ကဗျာ ၊ သုတ ၊ ရသ ၊ ထူးဆန်းထွေလာ ၊ ရင်သို့ထိသောစာများ ၊ ဆေးပညာဆိုင်ရာ
Updated: 2 hours 32 min ago
Wed, 05/22/2013 - 01:46
စိုးကြီး .. သို့ .. ပေးစာ (၁)စိုးကြီးအရှေ့မှာ အညှီတစ်သိုက်ဖြတ်သွားတယ်အနောက်မှာ မြွေဟောက်တွေလိုက်သွားတယ် ယုန်မလေးဟာ ကျားမကြီးဖြစ်သွားပြီ ရောက်နေတဲ့အရပ်ကနေ မင်းဆက်သွားပါငါ့စာကို မြင်ရင်မင်းအကြောင်းပြန်ပါ စိုးကြီး ဒီနေ့ခေတ်နဲ့ မနေ့ခေတ်နဲ့မတူတော့ဘူးမင်းတို့ငါတို့လွတ်လပ်ရေးရပြီးကြပြီမင်းတို့ငါတို့ စိတ်တွေသာ မလွတ်လပ်သေးကြတာ ကျိန်စာမိနေတဲ့ ကျမ်းပုရပိုဒ်ကို ငါတို့အတူရွတ်ဆိုခဲ့ကြအခုထိတော့ စစ်ပွဲတွေက မသေကြသေးဘူး( ၂) စိုးကြီး ဦးသိန်းစိန်ကိုဘပြောင်လို့ခေါ်တာသူစိတ်မဆိုးဘူးဒေါ်စုကို သမ္မတမဖြစ်ထိုက်ဘူးလို့ပြောတာ သူစိတ်မဆိုးဘူးလော်ဘီတွေတော်ကီတွေငါမသိဘူး သူငယ်ချင်းမင်းတို့ငါတို့ဟာ အသားထဲကလောက်တွေမဖြစ်လို့မင်းတို့ငါတို့ဟာ ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်းသိဖို့ မင်းတို့ငါတို့မျက်နှာတွေပေါ်က မျက်နှာဖုံးတွေ ချွတ်ထားလိုက်ကြ ။ စိုးကြီး လစ်ဘရယ်ဆိုတာ မင်းသိလားဆိုရှယ်လစ်ဆိုတာမင်းသိလားဒီမိုကရေစီဆိုတာမင်းသိလားအကြမ်းဖက်တယ်ဆိုတာမင်းသိလားငှက်ပျောဖက်နဲ့တစ်နေ့ထမင်းတစ်နပ်ပဲစားရတယ်ဆိုတာမင်းသိလားငှက်ဖျားမိလို့ သေသွားတဲ့ စစ်သားတွေမင်းသိလားမိုင်းနင်းမိလို့ခြေတစ်ဖက်ပျက်သွားတဲ့လူတွေမင်းသိလားသီတာထွေးကိုမင်းသိလားမင်းဟာ တကယ်တော့ ဘုတ်အုပ်ကြီးပဲစိုးကြီးအဲဒါမင်းတို့ငါတို့လို လူတွေ ပဲ လူတွေ ။ (၃ ) စိုးကြီး နိုင်ငံခြားက ဒေါ်လာတွေက အပျိုရည်ကို ၀ယ်ယူလို့ရသလားကွ နိုင်ငံခြားကဒေါ်လာတွေက ဂုဏ်သိက္ခာကို ၀ယ်ယူလို့ရသလားကွနိုင်ငံခြားက ဒေါ်လာတွေက မျက်နှာဖုံးတွေ ၀ယ်ယူလို့ရသလားကွ တို့ဟာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်တို့ဟာ ဆင်ကန်းတောတိုး တဇောက်ကန်းကောင်တွေ ငါတို့ပြည်ပျက်တော့မယ်ပြောတဲ့ ပါးစပ်တွေလိုက်ပိတ်ကွာ စိုးကြီး ခြဆိုတာ စားလို့ရသမျှ အကုန်စားတယ်စိုးကြီးစရိုက်ဆိုတာ ခံယူချက်သဘောထားပေါ်မူတည်တယ်စိုးကြီးမင်းတို့ငါတို့ အရူးလုပ်ခံရတဲ့ သိန်း လေးဆယ်တန်တွေအခု ထောင့်ငါးရာဖြစ်သွားပြီစိုးကြီး မင်းတို့ငါတို့ ပိတ်ပင်ခံထားရတဲ့ဘလော့စပေါ့တွေအခု ပွင့်သွားပြီ စိုးကြီး မင်းတို့ငါတို့ ကျယ်ကျယ်လောင်လောင် မအော်ရဲတဲ့ ဗိုလ်ချုပ်နာမည်အခု ဂျာနယ်မျက်နှာဖုံးတွေမှာပါလာပြီစိုးကြီးစစ်မရောက်ခင်မြှားမကုန်ချင်စမ်းပါနဲ့ ငါတို့ဟာ သူခိုးပြေးမှ ထိုးကွင်းပြတဲ့ကောင်တွေမဟုတ်ဘူး ( ၄ ) စိုးကြီးရေကြည်ရာမြက်နုရာဆိုတဲ့စကားကို ငါအသည်းနာတယ် မင်းတို့ငါတို့ တိုင်းပြည်မှာ မီးအချိန်ပြည့်မလာဘူး ( မှန်တယ် ) မင်းတို့ ငါတို့တိုင်းပြည်မှာ မိုးပျံတံတားကြီးတွေမရှိဘူး (မှန်တယ် )မင်တို့ငါတို့တိုင်းပြည်မှာ မိုးနည်းနည်းရွာတာနဲ့ရေတွေဝပ်တယ် ( မှန်တယ် ) မင်းတို့ငါတို့တိုင်းပြည်မှာ တယ်လီဖုန်းပြောဆိုခတွေဈေးကြီးတယ် ( မှန်တယ် ) စဉ်းစားကြည့်စိုးကြီး မြန်မာပြည်မှာ ရွှေတိဂုံဘုရားကြီးရှိတယ်မြန်မာပြည်မှာ အင်းလေးကန်ရှိတယ်မြန်မာပြည်မှာ ဦးပိန်တံတားရှိတယ်မြန်မာပြည်မှာ အထင်ကရအဆောက်အအုံတွေရှိတယ်မြန်မာပြည်မှာ ရိုးသားတဲ့ အပြုံးတွေရှိတယ်ရေကြည်မှ မြက်နုတာမဟုတ်ပါဘူးကိုယ်ထင်ရင်ကုတင်ရွှေနန်းကြီးပဲ စိုးကြီး ( ၅ ) စိုးကြီး အခုတလော ဆန္ဒတွေခဏခဏပြတယ် အခုတလော မိုးတွေခဏခဏရွာတယ်အဇ္ဈတ္တနဲ့ မာနတို့မျဉ်းပြိုင်ထဲစတေးခံလူသားတွေကို မြင်မိရဲ့လားစိုးကြီး သမ္မတ ခေါင်းထဲမှာ ဘာတွေးနေလဲ မင်းမြင်လားဒေါ်စုခေါင်းထဲမှာ ဘာတွေမြင်နေလဲမင်းတွေးမိလားငါတို့ . . ငါတို့တွေ ဘာဆက်ဖြစ်ကြမလဲ မင်းသိလားမိုးရွာနေပြီစိုးကြီးခေါင်မလုံရင်တော့ ငါတို့တစ်အိမ်လုံးစိုမယ် ယိုင်နဲ့နဲ့အိမ်ကလေးတော့လေပြင်းတွေကြောင့်မပျက်စီးစေချင်ဘူး ကွာ ( သက်တန့်ချို ) စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Sat, 05/18/2013 - 02:10
တစ်ခါတုန်းက တောအုပ်လေးတစ်အုပ်တွင် မျောက်လေးတစ်ကောင်နေထိုင်သည် ။ ထိုမျောက်လေးသည် စိတ်လည်းအလွန်တိုတက်ကာ ဘယ်အရာကိုမှ ရှည်ရှည်မတွေးတတ်ပဲ ပြီးစလွယ်နေထိုင်သည် ။တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်နှင့်ရောက်ရှိလာပြီးလယ်သမားတစ်ဦး၏ ခြံနားသို့ချဉ်းကပ်လာမိသည် ။ မျောက်ကားဤသို့စဉ်းစား၏ ။“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရင်တော့ လယ်သမားမသိတန်ရာဘူး ” ဆိုပြီး လယ်သမားအိမ်နားကိုချဉ်းကပ်သွားတော့တယ် ။ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ ပဲစေ့တွေကို တစ်ခုခုနဲ့ထည့်ယူဖို့မစဉ်းစားပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူလာခဲ့တဲ့အတွက် နည်းနည်းပဲယူလာနိုင်ခဲ့တယ် ။ ဒီလိုနဲ့ပြန်လာတဲ့လမ်းတလျောက်မှာ ပြေးရင်းလွှားရင်းနဲ့လက်ကြားထဲကပဲစေ့တစ်စေ့ကထွက်ကျသွားခဲ့တယ် ။ဒီတော့ မျောက်ဟာ အဲဒီထွက်ကျသွားတဲ့ ပဲစေ့တစ်စေ့ကိုလိုက်ကောက်ဖို့ကြိုးစားတဲ့အခါ လက်ထဲကပဲစေ့ အစေ့ ၂၀ လောက်ထွက်ကျသွားပြန်တယ် ။ ဒီလိုနဲ့ကျသွားတဲ့ပဲစေ့တွေလိုက်ကောက်ဖို့ကြိုးစားလိုက်လက်ထဲကဆုပ်ထားတဲ့ပဲစေ့တွေထွက်ကျလိုက်နဲ့ ချာချာလည်နေပြီးနောက်ဆုံးမှာတော့ မျောက်ဟာ စိတ်တိုပြီးလက်ထဲရှိသမျှ ပဲစေ့တွေအကုန်ပစ်ချပြီး လက်ဗလာနဲ့ပဲ တောထဲပြန်ဝင်သွားခဲ့ပါတော့တယ် ။==========================ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို အသုံးမချပဲ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက် နှမျောတသ လိုက်လံဆယ်ယူနေတုန်းလက်ရှိအခွင့်အရေးတွေပါ ထပ်မံဆုံးရှုံးရတတ်ပါတယ် ။လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမှာပါပဲအကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထားလို့မရနိုင်ပါဘူး အချို့သောအရာတွေလွတ်ကျပါစေ . . .ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တဲ့အရာတွေကိုတော့ လွတ်ကျသွားတဲ့တချို့သောအရာတွေအတွက် ထပ်မံအဆုံးရှုံးမခံပါနဲ့ ။သက်တန့်ချိုA monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။ စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Sat, 05/18/2013 - 02:05
မထူးဆန်းတဲ့ ပန်းချီ နှုတ်ခမ်းပါးကိုစပြီးအဓိပ္ပါယ်ဖွင့်ကြည့်တယ် ထွက်ကျလာတဲ့နှောင်ကြိုးတွေက အဖြူရောင်မှဟုတ်ရဲ့လား ရမ္မက်တစ်ခုနဲ့အာသီသဟာလေးညှို့ကိုင်းမှာတွယ်ချိတ်လို့ အနောက်တောင်မှာ မိုးတောင်စွေနေပါရော့လား ... ။ အနီရောင်ဖဲကြိုးက သိပ်သည်းမဲမှောင်လွန်းတယ် ကာဖီရေတွေအေးစက်ပျံ့ကျဲ ငါ့အခန်းငယ်မှာ ပေါ့ထရိတ်ပန်းချီတွေ အကြောင်းပြချက်တော့ရှိပါလိမ့်မယ် ဘယ်လိုတွယ်ငြိချိတ်ဆက်ခဲ့ပုံတွေ စတဲ့ ... ။ မုဒ်က ဘယ်လိုကစပြီးမ၀င်ရတာလဲ ပြိုကျလာတဲ့ကောင်းကင်မှာ ဆန္ဒတွေက လှောင်တယ် ငါကလည်းမိုက်မိုက်မဲမဲမှောင်တဲ့ကောင်မို့ ဘာများဆန်းသလဲ လေယူရာယိမ်းရအောင်လည်း အိပ်မက်တွေက တာရှည်ခံပစ္စည်းတွေမှမဟုတ်ပဲ ... ။ ကြေသွားပြီဆိုပါတော့ ပွင့်ဖတ်အနွမ်းလေးတစ်ဖတ်မှာ ရေခိုးရေငွေ့တို့ချိတ်တွဲ . . အလဲအကွဲ ယစ်မူးနေလိုက်ပုံ .. ။ ထုတ်မကြည့်ဘူးဆုံးဖြတ်ထားခါမှ ခဏခဏထုတ်ကြည့်ဖြစ်တယ် ဘ၀ဆိုတာ သာသာယာယာပါပဲ တဲ့ ခဏခဏပြောတဲ့သူ့ နှုတ်ခမ်းပါးမှာ အာရုံငါးပါးဟာ တိမ်စိုင်တွေ လို ...။ သက်တန့်ချို စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Thu, 05/09/2013 - 22:38
အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးတစ်ခါတုန်းကပေါ့ ဘုရားသခင်က လူသားမိန်းမကို ဖန်ဆင်းနေတဲ့အချိန်ကာလအတွင်း ၆ ရက်မြောက်နေ့မှာ နတ်သမီးတစ်ပါးရောက်လာပါတယ် ။ ပြီးတော့ ဘုရားသခင်ကိုမေးတယ် “ ဒီတစ်ခုလေးကို ဘုရားသခင်က ဘာလို့အချိန်အများကြီးယူပြီး ဖန်ဆင်းနေရတာလဲ ” ဘုရားသခင်က နတ်သမီးကိုကြည်ပြီးပြောတယ် “ အခုဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်ပိုင်းတွေကို တွေ့လား ” နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေသေချာချာကြည့်လိုက်တယ် ဘုရားသခင်ကဆက်ပြောတယ် သူဖန်တီးပြီးဖြစ်တဲ့ လူသားမိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြလိုက်ပြီး “ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော်ဖွပ်နိုင်တယ် အိမ်ထဲမှာရှိတဲ့ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့အစားအသောက်တွေကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေကိုလည်းချီမပြုစုပေးနိုင်သေးတယ် အဲဒီလက်နှစ်ဖက်နဲ့ပဲ ဒူးနာတာကအစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်းအောင်စွမ်းဆောင်ပေးနိုင်တယ် နတ်သမီး ” ဘုရားသခင်ရဲ့စကားကြောင့်နတ်သမီးက လူသားမိန်းမကို အထင်ကြီးသွားတယ် ပြီးတော့ ဘုရားသခင်ကိုထပ်မေးတယ် “ ဒါဟာ လူသားမိန်းမရဲ့ပုံသဏ္ဍန် အပြည့်အစုံပဲလား ဘုရားသခင် ” “ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေများနေပြီ မနက်ဖြန် တစ်ချက်ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရပါလိမ့်မယ် ” နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီရောက်လာပြန်တယ် ဘုရားသခင်ကပြောတယ် “ ဒီနေ့တော့ လူသားမိန်းမရဲ့ပုံစံဟာပြီးသင့်သလောက်တော့ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ” “ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးကမေးတယ် “ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက်တတ်တယ် သူတစ်ပါးနေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ပေးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်းရှိတယ် ” နတ်သမီးက ဘုရားသခင်ရဲ့စကားကို နားထောင်ရင်း လူသားမိန်းမအနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့်လိုက်တယ် “ နူးညံ့လိုက်တာ ” “ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ဖန်ဆင်းထားတယ် အခက်အခဲတွေ အတားအဆီးတွေကိုကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ” “ သူမက တွေးခေါ်တတ်လို့လား ” နတ်သမီးက ထပ်မေးလိုက်တယ် “ တွေးတတ်ယုံတင်မကပါဘူး အကျိုးအကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီးညှိညှိနှိုင်းနှိုင်းလည်းလုပ်တတ်သေးတယ် ” နတ်သမီးက ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ထိလိုက်တယ် “ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာများလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာလား ” “ အဲဒါကို မျက်ရည်လို့ခေါ်တယ် နတ်သမီး ” “ ဟင် .. ဘာအတွက်လဲ ” “ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့နာကျင်မှုတွေ ဂုဏ်ယူမှုတွေပျော်ရွှင်မှုတွေ စတဲ့စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ” နတ်သမီးဟာ လူသားမိန်းမကို အရမ်းအထင်ကြီးသွားတယ် ပြီးတော့လူသားမိန်းမကိုပြောတယ် “ သင်ဟာ သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစားချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ် ” လို့ဆိုလိုက်တယ် ဘုရားသခင်ကပြုံးပြီးပြန်ပြောတယ် “ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့်လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျားတွေ အံ့သြသွားစေမယ့် ခွန်အားနဲ့သတ္တိတွေရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင်တယ် နောက်ဆုံး သူမကြောက်ရွံ့နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့အစွမ်းရှိတယ် ” “ အဲ့လောက်တောင်ပဲလား ” “ ဒါတင်မကသေးဘူး ငိုကြွေးရမယ့်ဒုက္ခတွေ ခါးဆီးခံရမယ့်အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင်ရမယ်မောတဲ့အချိန်မှာလည်းသီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့်နေချိန်မှာလည်း သီချင်းဆိုတယ် ” “ အိုး ... ” “ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိကဇာတ်ကောင်အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်းတည်ငြိမ်အောင်မြင်အောင် သူမအပေါ်မူတည်နေတယ်လို့လည်းခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိဘူး ” “ သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည်ပြီး ကြည်နူးမျက်ရည်တွေလည်းကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည်ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ဂုဏ်ယူနေတတ်သေးတယ် ” နတ်သမီးက ဘုရားသခင်စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ်ဆက်ရှင်းပြတယ် “ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက်တတ်တယ် ဒါပေမယ့်အဲဒီကြေကွဲမှုတွေကိုပဲ ဘ၀အတွက်လိုအပ်တဲ့ခွန်အားအဖြစ်ပြောင်းလဲယူနိုင်စွမ်းလည်းရှိတယ် ” “ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင်တယ်ဆိုတာလည်း သူမက သိသေးတယ် ” ဘုရားသခင်က နောက်ဆုံးနတ်သမီးကို စကားတစ်ခွန်းပြောတယ် “ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက်တစ်ခုရှိတယ် ” “ ဘယ်လို .. ” “ ဘယ်လိုချို့ယွင်းချက်လဲ ဒီလောက်ပြည့်စုံနေတာကို ” “ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှုတွေကို မေ့နေတတ်တယ် ” “ ဟင် .. ” “ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံးလူသားတစ်ယောက်ပါလားဆိုတာကိုလည်း အမြဲတမ်းမေ့နေတတ်တယ် ” ================================= ပုံပြင်လေးရဲ့ ဆိုလိုရင်းက အမျိုးသမီးတစ်ယောက်ရဲ့ အနှစ်သာရနဲ့ တန်ဖိုးရှိခြင်းကို ဖော်ကျူးသွားခြင်းပါပဲ တချို့ အမျိုးသမီးဘ၀ရလို့ စိတ်ညစ်တယ်စိတ်ပျက်တယ် တချို့ ချစ်သူရည်းစားက အသည်းခွဲသွားလို့ စိတ်လေနေတဲ့သူတွေ တချို့ ယောက်ျားကပစ်သွားလို့ လက်မှိုင်ချပြီးကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူးလို့ထင်နေတဲ့သူတွေ အတွက် ဒီပုံပြင်လေးက ခွန်အားတချို့ကိုပေးစေနိုင်မှာပါ ။ တကယ်တော့ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူ့တန်ဖိုးနဲ့သူ ကမ္ဘာလောကကြီးကို အလှဆင်နေတဲ့လူသားတွေချည်းပါပဲ ။ မိန်းမမို့လို့ နိမ့်ကျတာမျိုးမရှိသလို ယောက်ျားမို့လို့ ထူးခြားပြီးမြင့်မြတ်နေတာမျိုးလည်းမရှိပါဘူး ။ ပခုံးနှစ်ဖက်က ခေါင်းပေါက်တာခြင်းအတူတူ လူသားတစ်ယောက်ရဲ့ လူသားဆန်မှု အပြည့်အ၀ရှိနေသူဟာ လူသားပီသတာပါပဲ ။ အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။ သက်တန့်ချို The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည် စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Thu, 05/09/2013 - 22:37
တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ် ။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။ “ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေကအရမ်းပူပြီး ရေကလည်းအရမ်းငတ်နေတဲ့အချိန်ရေဘူးကလည်းမပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး နှစ်လုံးပါခဲ့မယ်ဆိုရင်သားဘာလုပ်မလဲ ” သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီါ်ပြန်ဖြေတယ် ။ “ ပန်းသီး နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။ သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ သူသိချင်နေမိတယ် ။ “ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီးပြောရတယ်ဆိုတာ မေမေ့ကိုပြောပြပါလား ” သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ် ။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး အလုံးကို မေမေ့ကို ပေးမလို့ပါ ” မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရတယ် ။ ==================== ယုံကြည်ပြီးခွင့်လွှတ်တတ်တဲ့စိတ်နဲ့ဆက်ဆံလိုက်ခြင်းဟာ နှစ်သိမ့်ဖွယ်အဖြေကိုရစေပါတယ် ။ အကယ်၍ သာ တခြားမိဘတွေလို သားငယ်ကို ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့အဖြေကိုရမှာမဟုတ်ပါဘူး ။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးလိုက်တာဟာ အကောင်းဆုံးယုံကြည်ခွှင့်လွှတ်လိုက်ခြင်းဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။ သက်တန့်ချို Thinking Concepts စာစုများထဲမှ A love to give MOM အား ဆီလျော်သလိုဘာသာပြန်သည် ။