ခင်ဦးမေ

Syndicate content
Updated: 30 min 19 sec ago

တိမ်နဲ့ ရေ

1 hour 43 min ago

















မလေးရှား ဂျိုဟိုမှာရှိတဲ့ ရထားဘူတာရုံ့ပါ. အခု ဆေးအသစ်သုတ်လိုက်တယ်။ စလုံးက ထွက်တဲ့ရထားက အဲဒီက ဖြတ်ပြီး ကေအယ်ရောက်ပါတယ်။ အဲဒီကနေတက်စိးချင်လဲရတယ်။ အမြန်ရထားလဲရှိတယ် အနေးရထားလဲရှိတယ်။ အမြန်ဆိုတာ မြို့ကြီးတွေ ကိုဘဲရပ်တာ. အနေးဆိုတာ မြို့သေးတွေ မှာပါရပ်တာ. ကေအယ်ထိတော့မစိးဘူးသေးဘူး မြို့သေး kulai တို့ klung တို့အထိတော့စီးဘူးတယ်။ အပျော်ပေါ့။ရထားလျောက်စီးတာ နစ်နာရီလောက်။ ဟိုရောက်တော့တစ်ခါ ဘတ်စကားနဲ့ဒီဘက်ကိုပြန်လာတယ်။ ရထားက နဲနဲရှားပေမဲ့ကားကတော့ပေါတယ်။ ရထားက နဲနဲစောင့်စီးရတယ။် ကားကတော့ အဲဒီမြို့ကလေးတွေကနေ ဒီဘက်ကို ပြန်လာတာအများကြီးရှိတယ်။ something new လုပ်လို့ရတယ်။

































































တိမ်တွေ ရိုက်လွန်းလို့မင်းတိမ်တွေ က ဘာများလှလို့လဲတဲ့ kmsl က.. ဒီဘက်ကလည်းချေပဘို့ဝန်မလေးပါဘူး.။ မင်း Google earth ကရော ဘာများထူးဆန်းလို့လဲ လို့။ တစ်နေ့တစ်နေ့ထိုင်ကြည့်တာ ကိုကျော်ဝဏ္စ (စာလုံးပေါင်းကလဲပေါင်းရခက်လိုက်တာ.) မိုးချိုသင်း ကိုကိုလို့သာမှတ်လိုက်တော့. ဘောလုံးပွဲစဉ်တွေ ကိုထိုင်ကြည့်နေတဲ့အတိုင်းဘဲ။ အကြာကြီး တစ်မေ့တစ်မောထိုင်ထိုင်က်ြည့တာ. သူကြည့်ရုံနဲ့မပြီးသေးဘူး ခေါ်ခေါ်ပြသေးတယ်။ မကြည့်ချင်ပါဘူးဆိုလဲမရ. နစ်ယောက်ထဲရှိတာ တည့်အောင်ပေါင်းရတော့ အားနာပါးနာသွားကြည့်ရတယ်။

ကြည့်ရုံနဲ့မပြီးသေးဘူး နားထောင်ရသေးတယ။် စိတ်လဲမဝင်စားဘဲနဲ့. အိုက်တင်က ခံရသေးတယ်။ ယောကျာ်းကြောက်ရတယ်ဆိုတာအဲဒါပြောတာပေါ့။


မြင်တယ်နော် အဲဒါမြန်မာပြည်။ နေဦး ငါ အနီးကပ်ဆွဲလိုက်ဦးမယ်။ ဟင်း. မကြည့်ချင်ဘဲ ထိုင်စောင့်နေရတယ်။

















ကဲကြည့်ကြည့်.. ဟင် ဘာကြည့်ရမှာလဲ လို့. (မကြည်မလင်. မအောက်ဂလိ)



















မင်းဟာလေ ငဒုံဘဲ ဘာမှ ဗဟုသုတမရှိဘူး။ ဒီမှာကော့သောင်တွေ့လား။ အင်း..တွေ့ပါပြီမောင် (မျက်နာငယ်လေးဖြင့်ပြော)



















အဲသလိုနဲ့ဘဲ.. ဥပမာ macleod island ။ ဇာဒတ်ကြီးကျွန်းနားမှာရှိတယ်။ ကိုကြည့်နေပြနရော ကော့သောင်ကို အရင်သွားရတယ် စိတ်ကူးနဲ့သူသွားတာပေါ့. သူသွားရင်သူ့ဘာသာသွားပါလားလို့ သူများကို လာလာခေါ်တာဆိုးတယ်။ ပြီးရင် မိုင်တိုင်းလိုက်တယ် ။ အဲဒီကနေ မိုင်ငါးဆယ်လောက်အကွာမှာ အဲဒီကျွန်းရှိတယ်။ ပင်လယ်ထဲမှာ... သဲသောင်တွေ သိတ်လှတယ်။ Adamanresort beach လို့ရေးထားတယ။် ရေလဲကြည်နေတာဘဲ ။ ဘန်ဂလိုလေးတွေ လည်းရှိတယ်။အဲဒီကို သူစိတ်ကူးနဲ့သွားနေတယ်။ သူသိတ်ပျော်တယ်။


















































ငါတို့သာမရောက်ဘူးသေးတာ ရောက်ဘူးတဲ့သူတွေ ကဓါတ်ပုံတွေ ရိုက်ပြီးတင်ထားပြီးကြပြီ. ဆိုပြီး. အဲဒီဓါတ်ပုံတွေ ကိုကလစ်လုပ်ကြည့်ပြီးကျေနပ်နေတယ်။ သူကိုယ်တိုင်ရောက်သွားသလိုဘဲ စိတ်ကူးတွေယဉ်နေတယ်။

အဲဒါနဲ့မပြီးသေးဘူး. ငါက အဲဒီကိုသွားလည်ဘို့ထက်အဲဒီမှာ ဘန်ဂလိုဆောက်ပြီး လာတဲ့သူတွေ ကို တစ်နေ့ကို အစိမ်းတစ်ရာနဲ့ငှားချင်တာ. ငါးရက်ငှားထွက်ရင်တောင် အစိမ်းငါးရာ အေးအေးဆေးဆေးထမင်း ကို အဲကွန်းလေးနဲ့စားရုံဘဲဆိုပြီး စိတ်ကူးတွေယဉ်ပြီး လုပ်ငးန်းရှင်ကြီးလုပ်သေးတယ်။ ယောက်ျားလေးတွေ ကိုစိတ်ညစ်တာအဲဒါဘဲ. တို့ဒုက္ခတွေ လူမသိပါဘူး။ ဟင်း..

ကြံဖန်ကြွားစ်

31 August, 2010 - 01:54













ဒီပုံလေးကြည့်ပြီးရင်တော့အဲဒီမင်းသမီးလိုတော့လှချင်တာဘဲ လှချင်တာဘဲ... ဘယ်နယ့်လုပ်မလဲ။ ဓါတ့်ပုံရိုက်ပါတယ်ဆိုမှ ဖြတ်လျောက်တဲ့သူတွေ ကလဲများလိုက်တာ ကိုယ်ကလဲလျှပ်တပြက်ဘဲရျိုက်တာဆိုတော့ ထိုင်စောင်ရိုက်ဘို့တော့စိတ်မရှည်ပြန်ဘူး။












ရုပ်ဂှင်ရုံရှေ့လဲရောက်ပါတယ။် ကောင်းတယ်ဆိုတဲ့ကားရှေ့တည့်တည့် right time လဲရောက်ပါတယ် ကြည့်မယ်ဆိုပြီးစဉ်းစားတဲ့အခါ feel မလာဘူး။ ခံစားလို့မရဘူးဖြစ်နေတယ် အက်ရှင်ကားလောက်ဘဲကြည့်ချင်တော့တယ် .ကိုးရီးယား ကား အနုအရွလေးတွေ ကြည့်ဘို့မဆိုထားနဲ့အခုကားကိုတောင်မကြည့်ချင်တော့ဘူးဖြစ်တယ်




















အသက်ကကြီးလာလေ. Libido တွေက့ကျလာလေ. အဲဒါကြောင့်အခုတစ်လော ဘုရားရှိခိုးပြီးနေမယ်စိတ်ကူးတယ်။ ကိုမဆလာကတော့ ရန်ကုန်ခဏပြန်ပြီး စီးပွားရေး လေးဘာလေးပြန် လုပ်မယ်စိတ်ကူးနေတယ်ဆိုတာဘဲ အကြောင်းပြတာ လားမသိ။ နောက်မိန်းမယူမယ်ဆိုလဲ ပေးယူလိုက်ရမှာဘဲ ဘယ်တတ်နိုင်မလဲ။
















မျက်မှန်ဆိုင်လဲရောက်တယ် မျက်မှန်လဲ ဘယ်နစ်လက်မှန်းမသိ လုပ်ထားတာ. တော်တော်များတယ်။ လက်လှမ်းမှီရာမှာ ထားတယ် ခဏခဏပျောက်တတ်လွန်းလို့ ပျောက်တဲ့အချိန်တွေ့တာ ကောက်တတ်. အဲဒါပျော့က်တော့အရင်ဟာပြန်တွေ့ အဲသလိုနဲ့ဘဲအဆင်ပြောအောင်ဖန်တည်းထားရတာဘဲ ကိုယ့်အကြောင်းကိုဘဲသိတယ။် ခဏခဏလဲကျိုးတယ်။ စာဖတ်ရင်တတ်တာကိုး. ကျိုးတယ်ဆိုရင် ဆိုင်က သိတနားမလည်နိုင်ဘူးဖြစ်တယ်။ ဘယ်လိုများကိုင်သလဲဆိုပြီး. မှန်လဲမှန်တာဘဲ။ ဈေးပေါလို့မဟုတ်ပါဘူးအကြောင်းအမျိုးမှိုးနဲ့

တွေးပြန်ပြီ

28 August, 2010 - 20:20
















လေဒီဂါဂါက သူမတစ်စုံတစ်ယောက်နဲ့ အိပ်မိပြီးပြီဆိုရင် သူမရဲ့ဖန်တည်းနိုင်တဲ့အနုပညာတွေ ကျဆုံးသွားရတယ်လို့ခံစားချက်ရှိတယ်ဆိုတယ်။ ကိုယ်လဲ ဘလော့ရေးတော့မယ်ဆိုရင် သူများဘလော့တွေ သွားမဖတ်ခင်ရေးရင်. ဒါမှမဟုတ်. ဖတ်ပြီးအတော်ကြာမှ ရေးမှသာလျှင်ရေးလို့ရတယ် မဟုတ်ရင် မရဘူး။ ခံစားချက်တွေါရှုပ်ထွေးကုန်တယ်။ သူများကောင်းတာတွေမြင်ရင် အားငယ်စိတ်နဲ့မရေးလိုတော့ဘူး ဖတ်တာများရင်လဲ ကြောင်တောင်တောင်ဖြစ်လာတယ။် ဒါကြောင့်မို့လို့ အနုပညာသည် မင်းသမီးတစ်ချို့ကပြောကြတယ် ပြန်ရိုက်တဲ့ဇတ်ကားတွေမှာ အရင်ဇတ်ကားကို မကြည့်ဘဲနဲ့ ရိုက်တယ်လို့ပြောတာဖတ်ဘူးတယ်။ မဟုတ်ရင် အဲဒီမင်းသမီးရဲ့ဇတ်ကောင်စရိုက်တွေက သူ့ဆီကိုရောက်လာပြီး. သူ့ရဲ့အနုပညာစွမ်းရည်က အရင်မင်းသမီးရဲ့ စွမ်းရည်နဲ့ ရောပြီး အရိပ်အယောင်လွမ်းမိုးမှူတွေဖြစ်ပြီးသူ့ရဲ့တင်ပြနိုင်မှုတွေ ကျဆင်းသွားတတ်တယ်။


































ဒါကြောင့်မို့ဒီည ဘယ်သူ့ဘလော့မှ စပြီးမဖတ်ခင်ကိုယ့်ဘာသာ ကိုယ်ရေးတယ်။ ကိုယ်သည် ဘယ်သူမှ မသတ်မှတ်ဘဲနဲ့ကိုယ့်ဘာသာ ကိုယ်စာရေးဆရာဖြစ်သွားလိုက် မင်းသမီးဖြစ်သွားလိုက်ဖြစ်နေတယ်။




















































ဘလော့ဂါတွေလဲများလာလိုက်တာ ဖတ်ဘို့ထက် ရေးဘို့ဘဲအားသန်နေကြတယ်။ ရေးပြီးရင်း ရေးရင်းက ဖြစ်နေတယ။် ဖတ်တဲ့ဘလော့ဂါဘဲရှိသလား. ..ဘလော့ရီဒါတွေ ကိုဘဲ အားကိုးရမလား ..ဘယ်သူလာဖတ်ပါ့မလဲ ။ လာဖတ်ပေးတာဘဲ ကျေးဇူးတင်နေရသေးတယ်။ လာဖတ်သူတွေ အတွက် တင်ပေးပါတယ်လို့ တော့မပြောလိုပါဘူး ကိုယ်သဘောနဲ့ကိုယ်တင်တာဘဲ။ ဒလပ်စပ် ရေးနေတဲ့အထဲမှာ ကိုယ်လဲပါတာဘဲ ။ အခုလိုအချိန်လေးမှာ ယူကျူလေးဖွင့်ပြီး ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပြီးစာရေးနေရတာ တွေးနေရတာ ..ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပြန်ကြည့်နေရတာ. အန်မတန်မှ စိတ်အေးချမ်းတာဘဲ။ အိပ်ချင်နေတာတောင်အိပ်ချင်စိတ်ကလေးကို တွန်ြး့ပီးခဏနေမှ အိပ်တာပေါ့ မနက်ဖြန် မိုးလင်းအိပ်လို့ရသေးတာဘဲဆိုပြီးနေတာဘဲ။




































ရှေးသရောအခါက

26 August, 2010 - 11:06
Anonymous has left a new comment on your post "Woodlands/Sunday":

ရှေးသရောအခါက ရာမညတိုင်း မာလာယုပြည်အနီး၊ ချင်ကြာပူရ ဟုအမည်ရသော လွန်စွာစည်ကားသည့် တိုင်းနိုင်ငံငယ်လေး တခုရှိလေသည်။ ..နေမပူ၍ လေပူမတိုက်သော နေ့တနေ့~~ ချင်ကြာပူရတိုင်း၏ အထင်ကရမြို့လယ်.. ဥယျာဉ်ခြံလမ်းမကြီး ကား အမျိုးအစားများပြားစုံလင်လှသော.
. ရှော့ပင်းစင်တာများသို့ လာရောက်ဈေးဝယ်ကြသော ..သူငယ်မ၊ လုံမပျိုကြီးငယ် များဖြင့် ရှုပ်ထွေးစည်ကားနေလေတော့သည်.. ထိုအခိုက် တစုံတခုကိုမြင်လိုက်ရလေသည်.. ကျွနုပ်တို့ ချာရာဏသီတိုင်း ရွှေမရာမာပူရမှ လာဟန်တူသော လုလင်ပျိုသုံးယောက်... တယောက်ကား မော်မော်ကြွားကြွား တောသူဌေးသားဂိုက်အပြည့်နှင့် တယောက်မှာကား ဂန္ဓာလရာဇ်နွယ်ဖွားမျက်နှာပေါက်နှင့်ဖြစ်၏၊ နောက်ဆုံးတယောက်ကား မာလာယုပြည်သားနှင့်ခပ်ဆင်ဆင်ဖြစ်၏၊ အနှီသုံးယောက်ကား တယောက်နှင့်တယောက် အော်ကျယ်ဟစ်ကျယ် စကားပြောလျက် ဈေးဝယ်လာကြသော သူငယ်မ၊ လုံမပျိုကြီးငယ်တို့၏ စကပ်တိုတို ဘောင်းဘီတိုကပ်ချက်ပြုတ်တင်ပေါ်၊ အင်္ကျီခါးပြတ် ကျောဖော်ရင်ပေါ် ကြိုးတချောင်းအင်္ကျီ တို့မှ ထွက်ပ်ါလာသော ပေါင်သားဝင်းဝင်း ဗိုက်သားဝင်းဝင်း..အဝတ်စလွတ်သောနေရာမှ ဝင်းဝင်း၊ ဝင်းဝင်းနှင့်ထွက်ပေါ်လာသော၊ အရာမှန်သမျှကို ထူးဆန်းအံ့သြစွာ..ကြည့်ရှုလျက် ..ယင်ကောင်နားလောက်သော ပါးစပ်များဖြင့် ရွှေမရမာပူရစကားကို အားပါးတရပြောဆိုနေကြလေသည်.... ကောင်းကင်ကား ကြည်လင်၍ နေသာနေပေသည်.. ထို လုလင်ပျို သုံးယောက်တို့၏ ပြောစကားများအရ သူတို့ကား သင်္ဘောသီးများတည်း.. မကြာခင် တရုတ်တန်းရှိရာအရပ်သို့ အလုပ်ကိစ္စ အလို့ငှာ သွားရောက်ရန် တိုင်ပင်နေကြလေသည်... ဘတ်စ်ကားမကြပ်သေးသော နေ့လည်အချိန်တချိန်သာ ဖြစ်တော့သည်..။ ချင်ကြာပူရတိုင်း၊ တရုတ်တန်းအရပ်။ ... တောသူဌေးသား ဦးဆောင်လျက် အနှီရွှေမရမာပူရသား သုံးယောက် တရုတ်တန်းတခုလုံးအားသိမ်းပိုက်တော့မည့် ဟန်နှင့်ဘတ်စ်ကားပေါ်မှ ဆင်းလာကြသည်.. သူတို့နှင့် ရှေ့မလှမ်းမကမ်းမှာတော့ ဂန္ဓာလရာဇ်နွယ်ဖွား ဖြစ်ဟန်တူသော အမိုက်စားလုံမပျိုနှစ်ယောက် အန္တရာယ်ကိုမသိသည့်အလား အမိုက်စားဝတ်စားပြင်ဆင်လျက်.. ဦးသောင်းစိန်လမ်းမကြီးအားဖြတ်ကူးရန် မီးပွိုင့်ရှိရာ အရပ်သို့လမ်းလျှောက်သွားနေကြ၏။ ကျွန်ုပ်၏ လုလင်ပျိုသုံးယောက်ကား ထိုအမိုက်စားလေးနှစ်ယောက်နောက်မှကပ်လျက် တယောက်နှင့်တယောက်..
အမျိုးမျိုးမှတ်ချက်ပေး၍ လိုက်လာလေသည်.. မိုးတိမ်များကား ရုတ်တရက် အုပ်မှောင်လာ၏.. တောသူဌေးသား ပါးစပ်မှ မစားရအညှော်ခံ ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများကား တရစပ်ထွက်ကျနေ၏.. အမိုက်စားလေးနှစ်ယောက် ဦးသောင်စိန်လမ်းတဖက်သို့ကူးရန် မီးပွိုင့်၌လူရုပ်ကလေးက အနီေ၇ာင်ပြနေ၍ ရပ်လိုက်လေသည်..တောသူဌေးသား ပါးစပ်ကား ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများထွက်ကျလျက်ရှိဆဲ... ကောင်းကင်၌ မိုးကားမှောင်မဲ၍သည်းကြီးမည်းကြီးရွာမည့်ဟန်ရှိ၏.... ရုတ်တရက်.... အမိုက်စားလေးနှစ်ယောက် အနက်မှ ချာရဏသီတိုင်းမှရုပ်ရှင်မင်းသမီး ပုလဲဝင်း..၏
မျက်နှာပေါက်နှင့်ဆင်သော အမိုက်စားလေးတယောက်.. ချာကနဲလှည့်၍ တောသူဌေးသားအား ခပ်တည်တည် မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်လိုက်လေသည်... ထို့နောက် တချက်ပြုံးလျက်.... လွန်စွာမှပီသသော..ချိုမြသောေ၇ွှမရာမာပူရစကားဖြင့် တောသူဌေးသားအား ယခုလို ပြောဆိုလိုက်လေသည်.... " မောင်လေးမှာနှမတွေ ရှိမှာဘဲ.. မောင်လေးရဲ့နှမတွေကို မောင်လေးပြောသလို အပြောခံရရင် မောင်လေးဘယ်လိုနေမလဲ.. နှမချင်းကိုယ်ချင်းစာပါ... ချင်ကြာပူရမှာေ၇ွှမရမာပုရ စကားပြောရင်ဆင်ခြင်ပါ.. မောင်လေးမသိတဲပေ၇ွှမရာမာပူ၇တိုင်းသားတွေ ဒီမှာအများကြီးရှိတယ်.. နောက်နောင်.. ဆင်ခြင်ပါ.. ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်.. သဘောပေါက်တယ်နော်.. ဆို၍.. လူရုပ်ကလေးအစိမ်းေ၇ာင်ပြပြီုဖြစ်သဖြင့် လမ်းတဘက်သို့ ဖြတ်ကူးသွားကြလေသည်.. တောသူဌေးသားကား ခွေးအကြီးလှည်းနင်းသကဲ့သို့.. အအာအိအီ..နှင့် ဖင်ကုတ်ခေါင်းကုတ် ပါးစပ်အဟောင်းသား... ကျန်..လုလင်ပျိုအဖော်နှစ်ယောက်နှင့်အတူ မီးပွိုင့်မှာ ကြောင်၍ကျန်ရစ်ခဲ့လေသည်... မိုးကားသည်းကြီးမဲကြီး ချိမ်း၍ ရွာလေပြီ။ ..မိုးနှင့်အတူ ပါလာသော ဒေဝေါက အသံနက်ကြီဖြင့် ကိပတ်သဂွတ်ဝေါ့ဟုဆိုကာ …... ဤတွင်ပြီး၏။



Posted by Anonymous to khin oo may at August 26, 2010 11:55 AM

Woodlands/Sunday

24 August, 2010 - 17:39
Sunday က ဝုလန်းကိုရောက်တယ်။

















အပြင်မထွက်ချင်ပါဘူးဆိုတာအ တင်းဘဲ ခေါ်တာနဲ့။ အိမ်မှာဘဲနေချင်တာ။ မနက်ခင်းပေမဲ့ အငှားကားငှားမဲ့သူတွေများနေတယ် တော်တော်မျာများဘဲ လမ်းထွက်ကြသလားမသိ. ကားမရတာနဲ့ ရထားနဲ့ဘဲသွားတယ်။ ဝုလန်းဘူတာရောက်တော့မှ လိုတဲ့နေရာကို အငှားကားနဲ့သွားတယ။တင်္နင်္ဂနွေ ဆိုတော့ ဘာကြေးညာကြေးတွေ မပါတဲ့အတွက် အတော်လေးသက်သာသွားတယ်။ မရှိမဲ့ရှိမဲ့အမျိုးဆီ ခဏသွားတယ်။ သွားချင်လွန်းလို့မဟုတ်ပါဘူး အလုပ်နဲ့ပက်သက်တယ်။ ဟောလီးဒေးမှာ အလုပ်နဲ့ပက်သက်တာဆိုရင် လေသလပ်တာတောင်မကြားချင်ပါဘူးဆိုမှ..





















ပြန်လာတော့ taxi နဲ့ဘဲ။ စိတ်ဆိုးတယ်ဆိုရင်ယုံကြမှာလား. ယုံချင်ရင်မယုံချင်နေ စိတ်ဆိုးတာဘဲ. လမ်းထွက်ပြီဆိုမှာတေ့လမ်းပေါ်မှာနေချင်သေးတာဘဲ အရပ်ဒေသတစ်ခု ကိုဦးတည်ပြီးသွားလိုက်ရင် mr bean လားအောက်မေ့ရတယ်သံလိုက်အိမ်မြောင်မကိုင်ဘဲ သွားတာ တစ်ခုဘဲရှိတယ်။ ကျန်တာတော့အတူတူဘဲ. လိုရင်းက ရောက်ဘို့. ရောက်ပြီးရင်ပြန်ဘို့။ ဒါသည် သူ့တာဝန်ဖြစ်တယ်။

























ကိုယ့်တာဝန်ကတော့ အိမ်ထဲကနေ အပြင်မထွက်ဘီု့.ထွက်ပြီးရင် ပြန့်မဝင်ဘို့ သန်းကောင်မှ ပြန်ဝင်ဘို့။ ဝုလန်မှာ ရှော့ပန်စင်တာကြီးတွေ အများကြီးရှိတာကို ငေးတောင်မငေးရ. ဒရွတ်တိုက်မပါသွားရုံတစ်မယ်။ ခြေလှမ်းကြဲများနောက်ကနေလိုက်. အရပ်ကလည်းရှည်တဲ့အပြင် လမ်းလျောက်တာလဲမြန်သေးတယ်။




















အမြဲတန်းရှေ့က သွားတယ်။။ ကိုယ့်ကမြန်တာတောင်မလိုက်နိုင်ဘူး ပုတော့ခြေက သူ့လောက်တော့ မကျဲနိုင်ဘူး။ ပုတဲ့အပြင်သူ့ရဲ့တင်စားချက်ကတော့ ဘိုက်ပူပူ ဖင်ကောက်ကောက် ဆိုဘဲ. ရက်စက်ပါပေတယ်။ ရင်ဆို့သွားလို့ စကားတောင်တော်တောနဲ့ မပြန်နိုင်ူဘူး ယောကျာ်းများမရခင်ဖျာလိုလိပ်. ရပြီးရင် အားမနာလျှာမကျိုး ကိုယ့်သူငယ်ချင်း ယောကျာ်ေးလတစ်ယောက် ကတောင်မခံနိုင်လို့ ဒါ abuse ဘဲလို့ဆိုတယ်။ သူကတော့မှန်တာပြောတာဘဲလို့ဆိုတယ်။ ဆိုချင်တာဆို. ကိုယ်ကတော့.. ဖျက်လို့မဖြစ်ဘူး. အဲသလိုဆိုပြန်ရင်လဲ ဒီစကားကို ဟိုတုံးကဘာလို့မဆိုခဲ့သလဲဆိုတဲ့အပြစ်ကမလွတ်ဘူး. နောက်တစ်ယောက်မှ မရနိုင်တော့ဘဲဆိုတယ်။ ဒီလောက်မရက်စက်ပါနဲ့ မောင်ရယ်လို့ဆိုရတယ်။ ပြီးတော့လဲ သူဘဲမျက်စေ့အောက်က အပျောက်မခံဘူး. ။





















ရထားထဲဝင်ရင် အေးတယ်။ ကားထဲဝင်ရင်အေးတယ။် အိမ်မှာပူတယ်။ ကဒီဘီအိမ်ဘဲသွားငှားပြီး chilled လုပ်ရရင်ကောင်းမယ်။ ပြီးတော့မှ heater လေးနဲ့ရေချို့း ရှလွတ်.
























ရှော့ပင်းမကြည့်ရတော့လဲ ကြည့်လို့ရတဲ့ကောင်းကင်ကြီးဘဲ မဲပြီးကြည့်ရတော့တာဘဲ။ ဆိုင်တွေ ဆိုတာ မြင်တောင်မမြင်လိုက်ရဘူး.. တောက်။









ကာချယ်

23 August, 2010 - 17:03





















မနေ့ညက တိမ်ဖုန်းတယ်.။ လသာပေမဲ့။ ဒီနေ့ညကတော့အတော်ထင်ရှားတယ်။ ဘာဖြစ်လို့ ကောင်းကင်ကို ခဏခဏ မော့ကြည့်မိတာလဲကိုယ့်ဘာသာကိုယ်စဉ်းစားမရဘူး။



















































စိတ်ပြေလက်ပျောက်မိတ်ကပ်ဝယ်တယ် ခေါင်းလျော်ပြီး. ရေချိုး toner လိမ်းပြီး olay လိမ်းမယ်စိတ်ကူးတယ်။ အရောင်ကတော့နောက်နေ့မှခြယ်တာပေါ့။ ဘာဖြစ်လို့လဲ မေးနေရသေးလား. လှချင်လို့:(





















ခေါင်းလျှော်ရည်က အကြမ်းဖျင်း စလုံး 8 ကျပ်. Olay က နစ်ဆယ်ကျော်။ အရောင်ခြယ်တာလဲနစ်ဆယ်ကျော်။ toner က တစ်ဆယ်ကျပ်ကျော်။


ကာချယ် (n) = eye shadow
http://www.saingdictionary.net/2008/03/blog-post.html

ဟိုတွေးဒီတွေး

22 August, 2010 - 16:56
မနက်မနက် အလုပ်သွားခါနီးရင်ကွန်ပြုတာဖွင့်မိတာ ဒုက္ခ. နောက်ကျရင် ၁၅ ကျပ်ရင်းရတယ်။ လှစ်ခနဲဖွင့်ပြီးလစ်မှသာ သက်သာရာရတယ်။ ဟိုဖတ်ဒီဖတ်ကလေးများလုပ်မိရင် ၁၅ ကျပ်ဘဲ။ အရင်းပြုတ်ဘို့မြင်တယ်။ ဒါလဲခဏခဏထိတာပါဘဲ။

စလုံးက တက္ကစီအချို့ရဲ့အနောက်မှာ TV လိုမျိုးပါတယ်။ သိတ်လဲမကြည့်ဖြစ်ပါဘူး။ TV များ အိမ်မှာတောင်ပိတ်ထားသေးတာ လမ်းမှာကြည့်ဘို့ဝေးသေးတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်ချင်ကြည့်မကြည့််ချင်ရင် မျက်စိမှိတ်ထား အိပ်. . အဲဒီအချိန်ကားမောင်းတဲ့သူက စကားလာပြောရင် သိတ်စိတ်ညစ်တယ်။ ကိုယ်က စကားသိတ်ပြော ချင်တာမဟုတ်. သူက အစအဆုံး စကားတွေများ. နောက်ဆုံးဖုံးထုတ်ပြီးဖုံးချင်ချင်ယောင်ဆောင်မှ နားမညည်း တော့တယ်။ မျကိစိမှိတ်ထားလဲမဖြစ်သေးဘူး. လမ်းကပိုဝေးချင်ဝေးသွားနိုင်တယ်။


























အခုတစ်လော မိုးရွာတယ်။ မိုးမရွာတောင် တိမ်တွေများတယ်။


















အလုပ်ကတော့များတယ်။ ရေတစ်ဘူး ခဏလေးနဲ့ကုန်တယ်။ မောရင်ရေသောက်. အာခြောက်ရင် ရေ သောက်..













ကိုယ့်ဘာသာကိုယ်တောင်ဘာရိုက်ခဲ့မှန်းစဉ်းစားလို့မရတော့ဘူး။


















ဘာဂါဝယ်တယ် ထိုင်စားရင်ကြာမှာစိုးလို့ အိမ်ရောက်ေတော့မှဘဲ စားတော့မယ်စိတ်ကူးတယ်။ အိမ်အပြန်လမ်းတောက်လျောက်မှာ မုန့်ဆိုင်တွေ ရှိတာ မကောင်းဘူး.။ ဒုးရင်းသီး နစ်ဘူးကတော့ ဝယ်လာ သေးတယ်။ ညနက်တော့သိတ်တော့မကောင်းတော့ဘူး သူများရွေးကျန်ဘဲရတော့တယ်။ ဈေးလဲလျော့ဘူး.:(






























ff - rew - pause - stop - play-eject

21 August, 2010 - 02:51
ညက အိမ်မက်မက်တယ်။ ရန်ကုန်ပြန်ရောက်နေ တယ်တဲ့.။အလုပ်ထဲမှာဘဲ။ မြန်မာလို ပြောနေတယ်တဲ့ ။ ကိုယ့်ဘာသာကိုယ်ထူးဆန်းနေသလိုဘဲ။ဲ.မြန်မာလိုစပြောဘို့အ ခက်အခဲရှိနေတတယ်ဲ။ လူတစ်ယောက်ကိုတွေ့ရင်
hello..
how are you.
What happen..
Everything Ok.
Any problem.
Can I help you something.
Do you want to tell me something.
Tell me Yes I am listening> အစရှိသဖြင့်ဒလစပ်ထွက်လာတတ်တဲ့စကားလုံးတွေ ကိုမသုံးဖြစ်ဘဲ. နေကောင်းတယ်နော် ကျန်းမာပါရဲ့လား ဘာများထူးခြားတာရှိသေးလဲ ကျွန်တော်ဘာများကုညီနိုင်မလဲလို့ စပြီးပြောတာ အခက်အခဲဖြစ်နေတယ်။

အဲဒီအချိန်မှာ ကိုယ်နဲ့သိတဲ့ နိုင်ငံခြားက လူတစ်ယောက်က ဘေးကနေဖြတ်သွားပြီး ကိုယ့်ကိုပြုံးပြတယ်။ ကိုယ်က သူ့ကိုခေါ်ပြောတယ် ထိုင်ပါဦး. ငါပြောချင်တာလေးတွေ ရှိတယ။် ဒီမှာသိလား. ငါလေ နိုင်ငံခြားကို လာဘို့အတွက် အများကြီးရုံးကန်ခဲ့ရတယ်။ မြန်မာပြည်ထဲ့နေ ပစပ တစ်အုပ်ထွက်အောင်လုပ်ရတာကိုက အဆင့်တွေ အများကြီးရှိတယ။် အချိန်တွေ စောင့်ရတယ။် စိတ်တွေညစ်ရတယ် ပွဲစားတွေ နိပ်စက်တယ။်

နိုင်ငံခြားကိုရောက်ခဲ့ပြီ ။လေဆိပ်ပေါ်တက်ကတည်းကဘုရားစာရွတ်ရတယ်။ဒီလောက်ရုံးကန် ခဲ့ရပြီးမှ နိုင်ငံခြားမှာ ခဏလေးနေခွင့်ရ့ရင် မတန်လို့ လေယဉ်ခံကလည်းအစ်မ်း လေးရာကျော် နမျောစရာ

စလုံးလေဆိပ်ရောက်ခဲ့ပြီး.ပြန်တော့ ဘုရားသိကြားမလို့ နဲနဲလေးကြာကြာနေခွင့်ပြု ပါ ဘုရားလို့ မဆိုင်တဲ့ဘုရားကို ဆုတွေ အကြိမ်ကြိမ်တောင်းလို့လဝက ကိုဖြတ်. လဝက က နစ်ပါတ်ဘဲပေးလိုက်လို့မျက်ရည်လည်ရွဲ.။နစ်ပါတ်ပြည့်ခါနီးပြန်တော့ သူငယ်ချင်း ကိုရှာ သူ့အိမ်ကိုလိုက်. ကဒ်ကို ယူ စပွန်ဆာမှာလက်မှတ်ထိုးခိုင်း သက်တမ်းသွားတို:့ပြန်တော့နစ်ပါတ်ရတယ်။ တစ်ခါ သူ့အိမ်ကို ကဒ်ကို တစ်ခါ သွားပြန်ပို့။ နစ်ပတ်ဆိုတဲ့အချိန်ကခဏလေး. ပြည့်သွားပြန်ရော တစ်ခါ သံသရာလည်ပြနရော လဝက အရာရှိက လက်မှတ်ကို စတစ်ကာကပ်ပြီးမှ ပြန်လာတော့ဆိုတာ ပြန်ရကာနီးပြီဆိုတဲ့သဘောဘဲ။ အရာရှိကိုတွေ့ပြီး အသနားခံပြော. . နေချင်ပါသေးတယ်။ ယောကျာ်းနဲ့ခဏလောက်နေပရစေဦး. အင်း နစ်ပတ်ထပ်တိုးပေးလိုက်ပြန်. ဒီလိုနဲ့ဘဲပြည့် နောက်ဆုံးတော့စတစ်ကာ ကပ်ပြီး တိုးပေးပြီးတဲ့အချိန်ဟာ ပြန်ဘို့ဘဲ။ မပြန်ချင်ဘူးမောင်ရယ်။ ဆိုပြီးမျက်ရည်လည်ရွဲနဲ့ပြန်လိုက်.။ ဒီလိုနဲ့သုံးလနေလိုက် . ရန်ကုန်ပြန်လိုက်. ရန်ကုန်ပြန်ရောက်သွားပြန်တော့ စလုံးကိုမေ့သွားပြန်. မနည်းပြန်ခေါ်ရတယ်။အဲဒါနဲ့ စလုံးပြန်လာလိုက် နစ်လနေလိုက် ရန်ကုန်ပြန်လိုက အခေါက်ပေါင်း မနည်းဘူး.။။ နောက်ဆုံး student stay ဖြစ်သွားတော့မှ ဘဲသက်သာရရတော့တယ်။

Student ဖြစ်သွားပြန်တော့ကော သက်သာရာရလို့လား။ မရပါဘူးး မနက် မိုးလင်းမိုးချုပ် ကျောင်းသွားရတယ။် တစ်လုံးမှ နားမလည်တဲ့စာတွေ ကိုဖတ်ရတယ်။ ဘာသာရပ်ပြောင်းသွားတာကိုး။ အခြေခံတော့ရှိတာပေါ့။ မသိတာတွေ ကို တစ်ချို့သောသူများကိုမေးရတယ်။ဖြေသူရှိသလို you should know ဆိုတာတွေ လဲည်းရှီတယ။် မျက်ရည်. ..ချွေးနဲ့သွေးနဲ့တော့မသိဘူး ချွေးနဲ့ မျက်ရည်နဲ့ နပ်ချေးနဲ့ ဆိုတာတော့သိတယ်။ ဘွဲ့ရသွားတယ။်

အလုပ်မရဘူး ရှာတယ် ရှာတယ် နစ်ပေါက်ရှာတယ်။ မရအောင်များ ရှာနေသလားလို့ အသိတွေ ကမေးကြတယ်။ ရှာနေပါတယ်။ ရှာနေပါတယ။် နောက်ဆုံးတစ်ခုရသွားတယ်။

ရသွားပြန်တော့ သင်ခဲ့တဲ့အခြေခံကတစ်မျိုး ဘွဲ့ထပ်ယူတာက တစ်မျိုး. အလုပ်ပြန်လုပ်တော့ အခြေခံနဲ့ဆိုင်တဲ့အလုပ်. ဘဝကြီးက ကြိုးစားလိုက်ရတာ လူဆိုတာ မလုပ်တာ ကြာရင်မေ့သွားတဲ့သဘာဝရှိတယ်။ မေ့သွားလိုက်တာများ.... အစ ကပြန် စရတယ။် မေ့တတ်လိုက်တာနော်လို့ အံသြခဲ့တဲ့သူရှိတယ။် တစ်နစ်လောက်မှ ပြန်ပြီး recovery ရတယ။် အချိန်တွေ တော့အများကြီးကုန်ခဲ့တယ် ။ ဘဝက အလှည့်အပြောင်းတွေ များတယ။်

အခု တစ်နေရာမှာတစ်ခုခု ရောက်နေတဲ့အချိန်မှာ ဖတ်ကနဲဆိုရန်ကုန်ပြန် ရောက် သွားမယ် ဆိုရင် ကိုယ်ဘယ်လိုဖြစ်မလဲ။ ခဏတစ်ဖြုတ်တော့ခံစားရပြန်ဦးမယ်။ ပြန်ကြိုးစား ရပြန်ဦးမယ် ။ အခြေကျနေတဲ့ အခြေတစ်ုခုကို ဖျက်ပြီးတစ်ခုကိုပြန်စ ရပြန်ဦးမယ။် နိုင်ငံခြားကြီး များမှာ တောင်နစ်ရှည်နေ လာတော့ ကိုယ့်ကိုယ်ကို မြင့်တယ်လို့လဲဘဝင်က မြင့်နေ ချင် သေး တယ။် သေးသေးလေး တွေ မလုပ်ချင်ပါဘူး လို့လဲကိုယ့်ဘာသာ ကို ယ် ပြော မိ တယ်။ မြန်မာလို ပြောရတာတောင် အခက်အခဲဖြစ်နေပါတယ်လို့ အိမ်မက်မက် မိ သေး တယ။်

စကားတွေ အရှည်ကြီးပြောမိသွားတယ်။ သူဘာမှမပြောဘဲ ငြိမ်နားထောင်နေတယ်။ ကိုယ်ဘဲ အဆုံးသတ် လိုက်တယ။် နောက်ဆုံးတော့လဲပြန်ပြောတတ်သွားမှာပါ။ အခိုက်အတန့် တစ် ခု ပေါ့။ ဒါပေမဲ့ ကျော်ဖြတ်ရတဲ့ အခိုက်အတန့်တစ်ခုခုတွေ ကများလှတယ်။ မ ခံစား နိုင် တော့ ဘူး။။

မှတ်ချက်
အိမ်မက်ပါ

အမုန်းများ

19 August, 2010 - 17:59
သူနဲ့ကိုယ်ဟာ အမြဲရန်သူ………..





















































ဒါပေမဲ့ weather ကတော့ကိုယ့်ဘက်မှာရှိတယ်။






















































မှတ်ချက်
ရေးချင်လွန်းလို့တော့ဟုတ်ပါဘူး. zz ကြောင့်

MC

17 August, 2010 - 19:09
ပြီးခဲ့တဲ့ရက်ကပြန်တာနောက်ကျတယ်။ အိပ်ခါနီးမှ ခေါက်ဆွဲပြုတ်နဲ့ ဒူးရင်းသီးနစ်ဘူး တစ်ဘရိတ်ထဲစားလိုက်တယ်။ ကာဖီလဘက်ရည်လဲများတယ်။ မနက်အိပ်ရာထ. မထနိုင်ဘူးဘိုက်အောင့်လို့ ကုန်းကုန်း ကုန်းကုန်းနဲ့ထလာပြီ. အလုပ်မသွားတော့ဘူးလို့ဆုံးဖြတ်တယ်။ ဆေးသောက်လိုက်တယ်။ ဘိုက်ကိုလည်း ဆေးအပူ လိမ်းတယ်။အမှန်ကတော့ ဆေးခန်းမသွားခင် ဆေးမသောက်ရင်ပိုကောင်းတယ် လူမမာနဲ့ပိုတူတာပေါ့။ ခက်တာက မခံစားနိုင်တော့ဘူး အဲဒါနဲ့ဆေးသောက်လိုက်တယ်။ လေလဲအောင်တ့တယ။် e လဲပန်းတယ်။

ဆေးခန်းသွားဘူးတဲ့အတွေ့အကြုံရှိသွားပြီဆိုောတ့စောဘို့လိုအပ်တယ်။ နဲနဲနောက်ကျရင်ျ များများစောင့်ရ တယ်မဆိုသာပေမဲ့ စောစောပြီးရင် စောစောနားလို့ ရတာပေါ့။ အဲဒါနဲ့ taxi နဲ့လစ်သွားတယ်။ ပုံမှန်အားဖြင့် တည့်တည့် တစ်ဖြောင့် ထည်းသွားရင် ခဏလေးနဲ့ရောက်မှာကိုပတ်မောငးနေတာ အတော်ကြာတယ် မလိုအပ်တဲ့ နေရာတွေပြီးမှ ရောက်လာတယ် နဲနဲတော့တင်းတယ်။ လှည့်မောင်းတတ်တဲ့တစ်ချို့တွေ ကိုသိတ်စိတ်ညစ်တယ်။ လမ်းဖြောင့်ဖြောင့် မသွားတတ် ဘူး. တစ်ခါတစ်လေ ငါမသိဘူး နင် လမ်းပြပါ ဆိုတာကရှိသေးတယ် ကိုယ်ကလဲသိတ်သိတာမဟုတ်တော့ တစ်ခါက ၁၅ ကျပ်တန်ခရီးကို နစ်ဆယ်ကျော် ပေးလိုက်ရဘူးတာ လဲရှိတယ် လူတိုင်းတော့လဲမဟုတ်ဘူး. အချို့. ဟိုတုံးက လမ်းမသိရင် သူတို့ ဘုတ်အုတ်ကြီးလှန်တဲ့ သူလဲရှိတယ်။ အဲဒါဆိုသူသိသွားရော. ဒါမှ မဟုတ် တစ်ယောက်ယောက်ကိုလှမ်းမေးတာလဲရှိတယ်။ အခုလိုစမ်းမောင်းရင်တော့ အားကြီးရင်လေးတယ်။ ကိုယ်ကလဲသိတ်ချမ်းသာတာမဟုတ်တော့ညစ်ရတာပေါ့။

ဆရာဝန်လေးနဲ့တွေ့တယ် . ဘာဖြစ်လို့ဘာသောက်မိတယ်ပေါ့. အင်း. နင်သောက်တာ သိတ်မမှန်သေးဘူး ငါဆေးပေးလိုက်မယ်။ယူသွား ဆေးခွင့်လဲပေးလိုက်မယ်ဆိုတယ်။ ကိုယ်လိုချင်တာအဲဒါဘဲ။ ဒါကိုလိုချင်လို့ ရေတောင်မချိုးခဲ့ဘူး နဲနဲပူနေအောင်ဒါတောင် အဖျားမရှိလိုက်ဘူး။ မိတ်ကပ်မလိမ်း နှုတ်ခမ်းနီမဆိုး. ။ ဘိုက်ကတော့တစ်ကယ်ကိုအောင့်တာပါ. ထိရင်ကိုအောင့်တယ်။ severe abdominal pain လို့လဲပြောလိုက်မိသေးတယ်။ တစ်ကယ် severe က တစ်ကယ် severe ပေါ့မညာပါဘူး။ အနွေးထည်လေးလဲ လက်က တစ်ယမ်းယမ်းကိုင်လိုက် ပခုန်းတစ်ဘက်ပေါါ်တင်လိုက် အိုက်တင်လုပ်တယ် ။ ဘိုက်ကိုလှန်ပြရတော့ရှက်သလိုလိုဖြစ်သေးတယ်. ဘိုက်ကြိးပူနေလို့ရှက်တာပါ။ အဲဒါနဲ့အသက်အောင့်လိုက်တယ် နဲနဲပိန်သွေားအောင်..် ..


မှတ်ချက်
လမ်းကြုံတာနဲ့ pharmacy က moisture နဲ့ facial scrub



weekend

15 August, 2010 - 19:05










စာရေးဆရာရဲ့လက်က တစ်ခါတစ်လေ ဇတ်ကောင်တွေ နောက်မျောသွားတတ် တယ်ဆိုတာကြားဘဲကြားဘူးတယ် မနေ့ကတော့ အဲသလိုဖြစ်တယ်။ ကိုယ်စာရေးဆရာဖြစ်ပြီထင်တယ်။ ရေးချင်တာက ကိုယ် menopause ဖြစ်ချင်ပြီထင်တယ်။ သွေးလေချောက်ခြား မမှန်တဲ့အကြောငိးက စီကာပတ်ကုံးရေးဘို့ဘဲ ဘယ်လိုဖြစ်ပြီး သယ်ချင်းတစ်..နစ်.. ဇတ်လမ်းဖြစ်သွားလဲမသိဘူး အံသြစရာဘဲ။ စိတ်ကူးတုံးကတစ်ခု ချရေးလိုက်တဲ့အခါလက်နဲ့စိတ်ကူးက သူ့ဘာသာသူရိုက်သွားတယ် ကိုယ့်အတွေးတွေ ပျောက်သွားတယ်။































စနေတနဂ်နွေလား.ဘာမှ မလုပ်ဖြစ်ပါဘူး။ သောကြာညနေကတော့ပျော်ပါတယ်။ အလုပ်နစ်ရက်မသွားရဘူး ဆိုတာ နိင်ငံခြားမှာတော့ luxury ဘဲ. ရန်ကုန်ကအမျိုးတွေ ကတော့ဘယ်သူမှ ရုံးမသွားကြဘူး။ မနက်မိုးလင်းရင် ကလေးရှိတဲ့သူကတော့ နဲနဲစောထပြီး ကလေးအလုပ်ရှိတာပေါ့။ ကလေးမရှိတဲ့သူက တော့ဟိုယောင်ဒီယောင်နဲ့ဘဲ.။ ဘာနဲ့စားသလဲလို့တော့မမေးပါနဲ့.ရန်ကုန်သားတွေ ဘယ်လိုလုပ်သလဲမသိ. ကားစီးနိုင် အိမ်သုံးစရိတ်တတ်နိုင်ကြပါတယ်။ သူတို့အတွက်ကတော့နေ့တိုင်း luxury day တွေဘဲ။


























သတင်းစာလဲယူသာထားတယ် မဖတ်ဖြစ်ဘူး။ စားပွဲခင်းလုပ်တယ်။ shopping လဲမသွားဖြစ်တော့ဘူး ဟိုတုံးကတော့ expo လည်းသွားတာဘဲ။ ဘွန်လေးဘက်က warehouse တေလဲအိပ်ရာခင်း တွေသွားဝယ်တာဘဲ အဲဒီတုံးကတစ်ခုတစ်ဆယ်။ ဆယ်ခုလောက်ဝယ်ပြီးပိုက်ပြီးပြန်လာတာဘဲ။ ခေါင်းအုံးတွေ ခွခေါငးအုံးတွေလဲသယ်လာတာဘဲ.သွားတုံးကတော့ shuttle bus နဲ့အပြန်တော့ taxi ဖြစ်ရော.ဝယ်လာသမျှလဲကိုယ်လဲသုံးသူများလည်းပေး ရန်ကုန်လည်းသယ် အလုပ်ကိုဖြစ်လို့။

ပိုက်ဆံအိတ်တွေ တာကာ၇ှိမာရာမှာချတယ်ဆိုလဲသွားတာဘဲ မျက်မှန်တွေတောင်အဆစ်ဝယ်လိုကသေးတယ်။ အခုနောက်ပိုင်းတော့ဝယ်အားကျသွားတယ်။ ပိုက်ဆံကိုပိုပြိး concern ဖြစ်လာတာလဲပါတယ်။ ကိုယ့်မှာ အရမ်းပြည့်စုံနေတယ်လို့ထင်နေမိတာလဲဖြစ်နိုင်တယ်။ အမြင်မှန်ရလာတဲ့သဘောလဲဖြစ်မယ။်






























ဖိန်ပတွေ ဆိုတာမနည်းဘူး မစီးဘဲဝယ်ထားတာ ဆယ်ရံကျော်မယ် အခုထက်ထိဘဲပြီးရင် အလိုပ်သွားရင်စီးတဲကခပ်စုတ်စုတ်ကလေးတစ်ခုနဲ့ မြို့ထဲသွားရင်မြန်မာညှပဖိန်ပ်နဲ့ဘဲ လုံလောက်နေတော့ဘယ်နားစီးစရာအကြောင်းကိုရှာမရဘူး။ ဒီထက်ထက်ဝယ်ရင်လဲဘယ်နားထားရမလဲသမိဘူး.တော့ဘူး ကြာရင်တော့လဲဝယ်ထားတာတွေ က မော်ဒယ်ကအောက်လာသလိုဘဲ. အကောင်းဆုံးကတော့ ကောင်းကောင်းနစ်ရံလောက်ရှိရင်တော်ပြီး တန်တိုင်း လျောက် ဝယ်မနေဘို့ဘဲ။ ရန်ကုန်လဲသယ်လို့မရဘူးလေ. သယ်ပေးမဲ့သူမရှိသလို လူကြုံဆို တာကလည်း သူ့ပစ စည်းနဲ့သူပြည့်နေတာ..

အကျီကတော့ဈေးကြီးလို့သင့်တာလောက်ဘဲယယ်ပြီးလှည့်ဝတ်နေတာဘဲ ကိုယ့် အလုပ် ကလေဲ အဝတ်အစားကိုသင့်တင့်ရုံဝတ်ရင်ရပြီဆိုတော့တော်ပါသေးရဲ့။ ကိုယ်တို့တွေ သိတ်မဝတ်စားကြလို့ ဟိုတစ်လောကတော့ ဘော့စကတောင် ဆုပူကြိမ် မောင်းနေသေးတယ်။ ကလေးမငယ်ငယ်လေးတွေကဆံပင်ကို ဘယ်လိုလြုပ်လာသလဲ မသိဆူပူနေတယ်။ နင်တို့တွေ လခရနေတာ နဲနဲပါးပါး ပြင်ကြစမ်းပါ ဆိုပြီး။



















အဲဒါနဲ့ဘဲ အခုတစ်လော ဖိနပ်လဲမဝယ်. ပိုက်ဆံအိတ်လဲမဝယ်. အဝတ်အစားလဲမဝယ်ဘဲ ထမင်းနဲ့ဘက်ဂါဘဲစားနေတယ်။ ပန်နိစူလာသွားတယ် မြန်မာတွေ ကိုကြည့်တယ်. မြန်မာစကားနားထောင်တယ်။














ပြည့်စုံသွားသူလား ရောင့်ရဲသွားသူလား. နွမ်းပါးသွားသူလား ကိုယ့်ဘာသာ ကိုယ်စဉ်းစားနေတယ်။ ပြည့်စုံသွားတယ်လို့ထင်တာဘဲ ဝယ်ချင်စိတ်ကိုမရှိတော့တာ. ဈေးတွေကလည်းကြီးတယ်လေ။ ဘာဝတ်ဝတ်မထူးတော့တာကတော့ အဓိကပါဘဲ။ :(

သွေးနုသားနု menopause.

14 August, 2010 - 20:10
ဘာတွေနုသလဲမမေးပါနဲ့. နုလိုက်သမှ နုနုလို့ တောင်နာမည်ပြောင်းချင် သေးတယ်။ဘိုက်မကြီးဘု ဘူး (အဲလေ.ဘိုက်ကြီးဘူးပါတယ် နစ်ပါတ်..) .ဆိုတော့ဘိုက်ကြီးရင်သွေးနုသလားမသိပါ. ဘိုက်ကြီးနစ်ပါတ်ပျက်သွားတုံ့းကတော့ သိတ် မသိသာလိုက်ဘူး အခု menopause မှာတော့သွေးနုလိုက်တာ ဆိုင်မဆိုင်တော့လဲ အမျိုးများကိုမမေးကြည့်ရသေး.

Menopause ဆိုတော့ကိုယ်နဲ့ရွယ်တူသယ်ချင်းများက လက်မခံလိုကြဘူး။

သယ်ချင်း ၁။
ဟယ် နင်ငယ်ငယ်လေးရှိသေးတာ မဖြစ်နိုင်တာလို့ပြောကြတယ်။ အဲဒီကောင်ကလဲ အမြဲလှလှပပ ဝတ်စားလို့ နုပျိုစွာနေတာ ဆိုတော့အဖြစ်မှန်ကိုဘဲ လက်မခံလိုတာလား .ဆေးတွေ ကြိတ်သောက်ပြီး menopause ကို မပေါ့စ် ချင်ယောင် ဆောင်ပြီးယောက်ကျားကိုဘဲလှည့်စားထားသလဲ ညာဏ်ကလဲများတော့ယုံရခက်တယ်။ ကိုယ်နဲ့ သူ့ယောကျာ်းကလဲခင်တယ်ဆိုတော့အတွင်းသတင်းတွေ အပြင်ရောက်စေလိုပုံ မရဘူး။

သယ်ချင်း ၂။
ဟမ် မဟုတ်တာ. နင်ရာသီမလာတာဘယ်လောက်ကြာပလဲ။ဆိုတော့အင်း မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကိုယ်စဉ်းစာား သေချာလဲမမှတ်မိ မလာတာကြာတာတော့ သေချာတယ် ခြောက်လလားရှစ်လလားမသိ .မလာဘူးပြီးတစ် ခေါက်ပြန်လာတယ်။ အခုပျောက်နေပြန်တယ်ဆိုတော့ကာ ဒီမှာမှတ်ထား. Menopause ဆိုတာ ဟိုတုံးကလို တစ်နစ်လောက်မလာတာကို ဆိုလိုတာမဟုတ်ဘူး အခုက နစ်နစ်လောက်မလာတာကိုမှ menopause ခေါ်တယ်လို့ပြော. ဟုတ်ရဲ့လားဟယ်. ငါကြားဘူးတာကတော့ တစ်နစ်လောက်ပါ. နင်တို့လက်ထက်မှဘဲနစ်နစ်ဖြစ်ရတော့တယ်လို့စိတ်ထဲကကျိတ်ပြောမိ.

သယ်ချင်း ၃။
မပြောရက်ပါ.သူ ယောက်ကျာ်းမယူရသေး.

သယ်ချင်း၎။
ဆေးတွေ သောက်နေသည်ဟုဝန်ခံသည်. ယခုအခါ ပိုမိုနုပျို ရာသီလာခါ ယျောာက်ကျားကိုမကြောက်တော့ပါဟု သနားစဖွယ်ဆိုရှာ၏။

သယ်ချင်း ၅။
အချိန်မတန်ခင် menopause သွား၏. ကိုယ်က တိုင်ပင်သောအခါ သူကစောစီးစွာပင် menopauseခဲ့ကြောင်းဝန်ခံ၏..သို့သော်ငြားလည်းသူမ၏ ယောကျာ်းကို အသိမပေးထား ကြောင်း. အသိမပေးရန် ထပ်လောင်းပြောဆို၏. အံသြမိရပြန်သည်။ လှည့် စားသူတွေ များလှချည့်။

ကိုယ်ဘာလုပ်ရမည်နည်း..............

blocked

14 August, 2010 - 07:44
block
Thursday, August 5, 2010
face book မှာ လာ အက်သမျှလက်ခံထားတာ လေးရာကျော်လောက်ရှိပါတယ။် ကိုယ်သွားအက်တာ တော့နည်းပါတယ်။ ကိုယ့်ဓါတ်ပုံမတင်ထားတော့ သွားအက်ရမှာ အန်မတန်မှ အားနာပါ တယ်။ မတရားသလိုခံစားရသလို လက်ခံပါလို့မတောင်းဆိုချင်ပါ။ လက် အက်ရင်တော့ အားရဝမ်းသာ လက်ခံပါတယ်။

ဖဘထဲတော့သိတ်မဝင်ပါဘူးလို့ကိုယ့်ကိုယ်ကိုထင်တာပါဘဲ။ဘလော့ ကော ဖဘကော ဆိုရင် အသက် ထွက်သွားမှာစိုးလို့ပါ. ဒါတောင် အတော်ဝင်တယ်လို့ဆိုကြပါသေးတယ။် တယ်လီဖုံးဘီလ်လိုပေါ့ ကိုယ်က ပြောလိုက်တယ်လို့မထင်မိပါဘူး လကုန်တော့မှ ဘီလ်လက ရာကျော်လာလို့အံ့သြရသလိုဘဲ ။

လာအက်သမျလူကို ဓါတ်ပုံလိုက်မကြည့်ဖြစ်ပါဘူး ရံဖန်ရံခါမှ ဘဲလိုက်ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ရင်တော့လဲ ပေါက်တတ်ကရကွန်မက်လေးတွေ ပေးမိလေ့ရှိပါတယ်။ ကိုယ်သည် အစကတည်းက အတည်ပေါက်နဲ့အန်မတန်နောက်တတ်ပါတယ်။ မထင်ရပါဘူး။ အတည်ရေးတာနည်းပါတယ်။ တည်ရလွန်းလို့ ပေါက်တတ်ကရလုပ်တာပါ။ စိတ်ပြေလက်ပျောက်ပေါ့ နဂုကတည်းကလည်းဘရုတ်ပါ။ အပြင်မှာ ဘရုတ်မလုပ်ရလို့အွန်လိုင်းမှာ ဘရုတ်ကျနေတာမျိုးလဲဖြစ်နိုင်ပါတယ။်

မနေ့ကတော့ တစ်ယောက်ကိုသွားကြည့်မိပါတယ်။ နာမည်ကိုတော့သိနေတာကြာပါပြီ. သွားမကြည့်မိပါဘူး။ အဲ မနေ့ကတော့ကြည့်မိပြီး ထုံးစံအတိုင်းပေါက်တတ်ကရ ရေးမိပါတယ်။ သူကလည်းအွန်လိုင်းရှိနေပါတယ်။ ချက်ခြင်းဘဲအကြောင်းပြန်ပါတယ်။ အဲဒီောတာ့ကိုယ်လဲအားတတ်သရောဖြစ်ပြီး ဆက်ရေးပါတယ။် သူ့ဓါတ်ပုံကို သွားကြည့်ပြီး (အနီးကပ်ကြည့်တာ အတော်ခြောက်ခြားသွားတယ်) လို့ရေးတယ်။ အမှန်က သူ အဲသလလောက်ရုပ်မဆိုးပါဘူုးကိုယ်က တမင်နောက်တာပါ။ ကျန်တာတွေ လဲအားတက်သရောပေါက်တတ်ကရေးမိပါသေးတယ် ခဏနေတော့အဲဒီမက်ဆေ့ခ်ျရပါတယ။်

……
Subject: Just for your informationI just care about what i am doing, but not my personality.
Thanks for co-operating last time, but i dont need you any more for your nonsense comments and i just want to let you know that i block you from my facebook, thx so much.

Best Regards,
………….


မမျှော်လင့်မိဘူး သွေးကြောတွေ ရှိန်းကနည်းဖြစ်သွားအောင်ထူပူသွားမိတယ။် ရှက်တာလား.ဝမ်းနည်းတာလား ဒေါသဖြစ်တာလား ခံစားမှူပေါင်းစုံပါ။

ကိုယ်ရေးတာ သဘောမကျရင်ဖျက်နိုင်ပါတယ်။ အစ်မ အဲသလိုမရေးပါနဲ့ မကြိုက်ဘူးလို့မက်ဆေ့ချပို့နိုင်ပါတယ် အခုက တော့အခုမှ သွားရေးမိပြီး ချက်ခြင်းဘဲ အဲသလုစာပြန်ရတော့အတော်လေးစိတ်မကောင်းဖြစ်ပါတယ်။ ခဥမ ကို လာအက်တဲ့သူဟာ ခဥမ အကြောင်းမသိဘူးလား ခဥမ သည် အာပလာနဲ့ပေါက်တတ်ကရသာရေးတတ်သူဆိုတာ မသိဘူးလား. ဒါမှ မဟုတ် ကိုယ်ဘယ်သူမှန်းမသိဘဲနဲ့ အက်ရပြီးရော လူဦးရေတိုးရော အက်နေတဲ့လူမျိုးလား ကိုယ်တစ်ကယ်မသိပါ. ခင်ပြီးလို့အက်ပြီးကာမှ ကိုယ့်အပြူအမှူကို မုန်းသွားတဲ့သူလား. ဝမ်းနည်းမိပါတယ်။ ကိုယ့်ဘက်ကတော့တစ်ခါမှ မသိတဲ့သူကိုမအက်ပါ. သိပြီးသားလူကိုတောင် အားနာလို့မအက်ပါ။

ဖဘ. ဘလော့ အင်တာနက် ဆိုတာလဲ ဇတ်ခုံတစ်ခုလိုပါဘဲ .ကိုယ်လုပ်သမျှ ကိုယ့်လှုပ်ရှားမှူဆိုသမျှ ကို ကြည့်သောသူမြင်နိုင်ပါတယ်။ စင်မြင့်တစ်ခုလိုပါဘဲ။ ကိုယ်သည် ပိရတ်သတ် တစ်စုံတစ်ယောက်သော် လည်းကောင်းပရိတ်သတ်များသော်လည်းကောင်းရှိနေနိုင်ပါတယ်။ ကြိုက်သူရှိသလို မကြိုက်သလိုရှိနိုင်ပါတယ်။ ချစ်ခင်သူရှိသလိုမုန်းသူလည်းရှိနိုင်ပါတ။် ဝမ်းစမိုးလို့ပြောမဲ့သူရှိသလို. တော်ပါတော့ဗျို့ဆိုပြီး ပြောင်းဖူးရိုးနဲ့ပေါက်သူ လည်းရှိနိုင်ပါတယ်။ ဒါတွေ ကိုခံနိုင်ရည်ရှိဘို့ လိုပါတယ်။ မခံနိုင်ရင်တော့အစကတည်းက မသိတဲ့သူကို မအက်ဘို့မေတ္တာရပ်ခံလိုပါတယ်။ လာအက့်ပြီးသကာလ ကိုယ်ရေးသမျကို like လုပ်ပြီး. ကောင်းပါတယ်ခင်ဗျာ. သိတ်ကော်းပါတယ် အရမ်းကိုမှတ်သားရပါတယ်။ လေ့လာသွားပါတယ်ခင်ဗျာ.နောက်လဲ အမြဲလာပါ့မယ်။ အမြဲလာဖတ်နေပါတယ်ခင်ဗျာ. ကြိုက်လွန်းလို့ လင့်လုပ်ထားပါတယ်ခင်ဗျ ဆိုတာကိုဘဲ မျော်လင့်နေမယ်ဆိုရင်တော့ ခက်တယ်။

ပိရသသိတ်ထဲမှာအတည်ရေးတဲ့သူလဲရှိမယ်။နောက်ရေးတဲ့သူလဲရှိမယ။် ဖဘဆိုတာ စိတ်ပြေလက်ပျောက်ကိုယ့်လိုဝင်ကညော့နေတဲသူလဲရှိမယ်။ စော်ကားတဲ့သူလဲရှိမယ်။ ချစ်ခင်တဲ့သူလဲရှိမယ်။ ကိုယ်လို အမှိုက်တွေဲ ရှိနိုင်ပါတယ် သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်ရင် ဖျက်ပစ်. အမျိုးမျိုးရှိနိုင်ပါတယ။် ဒါတွေကို မခံစားနိုင်ရင်. ဘဲ တစ်ခါတည်းဘလော့လုပ်ပလိုက်တယ်ဆိုတော့ကာ ကိုယ်ဟာ အန်မတန်ဆိုးသွမ်းနေသလားလို့တောင်ကိုယ့်ကိုယ်ကိုထင်မိပါတယ် မနစ်သိမ့်ကြပါန့ အစ်မ မှန်တယ်တို့သူမှားတယ်တို့ အစ်မကိုက ရှည်တာကိုးတို့ .မပြောကြပါနဲ့ဆိုလဲ အစ်မကဘာကိစ္စ ရေးသေးလဲဆိုရင်လဲ ရေးချင်လို့ရေးတယ်လို့ဘဲမှတ်ပါ။

အခုလာအက်သမျှကိုလည်းလက်ခံဆဲပါ။ ဓါတ်ပုံတွေ ကိုလည်းကြုံ..ကြဲုသလိုကြည့်နေဆဲပါ။ စတေတပ်တွေ လဲကြုံ..ကြုံသလိုဖတ်နေဆဲပါ.ဘလော့တွေလဲဖတ်နေတာပါဘဲ ။ဒါပေမဲ့ရေးဘို့ကိုကြောက်နေမိတယ်။ အဆဲခံရမှာမကြေက်ပါဘူး ဆဲတာကို မမှူပါဘူး.ကိုယ်က နောက်ရေးတာကို တစ်ကယ်ကြီးကိုခံစားသွားမှာကို မလိုလားလို့ပါ. ကိုယ်လဲ အတော်ကြီးကိုခံစားသွားရပါတယ်။ ခဥမ အတော်အီသွားခြင်းလို့စဉ်းစားမိတယ်။ အတော်ကြီးကိုငြိမ်သွားမိတယ်။ ဒါ ဘဝမှာ ပထမဆုံး block လုပ်ခံရခြင်းပါဘဲ။ နောင်လဲရှိနိုင်တာဘဲလေ. ဒီအချိုးအတိုင်းရေးနေခဲ့ရင်.။ ရေးခဲ့မိတဲ့တစ်ယောက်ကိုလည်းအခုတောငးပန်ပါတယ်။ block လိုက်လို့တောင်းပန်ခွင့်မရတော့လို့ပါ။ ကိုယ်နောက်တာပါ. အတည်မဟုတ်ပါဘူး ဆိုတာရယ်။ ပေါက်တတ်ကရတွေ ရေးမိတာကိုလည်းတောင်းပန်ပါတယ်။

8 comments:
မောင်မျိုး said...

သူလည်း စိတ်မကြည်တဲ့ အခါနဲ့ တိုးလို့နေမှာပါ ဂျီင်္းတော်အကြောင်း သိတဲ့ ကျနော်တောင် ကော့မန့်ရရင် အဲ့ ငါက စိတ်ညစ်လို့ရေးထားတဲ့ ပို့စ်ပါဆို သူကလာနောက်သွားပြန်ပြီး အဲ့လိုဖြစ်ဖြစ်တတ်တယ် နောက်ဆုံးတော့ ခလေးဆိုးကြီးကို ခွင့်လွှတ်ရစမြဲ ဟဟား ဟုတ်တယ်ဟုတ် ။


ဖတ်သွားတ.်
ကောင်းပါ၏
ကြိုးစားပါအုံး
စာလုံးပေါင်းတွေ မှားနေတယ် မောင်မျိုး
ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပေါ့

ထိုသို့သော ကော့မန့်များအား အလွတ်ရနေပါကြောင်းး)

Anonymous said...

အမပေါက်တတ်ကရရေးတာတွေကကောင်းကောင်းနဲ့ထိထိမိမိရှိလှတယ်.....

kaungkinpyar said...

မမ နောက်တတ်တယ် ဆိုတာ သိပါတယ်...း)

ရေးလို့ ရတဲ့ သူတွေဆီ လာရေးပါ မမ...

Anonymous said...

အော်။ ဂလိုကိုး။ စိတ်အခန့် မသင့်တဲ့ အခါနဲ့ တိုးသွားလို့ နေမှာပါ။ သူကိုယ်တိုင် လည်း အတော်လေး နောက်တတ်ပြောင်တတ်ပါတယ်။ အခုတလောတော့ သူလည်း အတော်လေး ညစ်နေတယ် ထင်ရတယ်။ သူ့စာတွေ ဖတ်ကြည့်ရင် သိသာပါတယ်။

:D

sy said...

စိတ်မညစ်ပါနဲ့ အန်တီခင်ဦးမေရဲ့။
facebook မှာ add လိုက်တော့ kom ကော်မန့်လာရေးတာမှတ်မိသေးတယ်။
ချစ်စရာလေးဘယ်သူလေးလဲတဲ့။
blog ဖတ်နေကျ Blog friend လို့ပြန်ပြောလိုက်တာ မှတ်မိနေသေးတယ်။
နောက်တော့ ဘာမှလာပြန်မဖြေလို့တွေးနေသေးတာ။
sy လဲ ဓာတ်ပုံမတင်တဲ့လူဆိုလက်မခံဖြစ်ဘူး။ အမကိုတော့ တမင်ကို invite လုပ်တာ။ blog reader သက်သက်ဆိုတော့ အမ မသိနိုင်ဘူးဆိုတာ သိသိနဲ့ invite လုပ်ခဲ့တာ။
တခါတခါ ကိုညီလင်းဆက် ဓာတ်ပုံတွေအောက်မှာ အမ comment လာပေးထားတာတွေလိုက်ဖတ်ရင်း ရီ၇သေးတယ်။ အပေါ်က anynomous comment လိုပဲ အမခုတလောစိတ်ညစ် နေတယ်ထင်တယ်။ စာတွေကြည့်ရုံနဲ့သိတယ်။
ဘာဖြစ်ဖြစ် စိတ်ထဲမထားနေနဲ့။ ပျော်ပျော်နေပါအမရယ်။

sy
sy

sy said...

စိတ်မညစ်ပါနဲ့ အန်တီခင်ဦးမေရဲ့။
facebook မှာ add လိုက်တော့ kom ကော်မန့်လာရေးတာမှတ်မိသေးတယ်။
ချစ်စရာလေးဘယ်သူလေးလဲတဲ့။
blog ဖတ်နေကျ Blog friend လို့ပြန်ပြောလိုက်တာ မှတ်မိနေသေးတယ်။
နောက်တော့ ဘာမှလာပြန်မဖြေလို့တွေးနေသေးတာ။
sy လဲ ဓာတ်ပုံမတင်တဲ့လူဆိုလက်မခံဖြစ်ဘူး။ အမကိုတော့ တမင်ကို invite လုပ်တာ။ blog reader သက်သက်ဆိုတော့ အမ မသိနိုင်ဘူးဆိုတာ သိသိနဲ့ invite လုပ်ခဲ့တာ။
တခါတခါ ကိုညီလင်းဆက် ဓာတ်ပုံတွေအောက်မှာ အမ comment လာပေးထားတာတွေလိုက်ဖတ်ရင်း ရီ၇သေးတယ်။ အပေါ်က anynomous comment လိုပဲ အမခုတလောစိတ်ညစ် နေတယ်ထင်တယ်။ စာတွေကြည့်ရုံနဲ့သိတယ်။
ဘာဖြစ်ဖြစ် စိတ်ထဲမထားနေနဲ့။ ပျော်ပျော်နေပါအမရယ်။

sy
sy

Mon Petit Avatar said...

May be he is out of humor due to stress. I believe he now know your actual sentiment and the reason why you gave those comments, Ma Ma KOM.

sy said...

အဲ့ နှစ်ခါ ထပ်သွားပီ ဖျက်လိုက်အုံး။
ဟီး ဒီကော်မန့်နဲ့ဆို ၃ခါရှိပီ။ :P
sy

Post a Comment


မှတ်ချက်
စိတ်မခိုင်လို့ပြန်သိမ်းထားတာ ကို ပြန် publish လုပ်လိုက်တယ်။ အခုတစ်လောဖဘ မှာဝင်ရေးနေမိပြန်ပြီ. ကွန်မက်တွေလဲပေးနေမိပြန်ပြီ. ထပ်ပြီးဘလော့ အလုပ်ခံရမှာလည်းကြောက်မိနေပါသေးတယ်။ လန့်လန့်ဖြန့်ဖြန့်နဲ့ဘဲရေးနေရတာ ရေြး့ပီးခဏ..ခဏစောင့်ကြည့်ရသေးတယ် ငါ့များ block ဘယ်သူများထပ်လုပ်ဦးမလဲလို့ ဘဝကြီးဆိုးပါတယ်။ အော် ဒုက္ဖ ဒုက္ဖ.

မရှိမဖြစ်ငွေ

12 August, 2010 - 18:47









သူ့ဖုံး+အင်တာနက်= 100
ကိုယ့်ဖုံး =လိုင်း တစ်.80+ လိုင်း နစ်. 120
အိမ်ဖုံးလိုင်းကြေး+ local call = 30
ရေဖိုးမီးဖိုး- utilities save =15
စုစုပေါင်း 345 စလုံး

pS
ohhh.. 1818 ဘိုး.မပါသေး
............................................................................................................................................


မှတ်ချက်.(အသစ်ထပ်ထည့်သည်)
ရေဖိုးမီးဖိုးက အစိုးရက 3 room flat တို့အိမ်အတွက် ဒီလ စလုံး 70
လျော့ပေးတယ် ဒါကြောင့် သက်သာထာ. အမှန်က စလုံး ၈၅ ကျပ်ကျတာ
updated on : 3:30 pm 14/08/2010
updated again : 00:30 am 15/08/2010

အတွေးများနဲ့ငါ.(၂)

11 August, 2010 - 06:25
ဒီနေ့အလုပ်မသွားဘူး ပျော်လိုက်တာ ညကတည်းကပျော်တယ်။ သိတ်ပျော်တာဘဲလို့ငါးခါပြောမိတယ်။ အီးမေလ်တွေကလစ်တယ်။ များလိုက်တဲ့ အီးမေလ်. . ဝင်တာများတာမဟုတ်ပါဘူး ကိုယ့်ဘာသာဖွင့်ထားတဲ့အီးမေလ်တွေ.. သူများဝင်ဟက်ခမှာစိုးလို့လဲပေါက်တတ်ကရပစဝတွေ ပေးထားတာ ကိုယ့်ဘာသာကိုယ်တောင် မျက်စိမှိတ်ပြီး စဉ်းစားရတယ။် ငါဘာများပေးထားမိပါလိမ့်ဆိုပြီး. ချမ်းသာတာဆိုလို့မေလ်းတွေ ဘဲရှိတယ်။ ၈ျီမေလ်က နစ်ခု. ယာဟူးက နစ်ခု အဓိကရှိတယ်။ အဲ ဖဘ က နစ်ခု.ဟင်း. ဒါပေမဲ့မေလ်းက ခဥမဘဲ တစ်ချိန်လုံးဖွင့်ထားတာ ဆိုတော့အခုလိုအားမှဘဲ ကျန်တာတွေ ကိုလိုက်ကလစ်လုပ်နိုင်တယ်။

နောက်အီးမေလ်တစ်ခုမှာဝင်နေတဲ့ ဂျက်စတားဖတ်ရတာ အန်မတန်မှာ excited ဖြစ်တယ်။ ၄၈ နာရီဘဲကျန်တော့တယ်တဲ့ နာရီကိုကမန်းကတန်းကြည့်လိုက်တယ် Sale ends 11 August 2010 (23:59), ဆိုတော့မှ သက်ပြင်းချနိုင်တယ်။ မှီသေးတယ် ဆက်ဖတ်ကြစို့.

























မြင်တဲ့အတိုင်းဘဲ စိတ်ဝင်စားစရာကောင်းနေတယ။် သွားချင်တာတော့အများကြီးသွားချငတ်ာဘဲး.စိတ်ဝင်စားတဲ့ရန်ကုန်ကိုကြည့်လိုက်တယ်။ ၁၅၈ ကျပ်ဆိုဘဲ မဆိုးဘဲ. ကလစ်လိုက်တယ်။ ရက်တစ်ရက်ကိုစိတ်ကူးယဉ်ပြီးရွေးလိုက်တယ်။ ဒါတောင်စဉ်းစားလိုကရသေးတယ် ဘယ်နေ့သွားရကောင်းမလဲဆိုပြီး.ဟင်းပြီးတော့မှ ဒါစိတ်ကူးယဉ်နေတာဘဲ.နံကြားထောက်လိုက်တယ်။






















ဟင်. အသွားအပြန် ကို စလုံး 270 ဖြစ်သွာြးီ့ပီ. ဒီက အသွားအပြန်ကို 158 လို့ထင်လို့. ဟင်း.
အခုလောလောဆယ်.ဝယ်ရင်. စလုံး၃၀၀ နဲ့ရောင်းနေတဲ့ လက်မှတ်တွေ ရှိတယ်။ နစ်ပါတ်လက်မှတ်.။ ကဲ ရှိပါစေတော့ နီးမှ ဘဲ စလုံး ၄၅၀ နဲ့ဘဲဝယ်ပါတော့မယ်။ ဘဝဆိုတာ ရှေ့ကို သိတ်မြင်ရတာမဟုတ်ဘူး .


ရှုခင်းတွေ ကိုကြိုက်တယ်. .မြင်ရတာ ကြည်နူးတယ်။ beach မသွားနိုင်တော့လဲ ဒီလိုဘဲကြံဖန်ကြည်နူးရတာဘဲ။

























ပိန်းဥမုန့်ဝယ်စားတယ် . Thai food ဆိုတဲ့ဆိုင်က.. ပိန်းဥနဲ့လုပ်ထားပြီး ဝက်သားဖတ်ကလေးတွေ ပါတယ်.သူငယ်ချင်းတစ်ယောက်ကကောင်းတယ်ဆိုပြီးဝယ်တာနဲ့လိုက်ဝယ်တာ. နင်ဝယ်ရင်ငါလဲလိုက်ဝယ်မယ်လို့ပြောတာ. ကိုယ်တွေ အချင်းချင်းမြန်မာလိုပြောကြတော့ အစ်မတို့က မြန်မာတွေလားတဲ့ရောင်းတဲ့ကောင်လေးက မေးတယ်။ အံသြသွားမိပြန်ရော. မအံသြပါနဲ့လေ. လို့ကိုယ့်ကိုယ်ကိုပြန်ပြောရတယ် အဲဒါနဲ့ ဈေးလျော့ပေးလိုကတယ။်






















လဘက်ရည်သောက်တယ်။ ဟိုင်းတီပေါ့ မြန်မာတီးသောက်တယ်။ ရန်ကုန်ရောက်ရင် နိုင်ငဲခြားကို တမ်းတသလို နိုင်ငဲခြားရောက်ရင် မြန်မာပြည်ကိုတမ်းတယ်။ ဘုရားပန်းထိုးရင် သပြေပန်းထိုးတယ်။ ကိုယ့်လိုလူတွေ အများကြီးရှိမှာပါ. အဲဒါဆိုလဲပြန်ပါဆိုလားဆိုရင်တော့လဲအင်း..အဲနဲ့ မပြန်ဖြစ်သေးဘူး။





















ပိန်းဥမုန့်စားရာကနေ ပေါင်မုန့်မီးကင်စားချင်လာပြန်တာနဲ့ မီးကင်နစ်ချပ် ထောပတ်. စတော်ဘယ်ရီသုတ်စားတယ်။ ပြီးတော့ အအေးသောက်ချင်လာပြနတာနဲ့ကိုကာကိုလာနဲ့ ပိန်းဥ ဆက်စားတ
ယ်။



































စားပွဲကတော့ဘယ်တော့မှ မရှင်းဘူးဖြစ်သလိုဘဲ အားလဲနာပါတယ် . ။ စားပွဲကောင်းကောင်းဝယ်ခိုင်းဦးမှ ဆိုလို့လဲမဖြစ်ဘူး. ကိုယ့်အကြောင်းကိုယ်သိတယ် ဟော်တယ်သွားတည်းရင် ဝင်လိုက်တဲ့ ဟော်တယ်က သန့်သန့်ရှင်းရှင်းလှလှပပ. ကိုယ်ဝင်ြပီး ငါးနာရီကြာပြီးရင် အမှိုက်ပုံဖြစ်သွားပြီ. ဒါဟာလဲ စိတ်ပျက်စရာတစ်မျိုးဘဲတ.ချို့မိန်းကလေးများသိတ်တော်တယ်. အိမ်ကလေးက သန့်ရှင်းနေရုံမက resort ရောက်သွားသလားလို့အောင်ထင်ရတဲ့မိန်းကလေးများလည်းရှိတယ်။ ချမ်းသာတာ ဆင်းရဲတာနဲ့မဆိုင်ပါဘူး. အမျိုးမျိုးဘဲ လူ့ကံဝကံပေါ့. ကိုမဆလာကံဘဲ။


မှတ်ချက်
ခင်မှားပါတယ်မောင်.

peninsula

9 August, 2010 - 18:23
ကြော်ငြာ























ငှက်ပျော်အူရသလားဆိုသူ အဝေးတစ်နေရာမှ ကိုမောင်ဝေးအတွက်..



















တမာရွက်. တထုတ်တစ်ကျပ်.ဝယ်ထားပြီးမစားဖြစ်သေးပါ. စိတ်ကျေနပ်ရုံဝယ်ထားခြင်းဖြစ်သည်.



















မက်ဒေါနယ်ကတော့စားဖြစ်တယ် ပြားငါးဆယ်ထပ်ထည့်ပြီးတော့ တော့ပက်အပ် လုပ်စားသည်
























မီးတွေထွန်းထားတဲ့ sky park ကို အဝေးကြီးမှ လှမ်းရိုက်သည်။
























အဲဒါ စလုံးက .


















ရန်ကုန်မှ စလုံးသို့ပို့. ထားတာကိုဝယ်သောက်သည်။ ဈေးမသိပါ. အားဆေး ဆူပရာဒင်လဲဝယ်သောက်သည် .စလုံး ၃၀ ကျပ်. အားကုန်နေသောကြောင့်ဖြစ်သည်။

















မှတ်ချက်
ပုံများကြည့်ပြီးဘာဘာညာညာမပြောရ.

shopping of the day

8 August, 2010 - 18:38


















ရက်ကလေးအားတော့စိတ်ကလေးရွင်နေတော့ ရှော့ပင်းဘဲခြေဦးလှည့်တယ်။ မဝယ်တာကြာပါပြီ။ ကိုမဆလာက တွမ်ခရုစတိုင်နဲ့အိတ်တစ်လု့းနဲ့ဘဲ ရန်ကုန်ပြန်နေတော့ထည့်ခွင့်မရဘူး ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင် MAI ကအသွားကို ကီလိုလေးဆယ်ပေးတယ်။အ ပြန်ကတော့သုံးဆယ်ဘဲ။ အဲဒါကို တွမ်ခရုလုပ်ပြီးသွားတယ်.


















အမျိုးတွေ အတွက်ဝယ်ထားတာတွေ များကြီး. .တမင် lesson ပေးနေသလား မှတ်ရတယ်။ ယောကျာ်းတို့မာယာ။ မသယ်ပေးတော့မဝယ်ရတော့ဘူးပေါ့ မဝယ်ရတော့ ဘာဖြစ်သလဲ. .သူပိုက်ဆံကုန်တာ သက်သာတာပေါ့။ ရှင်းတယ်နော်။




















မှတ်ချက်
နောက်ခံလေးလှလိုက်တာလို့မထင်ဘူးလား. စားပွဲမရှိလို့ရှိတဲ့ပေါ်တင်ရိုက်ထားတာ။ စလုံးကလူတွေ မဆင်းရဲပါဘူး တို့တွေ ဘဲ။





C for camera.1

7 August, 2010 - 09:02
ပြီးခဲ့တဲ့စနေက ညနေ အဲဒီအချိန်မှာ မျိုးက Raffles place ကနေ ကောင်းကင် ကို သူရဲ့ sony 12/1 နဲ့ရျိုက်တယ်။ အဲဒီ လေထီးနဲ့ဆင်းလာတဲ့ပုံတွေ က မျိုးရိုက်တာ။ zoom တော့ နဲနဲဆွဲရတယ်ပြောတယ်။


































































နောက် ဆုံးနစ်ပုံ့က ကိုယ်က ပင်နီဇူလာ ဖက်ကနေ samasung 5 meg ကင်မရာဖုံးနဲ့ရိုက်တယ်။ အပေါ်ကိုဘဲ မဲပြီး ရိုက်နေကြတယ်။


































မတော် အချင်းချင်းဝင်တိုက်မိကြတော့မယ်။ ဘလော့ဂါတွေ ရဲ့ဒုက္ခပေါ့။ သူလဲ ကိုယ်တို့နဲ့ပေါင်းပြီး. ဟိုရိုက်ဒီရိုက်ဖြစ်နေပြီ။ ဖြည်း ဖြည်း.. ခလုပ်တိုက်မယ် အမိ.

မှတ်ချက်
တို့လဲ အပိုင်းခွဲတတ်ပါတယ် ဟင်းဟင်း.

ဂန္တဝင်အိုး.

5 August, 2010 - 17:26














ဝက်သားစင်းကော နစ်ကျပ်ခွဲဘိုး အန်တီယုဆီကဝယ်လာပြီး. အလုံးကြော်.ပြီးတာ့ ဆယ်.. ဖယ်ထား. …………ကြက်သွန်နီဖြူရောကြော်ဆီသတ်. ခရမ်းချဥင်္သီးထည့်. ပြီးတော့ဝက်သားလုံးကြော်ထည့်။ အဖုံးအုပ်စရာမရှိလို့တွေ့တာနဲ့ကောက်အုပ်။ အဲဒါဘဲ.။။ အိုးကို မပြီးဖွင့်ကြည့်လိုက်တယ် ဆိုပြီးမြင်ယောင်ကြည့်လိုက်။ သုံးရက်စားတယ်။

Yangon 11

4 August, 2010 - 18:37



























ဟာ..ငါ ...ရန်ကုန် 11 ဘဲရှိသေးတယ်။
.
မြို့ထဲလမ်းတစ်လမ်းကဆိုင်ဘဲ.လမ်းဘေးမှာထိုင်ရတယ်။ ခင်မောင်သိန်းထွန်းဝင်းနဲ့သွားသောက်တာ။ ည ၁၁ နာရီလောက်မှာသွားထိုင်တာ ဖွင့်သေးတယ်။ ဈေးလဲမေ့သွားပြီ။ တစ်ထောင်ဝန်းကျင်ထင်တယ် တစ်ခွက်ကို. ဖာလူဒါက ရိုးရိုးဖာလူဒါမရှိဘူး သီးစုံဖာလူဒါတို့ ဘာတို့ညာတို့ဖာလူဒါဘဲရှိတယ်။ အဲဒါနဲ့သီးစုံ မှာတာ အသီးတွေဘဲစားခဲ့ရတယ်။ ဖာလူဒါအရသာပျောက်နေတယ်။

မှတ်ချက်
ဖြစ်ညှစ်ရေးလိုက်တယ်။ဟုတ်တယ် စိတ်ညစ်နေတယ်။