You are here
Thit Htoo Lwin
Primary tabs
Subscribe to Thit Htoo Lwin feed
www.thithtoolwin.com သစ်ထူးလွင် myanmarnewsnowသစ်ထူးလွင်http://www.blogger.com/profile/09756786793354585387noreply@blogger.comBlogger6024125thithtoolwin/yIWVhttp://feedburner.google.com
ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည်
10 hours 43 min ago
၁။      မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို 16-9-2011 ရက်နေ့တွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသ်။ ထိုစာချုပ်အရ လုပ်ကွက်ဧရိယာ (6105) ဧကကို (၅နှစ် သက်တမ်းလျှင် (5.577)တန် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပါသည်။ ၂။      အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီသည် နိုင်ငံတော်နှင့် အကျိုးတူစာချုပ်ချုပ်ဆိုပြီနောက် ဒေသခံမိတ်ဖက်ကုမဏီငယ်လေးများနှင့် လက်အောက်ခံ အသေးစားရွှေလုပ်ငန်းရှင်များ ၄င်းတို့အားမှီခိုလုပ်ကိုင်နေသော ရွှေလုပ်သားများအား မိမိတို့လုပ်ကိုင်ခွင့် သက်တမ်းကာလတစ်လျှောက် လက်တွဲခေါ်ဆောင် သွားမည်ဟု ဒေသခံအာဏာပိုင်များ၏ ရှေ့မှောက်တွင် ကတိက၀တ်ပြုခဲ့ကြပါသည်။ ၃။      မိုးထိမိုးမိဒေသ၊ ထုံးကြီးတောင်ရွှေစင်အပါအ၀င် လုပ်ကွက်ဧရိယာတစ်ခုလုံးကို သေးစား ရွှေထုတ်လုပ်မှုဇုန်(၁)မှ (၁၂)ထိခွဲခြားသတ်မှတ်ပြီး အသေးစားရွှေကြိတ်စက်လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်း နှင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ရန် Adit နှင့် လေးပေအင်းများ အမှတ်စဉ် (၁)မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များ ပေးပြီးလုပ်ကိုင်စေခဲ့ပါသည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကုမဏီမှ တစ်စုံတစ်ရာသော အထောက် အပံ့မရဘဲ မိမိတို့ ကိုယ်ပိုင်အရင်းအနှီး ငွေကြေးအကုန်အကျခံပြီး လုပ်ကိုင်ခဲ့ကြရပါသည်။ ၄။      ရွှေလုပ်သားတို့၏ အသက်အန္တရာယ်၊ လုပ်အားငွေအရင်းအနှီးစိုက်ထုတ်ပြီ ရရှိလာသော ရွှေသတ္တုဗြုန်းများမှ (၅၀%)ကို ကုမဏီသို့ ပေးဆောင်ရသည်။ ဇုန်(၈) ထုံးကြီးတောင်လုပ်ကွက်တွင် ရွှေလုပ်သား ထုတ်လုပ်ရရှိလာသော ဗြုန်းကို အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီအား တစ်ပုံ၊ မိတ်ဖက်ကုမဏီဟုခေါ်သော တာဝန်ခံကုမဏီအားတစ်ပုံနှင့် ရွှေလုပ်သားတစ်ပုံသာ ခံစားခွင့်ရရှိပါသည်။ ၅။      အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွှေလုပ်သားများသည် ကုမဏီလုပ်ပိုင်ခွင့်ရသော သက်တမ်းကာလ တစ်လျှောက် အတူလက်တွဲပြီး လုပ်ကိုင်ခွင်ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ချက်ဖြင့် ရှိစု၊ မဲ့စု မိမိတို့ ပိုင်ဆိုင်ကြသော အိမ်၊ ခြံ၊ ယာ၊ မြေ၊ ကျွဲ၊ နွားပါမကျန် ပေါင်နှံရောင်းချပြီး အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း၊ Adit နှင့် လေးပေအင်းများကို Mineing စနစ်ဖြင် ရေရှည်တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်ခြင်း တို့ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။ ၆။      (5-1-2012)ရက်စွဲပါနေ့တွင် ရွှေလုပ်သားများဖက်မှ တစ်စုံတစ်ရာသော စည်းကမ်းဖောက်ဖျက်ခြင်း မရှိခဲ့ပါလျှက်နှင့် အသေးစားရွှေထုတ်လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး နိုင်ငံတကာအဆင့်မှီ Mine Town စီမံကိန်းနှင့် အကြီးစားရွှေထုတ်လုပ်ငန်းအသွင်ကူးပြောင်းပြီး လုပ်ဆောင်မည့်အကြောင်း ကုမဏီ၏ ရွှေသတ္တု ထုတ်လုပ်မှုဇုန်တာဝန်ခံ (ခေါ်) မိတ်ဖက်ကုမဏီများမှ တစ်ဆင့် အကြောင်းကြားခဲ့ပါသည်။ ၇။      ရွှေလုပ်သားများသည် ကုမဏီနှင့်အတူလက်တွဲလုပ်ကိုင်စဉ် (၇)လတာအချိန်အတွင်း အသေးစားကြိတ်စက်များတည်ရန် မြေညှိခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်း၊ စက်ယန္တရားများ တပ်ဆင်ခြင်း စသည့် လုပ်ငန်းများနှင့် ရွှေသတ္တုထုတ်လုပ်နိုင်ရန် Adit နှင့် လေးပေအင်းများ ဖေါက်ပြီး ရွှေသတ္တုရှာဖွေခြင်း၊ ရေရှည်ခိုင်ခန့်အောင်ပြုပြင်ထိန်းသိမ်းခြင်း စသောလုပ်ငန်းများ လုပ်ကိုင်နေချိန် ဖြစ်ပြီး တစ်စုံတစ်ရာသော အကျိုးခံစားခွင့်မရရှိကြသေးပါ။ ၈။      လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်ရသောကြောင့် မိမိတို့နေရပ်ပြန်မည်ဆိုလျှင်လည်း နေစရာ အိမ်ခြံဝန်းမရှိ၊ မိမိတို့ဒေသမှာ လုပ်ကိုင်စားသောက်မည်ဆိုလျှင်လည်း လယ်ယာကျွဲနွားမရှိ “နွေခေါင်ခေါင် ကျောက်စရစ်ကုန်းပြောင်ပြောင်မှာ အတောင်ကျွတ်သော ကြိုးကြာငှက် ရေရှာရန်ခက်သည့်ပမာ” မှီခိုအားထား ရာမဲ့သော ဘ၀အခြေအနေသို့ ဆိုက်ရောက်နေကြရပါသည်။ ၉။      သို့ဖြစ်ပါ မိုးထိမိုးမိဒေသ ရွှေလုပ်သားတို့၏ ဘ၀ဖြစ်ပုံအလုံးစုံကို သိရှိနားလည်ခံစားပြီး လူသားအချင်းချင်း စာနာထောက်ထားသောစိတ်ဖြင့် ဌာနဆိုင်၇ာအကြီးအကဲများမှတဆင့် ဝေဖန်သုံးသပ်ပြီး ကူညီဖြေရှင်းပေးနိုင်ပါ၇န် တင်ပြအပ်ပါသည်။  ဦးသိန်းမြင့်(ခ)ဆရာကျောင်း  5/မရန(နိုင်) 103540  ရွှေလုပ်ငန်းလုပ်ကိုင်သူ၊ ထုံးကြီးတောင်လုပ်ကွက်၊ မိုးထိမိုးမိဒေသhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ
11 hours 32 min ago
မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ) ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲပြီးတွေ့ ရစဉ် မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ) ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲနေစဉ် (၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန်  ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင် (၁၃-၅-၂၀၁၂)ရက်နေ့ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ) ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆)ရွှေဥမင်ဓမ္မသုခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များက  အောင်ပန်းမြို့ မြို့မပြင်သာ ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတောသံဃမဟာနာယကအဖွဲ့၏  ညွှန်ကြားလွှာအမှတ်(၉၅)(၀ိ-မှုခင်းလုပ်ထုံး) နှင့်အညီ...လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်တို့မှလည်း....ပြည်နယ်သံဃနာယကအဖွဲ့ဆရာတော်၏ ညွှန်ကြားချက်အရလည်းကောင်း၊ ပြည်နယ်သာသနာရေးဦးစီးဌာန၏လျှောက်ထားချက်အရလည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဦးဆောင်ကာလည်းကောင်း၊    အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ  အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅)အရ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က    မိုးပြာဝါဒသည်  အဓ္ဓမ၀ါဒ  ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း   အပြစ်ဒဏ်ကျခံနေရပြီးဖြစ်ကြောင်း သိရှိရပါသည်။သို့ဖြစ်၍  ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ  ဦးဥတ္တမ   ကိုလည်းလူဝတ်လဲပြီးနောက်  သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊   ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၉၅(က) အရ  ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိပါသည်။Myanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား
11 hours 57 min ago
ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးပါသည်။အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း(၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း(၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့ သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့် အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရမည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့်သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန်ထပ်ဆင့်ညွှန်ကြားပါသည်။ ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂)ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီအထိဖြစ်သည်။ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/ကကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့်ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံများကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်းဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများကပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာသင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာသင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့  ဦးတည်ချီတက်ခဲ့ကြသည်။ မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက၀ိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးကပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင်(၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။(ဤပြဿနာ၏ အကျဉ်းချုပ်မှာ-၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအားမပေးခြင်းတို့ဖြစ်ပါသည်။)ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြားပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။ ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါသည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့် စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေးများကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာအစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာတစ်ဦးက Myanmar News Now ကိုပြောထားပါသည်။ ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်းသင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။Myanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်း
12 hours 16 min ago
လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်းနေစဉ် နစ်နာချက်များအားတောင်းဆိုနေသည့်စံပယ်ပွင်အထည်ချုပ်စက်ရုံ၌အခြေခံအလုပ်သမားသမဂကို(၁၆-၅-၂၀၁၂)၇က်နေ့တွင်အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်းနှင့်မကြာမှီမှတ်ပုံတင်မည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂဖြစ်မြောက်ရေးအတွက်ဥပဒေအကြံပေးရှေ့နေဦးဌေးမှပြောကြားခဲ့ပါသည်။၁- မခင်သီတာဦး (ဥက္ကဌ)၂- မခင်သန္တာကျော် (အတွင်းရေးမှူး)၃- မတင်တင်အေး (ဘဏ္ဍာရေးမှူး)၄- မသင်းသင်းဆွေ (စာရင်းစစ်)၅- မငြိမ်းငြိမ်းအိ၆- မစန်းခေါင်းဂျီ၇- မဇင်မာလွင် တို့ဖြစ်ကြပါသည်။၁၄-၅-၂၀၁၂)ရက်နေ့မှစတင်၍ (၁၇-၅-၂၀၁၂)အထိ ၄ရက်ဆက်တိုက်စံပယ်ပွင့်အထည်ချုပ်စက်ရုံမှ အလုပ်သမား၃၅၀ကျော်သည် အခြေခံလုပ်ခသတ်မှတ်ချက်မရှိခြင်း၊ရက်ပျက်လျှင်ငွေဖြတ်ခြင်း၊ ၁မိနစ်မှ၅မိနစ်အတွင်းနောက်ကျလျှင် ၁၅၀၀ကျပ်ဖြတ်ခြင်း၊ အများပြည်သူပိတ်ရက်များတွင်အလုပ်ဆင်းရခြင်းတို့အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟုအလုပ်သမားအရေးဆောင်ရွက်သူရှေ့နေဦးဌေးမှပြောကြားပါသည်။ မကြာမှီနောက်ရက်များတွင်လည်း နေမင်းအောင်အထည်ချုပ်၊ ပုလဲအထည်ချုပ် တို့အလုပ်သမားသမဂများအမြန်ဆုံဖွဲ့စည်းနိုင်ရန်ဥပဒေရေးရာအကြံဥာဏ်များပေးနေကြောင်းအဆိုပါ ရှေ့နေဦးဌေးမှပြောကြားပါသည်။Myanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
အလွမ်းဆွတ် ကျေးရွာမှာ စစ်တပ်က သီးစားချထားတဲ့ လယ်မြေတွေ ကို မြေထိုးစက် နဲ့ ထိုး ပီး တူးယူနေ (ရုပ်/သံ)
12 hours 34 min ago
သံလျင်မြို့ နယ်က အလွမ်းဆွတ် ကျေးရွာမှာ စစ်တပ်က သီးစားချထားတဲ့ လယ်မြေတွေ ကို မြေထိုးစက် နဲ့ ထိုး ပီး တူးယူနေပါတယ် ။ ကိုသက် (ဒီဗွီဘီ) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဒီမိုက​ရေစီလမ်း​မများ​ ဓာတ်ပုံပြပွဲ ကျင်း​ပ
12 hours 47 min ago
ပရဟိတ အဖွဲ့​နှစ်ဖွဲ့​ကို လှူဒါန်း​ဖို့​ ရည်ရွယ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပါတီစည်း​ရုံး​ရေး​ ခရီး​စဉ်အတွင်း​ ရိုက်ကူး​ခဲ့​တဲ့​ ဓာတ်ပုံပြပွဲကို ဒီ​နေ့​ကစလို့​ ၂၅ ရက်အထိ ရန်ကုန်က ပြင်သစ်သံရုံး​မှာ ကျင်း​ပ​နေပါတယ်။ပြပွဲမှာ ပြသထား​တဲ့​ ဓာတ်ပုံ​တွေကို မြန်မာဓာတ်ပုံဆရာ ၃ ဦး​က ရိုက်ကူး​ခဲ့​တာဖြစ်ပြီး​ ဓာတ်ပုံ​ရောင်း​ရတဲ့​ ​ငွေရဲ့​ ၈၀ ရာခိုင်နှုန်း​ကို ​ဒေါ်ခင်ကြည် ​ဖောင်​ဒေး​ရှင်း​နဲ့​ ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု လုပ်ငန်း​တွေကို လှူဒါန်း​သွား​မယ်လို့​ ဓာတ်ပုံဆရာ​တွေက ​ပြောပါ တယ်။ဓာတ်ပုံဆရာ ကို​အောင်ပြည့်​က “လူထုနဲ့​ အန်တီနဲ့​ပုံ​တွေပဲပြတယ်။ လူထုနဲ့​ အန်တီနဲ့​ ဘယ်လိုရှိတယ်ဆိုတဲ့​ ပုံ​တွေကိုပဲ ပြတယ်။ အန်တီကို လူထုက ဘယ်လို​ထောက်ခံကြတယ်ဆိုတဲ့​ ပုံ​တွေကို အဓိကပြတယ်။ ဖီချာပုံသဏ္ဌာန် ဆန်ပါတယ်၊​ သတင်း​ပုံ​တော့​ တပုံ၊​ နှစ်ပုံ​လောက်ပဲ ပြထား​တယ်။ ဖီချာပုံ​တွေ​တော့​ ပြထား​တယ်။”ဓာတ်ပုံဆရာ ၃ ဦး​က​တော့​ ကို​အောင်ပြည့်​၊​ ကိုမင်း​ဇေယျ၊​ ​ပြေ​ကျော်မြင့်​တို့​ ဖြစ်ပြီး​၊​ ​ဖေ​ဖော်ဝါရီလ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ကော့​မှူး​ခရီး​စဉ်က​နေ ​ရွေး​ကောက်ပွဲမှာ အနိုင်ရပြီး​ လူထုကို ​ကျေး​ဇူး​တင်စကား​ပြောတဲ့​ ဧပြီလ ၂ ရက်​နေ့​အထိ ရိုက်ကူး​ထား​တဲ့​ ဓာတ်ပုံ​တွေ ပါဝင်တယ်လို့​ ဓာတ်ပုံဆရာ​တွေက ​ပြောပါတယ်။ဒီဓာတ်ပုံပြပွဲအဖွင့်​နေ့​ဖြစ်တဲ့​ ဒီ​နေ့​ည​နေပိုင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ချီး​မြှင့်​ပေး​မယ်လို့​ သိရပါတယ်။ ဒီဗွီဘီhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
ကျောင်းအပ် လက်ခံခြင်း အတိတ်က ငွေကြေး ရယူမှုကို မစွန့်လွှတ်လျှင် အရေးယူမည်
12 hours 54 min ago
ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ပြောသည်။ဒုတိယဝန်ကြီးက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟုပြောသည်။ပညာရေးဝန်ကြီးဌာန အနေ ဖြင့် ၂ဝ၁၁-၁၂ ပညာ သင်နှစ်မှ စ၍ အခမဲ့မူလတန်း ပညာရေးစနစ်ကို စတင်ခဲ့ပြီး ကျောင်းများ အား ငွေကြေး ကောက်ခံခြင်းမပြုရန် အသိ ပေးခြင်းနှင့် သတိပေးခြင်းများ ကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုပညာသင်နှစ်မှစကာထိ ရောက် စွာဖြင့် ဆောင်ရွက် သွားမည်ဟု ဒုတိယဝန်ကြီးက ဆက်လက်ဆိုသည်။''ကလေးပညာရဖို့ စာသင်ခွင့် ရဖို့အတွက် ငွေပေးနေရရင်ဘယ် ကောင်းပါ့ မလဲ။ ယူတဲ့သူလည်း မကောင်းသလိုပေးရတဲ့သူကလည်း နစ်နာ တယ်။ ကျောင်းလည်းသိက္ခာ ကျတယ်''ဟု ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ပညာရှင် ဒေါက်တာထွန်း ခင်က ပြောသည်။သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေး မြင့်က ပြင်ပမှ ထုတ်ဝေသည့ှ်Student's Guide များ၊မှတ်စုတိုများ၊ လေ့ကျင့်ခန်း စာအုပ်များ ရောင်းချ ခြင်းနှင့် အခြားခေါင်းစဉ် ဖြင့် ငွေကြေးကောက်ခံခြင်းတို့အား ရှောင်ကြဉ်ကာ ပညာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ကျောင်းရန်ပုံငွေနှင့်ကျောင်း လခများ ကို သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံကြရန် မေ ၇ ရက်နေ့ က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင် ကြီး၌ ကျင်းပသော အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင် တန်းအမှတ်စဉ် ၈ဝ ဖွင့်ပွဲ၌ ထည့် သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံမှ လက်ရှိ ကျင့် သုံးနေသော ပညာရေးစ နစ်အရ သူ ငယ်တန်းမှ စတုတ္တတန်းအထိ အခမဲ့သင်ယူနိုင်ပြီး ယခုနှစ် တွင် ကျောင်းသုံး စာအုပ် အပြည့်အစုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီရ မည် ဖြစ်သည်။ပဉ္စမတန်းမှ တက္ကသိုလ်ဝင် တန်းအထိ ကျောင်းအပ်ခနှင့် စာအုပ်ဖိုးမှာ အများဆုံး ကျပ် ၄၅ဝဝ သာ ပေးရမည်ဟု ပညာရေးဝန် ကြီးဌာနမှ သိရ သည်။  Popular Myanmar News Journalhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းကျရောက် မှုကြောင့် ကြို့ ပင်ကောက်၌ အိမ်ခြေ နှစ်ရာကျော် ပျက်စီး
12 hours 59 min ago
မေလ ( ၁၆ ) ရက်နေ့  ညနေ ၅ နာရီခန့် က မိုးသည်းထန်ရွာ သွန်းမှု အတူ လေပြင်းကျရောက်မှု ကြောင့် ကြို့ ပင်ကောက် မြို့ ပေါ်နှင့် ကျေးရွာ အချို့ တွင် အိမ်ခြေ နှစ်ရာ ကျော် ခန့် ပြိုလဲပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရိစ္ဆာန် အချို့ သေကြေခဲ့ကြောင်း မြို့ ခံများ၏ ပြောကြားချက် အရသိရသည်။ အလာတူ လေပြင်းကျရောက်မှု နေပြည်တော် လေပြင်းတိုက်မှု ပျဉ်းမနားတွင်လည်းဖြစ်ပွားခဲ့ကြောင်း Popular Myanmar News Journal ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ် လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ် http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
ပြည်သူချစ်သော တပ်မတော်အဖြစ်
13 hours 11 min ago
ငြိမ်းငြိမ်းနိုင် “တစ်ချိန်တုန်းက ပြည်သူတွေက တပ်မတော်သားတွေကို တအားချစ်ကြတယ်။ ကျွန်မတို့က တပ်မတော်ကို သိပ်ကိုဂုဏ်သိက္ခာ ရှိစေချင်တယ်။ ပြည်သူလူထုတို့က လိုလိုလားလားလက်ခံတဲ့ တပ်မတော်လောက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်မရှိဘူး” ထိုစကားကို ၂၀၁၂ ကားဖြတ်ရွေးကောက်ပွဲအကြိုနေပြည်တော်ပုဗသီရိမဲဆန္ဒနယ်မဲဆွယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တည်ရှိနေမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အင်တိုက်အားတိုက်ပြောဆိုနေကြသည့် နိုင်ငံရေးအင်အားစုများ ရှိသလိုအချိန်အတိုင်းအတာတစ်ခုအထိ လွှတ်တော်အတွင်း တပ်မတော်သားများ ရှိနေ သင့်သည်ဟုကျားကန် ပြောဆိုနေကြသူများလည်းရှိသည်။ မြန်မာ့နိုင်ငံရေးအတွင်း တပ်မတော် ပါဝင်နေခြင်းကို တပ်မတော်က မိမိသဘော ဆန္ဒအလျောက် နောက်ဆုတ်သွားခြင်းကသာလျှင် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်မည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က သုံးသပ်သည်။ ယင်းကဲ့သို့ တပ်မတော်က လက်ရှိပြောင်းလဲနေသော နိုင်ငံရေးအခြေအနေတို့အပေါ် မူတည်သဘောပေါက်ပြီး လျှော့ချ ခဲ့ပါက တပ်မတော်အပေါ် ဝေဖန်နေမှုများ ဆုံးခန်းတိုင်သွားနိုင်ပြီး တစ်ချိန်က တပ်မတော်အပေါ် ပြည်သူတို့ ယုံကြည်အားကိုးသည့်အနေအထားမျိုးပြန်လည်ရရှိနိုင်လိမ့်မည်ဟု သုံးသပ်သူတို့က ဆိုသည်။ ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဒီပါဝင်မှုကလိုအပ်သေးရဲ့လားဆိုတာ တပ်မတော်သားတွေကိုယ်တိုင်က နားလည် သဘောပေါက်ရမှာ။ သူ တို့ကိုယ်တိုင် နုတ်ထွက်သွားရင် ပိုကောင်းမယ်။ ဒါမှလည်း အရပ်ဘက်နဲ့ တပ်မတော်ဘက် ဆက်ဆံရေး ကောင်းလာမယ်။ ပြည်သူနဲ့ ဆက်ဆံရေးကလည်း အရင်လို ပြန်ရောက်လာမယ်”ဟု သုံးသပ်သည်။ လတ်တလောတွင် တပ်မတော်က အထိန်းအကွပ်အနေဖြင့် ပါဝင်နေခြင်းဖြစ်ပြီး နိုင်ငံရေးပြု ပြင်ပြောင်းလဲနေသည့် ကာလတစ်ခုဖြစ်သည့်အတွက် တဖြည်းဖြည်းနှင့် တပ်မတော်က နောက် ဆုတ်သွားလိမ့်မည်ဟု သုံးသပ်သူတို့က ယုံကြည်ယူဆကြသည်။ သို့သော်လည်း ပြီးခဲ့သည့် တပ်မတော်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး သရေစည်သူ မင်းအောင်လှိုင်ပြောကြားသော မိန့်ခွန်းက နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပါအပိုဒ်ကို ပြန်လည်ကိုးကားပြော ဆိုခဲ့သည်။ လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေရ ခြင်း အကြောင်းတစ်ရပ်ကိုလည်း ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် ပါတီနိုင်ငံရေး ကင်း ရှင်းစွာဖြင့် လူမျိုးစွဲ၊ ဒေသစွဲများ မပါရှိဘဲ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင် နိုင်မည့် အမျိုးသားနိုင်ငံရေးသက်သက်ကိုသာ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆို သည်။ ထိုမိန့်ခွန်းနှင့် ပတ်သက်၍ တပ်မတော်အရေးကျွမ်းကျင်သူ ဦးဝင်းမင်းက “ဒီအချက်က ရှင်းရှင်းလင်းလင်း ပြသနေတာက တော့ တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းက သူ့တို့ရဲ့ နိုင်ငံရေးအာဏာကို အနည်းဆုံးတော့ လတ်တလောကာလမှာ လက်လွှတ်မခံချင်ကြ တာကို ပြသနေပါတယ်” ဟု သုံးသပ်သည်။ လက်ရှိ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိပြီး၊ ပြည်သူ့လွှတ်တော် တွင် အရပ်သား ၃၂၂ ဦးနှင့် တပ်မတော်သား ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် အရပ်သား ၁၆၈ ဦးနှင့် တပ်မတော်သား ၅၆ ဦးရှိ သည်။ ဧပြီ ၂၂ ရက်က ရာထူးအဆင့်မြင့်သည့် တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦးကို အစားထိုးလဲလှယ်မှုလည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းလဲလှယ်မှုက ကြားဖြတ် ရွေးကောက်ပွဲပြီး၍ ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်ထဲမ ရောက်မီ ပြောင်းလဲမှုတစ်ရပ် ဖြစ်ခဲ့ပြီး ထိုအပြောင်းအလဲနှင့် ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သော် လည်း လွှတ်တော်အတွင်းကိုယ်စားလှယ်အများစုက ထိုပြောင်းလဲမှုကို အပြုသဘောအဖြစ် ကြိုဆိုခဲ့ကြသည်။ “အခု တပ်မတော်အတွင်းက ပိုမြင့်တဲ့ရာထူးတွေ ရောက်လာခြင်းက ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ပေးတယ်လို့ တွေးလို့ရသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်နဲ့လိုက်ဖက်ညီအောင် အဆင့်မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်”ဟုပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခိုင်မောင်ရည်က အပြုသဘောဆောင် သုံးသပ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူလူထုသို့ မဲဆွယ်စည်းရုံးရာတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးက အဓိ ကအချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့သည်။“ရွေးကောက်ပွဲဝင်တဲ့ မူဝါဒ တွေထဲမှာ ရှေ့တန်းတင်ထားတာ သုံးချက်ရှိတယ်။ တတိယအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေအကျိုးရှိအောင် ပြင်ဆင်ရေး ဖြစ်တယ်”ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မဲ ဆွယ်စည်းရုံးရေးကာလများအတွင်း ပြောကြားခဲ့သည်။ တပ်မတော်သားများ လွှတ်တော်အတွင်း တည်ရှိနေခြင်းကြောင့် အခြားကိုယ်စားလှယ်များ အနေဖြင့် တစ်စုံတစ်ရာ ပြဿနာမရှိဟုဆိုကြသော်လည်း လွှတ်တော်အတွင်း ဥပဒေများပြင်ဆင်ပြောင်းလဲရေးတွင် တပ်မတော် သားကိုယ်စားလှယ်များ၏ သဘောတူညီမှုမပါဘဲ ပြုပြင်ပြင်ဆင်ရန် အဆင်မပြေသည့် ကိစ္စမျိုး များ ရှိလာနိုင်ကြောင်း ကိုယ်စားလှယ်များက သုံးသပ်သည်။ “တချို့ကိစ္စတွေမှာ တပ်မ တော်သားကိုယ်စားလှယ်တွေ မပါ ရင်မဖြစ်တဲ့ ကိစ္စတွေရှိနေပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေတစ်ယောက်ချင်းဖဲ့ထုတ်လို့ မရတဲ့အတွက် တစ်ဖွဲ့လုံးပါမှ ဖြစ် မယ့်အနေအထားမျိုးမှာ ပြုပြင်ပြောင်းလဲမှုကိစ္စတွေလုပ်မရနိုင်ဘူးဆိုတာ ဖြစ်လာနိုင်ပါတယ်”ဟု ဦးခိုင်မောင်ရည်က ဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းကမူ လက်တလော တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်နေသင့်သေးသည်ဟု ယူဆသည်။ “တပ်မတော်သားကိုယ်စားလှယ်တွေ လက်တလောမှာတော့ ပါဝင်နေသင့်တယ်ဆိုတဲ့ဘက်မှာ ကျွန်တော်ရပ်တည်ပါတယ်” ဟု ခိုင်ခိုင်မာမာပြောဆိုသည်။ ဦးသန်းထွန်းကပင် ဆက်လက်၍ လက်ရှိတပ်မတော် အနေ အထားကိုလည်း ထင်မြင်သုံးသပ် ချက်ပေးသည်။ “အရင်တပ်မတော်အစိုးရ လက်ထက်က ပြောမှားဆိုမှား လုပ်မှားကိုင်မှားတွေက အခုတပ်မတော်အပေါ်မှာ တွဲပြီးဆက်မြင် နေသလို အခုတပ်မတော်ပေါ်မှာ လည်း ပုံကျနေတယ်လို့ မြင်တယ်” ဦးသန်းထွန်းကဲ့သို့ ထင်မြင်ယူဆသူ အသက် ၂၈ နှစ်အရွယ် ပြီး လုပ်သက် ၇ နှစ်ရှိ ဗိုလ်ကြီးအ ဆင့် တပ်မတော်အရာရှိတစ်ဦးကလည်း “ကျွန်တော်တို့ အပေါ်မှာ အမြင်မကြည်တာတွေ အများကြီးပါ။ တစ်စုံတစ်ယောက်၊ အချို့အပေါ်မှာ အမြင်စောင်းတာက နေ အကုန်လုံးက လိုက်ပြီးရော သွားတယ်လို့ မြင်ပါတယ်။ တကယ် တော့ တပ်မတော်သားတွေ ဘ၀မှာ ပေးဆပ်ရတာတွေက အများ ကြီးပါ။ အဲဒါတွေကို လူငယ်တွေသ ဘောပေါက်သွားမယ်၊ ကိုယ်ချင်း စာသွားမယ်ဆိုရင် ဟိုတုန်းကလိုမျိုး လူတွေချစ်တဲ့တပ်မတော် ဖြစ်စေ ချင်ပါတယ်”ဟု သူ့ခံစားချက်ကို ဖွင့်ဟပြောဆိုသည်။ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စကို မေးမြန်းရာတွင်တော့ ယင်းဗိုလ်ကြီး က “ဒီကိစ္စကတော့ လူကြီးတွေ အဖြေထုတ်စဉ်းစားရမှာပါ။ ကျွန်တော်တို့ကတော့ တပ်မတော်ကို တခြားနိုင်ငံတွေက တပ်မတော်လိုနိုင်ငံကာကွယ်ရေးမှာ ပြီးပြည့်စုံတဲ့ ပုံစံမျိုးနဲ့ မြင်ချင်ပါတယ်”ဟု ဆိုသည်။ ဦးဝင်းမင်းကလည်း တပ်မ တော်သားကိုယ်စားလှယ်များ မိမိ တာဝန် အခန်းကဏ္ဍတွင်သာ ဦး ဆောင်မည်ဆိုပါက ပြည်သူတို့ ၏ စိတ်နှလုံးကို ပြန်လည်ရယူ ပိုင် ဆိုင်နိုင်လာလိမ့်မည်ဟု ဆိုလေ သည်။ ထို့ကြောင့်လည်း လွှတ်တော် အတွင်းရှိ လွှတ်တော်ကိုယ်စား လှယ်များသည် တပ်မတော်ခေါင်းဆောင်ပိုင်းကို ၎င်းတို့၏ အခွင့်ထူးများ ရုပ်သိမ်းလိုက်ခြင်းသည် တပ်မတော်အတွက် အကောင်းဆုံးဖြစ်ကြောင်း နားလည် သဘောပေါက် လက်ခံလာအောင် နှစ်သိမ့်ပေးနိုင်ရန် အရေးကြီးသည်ဟု ဦးဝင်းမင်းက ဆက်ပြောသည်။ တပ်မ တော်အစိုးရမှ အရပ်ဘက်သို့ ကူးပြောင်းရာတွင် စံနမူနာဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံကို ၎င်းကပင်ယခုကဲ့သို့ ဥပမာပေးပြောဆိုသည်။ “သဘောထားပျော့ပျောင်း တဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အရင်ဆုံး နိုင်ငံရေးမှာ လွှတ်တော်အတွင်းက သူတို့ရဲ့နေရာတွေကို တစ်ဆင့်ချင်း လျှော့ချပေးတယ်။ နောက်အခုဆိုရင် စီးပွားရေးမှာပါ တစ်ဆင့်ချင်း ဘေးထွက်ပေးဖို့ အရပ်ဘက်ခေါင်းဆောင်ပိုင်းက ဆွဲဆောင်နှစ်သိမ့်နိုင်ခဲ့တာ ဖြစ်ပါတယ်” တပ်မတော်ကို ယခင်ကလိုပြည်သူချစ်သည့် တပ်မတော်ဖြစ်လာရေးအတွက် လွှတ်တော်အတွင်းက တပ်မတော်နေရာများ လျှော့ချနိုင်ရေးသာ မဟုတ်ဘဲစီးပွားရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာပါ လျှော့ချနိုင်ရေးကလည်းအရေးပါနေသည်။ “တပ်မတော်က လိုလိုလား လားနဲ့ နောက်ဆုတ်ခဲ့ပြီးတော့ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေ မှာ ပါဝင်နေမှုကိုပါ လျှော့ချခဲ့မယ် ဆိုရင် တပ်မတော်နဲ့ ပြည်သူ့ဆက်ဆံရေး အရင်အချိန်ပြန်ရောက်လာမှာပါ”ဟု ဒေါက်တာအေးမောင် ကဆိုသည်။ လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အနားယူ ခဲ့ကာ တပ်မတော်ထဲတွင် ၁၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးနေမျိုးဇင်(ငြိမ်း)ကတော့ ယခုကဲ့သို့ ယုံကြည်မျှော်လင့်သည်။ “လွှတ်တော်ထဲမှာ စနစ်တကျ လုပ်ဆောင်လာနိုင်ပြီဆိုရင် တပ်မတော်ခေါင်းဆောင်တွေက ရိုးသားမယ်ဆိုရင် လူထုချစ်မြတ်နိုးတဲ့ နိုင်ငံ့လုံခြုံရေးကိုပဲ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်ဗျ” ထို့ကြောင့်လည်း တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အတွင်းရှိနေခြင်းကို လတ်တလောတွင်တစ်သဘောတည်း လက်ခံနေသူများရှိသလို တပ်မတော်သားများကိုယ်တိုင် နားလည်သ ဘောပေါက်ပြီး လျှော့ချနုတ်ထွက်သွားရန် ယုံကြည်ဆနရှိနေသူများလည်းရှိသည်။ 7Day News Journal http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
မှော်ဝန်းမြေမှ ငိုရှိုက်သံများ
Wed, 05/16/2012 - 20:14
Categories: Myanmar News
မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)
Wed, 05/16/2012 - 19:47
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။ ဘောလုံးအသင်းတစ်သင်းတွင် ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး၊ ရှေ့တန်းသမားများ ဂိုးသွင်းနိုင်အောင်ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှတဆင့် ပို့ပေးရသည်။ အလယ်တန်းသမား တစ်ယောက် ကောင်းမှ ကိုယ်လိုချင်သောပန်းတိုင်ကို ဂိုးသွင်းနိုင်ရန် ရှေ့တန်းသမားများ ဂိုးကောင်းကောင်းသွင်းနိုင်မည်ဖြစ်သကဲ့သို့ အလယ်တန်းသမားမကောင်းပါက ကိုယ်လိုချင်သောပန်းတိုင် ဂိုးရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း အလယ်တန်းသမားများကို ကီးပလေယာ(Key Player) လို့ခေါ်ကြတယ်။ မြန်မာနိုင်ငံပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်း (၁ဝ-တန်း)ဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် အဓိကကျတဲ့နေရာပါ။ ဒါကြောင့် ကိုကြီးသောင်းကတော့ ဒီနေရာကို  (Key Player) လို့သတ်မှတ်ချင် ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ဘဝ အကောင်းအဆိုး၊အနိမ့်အမြင့် ဒီနေရာကဘဲတစ်ကြိမ်တည်းနဲ့သတ်မှတ်ပေးလိုက်တာပါ။ နောက်တစ်ကြိမ်လည်းပြန်လည်ကြိုးစားခွင့်မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ်ဝင်တန်း(၁ဝ-တန်း)စာမေးပွဲမှာရရှိတဲ့ ရမှတ်တွေပေါ်မှာ မူတည်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ တရားသူကြီး၊ ကျောင်းဆရာ၊ စာရေး၊ စစ်ဗိုလ်၊ စိုက်ပျိုးရေး၊ သစ်တော စသည်ဖြင့်တက္ကသိုလ်တက်ရောက်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လည်း ကျောင်းသား၊ ကျောင်းသူတွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘတွေနှင့် ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာကိုယ်လိုချင်တဲကောင်းဆုံးဆိုတဲ့တက္ကသိုလ်မှာ တက်ရပြီး နောင်တစ်ချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့စိတ်ကူးတွေကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။  ဒါရဲ့ရလဒ်ကတော့ . . ကျောင်းတစ်ကျောင်းကောင်း မကောင်း၊ ဆရာတစ်ယောက်တော်မတော် ဆိုတာကု ရမှတ်တွေ၊ ဂုဏ်ထူးတွေနှင့် သတ်မှတ်ကြတော့တာပါဘဲ။ ခက်နေတာက ကိုကြီးသောင်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘ ၉၉.၉၉%ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ။ ဒီတော့ အမှတ်ကောင်းမှ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသားကျောင်းသူကလည်းနားလည်ဖို့မလို စာရဖို့သာလိုသည်ဆိုပြီးအချိန်ရှိသရွေ့ စာဘဲတွန်းကျက်သလို . . .  ဆရာတွေကလည်းစာသင်ဖို့မကြိုးစားတော့ဘဲ . .တစ်ခေါက်လောက်ဘာသာပြန်ပြီး အချိန်ရှိသရွေ့နှုတ်တိုက်ချပေး၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့် ပြီးရင်တစ်လုံးမကျန်ပြန်ချရေး . . ဒါဆိုအမှတ်ကောင်းပြီကွ . .  ဒါမျိုးကျောင်းမှ ကျောင်းကောင်း၊ ဒီလိုသင်နိုင်တဲ့ဆရာမှ ဆရာကောင်း၊ ဒီလိုကျက်မှတ်နိုင်တဲ့ကျောင်းသားမှလူတော်ဆိုပြီး မိဘရော၊ ပတ်ဝန်းကျင်ရော၊ နိုင်ငံတော်ကပါ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အနှစ်(၂ဝ)လောက်မြှောက်စားလိုက်ကြတာ.. ဒီနေ့ကျောင်းသားကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာပေါ်လာတာပါဘဲ။အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းကောင်းနှင့်အောင်ဖို့ မိဘများကလည်း နည်းပေါင်းစုံနဲ့ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ ဘောင်အပြင်ကရောပေါ့  . . ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ဆရာဆရာမတွေဟာငွေနဲ့ရင်းနှီးကုန်ကြတယ်၊ ငွေနဲ့ပျော်မွေ့လာကြတယ် . .  ငွေကိုသိက္ခာနှင့် လဲတတ်လာကြတယ်။  တိုင်းပြည်တစ်ပြည်မှ ပညာအမွေပေးတဲ့ ဆရာဆရာမဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ . . .။ ဒီလို(၁ဝ)တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ဇာတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိအကျိုးသက်ရောက်ပါတယ်။ ဒီနေ့မိဘများသားသမီး အရွယ်ရောက်လို့  ကျောင်းစထားကတည်းက   ကလေးတွေကို လူရှေ့သူရှေကရောက်ရင် သားသား၊ မီးမီး ကြီးလာရင်ဘာလုပ်မှာလဲလို့မေးရင် သားသားက ဆရာဝန်လုပ်မှာ၊ အင်ဂျင်နီယာကြီးလုပ်မှာ . .စသဖြင့်ပြောခိုင်းပြီး စတင်ပုံသွင်းကြတယ် . . .၊။ ကျောင်းထားတဲ့အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ထက် ဒါတွေရဖို့ သက်ဆိုင်ရာဆရာ၊ ဆရာမများကို နည်းပေါင်းစုံနှင့်ချဉ်းကပ်ကြတယ်။ ငွေပေးပြီးကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ ကြတယ်၊ မုန့်ပုံးကန်တော့ကြတယ်။ ဒီအခါမှာလိုတရသည်ရှိ ၊ မရသည်လည်းရှိပေါ့. . . ။၊ ရသည့်အခါ တပြုံးပြုံးနှင့် မရသည့်အခါ ကုန်းကုန်းဆဲပေါ့။  ဒီလိုနှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော   . .  စာမေးပွဲမှာပါမှာလေးပြောလိုက်၊့ ကျက်လိုက်၊ အမှတ်တွေကောင်းလိုက်။ အဆင့်တွေရလိုက်နဲ့မိဘတွေ ပျော်ပျော်ကြီးဖြတ်သန်းလာခဲ့လိုက်ကြတာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပေါလေရောလား။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင်  သင်္ချာ ကိုတောင် စဉ်းစားတွက်ချက် တာမဟုတ်တော့ဘဲ အလွတ်ကျက်တဲ့အထိဖြစ်လာကြတယ်။ သေသေချာချောမေးကြည့်ကြစမ်းပါ . . . သင်္ချာမှာ ရာပြည့်တို့၊ ဂုဏ်ထူးတို့ရတဲ့သူတွေတောင်မှ သင်္ချာကိုကျက်ပြီး ဖြေကြတယ်။  တန်းစဉ်စာတတ်ဖို့ထက် အမှတ်ကောင်းဖို့၊ ဂုဏ်ထူးရဖို့မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပေါ. ။ အံသြစရာပြောရဦးမယ် . . ဒီအဖြစ်အပျက် အများစုက ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ၊ ကျန်တဲ့တစ်ပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ၊ တစ်ယောက်တည်းနှစ်ဘာသာ၊ သုံးဘာသာ တတ်တတ်မတတ်တတ်၊ ကြိုးစားသင်၊ကျောင်းမလာလာချင်အောင်၊ ကျောင်းသားကို ချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိမှရှိ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေဒီလောက်ဖြစ်နေရ လောက်အောင် တက္ကသိုလ်ဝင်တန်း(၁ဝ)တန်း စာမေးပွဲစနစ်မှာရော ဘာတွေမှားခဲ့ကြတုန်း ဆက်လက်ပြီး လေ့လာကြည့်ရအောင် . . .၁။    တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် လူငယ်များ၏ဘဝကိုအဆုံးအဖြတ်ပေးနေခြင်း    ၁၉၈ဝအတိုင်ခင် က တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းနှင့် မိမိတို့သင်ကြားလိုသော ဘာသာရပ် ကို သင်ကြားရခြင်းမဟုတ်ဘဲ (Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင်မှ ကျောင်းသား ကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တစ်ခုတည်းနှင့် သတ်မှတ်လိုက်တော့ . . . ဒီတစ်ကြိမ်မှအမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့် ကျောင်းသားကျောင်းသူများက ခံစားပြစ်လိုက်ကြတော့တယ်။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလိုရှိရင် အမှတ်ကောင်းတဲံအထိ အကြိမ်ကြိမ်ပြန် လည်ဖြေဆိုခွင့်ပြုထားတယ်၊ စာမေးပွဲကြေးထပ်မံသွင်းပြီးတော့ပေါ့။ ပြီးတော့ နှစ်သက်ရာရာ ဘာသာကိုလည်းခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ်။ ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကျင်းပတဲ့စာမေးပွဲမှာ (၆-ဂ)ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ပင်ပမ်းပါတယ်။ပြီးတော့ တစ်စုံတစ်ခု ခိျု့ယွင်းမှုကြောင့် အမှတ်မကောင်ခဲ့ရင်လည်း ပြန်လည်ဖြေဆိုခွင့်မပေးပါဘူး၊ နိုင်ငံတကာမှာ မှာတော့ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ဆီမှာ အလွန်ကောင်းတဲ့စာမေးပွဲစနစ်တစ်ခုရှိပါတယ်။ ကောင်းမှန်းသိရက်နဲ့ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး။ အဲဒါကတော့ တိပိဋကစာမေးပွဲပါ။ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ရပါတယ်။ နှစ်အကန့်အသတ် မရှိပါဘူး။ နိုင်ငံတကာမှာဖြေဆိုနေကြတဲ့  (GCE "O" "A" Level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင် စာမေးပွဲတွေလည်းထိုနည်းတူပါဘဲ။၂။    တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း    ဒေသကောလိပ်စနစ်စတင်ဖျက်သိမ်းသော ၁၉၈ဝကျော် ခုနှစ်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်ရိုးညွှန်းတမ်း မတည်မငြိမ်အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင်အကြောင်းတစ်ခုဖြစ်သည်၊။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ။ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လိုပြောင်း၊ အင်္ဂလိပ်လိုမှ မြန်မာလိုပြောင်း၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက်၊ ဓာတု၊ရူပ၊ ဇီဝပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြခြင်းသည် မြန်မာပညာရေးကို များစွာနိမ့်ကျ နောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။၃။    တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း။    နိုင်ငံတကာတက္ကသိုလ်ဝင်ခါင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည် တတ်ကျွမ်းမှုကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံများဖြစ်သည်။ ဥပမာဆိုရသော်- ဓာတု၊ရူပ၊ဇီဝဘာသာရပ်များတွင်(Essay Type ) မေးခွန်းများထက် (Multiple Cohice) (True  or  False) (Matching)   စသော နားလည်မှုကိုသာအဓိကမေးမြန်းစစ်ဆေးအမှတ်ပေးကြသည်။ သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတစ်မျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့်တိုင်တွက်ချက်လျှင်အမှတ်ပေးကြသည်။ ထို့ကြောင့် သင်ကြားသော ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း အလွတ်ကျက်ဖို့ထက် နားလည်နိုင်သမျှနားလည်အောင်၊ တတ်ကျွမ်းသည်ထက် ပိုမိုတတ်ကျွမ်းအောင်ကြိုးစားကြသည်၊ ပင်ပင်ပမ်းပမ်းမရှိလှပေ။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းလွှာအများစုမှာ (Essay Type  ) များကိုသာမေးလေ့မေးထရှိသည်။ ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်းသော ကျောင်းသားကျောင်းသူအများစုမှာ နားလည်ရန်ထက် (Parrot Learning)စာကိုအလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ ဒါ့အပြင် ၁၉၉၈ ခုနှစ်လောက်ပတ်ဝန်းကျင်မှစတင်၍ မေးခွန်းပေါက်ကြားမှုမရှိစေရန်ဟူသော မမှန်ကန်သည့်အကြောင်းပြမှုဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး မေးခွန်းတစ်စုံသာထုတ်ဝေစစ်ဆေးရာမှ  ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း(၁၁) စုံ ဖြင့်ခွဲခြား စစ်ဆေးခဲ့ကြသည်။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ(အြေမငခကူအေငသည နထော ) မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(့ညငလနမျငအပ နညအမညေခန) ဟုပြောင်းလဲပြီး စာမေးပွဲနှင့်ပတ်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင်ထိမ်းချုပ်ခဲ့သည်။  ဒီအတွက်ထူးခြာမှုရှိမရှိမဆိုနိုင်သော်လည်း ပညာရေးဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည် ကိုတွေ့ခဲရသည်၊ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်းမဟုတ်၊ ကျောင်းသားကျောင်းသူလည်းမဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင်ဖြစ်သည်၊ တစ်နှစ်တစ်နှစ် သိန်း (၁ဝဝ)နှင့်အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင်။ ကျောင်းသားကျောင်းသူများအား သင်ရိုး ဘောင်အတွင်းမှမေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့်ရမှတ်များလည်း မတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့် လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်းဒုနှင့်ဒေး။ ဒီလိုမညီမျှမှုများ၊ လစ်ဟာချက်များရှိနေသော ၊ မေးခွန်း(၁၁)စုံမှ မေးခွန်းတစ်စုံသို့ပြောင်းလဲရန် ကျင်းပနေသော ပြည်သူလွှတ်တော်တွင် အဆိုပြုရာတွင် မေးခွန်းတစ်စဲုံထက်မေးခွန်း(၁၁)စုံမှ ပိုမိုလုံခြုံသည်ဟူသောအဖြေဖြင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားရာ ကြားရသူတိုင်း ပြုံးခဲ့ကြရသည်။ ကျောင်းသားကျောင်းသူများနစ်နာဆုံးရှုံးမှုထက် မိမိတို့အတွက် အခွင့်အရေးများဆုံးရှုံရန်မလိုလားသော ပါမောက္ခချုပ်ကြီးများနှင့် ညွှန်ချုပ်၊ ဝန်ကြီးတို့ အားလုံးအကွက်ဆင် ဂွင်ရိုက်ထားခြင်းခြင်းဖြစ်သည်။၎။    တက္ကသိုလ်ဝင်စာမေးအဖြေလွှာများစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှုညံ့ဖျင်းခြင်း။    နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေရာတွင်လည်း-    (က)    စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှုအားနည်းကြသည်။ ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း၊ ဖြေဆိုခဲ့သောအဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲရာတွင် အမှားအယွင်းများရှိခဲ့ကြသည်။ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့ကြသော်လည်း မိမိအမှား အတွက်တာဝန်မယူဘဲ  ပြင်ဆင်မပေးခြင်း။ (၉၅%)    (ခ)    စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊  လေ့လာမှုမရှိခြင်း(၉ဝ%) ထို့အတွက်အမှတ်ပေးရာတွက်အခက်အခဲများရှိခြင်း။ အမှားအယွင်းများခြင်း။    (ဂ)     သက်ဆိုင်ရာဘာသာရပ်များကိုစစ်ဆေးရာတွင်လည်း အစိုးရမှ ပြဌာန်းထားသော ပြဌာန်းစာအုပ်ထဲမှ အတိုင်း ၏၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း၊ တစ်လုံးတလေမှားလျှင်တောင်မှ အမှတ်လျှော့ခြင်းကြောင့်  အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟုပင်ခေါ်ကြခြင်း၊ ပြဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဌာန်းစာအုပ်များကိုပုံနှိပ်ထုတ်ဝေသည့်နေရာများဖြစ်ကြသော . . နေပြည်တော်ပုံနှိပ်စက်ရုံ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ  များမှအသီးသီးထုတ်ဝေသော ပြဌာန်းစာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများလွဲချော်ခြင်း။    (ဃ)    ကျောင်းသား၊ကျောင်သူမှ မိမိတတ်ကျွမ်းမှုအား မိမိနားလိုသလို (ှနညအနညခနျ) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း၊  သင်္ချာဖြေဆိုရာတွင်လည်းသတ်မှတ်ထားသောတွက်နည်းမှလွဲ၍ အခြားနည်းဖြင်ဖြင့်တွက်လာပါက အဖြေရောက်သော်လည်းအမှတ်မပေးခြင်း။     (င)    အောင်စာရင်းများပြုစုရာတွင်လည်း ကျွန်တော်တို့ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း    (၈-၁၂%) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း(၄ဝ%) ကျော်ရှိခြင်းမှာ ပညာရည်တိုးတက်မှုမဟုတ်ဘဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကို ဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖော်ဆောင်ထားသော စနစ်မအောင်မြင်မှုကို  ဖုံးကွယ်ရန်အတွက် ( သြိနမအေငသည မြျေု) များပေးကာ အောင်မှတ်နိမ့်ချထားခြင်း။ ထိုအပြင် တက္ကသိုလ်များ အမြောက်အများဖွင်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသာနာကိုဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင်မဖတ်တတ်သော ကျောင်းသားများဖြစ်လာကြခြင်း။(ဥပမာဆိုရသော ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်းသာမေးပွဲ အောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးကြရာတွင် အများစုမှာ တအံတသြဖြစ်ကြရသည်။ ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲ အောင်မြင်သောကြောင့် တိုင်ကြားခြင်း ဖြစ်သည် ၊ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသောအမှတ်မရနိုင်သောကြောင့် နောက်ဆုံးဘာသာရပ် ဖြစ်သော ဇီဝဗေဒတွင် ဖြေဆိုသမျှအဖြေအားလုံးအားကန့်လန့်ဖြတ်ခြစ်၍  ကျရှုံးအောင် လုပ်ထားပါလျှက် အောင်မြင်လာသောကြောင့်တိုင်ကြားရခြင်းဖြစ်သည်။ ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည်။ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိပါသည်။ ယင်းနှစ် စာမေးပွဲစစ်ဆေးရေးမူအရ ကျောင်းမှန်မှန်ပုံမှန်တက်သည်ဟုစာရင်းပို့ထားသူအား ကျရှုံးသောဘာသာရပ်တွင် (ဃဏျွ) အမှတ် (၂၅)မှတ်ထည့်ပေါင်းပေးရန်ညွှန်ကြားထားသောကြောင့် ထိုကျောင်းသားသည် စုစုပေါင်း(၂၇)မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (သြိနမအေငသည မြျေု) မှတ်အား(၂၇) မှတ်အထိလျှော့ချလိုက်သောကြောင့် ထိုကျောင်းသား ဖြေဆိုရာ ကျရှုံးချင်သောကြောင့် ခြစ်ချရာတွင် (၂)မှတ်ရပြီး စာမေးပွဲအောင်သွားခြင်းကို အံသြဘွယ်တွေ့ရှိရသည်။ ကိုယ်တွေ့)။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့်တစ်ညပုံပြင်ကဲ့သို့ ဆုံးနိုင်ဘွယ်ရာမမြင်။    ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခုအပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်။ ယခုပုံစံဖြင့်ကျင်းပနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှုမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသား ကျောင်းသူများရော ဆရာဆရာမများအားလုံး အမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာဖြစ်သည်။ မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေး တိုးတက်မြင့်မားမှုအတွက် ဆောင်ရွက်နေသော (ှအကိနညအျ ဃနညအမန ဗစစမသခ့ ) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာအကြောင်းရာတစ်ရပ် ဖြစ်ယုံမျှတစ်ပါးအခြားမရှိနိုင်ပေ။ကိုကြီးသောင်း (အရာတော်)http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
ဟင်္သာတမြို့ နယ် ကံလှကျေးရွာသားတွေ အုပ်ချုပ်ရေးမှူး လဲလှယ်ပေးဖို့ တောင်းဆို
Wed, 05/16/2012 - 19:25
ဧရာဝတိတိုင်းဒေသကြီး ဟင်္သာတမြို့   ကံလှကျေးရွာ ဥက္ကဌ ဦးစိုးနိုင်ဦးက အလုပ်ကိစ္စတွေကိုပြောရင် ရုံးမဖွင့် ဘဲ သူအိမ်ကိုသွားရကြောင်း လိုင်စင်မဲ့  အရက်ဆိုင်များလည်း ဖွင့်လှစ်ခွင့်ပေးထားကြောင်း  ရပ်ရေးရွာရေးကိစ္စ တွေကိုလည်း လစ်လျူရှုထားတဲ့အတွက် အုပ်ချုပ်ရေးမှူးလဲလှယ်ပေးဖို့  ဒေသခံများက တောင်းဆိုထားကြောင်းသိရပါတယ်။ ကံလှကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပါတ်သတ်လို့ ဒေသခံ ရွာသားတွေရဲ့  ပြောပြချက်တွေကို ဗွီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
The White Brothers အဖွဲ့က လူမှုရေး လုပ်ငန်းများကိုအားသွန်ခွန်စိုက် လုပ်ကိုင်လျက်ရှိ
Wed, 05/16/2012 - 18:58
မော်လမြိုင်ကျွန်းမြို့ သုဿာန်အ၀င်လမ်း ချို့ယွင်းနေမှုအား စိတ်တူကိုယ်တူပုဂ္ဂိုလ်များသည် ၂၄-၁၁-၂၀၁၁ ရက်နေ့ တွင် စုစည်း၍ဆောင်ရွက်ခဲ့ကြရာမှ လူအများစိတ်ပါဝင်စားလာသဖြင့် The White Brothers အမည်ဖြင့် လူမှုရေးစောင့်ရှောက်မှုအဖွဲ့အဖြစ် ၄-၁-၂၀၁၂ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ကြပါသည်။ ယခုအခါ နာယကအဖွဲ့ဝင် (၁၀) ဦး ၊ အမှုဆောင် (၂၂) ဦးနှင့် အဖွဲ့ဝင်ပေါင်း (၂၀၀၀) ဦးတို့ဖြင့် လူမှုရေးလုပ်ငန်းများကို စိတ်တူကိုယ်တူ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ကြပါသည်။    The White Brothers အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အားကျစိတ်ဝင်စားလာသူများမှလည်း စုစည်းလျက်လူမှုရေးလုပ်ငန်းများကို အဖွဲ့များဖွဲ့စည်းဆောင်ရွက်လာကြရာ ယခုအခါ လူမှုရေးဆောင်ရွက်သည့်အဖွဲ့အစည်းများ အလျှိုလျှိုပေါ်ပေါက်လာကြသည်မှာ လွန်စွာအားရဘွယ်ဖြစ်ကြောင်းတွေ့ရှိရပါသည် ။    The White Brothers အဖွဲ့သည် အဖြူရောင်နှလုံးသားအခမဲ့ဆေးကုခန်းကို အမှတ် (၂၀) ၊ တပင်ရွှေထီးလမ်း ၊ မြို့မ(၁၂) ရပ်ကွက် ၊ မော်လမြိုင်ကျွန်းမြို့တွင် ၁၅၃-၂၀၁၂ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ လူနာပေါင်း (၁၇၀၀) ကျော်ကို-အခမဲ့ဆေးကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မျက်စေ့ဝေဒနာရှင် (၇၆) ဦးအား အခမဲ့မျက်စေ့စမ်းသပ် / မျက်မှန်တပ်ဆင်ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ချမ်းမြေ့ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၂၁) ဦးကိုလည်းကောင်း ၊ အမှတ် (၈) ရပ်ကွက်၌ လူနာ (၁၂၄) ဦး အားလည်းကောင်း အခမဲ့ကျန်းမာရေးစမ်းသပ် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။     The White Brothers အဖွဲ့သည် ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆင်းရဲနွမ်းပါးသူများ၏ ကျန်းမာရေးကိုစောင့်ရှောက်ပေးခြင်း ၊ နွမ်းပါးသော ကျောင်းသားများ၏ပညာရေးအထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း ၊ လူအများအကျိုးရှိစေပြီးအမှန်တကယ်လိုအပ်သော လမ်း/တံတားများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ စိတ်ပါဝင်စား၍ လှူဒါန်းလိုသူစေတနာရှင်များသည် အောက်ပါလိပ်စာများသို့ဆက်သွယ်စုံစမ်းမေးမြန်းခြင်း ၊ လှူဒါန်းခြင်းများပြုလုပ်နိုင်ကြောင်း သတင်းရရှိပါသည် ။    ၁။ The White Brothers အဖွဲ့ ၊ အမှတ် (၂၀) ၊ တပင်ရွှေထီးလမ်း ၊ မြို့မ (၁၂) ရပ်ကွက် ၊ မော်လမြိုင်ကျွန်းမြို့    ၂။ ဦးခင်မောင်ဇင်(ဥက္ကဌ) ၊ ဂဠုန်မင်းဆေးလိပ်ခုံ ၊ မော်လမြိုင်ကျွန်းမြို့ ။ ဖုန်း - ၀၉၄၉၇၂၉၆၆၀    ၃။ ဦးသိန်းလွင်(အတွင်းရေးမှူး) ၊ ဂွမ်းဂွမ်းကွန်ပျူတာ ၊ မော်လမြိုင်ကျွန်းမြို့ ။ ဖုန်း - ၀၉၄၂၂၄၉၀၈၀၂    ၄။ thewhitebrothers.mawgyun@gmail.comMyanmar News Nowhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
မုတ်သုံလေ စတင် ဝင်ရောက်မည်
Wed, 05/16/2012 - 18:53
ရန်ကုန်၊ မေ ၁၆အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ မေလ ၁၉ ရက်နေ့ ထက် နောက်မကျဘဲ ဝင်ရောက်လာဖွယ် ရှိကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်းဒေသများ သို့လည်း မေလ စတုတ္ထပတ်တွင် မုတ်သုံလေ ဆက်လက် ဝင်ရောက်မည်ဟု ၎င်းက ဆိုသည်။မုတ်သုံလေ ဝင်ရောက်မည့် မိုးဦး ကာလအတွင်း မေလ နှောင်းပိုင်းမှ ဇွန်လကုန်အထိ ပင်လယ်အော်တွင် မုန်တိုင်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက် ပိုမို ရွာသွန်းနိုင်ပြီး ပဲခူး၊ မကွေး၊ ရခိုင်၊ ကယား ၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် ရွာသွန်းကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ရွာသွန်းမြဲ အောက်သာ ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။The Voice Weeklyhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ
Wed, 05/16/2012 - 18:47
ရန်ကုန်၊ မေ ၁၆ လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ ၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။ အဆိုပါ စက်ရုံများသည် လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။ “အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။ “အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။ ယနေ့ ဆန္ဒပြသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။ The Voice Weekly http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်
Wed, 05/16/2012 - 17:09
မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်- (YPI) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။ '' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။ ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။ ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။ လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI  ပြောသည်။ ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။ ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။ ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။        ။ Yangon Press International http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
နွေရာသီရေရှားပါးမှုပြဿနာ ရေရှည်အမြင်ဖြင့်ဖြေရှင်းသွားရန် အရေးတကြီးလိုအပ်
Wed, 05/16/2012 - 17:03
သုံးခွမြို့ နယ်မှာ အလှူရှင်များလှူဒါန်းထားတဲ့ ရေတွင်းမှ ရေသယ်ယူနေကြစဉ် (ဓါတ်ပုံ-ပိုးအိဖြူ) မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် ပိုင်ပိုင် (YPI) ကန်ရေကို အဓိကထား အသုံးပြုနေရသော ဒေသများတွင် ရေရှားပါးမှုပြဿနာများကို နှစ်စဉ်နီးပါး ကြုံတွေ့လာရသောကြောင့်  ရေရှည်အမြင်ဖြင့် ဖြေရှင်းသွားရန် အရေးတကြီး လိုအပ်လာကြောင်း ယင်းဒေသများမှ ဒေသခံများကပြောသည်။ ကန်ရေကို အဓိကအားထားနေရသည့် ဒလ၊ ခရမ်း၊သုံးခွ အစရှိသည့် မြို့နယ်ရှိ ကျေးရွာများအတွင်း ငါးနှစ်ဆက်တိုက်နီးပါး နွေရာသီ၌ ရေကန်ခမ်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုသည့် ပြဿနာသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာသည်ဟု ဒေသခံများကပြောသည်။ "လတ်တလောမှာလည်း လိုအပ်နေသေးတယ်ဆိုပေမယ့် ရေရှည်အတွက်ပါ ထည့်စဉ်းစားရတော့မှာ။ အနည်းဆုံးတော့ တစ်ရွာကို အ၀ိစိတွင်းတစ်ခုလောက်ရှိဖို့လိုအပ်လာပြီ။ တစ်ချို့ရွာတွေက ရေသွားလှူမယ့်သူရှိရင်တောင် လမ်းပမ်းဆက်သွယ်ရေး ခက်တော့ သယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲတွေရှိတယ်"ဟု သုံးခွမြို့ဒေသခံ ဦးစိန်ဝင်းမောင်ကပြောသည်။ သုံးခွမြို့နယ်တွင် ကျေးရွာပေါင်း ၆၄ရွာရှိပြီး မုတ္တမပင်လယ်ကွေ့နှင့် နီးသောကျေးရွာပေါင်း ၂၀ကျော်တွင် လတ်တလော သောက်သုံးရေရှားပါးမှုပြဿနာ ကြုံတွေ့နေရဆဲဖြစ်ကာ အလှူရှင်များ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ ရေရှားပါးရာ ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ဖူးသူ ခရမ်းမြို့ဒေသခံ ကိုချက်ကြီးကလည်း"ရွာတွေမှာတော့ အ၀ီစိတွင်းမတူးနိုင်တော့ မြို့ပေါ်က သွားလှူကြတာပေါ့။ တချို့ရွာတွေမှာဆိုရင် ရေလာလှူတဲ့သူကို ထိုင်တောင်ကန်တော့တာမျိုး ကြုံခဲ့ဖူးတယ် "ဟုသူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ ယခုနောက်ပိုင်းနှစ်များတွင် ကန်ရေကို အဓိကထား အသုံးပြုနေရသော မြို့ပေါ်ရပ်ကွက်များတွင်ပါ ရေခမ်းခြောက်လာမှုများ ကြုံတွေ့လာရသောကြောင့် အ၀ိစိတွင်းတူးဖော်မှုများပိုမိုများပြားလာသည်ဟု ၎င်းကဆက်ပြောသည်။ ကန်ရေကို အဓိကထား အသုံးပြုနေရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ကိုမောင်မောင်ကလည်း ၎င်းတို့နေထိုင်ရာကျေးရွာတွင် ရေကန်များ အကုန်ခမ်းခြောက်သွားပြီဖြစ်ကြောင်း၊ ရေလာရောက်လှူဒါန်းသူများရှိသော်လည်း လူဦးရေ များပြားသဖြင့် မလောက်ငှကြောင်း၊ ထို့ကြောင့် ရွာ၏ရေအခက်အခဲကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် အ၀ီစိတွင်းတူးရန် အလှူခံလျက်ရှိကြောင်း ပြောပြသည်။ လတ်တလော သောက်သုံးရေရှားပါးမှု ပြဿနာအတွက် အင်န်ဂျီအိုအဖွဲ့အစည်းများ နှင့် ပြည်သူများ  ၀ိုင်းဝန်းလှူဒါန်းနေသော်လည်း ကျေးရွာအများစုတွင် ရေရှားပါးမှုများ ဆက်လက်ကြုံတွေ့နေဆဲဖြစ်ကြောင်း  သောက်ရေလှူဒါန်းမှုများ ပြုလုပ်နေသည့်  Save The Aged အဖွဲ့မှအဖွဲ့ဝင် ကိုဝေလင်းအောင်ကပြောသည်။ ယခုနှစ်နွေရာသီ၌ ရန်ကုန်တိုင်း ဒလ၊ ခရမ်းသုံးခွမြို့နယ်များအပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရကာ ရန်ကုန်မြို့နှင့်နီးသော အရပ်ဒေသများသို့ ရေလှူသည့် အဖွဲ့အစည်းများ ရှိသော်လည်း ရခိုင်ပြည်နယ်ကဲ့သို့သော ဒေသများတွင် ကျေးလက်ဒေသခံများအနေဖြင့် ၎င်းတို့ဘာသာ နည်းလမ်းရှာ ဖြေရှင်းကြရသည်။ အပူရှိန်ပြင်းထန်သည့်  ၂၀၁၀ ခုနှစ်နွေရာသီက ရေရှားပါးမှု ပြဿနာကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ပဲခူးတိုင်းတို့တွင် အဆိုးရွားဆုံး တွေ့ကြုံခဲ့ကြရသည်။          ။ Yangon Press Internationalhttp://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
လွှတ်တော်ကိုယ်စားလှယ်ပိုင် ကုမ္ပဏီမှ လယ်ယာမြေများအားဖျက်ဆီး
Wed, 05/16/2012 - 16:56
မေလ ၁၆ရက်၊ ၂၀၁၂ ခုနှစ် ကျော်စိုးလင်း-(YPI) ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအရှေ့ပိုင်းရှိ ဒေသခံလယ်သမားများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော  လယ်ယာမြေများကို လွှတ်တော်ကိုယ်စားလှယ်ပိုင် မြရွှေဝါကုမ္ပဏီက ယမန်နေ့က စတင်ပြီး မြေတူးစက်များဖြင့် တူးဖော်ဖျက်ဆီးလျက်ရှိသည်ဟု လယ်သမားများက ပြောသည်။ မြရွှေဝါကုမ္ပဏီသည် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် ကုမ္ပဏီဖြစ်သည်။ ထိုသို့ တူးဖော်ဖျက်ဆီးမှုကြောင့် ယခုအချိန်တွင် ကျီစုကျေးရွာအရှေ့ဘက်ရှိ လယ်ယာမြေ ၁၀ ဧကခန့် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးအောင်မျိုးဦးက ပြောသည်။ “ ကျွန်တော်တို့ ရွာက လယ်သမားတွေပေါင်းပြီး ငြိမ်းချမ်းစွာတားတယ်။ မရဘူး။ ခုကျွန်တော့်အဖေပိုင်တဲ့ လယ်တွေကို တူးနေပြီ။ ကျွန်တော်တို့ လုပ်စားစရာ ဒီလယ်တွေပဲရှိတာ။ စိတ်ထဲမကောင်းဘူး။ အသားတွေပါ တုန်နေတယ်” ဟု ၎င်းက YPI သို့ပြောသည်။ ထိုကဲ့သို့ လယ်ယာမြေများကို တူးဖော်ဖျက်ဆီးနေခြင်းအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကိုလည်း ကုမ္ပဏီမှ တာဝန်ခံ ဦးကျော်ဝင်းက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လယ်သမားများက  ပြောသည်။ လယ်သမားတစ်ဦးဖြစ်သည့် ကိုထွေးက “ ကျွန်တော်တို့လယ်သမားတွေ စုပြီး မေတ္တာရပ်ခံတယ်။ ဓာတ်ပုံရိုက်တယ်။ ကျွန်တော်တို့မှာ ဘာလက်နက်မှမပါဘူး။ အဲဒါကို ကုမ္ပဏီတာဝန်ခံက ထိုးမယ်ကြိတ်မယ် လုပ်တယ်ဗျ” ဟုပြောသည်။ ဒေသခံလယ်သမားများဘက်မှ ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသော ဦးမောင်မောင်က လယ်ယာမြေများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းအား ဥပဒေအရ တားဆီးသွားမည်ဖြစ်ကြောင်းပြောသည်။ မြရွှေဝါကုမ္ပဏီ၏ လယ်ယာမြေများကို ဖျက်ဆီးနေခြင်းအား ရပ်တန့်ပေးရန်အတွက် ဒေသခံလယ်သမား ၁၆၂ ဦးမှ ၀ိုင်းဝန် မေတ္တာရပ်ခံခဲ့ကြောင်း ဒေသခံလယ်သမားများကပြောသည်။ ၂၀၀၈ ခုနှစ်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းဝန်ကြီးဌာနမှတဆင့် မူလလုပ်ကိုင်လျက်ရှိသည့် ဒေသခံလယ်သမားများအစား မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ချိန်မှစ၍ ကုမ္ပဏီနှင့်  လယ်သမား များကြား လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။         ။ Yangon Press International http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
ဒီမိုကရေစီနိုင်ငံထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ (သူရဦးရွှေမန်းနှင့် တွေ့ ဆုံမေးမြန်းခန်း-ရုပ်/သံ)
Wed, 05/16/2012 - 16:30
နော်ဝေနိုင်ငံကို လေ့လာရေးခရီး ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ဒီမိုကရက်တစ် မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
စာနယ်ဇင်းကောင်စီ ဘယ်လဲ ဘာလဲ
Wed, 05/16/2012 - 16:14
မြန်မာအစိုးရက ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားတွေအတွက် မဟုတ်ဘဲ စာပေ စိစစ်ရေးအဖွဲ့ လိုမျိုး ရပ်တည်လုပ်ဆောင်မယ့်သဘော တွေ့နေရတယ်လို့ ပြည်တွင်း စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။ အဲဒါကြောင့် လည်း လက်ရှိ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့ကမှ စာနယ်ဇင်းကောင်စီမှာ ပါဝင်ရေး ဆုံးဖြတ်ချက် မကျသေးပါဘူး။ စာနယ်ဇင်းကောင်စီအပေါ် လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့အသီးသီးရဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။ စာနယ်ဇင်းကောင်စီနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပေးထားတဲ့အချက်တွေထဲမှာ လက်ခံနိုင်တဲ့အချက်တွေ ပါသလို မသင့်တော်ဘူးလို့ ထင်တဲ့အချက်တွေ ပါနေတာကြောင့် ပြင်ဆင်ပေးရေး အကြောင်းပြန်ဖို့ ဆုံးဖြတ်ထားတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီ MJA ပါ။ မေလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီရဲ့ အစည်းအဝေးအတွင်း အဲဒီလို ဆုံးဖြတ်ခဲ့ကြတာပါ။ ဘယ်လိုအချက်မျိုးတွေကို မသင့်တော်ဘူးလို့ မြင်တာလည်းဆိုတာကိုတော့ ကော်မတီရဲ့နာယကတဦးဖြစ်သူ ၀ါရင့် သတင်းစာ ဆရာ ဦးစိုးသိမ်း ခေါ် မောင်ဝံသ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။ “ဒီစာနယ်ဇင်းကောင်စီဆိုတာကလည်း ဘာပဲပြောပြော ကျနော်တို့ သတင်းမီဒီယာအဖွဲ့အစည်းပဲ၊ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း၊ နောက် စာနယ်ဇင်းအားလုံးကို သက်ဆိုင်တဲ့ အကျုံးဝင်တဲ့ အဖွဲ့အစည်းဖြစ်တော့ တကယ်ကတော့ စာနယ်ဇင်း သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တာ၊ စာနယ်ဇင်းသမားတွေရဲ့ စာပေလွတ်လပ်ခွင့်ပေါ့၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးတာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတဲ့၊ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်တယ်။ အခုကတော့ စာပေစီစစ်ရေးနေရာမှာ စာပေစီစစ်ရေးရဲ့လုပ်ငန်းတွေကို ယာယီအစားထိုးပြီး ၀င်လုပ်ရတဲ့ အချက် အလက်တွေ အဲ့ဒီလိုပါနေတာ တွေ့ရတယ်။ အဲဒါကြောင့် ဒါတွေကတော့ဖြင့် မသင့်ဘူးလို့ အဲဒီလို အကြံပြုမယ်လို့ စဉ်းစားထား ပါတယ်။” တကယ်လို့သာ သူတို့ ပြင်စေချင်တဲ့အချက်တွေ အကုန်လုံးကို ၀န်ကြီးဌာနဘက်က မပြင်ဆင်ပေးခဲ့ ဘူးဆိုရင်တော့ ကောင်စီမှာ ပါဝင်ဖို့ ခက်လိမ့်မယ်လို့လည်း ဦးဝံသ က ပြောပါတယ်။ တခါ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းသမဂ္ဂ MJU အနေနဲ့လည်း ကောင်စီမှာပါဝင်ရေးကိစ္စ ကို လောလောဆယ်မှာ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ သမဂ္ဂ ထူထောင်သူတွေထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးက ဗွီအိုအေ ကို ပြောပါတယ်။ ဒါ့အပြင် ကောင်စီကို ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ကွဲပြားနေတာ ကြောင့် ပါဝင်ဖို့ခက်မယ်လို့ ဆိုပါတယ်။ “အခုအတိုင်းဆိုရင်တော့ စာနယ်ဇင်းကောင်စီမှာ ကျနော်တို့က တက်တက်ကြွကြွနဲ့ ပါဖို့ အလားအလာ နဲပါတယ်။ ဘာလို့လဲဆို တော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပြီးတော့ ထင်သာမြင်သာရှိတဲ့ အချက် (၂) ချက်ပါ၊ နံပါတ်တစ်က Freedom Of Expression ဆိုတဲ့ လွတ်လပ်စွာရေးသားခွင့်ကို ကာကွယ်ဖို့နဲ့ Defend to the all of Journalists ပေါ့ဗျာ၊ ဒီဂျာနယ်လစ် အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့ပါ၊ အဲဒီတော့ ဒီအချက် (၂) ချက်ကိုပဲ ကျနော်တို့က ဆောင်ရွက် မှာ ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး National Press Council မှာလိုမျိုး ပါပြီးတော့ စာပေအဖွဲ့တွေရဲ့ ထိန်းညှိဖို့ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတဲ့နေရာမှာတော့ ကျနော်တို့ အဖွဲ့ရဲ့ အဓိပ္ပါယ်နဲ့ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဒီအပေါ်မှာ ပါဝင်ဖို့ ခဲယဉ်းပါတယ်။” လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဥပဒေမူကြမ်းတခုကို ရေးဆွဲပြုစုနေဆဲဖြစ်ပြီး ဇွန်လအတွင်း ပြန်ကျင်းပဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ် အခိုင်အမာ ထွက်မလာသေး တဲ့အတွက် ကောင်စီမှာပါဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆုံးဖြတ်လိုက်တဲ့အဖွဲ့ကတော့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ပါ။ သူတို့ကွန်ယက်ကလည်း မေလ ၁၆ ရက်နေ့မှာပဲ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စာနယ်ဇင်းကောင်စီ ဆိုတာဟာ အစိုးရက ကြီးမှူးဖွဲ့စည်းရမှာမဟုတ်ဘဲ စာနယ်ဇင်းသမားတွေကသာ လွတ်လွတ် လပ်လပ် ဖွဲ့စည်းရမှာဖြစ်တယ်လို့ သူတို့ကွန်ယက်က သဘောရပါတယ်။ စာပေစိစစ်ရေးအဖွဲ့လို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး တွေ့ရတဲ့အတွက်လည်း လက်မခံနိုင်ဘူးလို့ ကွန်ယက်ရဲ့ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထက်နိုင်ဇော်က ဗွီအိုအေ ကို ပြောပါတယ်။ “အဲဒီအချက်တွေကို ကျနော်လက်မခံ နိုင်ပါဘူး။ အဲဒီထဲမှာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေပေါ့၊ ဥပဒေနဲ့အညီ ပြည်တွင်းမှာရှိတဲ့ စာပေတွေကို ကြပ်မတ် စိစစ်ဖို့ ကောင်စီက လုပ်ရမယ်လို့ တာဝန်တွေမှာပါတယ်။ အဲဒီတာဝန်တွေကိုကျနော်သဘောမကျဘူး။” ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ အဖွဲ့အသီးသီး ကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ထုတ်ဝေ မယ့်စာတွေကို စာပေစိစစ်ရေးအဖွဲ့ကနေ စိစစ်ဖြတ်တောက်တာမျိုး လုပ်နေတာတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မယ့် အကြောင်း၊ လာမယ့် ဇွန်လအတွင်းမှာ Press Council လို့ပြောနေတဲ့ စာနယ်ဇင်းကောင်စီတခု ဖွဲ့စည်းမယ့်အကြောင်းနဲ့ အဲဒီ စာနယ်ဇင်းကောင်စီထဲမှာ ကိုယ်စားလှယ် ၆ ဦးစီ ပေးပို့ဖို့ဆိုတဲ့ကိစ္စတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ MJA၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU နဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN တို့က သူတို့ရဲ့ သဘောထားတွေကို အခုလို ထုတ်ပြောလာကြတာပါ။ စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စိစစ်ရေးအဖွဲ့က စိစစ်တာမျိုးတွေ မလုပ်တော့တဲ့အပေါ် စာနယ်ဇင်းလောက သားတွေက ကြိုဆိုကြပေမဲ့လည်း အဲ့ဒီအစား အခု စာနယ်ဇင်းကောင်စီဆိုတာမျိုးကနေ တဆင့် ထိန်းချုပ်လာမှာမျိုးကို စိုးရိမ်နေ ကြတာလည်းဖြစ်ပါတယ်။  By ကျော်ကျော်သိန်း (ဗွီအိုအေ-မြန်မာပိုင်း)http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News
Pages