ။” ကျနော်တို့ကြားတာတော့ အလုပ်သမားတွေက ရှားပါးစရိတ် ၃ သောင်းတောင်းတယ်။ ဟိုဘက်က လည်း တ၀က်ပဲပေးတယ်။ သူတို့အလုပ်ရှင်တွေဘက်က ၃ ရက်အချိန်ပေးတယ်။ ၃ ရက်မှ အလုပ်ပြန် မဆင်းရင် စည်းကမ်းအရ ထုတ်မယ်လို့ ပြောဆိုတာတွေလည်း ရှိတယ်လို့ ကြားသိရတယ်။ အန်ကယ် ဘယ်လို ဆက်ဆောင်ရွက်မယ်လို့ စိတ်ကူးထားပါသလဲ။ “ညှိရမှာပေါ့။ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီ စာချုပ်ချုပ်တာ၊ လက်မှတ် ထိုးထားတဲ့ အထဲမှာတော့ အဲဒီ စည်းကမ်းချက်တွေပါတယ်။ ဒါပေမယ့် ပြေလည်တဲ့ထိတော့ ဆက်ပြီး ကြိုးစား ညှိနှိုင်းရမှာပေါ့။ ဒါတွေက မပြေလည်ရင် ဒီအလုပ်သမားတွေ ဘယ်လိုလုပ် ထမင်းသွားစားကြမလဲ။ ကျနော် တို့ကတော့ အလုပ်သမားတွေဘက်က ရပ်တည်ပြီး တောင်းဆိုပေးတယ်။ စက်ရုံပိုင်ရှင်တွေ ဘကက်လည်း ၁ သောင်းခွဲထိတော့ သူတို့ လိုက်တိုးပေးထားတာ တွေ့ရတယ်။ အဲဒီကြားထဲမှာ နှစ်ဖက် ထပ်ညှိရဦးမှာပေါ့။” ဒီရက်ပိုင်း ရန်ကုန်မှာ ဒီအလုပ်သမားတွေ၊ အထည်ချုပ် အမျိုးသမီးလေးတွေ အလုပ်သမားလစာတွေ မရကြလို့၊ လုပ်ခလစာတွေ နည်းလို့ ဆန္ဒပြကြတာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အပေါ်မှာ အန်ကယ် ဘယ်လို သုံးသပ်ပါသလဲ။ နောက် အန်ကယ်တို့ လွှတ်တော်ထဲမှာရော နောက်ထပ် ဘယ်လိုဆောင်ရွက် သွားဖို့ စိတ်ကူးထားပါသလဲ။ “အမှန်က အလုပ်သမားဝန်ကြီးဌာနကနေ ဒါမျိုးပြဿနာတွေ ဖြေရှင်းပေးဖို့အတွက် ပါသင့်တဲ့သူတွေ ပါပြီး ကော်မတီဖွဲ့ဖို့ စီမံထားတယ်။ တိုင်းဒေသကြီး အလိုက်၊ အဲဒီ့ ကော်မတီကနေ နောက်ပိုင်း မှာ ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလို ခဏ ခဏဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ လွှတ်တော်ထဲမှာလည်း အဖြေရှာရမှာပေါ့။” အန်ကယ်အနေနဲ့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။ “အလုပ်သမားတွေ သူတို့ဘက်က တောင်းဆိုတာလည်း အပြစ်မတင်ဘူး။ တကယ်လိုအပ် လို့ တောင်းဆိုတာပေါ့။ အလုပ်ရှင်တွေဘက်ကလည်း သူတို့လိုက်လျောနိုင်သလောက် လိုက်လျောတယ်။ အဲဒါ့ မပြေလည်လို့ရှိရင် ကျနော်တို့က နောင်လာမယ့် ရှေ့အလားအလာပေါ့၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) ဥပဒေအရ ရင်းနှီးမြှုပ်နှံမယ့် အဖွဲ့တွေက နည်းနည်းလေး နောက်တွန့်သွား မှာ စိုးရိမ်တယ်။ အဲဒါတွေ ဂယက်ရိုက်မှာတော့ ကျနော့်အနေနဲ့ စိုးရိမ်ပါတယ်။”
Categories: Myanmar News

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား

Thit Htoo Lwin - 11 hours 46 min ago
ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးပါသည်။အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း(၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း(၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့ သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့် အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရမည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့်သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန်ထပ်ဆင့်ညွှန်ကြားပါသည်။ ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂)ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီအထိဖြစ်သည်။ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/ကကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့်ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံများကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်းဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများကပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာသင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာသင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့  ဦးတည်ချီတက်ခဲ့ကြသည်။ မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက၀ိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးကပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင်(၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။(ဤပြဿနာ၏ အကျဉ်းချုပ်မှာ-၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအားမပေးခြင်းတို့ဖြစ်ပါသည်။)ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြားပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။ ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါသည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့် စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေးများကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာအစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာတစ်ဦးက Myanmar News Now ကိုပြောထားပါသည်။ ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်းသင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။Myanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ပိုလန်၏ ပံ့ပိုးမှုဖြင့် Democracy-Lessons Learned ကျင်းပ

Popular Myanmar - 11 hours 56 min ago
ရန်ကုန်၊ မေ ၁၄ ပိုလန်နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ပံ့ပိုးကူညီမှုဖြင့် Lech Walesa Institute မှ ဦးစီးသော Democracy-lesson Learned ဟူသော ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို မေလ ၁ဝ ရက် မှ ၁၄ ရက်အထိ ငါးရက်တာ ကျင်းပ ခဲ့ပြီး ဆွေးနွေးပွဲ ဖွင့်ပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန်နိုင်ငံခြားရေး ဝန်ကြီး Mr. Radoslaw Sikorski တို့ တက်ရောက်ခဲ့သည်။ ပိုလန်နိုင်ငံသည် ဆိုရှယ်လစ် ဆိုဗီယက် လက်အောက်မှ ပထမဆုံး ရုန်းထွက်နိုင်သော နိုင်ငံဖြစ်၍ ၄င်းတို့၏ အတွေ့အကြုံ များသည် မြန် [...]
Categories: Myanmar News

လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်း

Thit Htoo Lwin - 12 hours 5 min ago
လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်းနေစဉ် နစ်နာချက်များအားတောင်းဆိုနေသည့်စံပယ်ပွင်အထည်ချုပ်စက်ရုံ၌အခြေခံအလုပ်သမားသမဂကို(၁၆-၅-၂၀၁၂)၇က်နေ့တွင်အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်းနှင့်မကြာမှီမှတ်ပုံတင်မည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂဖြစ်မြောက်ရေးအတွက်ဥပဒေအကြံပေးရှေ့နေဦးဌေးမှပြောကြားခဲ့ပါသည်။၁- မခင်သီတာဦး (ဥက္ကဌ)၂- မခင်သန္တာကျော် (အတွင်းရေးမှူး)၃- မတင်တင်အေး (ဘဏ္ဍာရေးမှူး)၄- မသင်းသင်းဆွေ (စာရင်းစစ်)၅- မငြိမ်းငြိမ်းအိ၆- မစန်းခေါင်းဂျီ၇- မဇင်မာလွင် တို့ဖြစ်ကြပါသည်။၁၄-၅-၂၀၁၂)ရက်နေ့မှစတင်၍ (၁၇-၅-၂၀၁၂)အထိ ၄ရက်ဆက်တိုက်စံပယ်ပွင့်အထည်ချုပ်စက်ရုံမှ အလုပ်သမား၃၅၀ကျော်သည် အခြေခံလုပ်ခသတ်မှတ်ချက်မရှိခြင်း၊ရက်ပျက်လျှင်ငွေဖြတ်ခြင်း၊ ၁မိနစ်မှ၅မိနစ်အတွင်းနောက်ကျလျှင် ၁၅၀၀ကျပ်ဖြတ်ခြင်း၊ အများပြည်သူပိတ်ရက်များတွင်အလုပ်ဆင်းရခြင်းတို့အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟုအလုပ်သမားအရေးဆောင်ရွက်သူရှေ့နေဦးဌေးမှပြောကြားပါသည်။ မကြာမှီနောက်ရက်များတွင်လည်း နေမင်းအောင်အထည်ချုပ်၊ ပုလဲအထည်ချုပ် တို့အလုပ်သမားသမဂများအမြန်ဆုံဖွဲ့စည်းနိုင်ရန်ဥပဒေရေးရာအကြံဥာဏ်များပေးနေကြောင်းအဆိုပါ ရှေ့နေဦးဌေးမှပြောကြားပါသည်။Myanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

တရုတ်၊ မြန်မာဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးည ပဒေသာကပွဲကျင်းပ

Popular Myanmar - 12 hours 8 min ago
ရန်ကုန်၊ မေ ၁၅ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးည ပဒေသာကပွဲကြီးကို အနုပညာရှင်ပေါင်းများစွာဖြင့် အမျိုးသားကဇာတ်ရုံကြီးတွင် မေလ ၁၅ ရက်ည ၇ နာရီ၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ အဆိုပါပွဲအား တရုတ်လုပ်သားပြည်သူများကြား နိုင်ငံတကာကူးလူးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပင်လယ်ရပ်ခြားပြန် တရုတ်အမျိုးသား အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ ၄င်းအပြင် မြန်မာပြည် တရုတ်ကုန်သည်များအသင်း၊ မြန်မာပြည် ဟုတ်ကျန့်တရုတ် အမျိုးသားများအသင်း၊ မြန်မာပြည် ကောင်းတုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်မြို့ ယူနန်သာရေးနာရေး အသင်းနှင့် Gold Uni Investment Co,Ltd.တို့မှ ကူညီပံ့ပိုးခြင်းဖြစ်ကြောင်း သိရသည်။ ချစ်ကြည်ရေးည ပဒေသာကပွဲကြီးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေး [...]
Categories: Myanmar News

ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းမှု ပြန်စဉ်းစားရန် သမ္မတထံ တောင်းဆို

DVB - 12 hours 11 min ago
ရန်ကုန်မြို့တော် စည်ပင်က ရန်ကုန်မြို့တွင်း လူသွားစင်္ကြန် ပလက်ဖောင်းတွေပေါ် မှာ  ကြော်ငြာ ဆိုင်းဘုတ်တွေ ဖြုတ်ခိုင်းတာ နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဆုံးဖြတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို ရန်ကုန်မြို့က ကြော်ငြာဆိုင်းဘုတ်လုပ်ငန်းရှင်တွေက စုပေါင်းလက်မှတ်ထိုး တိုင်ကြားလိုက်ပါတယ်။ ရန်ကုန်မြို့မှာ မြို့အင်္ဂါရပ်နဲ့အညီ လှပအောင်နဲ့  ပလက်ဖောင်းပေါ်သွား လာသူတွေ အဆင်ပြေအောင် ရည်ရွယ်ချက် နဲ့ ပလက်ဖောင်းပေါ်မှာ ရှိတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို မေလ ၂ ရက်နေ့ က စပြီး သြဂုတ် လ နောက်ဆုံး ထား ဖြုတ်သိမ်းဖို့ ရန်ကုန် မြို့တော် စည်ပင်က ညွှန်ကြားချက် ထုတ်ပြန်ထား တာပါ။ ဒါကြောင့် ကြော်ငြာ ဆိုင်းဘုတ် လုပ်ငန်းကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းနေ သူတွေရဲ့ အလုပ်အကိုင် နဲ့ စားဝတ်နေရေး ထိခိုက် နစ်နာမှုတွေ ရှိလာတဲ့အတွက် ကြော်ငြာ ဆိုင်းဘုတ် လုပ်ငန်းရှင်တွေက စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ကို အသနားခံ တိုင်ကြားခဲ့တာ လို့ ကြော်ငြာ ဆိုင်းဘုတ် လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောပါတယ်။ “ကျနော်တို့ နိုင်ငံတော် သမ္မတကြီးကနေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက လုပ်ငန်း အခန်းကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် လမ်းတွေဖွင့်ပေးနေတဲ့ အချိန်မှာ ဒီဝန်ကြီးဌာနတခုအနေနဲ့ ကျနော်တို့ လုပ်ငန်းတွေကို ပိတ်သိမ်းရမယ့် အဆင့်ထိရောက်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အတွက် ကျနော်တို့ လုပ်ငန်းရှင်တွေကော ၀န်ထမ်းတွေ၊ မှီခိုနေသူတွေ အများကြီး နစ်နာခဲ့ရတယ်” လို့ ပြောပါတယ်။ လတ်တလော ကြော်ငြာဆိုင်းဘုတ် အငယ်တွေကို ရန်ကုန် စည်ပင်သာယာနယ်နိမိတ်မှာ လုံးဝ တင်ခွင့်မပြုတော့ဘဲ ၉ ပေ X ပေ ၂၀ နဲ့ အထက် ကြော်ငြာ ဆိုင်းဘုတ်တွေကိုပဲ တနှစ် ဆက်လက် ခွင့်ပြုထားမှာဖြစ်ပါတယ်။ အဲဒီနောက် သင့်တော်တဲ့နေရာမှာ ကြော်ငြာဆိုင်းဘုတ်တချို့ကို ခွင့်ပြုတာနဲ့ LED  ဆိုင်းဘုတ်တွေ နဲ့ အစားထိုးတာတွေ ခွင့်ပြုဖို့ ရှိပါတယ်။ ဒါပေမယ့် လေလံဈေးနှုန်းနဲ့ ငှားရမ်းလုပ်ကိုင်ရမှာမို့ ကြော်ငြာစရိတ်တွေ  တိုးလာမှာကို ဆိုင်းဘုတ် လုပ်ငန်းရှင်တွေက စိုးရိမ်နေပါတယ်။ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တဦးက “ကြော်ငြာ ဆိုင်းဘုတ်အကြီးတွေကို တနှစ်ပြန်ပေးမယ် လို့ ပြောပါတယ်။ ဒါပေမယ့် ကြော်ငြာ ဆိုင်းဘုတ်တွေက တနှစ်ပြန်ပေးမယ် ဆိုပေမယ့် နှုန်းတွေက လေလံနှုန်းနဲ့ ကောက်မယ် ဆိုရင် ဈေးနှုန်းတွေက အရမ်း များသွားပါတယ်။ အဲလိုများသွားတဲ့ အတွက် ကြော်ငြာတဲ့ လုပ်ငန်းရှင်တွေလည်း အများကြီးထိခိုက်သလို ကြော်ငြာတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေ လည်း ဒီလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ဖို့ အများကြီး အခက်အခဲဖြစ်သွားပါ တယ်” လို့ ပြောပါတယ်။ အခုလို ကြော်ငြာဆိုင်းဘုတ်တွေ ဖြုတ်ချတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်နဲ့ အီလက်ထရောနစ် ကုန်ပစ္စည်းကြော်ငြာတဲ့ လုပ်ငန်းရှင်တွေပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဖြုတ်သိမ်းခံရမယ့် ကြော်ငြာဆိုင်းဘုတ် အရေအတွက်ဟာ တမြို့လုံးမှာရှိတဲ့ ကြော်ငြာ ဆိုင်းဘုတ် အရေအတွက် ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိ ရှိနိုင်တာကြောင့် ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တွေကို ထိခိုက် နစ်နာစေတာလည်း ဖြစ်ပါတယ်။
Categories: Myanmar News

ပြည်ခိုင်ဖြိုးနှင့် တရုတ်ကွန်မြူနစ်ပါတီ ပူးပေါင်း၍ သင်္ဃန်းကျွန်း အခြေခံပညာကျောင်း ၁၁ ကျောင်းအတွက် ကွန်ပျူတာလှူ

Popular Myanmar - 12 hours 12 min ago
ရန်ကုန်၊ မေလ ၁၅ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီတို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စာသင်ကျောင်း ၁၁ ကျောင်းအတွက် ကွန်ပျူတာအလုံး ၁ဝဝ ကိုလှူဒါန်းခဲ့သည်။ အဆိုပါ ကွန်ပျူတာများကို China Sunshine Insurance ကုမ္ပဏီနှင့် အလှူရှင်များက လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခု လှူဒါန်းမှုသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည် ခိုင်ဖြိုးပါတီတို့၏ ပေါင်းစပ်ညှိနှိုင်းမှု၏ ရလဒ်တစ်ခုဖြစ်ကြေင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြော သည်။ ထို့အပြင် လူငယ်များ၏ အသိ အမြင် ဗဟုသုတကြွယ်ဝရေး၊ ပညာ ရည်မြင့်မားရေး၊ ယဉ်ကျေးမှု အနုပညာအဆိုအကများ ဖလှယ်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ တိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ညှိ နှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ၄င်းက [...]
Categories: Myanmar News

နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးလိုသူများနှင့် ပူးပေါင်းကာ မြသားလွင်ပြင်အဖွဲ့ ပျိုးခင်းများ ထူထောင်မည်

Popular Myanmar - 12 hours 13 min ago
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအနှံ့ရှိ သစ်ပင်စိုက်ပျိုးသူ များနှင့်ပူးပေါင်းကာ ပျိုးခင်းများ ထူထောင်ပေးသွားမည်ဖြစ်ကြောင်း မြသားလွင်ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ သိရ သည်။
Categories: Myanmar News

မြန်မာအပေါ် ‘ကန်’ ပိတ်ဆို့မှုများ ဆိုင်းငံ့ပေးရန် ဂျွန်မက်ကိန်း တိုက်တွန်း

Popular Myanmar - 12 hours 14 min ago
ဝါရှင်တန်၊ မေ ၁၄ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း က မြန်မာ့ပြုပြင် ပြောင်းလဲမှု များကို အားပေးထောက်ခံသည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုများကို ဆိုင်းငံ့ပေး သင့်ကြောင်း မေလ ၁၄ ရက်က တိုက်တွန်းပြောကြားခဲ့သည်။ ၂ဝ၁၂ ခုနှစ်၊ မေလ ၁၄ ရက် တွင် ဝါရှင်တန်ဒီစီ မဟာ ဗျူ ဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) တွင်ကျင်းပသော ဆွေးနွေး ပွဲသို့ တက်ရောက်လာသည့် အထက် လွှတ်တော် အမတ်ဂျွန်မက်ကိန်း က အမေရိကန် ပြည်ထောင်စု အနေ နှင့် လက်နက် ရောင်းဝယ်ခြင်း မှလွဲ ၍ အခြား ပိတ်ဆို့ အရေးယူမှု [...]
Categories: Myanmar News

ထောက်ကြန့်တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် လူငယ်အချို့ ပဋိပက္ခဖြစ်ပွား

DVB - 12 hours 17 min ago
ရန်ကုန်တိုင်း ထောက်ကြန့်မြို့နယ်၊ ပတ္တမြားမြို့သစ်မှာ ရှိတဲ့ လင်းထက် အရက်ဆိုင်မှာ မေ ၁၆ ရက် နေ့လယ်ပိုင်း က ရဲတပ်ရင်း ၈ က တပ်သားနှစ်ဦးနဲ့ ရပ်ကွက်တွင်းက လူငယ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။ ညပိုင်းမှာ ရဲတပ်ရင်းက  တပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်တွင်းရှိ အောင်စည်တော် လက်ဖက်ရည် ဆိုင်ထဲ ကြိမ်းမောင်း ၀င်လာပြီး ၀ိုင်းရိုက်ကြတာလို့  အရိုက်ခံလိုက်ရတဲ့ လူငယ်တဦး က ပြောပါတယ်။ “ကျနော် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း နောက်ကနေ၀င်ရိုက်တာ၊ ကျနော်သာ လဲ ကျသွားရင် သေမှာ။ လူအုပ်နဲ့ ၀င်ရိုက်တာ၊ ကျနော့်ကို ရိုက်တာတော့ ၇ ယောက်၊ ၈ ယောက် လောက်ပဲ။ ရိုက်ပြီး နောက်က၀င်လိုက်လာတဲ့ လူအုပ်က ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော် လည်း ထွက်ပြေးရတယ်။ ဆိုင်ထဲရှိတဲ့ လူတွေကို ရိုက်တာ၊ တွေ့ရာမြင်ရာ အကုန်ဆွဲရိုက်သွား တာ။ ခုံတွေ ရော အကုန်ရိုက်ချိုးသွားတယ်။ ဆိုင်က အကုန်ပျက်စီးသွားတယ်။” ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထောက်ကြန့်ရဲစခန်းက ဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့ပေ မယ့် လူငယ်ချင်း ရန်ဖြစ်ကြတာမို့ အထက်ကို တင်ပြထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့က သတင်းယူပြီး အထက်ကို တင်ပြထားတုန်းပဲရှိပါသေးတယ်။ အယောက် ၇၀ လောက် ဆိုတာက ကောလာဟလပါ။ ဖြစ်တာက ရဲဘော်ပေါက်စတွေနဲ့ပါ။ အရပ်သား လူငယ် တွေနဲ့ ရဲဘော်တွေ နဲ့ ဖြစ်တာပါ။” အရိုက်ခံလိုက်ရပြီး ဒဏ်ရာရခဲ့ကြတဲ့ လူငယ် ၁၄၊ ၁၅ ဦးရှိပြီး၊ ၅ ဦးလောက်က မင်္ဂလာဒုံမြို့နယ် အန်အယ်လ်ဒီ ရုံးကို လာရောက် အကူအညီတောင်းခံခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
Categories: Myanmar News

အလွမ်းဆွတ် ကျေးရွာမှာ စစ်တပ်က သီးစားချထားတဲ့ လယ်မြေတွေ ကို မြေထိုးစက် နဲ့ ထိုး ပီး တူးယူနေ (ရုပ်/သံ)

Thit Htoo Lwin - 12 hours 23 min ago
သံလျင်မြို့ နယ်က အလွမ်းဆွတ် ကျေးရွာမှာ စစ်တပ်က သီးစားချထားတဲ့ လယ်မြေတွေ ကို မြေထိုးစက် နဲ့ ထိုး ပီး တူးယူနေပါတယ် ။ ကိုသက် (ဒီဗွီဘီ) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

Pages

Subscribe to mandalar.net aggregator - Myanmar News