You are here

Categorize

Myanmar Notes 2012 ( သစ်သီးဝလံ ပန်းမာန်)

Tue, 05/15/2012 - 05:02
ကဲဒီတခါတော့ အစားအသောက် တခန်းရပ်လို့  ပန်းတွေ အသီးတွေ တင်လိုက်အုံးမယ် နှင်းဆီတွေ  ဘုရားတင်ဖို့ ခူးထားတာ  လှတယ်နော် နှင်းဆီအဖြူသိပ်လည်းမွှေးတယ် ( ဒီက နှင်းဆီတွေလို အနံ့ မရှိ အရုပ်လိုမဟုတ်ဘူး )ဒါက စံပါယ် .. ဒါမနက်အစော မခူးခင်လေး ဘာအမျိုးလည်းတော့ မသိဘူး နွယ်လို ရှည်ထွက်ပြီး ခြုံလိုက်ပေါက်တာ အနီးကပ်ရိုက်တာ သိပ်လှလှ မရဘူးဖြစ်သွားတယ် လေတိုက်တော့ မငြိမ်ဘူးကိုး နေထွက်လာပြီ ပူတော့မယ် .. မနက်အစောရေလောင်းပေးထားရတယ် ဒါမှ တနေ့ လုံးအပူဒဏ်ကို ခံနိုင်အောင်ပရစ်ဖူးလေး  ဒါဘာပန်းလည်း မသိဘူး .. အိမ်မှာ ပွင့်နေတာ ဘုရားလည်းမတင်ဖြစ်ဘူး   ည ၉နာရီ လောက်ဆို စံပယ်တွေက ပွင့်ပြီ ညဘက်တွေ ခြံထဲမှာ ကြိမ်ကုလားထိုင်ကိုယ်စီနဲ့ ထိုင်ပြီး ပန်းနံ့ လေးတွေ ရှုရှိုက်လို့ .. စကားပြောရတဲ့ အရသာကို တကယ်ပဲ လွမ်းမိပါရဲ့ ။အင်ကြင်း ( ဘုရားမှာတွေ့ လို့ ရိုက်လာတာ )အမည်မသိသော အိမ်ကပန်း ပြန်တဲ့ အထိပွင့်တာမတွေ့ လိုက်ရတဲ့ ပိတောက် သူများအပင်တွေတော့ ပွင့်တယ်တဲ့ ဟွင့် သင်္ဘောသီး (မှည့်နေပြီ)သရက်သီး ( ရင်ကွဲမျိုး သေးသေးတယ် )   မြကျောက်လို့ ထင်တာပဲ   ဒူးရင်းသီး ( မကြိုက် ) ရင်ကွဲ ( အမှည့်)
Categories: Feature Blogs

Myanmar Notes 2012 ( အစားအစာများ ၂ )

Mon, 05/07/2012 - 21:59
ဒီတယောက်တော့ အစားအစာတွေချည့် တင်နေတယ်ဆို ဆဲကြတော့မယ် ဟီး။ဒါတွေကတော့ စားဖြစ်ခဲ့တဲ့ မြန်မာ ထမင်းဟင်းတွေပါ။ ရေချိုပုစွန်ထုပ် ကြိုက်လှတယ်လည်းမဟုတ်ဘူး မစားဖြစ်တာကြာလို့ စားတဲ့သဘောပါ။ဒါတွေကမှ အကြိုက် ၊အတို့ အမြှပ်တွေ ကတက်ချဉ်၊ ဥသျှစ်ရွက် (စာလုံးပေါင်း မသိ )၊ ရှောက်ရွက်၊ သရက်သီးစိမ်း၊ ဟင်းကလာချဉ်ဒါက ခိုင်ခိုင်ကျော်က ငါးပိ အတို့ ၊ တချို့ ပြုတ်ထားတဲ့အရွက်တွေ နာမည်မသိဘူးသခွပ်ပွင့်တဲ့ ပြုတ်တို့ ရတာတဲ့ ၊ တခါမှမစားဖူးဘူး ပထမဆုံးပဲ ( ခါးသက်သက် အရသာရှိတယ် )မန်ကျည်းရွက်သုပ် ( ခုတခေါက်ပြန်တော့ မန်ကျည်းရွက်နုတွေ သိပ်ပေါနေတယ်  တရက်ခြားတခါသုပ်စားဖြစ်တယ် )အဒေါ်ကြီး လက်ရာ ဖရုံသီး ပဲသီးစိမ်း ပဲရွက် ပုစွန်ပိစိကွေး  ပင်စိမ်းအုပ်ဟင်း ( ဖယုံသီးမုန်းတဲ့ ကျနော်တောင် ၂ခွက်သောက်ဖြစ်တယ် )ခြံထဲက ပိန္နဲသီး ရခိုင်ချက်  ( စပ်လန်ထွက် )ငါးမွေထိုး ဘဲဥ ကုလားဟင်း(  ကောင်းမှ ကောင်း )အတို့ အမြှုပ် again :Pငါးနီတူသုပ် ..ငါးရံ့ စပါးလင်ဟင်းင ငါးပုဏား ကြော်လို့ စား .. :P
Categories: Feature Blogs

Myanmar notes 2012 ( အစားအစာများ ၁ )

Mon, 05/07/2012 - 03:55
၂၀၁၂ ရန်ကုန်ပြန် နုတ်စ်ပထမဆုံးအနေနဲ့ အစားအစာများထဲက စားဖြစ်ခဲ့တဲ့ ( ဒါ့ပုံလည်းရိုက်ဖြစ်ခဲ့တဲ့ ) မနက်စာ တွေ စတင်လိုက်ပါတယ်။ တချို့ ကိုလည်း ဟိုကနေ စားနေတုန်း ဖဘမှာ real time  တင်ပြီးပါပြီ :P။ ဒါပေမယ့် ဖဘက သူငယ်ချင်းစာရင်းထဲမရှိသးတွေ ၊ ဖဘမသုံးသူတွေ ( ကမောင်ဝေးတို့ လို ) အတွက် ဘလော့မှာပဲတင်ပေးလိုက်ပါတယ်။သွားရည်ကြကျကုန်။ ပဲပြုတ် ဆီဆမ်း ကောက်ညှင်းအဖြူ+ အချိတ်ပေါင်း + နှမ်းထောင်း + ငါးရံ့ ခြောက်ဖုတ်ပဲကောက်ညှင်းပေါင်း + ဆတ်သားခြောက် မီးကင် မုန့် ဟင်းခါး ( ဈေးထဲက) မုန့် ဟင်းခါး ( မြောင်းမြ ဒေါ်ချို ) မုန့် ဟင်းခါး ( ရန်ကုန် ဗစ်ဗစ် ) ကိုယ်တိုင်ချက် :P အုန်းနို့ ခေါက်ဆွဲ + ပဲသွေး ( ရန်ကုန် ဗစ်ဗစ် ) ကိုယ်တိုင်ချက် :Pစားလို့ ကောင်းလွန်း လို့  စားရင်းနဲ့ အမေတို့ တွေ သွေးချဆေးသောက်ယူရတယ် ဟီး။
Categories: Feature Blogs