You are here

ex-absdf

Primary tabs

Subscribe to ex-absdf feed
ကျောင်းသားစစ်သည်ဟောင်းများ

ဒီလမ်းဟာကူထမ်းမှဖြစ်မယ်

5 hours 47 min ago
by ချစ်ခြင်း လှိုင် on Wednesday, April 25, 2012 at 8:55pm ဒီလမ်းဟာရှည်လျားထွေပြား......မနေမနားနဲ့၊ဒီလမ်းဟာရေမရှိ ကန်းနားအတိနဲ့ဒီလမ်းဟာပန်းရနံ.မရှိ ၊ သားစိမ်းနံ့အတိနဲ၊ဒီလမ်းဟာဖောက်ပြားစရာတွေရော ...ခြောက်ခြားစရာတွေေ၇ာ။ ဒီလမ်းဟာမီးတတန် ရေတန်နဲ့ ငရဲကန်တွေကိုဖြတ်ရ ၊ဒီလမ်းဟာပရိယာယ် တသိန်းအပလိန်းအနန္တတနဲ...မင်းေ၇းကျယ်တဲ့ လမ်း။ ဒီလမ်းဟာ ကင်းသမားလိုသတိနဲ.မှ..စဉ်းလဲသမျှသိကြ။ဒီလမ်းဟာ..စိတ်ရှည်ရှည်နဲ့ လှမ်းရမယ့် လမ်း။ ဒီလမ်းဟာဥာဏ်ပညာ ရဲ့ အရေးအရော။ ဒီလမ်းဟာလိုအပ်လျှင်..လက်ဖျံရိုးးနဲ့ ထိုးဖောက်ရ တဲ...လမ်း ၊ဒီလမ်းဟာ ..ပန်းစရာနွမ်းစရာအပြင်.....လွမ်းစရာတွေကလည်း...ဝေလို့ ရယ်။ဒီလမ်းဟာရောင်ပြန်တွေလည်းရှိခဲ.အကြောင်း ဒလံတွေလည်းရှိခဲ.၊ဒီလမ်းဟာမောင်းပြန်တွေ လည်း၇ှိခဲ   ၊ အကြောင်းမဟန်တာတွေလည်း၇ှိခဲ.၊ဒီလမ်းဟာ  မျက်ရည်ယိုဗုံးတွေလည်းရှိခဲ့..........ဘ၀ဖြိုအမုန်းတွေလည်းရှိခဲ့၊ဒီလမ်းဟာဖွဲတလှည်းကို ၊ မီးတခဲဖြင်..အောင်နိုင်ရာ၊ဒီလမ်း.ဟာ..သစ်သားဟာမီးနဲ.တွေ.ပြီး ၊ ပြာ ဖြစ်တာတွေ။ဒီလမ်းဟာ..သံဟာမီးနဲ.တွေ.ပြီး သံမဏိ..ဖြစ်တာတွေ။ဒီလမ်း ၊ ဒီလမ်း..ဒီလမ်းရဲ့  အဆုံးမှာတော..နေမင်းပြုံအဆုံးမှာတော...နေမင်းပြုံးတဲ.နေ.ဟာစောင်.ပေါ.။ဒီလမ်းဟာ ငြိမ်းချမ်းရေးကို စိမ်းလန်း တေးအဖြစ်..ဆိုချင်သူရဲ့လမ်း။ဒီလမ်းဟာ လွတ်လပ်ရေး ၊ ညီညွတ်ရေး.ငြိမ်းချမ်းရေး နဲ့ လူ.အခွင်.အရေး...။အေး ၊ဒီလမ်းကိုအမေဟာ..ပင်ပန်းကြီးစွာ..ထမ်းခဲ.ငါတို.အမေ..အဲဒီလို..ထမ်းတဲ.အခါငါတို.လက်ခုပ်တွေ တီးကြ၊ တီးခဲ့ ကြတယ်။ငါတို..နှစ်မျာစွာတီးကြ။ တီးခဲ့ကြတယ်။ရေအကြောင်းပြော၇ုံနဲ ၊ ရေငတ်မပြေနှိင်ကြောင်းသိတဲ့ အထိ တီးကြတယ်။တကယ်တော့ငါတို.ကူထမ်းရမယ်.လမ်းပဲ..ဟုတ်တယ်။ပန်းတိုင်ကိုသွားမယ် လမ်းပဲ..ဟုတ်တယ်။ဒီလမ်းဟာငါတို.ကူထမ်းမှ  ဖြစ်မယ်.လမ်း။       .............. စံညိမ်းဦး (မန္တလေး) 2011

ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ရေးရာ လေ့လာစရာများ

6 hours 37 min ago
From - https://www.myanmarisp.com/HRUp one levelနိုင်ငံရေးသိပ္ပံ ဘာသာရပ်တွေဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ် စနစ်တို့နဲ့ ပတ်သက်တဲ့ စာစောင်၊ စာတမ်းနဲ့ စာအုပ်တွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၊ Human Rights Education Institute of Burma (HREIB) က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာအုပ် စာတမ်းတွေ အပြင်၊ အခြား အဖွဲ့အစည်းပေါင်းစုံက ထုတ်ဝေခဲ့တဲ့ စာအုပ် စာတမ်းတွေကို ရှာဖွေ စုစည်း လွှင့်တင် ပေးထားတာ ဖြစ်ပါတယ်။ HREIB က ပုံနှိပ် ထုတ်ဝေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာအုပ် စာတမ်းတွေကို ပြန်လည် ကူးယူ ဖော်ပြခွင့် ပြုခဲ့တဲ့ HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းနဲ့ HREIB အဖွဲ့သား အားလုံးကို အထူး ကျေးဇူးတင်ရှိရပါတယ်။ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး အတွက် လက်စွဲBurma Fund က မြန်မာဘာသာပြန်ပြီး၊ (OSCE) ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရုံး (ODIHR) မှ ထုတ်ဝေ ဖြန့်ချိတဲ့ "ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး အတွက် လက်စွဲ" စာအုပ်ကို ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ၏ ဒေသတွင်းရှိ ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ရေးသားရန် အကြံအစည်ကို ၂၀၀၁ ခုနှစ်၊ မေလတွင် ဆလိုဗက်ကီးယားနိုင်ငံရှိ ဦးဆောင် ဆောင်ရွက်နေကြသော အဖွဲ့များနှင့် လုပ်ငန်းဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ တခုမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး၊ ထိုလနောက်ပိုင်းတွင်၊ ဝေါဆောမြို့တွင် ကျင်းပသော (OSCE/ODIHR) ကွန်ဖရင့်တွင် ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာနေသူ အဖွဲ့အစည်းပေါင်း ၂၅ ခုက တက်ရောက်၍ ထပ်မံဖြည့်စွက် ပြုစုခဲ့ကြခြင်း ဖြစ်သည်။ မူရင်း ဒီဇိုင်း - Damla Suar, Frankfurt Main, Germany၊ ပိုလန်နိုင်ငံတွင် Polygrafus Andrzej Adamiak မှ ပုံနှိပ်သည်။ မူရင်းစာအုပ် ပုံနှိပ်ဖြန့်ချိမှုကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အစိုးရက ထောက်ပံ့ ကူညီမှု ပေးပါသည်။ အရွယ်အစား 1.1 MB - ဖိုင်အမျိုးအစား application/pdfRead More… ဒီမိုကရေစီအကြောင်း သိကောင်းစရာ၊ တရားဥပဒေ စိုးမိုးရေး အယူအဆနဲ့၊ စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာသည့် စံနှုန်းများby Aung Kyaw Myo — 2012-05-04 19:52မျက်မှောက် ကာလမှာ ဒီမိုကရေစီ ဆိုတဲ့ အသုံးအနှုန်းဟာ အဓိပ္ပါယ် အမျိုးမျိုး ရှိနေရာ "ဒီမိုကရေစီအကြောင်း သိကောင်းစရာနဲ့ တရားဥပဒေ စိုးမိုးရေး အယူအဆ" ကောက်နှုတ်ချက်တွေနဲ့ ယူနိုက်တက်ကင်းဒမ်း (UK)၊ လိဒ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေးဗစ်ဗိဇင် ထုတ်ဖော် တင်ပြတဲ့ "စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာတဲ့ စံနှုန်းများ" တို့ကို ထုတ်နှုတ် တင်ပြထားတာ ဖြစ်ပါတယ်။Read More… ပိုလီအာခီနှင့် ဒီမိုကရေစီby Aung Kyaw Myo — 2012-05-04 19:52'ဒီမိုကရေစီ လေ့လာရေး စာစဉ်' (အထူးသဖြင့်၊ အခန်း (၂)၊ ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သော ပြည်သူ့အစိုးရနဲ့ အခန်း (၃)၊ အာဏာကန့်သတ် အစိုးရ တို့နဲ့)၊ 'ဒီမိုကရေစီအကြောင်း သိကောင်းစရာနဲ့ စစ်မှန်သော ဒီမိုကရေစီကို တိုင်းတာတဲ့ စံနှုန်းများ' တို့နဲ့ နှိုင်းယှဉ် လေ့လာနိုင်ရန် The Voice Weekly Vol. 4/ No. 10, Monday, October 19-25, 2009, PERSPECTIVE ကဏ္ဍမှာ ဖော်ပြပါရှိတဲ့ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်နား တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံ ဝိဇ္ဇာဘွဲ့နှင့် ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး ဝိဇ္ဇာဘွဲ့များ အတွက် နောက်ဆုံးနှစ်တွင် တက်ရောက် သင်ကြားနေသူ နေသန်မောင်ရဲ့ "ပိုလီအာခီနှင့် ဒီမိုကရေစီ" ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။Read More… ဒီမိုကရေစီ (DEMOCRACY) လေ့လာရေး စာစဉ်'မျက်မှောက်ခေတ်တွင် ဒီမိုကရေစီ ကျင့်သုံးခြင်းနဲ့ အဓိပ္ပါယ် ကောက်ယူရာမှာ ပြည်သူများ ဆိုသည်မှာ မည်သူတို့နည်း၊ ၎င်းတို့ကို မည်သူတို့က ကိုယ်စားပြုသနည်း၊ အာဏာ သို့မဟုတ် အုပ်ချုပ်ရေး ဆိုသည်ကို မည်သူတို့က မည်သို့ ကျင့်သုံးကြသနည်း၊ စသည့် အဓိပ္ပါယ် ကောက်ယူမှု အကွဲကွဲ အပြားပြား ဖြစ်နေသော်လည်း၊ ဒီမိုကရေစီ ဟူသော ဝေါဟာရ ပါရှိနေသရွေ့ ရေဘုယျ တူညီရမည့် သဘောတရား (Basic Concept) ကား အတူတူသာ ဖြစ်ရမည်' ဖြစ်သည့် 'ဒီမိုကရေစီ ဆိုတာ ဘာလဲ (What is the Democracy?)' ဆိုတာကို လေ့လာ သုတေသနပြု တင်ပြထားတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ All Burma Students' Democratic Front (ABSDF)၊ ဗဟိုကော်မတီ ဌာနချုပ် (ဒေါင်းဂွင်) က ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ဒီမိုကရေစီ (Democracy)" လေ့လာရေး စာစဉ်ကို ပြန်စာစီ စာရိုက်ပြီး လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။Read More… ဖက်ဒရယ် (FEDERAL) လေ့လာရေး စာစဉ်မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့ ဆိုရင်၊ တိုင်ရင်းသား လူမျိုး အသီးသီးရဲ့ မွေးရာပါ အခွင့်အရေးတွေကို အာမခံချက် ပေးနိုင်မယ့် စစ်မှန်တဲ့ မူတွေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ရေးဟာ အရေးပါဆုံး အခြေခံ အကြောင်းတရား ဖြစ်တယ်လို့ ၈၈ နောက်ပိုင်း၊ ဒီမိုကရေစီ လိုလားသူ နိုင်ငံရေးသမားတွေက သဘောတူ လက်ခံထားကြပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါ အချို့က၊ "ဖက်ဒရယ် (Federal)" နဲ့ "ခွဲထွက်ရေး" (ဝါ) "နိုင်ငံပြိုကွဲခြင်း" ကို တွဲပြီး ဝါဒဖြန့်ခဲ့ရာက မြန်မာ့နိုင်ငံရေးမှာ လွဲမှားတဲ့ သိနားလည်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါကြောင့် လူမျိုး၊ နိုင်ငံနဲ့ နိုင်ငံရေး၊ တပြည်ထောင် စနစ်နဲ့ ပြည်ထောင်များ စုပေါင်းခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ အာဏာခွဲဝေရေး၊ ဖက်ဒရယ်နဲ့ ဆက်စပ်တဲ့ နိုင်ငံရေး အကြောင်းချင်းရာတွေနဲ့၊ ကမာ္ဘပေါ်က ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တွေအကြောင်း နှိုင်းယှဉ်ချက် တို့ကို အခန်းလိုက် အခန်းလိုက် ခွဲပြီး လေ့လာ တင်ပြထားတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ All Burma Students' Democratic Front (ABSDF)၊ ဗဟိုကော်မတီ ဌာနချုပ် (ဒေါင်းဂွင်) ရဲ့ ၁၉၉၄ ခုနှစ်၊ မေလ၊ ပထမ အကြိမ်ထုတ် "ဖက်ဒရယ် (Federal)" လေ့လာရေး စာစဉ်ကို ပြန်စာစီ စာရိုက်ပြီး လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။Read More… အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) ပဋိဉာဉ် စာတမ်း"အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) ပဋိဉာဉ် စာတမ်း" အပြည့်အစုံကို Burma Partnership ကနေ မြန်မာ အဖွဲ့အစည်းတွေနဲ့ အခြား စိတ်ဝင်စားသူ ဘယ်သူမဆို အသုံးပြုနိုင်ဖို့ ဘာသာပြန်ဆို ပေးထားတာ ဖြစ်ပါတယ်။ အရွယ်အစား 205.2 kB - ဖိုင်အမျိုးအစား application/pdfRead More… "ကမာ္ဘ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀၀၂)" လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်ရာမှာ နိုင်ငံတကာရဲ့ စံချိန် စံညွှန်းများ၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ လူ့အခွင့်အရေး ကောင်စီ အကြောင်း၊ သူတို့ရဲ့ ယန္တရားတွေက ဘာတွေလဲ၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်က ဘာတွေလဲ၊ သူတို့ ဘာတွေ ဆောင်ရွက်နေသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ အတွက် လန်ဒန် အခြေစိုက် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International) နဲ့ (The Law Society) အင်္ဂလန်နဲ့ ဝေးလ် ဥပဒေရေးရာ အဖွဲ့ကြီးတို့ ၂၀၀၂ ခုနှစ်က ပူးတွဲ ထုတ်ဝေခဲ့တဲ့ The United Nations 'Thematic Mechanisms 2002' An overview of their work and mandates ဆိုတဲ့ စာအုပ်ကို "ကမာ္ဘ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀၀၂)" လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များ အမည်နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က ၂၀၀၈ ခုနှစ်၊ ဇွန်လမှာ ဘာသာပြန်ဆို ထုတ်ဝေ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 773.6 kB - ဖိုင်အမျိုးအစား application/pdfRead More… အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းby Aung Kyaw Myo — 2012-05-04 19:52၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမာ္ဘ့ ကုလသမဂ္ဂ အဖွဲ့ ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာ စာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံ ပါရှိသည်။ ဤကဲ့သို့ ရာဇဝင် တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံ အစည်းအဝေးကြီးက ကမာ္ဘ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာ စာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့် အကြောင်းကို လည်းကောင်း၊ ထို့ပြင်နိုင်ငံများ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲ အဓိက အားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာ စာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။ (UNHCR ကွန်ရက် စာမျက်နှာ [unhchr.ch/udhr/index.htm] ကနေ မြန်မာဘာသာ ပြန်ဆိုထားချက်ကို ပြန်လည် ကူးယူဖော်ပြတာ ဖြစ်ပါတယ်။)Read More… ကလေးစစ်သားများ အသုံးပြုမှုရပ်တန့်ရေးမြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုတဲ့ နည်းလမ်းမျိုးစုံ၊ DDR စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေး၊ အဖွဲ့အစည်းကဏ္ဍ အသီးအသီးသို့ အကြံပြုချက်တွေနဲ့ ကလေးများညီလာခံက ကောက်နုတ်ချက်တွေကို စုစည်းကာ “မြန်မာနိုင်ငံမှာ ကလေးစစ်သားများ အသုံးပြုမှုရပ်တန့်ရေး” ဦးတည်ချက်နဲ့ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။Read More… လူ့အခွင့်အရေးလက်စွဲလူ့အခွင့်အရေး သင်တန်းတွေ ပို့ချပေးနေသူတွေနဲ့ သင်တန်းတွေ မတက်နိုင်ပေမဲ့ လူ့အခွင့်အရေး သိလို လေ့လာလိုသူတွေအတွက် ရည်ရွယ်ကာ ရေးသားထားတဲ့ ၂၀၀၂ ခုနှစ် မေလထုတ် "လူ့အခွင့်အရေးလက်စွဲ" စာအုပ်ဖြစ်ပါတယ်၊Read More… လူ့အခွင့်အရေး ဝေါဟာရများလူ့အခွင့်အရေး ပညာပေးတဲ့နေရာမှာ နိုင်ငံတကာလူ့အခွင့်အရေး စကားအသုံးအနှုံးတွေဟာ သက်ဆိုင်ရာ ဒေသခံတွေနဲ့ ကိုက်ညီတဲ့ စကားဖြစ်ဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် International Bureau of Education က ထုတ်ဝေတဲ့ 100 and 1 terms for Human Rights Education စာအုပ်ကို အဓိကထား ကိုးကားပြီး HREIB ၂၀၀၄ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့တဲ့ “လူ့အခွင့်အရေး ဝေါဟာရများ” စာအုပ်ကို ပြည်လည်ကူးယူ ဖော်ပြလိုက်တာဖြစ်ပါတယ်။Read More… လူ့အခွင့်အရေး မေးခွန်းနှင့် အဖြေများလူ့အခွင့်အရေး ကာကွယ်မှု၊ လူအခွင့်အရေး ဥပဒေ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး၊ လူသားမျိုးနွယ်စုတခုလုံး အမြစ်ပြုတ်သတ်ဖြတ်မှု၊ လူမျိုးရေးအခြေခံ၍ ခွဲခြားဆက်ဆံမှု၊ ကလေးငယ်ဆိုင်ရာ အခွင့်အရေး၊ လူနည်းစုများ၊ မူရင်းဌာနေလူမျိုးများ၊ လက်နက်ကိုင်ပဋိပက္ခများကာလ၊ တဦးချင်းတိုင်ကြားမှုများ၊ အထူးစုံးစမ်းစစ်ဆေးရေးအရာရှိများ၊ လူ့အခွင့်အရေးမဟာမင်ကြီးရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးပညာပေးနဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း စတဲ့ အကြောင်းအရာတွေကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။Read More… ကလေးအခွင့်အရေး ဆိုင်ရာစာချုပ်ကလေးအခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့ ကလေးများ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေးများနဲ့ ပါဝင်မှုဆိုင်ရာအခွင့်အရေးများ စတဲ့ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် အပုဒ် (၁) မှ (၄၀) အထိကို စုစည်းတင်ပြထားတဲ့ "ကလေးအခွင့်အရေးဆိုင်ရာစာချုပ်" စာအုပ်ဖြစ်ပါတယ်။Read More… ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း MAKING A DIFFERENCEအောင်မြင်သော လူ့အခွင့်အရေးပညာပေးမှုဇာတ်လမ်းများ (A COMPILATION OF SUCCESS STORY), Asian Regional Resource Center for Human Rights Education (ARRC) and Human Rights Education Institute of Burma (HREIB) Supported by DANIDA. Compiled and edited by Theresa J.Limpin and Ploychompoo Sukustit. Editorial Team : Theresa J.Limpin, Ploychompoo Sukustit, Anjani F.Abella and Jonathan Wong. Translated by: Aung Myo Min (HREIB).Read More… ပင်လုံစိတ်ဓာတ် ရှင်သန် ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့ကယန်း အမျိုးသား စည်းလုံး ညီညွတ်ရေး ဒီမိုကရေစီ အဖွဲ့မှ ဖယ်ခုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခွန်းမာတ်ရ်ကိုဘန် ရေးသားပြုစုတဲ့ "ပင်လုံစိတ်ဓာတ် ရှင်သန် ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့" စာအုပ်ကို National Reconciliation Program (NRP) ကူညီ ပံ့ပိုးမှုနဲ့ ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးတွေဟာ ဘယ်ပုံ ဘယ်နည်းနဲ့ ပူးပေါင်းပြီး လွတ်လပ်ရေး ရယူခဲ့ကြတာလဲ၊ ဘာကြောင့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် (ယခင်အခေါ် ကရင်နီ ပြည်နယ်) ကို လွတ်လပ်ရေး ရပြီး ၁၀ နှစ်အကြာမှာ ခွဲထွက်လိုက ခွဲထွက် ပေးခဲ့ရတာလဲ ဆိုတာကို သိလိုသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။ အရွယ်အစား 1.5 MB - ဖိုင်အမျိုးအစား application/pdfRead More… ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်း (ဖက်ဒရယ်မူ)၁၉၆၂ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက်။ ၁၃၂၂ ခု၊ တပေါင်းလဆန်း ၁၂ ရက် စနေနေ့၌ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်လုံးကျွတ် ညီလာခံကြီးမှ အတည်ပြုသည့် ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်း ဖြစ်ပေသည်။ ဖက်ဒရယ်မူ ဆိုသည်ကား ဤတင်သွင်းထားသော စာတမ်းပါ အချက်အလက်များပင် ဖြစ်ပေသည်။ ဤစာတမ်းတွင် ပင်လုံစာချုပ်ကိုပါ ဖော်ပြထားပေသည်။ ၁၆-၃-၆၁ ခု၊ ရှမ်းပြည်နယ် အစိုးရ ပြန်ကြားရေး ဌာနမှ ထုတ်ဝေသည့် ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်းမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။Read More… ဖက်ဒရယ်မူ အဆိုပြု တင်သွင်းခြင်း၁၉၆၀ - ၆၂ ခုနှစ် အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံကို ဖက်ဒရယ် ပြည်ထာင်စု ပုံစံ ပြန်လည် ဖွဲ့စည်းရန် အတွက် ရှမ်းပြည်နယ် အစိုးရက ဦးဆောင် ကြိုးပမ်း ခဲ့တဲ့ "ဖက်ဒရယ်မူ အဆိုပြု တင်သွင်းခြင်း" မှတ်တမ်းကို ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ (NCGUB) - Border Office က 'မြန်မာ နိုင်ငံရေး ၁၉၅၈ - ၁၉၆၂' စတုတ္ထတွဲ ကနေ ကောက်နှုတ် စုဆောင်း တင်ပြ ထားတာကို ပြန်လည် ထုတ်လွှင့် ပေးလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 169.1 kB - ဖိုင်အမျိုးအစား application/pdfRead More… ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်းမြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC) မှ နဝတ အမျိုးသား ညီလာခံမှ ချမှတ်သည့် အခြေခံ ဥပဒေမူများ အပေါ် နိုင်ငံရေး သုံးသပ်ချက် စာတမ်း တစောင် ဖြစ်သော "ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်း (Lack of Democracy, Lack of Equality)" ကို အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ၁၉၉၅ အောက်တိုဘာမှာ ထုတ်ဝေ ဖြန့်ချိခဲ့တယ်။ ဒီစာတမ်းမှ မြန်မာဘာသာ သက်သက်ကို ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာမှာ Internet Version (Burmese) အဖြစ် ပြန်လည် စီစဉ် ထုတ်ဝေလိုက်တဲ့ "ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ညီမျှမှု ဆိတ်သုဉ်းခြင်း" ကို ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 250.2 kB - ဖိုင်အမျိုးအစား application/pdfRead More… ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (ပထမတွဲ)ဒီမိုကရေစီနှင့် တန်းတူရေး တိုက်ပွဲ ကာလ အတွင်း ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ သမိုင်းဝင် မှတ်တမ်းများကို စုဆောင်း တင်ပြ ထားတဲ့ ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) ရဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (ပထမတွဲ)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 485.5 kB - ဖိုင်အမျိုးအစား application/pdfRead More… ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (ဒုတိယတွဲ)ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ပထမ အကြိမ် ညီလာခံ မှတ်တမ်း ခရစ် သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှ ၁၉ ရက် အထိကို ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) နဲ့ စိုင်းတွိ (Sai Doue) တို့ စိစစ် တည်းဖြတ် စုစည်း တင်ပြပြီး ၂၀၀၁ ခုနှစ်၊ မေလမှာ ပထမ အကြိမ် အဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (ဒုတိယတွဲ)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 307.5 kB - ဖိုင်အမျိုးအစား application/pdfRead More… ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (တတိယတွဲ)ဗိုလ်ချုပ် အောင်ဆန်း (ဗမာ)၊ တောင်ကြီး ဦးထွန်းမြင့် (ရှမ်း)၊ ဦးဇန်ထာရှင် (ကချင်)၊ ဦးလျန်အုပ် (ချင်း) နဲ့ စာရေး ဆရာကြီး ဒဂုန်တာရာ စတဲ့ ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြည်ထောင်စု အပေါ် ဝေဖန် သုံးသပ်တဲ့ စာတမ်းတွေကို ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) က စုဆောင်း တင်ပြကာ ၂၀၀၂ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (တတိယတွဲ)" စာအုပ် ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 972.3 kB - ဖိုင်အမျိုးအစား application/pdfRead More… ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (စတုတ္ထတွဲ)ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ဒုတိယ အကြိမ် ညီလာခံ မှတ်တမ်းကို ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) နဲ့ စိုင်းမော (န်) ဆေ့လီတို့ စိစစ် တည်းဖြတ် စုစည်း တင်ပြပြီး ၂၀၀၃ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (စတုတ္ထတွဲ)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 833.3 kB - ဖိုင်အမျိုးအစား application/pdfRead More… PEACEFUL COEXISTENCE : TOWARDS FEDERAL UNION OF BURMA SERIES NO. (8)တတိယ အကြိမ်မြောက် တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲ (သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ) မှတ်တမ်း တွေကို ၂၀၀၄ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် စုစည်း တည်းဖြတ် ထုတ်ဝေထားတဲ့ ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) ရဲ့ "PEACEFUL COEXISTENCE: Towards Federal Union of Burma Series No. (8)" ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] ဘာသာစကား မြန်မာ - အရွယ်အစား 1.4 MB - ဖိုင်အမျိုးအစား application/pdfRead More… PEACEFUL COEXISTENCE: TOWARDS FEDERAL UNION OF BURMA SERIES NO. (9)၊ ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒ မှသည် စစ်မှန်သော ပြည်ထောင်စု စနစ်ဆီသို့ (စာစဉ် အမှတ် - ၉) "ပြည်ထောင်စု စစ်စစ်မူ"ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lain H. Sakhong) နဲ့ စိုင်းမော (န်) စုဆောင်း တင်ပြတဲ့ '၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံ ခန်းမမှာ ကျင်းပတဲ့ ပြည်နယ်များ ညီညွတ်ရေး အဖွဲ့က တင်သွင်းတဲ့ ပြည်ထောင်စု စစ်စစ်မူနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲနဲ့ ၁၉၆၂ မတ်လ ၁ ရက်နေ့မှာ ဒီမူ အပေါ် တုံ့ပြန် ဆွေးနွေးချက် မှတ်တမ်း' တွေကို National Reconciliation Program (NRP) ရဲ့ အထောက်အပံနဲ့ ၂၀၀၅ မှာ ထုတ်ဝေ ဖြန့်ချီ ခဲ့တဲ့ "PEACEFUL COEXISTENCE: Towards Federal Union of Burma Series No. (9)၊ ငြိမ်းချမ်းစွာ အတူ လက်တွဲ နေထိုင်ရေး ဝါဒမှသည် စစ်မှန်သော ပြည်ထောင်စု စနစ် ဆီသို့ (စာစဉ် အမှတ် - ၉) ပြည်ထောင်စု စစ်စစ်မူ" စာအုပ် ဖြစ်ပါတယ်။ [ENC နဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (UNLD - LA) က ထုတ်ဝေတဲ့ စာအုပ် စာတမ်း အားလုံးကို ENC ကွန်ရက် စာမျက်နှာ www.encburma.org/publications.htm ကနေ ဆွဲယူ ဖတ်ရှု နိုင်ပါတယ်။] အရွယ်အစား 280.1 kB - ဖိုင်အမျိုးအစား application/pdfRead More… အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (မြန်မာ၊ ရှမ်း၊ ပိုးနဲ့ စကော ကရင်နဲ့ ဖလမ်း၊ ဟာခါးနဲ့ တီးတိန် ချင်းဘာသာတို့သို့ ပြန်ဆိုထားချက်)အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights) ကို မြန်မာ၊ ရှမ်း၊ ကရင် (ပိုးနဲ့ စကော)၊ ချင်း (ဖလမ်း၊ ဟာခါးနဲ့ တီးတိန်) ဘာသာတို့နဲ့ ပြန်ဆိုထားချက်ကို ပီဒီအက်ဖ် အမျိုးအစား ဖိုင် တဖိုင်အဖြစ် တစုတစည်းတည်း ပေါင်းစည်းထားတာ ဖြစ်ပါတယ်။ ဒီမြန်မာနဲ့ တိုင်းရင်သားဘာသာ ပြန်ဆိုချက်တွေကို UN Information Centre in Yangon ရဲ့ ကွန်ရက်စာမျက်နှာ [http://unic.un.org/imucms/yangon/80/342/information-materials.aspx] ကနေ ရယူခဲ့တာ ဖြစ်ပါတယ်။Read More… ဒီမိုကရေစီ သင်ခန်းစာများဒီမိုကရေစီအကြောင်း စတင်လေ့လာ ဖတ်ရှုသူတွေကို နားလည်သဘောပေါက်စေဖို့ လမ်းညွှန်ပေးရန် ရည်ရွယ်ပြီး၊ ဒီမိုကရေစီရဲ့ အခြေခံမူတွေ၊ တာဝန်နဲ့ တာဝန်ယူမှု၊ ဒီမိုကရေစီ ကျင့်သုံးတဲ့ အသင်းအဖွဲ့ ဌာန အစည်းအရုံးတွေနဲ့ ဒီမိုကရေစီအပေါ် စိန်ခေါ်မှုတွေအကြောင်းကို ပြုစုရေးသားထားတဲ့ ရိုလန်ဝပ်ဆန် (Roland Watson) ရဲ့ 'Lessons in Democracy' ကို လွင်အောင်စိုး မြန်မာဘာသာ ပြန်ဆိုထားတဲ့ "ဒီမိုကရေစီ သင်ခန်းစာများ" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 801.9 kB - ဖိုင်အမျိုးအစား application/pdfRead More…
Categories: Feature Blogs

မြန်မာ EBOOK များ

6 hours 49 min ago
from  https://www.myanmarisp.com/burmese_ebooks  Up one levelရောမနိုင်ငံ သုခမိန် စီဆာရို (Cicero 106-43) က ပြောခဲ့ပါတယ်၊ . . . "စာအုပ်တွေ မရှိတဲ့ အခန်းဟာ ဝိညာဉ် မရှိတဲ့ ခန္ဓာကိုယ်လို တန်ဖိုးမရှိ အခွံ သက်သက်ပါ" တဲ့ . . .။ ဒါကြောင့် မြန်မာ နိုင်ငံသားတွေ အတွက် မြန်မာ စာအုပ် မျိုးစုံကို လွှင့်တင် ပေးလိုက်ပါတယ်။ ဒီ မြန်မာ အီးဘွတ်ခ် (Burmese/ Myanmar eBook) အများစုဟာ၊ ForEverSpace.Com.MM က ဝယ်ယူခဲ့တဲ့ PDF အမျိုးအစား မြန်မာ အီးဘွတ်ခ် (Burmese/ Myanmar eBook) တွေ ဖြစ်ပြီး၊ MyamarISP.Com ပရိတ်သတ် မျှဝေ ခံစားနိုင်ဖို့ ပြန်လည် လွှင့်တင် ပေးထားတာ ဖြစ်ပါတယ်၊။ ဒီ မြန်မာ အီးဘွတ်ခ် (Burmese/ Myanmar eBook) တွေဟာ PDF အမျိုးအစား ဖိုင်တွေ ဖြစ်လို့၊ ဒါတွေကို ဖတ်ဖို့ ဆိုရင် Adobe Acrobat Reader ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့် ကွန်ပျူတာမှာ မရှိသေးရင်၊ [get.adobe.com/reader] ကနေ အခမဲ့ ဆွဲချပြီး ကွန်ပျူတာထဲကို ထည့်သွင်းပါ (install လုပ်ပါ)။ ဒီကွန်ရက် စာမျက်နှာပေါ်မှာ လွှင့်တင်ပေးထားတဲ့ စာအုပ်စာရင်းကို သက်ဆိုင်ရာ စာရေးဆရာရဲ့ အတ္ထုပ္ပတ္တိ စာမျက်နှာ အောက်ခြေမှာ ချိတ်တွဲ ပေးထားပါတယ်။next 10 items »[1] 2 3 4 ... 61သောင်းကျန်းမှု၏ ဒဏ်ချက်များစတုတ္ထစစ်လက်ရုံး (စတုတ္ထဂ်) မှ ရေးသားပြုစုတဲ့၊ သင်ခန်းစာအမှတ်-စဓ-၄၃၀၆ "သောင်းကျန်းမှု၏ ဒဏ်ချက်များ" စာအုပ် ဖြစ်ပါတယ်။ ထုတ်ဝေတဲ့ စာအုပ်တိုက်နဲ့ ခုနှစ် မပါရှိပါ။ အရွယ်အစား 323.7 kB - ဖိုင်အမျိုးအစား application/pdfပြည်တွင်းသောင်းကျန်းမှုသမိုင်းစတုတ္ထစစ်လက်ရုံးမှ ရေးသားပြုစုတဲ့၊ ကွန်မြူနစ် ပါတီပေါ်ပေါက်လာပုံ၊ ကွန်မြူနစ်များနှင့် ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှု၊ ကွန်မြူနစ်များ၏ လက်နက်ကိုင် သောင်းကျန်းမှု၊ ကေ-အန်-ဒီ-အို သောင်းကျန်းမှုသမိုင်း၊ ပအိုး-မွန်-မူဂျာဟစ်(မူဆလင်) သောင်းကျန်းမှု သမိုင်း အစရှိတဲ့ "ပြည်တွင်းသောင်းကျန်းမှုသမိုင်း" စာအုပ် ဖြစ်ပါတယ်။ ထုတ်ဝေတဲ့ စာအုပ်တိုက်နဲ့ ခုနှစ် မပါရှိပါ။ အရွယ်အစား 431.1 kB - ဖိုင်အမျိုးအစား application/pdfမြန်မာမင်းလက်ထက်တော် စာတမ်းများ၁၉၆၇ ခုနှစ်မှာ၊ ပုဂံစာအုပ်တိုက်မှ ပထမအကြိမ်အဖြစ်၊ ရှုမဝ၊ မြဝတီ၊ ယဉ်ကျေးမှု စတဲ့ မဂ္ဂဇင်း စာစောင်တွေမှာ၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ရေးသားခဲ့တဲ့ ရှေးမြန်မာမင်းများ လက်ထက် အုပ်ချုပ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ လူမှုဘဝနဲ့ ရှေးမင်းမိဖုရားတွေ အကြောင်း သိမှတ်စရာ ဆောင်းပါးတွေမှနေ ကောက်နုတ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့၊ "မြန်မာမင်းလက်ထက်တော် စာတမ်းများ" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 311.6 kB - ဖိုင်အမျိုးအစား application/pdfနှလုံးရည်တိုက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဒဿနစကော့်အေဟန့်ဒ် ရေးသားတဲ့ 'ငြိမ်းချမ်းရေးအနာဂတ်' စာအုပ်၊ အခန်း (၁) မှ 'ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) နှလုံးရည်ဖြင့် အောင်ပွဲဆင်ခြင်း' ကို ၂၀၁၁ ခုနှစ်၊ မေလမှာ "နှလုံးရည်တိုက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဒဿန" အမည်နဲ့ နေသွင် ဘာသာပြန်ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အရွယ်အစား 285.2 kB - ဖိုင်အမျိုးအစား application/pdfဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်လူထုခေါင်းဆောင် ငြိမ်းချမ်​ရေးနိုဗယ်လ်ဆုရှင် အောင်ဆန်းစုကြည်ရဲ့ ဘဝပုံရိပ်တွေနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို စာရေးဆရာ သန်းဝင်းလှိုင် မှတ်တမ်းပြုစု ရေးသားလိုက်တဲ့ "ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 3.6 MB - ဖိုင်အမျိုးအစား application/pdfပုသိမ် ၃၂ မြို့စစ်တမ်းတက္ကသိုလ် ပညာပဒေသစာစောင် အတွဲ ၅၊ အပိုင်း ၂၊ ၁၉၇၀ ခုနှစ်ထုတ်မှာ ဖော်ပြပါရှိတဲ့ ဦးဧကျော် (​သမိုင်းနည်းပြဆရာ၊ တောင်ကြီးကောလိပ်) ရေးသားတဲ့ "ပုသိမ် ၃၂ မြို့စစ်တမ်း" သမိုင်းဆောင်းပါး ဖြစ်ပါတယ်။ အရွယ်အစား 138.3 kB - ဖိုင်အမျိုးအစား application/pdfနမ့်ဆန်မြို့နယ်သမိုင်းရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် တိုင်းရင်းသားများ နေထိုင်ရာ တောင်ပေါ်မြို့ တမြို့ဖြစ်တဲ့ "နမ့်ဆန်မြို့နယ်သမိုင်း" ကို ၅၊ ၈၊ ၂၀၀၉ နေ့စွဲနဲ့ အရှင် ဇဝန (နမ့်ဆန်) စုဆောင်းပြုထားတာ ဖြစ်ပါတယ်။ အရွယ်အစား 160.8 kB - ဖိုင်အမျိုးအစား application/pdfအော်ဆွေးမင်းလူ ရေးသားတဲ့၊ "အော်ဆွေး" လုံးချင်း အချစ်ဝတ္ထုကို မြန်မာကျူးပစ် ဖိုရမ်မှာ ပြန်စာစီစာရိုက် တင်ပေးထားရာကနေ ပြန်လည်ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 741.4 kB - ဖိုင်အမျိုးအစား application/pdfလေရူးသုန်သုန် (ဒုတိယတွဲ)၁၉၉၉ ခု၊ နိုဝင်ဘာလမှာ ဒုတိယအကြိမ်အဖြစ်၊ ဘဝတက္ကသိုလ် စာပေမှ ပုံနှိပ်ထုတ်ဝေတဲ့၊ Margaret Mitchell ရေးသားတဲ့ Gone With The Wind ဝတ္ထုကို ဆရာ မြသန်းတaင့် မြန်မာဘာသာ ပြန်ဆိုထားတဲ့ "လေရူးသုန်သုန် (ဒုတိယတွဲ)" ကို မြန်မာဆိုက်ဘာ မီဒီယာမှာ ပြန်စာစီစာရိုက် တင်ပေးထားရာကနေ ပြန်လည်ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား 2.4 MB - ဖိုင်အမျိုးအစား application/pdfဂီတနှင့် အက၁၉၆၈ ခုနှစ်မှာ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ် အဖြစ် ပုံနှိပ်ထုတ်ဝေတဲ့၊ သီချင်းအမျိုးမျိုးတို့ရဲ့ သဘောထားနဲ့ ဆိုပုံဆိုနည်းတွေ၊ အတီးကင်းတဲ့ အဆိုပညာခန်း၊ အတီးအမှုတ် တူရိယာများ ပြုလုပ်ပုံ ပြုလုပ်နည်းနဲ့ အသုံးပြုပုံ၊ မြန်မာ့အကရဲ့ အခြေခံ၊ ဇာတ်၊ ရုပ်သေး၊ အငြိမ့်ဆိုင်ရာ အကနဲ့ သရုပ်ဆောင်မှု၊ သဘင်လောကရဲ့ သဘောနဲ့ အစဉ်အလာ ဆောင်ရွက်ခဲ့ပုံ စတဲ့ ဆို-က-ရေး-တီးနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ အဖြာဖြာတို့အပြင် မိမိ ပညာရင်နို့ သောက်စို့ခဲ့ရတဲ့ ဆရာတွေအကြောင်းကို အလင်္ကာကျော်စွာ ဒေါ်စောမြဧကြည် (ဘီ-အေ) လိုတိုရှင်း ရေးသားပြုစုထားတဲ့ "ဂီတနှင့် အက" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 790.8 kB - ဖိုင်အမျိုးအစား application/pdf [ပြန်စာစီစာရိုက်ပြီး ဝေမျှပေးသူ - Shan Yoma]next 10 items »[1] 2 3 4 ... 61CONTAINED SMART FOLDERS:ငြင်းပယ်ခြင်းအလှ (ဖြစ်တည်မှု ဒဿန နိဒါန်း)မြန်မာ့ စာပေနယ် အတွက် အတွေးအခေါ်ပိုင်း ဆိုင်ရာ လိုအပ်ချက် တစိတ်တဒေသကို ဖြည့်စွမ်းပေးဖို့ မျှော်လင့်ချက်နဲ့ ယန်းပေါ့ဆာ့တ်ကို မဏ္ဍိုင်ပြုလို့ ဖြစ်တည်မှု ဒဿန နိဒါန်းကို တင်ပြထားတဲ့ မောင်ကြည်သစ်ရဲ့ "ငြင်းပယ်ခြင်း အလှ" စာအုပ် ဖြစ်ပါတယ်။ ဖိုင်အမျိုးအစား application/htmlမြန်မာ စာပေ တိုက်ပွဲများ'အယူအဆရေးရာ၊ စာပေရေးရာ၊ သမိုင်းရေးရာ၊ ပုဂ္ဂလိကရေးရာ၊ အတ္တရေးရာ' တို့အတွက် စာပေခေတ် အဆက်ဆက် ကလောင်လက်နက် ဆင်နွှဲခဲ့ကြသော၊ စာပေ ဗိမာန်ဆုရ၊ မေမြို့မိုးကြည်ရဲ့ "မြန်မာ စာပေ တိုက်ပွဲများ"၊ အေးxမိုးစာပေ၊ တတိယအကြိမ် (ပေါင်းချုပ်)၊ ၁၉၈၅၊ ဇူလိုင်လထုတ် ပုံနှိပ် စာအုပ်ကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဖိုင်အမျိုးအစား application/htmlThe WAVES မဂ္ဂဇင်းများစာရေးဆရာ ကျော်ဝင်း ထုတ်ဝေပြီး၊ အယ်ဒီတာ အဖွဲ့ဝင်များ အဖြစ် ကျော်ဝင်း၊ ရွှေကျော်၊ မောင်ဇေယျာ၊ နေမျိုးသူရတို့ တာဝန်ယူ ထုတ်ဝေနေတဲ့ ၂၀၀၈ ခုနှစ်ထုတ်၊ "The WAVES မဂ္ဂဇင်း"များ ဖြစ်ပါတယ်။ ဆက်သွယ်ရန် လိပ်စာ - အမှတ် (၂၁၇)၊ ပထမထပ် (ဝဲ)၊ ဆိပ်ကမ်းသာလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉၅ ၁၉၃၁၀၆၊ ၃၈၄၁၉၉။နိုင်ငံရေးစာပေမြန်မာအိုင်အက်စ်ပီ (MyanmarISP) မှာ လွှင့်တင်ပေးထားတဲ့ နိုင်ငံတကာ (ဝါ) မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေး စာအုပ် စာတမ်းတွေ သက်သက်ကိုသာ ပြန်လည် စုစည်းဖော်ထားတဲ့ ကွန်ရက် တည်နေရာ တခု ဖြစ်ပါတယ်။စာစုစာရင်းများ"စာစုစာရင်း" ဆိုတာ ပညာရပ် တခုခုနဲ့ ပတ်သက်လို့သော် လည်းကောင်း၊ စာရေးသူ တဦးတယောက်နဲ့ သက်ဆိုင်လို့သော် လည်းကောင်း စုဆောင်း ပြုစုထားတဲ့ စာအုပ်စာရင်းတွေ ဖြစ်ပါတယ်။ မှီငြမ်း အသုံးပြုသူတွေ အလျင်အမြန် လွယ်လွယ်ကူကူနဲ့ ရှာဖွေတွေ့ရှိနိုင်အောင် စာမျက်နှာ အမှတ်စဉ်နဲ့ တကွ တိတိကျကျ ဖော်ညွှန်းထားတဲ့ အသေးစိတ် စာရင်း တခု ဖြစ်ပါတယ်။ သုတေသီတွေ၊ ပညာရှင်တွေ၊ စာကြည့်တိုက်တွေနဲ့ စာဖတ်သူတွေ အတွက် စာစုစာရင်းဟာ တန်ဖိုး မဖြတ်နိုင်အောင်ကို အရေးပါပြီး ရည်ညွှန်း အမျိုးအစား အဖြစ် အသုံးပြုနိုင်တဲ့ စာရင်းတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှင့်တင်ထားတဲ့ မြန်မာစာပေ စာအုပ်တိုက်တွေ၊ ယင်းတိုက်ထုတ် စာအုပ် စာတမ်းတွေ၊ မဂ္ဂဇင်းတွေနဲ့ စာရေးဆရာတွေရဲ့ စာစုစာရင်းတွေဟာ ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာ ဌာန၊ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာဘွဲ့အတွက် လိုအပ်ချက်များ၏ တစိတ်တဒေသ အဖြစ်၊ စာကြည့်တိုက် သင်တန်းသူ သင်တန်းသားများ လေ့လာပြုစု တင်ပြခဲ့ကြတဲ့ ကျမ်းငယ်တွေ ဖြစ်ပါတယ်။
Categories: Feature Blogs

17.05.2012 နေ့ဖတ်ရန်သတင်းများ

14 hours 54 min ago
by Myanmar Journal on Wednesday, May 16, 2012 at 5:59pm ·မလာဒစ်ရှ် တရားခွင်ကို မထီမဲ့မြင်ပြုဒုတိယကမ္ဘာစစ်ပြီး ကထဲက အရက်စက်ဆုံး စစ်ရာဇဝတ်မှု ကျူးလွန်သူလို့ စွပ်စွဲခံရသူ ဘော့စနီးယား ဆာ့ဘ် စစ်ခေါင်းဆောင် ရက်ကို မလာဒစ်ရှ်ကို စစ်ဆေးတဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်က နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို မေ ၁၆ မှာ ပြန်လည် စတင်လိုက်ပါတယ်။လက်ခုပ်လက်ဝါးတီးလို့ လက်မထောင်ပြီး တရားရုံးကို မထီမဲ့မြင်လုပ်တဲ့ ဗိုလ်ချုပ်ကြီးစွပ်စွဲခံထားသူ ဗိုလ်ချုပ်ကြီး မလာဒစ်ရှ်က တရားခွင်ထဲ ဝင်လာတဲ့အချိန်မှာ လက်မကို ထောင်ပြခဲ့သလို လက်ခုပ်လက်ဝါးတီးခဲ့တာလည်း တွေ့ရပါတယ်။၁၉၉၅ ခုနှစ် ဘောလကန် စစ်ပွဲအတွင်း ဆာဘရန်နီကာမှာ မွတ်ဆလင် အမျိုးသားကြီးငယ် ခုနစ်ထောင်ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်မှုပေါင်း ပြစ်ချက် ၁၁ ချက်နဲ့ မလာဒစ်ရှ်ကို စွပ်စွဲထားကြတာ ဖြစ်ပါတယ်။စွဲချက်တင်တဲ့ အမှုလိုက်တဉီးဖြစ်တဲ့ ဒါမို့ ဂရူးမ်ကလည်း မလာဒစ်ရှ်ဟာ လိင်အကြမ်းဖက်တာတွေကို လက်နက်အဖြစ် အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ သူက မလာဒစ်ရှ်ဟာ ဘော့စနီးယားမှာ မျိုးဖြုတ် သန့်စင်မှုအတွက် လိင်မှုအကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေကို လုပ်ခဲ့ပါတယ်၊ အမျိုးသမီးတွေဟာ အဓိက ပစ်မှတ်ဖြစ်ခဲ့တဲ့အပြင် အမျိုးသားတွေဟာလည်း လိင်အကြမ်းဖက် ခံရတဲ့အထဲမှာ ပါခဲ့တယ်လို့ ပြောပါတယ်။အခုတော့ အသက် ၇၀ နီးပါးရှိနေတဲ့ ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းကို မြန်မြန် တရားစီရင်နိုင်အောင်လို့ သူ့ကို စွပ်စွဲထားတဲ့ ပြစ်ချက် တဝက်လောက်ကို လျှော့ပစ်လိုက်တယ်လို့ သိရပါတယ်။ချားလ်စ်တေလာက သူ့စွပ်စွဲသူတွေကို ပြန်စွပ်စွဲလိုက်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာရဲ့ အမှုကို သည်ဟိတ်ဂ် နိုင်ငံတကာ ရာဇဝတ်ခုရုံးမှာ မေ ၁၆ က ပြန်စတဲ့အခါ မစ္စတာတေလာက ခုခံ ပြောကြားခဲ့ပါတယ်။ပိုက်ဆံပေးခိုင်းခံထားရသူတွေက သူ့ကို စွပ်စွဲတာပါလို့ ဆိုသူ ချားလ်စ် တေလာစစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ မစ္စတာ တေလာက သူ့ကို စွပ်စွဲကြသူတွေဟာ ပိုက်ဆံပေးပြီး အငှား ခံထားရတာ ဖြစ်တယ်၊ အခုလို မထွက်ဆိုဘူးဆိုရင် ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ခံထားရသူတွေ ဖြစ်ပါတယ်လို့ ခုံရုံးကို သူ တင်ပြတဲ့ တုန့်ပြန် လျှောက်လဲမှုမှာ ပြောဆိုထားပါတယ်။ကမ္ဘာတဝှန်းက ဘယ်လို အကြမ်းဖက် ရက်စက် ကျူးလွန်မှုကို မဆို သူ့အနေနဲ့ ဆန့်ကျင်ကြောင်းလည်း စွပ်စွဲခံ သမ္မတဟောင်းက ပြောပါတယ်။အနောက် အာဖရိက က နိုင်ငံတခုဖြစ်တဲ့ ဆီယာလီယွန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ စိန်တွင်းတွေကို ရမယ့်အရေးကို အရင်းတည်လို့ သူပုန်တွေကို မစ္စတာ တေလာက လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆီယာလီယွန်အတွက် အထူး ဖွဲ့စည်းထားတဲ့ တရားရုံး တရားသူကြီးတွေက သုံးသပ်ကြပါတယ်။ပြစ်ဒဏ်အနေနဲ့တော့ သူဟာ နှစ်ပေါင်း ၈၀ အပြစ် ကျခံရဖို့ ရှိပါတယ်။ စီရင်ချက်ကိုတော့ ဒီလကုန်ပိုင်းမှာ ချမှတ်သွားမယ်လို့ သိရပါတယ်။ရောင်းစားခံ မြန်မာ လုပ်သားများ ထိုင်းရဲ ကယ်တင်ထိုင်းမှာ တရားမဝင် အလုပ်လုပ်နေသူ မြန်မာ လုပ်သား အများအပြားရှိနေထိုင်းကို တရားမဝင် ရောက်လာပြီး စက်ရုံတွေမှာ လုပ်ခ မရပဲ မတရား ခိုင်းခံ နေရတဲ့ မြန်မာ အ လုပ်သမား တချို့ကို ထိုင်းအခြေစိုက် မြန်မာ အ လုပ်သမားများ ကူညီရေး အဖွဲ့၊ ထိုင်းရဲနဲ့ ကုလသမဂ္ဂတို့ ပေါင်းပြီး ကယ်တင် နိုင်ခဲ့ပါတယ်။ဘန်ကောက် တောင်ဘက်က ပုဇွန် စက်ရုံတခုမှာ ကျေးကျွန် သဖွယ် နှစ်နဲ့ချီ အလုပ် လုပ်နေရတဲ့ မြန်မာ အလုပ်သမား တရာကျော်ကို ခုရက်ပိုင်း အတွင်းက ကယ်တင် နိုင်ခဲ့ပါတယ်။တရက်ကို နာရီ နှစ်ဆယ်လောက်ထိ အလုပ်လုပ်ကြရပြီး အဟာရ ပြည့်အောင် မစားရ၊ ကျန်း မာရေး ထိခိုက်ပြီး နားရက် မရှိကြဘူးလို့ လွတ်လာတဲ့ အလုပ်သမ တယောက်က ပြောပါတယ်။အလုပ်ရှင်က အလုပ်သမားတွေကို လှောင်ပိတ် ထားပြီး လုပ်ခ တိုက်ရိုက် မရှင်းဘဲ ပွဲစားကိုပဲ ပိုက်ဆံပေးပြီး ပွဲစားက အလုပ်သမား တယောက်အတွက် တရက်လုပ်ခ ဆယ်ဘတ်သာ ပေး ပါတယ်။ထိုင်းမှာ လူကုန်ကူးမှုရဲ့ ဓားစာခံ အဖြစ် ရောက်လာသူတွေ အမြောက်အမြား ရှိတယ်လို့ ထိုင်းရောက် မြန်မာ နိုင်ငံသားများ အဖွဲ့က ပြောပါတယ်။တရားမဝင် ရောက်လာကြတာ ဖြစ်တဲ့ အတွက် အလုပ်သမားတွေဟာ ပွဲစားကိုသာ အား ကိုးရပြီး ပွဲစားတွေက တခြား အလုပ်တွေကို ပြန်ရောင်းစားပါတယ်။တချို့ဆို 'ပြန်လမ်း မရှိတဲ့' ငါးဖမ်းလှေတွေကို အရောင်းစား ခံရပြီး တချို့လည်း အပြင် ထွက်ခွင့် မရတဲ့ စက်ရုံတွေကို ရောင်းစား ခံရပါတယ်။မြန်မာ အလုပ်သမားတွေ ခုလို ဒုက္ခရောက်နေတဲ့ အဖြစ်တွေကို ကယ်တင် နိုင်ဖို့ အစိုးရ အဆင့်ကနေပြီး အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့် ရအောင် လုပ်ပေးမှသာ ဖြစ်နိုင်မယ်လို့ ထိုင်းရောက် မြန်မာ နိုင်ငံသားများ အဖွဲ့က ပြောပါတယ်။ယူရိုမြဲဖို့ ပြင်သစ် ဂျာမနီ ပူးပေါင်းလုပ်မည်ဂရိမှာ ခြိုးခြံခြွေတာရေး အစီအမံတွေ ဖော်ဆောင်ဖို့ ခက်နေယူရို ငွေကြေး စနစ် မပြိုလဲအောင် ပြင်သစ်နဲ့ ဂျာမနီ နှစ်နိုင်ငံ အတူ ပူးတွဲ လုပ်ဆောင်ဖို့ ဘာ လင်မှာ ရောက်နေတဲ့ ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အော်လန်နဲ့ ဂျာမန် ဝန်ကြီးချုပ် မာ ကဲတို့ တွေ့ဆုံ အပြီးမှာ ပြောကြား လိုက်ပါတယ်။ဒီလ ၂၃ ရက်နေ့မှာ ယူရိုဇုံထဲက ခေါင်းဆောင် တွေ အလွတ် သဘော တွေ့ဆုံကြမယ်လို့လည်း ပြောပါတယ်။ပြင်သစ် သမ္မတ ရွေးကောက်ပွဲ အတွက် မဲ ဆွယ်တုန်းက ဖရန်ဆွာ အော်လန်းက အီးယူ နိုင်ငံတွေကြား သဘောတူထားတဲ့ ဘဏ္ဍာရေး သဘော တူညီချက်ကို ပြန်ညှိမယ်လို့ ကတိပေးခဲ့ပေမယ့် ခု ဂျာမနီ ဝန်ကြီးချုပ်ကတော့ ဒီသဘော တူညီချက်ကို ပြင်လို့ မရဘူးလို့ ပြောနေပါတယ်။တဘက်မှာ ယူရိုဇုံထဲက ဘဏ္ဍာရေး မျက်ဖြူ ဆိုက်နေတဲ့ ဂရိ နိုင်ငံမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေကို အတည်ပြုဖို့ အခက် ကြုံနေပါတယ်။ဂရိဟာ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့နဲ့ အီးယူဆီက ပိုက်ဆံ ဘီလီယံ ရာချီ ချေးခဲ့ရပြီး ဒီပိုက်ဆံတွေ ပြန်ဆပ်နိုင်ဖို့ သူ့တိုင်းပြည်ထဲမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေ ဖော်ဆောင်ဖို့ ဖိအားပေး ခံနေရပါတယ်။ဒါပေမယ့် မကြာခင်က ဂရိက ရွေးကောက်ပွဲမှာ ပြည်သူလူထုက ခြိုးခြံ ချွေတာရေး အစီ အမံကို သဘောတူတဲ့ လက်ရှိ အာဏာရ ပါတီတွေကို ပစ်ပယ်ပြီး ဒီအစီအမံတွေကို ဆန့် ကျင်တဲ့ လက်ဝဲစွန်းနဲ့ လက်က်ျာစွန်းက ပါတီတွေကို ထောက်ခံမှု ပြခဲ့ပါတယ်။ဒီအတောအတွင်းမှာ အီးယူ နိုင်ငံတွေထဲမှာ ဂျာမနီကလွဲပြီး နိုင်ငံ အတော်များများရဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရပ်တန့်လုနီးနီး ဖြစ်နေတဲ့ အတွက် ပြင်သစ် သမ္မတ အော်လန်းက အကြွေး ကိစ္စ အပြင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပြန်မော့လာစေမယ့် အစီအမံတွေကိုလည်း လုပ်ဆောင်ပြဖို့ လိုအပ်လာပါတယ်။ပြင်သစ်နိုင်ငံရဲ့ ကြွေးထူ၊ ဖွံ့ဖြိုးမှုနှုန်း နှေးကွေး၊ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာနေတဲ့ အနေ အထားတွေကို သူ ကောင်းကောင်း သဘောပေါက်တယ်လို့ ပြင်သစ် သမ္မတက ပြောနေပြီး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပြန်ဉီးမော့လာအောင် ပိုက်ဆံ ထပ်ချေးဖို့ လိုနေပါတယ်။ဒါပေမယ့် မာကဲ ဝန်ကြီးချုပ် ဖြစ်နေတဲ့ ဂျာမနီက နောက်ထပ် ပိုက်ဆံချေးဖို့ ကိစ္စကို အ ပြောမခံပါဘူး။ဒါ့ကြောင့် ပြင်သစ် သမ္မတ အော်လန်း အတွက် ရွေးကောက်မခံရခင်က မဲဆန္ဒရှင်တွေကို ပေးထားတဲ့ ကတိကို ဘယ်လို တည်အောင် လုပ်မလဲဆိုတာ ခုချိန်မှာ ဖြေရ အခက်ဆုံး မေးခွန်း ဖြစ်နေပါတယ်။အလုပ်သမား အခွင့် အရေး တောင်းဆို မှုတွေ ဆက်တိုက် ဖြစ်နေစက်မှုဇုံ အလုပ် သမားတွေ အခွင့် အရေး တောင်းဆိုမှု တွေ ဆက်တိုက်ဖြစ်မေလဆန်းပိုင်း ကတည်းက စက်မှုဇုံ အလုပ်သမား တွေ လခတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ဆက်တိုက် ဖြစ်နေ ရာမှာ ဗုဒ္ဓဟူးနေ့ ကလည်း အထည်ချုပ် စက်ရုံ(၃)ရုံက အ လုပ်သမားတွေ ဆန္ဒ ပြခဲ့ကြ ပါတယ်။လှိုင်သာယာ စက်မှုဇုံက အထည်ချုပ် စက်ရုံတွေ ဖြစ်တဲ့ စပါယ်ပွင့်နဲ့ ပုလဲ စက်ရုံတို့က အလုပ်သမား ၁၅၀၀ နီးပါးဟာ အလုပ်ရှင်နဲ့ ညှိနှိုင်း ဆွေးနွေးပေမဲ့ မပြေလည်တာကြောင့် ကားငှားပြီး ခရိုင် အလုပ်သမားရုံး ရှိရာ မရမ်းကုန်း ကိုသွားရောက် တိုင်ကြားခဲ့ ကြ ပေမဲ့ အလုပ် သမားရုံး တာဝန်ရှိသူတွေက ဖြေရှင်း မပေးနိုင်တဲ့ အကြောင်းနဲ့ အလုပ်ရုံကို ပြန်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ သာ ပြောလိုက်တဲ့ အကြောင်း အလုပ်သမား ခေါင်းဆောင်က ဘီဘီစီကို ပြော ပါတယ်။သူတို့လို အလုပ် သမားတွေ အတွက် စက်ရုံ တွေမှာ ပုံသေ ခံစားခွင့် လစာရယ်လို့ မရှိဘဲ ပေးသလောက်သာ ရကြ တာကြောင့် နစ်နာလွန်းတဲ့ အတွက် တောင်းဆို တာလို့ ဆိုပါတယ်။အလုပ်သမား အဖွဲ့တွေသာ ဖွဲ့စည်းထားပေမဲ့ အလုပ်သမား တွေရဲ့ အခွင့် အရေး အတွက် မားမား မတ်မတ် ရပ်တည်ပြီး ဆောင်ရွက်ပေးမယ့် သူ မရှိတာကို မကျေမနပ် ဖြစ်မိတယ်လို့ လည်း အလုပ်သမား ခေါင်းဆောင်က ပြောပါတယ်။ဒါ့အပြင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတာကို စက်ရုံတွေက လက်မခံတဲ့ အပြင် တာဝန် ရှိသူတွေ ကလည်း အသေအချာ ဖြေရှင်းပေး မပေးဘူးလို့ သူက ပြောပါတယ်။အလုပ်သမားတွေ ဘက်ကတော့ တာဝန်ယူ ဖြေရှင်း မပေးဘူး ဆိုရင် ဆက်လက်ပြီး ဆန္ဒပြ ကြမယ်လို့ ပြောပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှု ဖြစ်ခဲ့တဲ့ ဟိုင်မို ဆံပင်တု စက်ရုံကလည်း သုံးပွင့်ဆိုင် ဖြေရှင်းပြီးကာမှ တကယ်တန်း သဘောတူခဲ့တာ တွေကို အလုပ်ရှင်ဘက်က လုပ်ဆောင် မပေးခဲ့တဲ့ အတွက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက အလုပ်သမားတွေ အလုပ် မဆင်း ကြဘူးလို့ သိရပါတယ်။ အမေရိကန်ပြည်သူတွေက ရုတ်သိမ်းမယ်ဆို မကန့်ကွက် အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ ဒဏ်ခပ်ပိတ်ဆို့ အရေးယူမှုတွေကို ဥရောပနည်းတူ ဆိုင်းငံ့လိုက်ဖို့ တိုက်တွန်း ပြောကြားပြီးနောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလားတူ ပြောကြားလိုက်ပေမယ့်လို့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန်လှည့်ဖို့ အနေအထားမှာ ရှိနေသေးတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။လွှတ်တော်ထဲ တရားဝင်ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် တက်ရောက်ပြောကြားတဲ့ ဝါရှင်တန်က နိုင်ငံခြား ဆက်ဆံရေး ကောင်စီ အခမ်းအနားကို စကိုက်ပ်ကနေ အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်သူတွေက ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖို့ သင့်ပြီလို့ ထင်တယ်ဆိုရင် သူ့အနေနဲ့ ဆန့်ကျင်ဖို့ မရှိတဲ့အကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။တချိန်တည်းမှာပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အိတ်ခ်ျ အာရ် ဒဗလျူ ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကို မထိခိုက်မယ့် ရင်းနှီမြှုပ်နှံမှု အသစ်တွေ ခွင့်ပြုနိုင်မယ့် စည်းမျဉ်း စည်းကမ်းသစ်တွေ လုပ်နိုင်မှ ပိတ်ဆို့မှုတွေကို လုပ်သင့်တယ်၊ အလျဉ်မလိုသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။စိတ်ကူးယဉ်ဆို စိစစ်ရေး တင်စရာမလိုစိတ်ကူးယဉ်ဝတ္ထုတွေကို ရေးသားထုတ်ဝေမယ်ဆို စာပေစိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ ပြည်တွင်းက သတင်းသမားတွေကနေ စုံစမ်း သိရပါတယ်။နိုင်ငံရေးစာပေနဲ့ စိတ်ကူးယဉ် မဟုတ်တဲ့ စာအုပ်တွေ၊ သတင်းဂျာနယ်တွေ မပါသေးဘူးနိုင်ငံရေး စာပေတွေ အပါအဝင် စိတ်ကူးယဉ် မဟုတ်တဲ့ စာအုပ်တွေနဲ့ သတင်းဂျာနယ် တွေကတော့ လတ်တလောမှာ စာပေ စိစစ်ကို တင်ပြီးမှ ထုတ်နိုင်မယ်လို့ ရန်ကုန် မီဒီယာ ဂရုပ်ရဲ့ ဥက္ကဌ ဉီးကိုကို စက်မှုတက္ကသိုလ်က ဘီဘီစီကို ပြောပါတယ်။ဒါပေမဲ့လို့ ဇွန်လကစပြီး စာပေစိစစ်ရေး တင်စရာ မလိုတော့ဘဲ ဘယ်စာပေအမျိုးအစားမဆို ရေးသား ထုတ်ဝေ နိုင်ချေ ရှိတော့မယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။တခါ ဇွန်လလောက်ကစပြီး စာပေစိစစ်ရေး မရှိတော့ဘူးလို့ ဆိုနိုင်ပေမယ့်လို့ သမ္မတ ဉီးသိန်းစိန် လမ်းညွှန်မှုနဲ့ ဖွဲ့စည်းသွားမယ့် စာနယ်ဇင်း ကောင်စီဆိုတာမျိုး ဖွဲ့စည်းလို့ ထိန်းချုပ် သွားမလား ဆိုတာကတော့ စဉ်းစားစရ အချက် ရှိနေတယ်လို့လည်း သိရပါတယ်။၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၀ နိုဝင်ဘာ ၁၃ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးနောက် ၂၀၁၁ မတ် ၃၀ က စလို့ သမ္မတ ဉီးသိန်းစိန် ဉီးဆောင်တဲ့ အစိုးရသစ် တက်လာပြီး မှာတော့ သတင်းဂျာနယ်တွေ အပါအဝင် ပြည်တွင်းမှာ စာပေစိစစ်ရေးရဲ့ မူဝါဒတွေ ဖြည်းဖြည်းချင်း ပြောင်းလဲ လာတယ်လို့တော့ ယေဘူယျ သုံးသပ် နိုင်ပါတယ်။နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေး ထူးခြားမှုတွေ့နိုင်By ကိုသားညွန့်ဦးနှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး တရားဝင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ကြည့်မယ်ဆိုရင် အမေရိကန် မြန်မာဆက်ဆံရေး သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီ ခရီးစဉ်အပေါ် မေးမြန်းသုံးသပ်ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ အခု အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ သိသာထူးခြားတဲ့ အခြေအနေတွေ တွေ့ရနိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ကတော့ အခု ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်အစိုးရအနေနဲ့ ရုပ်သိမ်းဖို့ သင့်လျော်တဲ့အချိန် ဖြစ်တယ် လို့ ပြောပါတယ်။ အထူးသဖြင့် အခုလာမယ့် မေ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုသစ်တွေ ပိတ်ပင်ထားတာ သက်တမ်းပြည့်မှာပါ။အရင်က တနှစ်တခါ သမ္မတအမိန့်နဲ့ သက်တမ်းတိုးခဲ့တဲ့ ဥပဒေဖြစ်တော့ ဒီတခါမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အရေးယူမှု ရပ်နားခွင့်ရှိပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်က အခု မြန်မာနိုင်ငံခြားရေး ၀န်ကြီးခရီးစဉ်ကာလမှာပဲ ဆောင်ရွက်ဖို့ တိုက်တွန်းသွားတာပါ။ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် မက်ကိန်းကလည်း အရေးယူမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ပဲ တောင်းဆိုထားပါတယ်။အရင်ကဆိုရင် မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်ထား ရာကနေ အခုလို တရားဝင်ဖိတ်ကြားပြီး နှစ်ဘက်တွေ့ဆုံမှုတွေဖြစ်လာတာဟာ သိသာထင်ရှားတဲ့ ဆက်ဆံရေး တိုးတက်မှုတရပ်အဖြစ် ယူဆလို့ရပါတယ်။ ဒီလို ဆက်ဆံရေးဖြစ်လာ အောင်လည်း လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဘက်က အတော်လေး ကြီးကြီးမားမား စွန့်စားခဲ့ပြီး ဖြစ် လာတာလို့ ၀ါရှင်တန် ဒီစီက CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက မြန်မာ့အရေး ကျွမ်းကျင်သူ Micheal Green က ယူဆပါတယ်။“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အမေရိကန်-မြန်မာဆက်ဆံရေး ပြုပြင်ပြောင်းလဲဖို့ အတွက် အရင်းအနှီးကြီးကြီးမားမားနဲ့ လုပ်ဆောင်ခဲ့ပေမယ့် အစပထမမှာ ထိရောက်မှုရှိတာကို သိပ် မပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့လအနည်းငယ်က သမ္မတဦးသိန်းစိန်က သိသာတဲ့ ပြောင်းလဲမှုတွေ ဖေါ်ဆောင်ခဲ့ပြီး သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာတဲ့အတွက် အမေရိကန်-မြန်မာဆက်ဆံရေး ပိုလို့ လမ်းပွင့်လာခဲ့ပါတယ်။ ကျနော့်အထင်ကတော့ ဒီ တိုးတက်မှုတွေအတွက် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ မဲခေါင်မြစ် အောက်ပိုင်း စီမံကိန်းမှာ ပါဝင်ခွင့်ရလာနိုင်သလို နိုင်ငံတကာ ဘဏ်ကြီးဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း အကူအညီတွေပေးဖို့ အခွင့်အလမ်း ရှိလာနိုင်ပါတယ်။”အခုလို ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတာနဲ့အတူ နှစ်ဘက် သံအမတ်ကြီးအဆင့် ခန့်အပ်ရေး ကိစ္စလည်း အခု နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကာလအတွင်း အကောင်အထည်ပေါ်လာနိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။ အခု ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေး တိုးတက်မှုတွေ ပိုရှိလာဖို့ အမေရိကန်ဘက်ကလည်း တိုက်တွန်းဖွယ်ရှိတယ်လို့ USCB အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။“ဆက်ဆံရေးကတော့ တိုးတက်လာတာအမှန်ပဲလေ။ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြီးတော့ အပြောင်းအလဲတွေကို အားပေးနေတာကို။ တဘက်မှာလည်း စီးပွားရေးပိတ်ဆို့မှုတွေကို အတိုင်းအတာ တခုအထိ ကိုင်တွယ်ထားတယ်။ တဘက်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ပြီးတော့ မြန်မာအစိုးရရဲ့လက်ရှိ ပြောင်းလဲရေး လမ်းကြောင်းတွေကို မှန်မှန်ကန်ကန်နဲ့ ရှေ့ကို အရှိန်အဟုန်နဲ့တိုးမြှင့်အောင် တွန်းပို့နေတာကို။ ဆိုတော့- မနက်ဖြန်တွေ့ ဆုံကြရင်လည်း အမေရိကန်အစိုးရအနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ နောက်တခါ လူထုအခြေပြု အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်ပေးရေး စသဖြင့်ပေါ့နော်- နောက်တခါ ကချင် ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲရေးနဲ့ တိုင်းရင်းသား လူမျိုးစုများနဲ့ ပြဿနာတွေကို ညီညွတ်စွာဖြေရှင်းရေး၊ ဒါတွေကိုတော့ အလေးပေးပြီး ပြောဆိုဆွေးနွေးလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။”အခုလို အခြေအနေတွေ တိုးတက်လာပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဘက်က စိုးရိမ်ပူပင်နေတဲ့ အချက်တွေ ကတော့ ရှိနေဆဲပါ။ အထူးသဖြင့် အခု ဖြစ်ထွန်းမှုတွေ နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ M. Green က ပြောပါတယ်။“အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို သိပ်မကြာတော့တဲ့အနာဂတ်မှာ ရုပ်သိမ်းပေးနိုင်မယ့်အလားအလာတော့ ကျနော် မမြင်ပါဘူး။ အကြောင်းကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေက ရေရှည်ခံပါ့မလားလို့ ၀ါရှင်တန်မှာ မေးခွန်းထုတ် နေကြလို့ပါပဲ။ တနည်းအားဖြင့် နောက်ပြန်ဆုတ်မယ့် အလားအလာကို စိုးရိမ်နေကြဆဲ ဖြစ်လို့ပါပဲ။ မြောက် ကိုးရီးယား-မြန်မာ နျူးကလီယားနဲ့ စစ်ရေးဆက်ဆံမှုကြောင့် စိုးရိမ်နေကြတာဖြစ်ပြီးတော့ ဒါက အမေရိကန်အစိုးရအတွက် အဓိကပြဿနာဖြစ်တာကြောင့် ဒါကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။“ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် မြန်မာစစ်တပ်က ဆက်လက်တိုက်ခိုက်နေတာ တွေ့နေရ ပါတယ်။ တခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခွင့်ရမလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။ ဒါ့ကြောင့် အခု ဖြစ်ထွန်း တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ စိုးရိမ်မကင်းဖြစ်မှုတွေ ဆက်ပြီး ရှိနေတာပါ။“ဒါပေမယ့်လို့ ခြေတစ်လှမ်းချင်းစီယူပြီး ဒီအပြောင်းအလဲကို ထိန်းသိမ်းသွားရမယ်ဆိုတဲ့ သဘောထားကတော့ ကွန်ဂရက်လွှတ်တော်မှာရော သမ္မတအိုဘားမားအစိုးရထဲမှာရော လက်ခံထားတာကို တွေ့ရပါတယ်။”မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ၀ါရှင်တန်မှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ သလို အခြား အစိုးရအဆင့်မြင့် အရာရှိတွေ၊ အမေရိကန်လွှတ်တော်က ခေါင်းဆောင်တွေကို လည်း တွေ့ဆုံဖို့ရှိပါတယ်။ မနက်ဖြန်ကျရင်တော့ နယူးယောက်မြို့က နိုင်ငံခြား ဆက်ဆံရေးကောင်စီမှာ စကားပြောဖို့ ရှိပါတယ်။ဦးဝဏ္ဏမောင်လွင်ဟာ အရင်က အမေရိကန်ပြည်ထောင်စုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် လာရောက်ခဲ့တာ ရှိပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ ခရီးစဉ် အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ ဒါကြောင့် ဦးဝဏ္ဏမောင်လွင်ရဲ့ အခုခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး တရားဝင် အစိုးရခရီးစဉ် ဖြစ်ပေမယ့်လို့ ၀ါရှင်တန် ဒီစီကို လာရောက်တာတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။စာနယ်ဇင်းကောင်စီ ဘယ်လဲ ဘာလဲBy ကျော်ကျော်သိန်းမြန်မာအစိုးရက ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားတွေအတွက် မဟုတ်ဘဲ စာပေ စိစစ်ရေးအဖွဲ့ လိုမျိုး ရပ်တည်လုပ်ဆောင်မယ့်သဘော တွေ့နေရတယ်လို့ ပြည်တွင်း စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။ အဲဒါကြောင့် လည်း လက်ရှိ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့ကမှ စာနယ်ဇင်းကောင်စီမှာ ပါဝင်ရေး ဆုံးဖြတ်ချက် မကျသေးပါဘူး။ စာနယ်ဇင်းကောင်စီအပေါ် လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့အသီးသီးရဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။စာနယ်ဇင်းကောင်စီနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပေးထားတဲ့အချက်တွေထဲမှာ လက်ခံနိုင်တဲ့အချက်တွေ ပါသလို မသင့်တော်ဘူးလို့ ထင်တဲ့အချက်တွေ ပါနေတာကြောင့် ပြင်ဆင်ပေးရေး အကြောင်းပြန်ဖို့ ဆုံးဖြတ်ထားတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီ MJA ပါ။ မေလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီရဲ့ အစည်းအဝေးအတွင်း အဲဒီလို ဆုံးဖြတ်ခဲ့ကြတာပါ။ဘယ်လိုအချက်မျိုးတွေကို မသင့်တော်ဘူးလို့ မြင်တာလည်းဆိုတာကိုတော့ ကော်မတီရဲ့နာယကတဦးဖြစ်သူ ၀ါရင့် သတင်းစာ ဆရာ ဦးစိုးသိမ်း ခေါ် မောင်ဝံသ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။“ဒီစာနယ်ဇင်းကောင်စီဆိုတာကလည်း ဘာပဲပြောပြော ကျနော်တို့ သတင်းမီဒီယာအဖွဲ့အစည်းပဲ၊ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း၊ နောက် စာနယ်ဇင်းအားလုံးကို သက်ဆိုင်တဲ့ အကျုံးဝင်တဲ့ အဖွဲ့အစည်းဖြစ်တော့ တကယ်ကတော့ စာနယ်ဇင်း သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တာ၊ စာနယ်ဇင်းသမားတွေရဲ့ စာပေလွတ်လပ်ခွင့်ပေါ့၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးတာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတဲ့၊ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်တယ်။ အခုကတော့ စာပေစီစစ်ရေးနေရာမှာ စာပေစီစစ်ရေးရဲ့လုပ်ငန်းတွေကို ယာယီအစားထိုးပြီး ၀င်လုပ်ရတဲ့ အချက် အလက်တွေ အဲ့ဒီလိုပါနေတာ တွေ့ရတယ်။ အဲဒါကြောင့် ဒါတွေကတော့ဖြင့် မသင့်ဘူးလို့ အဲဒီလို အကြံပြုမယ်လို့ စဉ်းစားထား ပါတယ်။”တကယ်လို့သာ သူတို့ ပြင်စေချင်တဲ့အချက်တွေ အကုန်လုံးကို ၀န်ကြီးဌာနဘက်က မပြင်ဆင်ပေးခဲ့ ဘူးဆိုရင်တော့ ကောင်စီမှာ ပါဝင်ဖို့ ခက်လိမ့်မယ်လို့လည်း ဦးဝံသ က ပြောပါတယ်။တခါ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းသမဂ္ဂ MJU အနေနဲ့လည်း ကောင်စီမှာပါဝင်ရေးကိစ္စ ကို လောလောဆယ်မှာ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ သမဂ္ဂ ထူထောင်သူတွေထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးက ဗွီအိုအေ ကို ပြောပါတယ်။ ဒါ့အပြင် ကောင်စီကို ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ကွဲပြားနေတာ ကြောင့် ပါဝင်ဖို့ခက်မယ်လို့ ဆိုပါတယ်။“အခုအတိုင်းဆိုရင်တော့ စာနယ်ဇင်းကောင်စီမှာ ကျနော်တို့က တက်တက်ကြွကြွနဲ့ ပါဖို့ အလားအလာ နဲပါတယ်။ ဘာလို့လဲဆို တော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပြီးတော့ ထင်သာမြင်သာရှိတဲ့ အချက် (၂) ချက်ပါ၊ နံပါတ်တစ်က Freedom OfExpression ဆိုတဲ့ လွတ်လပ်စွာရေးသားခွင့်ကို ကာကွယ်ဖို့နဲ့ Defend to the all of Journalists ပေါ့ဗျာ၊ ဒီဂျာနယ်လစ် အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့ပါ၊ အဲဒီတော့ ဒီအချက် (၂) ချက်ကိုပဲ ကျနော်တို့က ဆောင်ရွက် မှာ ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး National Press Council မှာလိုမျိုး ပါပြီးတော့ စာပေအဖွဲ့တွေရဲ့ ထိန်းညှိဖို့ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတဲ့နေရာမှာတော့ ကျနော်တို့ အဖွဲ့ရဲ့ အဓိပ္ပါယ်နဲ့ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဒီအပေါ်မှာ ပါဝင်ဖို့ ခဲယဉ်းပါတယ်။”လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဥပဒေမူကြမ်းတခုကို ရေးဆွဲပြုစုနေဆဲဖြစ်ပြီး ဇွန်လအတွင်း ပြန်ကျင်းပဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ် အခိုင်အမာ ထွက်မလာသေး တဲ့အတွက် ကောင်စီမှာပါဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆုံးဖြတ်လိုက်တဲ့အဖွဲ့ကတော့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ပါ။ သူတို့ကွန်ယက်ကလည်း မေလ ၁၆ ရက်နေ့မှာပဲ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် စာနယ်ဇင်းကောင်စီ ဆိုတာဟာ အစိုးရက ကြီးမှူးဖွဲ့စည်းရမှာမဟုတ်ဘဲ စာနယ်ဇင်းသမားတွေကသာ လွတ်လွတ် လပ်လပ် ဖွဲ့စည်းရမှာဖြစ်တယ်လို့ သူတို့ကွန်ယက်က သဘောရပါတယ်။ စာပေစိစစ်ရေးအဖွဲ့လို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး တွေ့ရတဲ့အတွက်လည်း လက်မခံနိုင်ဘူးလို့ ကွန်ယက်ရဲ့ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထက်နိုင်ဇော်က ဗွီအိုအေ ကို ပြောပါတယ်။“အဲဒီအချက်တွေကို ကျနော်လက်မခံ နိုင်ပါဘူး။ အဲဒီထဲမှာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေပေါ့၊ ဥပဒေနဲ့အညီ ပြည်တွင်းမှာရှိတဲ့ စာပေတွေကို ကြပ်မတ် စိစစ်ဖို့ ကောင်စီက လုပ်ရမယ်လို့ တာဝန်တွေမှာပါတယ်။ အဲဒီတာဝန်တွေကိုကျနော်သဘောမကျဘူး။”ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ အဖွဲ့အသီးသီး ကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ထုတ်ဝေ မယ့်စာတွေကို စာပေစိစစ်ရေးအဖွဲ့ကနေ စိစစ်ဖြတ်တောက်တာမျိုး လုပ်နေတာတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မယ့် အကြောင်း၊ လာမယ့် ဇွန်လအတွင်းမှာ Press Council လို့ပြောနေတဲ့ စာနယ်ဇင်းကောင်စီတခု ဖွဲ့စည်းမယ့်အကြောင်းနဲ့ အဲဒီ စာနယ်ဇင်းကောင်စီထဲမှာ ကိုယ်စားလှယ် ၆ ဦးစီ ပေးပို့ဖို့ဆိုတဲ့ကိစ္စတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ MJA၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU နဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN တို့က သူတို့ရဲ့ သဘောထားတွေကို အခုလို ထုတ်ပြောလာကြတာပါ။စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စိစစ်ရေးအဖွဲ့က စိစစ်တာမျိုးတွေ မလုပ်တော့တဲ့အပေါ် စာနယ်ဇင်းလောက သားတွေက ကြိုဆိုကြပေမဲ့လည်း အဲ့ဒီအစား အခု စာနယ်ဇင်းကောင်စီဆိုတာမျိုးကနေ တဆင့် ထိန်းချုပ်လာမှာမျိုးကို စိုးရိမ်နေ ကြတာလည်းဖြစ်ပါတယ်။စာနယ်ဇင်းကောင်စီဟာ စီစစ်ရေးမဟုတ်By သင်းသီရိမြန်မာနိုင်ငံမှာ စာနယ်ဇင်းကောင်စီဟာ စာပေစီစစ်ရေးကို အစားထိုးဖို့ ဖွဲ့စည်းတာ မဟုတ်ဘူးလို့ jပန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဌာန အကြီးအကဲက ပြောလိုက်ပါတယ်။ အခု ဖွဲ့စည်းဖို့ စီစဉ်နေတဲ့ စာနယ်ဇင်း ကောင်စီဟာလည်း လွတ်လပ်စွာ သတင်း လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သာဖြစ်ပြီး ဒီကောင်စီ ပေါ်လာအောင် ပြန်ကြားရေးအဖွဲ့က ကူညီနေတာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့  ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်းထာတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်ကိုတင်ပြဖို့ လုပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေသစ် မူကြမ်းထဲမှာ စာနယ်ဇင်းကောင်စီ အခန်းကဏ္ဍပါတာမို့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေကို ကြိုပြီးတော့ လုပ်နိုင်အောင် အခုကတည်းက ဖွဲ့စည်းဖို့အတွက် ပြန်ကြားရေးဌာနက ကြိုးစားနေတာ ဖြစ်ပါတယ်။ စာပေစာနယ်ဇင်းထဲက ကိုယ်စားပြုသူတွေ ပါဝင်မယ့် စာပေ စာနယ်ဇင်း ကောင်စီကို ဇွန်လထဲ ဖွဲ့စည်းနိုင်ဖို့ စီစဉ်နေပြီး ဒီကောင်စီ ဖွဲ့စည်းပြီးရင်တော့ စာဆောင်တွေအားလုံးဟာ ဆင်ဆာဘုတ်အဖွဲ့ကို တင်ပြစရာမလိုပဲ ထုတ်ဝေခွင့် ရကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် စာပေစီစစ်ရေး ဘုတ်အဖွဲဆိုတာလည်း မရှိတော့ဘူးလို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ဒါပေမယ့် စာနယ်ဇင်းကောင်စီကို ပြန်ကြားရေးက ဖွဲ့ပေးမှာမို့ လွတ်လပ်ပါ့မလား၊ စာပေစီစစ်ရေးအဖွဲ့ကိုလည်း ဖျက်တော့မှာမို့ စာပေစာနယ်ဇင်းကောင်စီကို စာပေ စီစစ်ရေးအဖွဲ့အတွက် အစားထိုးဖို့ စီစဉ်တာလားများ ဆိုတဲ့ မေးခွန်းတွေနဲ့ စိုးရိမ်မှုတွေ သတင်းလောကထဲမှာ ရှိနေပါတယ်။ ဒီအပေါ်မှာ ပြန်ကြားရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကတော့ စာနယ်ဇင်း ကောင်စီပေါ်လာဖို့ ပြန်ကြားရေးက ကူညီတာသာ ဖြစ်တယ်လို့ ပြောပါတယ်။"စာနယ်ဇင်းကောင်စီကို ကျနော်တို့ဖွဲ့တာက ပြန်ကြားရေး ၀န်ကြီးဌာနအောက်မှာလည်း မဟုတ်ပါဘူး၊ စာပေေ လာကသားတွေကလည်း တတ်နိုင်သမျှ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြန်မြန် ရချင်တယ်ဆိုပြီးတော့ ကျနော်တို့ ၀န်ကြီးကို တင်ပြတာတွေ ရှိပါတယ်။ အဲဒါတွေ အားလုံးကို အဖက်ဖက်က စဉ်းစားပြီးတော့မှ ၀န်ကြီးက စာနယ်ဇင်းကောင်စီတခုကို နိုင်ငံတော်သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပေးနိုင်ဖို့ ကျနော်တို့ တင်ပြဖို့ ဆောင်ရွက်ပါမယ်။ အဲဒီစာနယ်ဇင်းကောင်စီ ပေါ်လာရင်တော့ စာဆောင်တွေအားလုံးဟာ ထုတ်တင်စံနစ် ဖြစ်သွားပြီးတော့မှ စာပေ စီစစ်ရေးလုပ်ငန်း ဆိုတာလည်း မရှိတော့ပါဘူး။ ဖွဲ့ပြီးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ရေးခွင့်ရလို့ပေါ်ပေါက်လာမယ့် ကျင့်ဝတ်ဆိုင်ရာ ပြသနာတွေ၊ ကိစ္စမျိုးတွေ ဆိုရင်တော့ စာနယ်ဇင်းကောင်စီက ဖြေရှင်းပေးပေါ့။"စာပေစီစစ်ရေးအဖွဲ့ဟာ ရုံးပိုင်းလုပ်ငန်းတွေကိုသာ လုပ်ကိုင်မယ့် ဌာနတခု အနေနဲ့ပဲ ရှိမယ်လို့လည်း ပြောပါတယ်။ အခုဆိုရင် နိုင်ငံမှာ ပြဌာန်းဖို့ စီစဉ်နေတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေမူကြမ်းကို ဇူလှိုင်လထဲလောက်မှာ ပြန်ကျင်းပနိုင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။"အဲဒါက ကျနော်တို့ ဒုတိယအကြိမ် မူကြမ်းကို ရှေနေချုပ်ရုံးကို တင်ထားပါတယ်။ ရှေ့နေချုပ်ရုံးက အကြံပြုချက်တွေကို ကျနော်တို့ ရမယ်ဆိုရင် ဇွန်လအတွင်းမှာ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ယူမယ်၊ ပြီးရင်တော့ ပြည်ထောင်စု လွှတ်တော်က ဇူလှိုင်လထဲလောက်မှာ ခေါ်မယ်ဆိုတဲ့ သတင်းတွေကြားနေတော့ စခေါ်တဲ့အချိန်မှာ ကျနော်တို့ တင်နိုင်အောင် လုပ်ပါ့မယ်ခင်ဗျ။"ဒါပေမယ့် အခုရေးဆွဲထားတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေမူကြမ်းဟာ ၁၉၆၂ တော်လှန်ရေးကောင်စီ လက်ထက်ကရေးဆွဲထားတဲ့ ပုံနှိပ် မီဒီယာ ဥပဒေကို မှီငြမ်းထားတာမို့ လွတ်လပ်မှု မရှိနိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ ဦးရဲထွဋ် ရှင်းပြတာကတော့ - "နံပါတ်တစ်ကတော့ဗျာ ၆၂ ဥပဒေကို မှီငြမ်းတယ် ဆိုတဲ့အခါ ကျနော်တို့ မှီငြမ်းတာ ဘယ်လိုဟာလဲ ဆိုတော့ ဥပမာ အဓိပ္ပါယ် ဖွင့်ဆိုချက်လို ဟာမျိုးတွေ၊ နောက်�€Unlike ·  · Share

လမ်းဘေးတက္ကသိုလ်

Wed, 05/16/2012 - 18:23
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Wednesday, May 16, 2012 at 1:16am ·ကျွန်တော်တို့မှာ ကံမကောင်း အကြောင်းမလှ၍ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းပညာအထိသာ သင်ကြားခဲ့ရပေသည်။ တက္ကသိုလ်ပညာကို မသင်ကြားခဲ့ရချေ။ဆယ်တန်းပညာကို သင်ကြားခဲ့ရသည်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က ဖြစ်ပေသည်။ ခုနှစ်တန်းအောင်ပြီးနောက် ရှစ်တန်း ကိုးတန်းသို့ ရောက်သည်ဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ အတော်အတန် ဖတ်တတ်လျက် ဥာဏ်လည်း အတော်အသင့် ပွင့်လာပြီဖြစ်၍ စာပေဖတ်ရှုလိုသော စိတ်ဆန္ဒများ ထက်ထက်သန်သန် ပေါ်ပေါက်လာလေသည်။ထိုစဉ်က ကျွန်တော်တို့ နေခဲ့ရသော ပြည်မြို့မှာ ရန်ကုန်နှင့် မန္တလေးမြို့များမှ လွဲ၍ ရှေ့တန်းကျသော မြို့ကြီးတမြို့ ဖြစ်သော်လည်း လူငယ်လူလတ်များ ဖတ်ရှုရန် စာပေမူကား အလွန်ပင် နည်းပါးလေသည်။ လူအများ ဖတ်ရှုနိုင်သော စာကြည့်တိုက်ဟူ၍ တတိုက်သာရှိရာ ထိုတတိုက်တည်းမှာလည်း ဘုရာ့တကာ၊ ကျောင်းတကာ လူကြီးအနည်းငယ်မျှသာ ၀င်ထွက်ခွင့်ရ၍ ကျွန်တော်တို့ ကျောင်းသားလူငယ်များမှာ အနီးသို့ပင် ကပ်ခွင့် မရကြချေ။ ကျောင်းတွင်းရှိ စာကြည့်တိုက် ဆိုသည်မှာလည်း ဘီရိုတလုံးနှင့် ခေတ်မမီသော အင်္ဂလိပ်စာအုပ် အဟောင်းများသာ ရှိသည့်အပြင် ကျောင်းသားများ ငှားယူဖတ်ရှုခြင်းကို အားမပေးဘဲ အမြဲပိတ်ထားသဖြင့် ကျောင်းသားများ အဖို့မှာ စာကြည့်တိုက်မရှိသည်နှင့် တူနေလေသည်။ အားလပ်ချိန်တွင် ကျောင်းသားများ စုရုံးကြသော ခန်းမကြီးတွင်မူကား ရန်ကုန်ဂေဇက်၊ ရန်ကုန်တိုင်း၊ ဘားမားတိုင်း၊ ဆန်းဒေးတိုင်း စသော အစိုးရကြိုက် အင်္ဂလိပ်သတင်းစာ လေးစောင်နှင့် သူရိယမဂ္ဂဇင်းတစောင်သာ ရှိလေသည်။ အင်္ဂလိပ်သတင်းစာ များကို ကိုးတန်းဆယ်တန်း ကျောင်းသားကြီး လေးငါးယောက်သာ ဖတ်ရှုကြ၍ ကျွန်တော်တို့တသိုက်ကမူကား သူရိယမဂ္ဂဇင်းကို ကြိုက်ကြသည်။ သို့သော် မဂ္ဂဇင်းတစောင်သာရှိလျက် ဖတ်လိုသော ကျောင်းသားက သုံးလေးဆယ် ဖြစ်နေသဖြင့် သူ့ထက်ငါဦး၊ အပြင်းအထန် လုယက်နိုင်မှ ဖတ်ရလေသည်။ ကျွန်တော်မှာ နှစ်လလောက်မှ တစောင်ဖတ်ရလေသည်။ကျောင်းတွင်း၌ ဤမျှ ဖတ်ရှုဖွယ်ရာ ရှားပါးရာ ကျောင်းပြင်မှာလည်း ပေါပေါများများ ရှိပါသလားဟု ဆိုလျှင် မရှိချေ။ အိမ်များတွင် ကြည့်လျှင် အင်္ဂလိပ်စာအုပ်ဟူ၍ တအုပ်မျှပင် မရှိတတ်ချေ။ မြန်မာစာအုပ်ဆိုလျှင်လည်း ဘုရားရှိခိုး မူဟောင်း၊ သုတသန္နိစ္စယ၊ အိပ်မက်တိတ္ထုံ၊ ကျပင်းတရားစာ စသည်များသာ သုံးလေးအုပ်မျှ ရှိတတ်ပေသည်။ အချို့ စာဖတ်သည်၊ ခေတ်မီသည်ဆိုသော အိမ်များတွင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားသော ဒီပနီစာအုပ် တအုပ်နှစ်အုပ်မျှ ရှိတတ်လေသည်။ ကျောင်းသားအရွယ်နှင့် သင့်လျော်သော စာအုပ်မူကား မရှိသလောက် ဖြစ်လေသည်။ ကျောင်းသားအရွယ် လူငယ်များမှာ မိမိတို့ ဖတ်ရှုနားလည် စိတ်ပါဝင်စားသော ၀တ္ထုများကို ဖတ်လိုကြသည်။ ကျွန်တော်တို့ မှန်မှန်ဖတ်နိုင်သော စာအုပ်မှာ ရက်သတ္တတပတ် တကြိမ် ထုတ်ဝေသော တမတ်တန် ၀တ္ထုစာအုပ်ကလေးများ ဖြစ်လေသည်။ ၎င်းတို့မှာ ဂျာနယ်ယောင်ယောင်၊ မဂ္ဂဇင်းယောင်ယောင်၊ အဆက်နှင့်ထုတ်သော စာအုပ်မျိုး ဖြစ်၍ တပတ်လျှင် ၀တ္ထုတိုတပုဒ်နှင့် 'ဆက်ရန်ရှိသေးသည်' ၀တ္ထုရှည်တပိုင်းသာ ပါဝင်လျက် လက်တ၀ါးစာလောက် ဒီမိုင်းဆိုက်နှင့် စာမျက်နှာ လေးငါးဆယ်မျှသာ ပါရှိသဖြင့် တမနက်မျှပင် မဖတ်ရချေ။အမှန်အားဖြင့်ဆိုလျှင် ထိုခေတ်က နယ်များ၌ နေထိုင်ရသော ကျောင်းသားလူငယ်များအတွက် စာပေရှားပါး ငတ်မွတ်သောခေတ် ဖြစ်ပေသည်။ဤသို့ နယ်ကျောင်းတွင် စာပေ ငတ်ငတ်မွတ်မွတ် နေခဲ့ရာမှ အင်္ဂလိပ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် ဆယ်တန်းစာမေးပွဲ အောင်ပြီးနောက် ရန်ကုန်သို့ လာရောက်၍ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်ကို စတင် လုပ်ကိုင်ရလေသည်။ ထိုအချိန်မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွါးပြီးနောက် နှစ်နှစ်သာ ရှိပေသေးသည်။ ထိုစစ်ကြီး အတွင်း၌ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း၌ ပါဝင်သော်လည်း စစ်ကြီးမှာ ဥရောပတိုက်နှင့် အာရှတိုက်အနောက်ပိုင်း တူရကီပြည်၊ မက်ဆိုပိုတေးမီးယားပြည်တို့တွင်သာ ဖြစ်ပွါး၍ မြန်မာပြည်သို့ မရောက်သည့်အပြင် စစ်ကြီးကို အကြောင်းပြု၍ ဆန်စပါး၊ ရော်ဘာ၊ ခဲမဖြူ၊ ပဲဖြူကလေး စသော မြန်မာပြည် ထွက်ကုန်ပစ္စည်းများမှာ အရောင်းရလည်း တွင်ကျယ် ဈေးကြီးကြီးလည်း ရသဖြင့် မြန်မာပြည်တလျှာက် တောရောမြို့ပါ ငွေကြေးချောင်လည် သာယာဝပြောလျက် ရှိကြလေသည်။ ကျွန်တော်တို့ ရောက်လာသောအခါ ရန်ကုန်မြို့ကြီးမှာလည်း များစွာပင် ဖွံ့ဖြိုးစည်ကားလျက် ရှိသည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့မှာ ယခုရန်ကုန်မြို့နှင့် နှိုင်းယှဉ်လျင် တောမြို့ကလေးတမြို့လောက်သာ ရှိသေးသော်လည်း မီးလင်းလင်းမျှပင် မမြင်ခဲ့ရ ဖူးသော တောက လူများအတွက်မူကား နတ်ဘုံနတ်နန်းသို့ ရောက်လာသကဲ့သို့ ကြည့်၍မဆုံး၊ ပျော်၍မဆုံး၊ ကြီးကျယ်ခမ်းနား လှသော မြို့ကြီး ဖြစ်ပေသည်။ရန်ကုန်တွင် ပထမ၀ယ်သော စာအုပ်ရန်ကုန်မြို့သို့ရောက်လျင် ကျွန်တော်တို့မှာ အခြားအရာများထက် စာအုပ်များကို ဂရုစိုက်ကြသည်။ ထိုစဉ်က စာအုပ်ဆိုင်များမှာ ဘားလမ်းရှိ စမတ်အင်မူကာဒမ်၊ ကုန်သည်လမ်းရှိ အမေရိကန်ပုံနှိပ်တိုက်၊ ပန်းဆိုးတန်းရှိ ဖာနင်းဒက် ဟူ၍ သုံးဆိုင်သာ ရှိသည်။ ရိုးကုမ္ပဏီနှင့် ၀ှိက်တဝေးတိုက်များတွင်လည်း စာအုပ်များ ရောင်းသည်။ သို့သော် အနည်းစီသာ ဖြစ်သည့်ပြင် ၀တ္ထုစာအုပ်များသာ ဖြစ်လေသည်။ ကျွန်တော်ရေးသားခဲ့ သော 'မြတ်လေးရွှေဓါးဗိုလ်' ၀တ္ထု၏ မှီးရာဖြစ်သော 'စကားလက်ပင်ပါနယ်' ခေါ် အင်္ဂလိပ်ဝတ္ထုကို ၁၉၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့၊ နေ့လည် ၁၂ နာရီလောက်တွင် ရိုးကုမ္ပဏီတိုက်မှ အဖိုးငွေ ၁ ကျပ်ပေး၍ ၀ယ်ယူရရှိပေသည်။ ကျွန်တော် ရန်ကုန်တွင် ပထမဦးစွာ ၀ယ်သော စာအုပ်ဖြစ်သည်။ဤစာအုပ်ဆိုင်ကြီးများသို့ ရောက်သွားသောအခါ ကျွန်တော်တို့မှာ မမြင်ဖူး၊ မကြားဖူးသော စာအုပ်ကြီး၊ စာအုပ်ငယ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ် စသည်တို့ကို တွေ့မြင်ရသဖြင့် တအံ့တသြကြီး ဖြစ်နေပေသည်။ တခါတရံ ဆိုင်တွင်းသို့ ရောက်မိလျှင် တော်တော်နှင့်ပြန်၍ မထွက်နိုင်ကြချေ။ များ များ ၀ယ်နိုင်ကြသူများ မဟုတ်သော်လည်း ဆိုင်ရှင်များက သဘောကောင်းသဖြင့် ကိုင်တွယ်ကြည့်ရှုလိုသလောက် ကြည့်ရှုခွင့်ရသော ကြောင့် မကြာမကြာ သွားရောက်ကြသည်။စာအုပ်ဟောင်းဆိုင်များသို့သော် ကျွန်တော်တို့ အကြိုက်ဆုံးကား ညဈေးတန်း လမ်းဘေးတွင် ချ၍ ရောင်းကြသော စာအုပ် အဟောင်းဆိုင်ကလေးများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြိုက်သည်မှာ အခြားကြောင့်မဟုတ်။ ထိုအချိန်က ကျွန်တော်တို့မှာ လခ ၅၀ိမျှသာ ရရှိသေးရာ စာအုပ်အတွက် တလလုံးမှ လေးငါးကျပ်လောက်သာ သုံးစွဲနိုင်ပေ သည်။ အထက်ပါ စာအုပ်ဆိုင်ကြီးများတွင် စာအုပ်သစ်များမှာ အညံ့ဆုံး၊ အပေါဆုံးပင် တအုပ် တကျပ်ကျလောက် ပေးရသည်ဖြစ်ရာ ညဈေးတန်း အဟောင်းဆိုင်ကလေးများတွင်မူကား အိပ်ထဲတမတ်လောက် ပါရှိလျှင်ပင် ကြိုက်ရာစာအုပ် နှစ်အုပ်သုံးအုပ် ရရှိနိုင်ခြင်းကြောင့် ဖြစ်လေသည်။ ၀ယ်နေကျဖြစ်၍ တခါတရံ ပိုက်ဆံမပါလျင် အကြွေးယူလည်း အလွယ်တကူ ရရှိနိုင်လေသည်။ ကျွန်တော် ရန်ကုန်တွင် အလုပ်စ၍၀င်သော ၁၉၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ ညဦး ခြောက်နာရီခွဲလောက်တွင် စစ်ကဲမောင်ထော်လေးလမ်းထိပ် ဆိုင်ကြီးတဆိုင်ဘေးနားတွင် မှီကပ်၍ ရောင်းနေသော စာအုပ်အဟောင်းဆိုင်လေးတဆိုင်မှ မစ္စက်ဟမ်ဖရီဝပ် ရေးသော 'အိစ်လင်း' ခေါ် ခြောက်ပဲနိတန် အပါးစားဝတ္ထုစာအုပ် အဟောင်းတအုပ်၊ ချားလ်စ်ဂါဗစ် ရေးသားသော တသျှီလင်တန် အပါးစား ၀တ္ထု အဟောင်းတအုပ်၊ အင်္ဂလိပ်ကဗျာဆရာကြီး ရှဲလီရေးသားသော ကဗျာစာအုပ်တအုပ် ဤ သုံးအုပ်ကို ငါးပဲမျှနှင့် ၀ယ်ယူခဲ့လေသည်။ ('အိစ်လင်း' ၀တ္ထုမှာ ဆရာကြီးရွှေဥဒေါင်း၏ ထိုခေတ်က ပြိုင်ဘက်မရှိလောက် အောင် ထင်ရှားသော 'ရတနာပုံ' ၀တ္ထုကြီး၏ မှီးရာ ဖြစ်ပေသည်။) ချားလ်စ်ဂါးဗစ်မှာ ထိုခေတ်က အင်္ဂလန်ပြည် တွင် အချစ်ဇာတ်လမ်း ၀တ္ထုများကို ရေးသားရာ၌ တုဘက်ပြိုင်ဘက်မရှိ၊ လူကြိုက်အများဆုံး ၀တ္ထုရေးဆရာကြီး ဖြစ်သည်။ ဆရာကြီး ပီမိုးနင်း၏ လက်စွဲကြီးဖြစ်သည်။ ကျွန်တော်တို့လည်း ထိုဆရာကြီး၏ ၀တ္ထုများကို အထူးအားကိုးသည်။ထိုစဉ်က ညဈေးတန်းတွင် စာအုပ်အဟောင်းဆိုင်များမှာ စနစ်တကျ မရှိသေးချေ။ အခြားအလုပ်မရှိ၊ အရင်းအနှီးကင်းမဲ့နေသော ဒုက္ခသည် ကျူလီယာသုံးလေးယောက် စသည်တို့၏ ရမိရရာ တပါးသူပစ်ထားသော စာအုပ်စုတ် စာအုပ်ဟောင်းလေးများကို တပဲနှစ်ပြားပေး၍ ယူခဲ့ပြီးလျှင် ဆိုင်ကြိုဆိုင်ကြား နေရာလွတ်များတွင် အခင်းမျှပင်မရှိ၊ လူသွားစင်္ကြန်ပေါ်တွင် ချ၍ ရောင်းချနေကြလေသည်။ ၎င်းတို့မှာလည်း များများမရှိ၊ မဂ္ဂဇင်းဟောင်း၊ စာအုပ်ဟောင်း အနည်းငယ်မျှသာ ရှိလေသည်။ ရောင်းသောဈေးနှုန်းမှာလည်း မေးလိုက်လျှင် နားလည်သယောင်ယောင်ပြု၍ ငါးမူးတကျပ်က စ၍ဆိုသည်။ သို့သော် 'ဟေ့ ပိုက်ဆံ မပါဘူး၊ တပဲပဲ ရှိတယ်' ပြောလျှင် တပဲမျှပင် ယူလိုက်လေသည်။ထိုမျှမကသေး၊ အင်္ဂလိပ်စာအုပ်များတွင် တခါတရံ မြန်မာစာအုပ်များ ရောနှော၍ ပါလာတတ်လေသည်။ သက္ကရာဇ် ၁၂၅၀ လောက်မှစ၍ ခေတ်စားလျက် ကျွန်တော်တို့ ရန်ကုန်ရောက်သည့်အချိန်တွင် ကွယ်ပျောက်နေပြီ ဖြစ်သော ရှေးနံပါတ် ၈၀၊ နံပါတ် ၆၀ ဇာတ်စာအုပ်ကလေးများကို ထိုဆိုင်ကလေးများ မှာမှပင် ရရှိတတ်လေသည်။ ယင်းဆိုင်ကလေးများတွင် ရှာဖွေ ၀ယ်ယူရခြင်းဖြင့် ကျွန်တော်တို့မှ ရှေးက မကြုံဘူး မကြားဘူးသော အင်္ဂလိပ်စာအုပ်၊ မြန်မာစာအုပ်များကို ကိုယ်တတ်နိုင်သော အဖိုးနှုန်းထားဖြင့် ပေါပေါများများရှိကြ၍ ကျွန်တော်တို့မှာ ၀တ္ထုဖတ်သော အဆင့်အတန်းမှ ကဗျာ၊ ရာဇ၀င်၊ အတ္ထုပ္ပတ္တိ၊ ပြဇာတ်၊ ဘာသာဝါဒ၊ နိုင်ငံရေး စသော အမြင်ကျယ်မှု အဆင့်အတန်းသို့ တဖြည်းဖြည်း တက်ခဲ့ကြလေသည်။သို့သော်လည်း တနှစ်လောက်ကြာသောအခါ ထိုသို့ ရတတ်တစု မြေကြီးတွင်ပုံ၍ ရောင်းသော စာအုပ်ဟောင်းကလေးများလောက်နှင့်မကျေနပ်တော့ချေ။ တနေ့သောအခါ ညဈေးတန်း ၃၄ လမ်းထိပ်ဝ၊ လမ်းအစွန်း သူတပါး၏ ဆိုင်မှ မီးရောင်ကို ခိုကပ်၍ ဗန်းကလေးနှင့် ချ၍ရောင်းနေသော မာရီကား အမည်ရှိသော ကျူလီယာကုလားကြီးတဦးနှင့် တွေ့လေသည်။ ၎င်း၏ ဗန်းကလေးထဲတွင် အင်္ဂလိပ်စာအုပ် အဟောင်းကလေး ဆယ်အုပ်လောက်သာ ရှိသည်။ ထိုဗန်းကလေးထဲမှ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ လောက်က ပုံနှိပ်သော အက်ဒ၀ပ်ဂစ်ဘွန်း ရေးသားသည့် ရောမရာဇ၀င်ကြီးပထမတွဲ တတွဲကို ပိုက်ဆံတမတ်နှင့် ရရှိခဲ့လေသည်။ ထိုစာအုပ်မှာ နာမည်ကြီးစာအုပ်ဖြစ်လျက် ကျွန်တော့်အတွက် တတိယတွဲ စသဖြင့် ရဦးမည်လားဟု ထိုကုလားကြီး၏ ဗန်းကလေးကို နေ့တိုင်း သွားကြည့်လေသည်။ သို့သော် ထိုကုလားကြီး၏ ဆိုင်မှာ တိုးတက်ခြင်း မရှိ။ တခါတရံ ဗန်းကလေးထဲတွင် စာအုပ်လေးငါးအုပ်လောက်သာ ရှိလေသည်။ဗန်းကလေးမှ ဆိုင်တဆိုင်သို့တနေ့သော် ကျွန်တော်က ဒီလိုရောင်းနေလို့ မဖြစ်ဘူး။ စာအုပ်များများရအောင် ရှိမှပေါ့ဟု ပြောရာ ကုလားကြီးက ဘယ်မှာရနိုင်သလဲ၊ မရှာတတ်ဘူးဟု ပြောလေသည်။ ကျွန်တော်က လက်ထဲမှာ ငွေ သုံးလေးကျပ်ဆောင်သွား၊ အင်္ဂလိပ်တွေ များများနေသည့် ယောက်လမ်း၊ လန်ကတ်စတာလမ်း၊ ပြည်လမ်း၊ ပဲခူးကလပ် စသည်တို့ကို သွား၊ နောက်ဖေးပေါက်က၀င်၊ အစေခံကုလားများထံမေး၊ အင်္ဂလိပ်များသည် မဂ္ဂဇင်းများ၊ စာအုပ်များကို ဖတ်ပြီးလျှင် စွန့်ပစ်တတ်ကြသည်။ အင်္ဂလိပ်များ စွန့်ပစ်လိုက်သော စာအုပ်ဟောင်း များကို အစေခံများက ကောက်ယူထားတတ်ကြသည်။ သူတို့ထံမှ ၀ယ်ဟု အကြံပေးလေသည်။ ထိုနေ့မှစ၍ ကုလားကြီးလည်း ကျွန်တော် အကြံပေးသည့်အတိုင်း လှည့်လည်ရာ နေ့စဉ်နေ့တိုင်း စာအုပ်အဟောင်း တော်တော်များများ ရရှိလေသည်။ အတန်ကြာသောအခါ ကိုယ်တိုင်လှည့်လည်၍ပင် မနေရတော့ဘဲ အစေခံကုလားများက ဆိုင်အရောက် လာ၍ပို့ကြသဖြင့် မာရီကားမှာ ဗန်းကလေးနှင့် လမ်းပေါ်တွင် ချရောင်းရသော ဘ၀မှ ဆိုင်တဆိုင် တည်းခင်းရောင်းချနိုင်သော ဘ၀သို့ ရောက်ရှိလေသည်။ ကျွန်တော်တို့မှာလည်း လေးကျပ်ခွဲ ငါးကျပ်အထိ ပေးရသဖြင့် မ၀ယ်နိုင် မဖတ်နိုင်သော 'အီဒင်းဘရား-ရီဗျူး' 'ကွာတာလီ-ရီဗျူး' စသော သုံးလတကြိမ်ထုတ် နာမည်ကျော်မဂ္ဂဇင်းကြီးများကိုပင် တမတ်၊ ငါးပဲနှင့် ရရှိသဖြင့် တွင်တွင်ကြီး ဖတ်ရှုနိုင်လေတော့သည်။ထို့နောက် စာအုပ်အဟောင်းဆိုင်များ တရွေ့ရွေ့ တိုးတက်လာ၍ ၁၉၂၇ ခုနှစ်လောက်သို့ ရောက်သော အခါ ညဈေးတန်းတွင်သာ မဟုတ်တော့ဘဲ ယခု ဗိုလ်ချုပ်လမ်းဟုခေါ်သော မောင်ဂိုမာရီလမ်းမကြီးတလျှောက် စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ မဂိုလမ်း( ရွှေဘုံသာလမ်း)အထိ ဆိုင်ပေါင်းများစွာ တိုးတက်လာလေသည်။ကျွန်တော်တို့ကဲ့သို့ ကံမကောင်း အကြောင်းမလှသဖြင့် တက္ကသိုလ်သို့ မရောက်ရသူတို့အဖို့ တက္ကသိုလ်တွင်မှ ရနိုင်သော စာပေဗဟုသုတ အမြင်ကျယ်မှုများကို ကိုယ်တတ်နိုင်သလောက်သော ငွေကလေး ဖြင့် ထို စာအုပ်အဟောင်းဆိုင်ကလေးများမှ ရရှိခဲ့ကြပေသည်။ စင်စစ်အားဖြင့် စာအုပ်အဟောင်းဆိုင်ကလေး များသည် ဆင်းရဲသားများ၏ တက္ကသိုလ် ဖြစ်၏။ သူတို့၏ ကျေးဇူးကား ကြီးပေစွ။ သူတို့သာ မရှိခဲ့ပါမူ ကျွန်တော်တို့မှာ ဗဟုသုတ ကျယ်ဝန်းစွာ ရှာမှီးခွင့် ရကြမည် မဟုတ်။ ရှေ့သို့ တိုးလေတိုးလေ စာအုပ်ဟောင်းဆိုင် ကလေးများ၏ ကျေးဇူး မည်မျှကြီးမားကြောင်းကို သိလေလေ ဖြစ်ပေသည်။ဇေယျ။(ရှုမ၀မဂ္ဂဇင်း၊ အတွဲ ၁၂ အမှတ် ၁၃၃၊ ဇွန်၊ ၁၉၅၈)[စာပေလောက အရောင်းဆိုင် အမှတ် ၅ စတင်ဖွင်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အခမဲ့ဝေငှသော စာစောင်ငယ်မှ ကူးယူ ဖော်ပြပါတယ်။]

ညင်သာပြေပြစ်စွာ သဘောမတူခြင်း (You May Be Right! By Guy Perring)

Wed, 05/16/2012 - 17:58
Posted by SatNayBaLa on May 16, 2012 at 7:10pm စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်တဲ့အခါ အစည်းအဝေးထိုင်ရမယ်၊ အစည်းအဝေးမှာ ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ အရေးကြီးတယ်။ ကျွမ်းကျင်မှုတစ်ခုအနေ နဲ့ လေ့ကျင့်ထားရပါမယ်။ အစည်းအဝေးမှာ ဘယ်အခန်းကဏ္ဍက တက်ရမှာလဲ၊ ဦးဆောင်ကျင်းပသူလား၊ မှတ်တမ်းလိုက်သူလား ဒါမှမဟုတ် အဖွဲ့ဝင်လား အခန်းကဏ္ဍပေါ် မူတည်ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုအမျိုးမျိုး ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူ လုပ်ရမယ်ဆိုရင် အစည်းအဝေးအဖွင့်အပိတ် စကားပြောရမယ်၊ အစည်းအဝေး အစီအစဉ်အတိုင်း ဖြစ်အောင် နဲ့ အချိန်မှန်အောင် ထိန်းပေးရမယ်၊ တက်ရောက်သူအားလုံး ပါဝင်ပြောဆိုနိုင်အောင် အခွင့်အလမ်း ဖန်တီး ပေးရမယ်။ တက်ရောက်သူဆိုရင် ထင်မြင်ချက်ကို ရှင်းလင်းစွာ ပြောဆိုနိုင်ရမယ်၊ အကြံပြုချက်တွေ ပေးနိုင်ရမယ်၊ ကြားဖြတ်ပြောဖို့ လိုအပ်လျှင်လည်း ယဉ်ကျေးစွာ ကြားဖြတ်ပြောဆိုတတ်ရမယ်၊ ယဉ်ကျေးစွာ သဘောတူကြောင်း သဘောမတူကြောင်း ပြောတတ်ရမယ်၊ နားလည်အောင် ရှင်းလင်းချက်တောင်းခံတတ် ရမယ်။ အရင်ဆုံး ယဉ်ကျေးစွာ ကြားဖြတ်ပြောနည်းကို လေ့လာကြရအောင်။ ကြားဖြတ်ပြောရခြင်း အကြောင်းကတော့ ကိုယ်ပိုင် ရှုမြင်ပုံတွေကို ပြောချင်လို့ ဒါမှမဟုတ် တစ်ဖက်က ပြောနေတာကို ရှင်းရှင်းလင်းလင်း သိချင်လို့ ဖြစ်နိုင်ပါတယ်။ ပြောပုံပြောနည်းကတော့ အမျိုးမျိုး ရှိပါတယ်။ဥပမာCan I come in here? ဒီနေရာမှာ တစ်ခွန်းဝင်ပြောလို့ ရမလားမသိဘူး။Can I just…..? …..၊ တစ်ခုလောက် ပြောလို့ရမလား။Excuse me, may I just…? တဆိက်လောက်ဗျာ၊ ကျွန်တော် ပြောလို့ရမလား။I’m sorry to interrupt…… ကြားဖြတ်ပြောရတာ ဆောရီးပါ။သင့်အလှည့် ပြောဆိုဆွေးနွေးနေချိန် အရေးကြီးတဲ့အချက်ကို ပြောနေတုန်းမှာ ကြားဖြတ်ပြောဖို့ တစ်ယောက်ယောက်က ခွင့်တောင်းလာရင် ကြားဖြတ်မခံဘဲ ဆက်ပြောချင်တယ်ဆိုပါတော့။ ကြားဖြတ်ခွင့် မပြုကြောင်း ဖော်ပြနိုင်တဲ့ စကားအသုံးအနှုန်းတွေကတော့ -If you could let me continue. ဆက်ပြောခွင့်ပြုပါ။No, wait a moment. ခဏလေးစောင့်ပေးပါ။May I just finish? စကားလက်စကို ဆုံးအောင် ပြောလိုက်မယ်နော်။ဒီစကားတွေကို ပြောရာမှာ အသံနိမ့်မြင့်နဲ့ အတိုးအကျယ်ကို ပြေပြေပြစ်ပြစ်နဲ့ အဆင်ပြေအောင် သုံးတတ်ဖို့ လိုပါတယ်။ လေသံ မကြမ်း မရိုင်း စေဖို့ ဖြစ်ပါတယ်။ပြေပြေပြစ်ပြစ် ပြောဖို့ လိုအပ်တဲ့ အခြားနယ်ပယ်တစ်ခုကတော့ အစည်းအဝေးအတွင်းမှာ သဘောမတူကြောင်း ပြောချင်တဲ့အခါ ဖြစ်ပါတယ်။ သဘောမတူကြောင်း မပြောမီ တစ်ဘက်က ပြောလာတဲ့ အချက်ကို အသိအမှတ် ပြုပေးဖို့ အရေးကြီးပါတယ်။ ဥပမာThat’s a good point, but………………..  အခုပြောသွားတာကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ..I can see your point of view, but………………….. လူကြီးမင်းရဲ့ ရှုထောင့်ကို နားလည်ပါတယ်။ ဒါပေမယ့် ..You may be right, but....... လူကြီးမင်း မှန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ..သဘောမတူကြောင်း ပြောကြားရာမှာ မကြမ်းစေ၊ မရိုင်းစေဖို့ အခြားနည်းလမ်းတစ်ခုကတော့ might နှင့်/သို့မဟုတ်  won’t........? ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဥပမာ အစည်းအဝေးတစ်ခုမှာ “That would be time-consuming.” (အဲဒီလိုဆိုရင် အချိန်တွေ ကုန်မှာပေါ့) လို့ ပြောချင်တယ်။ သို့သော် ဒီအတိုင်း ပြောလိုက်ရင် ဒဲ့ဒိုးဖြစ်လွန်းအားကြီးနေတယ်။ ဒါကြောင့် အခုလို ပြောနိုင်ပါတယ်။That might be time-consuming. အချိန်တွေ ကုန်သွားနိုင်မယ်ထင်တယ်နော်။Won’t that be time-consuming? အချိန်တွေ ကုန်မသွားနိုင်ဘူးလား။တစ်ခါတစ်ရံ လုံးဝသဘောမတူကြောင်းကို အခိုင်အမာ ပြောချင်တာလည်းရှိတတ်တယ်။ အဲဒါဆိုရင် အခုလို ပြောနိုင်ပါတယ်။I totally disagree. ကျွန်တော်/ကျွန်မကတော့ လုံးဝ သဘောမတူပါဘူး။I’m sorry, but I couldn’t disagree more. စိတ်မကောင်းပေမယ့် သဘောတူလို့ ဘယ်လိုမှ မဖြစ်ပါဘူး။You must be joking!! နောက်နေတာထင်တယ်။ (လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလွတ်သဘော တွေ့ဆုံ စကားပြောတဲ့ အခါမှာသာ သုံးပါ။)အစည်းအဝေးမှာ သဘောမတူကြောင်းချည်းဘဲ ပြောနေမယ်ဆိုရင် သိပ်ပြီး အပြုသဘောမဆောင်ဘူး၊ အပြုသဘော ရလဒ်လည်း ထွက်ပေါ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ထင်မြင်ချက်တွေကိုလည်း ရှင်းလင်း ထိရောက်စွာ ပြောနိုင်ဖို့ လိုပါတယ်။ ပထမဆုံး နိဒါန်းပျိုးရမယ်။I tend to feel that ….. ကျွန်တော်/ကျွန်မ စိတ်ထဲမှာ တွေးမိတာကို ပြောရမယ်ဆိုရင်တော့ ….It seems to me that ….. ကျွန်တော်/ကျွန်မ ထင်တာကတော့ ….I think/feel/believe ….. ကျွန်တော်/ကျွန်မ တွေးမိ/ခံစား/ယုံကြည်တာကတော့ ….My view is that ........ ကျွန်တော်/ကျွန်မ အမြင်ကတော့ ….အစည်းအဝေးမှာ တက်ရောက်လာတဲ့ အခြားသူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း တောင်းခံရပါမယ်။ သူတို့ရဲ့ အမြင်ကို သိနိုင်ဖို့နဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ထောက်ခံမှု ရဖို့ နှစ်မျိုးလုံးအတွက် ဖြစ်ပါတယ်။ ဒီလိုမျိုးတွေပြောလို့ရပါတယ်။What’s your reaction to that, Peter? ပီတာ၊ ခင်ဗျားက အဲဒါကို ဘယ်လို မြင်သလဲ။How do you feel about that, John? ဂျွန်၊ ခင်ဗျားက အဲဒီအကြောင်းကို ဘယ်လို သဘောရသလဲ။Simon? (your voice should rise) ဆိုင်မွန်၊ ခင်ဗျားကရော (အသံကို နိမ့်ရာမှ မြင့်စေရန်ဖြစ်ပါသည်။)ထင်မြင်ချက်များကို ထုတ်ပြောပြောကြားပြီးသောအခါ အကြံပြုချက်၊ အကြံပေးချက်များကို ပြောဆိုရန် ဖြစ်ပါသည်။ အောက်ပါဝါကျများကိုသုံးပြီးပြောနိုင်ပါတယ်။I propose/recommend …. ကျွန်တော်အဆိုပြု/အကြံပြုချင်တာကတော့ ….Why don’t we ….  ကျွန်တော်တို့ ဒီလိုလုပ်ကြမလား။How about--------(+ing)? ……. ဒီလိုလုပ်ရင်ရော ဘယ်နဲ့နေမလဲ။The only alternative is........ အခြားရွေးစရာနည်းလမ်း တစ်ခုဘဲ ရှိပါတယ်၊ အဲဒါကတော့ ...Source: www.myanmar-network.net/forum/topics/you-may-be-right

ဘ၀ဆိုတာ ဘယ်တော့မှ ဟုန်းခနဲ ထမတောက်တတ်ဘူး

Wed, 05/16/2012 - 17:40
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Wednesday, May 16, 2012 at 9:14am · ခေတ်ကြီးထဲ ကြားနေရတယ်။ မြင်နေရတယ်။ တွေ့နေရတယ်။ အင်တာနက်ခေတ်၊ ITခေတ်၊ သတင်းခေတ်၊ ဇီဝခေတ်၊ ဘာခေတ်ညာခေတ်။ခေတ်မီဖွံ့ဖြိုး တိုးတက်သော လူ့ဘောင်သစ် စတာတွေ။ ပြီးတော့ ကမ္ဘာရွာ စတာတွေ။ အဲဒီလို ကမ္ဘာကြီးထဲမှာ ကျွန်တော်က အသီးအပွင့် အားကောင်းတုန်း လူငယ်တစ် ယောက်ပေါ့။ ဒါပေမဲ့ ကျွန်တော်ဟာ ခပ်အအ ငနဲ တစ်ယောက်ပဲ ဖြစ်ခဲ့ပါတယ်။ စာအုပ်တွေထဲမှာ၊ ဂျာနယ် စာစောင်တွေထဲမှာ ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ၊ ကမ္ဘာကြီး ပြားလာပြီ အကြောင်းတွေ၊ ရွာကြီးတစ်ရွာ ဖြစ်လာပြီ ဆိုတဲ့ အကြောင်းတွေကို လူပြော သူပြောများလို့၊ နားနဲ့ မဆံ့အောင် ကြားနေရလို့၊ စာအုပ်တွေထဲ တွေ့နေရလို့ ရေပေါ်ဆီ အသိနဲ့ သိနေခဲ့တာ တစ်ခုပါ။ အင်တာနက်ဆိုင်မှာ လူငယ်တွေ တိုးတိုးကြိတ်ကြိတ် ဖြစ်နေတာ တွေ့ရတဲ့ အခါ ကျွန်တော်ဟာ ခေတ်နောက်ကျသူ ဖြစ်နေပြီလား အတွေး တွေးမိခဲ့တဲ့ အချိန်က စပြီး ကျွန်တော်လည်း ကမ္ဘာကြီးထဲ မဖြစ်မနေ ခုန်ချဖို့ ကြိုးစား မိပါတယ်။ ဆရာကြီး မြို့မငြိမ်း စကားနဲ့ ငှားပြောရရင် ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ဖို့ စိတ်ကူး မီးတောက်မိတယ်။ ကျွန်တော်ဟာ ဂဏန်းပေါင်း စက်တွေပေါ်မှာသာ လက်ညှိုး ကစားတတ်ခဲ့သူပါ။ တယ်လီဖုန်း ခလုတ်တွေ နှိပ်တတ်တာက လွဲလို့ လူငယ်တွေ ခြေချင်း လိမ်နေတဲ့ အင်တာနက် ကဖီးဆိုင်တွေထဲ ၀င်မသောက် တတ်ခဲ့ပါဘူး။ ကွန်ပျူတာ Typing မပြောနဲ့၊ စန္ဒရား ခလုတ်တွေပေါ်တောင် ကြွက်လျှောက် မလျှောက် တတ်သူပါ။ ပြီးတော့ ကျွန်တော်က တောသားမြို့ရောက် ခင်ဗျ။ ကျွန်တော်တို့ ရွာသားတချို့တောင် မြို့တက်ပြီး အင်တာနက် ကဖီးဆိုင် ထိုင်တတ်နေ ပြီဆိုပဲ။ အဲဒီ အချိန်ထိ ကျွန်တော်က ၀ါးလုံးခေါင်းထဲ လသာနေပြီး ဒုံးဝေးနေတုန်းပါ။ ကိုယ့်လောက် အတန်းပညာ မရှိတဲ့ လူတွေတောင် အင်တာနက် သုံးတတ်နေတယ် ခင်ဗျ။ တစ်ခါတလေ သူတို့က ကိုယ့်ရှေ့မှာ ကိုယ်မသိသေးတဲ့ သတင်းတွေ အွန်လိုင်းပေါ်က ဖတ်ပြီး စားမြုံ့ပြန်ပြနေတဲ့ အခါမျိုး၊ ဟိုအတွင်းရေး သည်အတွင်းရေးတွေ အံ့သြ လောက်အောင် ပြောပြနေကြတဲ့ အခါမျိုးမှာ ကျွန်တော် ငတုံးက ပါးစပ်ဟောင်းလောင်း နားထောင်ခဲ့ရတာပေါ့ဗျာ။ လူငယ်ဖြစ်ပြီး ဒါတောင်မှ ငါမသိပါလား၊ ခေတ်ထဲကလေ ရှူနေတာချင်း အတူတူ ကိုယ့် ထက်ညံ့သူတောင် ကိုယ့်ကို ကျော်တက်နေတာ တွေ့ရတဲ့ အခါ မခံချင်စိတ်၊ ငါလည်း ခေတ်ကြီးနဲ့ ရင်ပေါင်တန်းဖို့ လိုနေပြီဆိုတဲ့ အသိနဲ့ အင်တာနက် သုံးတဲ့ သူငယ်ချင်းတွေနောက် ကပ်လိုက်သွား။ သူတို့ လုပ်ပုံလုပ်နည်းတွေ ကြည့်၊ မသိမေး၊ မတတ်မေး။ ကြာလာတော့ ကျွန်တော်လည်း မတောက်တခေါက်နဲ့ အွန်လိုင်းပေါ် လေယာဉ် မစီးဘဲ တက်တတ်လာတာပေါ့။ ပထမ စစချင်းတော့ အများ သူငါလို သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ စကားပြော။ ဟိုင်း နေကောင်းလား၊ ထမင်း စားပြီးပြီလား၊ ဘာဟင်းလဲ၊ မတွေ့တာ ကြာပြီ၊ VZO ချက်ရအောင်လေ ဘာညာ။ ဒီလောက်လေးနဲ့ ကျေနပ် နေခဲ့မိတယ်။ ဒီလိုနဲ့ နည်းနည်းလေး အွန်လိုင်းပေါ် အချိန်ပြည့် တက်လိုက်ဆင်းလိုက် လုပ်နေခဲ့တဲ့ ကျွန်တော် ကမ္ဘာ့ရွာသားကြီးက “ပျိုမေတစ်သင်း ရေခပ်ဆင်း” ချိန်ကိုတောင် မစောင့်တော့ဘဲ အား အားရှိ အွန်လိုင်းပေါ်တက်၊ ရှိရှိသမျှ၊ ချောချော လှလှ မှန်သမျှ ကျူနေတော့တာပဲ။ ထမင်းကိုမေ့၊ ဟင်းကို မေ့။ အလုပ်ကိုတောင် မေ့လို့။ ဆိုးတာ တစ်ခု ရှိတယ်ဗျ။ ကောင်လေးတွေက ကျွန်တော့်ကို ကောင်မလေး ထင်ပြီး ရည်းစား စကားပြောပြော နေကြတာပဲ။ ကျွန်တော့်အကောင့် က 1500 Jenny ဆိုတော့ မိန်းကလေး ထင်နေကြ တာကိုး။ တချို့က အဆိုတော် Jenny လား မေး တတ်ကြပြန်သေးရဲ့။ နောက်ပြဿနာက ပါဠိ စာလုံးဆင့်တွေ မရိုက်တတ်သေးခင်ပေါ့။ သစ္စာတို့၊ မေတ္တာတို့ ကျွန်တော် မရိုက် တတ်သေးဘူးလေ။ “မြစ်ကြီးနား တက္ကသိုလ်” ဆိုတာကို ရိုက်ချင်ရင် “မြစ်ကြီး နား ယူနီဗာစီတီ” ဆိုပြီး ခပ်တည်တည် လုပ်ချ လိုက်တာပဲ။ “ချစ်ခြင်းမေတ္တာ” ဆိုရင် “ချစ်ခြင်း တရား”လို့ လုပ်လိုက်ရတာပဲ။ ခုတော့ နည်းနည်း အဆင်ပြေနေပါပြီ။ ဒီလိုနဲ့ ဆိုပါတော့ဗျာ။ ကျွန်တော်ဟာ ဘယ်ထဲကနေ ၀င်ရင် ဘာတွေ ဖတ်လို့ရတယ်၊ ဘယ်ဟာကို ကလစ်လိုက်ရင် ကိုယ်လိုချင်တာ ရတယ် ဆိုတာမျိုး သိလာရပါတယ်။ တော်တော်တော့ ပျော်စရာ ကောင်းတယ်။ ခုမှ ကမ္ဘာကြီးက ကိုယ့်ရှေ့မှာ လည်နေတာ တွေ့နေရတာကိုး။ ပြီးတော့ စာအုပ်တွေ ဖတ်တယ်။ ပန်းချီကားတွေ ခံစားတယ်။ ကဗျာတွေ လေ့လာတယ်။ အဆင်ကို ပြေလို့။ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း တွေနဲ့ အမြဲ ထိတွေ့ နေရတော့ ဒီခေတ်ကြီးထဲ လူ ဖြစ်ရတာ ပျော်သလို။ We’re Sorry,Try again နဲ့ ရံဖန်ရံခါ တွေ့ကြုံရတာက လွဲရင် Connection ကျတာကို ငရဲကျသလို ခံစားရတာက လွဲရင် အဆင် ပြေပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းတစ်ပုဒ် ကိုတောင်မှ အဲဒီအခါမှ နားလည် ခံစားလို့ ရသွား တယ်။ “တောင်းပန်ပါတယ် Connection ရယ်” တဲ့။ ကျွန်တော် ဆိုလိုချင်တာ တစ်ခု ရှိသေးတယ်။ ဒီလိုကမ္ဘာကြီး ကိုယ့်အိမ်ရှေ့ရောက် လာချိန်မှာ ကိုယ့်အိမ်ထဲက ယဉ်ကျေးမှုတွေ ပါးလျလျ ဖြစ်သွားမှာကို စိုးရိမ်မိတာပဲ။ ဘ၀မှာ အဆိုးရဲ့ တစ်ဖက် အကောင်း ရှိနေချိန်၊ အကောင်း ရဲ့တစ်ဖက် အဆိုး ရှိနေတာကို သတိပြုမိဖို့လိုပါ တယ်။ ကောင်းကျိုးနဲ့အတူ ဆိုးကျိုးကလည်း ပါလာတတ်တာပဲလေ။ အင်တာနက် သုံးတာ ကိုယ့်အတွက် ဘာအကျိုးရှိလဲ စဉ်းစား ရပါမယ်။ မိတ်ဆွေပေါမယ်၊ နိုင်ငံတကာ အကြောင်းတွေ သိမယ်၊ စီးပွားရေး မျက်စိ ဖွင့်နိုင်ရင် ပွင့်မယ်။ ရချင်စရာ လိုချင်စရာ တွေက အင်တာနက် ကဖီးဆိုင်ထဲ အများကြီးပေါ့။ ဒါပေမဲ့ ရနေတာ၊ ရချင်တာ၊ လိုချင်တာတွေနဲ့ အတူ ကျွန်တော်တို့ ဘာတွေ ပေးခဲ့ကြရလဲ ဆိုတာ သတိ ပြုမိကြပါရဲ့လား။ မိဘကွယ်ရာ၊ ဆရာသမားတွေ ကွယ်ရာ ချက်တင် ခန်းထဲမှာ လူငယ်တွေရဲ့ အကျင့်စာရိတ္တ တွေ ရေစုန် မျောနေတာ၊ အရှက်တရားတွေ၊ သတိတရားတွေ ယိုစိမ့် ကျနေတာ ကျွန်တော်တို့ တွေးမြင် မိကြပါရဲ့လား။ ၁၈ နှစ်ကျော်မှ၊ အရွယ်ရောက်မှ သိသင့်၊ မြင်သင့်တာတွေ မူလတန်း ကလေးက အစ သိနေ ခဲ့ရင် ကောင်းတယ် ပြောမှာလား၊ ဆိုးတယ် ပြောမှာလား။ကျွန်တော်တို့ မြန်မာ့ အသိုင်းအ၀ိုင်းက မိဘတွေရဲ့ အစဉ်အလာက ကိုယ့်သားသမီးကို ဗိုင်းကောင်းကျောက်ဖိ ရှိနေစေချင်တာ အစဉ်အလာ တစ်ခုပါ။ ဒါပေမဲ့ ခုလိုခေတ်ကြီးထဲ ကိုယ့်မျက်စိ ကွယ်ရာ Catroom ထဲမှာ လူငယ်တွေရဲ့ နုနယ် တဲ့အသွေးအသားထဲ ယဉ်ကျေးမှု အသစ်အဆန်း တွေ၊ မဖွယ်မရာ ယဉ်ကျေးမှုတွေ ကျွမ်းထိုးမှောက် ခုံဝင်လာကြရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်း ကြမလဲ။ အခုခေတ် အင်တာနက် သုံးနေကြတဲ့ လူတန်းစား အလွှာက အစုံပါပဲ။ မူလတန်း ကလေးက စလို့ ပျိုပျိုအိုအို၊ မမကြီး၊ ဘဘကြီးတို့ပါ သုံးနေကြတယ်ပြောရင် ပုံပြင် မထင်ပါနဲ့။ တစ်ဖက်လူက လူဆိုးမှန်း မသိ၊ လူကောင်းမှန်း မသိ၊ အိမ်ထောင်ရှင်လား၊ တစ်ခုလပ်လား၊ အပျိုလား၊ အအို လားမသိ။ လေထဲ အချစ်ဂေဟာ ဆောက်လို့။ အဲဒီကနေ အပြင်မှာ ဆုံတွှေလို့။ ရယ်လို့ ငိုလို့ ခေတ်ကြီး။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးတဲ့ ခင်ဗျ။ ကျွန်တော်တို့ လူတွေဆိုတာကလည်း ကောင်းမှုထက် မကောင်းမှုဘက် သာယာချင် တတ်ကြတယ် မဟုတ်လား။ အချိန်ကုန်တာ မသိ။ ငွေကုန်တာ မသိ။ အချိန်ဖြုန်းတာလား၊ ငွေဖြုန်း တာလား မသိ။ ကောင်းတာတွေ အတု ယူတာက ကိစ္စမရှိဘူး၊ မကောင်းတာ အတုယူမှားရင် ခက်ကုန်တော့မှာပဲ။ တစ်ခါတလေ ကျွန်တော့်ရဲ့ ဉာဏ်တစ်ထွာ တစ်မိုက်နဲ့ စဉ်းစားမိတယ်။ အင်တာနက်သုံးတာ ကိုလည်း အသက်အရွယ်နဲ့ ကန့်သတ် ထားပေးရင် ကောင်းမလားပေါ့။ ဆေးလိပ်ဘူးတွေမှာ “ဆေး လိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်” ဆိုတာ မျိုးလေးပါတာ သဘော ကျသလိုမျိုး အသက် ၁၈ နှစ်အောက် မသောက်ရ ဆိုတာမျိုးလေး သဘောကျမိပါတယ်။ ဟော့ဒီ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ခေတ်အသီးသီးကို စံတင်လောက်အောင် ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ခုတော့ လှိုင်းအသီးသီးကိုကျော်လို့ နည်းပညာ ခေတ်တဲ့။ ဇီဝခေတ်တဲ့။ ရှေးတုန်းက လက်နက်ခေတ်မှာ လက်နက်နဲ့တိုက် ခိုက်ခဲ့ကြတယ်။ စိတ်ပညာခေတ်မှာ စိတ်ပညာနဲ့တိုက်။ နည်းပညာခေတ် မှာ နည်းပညာနဲ့တိုက်။ တိုက်တော့ တိုက်ရမှာပဲ။ နည်းပညာခေတ်။ နည်းပညာခေတ်မှာ ကျွန်တော်တို့ လူငယ်တွေဟာ နည်းပညာ အကြောင်းကို အပေါ်ယံကြောလေး သိနေရုံနဲ့ အာသာမပြေသင့်ဘူး။ ကျေနပ်မနေသင့်ဘူး။ ကိုယ်တိုင်က နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင် သိနေဖို့ လိုပါတယ်။ လူပေါင်းသန်း ၅၀ က နည်းပညာကို မသိဘူး။ လူ ၅ ယောက်က နည်းပညာ ကိုသိတယ် ဆိုကြပါစို့။ လူ ၅ ယောက်က သန်း ၅၀ ကို အနိုင် ယူလိုက်မှာပဲ။ခိုင်းစားမှာပဲ။ ပြုသမျှ နုနေကြရမှာပဲ။ ဟုတ်ဘူးလားဗျာ။ ကိုယ်က ညံ့နေ ရင် ခံရုံပဲ။ တော်တဲ့လူက နေရာ ယူနေတာလား၊ ညံ့တဲ့လူက နေရာ ယူနေတာ လား၊ စဉ်းစားကြည့်။ ညံ့တဲ့ လူနေရာ ယူနေရင် ကိုယ်က သူ့ကို ပြန်မချနိုင်တာ ကိုယ် ညံ့လို့ပါပဲ။ ခေတ်ကြီးက အပေါ်ယံ အသိနဲ့ ကျေနပ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်ကို ချစ်တယ် ချစ်တယ်ဆိုပြီး ရသမျှလေးနဲ့ ကျေနပ်တင်းတိမ်၊ တတ်သမျှ လေးနဲ့ ပီတိဖြစ်နေလို့ မရတော့ပါဘူး။ သိသမျှ ရှိသမျှကို အိတ်ကပ်ထဲ ရသမျှ ထည့်နေရင်လည်း တိုင်းပြည်ကြီး တိုးတက် မလာပါဘူး။ လူငယ်တွေ အနေနဲ့ လူမျိုးကို ချစ်ပါ။ တိုင်းပြည်ကို ချစ်ပါ။ နည်းပညာနောက် အမီလိုက် ကြပါ။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး။ မင်စက် တစ်စက်လေးနဲ့လည်း ပင်လယ်ကြီး မပြာနိုင်ပါဘူး။ ဒါကြောင့် ခေတ်ကြီးကို ရင်ပေါင် တန်းနိုင်ဖို့၊ ကမ္ဘာ ကြည့်ကြည့်မြင်ဖို့ ကြိုးစား စေချင်ပါတယ်။ ပြီးရင် အွန်လိုင်းပေါ် တက်ပြီး ယဉ်ကျေးမှု အထိအပါး မခံရလေအောင် သတိရှိကြရပါမယ်။ စနစ်တကျနဲ့ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်း ကြရပါမယ်။ စနစ်တကျ ဆိုတာကလည်း တော်တော်လေး အရေး ကြီးသေးတယ် မဟုတ်လား။ တိုင်းပြည် တစ်ပြည်ကို ဦးဆောင်နိုင်မယ့် မျိုးဆက် လူငယ်တွေ ဟာ တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်ကောင်း ဖြစ်ရင် ငွေအားနဲ့ အာဏာကို စနစ်တကျ ချုပ်ကိုင်တတ်ဖို့ လိုသလို နည်းပညာနောက် အမီ လိုက်နေကြတဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့လည်း အရာရာ စနစ်တကျ ရှိဖို့ လိုပါတယ်။ နည်းပညာ ခေတ်ထဲ ရှင်သန်ခွင့် ရလာတဲ့ အခွင့်အရေးကို စနစ်တကျ သုံးဖို့ လိုအပ်ပါတယ်။ ကိုယ်ကျိုးအတွက် သုံးတဲ့စနစ် မဖြစ်သင့်ပါဘူး။ ပြီးတော့ လူငယ်တွေ စာဖတ်စေချင်ပါတယ်။ အင်တာနက်တော့ ထိုင် ပါရဲ့။ စာမဖတ်ရင်လည်း မဟုတ်သေးပါဘူး။ ပညာခေတ်မှာ ပညာ ရှာရာမှာ စာဖတ်ဖို့ ပိုလိုပါတယ်။ မဖြစ်သေးဘူးလား။ ဆက်ပြီးကြိုးစား၊ ဆက်ပြီးလေ့လာ။ လုံ့လစိုက်။ ဘယ်အရာမှ လွယ်လွယ် ဖြစ်မလာပါဘူး။ အောင်မြင်မှု ပန်းတိုင်အတွက် အခက်အခဲတွေက ကျွန်တော်တို့ကို မှတ်ကျောက် တင်ပါလိမ့်မယ်။ ရေစုန်မလား၊ ရေဆန်မလား။ လဲနေလား။ တစ်ခါမရရင် နောက် တစ်ကြိမ် ပြန်ထကြတာပေါ့။သေချာတာကတော့ ဘ၀ဆိုတာ ဘယ်တော့မှ ဟုန်းခနဲ ထမတောက် ပါဘူး။ ဒီလို ယုံကြည်မိပါတယ်။ ဆွေမြင့်စော (Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

ကျောင်းသားနဲ့ နိုင်ငံရေး (မောင်စွမ်းရည်)

Wed, 05/16/2012 - 17:35
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Tuesday, May 15, 2012 at 8:44am · ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရဆိုတဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးတယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။ “စစ်သား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” ဆိုတာတော့ စဉ်းစားခွင့်ကို ပေးမှာမဟုတ်ဘူး။ “လုပ်သင့်တယ်” ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ။ “မလုပ်သင့်ဘူး” ဆိုရင်လည်း သူတို့ စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ ဒုက္ခ။ သူတို့က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်း ဟုတ်သလိုပဲ။ သူတို့က နိုင်ငံရေးမလုပ်ဘူး၊ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့ ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ “နိုင်ငံရေးလုပ်စား” ကြတာပါ။ တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေး တိုက်ပွဲလည်း ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောက မဂ္ဂဇင်း အယ်ဒီတာ၊ ဘာသာပြန်ဆရာ လုပ်နေရာက ထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲမဟုတ်လား။ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေါင်းဆောင် “လူကြီးလူကောင်း” တွေ ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေ အသက်ပေးမြှင့်တင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲမဟုတ်ပါလား။ ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ ခုနှစ်ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းပေါ်ဖျားမှာ၊ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။ ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့ စစ်အာဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်)၊ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်) တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြဖို့ကို သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် “တပ်မတော်အစ ကျောင်းသားသမဂ္ဂ” လို့ ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ ကန့်ကွက်ငြင်းဆို ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။ လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။ ဒါလည်း ကျောင်းသားတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ “မှိုင်းရာပြည့်” တို့၊ “ဦးသန့်အရေးအခင်း”တို့၊ “ရှစ်လေးလုံး အရေးတော်ပုံ” တို့ဟာ ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့အကြောင်းရင်းက စစ်အစိုးရရဲ့ အာဏာရှင် လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက မခံမရပ်နိုင်ဖြစ်နေတဲ့ ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လတ်တလောကိစ္စတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ရတာကို ဗကပယူဂျီတွေကြောင့်လို့ တရားခံရှာရင် ဗကပပဲ ဂုဏ်တက်မှာပါ။ ဒီနေ့လည်း “မျိုးဆက်သစ်” လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ ထွက်လာခဲ့ကြတာပါ။ အထက်မှာကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း ဆောင်းပါးရှင်ကိုကျောင်သားတယောက်က “လုပ်ရင် ဘာဖြစ်မလဲ” ဆိုတော့ “လုပ်စမ်းကြည့်ပေါ့၊ မင့်ဘ၀အညွန့်ကျိုးမှာပဲ” တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရ ပြောရရင် ထောင်ကျ၊ နှိပ်စက်ခံ၊ အသတ်ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေ “အညွန့်ကျိုးတယ်” ဆိုတော့ ထမေးတဲ့ ကျောင်းသားက ကျနော့်ကို ဒီကိစ္စ ပြန်ပြောတယ်။ ဆောင်းပါးရှင် ကျောင်းဆရာ သူပြောတာ စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် “ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ခဲ့ရင် ငါတို့မှာ ကျိုးစရာ အညွန့်တောင် ရှိမှာမဟုတ်ဘူး” လို့ ပြောလိုက်ရပါတယ်။ ပီနန်ဆရာတော်ကြီးက “အိမ်” ထဲမှာ နေသူတိုင်းဟာ “အိမ်” မိုးယိုတာ၊ ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလိုပဲ “နိုင်ငံ” ထဲမှာ နေကြတဲ့ နိုင်ငံသားတိုင်းဟာလည်း “နိုင်ငံ” နင်းကျိုးနင်းကျွံဖြစ်နေတာတွေ အတွက် တာဝန်ရှိကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့ ရဟန်းသံဃာတွေမှာလည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့ ထပ်တူပဲ အမေလူထု ဒေါ်အမာက ကျောင်းသားနဲ့ နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။ “အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲမဟုတ်လား။ သူတနေ့ လူကြီးဖြစ်လာအုံးမှာပဲ။ အဲဒီတော့ နိုင်ငံရေးမလုပ်ရင် “အ”တယ်။ ပြည်သူလူထုနဲ့အတူရောပြီး တက်ကြွရမှာပဲ၊ လှုပ်ရှားရမှာပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွှေ့ဒီရွှေ့ တခါတည်း ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က သိပ်ကြောက်နေတာ။ အဲဒါပဲ အမေမြင်တာ” တဲ့။ (လူထုဒေါ်အမာ) ဒါကြောင့် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အညွန့်တလူလူထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကို မဖြစ်ပါဘူး။ ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲဆိုရင် စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။ ကျောင်းသားရော၊ သံဃာရော၊ သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။ မောင်စွမ်းရည်

အာစီယံ စီးပွားရေးဇုံအနာဂတ် မြန်မာ ဘယ်လိုရင်ဆိုင်မလဲ

Wed, 05/16/2012 - 17:31
Published on Wednesday, 16 May 2012 06:39 အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်ဖွဲ့စည်းမယ့် Asean Economic Community (AEC) အာဆီယံစီးပွားရေး အသိုက်အမြုံခေတ်ကို ရောက်ဖို့ သုံးနှစ်သာလိုတော့တဲ့ အချိန်မှာ ထိုင်းအစိုးရ၊ တတ်သိပညာရှင်တွေနဲ့ ပညာရေး အသိုက်အ၀ိုင်းတခုလုံး အုတ်အော် သောင်းနင်းဖြစ်လာကြပါတယ်။ အာဆီယံ စီးပွားရေးအသိုက် အမြုံ ဖြစ်ပေါ်လာခဲ့ရင် ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးတွေ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ အလုပ်အကိုင်ရရှိမှု စတဲ့နယ်ပယ် အသီးသီးမှာ ကျန်ရစ်မနေဖို့ ထိုင်းအစိုးရနဲ့ တိုင်းချစ်ပြည်ချစ် နိုင်ငံ့ခေါင်းဆောင်တွေ စာနယ်ဇင်းတွေ၊ ရုပ်မြင်သံကြားလိုင်းတွေကနေ ဆွေးနွေးမှုတွေ တသီကြီးပြုလုပ်နေကြတာပါတယ်။ Globalization  ခေတ်မှာ အင်အားကြီးတဲ့ နိုင်ငံတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက နိုင်ငံတွေရဲ့ အနေအထားကို ကျော်လွန် ကြီးစိုးလာတာကိုတွေ့နေရပါတယ်။ အဲဒီလိုပြောင်းလဲလာမယ့် ဒေသ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လိုက်လျောညီထွေစွာ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ကလည်း နိုင်ငံ့ခေါင်းဆောင်တွေရဲ့ တာဝန်ကြီးတရပ် ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံကတော့ အာဆီယံစီးပွားရေးအသိုက်အမြုံထဲကို အရည်အချင်းရှိရှိ ၀င်ဆန့်နိုင်ဖို့ အစိုးရနဲ့ ပညာရှင်တွေက အရှိန်အဟုန်နဲ့လုပ်ဆောင်လာတာကို တွေ့နေရပါတယ်။ အစိုးရရော၊ ပညာရှင်တွေပါ သဘောတူတဲ့အချက်က ထိုင်းလူငယ်တွေ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ရေးက အဓိကကျကြောင်း အာဆီယံအတွင်းရေးမှူးချုပ်လုပ်နေတဲ့ ဒေါက်တာ ဆူရိန်ပန်ဆုဝန်က ပြောဆိုခဲ့ပါတယ်။ စီးပွားရေးဘက်မှာတော့ ထိုင်းလုပ်ငန်းရှင်တွေက နိုင်ငံတကာမှာ ကျက်စားနိုင်တဲ့အထိ အရည်အသွေးတွေ ပြည့်နေပြီ ဖြစ်တော့ အနာဂတ်အတွက် သိပ်ပူပင်မှု မရှိတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်လိုက်ရင် အင်္ဂလိပ်တွေကို တော်လှန်ဖို့ “ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား” လို့ မျိုးချစ်လူငယ်တွေ ကြွေးကြော်ခဲ့ကြတယ်။ အင်္ဂလိပ်ကျောင်းတွေကို သပိတ်မှောက်ပြီး အမျိုးသား ကျောင်းတွေ တည်ထောင်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် အစိုးရတွေကလည်း အမျိုးသားရေး ကြွေးကြော်သံ ဖြစ်တဲ့ ဗမာစာသည်တို့စာ ဆိုတဲ့မူနဲ့ တိုင်းပြည်တည်ထောင်ခဲ့ကြတယ်။ ရလဒ်ကတော့ သိတိုင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့်အဖြစ်မှန်က တော်တော်ရင်လေးစရာကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာ လိုက်လျောစီးမျောနိုင်ဖို့အရေး တတ်သိပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေက စည်းရုံးလှုံ့ဆော်ကြတယ်။ ဒါပေမဲ့ ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးမှာတော့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုကို ဂရုမစိုက်အားဘဲ မြောက်ဖျားက ကချင်တွေကို အမြစ်ပြတ်ချေမှုန်းရေးကသာ ပဓါန၊ တတ်သိပညာရှင်တွေကလည်း ဂွင်ဖန်တီးရေးကသာ ပဓါန၊ နာမည်ကျော်သူဌေးတွေ ဖြစ်တဲ့ ဦးဌေးမြင့်၊ ဦးခင်ရွှေ၊ တေဇ၊ ဇော်ဇော် စတဲ့သူတွေကလည်း ဆင်းရဲတွင်းနက်ပြီး ထမင်းနပ်မမှန်လို့ လယ်မထွန်နိုင်တဲ့ လယ်သမားတွေဆီက လယ်မြေတွေကို အဓမ္မသိမ်းပြီးဈေးကွက်စီးပွားရေးနဲ့၊ အရင်းရှင်စနစ်ကို တည်ဆောက်နေကြပါတယ်။ ဒါက အာဆီယံ စီးပွားရေး အသိုက်အမြုံဖြစ်လာမယ့် သုံးနှစ်အလိုမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ ဖြစ်ပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အမြုံ ဖြစ်လာရင် ရင်ဆိုင်ရမယ့် အရာတွေကို ဟားဗတ်တက္ကသိုလ်၊ ပရင်စတန် တက္ကသိုလ်က ပညာရှင်တွေက ဒီလိုသတိပေးထားပါတယ်။ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ Michael Porter က ယှဉ်ပြိုင်မှုတွေ အကျိတ်အနယ် ပေါ်ပေါက်လာမယ်လို့ ပြောသလို၊ ပရင်စတန်တက္ကသိုလ် ပါမောက္ခ Paul Krugman ကလူတဦးချင်းရဲ့ ထုတ်လုပ်မှု အားကောင်းတဲ့ ခေတ်ကိုရောက်တော့မယ် လို့ဟောကိန်းထုတ်ထားကြပါတယ်။ အခြေခံကျကျ ပြောရရင်တော့ အာဆီယံ စီးပွားရေးအသိုက်အမြုံ ဖြစ်လာရင် အဖွဲ့ဝင်နိုင်ငံတွေက ကုန်စည်၊ အရင်းအနှီး၊ ၀န်ဆောင်မှုနှင့် လုပ်သားတွေ လွတ်လွတ်လပ်လပ် စီးဆင်းလာကြမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို ရင်ဆိုင်ရမယ့် အချက်တွေက လုပ်သားအင်အားတွေ၊ ပညာရှင်တွေ၊ ကမ္ဘာလှည့် ခရီးသည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာသည်တွေ စတဲ့စတဲ့သူတွေ လွတ်လွတ်လပ်လပ် ထိုးဖောက်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုထိုးဖောက်ဝင်ရောက်လာတဲ့ နယ်ပယ်အသီးသီးက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့မြန်မာပြည်သူတွေကို လက်ရှိအစိုးရက အသိပေးရမှာ ဖြစ်ပါတယ်။ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး စနစ်ကျတဲ့ပြင်ဆင်မှုတွေ လုပ်သင့်မယ့်အချိန်ရောက်နေပါပြီ။ ဥပမာအနေနဲ့ ကျနော်တို့ ပြည်သူအများစုက ပုဆိုးကိုဝတ်ဆင်လေ့ရှိကြပါတယ်။ ပုဆိုးဆိုတာ အိမ်တွင်းမှု စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ယက်ကန်းလုပ်ငန်းတွေက ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံပေါများလာမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာ ပုဆိုးနေရာမှာ ဘောင်းဘီတွေ ၀င်လာနိုင်တဲ့အတွက် ပုဆိုးအခြေပြု စီးပွားရေးလုပ်ငန်းများကို ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတဲ့ စနစ်တကျ ပြင်ဆင်မှုတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် တတ်သိပညာရှင်တွေကပါ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတခုကို တင်ပြချင်ပါတယ်။ ကျနော်တို့ နေတဲ့ဒေသက မိရိုးဖလာ အိုးဖုတ်တဲ့ လုပ်ငန်းကို လုပ်ကြပါတယ်။ မြေသားနဲ့လုပ်ထားတဲ့ ရေအိုး၊ ဟင်းချက်တဲ့  ဟင်းအိုးကအစ မြေသားနဲ့ လုပ်တာကို သုံးကြပါတယ်။ နွေရာသီ ရောက်ပြီဆိုရင် အိုးခတ်၊ အိုးဖုတ်၊ တနယ်တကျေးကို သွားပြီး အိုးရောင်းကြပါတယ်။ ငွေကြေးနဲ့ ရောင်းလို့ရတာရောင်း၊ မိမိအိမ်အတွက် လိုအပ်တဲ့ သစ်ဝါး၊ ဖက်တွေနဲ့ ဖလှယ်တာကို ဖလှယ်ကြပါတယ်။ ဒါပေမယ့် ခုအချိန်မှတော့ အိုးဖုတ်လုပ်ငန်း လုပ်တဲ့သူ လုံးဝပျောက်ကွယ်သွားပါပြီ။ မြေသားနဲ့ လုပ်ထားတဲ့ ရေအိုး၊ ဟင်းအိုး၊ ခွက်တွေက ၁၉၉၀ ကျော်ခုနှစ်တွေမှာ ဘင်္ဂလားဒေ့ရှ်နှင့် တခြားနိုင်ငံထုတ် ကုန်ပစ္စည်းဖြစ်တဲ့ သွပ်နဲ့ ပလတ်စတစ်တွေကိုမယှဉ်နိုင်တော့ အိုးဖုတ်လုပ်ငန်း အလိုအလျောက် ပျက်စီးသွားပြီး အလုပ်လက်မဲ့တွေဖြစ်ကာ ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တံငါလုပ်ငန်းလုပ်တဲ့သူတွေ ဖြစ်လာကြပါတယ်။ ကြိုတင်ပြင်ဆင်မှု မရှိတဲ့ လူ့အဖွဲ့အစည်းဘဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းတွေဘဲ ဖြစ်ဖြစ် ယှဉ်ပြိုင်မှုနဲ့တွေ့တဲ့ခါ ပျက်စီးသွားနိုင်တယ် ဆိုတဲ့သာဓကတွေ ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ အာဆီယံမှာ ထိုင်ခုံရရေးထက် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆံယံစီးပွားရေးဇုန်မှာ  ယှဉ်ပြိုင်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာလည်းထည့်သွင်း စဉ်းစားရမယ့် အချိန်ဖြစ်ပါတယ်။ မောင်ရမ္မာhttp://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2111-maukkha-asean-economic-community#.T7NNSwHt26g.facebook

16.05.2012 နေ့ဖတ်ရန်သတင်းများ

Wed, 05/16/2012 - 09:40
by Myanmar Journal on Wednesday, May 16, 2012 at 6:31am ·ဂရိနိုင်ငံမှာ ရွေးကောက်ပွဲထပ်လုပ်ရမယ့် ကိန်းဆိုက်နေခြိုးခြံချွေတာရေးနဲ့ပတ်သက်ပြီး ပါတီတွေ အကြား သဘောထား အကြီးအကျယ်ကွဲဂရိနိုင်ငံမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းချက်တွေ မအောင်မမြင် ဖြစ်ခဲ့တဲ့ အတွက် တိုင်းပြည်ဟာ နောက်ထပ် ရွေးကောက်ပွဲ အသစ် ထပ်လုပ်ရမယ့် ကိန်းဆိုက်နေပြီ ဖြစ်ပါတယ်။ပြီးခဲတဲ့ အပတ်ကမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ ပေမယ့်လို့ မရေရာမှုတွေ ဖြစ်နေခဲ့တာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ပါတီတွေအကြား အဓိက ကွဲလွဲချက်ကတော့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ကြွေးမြီ အကျပ်အတည်းအတွက် ယူရိုဇုန်ကနေ ကူညီငွေရယူပြီးတင်းကျပ်တဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ် ချမှတ် ကျင့်သုံးရေး ဆိုတဲ့အချက် ဖြစ်ပါတယ်။ရွေးကောက်ပွဲ အသစ်ထပ်ကျင်းပဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ကြိုတင်စစ်တမ်းတွေအရ ခြိုးခြံရေးကို ဆန့်ကျင်တဲ့ ပါတီတွေဟာ ထပ်မံအနိုင်ရမယ့် ပုံမျိုးရှိနေပါတယ်။တကယ်လို့ ခြိုးခြံချွေတာရေးကို ပယ်ချခဲ့မယ် ဆိုရင်တော့ ယူရိုဇုန်ကနေ ဂရိနိုင်ငံ ထွက်ခွာရ မယ့် အခြေအနေ ရှိတယ်ဆိုတဲ့ သတိပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။ပြင်သစ် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ သမ္မတ Hollande ပြောပြင်သစ် နိုင်ငံမှာ သမ္မတသစ် အဖြစ် Francois Hollande အင်္ဂါနေ့မနက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါပြီ။ဥရောပ အနာဂတ် အတွက် နည်းလမ်းသစ်တွေနဲ့ ရှေ့ဆက်သွားဖို့ မစ္စတာ Hollande က ပန်ကြားလိုက် ပါတယ်။သူဟာ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ခြိုးခြံချွေတာရေး မူဝါဒတွေ ချမှတ်နေတာကို ဆန့်ကျင် ဆောင်ရွက် သွားမယ် ဆိုတဲ့ မဲဆွယ် စည်းရုံးမှုတွေနဲ့ သမ္မတ အဖြစ် ရွေးကောက် ခံခဲ့ရတာ ဖြစ်ပါတယ်။မစ္စတာ Hollande က ကြီးမားတဲ့ ကြွေးမြီ ပြဿနာ၊ စံချိန်တင်ရလောက်အောင် အလုပ် လက်မဲ့ ဦးရေ ကြီးထွားလာနေတာ၊ စီးပွားရေးတိုးတက်မှုနှုန်း လျော့ကျနေတာ၊ တခါ အခက်အခဲတွေ ကြားကနေ EU နိုင်ငံတွေ မနည်း ရုန်းထွက်နေရတာ အပါအဝင် စိန်ခေါ်မှု ပြဿနာတွေ အများကြီးကို သူရင်ဆိုင်ရဖို့ရှိတယ် ဆိုတာကို ကောင်းကောင်းကြီး သိထားပါ တယ်လို့ ပြောသွားပါတယ်။သူပထမဆုံး လုပ်ရမှာကတော့ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ ဖြစ်ပါတယ်။အလားအလာ အရှိဆုံးသူကတော့ ဂျာမန်စကားလည်း တတ်၊ သူနဲ့ရင်းနှီး နီးစပ်သူလည်း ဖြစ်၊ ပါလီမန်မှာ ဆိုရှယ်လစ် အုပ်စုခေါင်းဆောင်လည်း ဖြစ်တဲ့ Jean Marc Ayrault ဖြစ်နိုင်တယ်လို့ ပဲရစ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။တခါစီးပွားရေးဝန်ကြီးနေရာကိုတော့ မစ္စတာ Hollande ရဲ့ အဓိက စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တဦး ဖြစ်သူ Michel Spain ရမယ်လို့ တွက်ထားကြပါတယ်။အင်္ဂါနေ့ညမှာတော့ သမ္မတ Hollande ဟာ ဂျာမနီ ဝန်ကြီးချုပ် Angela Merkelနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ရှိပါတယ်။တင်းကျပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ဆန့်ကျင်တဲ့ သမ္မတသစ် Hollande အနေနဲ့ ဥရောပ ဇုံ ပြဿနာအကြောင်း ဆွေးနွေးဖို့ ဂျာမန် ဝန်ကြီးချုပ် Angela Markel နဲ့ တွေ့ဆုံတဲ့အခါ ညှိနှိုင်း အဖြေရှာနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။မစ္စတာ Hollande က စီးပွားရေး တိုးတက်လာရေးအတွက် တောင့်တင်း ခိုင်မာတဲ့ အဆိုပြု ချက်တွေ တင်ပြသွားမှာ ဖြစ်ပြီး ဂျာမနီနဲ့ တန်းတူ ညီမျှတဲ့ ဆက်ဆံရေး ပြန်ထားနိုင်အောင် လုပ်မယ်လို့ ကတိပြုသွားပါတယ်။ဂျာမနီ ဝန်ကြီးချုပ် Angela Markelအနေနဲ့ သမ္မတ Nicolas Sarkozy သမ္မတ ရာထူး ဆက်ရဖို့ လိုလားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးတာပါ။ဒါပေမယ့် မစ္စတာ Sarkozy နဲ့တုန်းကလည်း ဂျာမန် ပြင်သစ် ဆက်ဆံရေး အစကောင်းခဲ့ တာ မဟုတ်ပဲ အချိန်အတော်ယူခဲ့ရတာ ပါ။ဒါပေမယ့် အခုလို ဥရောပဇုံ ပြဿနာ ဖြစ်နေတဲ့ အခုလိုချိန်မျိုးမှာ တော့ ဒီလို အချိန်ယူလို့ ရမှာ မဟုတ်ပဲ အဆင်ပြေပြေ ဆက်ဆံကြရဖို့ပဲ ရှိပါတယ်။ဒါ့ကြောင့် အင်္ဂါနေ့ည မစ္စတာ Hollande နဲ့ မစ္စစ် Markel တို့ တွေ့ဆုံတဲ့အခါ နှစ်ဘက် ဆက်ဆံရေး ဘယ်လို တိုးတက်ကောင်းမွန်အောင်လုပ်မလဲ၊ နှစ်ဘက် အကြား အပေးအယူ လုပ်ဖို့ ရှိသလား၊ ရှိခဲ့ရင် ဘယ်ဘက်က ပေးပြီး ဘယ်ဘက်က ယူမလဲ ဆိုတာတွေကို စောင့်ကြည့်ရဖို့ ရှိပါတယ်။အိခ်ျအိုင်ဗွီပိုး ကူးစက်နေသူတွေကို ကူညီရေး သဘောတူမြန်မာနိုင်ငံ လုပ်ငန်းရှင်တွေရဲ့ ပထမဆုံး လူမှုရေး သဘောတူညီချက် တခုဖြစ်အိခ်ျအိုင်ဗွီပိုး ကူးစက်နေသူတွေကို ကူညီ စောင့်ရှောက်ရေး အတွက် လုပ်ငန်ရှင် ၇ဝ ကျော်က သဘောတူ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့က UMFCCI ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် မှာ ဘောတူ လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဒီလက်မှတ်ရေးထိုး ပွဲဟာ မြန်မာနိုင်ငံ လုပ်ငန်းရှင်တွေရဲ့ ပထမဆုံး လူမှုရေး သဘောတူညီချက် တခုလည်း ဖြစ်ပါ တယ်။ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကူးသန်းရောင်းဝယ်မှု လုပ်ငန်း၊ အပ်ချုပ် လုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်း၊ ဟော်တယ်လုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေ အပါအဝင် လုပ်ငန်းပေါင်းများစွာက လုပ်ငန်းရှင်ကြီးတွေ လာရောက်ပြီး ဒီသဘောတူ ညီချက်မှာ လက်မှတ်ရေးထိုးကြကြောင်းကို UMFCCI လုပ်ငန်းခွင် လူမှုရေး တာဝန်သိမှု ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။လုပ်ငန်းခွင်မှာ အိခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို ခွဲခြားဆက်ဆံခြင်းမလုပ်ဘဲ၊ ကူညီစောင့်ရှောင့်မှုတွေ ပေးရမယ်ဆိုတဲ့ အချက်လည်း ဒီသဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။တချို့လုပ်ငန်းတွေမှာ ဆိုရင် အိခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေ ရှိပေမယ်လို့ သူတို့ကို ခွဲခြားဆက်ဆံခြင်း မလုပ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။ သူတို့ကို အလုပ် ထုတ်ပစ်လိုက်တာမျိုးလည်း မလုပ်ဘူးလို့ သူက ဆက်ရှင်းပြပါတယ်။အဲဒီလို အလုပ်သမားတွေကို ဆေးကုသခွင့်လည်းပေးမှာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး၊ ရန်ပုံငွေတရပ် ထူထောင် ဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။မစ္စတာလီမြောင်ဘက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရင် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို မထိခိုက်စေဖို့ ဒေါ်စုပြောနှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယား သမ္မတအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ လီမြောင်ဘက်ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့က ဆီဒိုးနား ဟိုတယ်မှာ မေ ၁၅ ရက် က တွေ့ဆုံခဲ့ပြီး ပညာရေးနဲ့ ဒီမိုကရေစီရေး အကြောင်းတွေ ဆွေးနွေးခဲ့ ပါတယ်။မနေ့က နေပြည်တော်မှာ သမ္မတ ဉီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ လီမြောင်ဘက်ဟာ သူ့ခရီးစဉ် တရားဝင် ပြီးဆုံးခဲ့ပြီလို့ ပြောဆိုပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်လို့ဆိုပြီး ရန်ကုန်ကို လာလို့ ၄၅ မိနစ်ကြာ တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အရင်ခေတ် ပညာရေး စနစ်ဟာ အဆင့် မြင့်မား ခဲ့ပေမယ့်လို့ အခုခေတ်မှာတော့ အလွန် ညံ့ဖျင်းနေတယ်၊ သူ့ရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ ကော့မှူး မြို့နယ်မှာဆိုရင် ဘွဲ့ရ အလုပ်လက်မဲ့တွေ များနေတဲ့အကြောင်း သမ္မတ လီမြောက်ဘတ်ကို ပြောခဲ့တယ်လို့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှိနေခဲ့တဲ့ ရှေ့နေ ဉီးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။တောင်ကိုရီးယားက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တဲ့ အခါမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မထိခိုက်စေဘဲ လုပ်ကိုင်ကြဖို့ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ထောက်ပြ ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။သမ္မတ လီမြောက်ဘတ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ လုံခြုံရေးကို အလွန်တင်းကျပ်စွာ ယူထားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆီဒိုးနား ဟိုတယ်တွင်း တွေ့ဆုံစဉ်မှာတောင် အူဇီ လက်နက်ကိုင် ထားတဲ့ လုံခြုံရေး ဝန်ထမ်း ခြောက်ဉီးက စောင့်ကြပ်နေတယ်လို့ သတင်းထောက် တဉီးက ဘီဘီစီကို ပြောပါတယ်။လုံခြုံရေးတွေဟာ အရပ်အမောင်းမြင့်မားကြပြီး တကယ့်ကို တိုက်ခိုက်ရေး တပ်သားကြီးတွေ အသွင်ကိုလည်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ မြန်မာ့ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဆီဒိုနား ဟိုတယ်နားမှာ နှစ်ရက်လောက် ကြိုတင်ပြီး လုံခြုံရေး ယူပေးထားတယ်လို့ သိရပါတယ်။တွေ့ဆုံကြပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ မြန်မာ့လက်ရှိ နိုင်ငံရေးနဲ့ အနာဂတ် အခြေအနေတွေကို သဘောပေါက်သွားတယ်လို့ သမ္မတ လီမြောင်ဘတ်က ထုတ်ပြောပါတယ်။တောင်ကိုရီးယားဟာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံနဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံအဖြစ် တပြိုင်နက် ဖြစ်ထွန်းလာသလို မြန်မာကလည်း အလားတူ ဖြစ်လာမယ်လို့ သူယုံကြည်တယ်လို့ သမ္မတ လီမြောင်ဘက်က ဆက် ပြောခဲ့ပါတယ်။မြန်မာတွေဟာ တောင်ကိုရီးယား ပြည်သူတွေလိုပဲ တရားမျှတမှုနဲ့ လွတ်လပ်မှုကို လိုလား တယ်၊ နှစ်ခုလုံးကို အပြည့်အဝ လိုချင်တာ ဖြစ်ပြီး တခုမဟုတ် တခုကို လိုချင်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပွဲမှာ ပြောပါတယ်။၁၉၈၃ ခုနှစ်မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်း မြန်မာပြည်ကို လာလည်တုန်း ရန်ကုန်မြို့ အာဇာနည်ကုန်းက ဗုံးခွဲ လုပ်ကြံခံရလို့ အသက်ဘေးက သီသီလေး လွတ်မြောက် ခဲ့ပေမယ့် တောင်ကိုရီးယား ၁၇ ဉီး အပါအဝင် လူ ၂၁ ဉီး သေဆုံးခဲ့ပေမယ့်လို့ ဒီကနေ့မှာတော့ သမ္မတ လီမြောင်ဘတ်ဟာ လုံခြုံရေးတွေ ထူထပ်စွာ ချပြီး သွားရောက် ပန်းခွေချခဲ့တယ်လို့ သိရပါတယ်။ စိုင်းနော်ခမ်း နောက်လိုက်တွေ လက်နက်ချရွှေတြိဂံ ပတ်လည် ၄ နိုင်ငံလုံးက အလိုရှိ နေကြရှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံ နယ်မြေက မူးယစ်ဆေးနဲ့ နာမည်ကျော်တဲ့ ပြည်သူ့စစ် ခေါင်းဆောင် စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် တချို့ မနေ့မနက်က တာချီလိတ် အာဏာပိုင်တွေဆီ လက်နက်ချခဲ့ပါတယ်။အဖွဲ့ဝင် ၂၅ ယောက် ဟာ မနက် ၈ နာရီ လောက်မှာ လက်နက် ခဲယမ်းနဲ့ အစိုးရ ခြေမြန် တပ်ရင်း ၃၅၉ ရိပ်သာ မှာ လက်နက်အပ် ခဲ့ပါတယ်။စိုင်းနော်ခမ်းဟာ မဲခေါင်မြစ်တွင်း သွားလာနေတဲ့ သင်္ဘောတွေ စက်လှေတွေကို ဆက်ကြေး ကောက်တာ၊ ပစ်ခတ် တိုက်ခိုက်တာ ၊ မူးယစ်ဆေး မှောင်ခို ကူးတာ တွေကြောင့် ရွှေတြိဂံ ပတ်လည်က မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ် ၄ နိုင်ငံလုံးက အလိုရှိ နေပြီး ဧပြီလ ကုန်ပိုင်းကမှ လာအို နယ်စပ်မှာ လာအို အာဏာပိုင်တွေက ဖမ်းမိခဲ့ပြီး တရုတ်ဘက် လွှဲပေး ခဲ့ပါတယ်။ရှမ်း သံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းကတော့ စိုင်းနော်ခမ်းကို ဖမ်းမိ ပေမယ့်လည်း သူ့လို မူးယစ်ဆေး ဂိုဏ်းတွေ မှောင်ခို ကိစ္စတွေ ထပ်ပေါ် မလာဘူး ပြောလို့မရဘူးလို့ ဆိုပါတယ်။စိုင်းနော်ခမ်း ကိုယ်တိုင်ကလည်း ၁၉၉၆ ခုနှစ်က MTA မိန်တိုင်းအာမီတပ် ခေါင်းဆောင် ခွန်ဆာ နဲ့ လက်နက်ချခဲ့ပြီး တာချီလိတ် ပြည်သူ့စစ်အဖွဲ့အသွင် လှုပ်ရှား နေခဲ့တဲ့ သူပါ။ ရောင်းစားခံ မြန်မာ လုပ်သားများ ထိုင်းရဲ ကယ်တင်ထိုင်းမှာ တရားမဝင် အလုပ်လုပ်နေသူ မြန်မာ လုပ်သား အများအပြားရှိနေထိုင်းကို တရားမဝင် ရောက်လာပြီး စက်ရုံတွေမှာ လုပ်ခ မရပဲ မတရား ခိုင်းခံ နေရတဲ့ မြန်မာ အ လုပ်သမား တချို့ကို ထိုင်းအခြေစိုက် မြန်မာ အ လုပ်သမားများ ကူညီရေး အဖွဲ့၊ ထိုင်းရဲနဲ့ ကုလသမဂ္ဂတို့ ပေါင်းပြီး ကယ်တင် နိုင်ခဲ့ပါတယ်။ဘန်ကောက် တောင်ဘက်က ပုဇွန် စက်ရုံတခုမှာ ကျေးကျွန် သဖွယ် နှစ်နဲ့ချီ အလုပ် လုပ်နေရတဲ့ မြန်မာ အလုပ်သမား တရာကျော်ကို ခုရက်ပိုင်း အတွင်းက ကယ်တင် နိုင်ခဲ့ပါတယ်။တရက်ကို နာရီ နှစ်ဆယ်လောက်ထိ အလုပ်လုပ်ကြရပြီး အဟာရ ပြည့်အောင် မစားရ၊ ကျန်း မာရေး ထိခိုက်ပြီး နားရက် မရှိကြဘူးလို့ လွတ်လာတဲ့ အလုပ်သမ တယောက်က ပြောပါတယ်။အလုပ်ရှင်က အလုပ်သမားတွေကို လှောင်ပိတ် ထားပြီး လုပ်ခ တိုက်ရိုက် မရှင်းဘဲ ပွဲစားကိုပဲ ပိုက်ဆံပေးပြီး ပွဲစားက အလုပ်သမား တယောက်အတွက် တရက်လုပ်ခ ဆယ်ဘတ်သာ ပေး ပါတယ်။ထိုင်းမှာ လူကုန်ကူးမှုရဲ့ ဓားစာခံ အဖြစ် ရောက်လာသူတွေ အမြောက်အမြား ရှိတယ်လို့ ထိုင်းရောက် မြန်မာ နိုင်ငံသားများ အဖွဲ့က ပြောပါတယ်။တရားမဝင် ရောက်လာကြတာ ဖြစ်တဲ့ အတွက် အလုပ်သမားတွေဟာ ပွဲစားကိုသာ အား ကိုးရပြီး ပွဲစားတွေက တခြား အလုပ်တွေကို ပြန်ရောင်းစားပါတယ်။တချို့ဆို 'ပြန်လမ်း မရှိတဲ့' ငါးဖမ်းလှေတွေကို အရောင်းစား ခံရပြီး တချို့လည်း အပြင် ထွက်ခွင့် မရတဲ့ စက်ရုံတွေကို ရောင်းစား ခံရပါတယ်။မြန်မာ အလုပ်သမားတွေ ခုလို ဒုက္ခရောက်နေတဲ့ အဖြစ်တွေကို ကယ်တင် နိုင်ဖို့ အစိုးရ အဆင့်ကနေပြီး အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့် ရအောင် လုပ်ပေးမှသာ ဖြစ်နိုင်မယ်လို့ ထိုင်းရောက် မြန်မာ နိုင်ငံသားများ အဖွဲ့က ပြောပါတယ်။ဂရိ ရွေးကောက်ပွဲ ပြန်လုပ်ရမယ်ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် အဖြေ မထွက်ခဲ့ဂရိမှာ အဓိက နိုင်ငံရေး ပါတီတွေ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ကြိုးစားမှု နောက်ဆုံး အကျော့ မအောင်မြင် တော့တဲ့နောက် နောက်ထပ် ရွေးကောက်ပွဲ အသစ် လုပ်ဖို့ တာစူ နေပါပြီ။နိုင်ငံတကာ ကူညီရေး သဘောတူညီချက် အရ လုပ်ရမယ့် ချိုးခြံ ချွေတာရေး အစီအစဉ်တွေ အပေါ် ဘယ်လို ဆက် စခန်းသွားမယ်ဆိုတာမှာ အကြီးအကျယ် သဘောကွဲလွဲ နေကြတုန်း ဖြစ်ပါတယ်။အရင်ပတ်က ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် ဒီကိစ္စ အဖြေ ထွက်မလာ နိုင်သေးပါဘူး။လတ်တလော ဆန္ဒ ကောက်ခံမှု တွေမှာတော့ လက်ဝဲစွန်း ဆိုင်ရီဇာ ပါတီက ဦးဆောင် နေပါတယ်။ချိုးခြံမှု အစီအစဉ်တွေ ရပ်ဆိုင်းထားဖို့ တောင်းဆို ထားတဲ့အတွက် ဂရိ ယူရိုဇုန်ထဲ ဆက်နေလို့မှ ရပါ့မလား ပြောစရာ ဖြစ်လာပါတယ်။ကေအန်ယူ ဆက်ဆံရေးရုံးကို ဦးအောင်မင်း ဖွင့်လှစ်ပေးလုံခြုံရေးအရ ဆက်သွယ်နိုင်ဖို့ အတွက် အရေးကြီး လို့ ဝန်ကြီး ကိုယ်တိုင် ဖွင့်လှစ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က မီးရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အတွက် ဆက်ဆံရေးရုံး တခုကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမှာ လာရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်က ဂျပန်တွေ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းကိုလည်း ပြန်လည် ပြုပြင်ဖို့ အစိုးရက ရည်ရွယ်ထားတာလည်း ရှိပါတယ်။ဒါကြောင့်မို့ လုံခြုံရေးအရ ဆက်သွယ်နိုင်ဖို့ အတွက် ဒီရုံးဟာ အရေးကြီးတာကြောင့် သူကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးတာလို့ မီးရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ဒီဆက်ဆံရေးရုံး ဖွင့်ပွဲကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့လည်း တက်ရောက်ခဲ့ပါတယ်။ကေအန်ယူဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်ပြီး တက်ရောက် ခဲ့ပါတယ်။ ကေအန်ယူက သူတို့အနေနဲ့ တပ်နေရာချထားရေး အစီအစဉ်တွေ မလုပ်နိုင် သေးတဲ့ အတွက် ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။ဒီဆက်ဆံရေးရုံးဟာ ကေအန်ယူရဲ့ တတိယမြောက် ဆက်ဆံရေးရုံးဖြစ်သလို ဒီနေရာဟာ ကေအန်ယူ တပ်မဟာ ၆ နဲ့ ဆက်သွယ်ရ လွယ်ကူတဲ့ အဓိက နေရာတခုလည်း ဖြစ်ပါတယ်။ကေအန်ယူ တပ်မဟာ ၄ အတွက်တော့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး၊ တပ်မဟာ ၃ အတွက်တော့ ပဲခူးတိုင်း ကျောက်ကြီးဘက်မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါ တယ်။ယူရိုမြဲဖို့ ပြင်သစ် ဂျာမနီ ပူးပေါင်းလုပ်မည်ဂရိမှာ ခြိုးခြံခြွေတာရေး အစီအမံတွေ ဖော်ဆောင်ဖို့ ခက်နေယူရို ငွေကြေး စနစ် မပြိုလဲအောင် ပြင်သစ်နဲ့ ဂျာမနီ နှစ်နိုင်ငံ အတူ ပူးတွဲ လုပ်ဆောင်ဖို့ ဘာ လင်မှာ ရောက်နေတဲ့ ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အော်လန်နဲ့ ဂျာမန် ဝန်ကြီးချုပ် မာ ကဲတို့ တွေ့ဆုံ အပြီးမှာ ပြောကြား လိုက်ပါတယ်။ဒီလ ၂၃ ရက်နေ့မှာ ယူရိုဇုံထဲက ခေါင်းဆောင် တွေ အလွတ် သဘော တွေ့ဆုံကြမယ်လို့လည်း ပြောပါတယ်။ပြင်သစ် သမ္မတ ရွေးကောက်ပွဲ အတွက် မဲ ဆွယ်တုန်းက ဖရန်ဆွာ အော်လန်းက အီးယူ နိုင်ငံတွေကြား သဘောတူထားတဲ့ ဘဏ္ဍာရေး သဘော တူညီချက်ကို ပြန်ညှိမယ်လို့ ကတိပေးခဲ့ပေမယ့် ခု ဂျာမနီ ဝန်ကြီးချုပ်ကတော့ ဒီသဘော တူညီချက်ကို ပြင်လို့ မရဘူးလို့ ပြောနေပါတယ်။တဘက်မှာ ယူရိုဇုံထဲက ဘဏ္ဍာရေး မျက်ဖြူ ဆိုက်နေတဲ့ ဂရိ နိုင်ငံမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေကို အတည်ပြုဖို့ အခက် ကြုံနေပါတယ်။ဂရိဟာ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့နဲ့ အီးယူဆီက ပိုက်ဆံ ဘီလီယံ ရာချီ ချေးခဲ့ရပြီး ဒီပိုက်ဆံတွေ ပြန်ဆပ်နိုင်ဖို့ သူ့တိုင်းပြည်ထဲမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေ ဖော်ဆောင်ဖို့ ဖိအားပေး ခံနေရပါတယ်။ဒါပေမယ့် မကြာခင်က ဂရိက ရွေးကောက်ပွဲမှာ ပြည်သူလူထုက ခြိုးခြံ ချွေတာရေး အစီ အမံကို သဘောတူတဲ့ လက်ရှိ အာဏာရ ပါတီတွေကို ပစ်ပယ်ပြီး ဒီအစီအမံတွေကို ဆန့် ကျင်တဲ့ လက်ဝဲစွန်းနဲ့ လက်က်ျာစွန်းက ပါတီတွေကို ထောက်ခံမှု ပြခဲ့ပါတယ်။ဒီအတောအတွင်းမှာ အီးယူ နိုင်ငံတွေထဲမှာ ဂျာမနီကလွဲပြီး နိုင်ငံ အတော်များများရဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရပ်တန့်လုနီးနီး ဖြစ်နေတဲ့ အတွက် ပြင်သစ် သမ္မတ အော်လန်းက အကြွေး ကိစ္စ အပြင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပြန်မော့လာစေမယ့် အစီအမံတွေကိုလည်း လုပ်ဆောင်ပြဖို့ လိုအပ်လာပါတယ်။ပြင်သစ်နိုင်ငံရဲ့ ကြွေးထူ၊ ဖွံ့ဖြိုးမှုနှုန်း နှေးကွေး၊ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာနေတဲ့ အနေ အထားတွေကို သူ ကောင်းကောင်း သဘောပေါက်တယ်လို့ ပြင်သစ် သမ္မတက ပြောနေပြီး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပြန်ဉီးမော့လာအောင် ပိုက်ဆံ ထပ်ချေးဖို့ လိုနေပါတယ်။ဒါပေမယ့် မာကဲ ဝန်ကြီးချုပ် ဖြစ်နေတဲ့ ဂျာမနီက နောက်ထပ် ပိုက်ဆံချေးဖို့ ကိစ္စကို အ ပြောမခံပါဘူး။ဒါ့ကြောင့် ပြင်သစ် သမ္မတ အော်လန်း အတွက် ရွေးကောက်မခံရခင်က မဲဆန္ဒရှင်တွေကို ပေးထားတဲ့ ကတိကို ဘယ်လို တည်အောင် လုပ်မလဲဆိုတာ ခုချိန်မှာ ဖြေရ အခက်ဆုံး မေးခွန်း ဖြစ်နေပါတယ်။မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်By ကိုကျော်ကျော်သိန်းမြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတဟာ ဒီကနေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်တွေ နဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ကိစ္စရပ် မျိုးစုံကို ပြောခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပထမဆုံး ချီးကျူး ပြောဆို ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးကို သမ္မတ အီလ်မြောင်ဘာ့က် က အထူး အလေးပေး ပြောဆိုခဲ့တာပါ။“ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တယ်လို့ ယူဆ ရနိုင် တဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့  မြန်မာနိုင်ငံ အကြား ဘယ်လို ဆက်ဆံရေးမျိုးကို မဆို မြန်မာအစိုးရ အနေနဲ့ ရှောင်ရှား လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ကို ကျနော် ပြောခဲ့ပါတယ်။ ဒါဟာ ကျနော်နဲ့ သမ္မတဦးသိန်းစိန်တို့ ထိပ်သီးဆွေးနွေးပွဲ အတွင်း တရားဝင် မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါ တယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အီလ်က စကားပြန် ကနေ တဆင့် ပြောသွားပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ပိုပြီးတော့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားဖို့ တောင် ကိုရီးယားနိုင်ငံ က ပြင်ဆင်ထား ပါတယ်ဆိုတာကိုလည်း သူက သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲမှာ လက်နက်ငယ်တွေ က လွဲပြီးတော့ ဘယ်လို စစ်လက်နက်ပစ္စည်းမျိုးကိုမှ မြောက် ကိုရီးယား နိုင်ငံဆီကနေ မရယူဖို့ နိုင်ငံတွေ ကို ပိတ်ပင် တားမြစ်ထားပါတယ်။ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအီလ်တို့ တွေ့ဆုံဆွေးနွေးကြတာမှာလည်း ကိစ္စရပ်မျိုးစုံ ပါဝင် ခဲ့ပြီး အဓိကအနေနဲ့ ပညာရေးရဲ့ အရေးကြီးပုံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အီလ်က ပြော ပါတယ်။“တောင်ကိုရီးယားဟာ ဒီမိုကရေစီ နိုင်ငံတခုအဖြစ်နဲ့ရော၊ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတခု အဖြစ် ကိုရော ရောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ နောက် မျိုးဆက်သစ် ခေါင်းဆောင်တွေ အတွက် ပညာရေး အထောက်အပံ့ပေးတဲ့ နေရာမှာ ကျနော်တို့ဟာ သန္နိဋ္ဌာန်ခိုင်မာပြီး စိတ်အား ထက်သန် စွာ လုပ်ခဲ့ကြတယ်ဆိုတာကို ကျနော် ထောက်ပြ ပြောဆိုခဲ့ပါတယ်။”လို့ မစ္စတာအီလ်က ပြောပါတယ်။ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ဘယ်တော့မှ အနစ်နာခံ အလျှော့မပေးရဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောတူ ခဲ့ကြ တယ်လို့လည်း သူကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတို့ အားလုံးကို တခုမဟုတ်တခု လိုချင်တာမဟုတ်ဘဲ အားလုံးကို လိုချင်တာ ဖြစ်ပါတယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က -“နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ကြတာမှာ အုပ်ချုပ်သူတွေက လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘဲ သူတို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း တည်ဆောက်နိုင်စေမယ့် ပညာရေးမျိုးကို မြန်မာ ကလေးငယ်တွေ ရစေ ချင်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။မြန်မာလူထုအနေနဲ့ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့အတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်သွား ချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို လုံခြုံတယ် ဆိုရုံနဲ့ မလုံလောက်ဘဲ အစိုးရကရော ကိုယ်ကိုယ်တိုင်ကပါ အကာအကွယ် ပေးနိုင်မယ့် လူသားဂုဏ်သိက္ခာကို မိမိတို့ လိုအပ်ပါ တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။မြန်မာလူထုအနေနဲ့ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအခြေအနေကို ရောက်အောင် ခက်ခဲတဲ့ လမ်းကြောင်းကို ဆက်လျှောက်ရ ဦးမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေကိုလည်း မီးမောင်းထိုး ပြောဆိုခဲ့ပါ တယ်။“ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အပြောင်းအလဲဖြစ်နိုင်ခြေရှိတဲ့ အဆင့်တခုမှာ ကျမတို့ ရောက်နေပါ တယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအလဲဟာ မလဲမပြိုဘဲ ဖြစ်လိမ့် မယ် ဆိုပြီး ကျမတို့ သေချာပေါက် ယူဆနိုင်မယ်လို့ ကျမတော့ မထင်ပါဘူး။ ရည်ရွယ်ချက် ရှိနေပါတယ်၊ တကမ္ဘာလုံးက စိတ်ကောင်း  စေတနာကောင်းနဲ့ အားပေးနေ ကြပါတယ်၊ ဒါပေမဲ့ အဲဒီ စိတ်စေတနာကောင်းတွေ အလဟဿဖြစ်မသွားစေရေး သေချာအောင် ကျမတို့ လုပ်ရပါမယ်၊ ပြီးတော့ ကျမတို့လူထုအကျိုး အတွက် အဲဒီ စိတ်စေတနာကောင်းတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် လုပ်ကြရပါမယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ဂုဏ်သိက္ခာရှိပြီး ကောင်းမြတ်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ မိမိ ကိုယ်တိုင်အနေနဲ့ရော၊ ကိုရီးယားလူထုနဲ့ အစိုးရကပါ ဆက်လက်ပြီး ထောက်ခံသွား ပါမယ် လို့လည်း မစ္စတာအီလ်ကပြောပါတယ်။မြန်မာနိုင်ငံကို နိုင်ငံတော် တရားဝင်ခရီးစဉ်အဖြစ် မနေ့ကရောက်လာတဲ့ တောင် ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကပဲ တွေ့ဆုံဆွေးနွေးပြီး  နိုင်ငံတော် တရားဝင်ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။ဦးဝဏ္ဏမောင်လွင် ဝန်ကြီးကလင်တန်နှင့် ဝါရှင်တန်မှာ မေ ၁၇ ရက်၊ တွေ့ဆုံမည်By ဗွီအိုအေ(မြန်မာဌာန)မြန်မာနိုင်ငံခြားရေးဝန်ကြီးဦး ဝဏ္ဏမောင်လွင်ဟာ ဝါရှင်တန်ဒီစီကို လာရောက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့ မေလ ၁၇ ရက်၊ ကြာသာပတေးနေ့ မနက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြာရေးဌာနက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။မေလ ၂၀ ရက်နေ့ မှာ ကုန်ဆုံးမယ့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအသစ် ဟန့်တားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို နောက်တနှစ်သက်တမ်းတိုးဖို့ အချိန် နီးကပ်လာတာနဲ့ အတူ မြန်မာ နိုင်ငံခြားရေးဝန်ကြီး အခုလို ဝါရှင်တန်ကို လာရောက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မနှစ်က နှစ်ကြိမ်သွားရောက်ခဲ့တဲ့ ဝါရင့် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းကတော့ တနင်္လာနေ့က မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ယာယီရုပ်သိမ်းပေးဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကိုတက်ရောက်စဉ် ဝါရှင်တန်ဒီစီရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ သူရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာနိုင်ငံကြား တိုးတက်တဲ့ ဆက်ဆံရေး အဖြစ် ၂ နိုင်ငံကြား သံအမတ်ကြီးအဆင့် ခန့်ထားရေးကိစ္စလည်း မကြာမီ အတည်ပြုဖွယ်ရှိနေပါတယ်။ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မေလ ၁၃ ရက်နေ့က စင်ကာပူကို ရောက်ရှိခဲ့ပြီး ၂၀၁၄ ခု၊ မြန်မာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးအတွက် ပြင်ဆင်မှုများမှာ စင်ကာပူရဲ့ အကူအညီကို ရယူဖို့အပြင် နှစ်နိုင်ငံကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု အကောင်အထည်ဖော်ရာမှာ  တိုးတက်မှုတွေ အကြောင်း နိုင်ငံခြားရေး ဝန်ကြီး K Shanmungam နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ ဝန်ကြီးချုပ် Lee Hsein Loong နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ဦးဝဏ္ဏမောင်လွင်ဟာ မေလ ၁၅ ရက်နေ့မှာ စင်ကာပူကနေ ပြန်လည် ထွက်ခွာခဲ့ပါတယ်။Australia နှင့် အမေရိကန်စစ်ရေးဆက်စပ်မှု တရုတ်စိတ်ပူစရာမလိုBy ဗွီအိုအေ(မြန်မာဌာန)သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုနက်ရှိုင်းလာပြီးတော့ သြစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ အမေရိကန်မရိန်းတပ်တွေ ပိုမိုချရပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက စိုးရိမ်စိတ်မကြီးဖို့ တရုတ်ပြည်ကို ပထမအကြိမ် ရောက်ရှိလာတဲ့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Bob Carr က ကာကွယ်ပြောကြားသွားပါတယ်။မစ္စတာကားရ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi ၊ နောက် တရုတ်တပ်မတော် ဒုတိယဦးစီးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝေဖုန်ဟေး (Wei Fenghe) အင်္ဂါနေ့က ဘေဂျင်းမှာတွေ့ဆုံရင်း ပြောကြားခဲ့တာ ဖြစ် ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု တိုးချဲ့တာဟာ သြစတြေးလျရဲ့ လုံခြုံမှုအတွက်သာဖြစ်တဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ အာရှ-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းတည်ငြိမ်မှု အတွက် အာမခံထားတယ်လို့ သြစတြေးလျက ယုံကြည်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်မှုဟာ တရုတ်ပြည်အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်တဲ့အကြောင်း မစ္စတာ ကားရ်က ပြောကြားသွားပါတယ်။ဒါပေမယ့် သြစတြေးလျဟာ စစ်အေးကာလ မဟာမိတ်ဖွဲ့မှုကို ပြန်လည်ဖော်ဆောင်နေတဲ့အကြောင်း၊ အဲဒီ စစ်အေးကာလ မဟာမိတ်ဖွဲ့မှုဟာ ခေတ်ကုန်သွားပြီဖြစ်လို့ တရုတ်အစိုးရက ပြောကြားသွားပါတယ်။

15.05.2012 နေ့ဖတ်ရန်သတင်းများ

Mon, 05/14/2012 - 21:54
by Myanmar Journal on Monday, May 14, 2012 at 7:29pm တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားဒလိုင်းလားမား ကိစ္စ တရုတ် အစိုးရ ငြင်းတရုတ် အစိုးရက ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားကို အဆိပ်ခတ် သတ်ဖြတ်ဖို့ လျှို့ဝှက် ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။ဒလိုင်းလားမားက လက်နဲ့ ထိပြီး ဆုတောင်း ပေးမယ့် အစီအစဉ် အတွင်း တိဘက် လူမျိုး အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်နဲ့ အဝတ် အစားမှာ အဆိပ်တွေကို သုတ်ထားဖို့ သင်ပေး ထားတယ် ဆိုတဲ့ သတိပေးမှု ရခဲ့တဲ့ အကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာ တစ်စောင်နဲ့ မေးမြန်းခန်းမှာ ဒလိုင်းလားမားက ပြောခဲ့ပါတယ်။တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တော့ အဲဒီ စွပ်စွဲချက်တွေဟာ အခြေ အမြစ် မရှိတဲ့ အကြောင်းနဲ့ ခေပြ ပြောဆိုစရာ အကြောင်းလည်း မရှိဘူးလို့ ပြောပါတယ်။ဒလိုင်း လားမားဟာ ဘာသာရေး အရည်ခြုံပြီး ခွဲထွက်ရေး လှုပ်ရှားမှု လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။မနှစ်က နေတိုးရဲ့ တပ်ဖွဲ့တွေ က ထရီပိုလီ မြို့တော်က ဆိပ်ကမ်း ကို တိုက်ခိုက် ခဲ့စဉ်နေတိုးက အရပ်သားတွေ မထိခိုက်အောင် ကြိုးပမ်းခဲ့ လို့ဆိုမနှစ်တုန်းက လစ်ဗျားနိုင်ငံ အပေါ် NATO ခေါ် မြောက် အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှု စစ်ဆင်ရေး အတွင်း အရပ်သား တွေ သေဆုံးမှု အရေ အတွက်ကို မီးမောင်း ထိုးပြ ထားတဲ့ HRW လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာ အပေါ် မဟာမိတ် အဖွဲ့က ပြန်လည် တုံ့ပြန်လိုက် ပါတယ်။သူတို့ အနေနဲ့ ခါတိုင်းထက်ပို သတိ ထားပြီး ပစ်မှတ်တွေကို တိတိ ကျကျ တိုက်ခိုက် ခဲ့တယ်လို့ နေတိုး အဖွဲ့က ပြောဆို တုံ့ပြန်လိုက် တာပါ။ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ စစ်ရေး အဆောက်အအုံ တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဲဒီ စစ်ဆင်ရေးမှာ အရပ်သား ၇၂ ယောက်ထက် မနည်း သေဆုံးခဲ့တယ် လို့ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြော ပါတယ်။NATO မဟာမိတ် အဖွဲ့က အရပ်သားတွေ ကို မထိခိုက်အောင် အနည်း အပါး ကြိုးစားမှု ရှိခဲ့တယ်၊ အဲဒါကိုလည်း လေးစားတယ်၊ ဒါပေမဲ့ အရပ်သား ၇၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာတွေ၊ ရှင်းလင်း ပြောပြတာတွေ မလုပ်ခဲ့ဘူးလို့ HRW အစီရင်ခံစာ ရေးသားသူ ဖရက် အီဘရာဟင် Fred Abrahims က ပြောပါတယ်။သေဆုံးသူ တွေရဲ့ မိသားစုကို လျော်ကြေး ပေးသင့်တယ် လို့လည်း အစီရင်ခံစာမှာ ပြောထားပါတယ်။မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ McCain တိုက်တွန်းBy ကိုသားညွန့်ဦးမြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ် မှုတွေကို ဆိုင်းငံ့ဖို့ အချိန်ရောက်ပြီလို့ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ပြောလိုက်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လူမှုကျင့်ဝတ် သိက္ခာတွေ စောင့်စည်းပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အဖြစ် စံပြဖြစ်ဖို့ လိုမယ် လို့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံအတွင်း မကြာခင်က သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ခဲ့တာ၊ အထူးသဖြင့်ဆိုရင် ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အနိုင်ရပြီး လွှတ်တော်ထဲ ၀င်ရောက်နိုင်တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားရတော့မယ့် အချိန်ရောက်နေပြီလို့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း လက်နက်တင်ပို့ ရောင်းချမှုကို ပိတ်ပင်တာနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို အနှောင့်အတားဖြစ်စေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူတာ မျိုးတော့ ခြွင်းချက်ဆက်ထားသင့်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ၀ါရှင်တန်ဒီစီက CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ မနေ့က ပြောဆိုသွားပါတယ်။“မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့အရေးယူပိတ်ဆို့မှုတွေ ဆိုင်းငံဖို့ အချိန်ကျနေပြီလို့ ထင်ပါ တယ်။ လက်နက်ရောင်းချမှု ပိတ်ပင်တာနဲ့၊ မြန်မာ့ဒီမိုကရေစီကို အနှောက်အယှက် အဟန့်အတားဖြစ်စေ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်တဲ့ နိုင်ငံအရင်း အမြစ်တွေကို မတရားယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထားပြီး အရေးယူထားတာတွေက လွဲလို့ပေါ့။ ဒါပေမယ့် ဒါဟာ အရေးယူမှုတွေကို ရုပ်သိမ်းတာမဟုတ်ပါဘူး၊ ဆိုင်းငံ့ထားဖို့ပါ။ မြန်မာနိုင်ငံအတွင်း တိုးတက် မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ဖြစ်နေတဲ့ အပေါ်မှာတည်ပြီး ဒီ အရေးယူမှုလျှော့ပေးတာတွေကို လုပ်သွားပါ့မယ်။”မြန်မာအာဏာပိုင်တွေအနေနဲ့  ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ဆောင်ရွက်တဲ့ အပေါ်မှာ အမေရိကန်ပြည်ထောင်စု ဘက်ကလည်း လုပ်ရပ်တခုချင်းကို တခုချင်းအလိုက် တုံ့ပြန်သွားမယ် လို့ ပြောထားတာပါ။ အခုလို မူဝါဒ ပြောင်းလဲဖို့ စဉ်းစားချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို အားဖြစ်စေဖို့၊ မြန်မာပြည်သူတွေ အကျိုးခံစားခွင့်ရဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့လည်း အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာ မြန်မာပြည်သူတွေ လက်တွေ့အကျိုးဖြစ်ဖို့နဲ့၊ မြန်မာ့ဒီမိုကရေစီရေးကို အားဖြစ်စေဖို့ စံနှုန်းစံထား သတ်မှတ်ထားရှိဖို့လိုမယ်လို့ အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောပါတယ်။“မြန်မာနိုင်ငံတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက် လူမှုကျင့်ဝတ်သိက္ခာစောင့်စည်းဖို့ အခြေခံ စံနှုန်းစံထားတွေ သတ်မှတ် ထားရပါမယ်။ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ လက်ခံလို့မရတဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးကို ဒေါ်အောင်ဆန်းစုကြည်က ပိုင်းခြားသတ်မှတ်ထားတာ ရှိပါတယ်။ မှန်ကန်တဲ့ရင်းနှီးမြုပ်နှံမှုမျိုး ဟာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကို အားဖြစ်စေပါမယ်၊ နိုင်ငံသားတွေအတွက် အကျိုးဖြစ်ထွန်း စေပါတယ်၊ နောက်ဆုံးမှာ စီးပွားရေးနဲ့အရပ်ဘက်အုပ်ချုပ်မှုကို စစ်တပ်က ချုပ်ကိုင်ထားတာတွေ လျှော့သွားစေပါလိမ့်မယ်။ လက်ခံလို့မရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါ။ စီးပွားရေးမှာ နီးစပ်ရာလက်တဆုပ်ကပဲ လက်ဝါးကြီးအုပ်မှုကို အားဖြစ်စေပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုဟာလည်း နောက်ဆယ်စုနှစ်နဲ့ချီ နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က ချုပ်ကိုင် ထားတဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန် ကုမ္ပဏီတွေ၊ အစိုးရပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေး တွဲလုပ်တာမျိုး ကိုတော့ ခွင့်ပြုသင့်တယ်လို့ မထင်ပါဘူး။”မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ လူမှုဝတ္တရားတွေအပေါ် တာဝန်ယူလိုစိတ်ဖြစ်ဖို့၊ အလုပ်သမား အခွင့်အရေးတွေကို လေးစား လိုက်နာဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှု ရှိဖို့ လိုမယ်လို့ သူက ထောက်ပြပါတယ်။ ဒါမှလည်း အမေရိကန်ကုမ္ပဏီတွေဟာ အခြား နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အကြား စံပြအဖြစ်နဲ့ မြန်မာနိုင်ငံထဲ လူ့ကျင်ဝတ်သိက္ခာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာစေရေး ဦးဆောင် ဦးရွက် ပြုနိုင်မယ်လို့ မစ္စတာမက်ကိန်းက ပြောပါတယ်။လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေကို အကဲဖြတ်ရာမှာတော့ မြန်မာအစိုးရသမ္မတဦးသိန်းစိန်နဲ့ လုပ်ဖော် ကိုင်ဘက်တွေဟာ ပြုပြင် ပြောင်းလဲလိုစိတ် ရှိသူတွေလို့ သူယုံကြည်တဲ့အကြောင်း ပြောပါတယ်။ နောက် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အတွင်းမှာ ရှိနေသူတချို့ ဟာလည်း အရင်တုန်းက အမေရိကန် -မြန်မာ နှစ်ဘက် ဆက်ဆံရေးကောင်းစဉ်က အမေရိကန် စစ်ကျောင်းတွေမှာလာပြီးတော့ သင်တန်းတက်ခဲ့ဖူးသူတွေ၊ သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ နီးစပ်လိုသူတွေဖြစ်တယ်လို့ သူက ယူဆပါတယ်။“မြန်မာ့အရေးဟာ အမေရိကန်ပြည်ထောင်စုသံတမန်ရေးမှာ နောက်ထပ်အရေးပါတဲ့ စမ်းသပ်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ကျနော် မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ဆောင် စရာတွေ အတော်ကျန်နေသေးတယ်၊ လုပ်ရဦးမယ်ဆိုတာကို သေချာစေချင်တာပါ။ အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာသမ္မတနဲ့ အစိုးရအဖွဲ့အတွင်းက သူ့မဟာမိတ်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် တကယ့်စိတ်ရင်းမှန်ရှိတယ်လို့ ကျနော် ယူဆပါတယ်။ တကယ့်ကို တိုးတက်မှုတွေ အတွက်လည်း ဆောင်ရွက်နေကြပါတယ်။”မစ္စတာမက်ကိန်းဟာ အရင်တုန်းကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို တက်တက်ကြွကြွ ထောက်ခံ အားပေးသူတဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရေးနဲ့ လွှတ်တော်ထဲ သြဇာကြီးမားသူတဦးဖြစ်တာကြောင့်လည်း အခုလို မြန်မာအပေါ် အရေးယူမှုတွေ ဆိုင်းငံဖို့ သူ့သဘောထား ထုတ်ဖော်ပြောလိုက်တာဟာ မကြာခင် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား ဖြစ်လာဖွယ် ရှိတယ်လို့ ယူဆရပါတယ်။ အခု မေလ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူမှုဥပဒေတရပ် ကို သက်တမ်းတိုးပေးရမယ့် အချိန်ရောက်တော့မှာပါ။ ဒါကြောင့် အခု မစ္စတာမက်ကိန်းပြောဆိုချက်ဟာ ဒီဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်လာနိုင်မယ်လို့ ယူဆရပါတယ်။ပိတ်ဆို့မှု ရုပ်သိမ်းရေး သတိထားသင့်By မခင်ဖြူထွေးမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လမ်းလွဲမသွားရလေအောင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာ ရောက်ဖို့အတွက်သတိထားဆောင်ရွက်ဖို့ အမေရိကန် အခြေစိုက် ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို အားပေးတဲ့ အဖွဲ့ပေါင်း ၁၂ ခုက သမ္မတ အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အချိန်မတန်သေးဘူးလို့လည်း သူတို့က ပြောပါတယ်။ ဘာကြောင့် အခုလို ပြောဆိုကြတာ ပါလဲဆိုတာ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ပြန်ရုပ် သိမ်းနေချိန်၊ လာမယ့် မေလ ၂၀ ရက်နေ့မှာလည်း အမေရိကန်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်မှု ဥပဒေတွေကို နောက်ထပ် သက်တမ်းတိုးမတိုး ဆုံးဖြတ်ဖို့ ရှိနေချိန် မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရာမှာ သတိထား ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံမှာ အခြေစိုက်တဲ့ ကျင့်ဝတ် သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုသာ အားပေးတဲ့ အဖွဲ့ပေါင်း ၁၂ ဖွဲ့က အမေရိကန်သမ္မတ အိုဘားမားဆီကို မေလ ၁၁ ရက်နေ့က စာရေးသား ပေးပို့ပြီး တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဆင်သင့် အနေအထားမှာ မရှိသေးဘူးလို့ အခု တိုက်တွန်းစာ ရေးသားတဲ့အဖွဲ့ ၁၂ ဖွဲ့ထဲက တခုဖြစ်တဲ့ Conflict Risk Network အဖွဲ့ ညွှန်ကြားရေးမှူး Kathy Mulvey က ပြောပါတယ်။“ကျမတို့ ရဲ့ စိုးရိမ်ချက်၊ ကျမတို့နဲ့အတူ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့တွေရဲ့ စိုးရိမ်ချက်က မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိသေးဘဲနဲ့ နောက် ရင်းနှီးမြှုပ်နှံသူတွေကို ဖွဲ့စည်းပုံဥပဒေအရ အကာအကွယ်ပေးတဲ့ အာမခံချက် တစုံတရာ မရှိသေးဘဲနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်သေးဘူး ဆိုတာပါ။ အထူးသဖြင့် ခုချိန်မှာ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဆက်ပြီး ရှိနေတုန်းပါ။ အခုလိုအချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံမှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး ဆိုးရွားအောင် တွန်းအားပေး ရာ ရောက်နိုင်သလို ဒီမိုကရေစီ တိုးတက် ပြောင်းလဲမှုတွေကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။”အခုလို စိုးရိမ်ချက်တွေကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတဲ့နေရာမှာ သတိနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းတာဖြစ်တဲ့အကြောင်း Kathy Mulvey က ပြောပါတယ်။“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ တိုးတက် ပြောင်းလဲမှုတွေကို ကျမတို့ ချီးကျူး ဂုဏ်ပြုချင်ပါတယ်။ တချိန်တည်းမှာလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အဖြစ်မှန် အခြေအနေ၊ ပြည့်စုံ ခိုင်မာတဲ့ အချက်အလက်တွေကို သိဖို့လိုပါတယ်။ ဥပမာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှုတွေ၊ အဂတိ လိုက်စားမှုတွေအတွက် အဓိက တာဝန်ရှိသူတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ။ မကြာသေးခင်က အစီရင်ခံစာတွေအရ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ ကျမတို့ ရင်းနှီးမြှုပ်နှံသူများ အဖွဲ့တွေရဲ့ အဓိက စိုးရိမ်ချက်က ကချင်ပြည်နယ်လို ဒေသတွေမှာ စစ်တပ်အင်အား တိုးချလာနေတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။”အိုဘားမားအစိုးရအနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့ ရင်းနှီးမြှုပ်နှံရှင် အဖွဲ့တွေရဲ့ စိုးရိမ်ချက်တွေကို အလေးထားပြီး ဒီ မေလ ၂၀ ရက် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲ လုပ်သင့်မသင့် စဉ်းစားရာမှာရော နောက်ပိုင်း ကိစ္စတွေမှာပါ ထည့်သွင်း စဉ်းစား လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း လည်း Kathy Mulvey က ပြောပါတယ်။ဒေါ်လာသန်းပေါင်း ၁ သိန်း ၁ သောင်း ၅ ထောင်ကျော် ပိုင်ဆိုင်မှု ငွေပမာဏ အင်အားရှိတဲ့ ရင်းနှီးမြှုပ်နှံ သူတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစုရှယ်ယာရှင်တွေက သမ္မတ အိုဘားမားကို လက်မှတ်ရေးထိုး ပေးပို့ ခဲ့ကြ တာပါ။ ဒီလို အရေးပါတဲ့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းရဲ့ အသံဖြစ်လို့ အစိုးရအနေနဲ့ အလေး အနက်ထား စဉ်းစားသင့်တယ်လို့လည်း Kathy Mulvey က ပြောပါတယ်။အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသက်တမ်း တိုးသင့် မသင့်ကို ဒီလ ၂၀ ရက်နေ့မှာ ဆုံးဖြတ်ကြမှာဖြစ်သလို အမေရိကန် ဥပဒေပြု လွှတ်တော် အမတ်တွေအကြား မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အားလုံးကို ရုပ်သိမ်းလိုက်ဖို့ တိုက်တွန်းနေသူတွေရှိသလို တဖြည်းဖြည်းချင်း ရုပ်သိမ်းဖို့ နားချနေသူတွေ လည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရေရှည်ခိုင်မာတဲ့ စီးပွားရေးတရပ် တည်ဆောက်နိုင်ဖို့နဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ လုပ်ငန်းတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့ဆက် တွန်းအားပေးရာရောက်ဖို့ အတွက် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အမေရိကန် စီးပွားရေးကုမ္ပဏီ ၁၃ ခုက သမ္မတ အိုဘားမားဆီကို စာရေးသား ပေးပို့ခဲ့ကြပါသေးတယ်ရှင်။တောင်ကိုရီးယား သမ္မတ မြန်မာပြည်ရောက်By ကိုကျော်ကျော်သိန်းတောင်ကိုရီးယားသမ္မတ အီလ်မြောင်ဘာ့က် (Lee Myung-bak) ဟာ ဒီကနေ့မှာ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ပြီဖြစ်ပါတယ်။ ဆယ်စုနှစ်သုံးစုနီးပါးအတွင်း မြန်မာနိုင်ငံဆီလာရောက်တဲ့ တောင်ကိုရီး သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ခရီးစဉ်အတွက် ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ နေရာတွေမှာ လုံခြုံရေးတွေ အထူးတင်းကျပ်ထားပါတယ်။ မစ္စတာ အီလ်မြောင်ဘာ့က်ဟာ အခုဆိုရင် နေပြည်တော်မှာ ရောက်နေပြီဖြစ် ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ နှစ်ဘက်စလုံးက တရားဝင် ထုတ် မပြောကြပါဘူး။ ဒီအခြေအနေအပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံပါဝင်တဲ့ ASEAN+3 ရဲ့ အနာဂတ် လုပ်ဆောင်ဖွယ်ရာတွေအတွက် ပြင်ဆင်ဖို့ မြန်မာနိုင်ငံကို လာတာ ဖြစ်တယ်လို့ သိထားရတဲ့ တောင်ကိုရီးယားသမ္မတရဲ့ နှစ်ရက်ကြာခရီးစဉ်ဟာ ဒီကနေ့ ညနေပိုင်း မှာပဲ စတင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီ တောင်ကိုရီးယားသမ္မတတဦး နောက်ဆုံးလာရောက်ခဲ့တာက ၁၉၈၃ ခုနှစ်ကပါ။ အဲဒီအချိန်က သမ္မတ ချန်ဒူးဝှမ်နဲ့အဖွဲ့ အာဇာနည်ကုန်းမှာ အာဇာနည်ခေါင်းဆောင် ကြီးတွေကို ဂါရ၀ပြုမယ့်အချိန် မြောက်ကိုရီးယားသူလျှိုတွေက ဗုံးခွဲလုပ်ကြံဖို့ ကြိုးစားတာကြောင့် တောင်ကိုရီးယား ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအ၀င် အစိုးရအဖွဲ့ဝင် အတော်များများ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့ကြရပါတယ်။အဲဒီအချိန်က မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအစိုးရနဲ့ ချက်ခြင်း သံတမန် အဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ မြန်မာနဲ့မြောက်ကိုရီးယားအကြား တရားဝင် သံတမန် အဆက်အသွယ် ပြန်ထူထောင်ခဲ့ကြပါတယ်။အခု အပြောင်းအလဲတွေ ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံသားတွေ လုပ်ငန်း လုပ်ဆောင်နေကြတာတွေက လည်း ရှိနေပါတယ်။တောင်ကိုရီးယားသမ္မတ ရောက်မလာခင်ကတည်းက ရန်ကုန်မြို့ အဓိကနေရာတွေမှာ လုံခြုံရေးတွေ သိသိသာသာ ချထားတာကို တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။"ကမ္ဘာအေးဘုရားလမ်းတောက်လျှောက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းဘက်- အဲဒီ ကျနော်သွားတဲ့ ဘက်တွေမှာတော့ ဓာတ်တိုင် တတိုင်ကြား၊ တတိုင်ကြားမှာ နှစ်ယောက်-နှစ်ယောက် ချထားတာ တွေ့ တယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာဆိုရင်လည်း ရဲကားတစ်စီးနဲ့အပြည့် ဒေါ်အောင်ဆန်းစုကြည် အိမ်နား မှာတွေ့တယ်။ ပြီးတော့ ကုက္ကိုင်း၊ မြကျွန်းသာမှာဆိုရင်လည်း ရဲကားတစ်စီးနဲ့အပြည့်တွေ့တယ်။ ဒါတွေက မမြင်ရတာကြာနေတဲ့ မြင်ကွင်းတစ်ခုလို ဖြစ်နေတယ်လေ။ လုံခြုံရေး အဲဒီလောက် ချထားတာ ဒီဘက် နောက်ပိုင်းမှာ ဒါ ပထမဦးဆုံး ရှားရှားပါးပါး ပြန်တွေ့ရတာပေါ့။ ဒီနေ့မနက် ကျနော် အပြင်ထွက်တဲ့ အနေအထားမှာတော့ အဲလို ရဲတွေချထားတာတော့ တွေ့တယ်။ ဒါပေမယ့် ကားကြီးတွေနဲ့ ချထားတာတော့ သိပ်မတွေ့ရတော့ဘူး။ ဒါပေမယ့် ထူးထူးခြားခြားဆိုလို့ မြို့ထဲက Central Hotel တို့၊ Traders Hotel တို့ ပတ်ဝန်းကျင်မှာတော့ ပတ်ပတ်လည်မှာ လုံခြုံရေး တော်တော်လေး ချထားတယ်လို့ ပြောတယ်ခင်ဗျ""ဦးဝိစာရလမ်းဘက်တွေမှာတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ချထားတာတော့ တော်တော်များများ တွေ့တယ်။ နောက် တော်လှန်ရေးပန်းခြံတဝိုက်၊ အဲဒီမှာတော့ လုံခြုံရေးများများ ချထားတာတော့ တွေ့တယ်။ ရဲတွေကို ဓာတ်တိုင် တတိုင်ခြားမှာ နှစ်ယောက်-နှစ်ယောက် ချထားတယ်။ ကားလေးတွေကိုပါ သူတို့က ချထားတယ်။ အဲဒီမှာတော့ incharge တွေ ရှိတာပေါ့။ သူတို့ရဲ့ တကိုယ်ရေကိုင်တဲ့ သေနတ်ပါတယ်ပေါ့ဗျာ။ equipment (လက်နက်) အပြည့်အစုံနဲ့ပေါ့။"အခု လုံခြုံရေးတင်းကျပ်ထားပုံဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာတဲ့ အချိန်တုန်းကထက်တောင် ပိုသေးတယ်လို့ တခြား ရန်ကုန်မြို့ခံတချို့ကလည်း ပြောပါတယ်။ အခုလောက်ထိ တင်းကျပ်ထားတာက ဘာ့ကြောင့်ဆိုတာကို တော့ တကယ်တမ်း တိတိကျကျ မသိကြပါဘူး။ နိုင်ငံအကြီးအကဲတယောက်လာမှာမို့ ပုံမှန်အတိုင်း လုပ်တာပဲလို့ ထင်ကြသူတွေ ရှိသလို ဘာများဖြစ်လာနိုင်လို့လည်းဆိုပြီး တွေးပြီးတော့ စိုးရိမ်သူတွေလည်းရှိပါတယ်။"ထူးဆန်းတာကတော့ equipment အပြည့်အစုံ၊ လက်နက်အပြည့်အစုံနဲ့ အဲလိုမျိုး- တကယ်လုံခြုံရေး ယူထားတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်။ ကျန်ခဲ့တဲ့ သုံးလေးရက်လောက်က အဲလိုမျိုး လုံခြုံရေးတွေ အပြည့်ယူထားတာတွေ့ရတော့ ကျနော်လည်း လက်လှမ်းမီသမျှ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့ကတော့ ကိုရီးယားသမ္မတလာဖို့ရှိတယ်။ အဲဒါကြောင့်လား မသိဘူးလို့တော့ ပြောကြတယ်။ ကျနော့် တစ်ဦးထဲ ခံစားချက်ကို ပြောရရင်တော့ ဒါက နည်းနည်း ထူးခြားသလိုဖြစ်နေတယ်။ အဲလိုမျိုးတွေ မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဒီမြင်ကွင်းကြီးက ကျနော့်အတွက်တော့ ထူးခြားတယ်။ ဘာများ တခုခု ဖြစ်နိုင်ခြေရှိလား ဆိုတဲ့ စိုးရိမ်မှုတော့ ရှိတယ်။ တခြား သူငယ်ချင်းအပေါင်းအသင်းတွေကို မေးတဲ့အခါကျတော့ တချို့လည်း စိုးရိမ်ကြတယ်၊ တချို့လည်း မစိုးရိမ်ဘူးပေါ့လေ၊ ဒါက- နိုင်ငံ့အကြီးအကဲတစ်ယောက် လာမှာမို့လို့ အဲလိုမျိုး သမန်ကာလျှံကာ တွေးတဲ့လူလည်း ရှိပါတယ်။"သမ္မတ အီလ်မြောင်ဘာ့က်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံနိုင်တယ်ဆိုတဲ့သတင်းတွေ သူမရောက်ခင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ထားပေမဲ့ လုံခြုံရေးအကြောင်း ပြချက်နဲ့ NLD ဘက်ကရော တောင်ကိုရီးယား ဘက်ကပါ တရားဝင် အတည်ပြု ပြောဆိုတာမရှိပါဘူး။တောင်ကိုရီးယား သမ္မတဟာ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာသမ္မတအပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခါ မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆိုင်ရာ ဆက်ဆံရေးအခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးဖွယ်ရှိတယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါ့အပြင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။တောင်ကိုရီးယားကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ နံပါတ်လေးအဆင့်မှာရှိပြီး ကုမ္ပဏီပေါင်း ၄၉ ခုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၀၀၀ နီးပါး ရင်းနှီးမြှုပ်နှံထားပါတယ်။ သဘာဝဓာတ်ငွေ့အပါအ၀င် သယံဇာတ အမျိုးအစား အများအပြားရှိတယ်လို့ သိထားကြသလို စာတတ်မြောက်သူ အရေအတွက် မြင့်မားတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် ပိုပြီးတော့ ပွင့်လင်းလာပြီဖြစ်တာကြောင့် တောင်ကိုရီးယားကုမ္ပဏီတွေ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြင်ဆင်နေကြမှာကတော့ အသေအချာပါပဲခင်ဗျား။မြန်မာ လွှတ်တော် အဖွဲ့ ဘရပ်ဆဲ ရောက်အီးယူ မြန်မာ လွှတ်တော် တိုးတက်ရေး ကူမယ်မြန်မာ နိုင်ငံ စီးပွား လူမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဥရောပ သမဂ္ဂ အနေနဲ့ တတ်နိုင်သရွေ့ ကူညီမယ်လို့ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဘရပ်ဆဲမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံစဉ်မှာ ပြောကြား ခဲ့ပါတယ်။မြန်မာ နိုင်ငံ အပေါ် လက်နက် ရောင်းမှုက လွဲရင် ကျန်တဲ့ ပိတ်ဆို့မှုတွေ ဆိုင်းငံ့ထားချိန်မှာ ဥရောပ သမဂ္ဂ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရည်အချင်း တိုးမြင့်အောင် ကူချင်လို့ ဖိတ်တာလို့ အက်ရှ်တန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။မြန်မာ နိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး ရေရှည်ခံ ငြိမ်းချမ်းရေး ရဖို့ ဥရောပ သမဂ္ဂ က ကူချင်တယ် လို့လည်း ဆိုပါတယ်။ရန်ကုန်မှာ ရုံးခွဲ ဖွင့်ထားတဲ့အတွက် အဲဒိကနေ မြန်မာ နဲ့ ဆက်ဆံရေး စာမျက်နှာသစ်တွေ ဖွင့်သွားချင် တယ်လို့ ပြောဆို ခဲ့ပါတယ်။ဦးရွှေမန်းခေါင်းဆောင်တဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ ဥရောပ ပါလီမန် ရှိရာ ဘရပ်ဆဲမြို့ကို လေ့လာရေး ရောက်ရှိ နေတာပါ။  ကိုဇာဂနာ မှတ်တမ်းရုပ်ရှင် စီစဉ်ထိုင်းနိုင်ငံ မှာ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မိဖ တွေက သွားရောက် လုပ်ကိုင်ယင်း မိသားစု စားဝတ်နေရေး ဖြေရှင်းရာမှာ လိုက်ပါသွားတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ ရဲ့ ပညာရေး လစ်ဟင်းနေတာကို မီးမောင်းထိုးပြတဲ့ မှတ်တမ်းတင် ရုပ်ရှင် ဇာတ်ကား ကို စွယ်စုံ အနုပညာရှင် ကိုဇာဂနာ က စီစဉ် ဆော်သြပေးယင်း ထိုင်းနိုင်ငံ ဖင ဒေသမှာ ရိုက်ကူးနေပါပြီ။မိဖ တွေဟာ ရာဘာလုပ်ငန်း၊ ငါးလုပ်ငန်း ပန်းရံ လုပ်ငန်း စတာတွေ မှာ နစ်မြုပ် လုံးပန်းနေရလို့ ကလေးတွေရဲ့ ပညာရေး လစ်ဟင်းနေတာကို မီးမောင်းထိုးပြ လိုတဲ့ အတွက် ဒီရုပ်ရှင်ကား စီစဉ်ရပုံ ကို ကိုဇာဂနာ က ဘီဘီစီ ကို ရှင်းပြပါတယ်။ဒီရုပ်ရှင် ကားရဲ့ ဒါရိုက်တာက မင်းထင် ကိုကိုကြီး ဖြစ်ပါတယ်။ သရုပ်ဆောင် တွေက ရဲတိုက်၊ ချစ်သုဝေ နဲ့ ကောင်းပြည့်တို့ ပါဝင်ကြောင်း ပြောပြပါတယ်။ သရုပ်ဆောင် တွေကရော ဒါရိုက်တာ ကပါ ငွေကြေးမယူဘဲ စေတနာနဲ့ ပံ့ပိုး ပေးကြတာလို့ ကိုဇာဂနာက ပြောပါတယ်။ဒီဇာတ်ကားကို အခမဲ့ ပြသသွားမှာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာရော၊ နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာပါ အခမဲ့ ပြသသွားမဲ့ အကြောင်း၊ ကလေးတွေရဲ့ နောင်ရေးမှာ ပညာရေးက အရေးကြီးတဲ့ သတင်းစကားကို ရောက်စေချင်လို့ ပြသတာဖြစ်ကြောင်း လဲ ပြောပါတယ်။ရွေ့ပြောင်း အလုပ်သမား တွေကို ကူညီကြတဲ့ စေတနာ့ ဝန်ထမ်း အင်အားစုတွေက ထောက်ပံ့နေတာ ထိထိရောက်ရောက် မရှိလို့လား ဆိုတာကိုတော့၊ အတိုင်းအတာ တခုထိ ထိရောက် ကြောင်း၊ ဒါပေမယ့် အနုပညာနဲ့ ပံ့ပိုးပေးရင် ပိုပြီး ထိရောက် အောင်မြင်အောင် ကူညီလိုတဲ့ သဘောဖြစ်ကြောင်း ရှင်းပြသွားပါတယ်။  တောင်ကိုရီးယား သမ္မတ မြန်မာပြည် ရောက်နှစ်ပေါင်း ၃၀ နီးပါး အတွင်း တောင်ကိုရီးယား သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် သမ္မတ လီမြောင်ဘတ် မြန်မာ နိုင်ငံကို တနင်္လာ နေ့က ရောက်ရှိ လာခဲ့ပါတယ်။၁၉၈၃ ခုနှစ် တုန်းက နောက်ဆုံး အကြိမ် လာရောက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ် အတွင်းမှာ မြောက်ကိုရီးယား နိုင်ငံ ဘက်က ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အတွက် သမ္မတ ချမ်ဒူးဝှမ် အသက်ဘေးကနေ သီသီလေး လွတ်မြောက် ခဲ့ပေမဲ့ အစိုးရ အဖွဲ့ ဝန်ကြီး လေးယောက်နဲ့ သံတမန် အတော် များများ သေဆုံး ခဲ့ရ ပါတယ်။ဒါကြောင့် အခု တကြိမ် သမ္မတ လီမြောင်ဘတ်ရဲ့ ခရီးစဉ်ကို ကြိုတင် ကြေညာ ခဲ့ခြင်း မရှိခဲ့ပါဘူး။သမ္မတ လီမြောင်ဘတ်ရဲ့ နှစ်ရက်ကြာ ခရီစဉ် အတွင်းမှာ တနင်္လာ နေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ သမ္မတ ရဲ့ ပြန်ကြားရေး ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။တောင်ကိုးရီးယား သမ္မတ လီ မြောင်ဘက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ လာရောက် တာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးပို ခိုင်မာအောင် လုပ်ဖို့ ဖြစ်တယ်လို့ တောင်ကိုးရီးယား သမ္မတရုံးက ခရီးစဉ် မတိုင်ခင် ထုတ်ပြန် တဲ့ ကြေငြာချက် ထဲမှာ ဖေါ်ပြ ထားပါတယ်။တောင်ကိုးရီးယား သမ္မတနဲ့ အတူ အဆင့်မြင့် အစိုးရ အရာရှိကြီးတွေ နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ လိုက်ပါလာတဲ့ အတွက် နှစ်နိုင်ငံ ဆွေးနွေးကြရာမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု ကိစ္စက အဓိက ဖြစ်လိမ့်မယ်လို့ ယူဆရ ပါတယ်။သံတမန်ဟောင်း တစ်ယောက် ဖြစ်သူ သခင်ချန်ထွန်း ကတော့ အခု သမ္မတ လီမြောင်ဘတ်ရဲ့ မြန်မာ ခရီးစဉ်ဟာ စီးပွားရေး အရ အထိုက် အလျောက် ဖွံ့ဖြိုး တိုးတက်တဲ့ တောင်ကိုရီးယား နိုင်ငံ အနေနဲ့ အင်အားကြီး နိုင်ငံ ဖြစ်လိုတဲ့ အတွက် အထူးသဖြင့် အာရှ ဒေသမှာ မိတ်ဘက် နိုင်ငံ ရှာတဲ့ သဘော ဖြစ်တယ်လို့ မြင် ပါတယ်။တောင်ကိုးရီးယားဟာ မြန်မာ နိုင်ငံမှာ စတုတ္ထ အကြီးဆုံး ရင်းနှီးမြှုပ် နှံသူ ဖြစ်ပါတယ်။၂၀၁၀နဲ့ ၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း ဒေါ်လာ ၂ ဒဿမ ၆ ဘီလျံ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့တယ်လို့ မြန်မာ နိုင်ငံ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်း ဇယားတွေ အရ သိရပါတယ်။သမ္မတ လီမြောင်ဘတ်ဟာ အင်္ဂါ နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အာဇာနည် ဗိမာန် ကိုလည်း သွားရောက် မယ်လို့ သိရ ပါတယ်။   နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီရဲ့ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာ ဝမ်ဂမ်း Wang Gang ခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာ နိုင်ငံကို ရောက်ရှိ လာခဲ့ ပါတယ်။တရုတ် ကွန်မြူနစ် ပါတီ အတွင်းမှာ ဒုတိယ အဆင့် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မစ္စတာ ဝမ်ဂမ်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။သူဟာ တရုတ်ပြည်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ ၂၅ ယောက် ပါတဲ့ ပေါ်လစ်ဗျူရို မှာ အဖွဲ့ဝင် တစ်ယောက် ဖြစ်ပေမဲ့ တကယ့် ထိပ်သီး ခေါင်းဆောင် စာရင်းထဲမှာ မပါသလို အမြင့်ဆုံး အာဏာ ရှိသူ ကိုးယောက် ထဲမှာလည်း မပါဝင်ဘူးလို့ ဘီဘီစီ တရုတ် ဘာသာ အစီအစဉ် က ချိုင်းနား ဒေါ့ကွန်းရဲ့ အယ်ဒီတာ ယူဝမ်က ပြောပါတယ်။သူဟာ တရုတ်အစိုးကို အကြံပေး နေတဲ့ အကြံပေး အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခု အချိန်မှာက မြန်မာပြည်ကို နိုင်ငံတကာက ခေါင်းဆောင်တွေက သွားနေကြ တာကြောင့် တရုတ်ကလည်း သွားတာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။မစ္စတာ ဝမ်ဂမ်း နဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် က တရုတ် နိုင်ငံ ခေါင်းဆောင် တွေနဲ့ တရုတ် ပြည်သူတွေ အနေနဲ့ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး ကို လိုလားတဲ့ အတိုင်း မြန်မာ နိုင်ငံ ကလည်း နယ်စပ်မှာ အေးချမ်းအောင် ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။အဲဒီ အတွက် တရုတ် နိုင်ငံ ဘက်က လည်း ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးစေလိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ မြစ်ဆုံ စီမံကိန်း ကို မြန်မာ ဘက်က ရပ်တန့် လိုက်တဲ့ ကိစ္စကို တရုတ်ဘက်က ကျေနပ်မှု မရှိဘူးလို့လည်း ယူဝမ်က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ တရုတ်ဟာ အဓိက ရင်နှီး မြှုပ်နှံသူ နေရာမှာ ရှိချင်တာကတော့ သေချာတယ်လို့ လည်း ယူဝမ်က ပြောပါတယ်။မစ္စတာ ဝမ်ဂမ်း ရဲ့ ဂျော်ဒန်၊ အိုင်ယာလန်၊ နမ်မီးဘီးယားနဲ့ မြန်မာ စတဲ့ လေးနိုင်ငံ ခရီးစဉ် ပြုလုပ်ဖို့ ရှိရာမှာ လောလောဆယ် မြန်မာ နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ဂရိ ယူရိုဇုန်ထဲက ထွက်သွားဖို့ ဘယ်သူမှ မပြောဂရိကို ယူရိုက မထုတ်ဂရိ ကို ယူရို ဇုန်ထဲမှာ ဆက်ထားဖို့ အာမခံ တယ်လို့ ယူရို ဇုန် အဖွဲ့ ဥက္ကဋ္ဌ ယန်း ကလောက် ယန်ကာက ထပ်လောင်း အတည်ပြု ပြောကြား ခဲ့ပါတယ်။ဒီ ဆုံးဖြတ်ချက်ကို ပြန်ပြင်လို့ မရဘူး၊ တနင်္လာနေ့ ဘဏ္ဍာရေး ဝန်ကြီးများ အစည်း အဝေး မှာလည်း ယူရိုဇုန်ထဲက ဂရိ ထွက်သွားဖို့ ဘယ်သူမှ မပြော ခဲ့ပါဘူးလို့ သူက ဆိုပါတယ်။ဂရိမှာ အစိုးရသစ် အမြန်တက်လာဖို့ မျှော်လင့် တယ်လို့လည်း မစ္စတာ ယန်ကာ က ဆိုပါတယ်။ဂရိ စီးပွားရေးကို ပြန်လည် တည်ဆောက်ဖို့ သိသိသာသာ ဆက်အားထုတ်ရ အုံးမယ်လို့လည်း သူက သတိပေး ခဲ့ပါတယ်။

ဥပဒေအထက်တွင် မည်သူမျှမရှိ

Mon, 05/14/2012 - 19:48
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Monday, May 14, 2012 at 8:12am သိပ်မကြာလှသေးသော အချိန်ကာလများအတွင်း ခေတ်စားနေသော လူပြောများနေသော စကားရပ်တစ်ခု ရှိသည်။ 'ဥပဒေအထက်တွင် မည်သူမျှမရှိ' တဲ့။ ပြည်သူတို့၏ရင်ကို လာထိသောစကားလုံးဟုပင် ဆိုရချေမည်။ဝမ်းမြောက်စွာ ကြိုဆိုသင့်သော စကားရပ်ပင်။ စကားရပ်များ၊ အဆိုအမိန့်များသည် ဖတ်၍ကောင်း၊ နံရံတွင် ကပ်ထား၍ကောင်းသော်လည်း လက်တွေ့ အကောင်အထည်မဖော်နိုင်၊ မလိုက်နာနိုင်သောအခါ ထိုဆောင်ပုဒ်၊ ထိုအဆိုအမိန့်၊ ထိုစကားရပ်တို့၏ တန်ဖိုး လျော့ကျရလေသည်။ဥပမာအားဖြင့် 'အချိန်နှင့်ဒီရေသည် လူကိုမစောင့်' 'အိပ်ပျော်နေသော ကေသရာဇာခြင်္သေ့မင်း၏ အာခံတွင်းသို့ မည်သည့်သားကောင်မှ ၀င်ရောက်မလာနိုင်' စသည့်ဆောင်ပုဒ်များ၊ နီတိများ စာကြည့်စားပွဲမှာ ကပ်ထားပြီး ပက်ပက်စက်စက် အိပ်တတ်သော ကျောင်းသားလည်းရှိတတ် လေသည်။ အလားတူပင် 'မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည်' '---နွေးထွေးစွာကြိုဆိုပါ၏' 'ကူညီပါရစေ' စသည် စသည်ဆောင်ပုဒ်များ၊ စကားရပ်များ သည် ဖတ်၍ကောင်းသော်လည်း ဆန့်ကျင်ဘက်ဖြစ်ရပ်များ ကြုံတွေ့ရလေသောအခါ လူတို့၏ ယုံကြည်မှုများ လျော့ကျသွားတတ်  လေသည်။'ဥပဒေ၏အထက်တွင် မည်သူမျှမရှိ' ဟူသောဆောင်ပုဒ်သည် ယခုမှ ခေတ်စားတွင်ကျယ်နေသော်လည်း ယင်းဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သော ပုဂ္ဂိုလ်ကြီးများသည် မြန်မာ့သမိုင်း၌ အမှန်တကယ် ရှိခဲ့သည်ကို တွေ့ရလေသောအခါ ထို ထိုသော ပုဂ္ဂိုလ်ကြီးများအား ကျောက်ထီးတန္တု အလေးပြုမိရပါတော့သည်။'ကုန်းဘောင်ခေတ်' 'မင်းတုန်းမင်းကြီး' လက်ထက်တွင် 'ပခန်းဝန်ကြီး ဦးရန်ဝေး' အမည်ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွန်းခဲ့သည်။ ပခန်းကြီးမြို့ဇာတိဖြစ်ပြီး 'ပခန်းကြီးမြို့ မင်းကျောင်းဆရာတော်ကြီး'ဟူ၍ထင်ရှားပြီး မင်းတုန်းမင်းကြီး အထွတ်အမြတ်သို့ရောက်သောအခါ လူဝတ်လဲ၍ တိုင်းရေးပြည်ရာ၌ အကြံဉာဏ်ပေးပါရန် တောင်းပန်သောကြောင့် လူဝတ်လဲပြီးလျှင် မင်းတုန်းမင်းကြီးထံပါး၌ မင်းတိုင်ပင်အမတ်၊ လွှတ်တော် ၀န်ကြီးရာထူးတို့ဖြင့် ချီးမြှောက်ခံရပြီးလျှင် 'ပခန်းမင်းကြီး' ဟု ကျော်ကြားလေသည်။တစ်ခါတွင် မင်းတုန်းမင်းကြီးသည် ယောအတွင်းဝန်မင်းနှင့် တိုင်ပင်သည်မှာ - ''ငါ၏ အမှုတော်ထမ်း ဖြစ်သော ၀န်စု၊ မှူးစုတို့သည် အလုပ်အကျွေးတစ်ယောက်၊ နှစ်ယောက်နှင့် မပြီးကြပေ။ မယားငယ်များစွာ ယူနေကြ သဖြင့် ငါ ပေးသနားတော်မူသော လစာရိက္ခာတော် မလောက် ကြဖြစ်သည်။ သူတို့ယူထားသော မယားငယ်များကို ကျွေးမွေးရန် ငါ၏ကျေးတော်မျိုး၊ ကျွန်တော်မျိုးများထံ မတရားသဖြင့် ကြေးပိုလာဘ်များ ယူကြသောကြောင့် ငါ၏ ကျွန်တော်မျိုးများ အလွန်နစ်နာ ဆင်းရဲခြင်းဖြစ်နေကြသည်ကို ငါသိတော်မူရသည်။ သို့ကြောင့် ၀န်ကြီးစုမှာ မယားမည်မျှ၊ ၀န်စုမှာ မယားမည်မျှ၊ မှူးစုမှာ မယားမည်မျှယူကြရမည်။ ဤထက် ပိုမိုယူသော အရာထမ်း၊ အမှုထမ်းများကို ရာထူးမှနုတ်ပယ်ရန် ဤ ဥပဒေကို စီမံတော်မူမည်။ သို့သော် မင်းနဲ့ငါချည်းပြီးမည်မဟုတ်။ မင်းပခန်းရှင်ဘုရင်ကြီးကို သွား၍လျှောက်ထားချေဦး'' ဟု အမိန့်တော်ရှိလေသည်။ယောအတွင်းဝန်မင်းလည်း အမိန့်တော်မြတ်နှင့် ပညတ်သော ဥပဒေပုရပိုက်ကို ယူဆောင်၍ ပခန်းမင်းကြီးထံဝင်ရာ ပခန်းမင်းကြီးက''ဘာအကြောင်းရှိပြန်သလဲကွဲ့ မောင်ရင်လှိုင်'' ဟုမေးရာ''မှန်ပါ ဘုန်းတော်ကြီးဘုရားက ဥပဒေတစ်ခု စီမံပါကြောင်း။ သို့သော် ကျေးဇူးရှင်ဘုရား၏ အမိန့်ကို နာခံချေဦးဟု အမိန့်တော်မြတ်အရ ရောက်ရပါကြောင်းဘုရား'' ဟု လျှောက်တင်လျှင်''မင်းတို့ ရှင်ဘုရင်ပညတ်တဲ့ ဥပဒေကို ဖတ်စမ်းကွယ့်'' ဟု အမိန့်ရှိရာ ယောအတွင်းဝန်မင်းက ဖတ်ပြလေ၏။ ထိုအခါ ပခန်းမင်းကြီးက''အင်း ကောင်းပါပေ့ကွယ်။ တယ်ကောင်းဟေ့။ သို့သော် ရှင်ဘုရင် မယားများများ ယူတာတော့ ပညတ်ချက်မပါသေးဘူး။ အဲဒါ လိုသေးသည်။ မင်းတို့ရှင်ဘုရင်ကို လျှောက်ထားဦး''ဟု အမိန့်ရှိပုံသည် မင်းတုန်းမင်းကြီး အကြောင်းအတန် အသင့်သိထားသော ကျွန်တော်တို့အဖို့ ပြုံးချင်စရာကောင်းလှသည်။ပခန်းမင်းကြီး၏စကားကို ယောအတွင်းဝန်မင်းက မင်းတုန်းမင်းတရားကြီးအား ပြန်လည်လျှောက်ထားရာ မင်းကြီးက''ပခန်းရှင်ဘုရင်ကြီး မကြိုက်ဖူးမှတ်တယ်ကွဲ့။ ဤဥပဒေကို ဖျက်လိုက်ပါဘိ'' ဟု အမိန့်တော်  ရှိလေသည်။ရောက်ရာအရပ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်၊ ဥပဒေအပေါ်လေးစားလိုက်နာသော စိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက 'ငွေများတရားနိုင်' 'သားရေကြိုးဥပဒေ' 'လူခင်ရင်မူပြင်မယ်' စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက် ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။ဤအဖြစ်အပျက်လေးကိုကြည့်လျှင် ဥပဒေ၏အထက်၌ မသိမသာ နေလိုသော မင်းတုန်းမင်းကြီးအား ပခန်းမင်းကြီးက 'ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ အားလုံးတစ်ပြေးညီမှ သင့်တော်မှန်ကန်ပါလိမ့်မယ်' ဟု ပြန်လည်သတိပေးလိုက်သကဲ့သို့ ကျွန်တော်တွေးမိပါသည်။အလားတူပင် 'ဥပဒေအထက်၌ မည်သူမျမရှိကြောင်း' ရခိုင်ဘုရင် မင်းထီးကလည်း သက်သေပြခဲ့ပါသေးသည်။ နန်းတော်တိုင်၌ (ကွမ်းစားပြီးလက်မှ) ထုံးကိုသုတ်လေ့ရှိကြသော မှူးမတ် မင်းညီ မင်းသားတို့အား'နန်းတော်တိုင်များကို ထုံးမသုတ်ကြရန် သုတ်မိပါက သုတ်သူ၏ လက်ညှိုးကိုဖြတ်၍ ဒဏ်ခတ်ရန်' ဟု စည်းကမ်းသတ်မှတ်ပညတ် (ဥပဒေထုတ်)ပြီးကာမှ နန်းတော်တိုင်တွင် အမှတ်တမဲ့ ထုံးသုတ်မိသော ဘုရင်မင်းထီးသည် မိမိထုတ်ပြန်သော ဥပဒေကို မိမိလိုက်နာပြသောအနေဖြင့် ထုံးသုတ်မိသော လက်ညှိုးကို လူပုံ အလယ်တွင် သန်လျက်ဖြင့်ဖြတ်ကာ တရား စီရင်ခဲ့ကြောင်း ကျွန်တော်တို့ မှတ်သားခဲ့ရဖူးပါသည်။မိမိစကား မိမိထုတ်ပြန်ထားသည့်ဥပဒေကို ရဲဝံ့ပြတ်သားစွာ စောင့်ထိန်းပြသော ရခိုင်ဘုရင်မင်းထီး၏ အံ့သြလေးစားဖွယ်လုပ်ရပ်နှင့် စိတ်ထားပင်ဖြစ်သည်။လူတိုင်း လူတိုင်းသည် နေရာဒေသ ဌာနအလျှောက် အရေးရောက်ကြသူများချည်းဖြစ်ကြပေရာ မိမိရောက်ရာအရပ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်၊ ဥပဒေအပေါ် လေးစား လိုက်နာသောစိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက 'ငွေများတရားနိုင်' 'သားရေကြိုးဥပဒေ' 'လူခင်ရင် မူပြင်မယ်' စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက်ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ် သွားမည်သာဖြစ်သည်။ ထို့ကြောင့် 'ဥပဒေအထက်၌ မည်သူမျှမရှိ' ဟူသော စကားရပ်အား အဂတိတရား ကင်းစင်ခဲ့ပြီး ရဲဝံ့ပြတ်သားစွာဖြင့် အကောင်အထည်ဖော် သက်သေပြကြပါစို့ဟူ၍သာ။Written by မြင့်ငွေ(မော်ကျွန်း)  Eleven Media GroupRef-http://www.weeklyeleven.com/index.php?option=com_content&view=article&id=13319:2012-04-29-01-09-04&catid=78:2009-11-13-06-25-17&Itemid=135

ပန်းပြားပင် နိုင်ငံရေး (ဘေးမှရပ်ကြည့်သူ၏ ထင်မြင်ချက်များ) - ကျော်ဝင်း

Mon, 05/14/2012 - 09:55
by Ye Myint Thu on Monday, May 14, 2012 at 8:34am အဖွင့်ယခုစာစာကို ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်)မှ သံဝဝေဂစကားတစ်ရပ်ဖြင့် ဖွင့်လိုသည်။သံဝေဂစကား မြွတ်ကြွားခဲ့သူကား ပုဂံခေတ် ပညာရှိအမတ်ကြီး ရာဇသင်္ကြန်။ ဇတ်ရည်လည်စေရန် အဆိုပါ သံဝေဂစကားလေး ဗျူပ္ပတ်ကို ဆိုပါမည်။တစ်ခါသော် အမတ်ကြီး မင်းမျက်သင့်၍ တလ(ဒလ)သို့ နယ်နှင်ခံရသည်။လမ်းခရီးတွင် လေပြင်းလာသဖြင့် သစ်ပင်ကြီးများကျိုးပဲ့သည်ကိုမြင်သောအခါ အမတ်ကြီးက ယခုလိုသံဝေဂယူ၍ ဆိုသည်ဟူ၏။“ငါသည် ရေပန်းပြားပင်ခန့်မျှမလိမ္မာချေ။ သစ်ပင်ကြီးကဲ့သို့ကျင့်၍ ဤသို့ပျက်စီးရချေသည်…”ငါ့ဒိန်ခဲဘယ်သူရွှေ့ယနေ့ မြန်မာ့ နိုင်ငံရေးအလှည့်အပြောင်းကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတော်တော်များများ သိမှတ် လက်ခံလာကြပြီ ထင်ပါသည်။ သို့နှင့်တိုင် ‘ငါ့ဒိန်ခဲဘယ်သူရွှေ့’ ဆိုသောပုစ္ဆာနှင့် ပတ်သက်လျှင်မူ တစ်ကျောင်းတစ်ဂါထာ ရှိနေဆဲကိုသာ တွေ့ရသည်။အချို့က “ငါရွှေ့တာ” ဟု ပြောသည်။ အချို့က “သူရွှေ့တာ” ဟုဆိုသည်။ ‘နိုင်ငံတကာ’ကို အမှတ်ပေးကြသည်များလည်း ရှိသည်။ နာမည်ကြီး နိုင်ငံရေးဂျာနယ်တစ်ခုမှ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးကမူ အဆိုပါ အရွှေ့သုံးခုစလုံးကို စာရင်းတင်သည့်တိုင် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တွန်းအားမပါဟု ခပ်တင်း တင်းရေးသည်။ ထားတော့……။အမှန်စင်စစ် ၂၀၀၉ ခုနှစ်လောက်ကပင် ဒီမိုကရက်တိုက်ဇေးရှင်း တတိယလှိုင်းနှောင်းပိုင်းတွင် ပေါ်ထွက်လာဟန်ရသည့် အပြောင်းအလဲ ပုံစံ တစ်ရပ်ကို ပညာအသိုင်းအဝိုင်းမှ ဖော်ထုတ်ညွှန်းဆိုပြီး ဖြစ်ပါသည်။အီတလီ ဖလော့ရင့်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖိလစ်ပီရှမစ်တာက အဆိုပါ အပြောင်းအလဲ ပုံစံကို သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ (Imposed Transition)ဟု အမည်ပေးသည်။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို သိမြင်နားလည်သော တည်ဆဲ အီလစ်များကိုယ်တိုင်က အခြေအနေတစ်ရပ်သတ်မှတ်ပြီး ဦးဆောင်ပုံဖော်သည်ဖြစ်၍ အပေါ်မှလာသောအပြောင်းအလဲ (Eliteled change)ဟု ဖွင့်ဆိုသည်။ ဤပုံစံမှာ ခက်ခဲသိမ်မွေ့သည်နှင့်အမျှ အချိန်မရွေး နောက်ကြောင်းပြန်နိုင်သည်ဖြစ်၍ တဖြည်းဖြည်း ပြောင်းဖို့လိုလိမ့်မည် (Gradual Change)ဟု မှတ်ချက် ပြုသည်။ပဒေသာစုံအင်အားစုများ အတူလက်တွဲ ကြိုးပမ်းရသည်ဖြစ်၍ ဘုံတူညီချက် (Common Ground) ရှာဖွေသွားနိုင်ဖို့ အထူးအရေးကြီးလိမ့်မည်ဟု အကြံပြုသည်။ ကြုံတွေ့လာနိုင်ဖွယ်ရာရှိသော ရယ်ဒီကယ် အန္တရာယ်နှင့် ရှော့(ခ်)ရိုက်ကုထုံး ဘေးထွက်ဆိုးကျိုးများကိုလည်း သတိပေးသည်။စာရေးသူက ပါမောက္ခရှမစ်တာ၏ ဆိုခဲ့ပါအနုမာနကို မြန်မာ့နိုင်ငံရေးအပေါ် တင်ကြည့်သည်။ယနေ့ အပြောင်းအလဲမှာ ယခင် တပ်မတော်အစိုးရ ကြီးမှူးကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည်ဟု မြင်သည်။တပ်မတော်က စဖွင့်လိုက်သော ဤအရွေ့တွင် ဒီမိုကရက်တစ်အင် အားစုများ ပူးပေါင်းပါဝင်လာရာမှ မြန်မာပြည်ဒိန်ခဲကြီး ရွေ့လာခြင်းဖြစ်သည်ဟု သဘောရသည်။သို့နှင့်အမျှ ပါမောက္ခရှမစ်တာ၏ အကြံပြုချက်နှင့် သတိ ပေးစကားများကို နှလုံးသွင်းပြီး မြန်မာ့နိုင်ငံရေးအရွေ့ကိုစောင့်ကြည့်နေမိသည်။စောင့်ရဲတဲ့သတ္တိယခုတစ်လော စာရေးသူ အထူးဂရုဓမ္မထား၍ စောင့်ကြည့်နေရသော ဖြစ်ထွန်းမှုနှစ်ရပ် ရှိပါသည်။ပို၍ပို၍ အသက်ဝင်လာသော ကြားဖြတ်ရွေးကောက်ပွဲ အကြို မဲဆွယ်လှုပ်ရှာမှုများ (Election Campaign) တို့ဖြစ်သည်။အမှန်စင်စစ် အသက်ဝင်လာသော ဒီဘိတ်နှင့် ပြိုင်ဆိုင်သော မဲဆွယ်လှုပ်ရှားမှုများမှာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်၏ အခြေခံလက္ခဏာများပင် ဖြစ်လေရာ သဘာဝကျကျပေါ်ထွက်လာသော ဖြစ်ထွန်းမှုနှစ်ရပ်ဟု အသေအချာဆိုနိုင်ပါသည်။ဤ ဖြစ်ထွန်းမှုနှစ်ရပ်မှ ပေါ်ထွက်လာသော ပဒေသာစုံအမြင်များမှာလည်း ဒီမိုကရေစီ၏အလှဟု ဆိုရမည်သာ ဖြစ်ပါသည်။သို့တစေ ဘက်ပေါင်းစုံ နုနယ်သိမ်မွေ့ဆဲ ရှိသော လက်ရှိအခြေအနေတွင် ဘုံလမ်းကြောင်းတစ်ရပ် မျက်ခြေပြတ်မသွားစေရေးကိုလည်း မမေ့မလျော့ သတိပြုကြဖို့ လိုမည်ထင်သည်။ စာရေးသူအနေနှင့် ‘ဒိုင်ဗာစတီ’ ဘရိတ်ပေါက်ပြီး ‘ယူနတီ’ ပျောက်သွားမှာ စိုးရိမ်မိသည်။အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများမှ ထွက်ပေါ်လာသောအသံတစ်သံနှင့် ပတ်သက်၍လည်း ဘေးမှရပ်ကြည့်သူတစ်ဦး၏ စိုးရိမ်မကင်း ဖြစ်ရသည်များကို ဖော်ပြခွင့်ပြုစေလိုသည်။ ‘အခြေခံဥပဒေပြင်ဆင်ရေး’ ဆိုသောအသံ ဖြစ်ပါသည်။ဒီမိုကရက်တစ် နှုန်းစံများဘက်မှကြည့်လျှင် ဖြစ်သင့် ဖြစ်ထိုက်သည့်တိုင် ပကတိအရှိ၏ အသိမ်အမွေ့နှင့် ချိန်ထိုးစဉ်းစားဖို့ လိုလိမ့်မည်ထင်သည်။စာရေးသူ အမြင်အရ ၂၀၀၈ အခြေခံဥပဒေမှာ ‘စံကိုက်ဒီမိုက ရေစီ’ မဟုတ်သေးသည့်တိုင် အလုပ်ထောင့်မှကြည့်လျှင် လက်တွေ့ အလုပ်လုပ်၍ ရနိုင်သော ‘ကြားအဖြေတစ်ခု’ဟု ဆိုချင်သည်။ဤသို့ဆိုသည်နှင့် ကြားအဖြေကို အသေဖက်တွယ်ထားရမည်ဟု မဆိုလိုပါ။အလုပ်ဖြစ်ရေးရှုထောင့် (တနည်း- မဟာဗျူဟာသဘော)အရ အဆင့်နှစ်ဆင့်ခွဲသွားဖို့ လိုမည်လား စဉ်းစားမိသည်။ပထမ အဆင့်- လက်ရှိ အခြေခံဥပဒေ ပုံမှန်လည်ပတ်စေရေး၊ ပြီးမှ ဒုတိယ လိုအပ်သလိုပြင်ဆင်ရေး။ နိုင်ငံရေးတွင် အချိန်စောင့်ဖို့ လိုလိမ့်မည်ဟု သဘောရသည်။စိတ်လိုက်မာန်ပါ လုပ်ကြ သည်ထက် ‘စောင့်ရဲတဲ့သတ္တိ’ ရှိဖို့လိုမည်လားစဉ်းစားမိသည်။ ‘လွှတ်တော်တွင်းနိုင်ငံရေး၊ လွှတ်တော်ပြင်ပနိုင်ငံရေး’ဆိုသော အပြောအဆိုများကိုလည်း ယခုတစ်လော ခပ်စိပ်စိပ်ကြားနေရသည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် လွှတ်တော်တွင်း နိုင်ငံရေးသည်သာပင် မရေစီဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်အောင် အရပ်ဘက်အဖွဲ့အစည်းများ၏ ‘အား’လည်း လိုသည်ဖြစ်၍ လွှတ်တော်ပြင်ပနိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးရသည်များလည်းရှိသည်။ လွှတ်တော်တွင်းဖြစ်စေ လွှတ်တော်ပြင်ပဖြစ်စေ အားလုံး၏ တူရူချက်မှာ ခေတ်မှီ ဒီမိုကရက်တစ်နိုင်ငံတော် ထူထောင်ရေးပင်ဖြစ်သည်။ ဖြစ်သင့်သည်။ဤနေရာတွင် သတိပြုကြဖို့လိုသည်မှာ လွှတ်တော်ပြင်ပ နိုင်ငံရေးအနေနှင့် ဥပဒေ အပြင်ဘက် မြေအောက်နိုင်ငံရေးထဲ လိမ့်ကျမသွားဖို့ ဖြစ်မည်ထင်ပါသည်။ ‘အတွင်းအပြင် ညှပ်တိုက်ရေး’ ဆိုသော အလုပ်မဖြစ်ခဲ့သည့် တစ်ခါက လက်ဝဲ ဗျူဟာတွေထဲ ပိတ်မိသွားမှာစိုးရိမ်မိသည်။ စာရေးသူက သမိုင်းကို သူရဲကောင်းပုံပြင်အဖြစ်ထက် လမ်းပြမြေပုံအဖြစ် ကြည့်မြင်စေချင်သည်။ အမှားကျော့ သံသရာတွေ ထပ်မလည်စေချင်။ဖတ်ညွှန်းစကားအလျဉ်းသင့်လာ၍ ယခုရက်ပိုင်းဖတ်ဖြစ်လိုက်သော စာတစ်ပုဒ်ကိုညွှန်းလိုသည်။ ၂၀၁၂ ဖေဖော်ဝါရိ ၂၀-၂၆ နေ့ထုတ် The Voice ဂျာနယ်ပါ ဒေါက်တာ မင်းဇော်ဦး၏ ဆောင်းပါးဖြစ်သည်။‘ကမ္ဘာ့ဒီမိုကရေစီရေစီးကြောင်းနှင့်ယှဉ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ဘယ်လို လက်တွေ့ကျကျ သုံးသပ်မလဲ’ ဆိုသောဆောင်းပါး။မြန်မာ့ဒီမိုကရေစီရေးအတွက် အလေးထား စဉ်းစားဖွယ်ရာများပါသည်ထင်၍ အကျဉ်းမျှ ညွန်းလိုက်ရပါသည်။ ဒေါက်တာမင်းဇော်ဦး၏ အလိုအရ ၁၉၅၅ နောက်ပိုင်း ဒီမိုကရေစီအပြောင်းအလဲများမှ ရလဒ်လေးမျိုးထွက်ပေါ်လာသည်ဟုဆိုသည်။ဤသည်တို့မှာ-(၁) ရင့်ကျက်ခိုင်မာသော ဒီမိုကရေစီတည်ဆောက်နိုင်သော နိုင်ငံများ (၈၆နိုင်ငံတွင် ၁၅နိုင်ငံသာရှိ-၁၇ရာခိုင်နှုန်း)(၂) နောက်ကြောင်းပြန်သွားသော နိုင်ငံများ (နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဖြစ်ခဲ့သောအပြောင်းအလဲ ၄၄ခု)(၃) ဆူပူမငြိမ်သက်မှုများ၊ စစ်ပွဲများဆက်လက်ဖြစ်ပေါ်နေသည့်နိုင်ငံများ (နိုင်ငံပေါင်း ၄၀ရှိ၊ ၅၀ရာခိုင်နှုန်းနီးပါး)(၄) ရှေ့မတိုးနောက်မဆုတ်သော ဖြစ်နေသော နိုင်ငံများ(နိုင်ငံပေါင်း ၂၄ နိုင်ငံရှိ)ဤသို့ နိုင်ငံတကာနောက်ခံကားကိုခင်းပြပြီးမှ ဆောင်းပါးရှင်က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သောသူ့အမြင်ကို ယခုလို ထိပြသည်။‘လက်ရှိအနေ အထားမှာ စစ်မှန်တဲ့ဒီမိုကရေစီကို ဘယ်လိုရမလဲဆိုတာထက် နောက်ပြန်လှိုင်းမထိဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ အဓိကပါ။မတည်ငြိမ်မှုတွေဖြစ်ပြီး ဒီမိုကရေစီကြိုးတမ်းပေါ်က ပြုတ်မကျဖို့လည်း လိုပါတယ်…..’စ သဖြင့်။မြန်မာ့နိုင်ငံရေးပလေယာများ၊ အထူးသဖြင့် ပေါ်လစီမိတ်ကာများ၊ စိတ်ကိုဖွင့်၍ ဖတ်ကြည့်ကြစေချင်ပါသည်။ယနေ့ ရောက်ရှိနေသောအဆင့်မှာ စိတ် လှုပ်ရှားမှုနှင့်ယှဉ်သည့် လှုံ့ဆော်နိုင်ငံရေး (Agitate Politcis)မျိုး မဟုတ်တော့။ပညာနှင့်ယှဉ်သည့် ရည်မှန်းချက်ရှိရှိနိုင်ငံရေး (Deliberated Politics)မျိုး ဖြစ်ဖို့ လိုပါပြီ။ အများကြိုက် စကားတန်ဆာတွေကိုကျော်ပြီး မဟာဗျူဟာကျကျ စဉ်းစားကြဖို့လိုပြီထင်ပါသည်။အပိတ်ဆောင်းပါအစ အမတ်ကြီးရာဇသင်္ကြန်စကားကို ပြန်ပြောပါမည်။‘သစ်ပင်ကြီးလို မကျင့်ရာ၊ ရေပန်းပြားပင်လို ကျင့်ရာ၏။ခေတ်အဆက်ဆက် မြန်မာ့ နိုင်ငံရေးသမား တော်တော်များများ (အထူးသဖြင့် လက်ဝဲဆရာများ)က အမတ်ကြီးစကားကို ခံတွင်းတွေ့ကြဟန်မတူပါ။ယုံကြည်ချက်မခိုင်မာသည့် သဘော ဟိုပင် ဒီပင်ကူးလိုသည့် သဘောစသဖြင့် ဝေဖန်ကြသည်။ဝန်ခံရလျှင် ဤသို့ စဉ်းစားထင်မြင်ခဲ့ကြသူများထဲတွင် စာရေးသူကိုယ်တိုင်လည်း ပါဝင်ခဲ့ပါသည်။ယခုဤသို့မဟုတ်တော့ပါ။ ‘ပေါ်လစီပျော့ပျောင်းမှုသဘော’ဟု ဆင်ခြင်မိပါသည်။လှိုင်းထန်လေထန်ခရီးတွင် ယုံကြည်မှု ခိုင်မာရုံနှင့်မပြီး။ ပေါ်လစီ ပျော့ပျောင်းပါမှ ထိခိုက်နာကျင်မှု အနည်းဆုံးဖြင့် လိုရာခရီးသို့ ရောက်နိုင်မည်ထင်သည်။ အထူးသဖြင့် အတိမ်းအစောင်းမခံသော လက်ရှိအလှည့်အပြောင်းတွင် အမတ်ကြီးရာဇသင်္ကြန်၏ သံဝေဂစကားကို အခြားတစ်ဖက်မှ ဆင်ခြင်ကြစေလိုသည်။ကျွန်းပင်ကြီးတွေလို တောင့်တောင့်တင်းတင်းကြီး တွေမြင်ရတိုင်း စာရေးသူမှာ စိတ်မသက်မသာရင်မနေတော့သည်။“ပန်းပြားပင်နိုင်ငံရေး”ကို နှလုံးသွင်းနိုင်ကြပါစေသတည်း။

တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်နှင့် မြန်မာ့မော်ဒယ်သစ်

Mon, 05/14/2012 - 09:33
by Lu Cifer on Saturday, May 12, 2012 at 5:41am၂၀ ရာစုရဲ့ အထင်ကရ နိုင်ငံရေးနဲ့ လူမှုဗေဒပညာရှင် မာတင် လစ်ပ်ဆတ် (Martin Lipset) ပြောခဲ့ဖူးတဲ့ စကားတစ်ခု ရှိပါတယ်။ “တိုင်းပြည်တစ်ခုထဲကိုပဲ သိသူဟာ ဘယ်တိုင်းပြည်အကြောင်းကိုမှ မသိဘူး” (He knows only one country knows no countries.) တဲ့။ လစ်ပ်ဆတ် ရဲ့ စကားအတိုင်းဆိုရင် ကိုယ့်နိုင်ငံအကြောင်းပဲ သိသူဟာ တခြားနိုင်ငံတွေအကြောင်းကို မသိသလို၊ ကိုယ့်နိုင်ငံ အကြောင်းလည်း ရေရေလည်လည် မသိသူလို့ ဆိုရလိမ့်မယ်။ဒါကြောင့်လည်း မြန်မာနိုင်ငံကို ချစ်တဲ့ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့သူတွေက ကိုယ့်နိုင်ငံ အကြောင်းတင်မကဘဲ အခြားနိုင်ငံတွေရဲ့ အကြောင်းတွေကိုပါ စိတ်ဝင်တစား လေ့လာကြတာဖြစ်တယ်။ အခြား ဥရောပ၊ အမေရိက၊ အာရှ၊ အာဖရိကတို့က တိုင်းပြည်တွေ အာဏာရှင်စနစ် မျိုးစုံအောက်က ဘယ်လို ရုန်းထွက်ခဲ့သလဲ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို ဘယ်ပုံစံတွေနဲ့ အောင်မြင်အောင် တည်ဆောက်ကြသလဲ ဆိုတာ ကိုယ့်နိုင်ငံဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်စဉ်းစားကြတယ်။ အထူးသဖြင့် အခု လူငယ်ပိုင်းက မြန်မာနိုင်ငံကို စင်္ကာပူလို၊ အင်ဒိုနီးရှားလို၊ တရုတ်နဲ့ အိန္ဒိယလို၊ စကင်ဒီနေးဗီးယား နိုင်ငံတွေလို ပုံစံအမျိုးမျိုးကို စိတ်ကူး ပုံဖော်ကြည့်ကြတယ်။တကယ်တမ်းအားဖြင့် မြန်မာနိုင်ငံအတွက် စဉ်းစားစရာ အားကျစရာ အကောင်းဆုံး နိုင်ငံတစ်ခုကတော့ အာရှက တောင်ကိုရီးယား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်က တရုတ်မော်ဒယ်ထက် ပိုအတုယူဖို့ ကောင်းသလို၊ ထိုင်ဝမ် စင်္ကာပူ ဟောင်ကောင် တို့ထက်လည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ထိုင်ဝမ်၊ စင်္ကာပူ၊ ဟောင်ကောင် တို့က တောင်ကိုရီးယားထက် ပိုချမ်းသာချင် ချမ်းသာနိုင်ပေမဲ့၊ သူတို့က မြို့ပြနိုင်ငံလေးတွေမို့ တောင်ကိုရီးယားနဲ့ ပုံစံအနေအထား မတူပါဘူး။မြန်မာအနေနဲ့ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းပုံ၊ ဖွံ့ဖြိုးရေးတည်ဆောက်ပုံနဲ့ ကမ္ဘာ့ထိပ်တန်းဖြစ်အောင် ကြိုးပမ်းပုံတွေကနေ လေ့လာသင်ခန်းယူစရာ အများကြီး ရှိနေပါတယ်။စီးပွားရေးနှင့် ဒီမိုကရေစီ ပေါင်းစပ်၁၉၆၀ ခုနှစ် မြောက်ဘက်နဲ့ စစ်ပွဲတွေအပြီး အပျက်အစီးပုံအောက်မှာ စစ်ပန်းနေတဲ့ တောင်ကိုရီးယားဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီအချိန် ကိုရီးယားနိုင်ငံသား တစ်ဦးချင်းဝင်ငွေက အာဖရိက ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အတူတူပါပဲ။ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်မှာတော့ တောင်ကိုရီးယားဟာ ဥရောပအဖွဲ့ဝင်နိုင်ငံ အများစုထက် ပိုချမ်းသာလာပါတယ်။ ဂျီဒီပီ တစ်ဦးချင်း တစ်နှစ်ဝင်ငွေက ဒေါ်လာ ၃၁,၇၅၀ ရှိလာပြီး၊ ဥရောပနိုင်ငံတွေရဲ့ ပျမ်းမျှဝင်ငွေ ဒေါ်လာ ၃၁,၅၅၀ ထက် ပိုပါတယ်။ထူထောင်စအချိန်မှာ တောင်ကိုရီးယားဟာ နိုင်ငံတကာက ချေးငှားပေးကမ်းတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို အလေအလွင့် မရှိအောင် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချပြီး အခုလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံအဆင့်ထိရောက်အောင် တက်လှမ်းလာခဲ့တဲ့ တစ်ခုထဲသော နိုင်ငံအဖြစ် တောင်ကိုရီးယားကို ချီးကျူးပြောဆိုကြပါတယ်။  တောင်ကိုရီးယားဟာ တရုတ်လို ၀ုန်းဒိုင်းကြဲ တိုးတက်လာတာ မဟုတ်သလို၊ ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တာလည်း မဟုတ်ပါဘူး။ စီးပွားရေးတိုးတက်မှုကို ဒီမိုကရေစီနဲ့ ပေါင်းစပ်ဖို့ အမြဲကြိုးစားပါတယ်။ စစ်အာဏာရှင် ပတ်ခ်ချောင်ဟီး လက်အောက်မှာ စခဲ့ရပေမဲ့၊ လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး တောင်ကိုရီးယား ပါလီမန်က အသက်ဝင်လာခဲ့ပါတယ်။ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၁ သုံးသပ်ချက်အရ တောင်ကိုရီးယား ဒီမိုကရေစီစနစ်က ဂျပန်နဲ့ အဆင့်တူ ရမှတ်တူ ဖြစ်ပါတယ်။ အခြား ဘယ်အာရှနိုင်ငံမှ လွတ်လပ်မှုအဆင့်အတန်းမှာ အဲဒီနှစ်နိုင်ငံကို လိုက်မမှီသေးပါဘူး။နောက် တောင်ကိုရီးရဲ့ ထူးခြားချက်က တိုးတက်မှုနဲ့ ဆင်းရဲချမ်းသာညီမျှမှုကို ပေါင်းစပ်ဖို့ ကြိုးစားခြင်းပါပဲ (It has combined growth with equity.)။ လူမှုထောက်ပံ့မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ စကန်ဒီနေဗီးယား တိုင်းပြည်တွေကို မမှီသေးပေမဲ့၊ ကနေဒါထက်တော့ သာလွန်နေပြီလို့ Freedom House အစီရင်ခံစာမှာ ဖော်ပြပါတယ်။ကမ္ဘာ့စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ခဲ့၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလမှာ တောင်ကိုရီးယားက သူရဲ့ တိုးတက်အောင်မြင်မှုကို အလျင်အမြန် ပြန်ထိန်းထားနိုင်ခဲ့ပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်း ကြုံနေရတဲ့ အခြားချမ်းသာတဲ့ ဘယ်နိုင်ငံထက်မဆို၊ တောင်ကိုရီးယားက အမြန်ဆုံး ပြန်ရုန်းထွက်နိုင်တာကို အံ့အားသင့်ဖွယ် တွေ့ကြရပါတယ်။၂၀၀၈ ဇွန်လနဲ့ ၂၀၀၉ ဖေဖော်ဝါရီလကြားမှာ တောင်ကိုရီးယား အလုပ်သမား ၁.၂ သန်း အထိ လျှော့ပစ်ခဲ့ရတယ်။ ၂၀၀၉ စက်တင်ဘာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ကိုရီးယား စတော့ဈေးကွက်ကနေ ဒေါ်လာ ၁၁ ဘီလီယံ ဖိုး ပြန်ထုတ်သွားလို့၊ ငွေကြေးဈေးကွက် ၁၀ ရာခိုင်နှုန်း အထိနာခဲ့တယ်။ ဒါပေမဲ့ ၂၀၁၀ ခုနှစ်ကျတော့ ဂျီဒီပီ တိုးတက်မှု ၆ ရာခိုင်နှုန်းအထိ ပြန်ဦးမော့လာတယ်။ ၂၀၁၂နှစ်အကုန်ထိ ဂျီဒီပီ ၅ ရာခိုင်နှုန်းနဲ့ ပုံမှန်ဆက်တိုးတက်ဖို့ ရှိနေပြီး၊ အခု အလုပ်လက်မဲ့ ၃ ရာခိုင်နှုန်းပဲ ရှိတော့တယ်။တောင်ကိုရီးယား စီးပွားရေး အလျင်အမြန် ပြန်နာလန်ထမှုကိုကြည့်ရင် တရုတ်စီးပွားရေးအပေါ် တစ်စိတ်တစ်ပိုင်း မှီထားတာကို တွေ့ရတယ်။ တောင်ကိုရီးယား ကုန်စည်အများစုက တရုတ်ကို တင်ပို့တာဖြစ်ပြီး၊ တရုတ်-တောင်ကိုရီးယား လက်ရှိ ကုန်သွယ်မှု ပမာဏက တရုတ်-ဂျာမဏီ အရွယ်အစားထက် ပိုကြီးမားပါတယ်။ ဟွန်ဒိုင်းကုမ္ပဏီအကြီးကဲဟောင်း သမ္မတ လီမြောင်ဘတ်ခ် လက်ထက်မှာ အလုပ်သမား ဥပဒေတွေ ပြင်ဆင်ခဲ့ပြီး၊ ကိုရီးယား လုပ်သားအင်အားစုရဲ့ ၂ ရာခိုင်နှုန်းရှိတဲ့ သက်ကြီးလုပ်သားတွေကို လူမှုထောက်ပံ့မှုအပြည့်နဲ့ ပင်စင်ပေးနားခဲ့တယ်။ တစ်နိုင်ငံလုံး ကျွမ်းကျင်လုပ်သားစု ဖြစ်အောင် ပညာရေး မြှင့်တင်ခဲ့ပါတယ်။အခုအတိုင်း တောင်ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းနဲ့ ဆက်သွားနေရင်၊ စီးပွားရေးတိုးတက်မှု ၂.၅ ရာခိုင်နှုန်းနဲ့ သွားနေတဲ့ အမေရိကန်နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (တစ်ဦးချင်းဝယ်ယူနိုင်မှုစွမ်းရည် PPP) ကို နှစ်အနည်းအငယ်အတွင်း ဖြတ်ကျော်သွားမယ်လို့ the Economist မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ IMF ရဲ့ အစီရင်ခံစာသစ်မှာလည်း တောင်ကိုရီးယား စီးပွားရေးနဲ့ တစ်ဦးချင်းဝင်ငွေက နောက်ငါးနှစ်အတွင်း ဂျပန်ကို ကျော်လွန်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ နောက် တောင်ကိုရီးယား တိုးတက်မှုမှာ အဓိကကကျတဲ့ အချက်က ဂျပန်ကို အားကျစိတ် အတုယူစိတ်နဲ့ မခံချင်စိတ်တို့ ရှိတာက အရေးပါပါတယ်။ ဂျပန် ဘယ်လိုအလုပ်လုပ်သလဲ ဘာတွေလုပ်သလဲ နီးနီးကပ်ကပ် စောင့်ကြည့်ပြီး၊ သူတို့ထက်သာဖို့ ကျားကုပ်ကျားခဲ အမြဲကြိုးစားပါတယ်။ဒါက တိုင်းပြည်တစ်ပြည်၊ ကုမ္ပဏီတစ်ခုနဲ့ လူတစ်ယောက်အတွက် အတုယူ အားကျစရာ ပြိုင်ဘက်ရှိမှ တိုးတက်တယ်ဆိုတာကို တောင်ကိုရီးယားက သက်သေပြနေပါတယ်။ ဟွန်ဒိုင်းက တိုယိုတာထက် ခိုင်ခန့်အောင် ဈေးပေါအောင် အရေအတွက်များများ ထုတ်နိုင်အောင် အမြဲ ကြိုးစားနေတယ်။ ကိုရီးယားသဘောင်္ကျင်း လုပ်ငန်းတွေက ဂျန်နဲ့ ဂျာမဏီကို အတုယူပါတယ်။ကိုရီးယားစီးပွားရေးအတွက် စွမ်းဆောင်မှု လေးရပ် ၁၉၆၀နဲ့ ၂၀၁၁ ခုနှစ်ကြား နှစ် ၅၀ ကျော် တောင်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ကြည့်ရင် ထင်ရှားတဲ့ သွင်ပြင်လက္ခဏာလေးခု တွေ့ရပါမယ်။ အောင်မြင်မှုအတွက် အလုပ်ကို ဇွဲနပဲကြီးကြီးလုပ်တဲ့ ပညာတတ် လုပ်သားအင်အားစု (Stakhanovite workforce)၊ စုဖွဲ့ထားတဲ့စီးပွားရေးလုပ်ငန်းကြီးများ (powerful conglomerates)၊ အသေးစားလုပ်ငန်း အားပေးမှု (small firms) နဲ့ လူမှုပေါင်းစည်းညီညွတ်မှု (social cohesion) ဆိုတဲ့ လေးရပ် ဖြစ်ပါတယ်။ကိုရီးယားရဲ့ ထူးခြားချက်တစ်ခုက ‘ပညာရေးနဲ့ အလုပ်ကြိုးစားမှု’ ကို ပေါင်းစပ်ပြီး ပညာတတ် လုပ်သားအင်အားစု ဖြစ်အောင် အစိုးရနဲ့ ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်တာပါ။ တစ်နှစ်ကို အလုပ်ချိန် အနည်းဆုံး ၂၂၀၀ နာရီ သတ်မှတ်ထားလို့၊ ဒတ်ခ်ျနဲ့ ဂျာမဏီတို့ထက် အလုပ်ချိန် ပိုများပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ထိုင်ဝမ်ပြီးရင် တောင်ကိုရီးယားက ဒုတိယ အလုပ်အချိန် အများဆုံးပါပဲ။ လုပ်သားအင်အားစုမှာလည်း အရေအတွက်ထက် လုပ်သားရဲ့ အရည်အချင်းကို ပိုအလေးထားပါတယ်။ချမ်းသာတဲ့ အိုအီးစီဒီ ၃၂ နိုင်ငံရဲ့ နိုင်ငံတကာ ပညာရေးအဆင့် ပြိုင်ဆိုင်မှုမှာ ဖင်လန်၊ စင်္ကာပူတို့နဲ့အတူ တောင်ကိုရီးယား ကျောင်းသားတွေက ရှေ့ဆုံးမှာ ရှိပါတယ်။ နောက် ပညာရေးအသုံးစရိတ်မှာ အမေရိကန်ထက်ရော အခြားချမ်းသာတဲ့ ဘယ်နိုင်ငံထက်မဆို ဂျီဒီပီ ရာခိုင်နှုန်း ပိုများပါတယ်။ ကိုရီးယားပညာရေး ကောင်းမွန်တာဟာ အစိုးရကျောင်းတွေထက် ပုဂ္ဂလိက ကျောင်းတွေကြောင့် ဖြစ်ပါတယ်။ အစိုးရက ပညာရေးကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်း သုံးထားပြီး၊ မိသားစုတိုင်းရဲ့ ပညာရေး အသုံးစရိတ်က တိုင်းပြည် ဂျီဒီပီရဲ့ ၂.၈ ရာခိုင်နှုန်း ရှိပါတယ်။ အိမ်ထောင်စုတိုင်းက ၀င်ငွေရဲ့ လေးပုံတစ်ပုံကို သားသမီး ပညာရေးအတွက် သုံးစွဲပါတယ်။တောင်ကိုရီးယားရဲ့ ပဉ္စလက်ဆန်ဆန် အောင်မြင်မှုနောက်ကွယ်မှာ ‘ချေးဘိုလ်’ ခေါ် ကုမ္ပဏီလုပ်ငန်းစုကြီးတွေရဲ့ ဇာတ်လမ်း ရှိနေပါတယ်။ နည်းပညာအရရော ကူးသန်းရောင်းဝယ်မှုမှာပါ အင်အားကြီးတဲ့ ချေဘိုးတွေရဲ့ အခန်းကဏ္ဍက ကြီးမားပါတယ်။ ဥပမာ၊ ဆမ်ဆောင်း အီလက်ထရောနစ် ဆိုရင် ကုမ္ပဏီလုပ်ငန်းပေါင်း ၈၃ ခုရှိပြီး၊ Apple နဲ့အပြိုင် စမတ်ဖုန်း ရောင်းချနေပါတယ်။၁၉၇၇ ခုနှစ် တောင်ကိုရီးယား စက်မှုနိုင်ငံဖြစ်အောင် စတင်လျှောက်လှမ်းနေချိန်မှာ အမေရိကန်အစိုးရ စီးပွားရေး အတိုင်ပင်ခံ ပါမောက္ခ အိုင်ရာ မဂါဇီနာ (နောက်ပိုင်း သမ္မတ ဘီလ်ကလင်တန်ရဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်း အထူးအကြံပေးလုပ်ခဲ့သူ) က ဆမ်ဆောင်း လုပ်ငန်းခွင်ကို သွားကြည့်ပြီး ‘အထက်တန်းကျောင်း သိပ္ပံဓာတ်ခွဲခန်း ခပ်စုတ်စုတ်ထက်တောင် ပိုချာသေးတယ်’ လို့ မှတ်တမ်းရေးခဲ့ပါတယ်။ ဒါပေမဲ့ “သူတို့ဟာ RCA, GE, Hitachi တို့လို ကမ္ဘာကျော် ကုမ္ပဏီတွေက ကာလာတယ်လီဗေးရှင်းတွေ စုပုံချ၊ အဲဒါတွေ တစ်စစီဖျက်ကြည့်ပြီး ကိုယ်ပိုင်ဒီဇိုင်းဖြစ်အောင် လုပ်နေကြတယ်” လို့ ရေးထားပါတယ်။နောက် ငါးနှစ်အကြာ မဂါဇီနာ တောင်ကိုရီးယား ထပ်လာတော့၊ ဆမ်ဆောင်း လုပ်ငန်းခွင်က အမေရိကန်ကုမ္ပဏီကြီးတွေနဲ့ ပြိုင်ဆိုင်နိုင်လောက်အောင် နည်းပညာတိုးတက်နေတာကို တွေ့ရလို့ အံဩခဲ့ရတယ်တဲ့။ မိသားစုပိုင်လုပ်ငန်းလေးကနေ ဆယ်စုနှစ် သုံးခုနီးပါးအတွင်း ဧရာမ ဂလိုဘယ် အီလက်ထရောနစ် ကော်ပိုရေးရှင်းကြီး ဖြစ်လာအောင် စွမ်းဆောင်ခဲ့တာ ဒဏ္ဍာရီ ဆန်လွန်းတယ်လို့ ပြောပါတယ်။ အခု ဆမ်ဆောင်း က ကမ္ဘာမှာ တယ်လီဗေးရှင်း အများဆုံး ထုတ်လုပ်နေပြီး၊ စမတ်ဖုန်း ဒုတိယ အများဆုံး ထုတ်လုပ်သူ ဖြစ်လာပါတယ်။ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ LG တို့လို နိုင်ငံခြားပို့ကုန်အတွက် ထုတ်လုပ်တဲ့ ချေးဘိုလ်ကြီးတွေရှိသလို၊ ပြည်တွင်း ၀န်ဆောင်မှုလုပ်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ (small and medium-sized firms) လည်း ရှိပါတယ်။ အဲဒီ SMEs တွေကို ကုမ္ပဏီကြီးတွေ လက်ဝါးကြီးမအုပ်နိုင်အောင်၊ ပြိုင်ဆိုင်မှုကနေ လွင့်မသွားအောင် အစိုးရက နည်းမျိုးစုံနဲ့ အကာအကွယ် ပေးထားပါတယ်။ အထူးသဖြင့် အဲဒီ လုပ်ငန်းငယ်တွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း (R&D) ကုန်ကျစရိတ်တစ်ဝက်ကို အစိုးရက ထည့်ဝင်ပေးပါတယ်။နောက် တောင်ကိုရီးယားမှာ ၀င်ငွေမညီမျှမှု၊ ဆင်းရဲမွဲတေမှုနဲ့ သက်ကြီးအလုပ်သမားပြဿနာ ဖြေရှင်းဖို့အတွက် အစိုးရက ၀င်ငွေခွန်တွေ တိုးမြှင့်ကောက်ပြီး၊ လူမှုလုံခြုံရေးအစီအစဉ်တွေ (social safety nets) ထိထိရောက်ရောက် လုပ်ဆောင်ပါတယ်။ခေတ်သစ်ဖွံ့ဖြိုးရေး မော်ဒယ်အခုနောက်ပိုင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေကြားမှာလည်း တောင်ကိုရီးယားရဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပုံစံကို ခေတ်သစ် နိုင်ငံတည်ဆောက်ရေး မော်ဒယ်အဖြစ် ရည်ညွှန်းပြောဆိုမှုတွေ ရှိလာပါတယ်။ နာမည်ကျော် နိုင်ငံရေးပညာရှင် ဖရန်စစ် ဖူကူးယားမားက သူ့ရဲ့ နောက်ဆုံးထုတ် the Origins of Political Order မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် တည်ဆောက်ဆဲ နိုင်ငံတွေ အားကိုးစရာအဖြစ် တောင်ကိုရီးယား မော်ဒယ်ကို အောက်ပါပုံစံနဲ့ ရှင်းပြထားပါတယ်။တောင်ကိုရီးယားဟာ နိုင်ငံအုပ်ချုပ်ရေးမှာ ကွန်ဖျူးရှပ်အစဉ်အလာကို တရုတ်ထံက ရရှိထားတယ်။ ၁၉၀၅ နဲ့ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ကိုလိုနီအပြုခံရတဲ့အချိန်မှာ ခေတ်သစ် အင်စတီကျူးရှင်းပုံစံအချို့ကို ရရှိခဲ့တယ်။ ကိုရီးယားစစ်ပွဲအပြီးမှာတော့ အတန်သင့် အားကောင်းတဲ့အစိုးရ (strong government) ကို ပိုင်ဆိုင်လာတယ်။ ၁၉၆၁ ခုနှစ် အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ် ပတ်ချုံဟီး ခေါင်းဆောင်မှုအောက်မှာ စီးပွားရေးတိုးတက်မှုကို စက်မှုဖွံ့ဖြိးရေး ပေါ်လစီတွေနဲ့ အကောင်အထည် ဖော်ခဲ့တယ်(နိုင်ငံတည်ဆောက်ရေးမှ စီးပွားရေးတိုးတက်မှုကို သွားတဲ့ မျှား ၁ ကို ကြည့်ပါ)။နောက် စိုက်ပျိုးရေးကနေ စက်မှုနိုင်ငံအဖြစ် မျိုးဆက်တစ်ဆက်ခန့်ကြာအောင် ပြောင်းလဲရင်းနဲ့ ကုန်သွယ်ရေးသမဂ္ဂတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ အစဉ်အလာမှာ မရှိခဲ့တဲ့ အခြား အရပ်ဖက်လူ့အဖွဲ့အစည်းတွေ စတဲ့ လူမှု လှုပ်ရှားမှု (social mobilization) အင်အားသစ်တွေကို အသက်ဝင်လှုပ်ရှားစေခဲ့တယ် (မျှား ၂)။၁၉၈၀ ကွမ်ဂျူး လူသတ်ပွဲအပြီးမှာ ဗိုလ်ချုပ် ချန်ဒူးဝမ် အစိုးရနဲ့ စစ်တပ်ကို အာဏာနေ ဆင်းပေးဖို့ လူမှုလှုပ်ရှားတဲ့ အုပ်စုတွေက ဖိအားပေးလာတယ်။ ၁၉၈၇ မှာတော့ ဆက်တိုက်ဖြစ်လာတဲ့ လူမှုလှုပ်ရှားမှုတွေနဲ့ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတ ရွေးကောက်ပွဲကို ကြေငြာနိုင်ခဲ့တယ် (မျှား ၃)။တိုင်းပြည်စီးပွားရေး အလျှင်အမြန်တိုးတက်မှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေက အပြန်အလှန်အားဖြင့် အစိုးရရဲ့ တရားဝင်မှု (legitimacy) အားကောင်းအောင် ကူညီပေးတယ်၊ အဲဒီလို အစိုးရရဲ့ legitimacy ကောင်းလာမှုက ၁၉၉၇-၉၈ အာရှ စီးပွားရေး အကျပ်အတည်းလို ပြဿနာကနေ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့တယ် (မျှား ၄ နဲ့ ၅)။နောက်ဆုံး စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ တိုးတက်လာမှုက တောင်ကိုရီးယားမှာ တရားဥပေဒစိုးမိုးမှု (the rule of law) ကို အားကောင်းလာအောင် ကူညီပေးပါတယ် (မျှား ၆ နဲ့ ၇)။ဖူကူးယားမား ရှင်းပြတဲ့ ဇယားပုံစံကို ကြည့်ရင် အားကောင်းတဲ့အစိုးရ၊ စီးပွားရေးတိုးတက်မှု၊ လူမှုအုပ်စုတွေရဲ့ လှုပ်ရှားမှု၊ ဒီမိုကရေစီ၊ အစိုးရတရားဝင်မှု၊ တရားဥပဒေစိုးမှု စတဲ့အချက်တွေက တစ်ခုကိုတစ်ခု အထောက်အကူပြုပြီး ကိုရီးယား လူ့အဖွဲ့အစည်းကို အောင်မြင်စေခဲ့တယ်။ တောင်ကိုရီးယား မော်ဒယ်က စီးပွားရေးဖွံ့ဖြိုးမှုကနေ ဒီမိုကရေစီကို သွားခဲ့တာ ဖြစ်တယ်။ နောက်ပိုင်း စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီကို အပြန်အလှန်အမှီပြုလာပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ အချိန်ကာလအားဖြင့် ဆယ်စုနှစ် ငါးခု ကြာခဲ့ပါတယ်။တောင်ကိုရီးယား အတွေ့အကြုံကနေ မော်ဒယ်သစ်ဆောက်မြန်မာနိုင်ငံကတော့ လက်ရှိ စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီကို တပြိုင်နက် သွားနေတာဖြစ်တယ်။ ဒါပေမဲ့ တောင်ကိုရီးယား မော်ဒယ်အတိုင်း၊ စီးပွားရေးတိုးတက်မှု၊ လူမှုလှုပ်ရှားမှု၊ တရားဥပဒေ စိုးမိုးမှု၊ ဒီမိုကရေစီ စတာတွေ ပုံမှန် ဆက်တိုးတက် လာနိုင်မလားဆိုတာတော့ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေရဲ့ အမြှော်အမြင်နဲ့ လုပ်ရည်ကိုင်ရည်အပေါ် အများကြီး မူတည်နေပါတယ်။ အခု တောင်ကိုရီးယားမော်ဒယ် အပါအ၀င် အခြားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းတွေကနေ သင်ခန်းစာများများ ယူနိုင်ဖို့လိုပါတယ်။လာမယ့် ၂၀၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အဓိက စိန်ခေါ်မှုဖြစ်လာပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကုလသမဂ္ဂရဲ့ သန်းခေါင်စာရင်းလုပ်ငန်း အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြင်ဆင်မှုတွေ လုပ်လာပါတယ်။ တကယ်လို့ ၂၀၁၅ အဖြေက ကျေနပ်စရာ ကောင်းပြီး၊ စီးပွားဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်လည်း စလျှောက်နေပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မော်ဒယ်က အာရှဒေသနဲ့ အခြားဒေသနိုင်ငံတွေအတွက် စံပြုစရာမော်ဒယ်သစ်တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။ဒါ့ထက် စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ ဒီမိုကရေစီ ဆက်ဖြစ်ထွန်းလာခဲ့ရင်၊ ပညာရေးမှာ အဓိကအပြောင်းအလဲတွေလုပ်လာရင် တောင်ကိုရီးယားလို ဆယ်စုနှစ် ငါးခုမကြာဘဲ ကမ္ဘာ့ထိပ်တန်း နိုင်ငံစာရင်းထဲ ၀င်လာနိုင်ပါတယ်။ဝင့်ထန်းရည်ညွှန်း။ the Economist; the origins of political order by Francis Fukuyama

ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

Mon, 05/14/2012 - 09:07
နိဒါန်း(၁၉၉၉) ခုနှစ်မှာ ယူကေနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ လူသားတယောက် ရှင်သန်ရပ်တည်မှုအတွက်Human Capital, Social Capital, Natural Capital, Physical Capital နဲ့ Financial Capital စပြီး အရင်းအနှီး (၅) မျိုး လိုအပ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒီအရင်းအနှီးတွေ တိုးပွားလာဖို့အတွက် ပညာရေးဟာ ပဓာနကျပါတယ်။ ပညာရေးကြောင့် စွမ်းရည်၊ ဗဟုသုတနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာပြီး Human Capital ကို တိုးတက်စေပါတယ်။ Human Capital တိုးတက်လာခြင်းဖြင့် လူ့ဘ၀ ရှင်သန်ရပ်တည်ရေးအတွက် အခြားအရင်းအနှီးများကိုပါ အကောင်းဆုံး အသုံးပြုနိုင်စွမ်း တိုးမြင့်လာစေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပါတယ်။ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးအဆင့် မြင့်မားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ ဆက်စပ်နေပါတယ်။ သို့ပေမယ့် ပညာရေးအဆင့် မြင့်မားလာတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာလား၊ စီးပွားရေး ဖွံ့ဖြိုးလာတဲ့အတွက် ပညာရေးအဆင့် မြင့်မားလာတာလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေက ဆွေးနွေးငြင်းခုန်နေကြဆဲပါပဲ။ Human Capital Theory ကို ကိုင်စွဲထားသူများကတော့ ပညာရေးဟာ ထုတ်လုပ်မှု မြင့်မားရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖန်တီးပေးနိုင်ကြောင်း၊ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ ကုန်ကျစရိတ်များတယ်ဆိုပေမယ့်၊ အကျိုးကျေးဇူးဖြစ်ထွန်းမှုတွေ အမြောက်အမြား ရှိလာနိုင်ကြောင်း ထောက်ပြရေးသားကြပါတယ်။ကမ္ဘာတ၀ှမ်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတော်တော်များများမှာ လုပ်ခလစာနဲ့ ပညာရေးအဆင့်တွေက တိုက်ရိုက် ဆက်နွယ်မှု ရှိတယ်လို့ ပညာရှင်များက လေ့လာတွေ့ရှိထားကြပါတယ်။ အလုပ်ရှင် တော်တော်များများက ကျွမ်းကျင်မှုနဲ့ ထုတ်လုပ်မှုအဆင့်မြင့်မားရေးအတွက် လုပ်သားများရဲ့ ပညာရေး အဆင့်မြင့်မားမှုကို သွင်ပြင်လက္ခဏာတရပ် တိုင်းတာသတ်မှတ်လေ့ရှိကြပါတယ်။ နောက်တချက် ကတော့ ပညာရည်မြင့်မားမှုဟာ ဘ၀ကို စတင်တည်ဆောက်ချိန်မှာတင် အကျိုးပြုတာမဟုတ်ပဲ၊ ဘ၀အနာဂတ် တည်ငြိမ်သာယာရေးကိုပါ ဖြစ်ထွန်းနိုင်စေပါတယ်။လူအများက ဒီလိုဆက်စပ်မှုတွေကို လက်ခံထားကြပေမယ့် Human Capital Theory ကို ဝေဖန်ကြတဲ့ ‘Correspondence Theorists’ (Bowles, Gintisစသူတွေ) ကတော့ ပညာရေးကို အလုပ်ရှင်တွေ တန်ဖိုးထားတာက cognitive skills တွေကြောင့် မဟုတ်ပဲ၊ ပညာရေးအဆင့်ကွဲပြားမှုပေါ်မူတည်ပြီး အလုပ်တာဝန်ခွဲမှုဆိုင်ရာ occupational hierarchy ကို သတ်မှတ်နိုင်တဲ့ non-cognitive traits တွေကြောင့်လို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ပညာရေးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ social hierarchies ပုံသဏ္ဍာန်သစ်တွေ ထပ်မံတည်ဆောက်လိုက်တာဖြစ်တယ်လို့ သူတို့က ယူဆပါတယ်။ ‘screening’ theorists ဖြစ်တဲ့ Wiles, Whitehead စသူတွေကတော့ ပညာရေးဟာ ရွေးချယ်မှုဖြစ်စဉ်လို့ သုံးသပ်ကြပါတယ်။ ကျောင်းသင်ပညာရေးဟာ ဥာဏ်ပညာမြင့်မားသူတွေကို ရွေးချယ်ပြီး၊ စွမ်းရည် မြင့်မားလာအောင် ရွေးချယ်လေ့ကျင့်ပေးခြင်းလို့ ယူဆကြပါတယ်။ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုHuman Capital Theory နဲ့ Correspondence Theory ကို လက်ခံသူတွေ က ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒတွေကို သီးခြားရေးဆွဲ အကြံပြုထားကြပါတယ်။ Human Capital Theorists တွေက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူဝါဒတွေထဲမှာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုဝင်များရဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေ မြင့်မားလာရေးကို ထည့်သွင်းသင့်တယ်လို့ ယူဆကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ရေရှည်မှာ မြို့ပြနဲ့ ကျေးလက်ဒေသ စီးပွားရေး အဆောက်အအုံကို အကျိုးကျေးဇူးသက်ရောက်စေနိုင်မယ်လို့ ဆိုကြပါတယ်။ Correspondence Theory ကို လက်ခံသူများကလဲ လုပ်ငန်းခွင်မှာရှိတဲ့ လုပ်သားများရဲ့ ပညာရေးနဲ့ စွမ်းရည်တွေ မြင့်မားလာအောင် ပြုလုပ်သင့်ကြောင်း အကြံပြုထားကြပါတယ်။ပညာရေးကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတခုအဖြစ် သတ်မှတ်ထားတဲ့ Human Capital Theory သဘောတရားများကိုကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ချဉ်းကပ်သဘော တရားများမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနဲ့ အခြား အရင်းအမြစ်များစွာကို ကမ္ဘာ့ဘဏ်က ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက စိန်ခေါ်တဲ့ပြဿနာတရပ်ကတော့ equity မရှိတဲ့ ပြဿနာ တရပ်ပဲဖြစ်ပါတယ်။ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ရေးဆွဲရာမှာ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ disadvantaged groups ထဲမှာ ရှိနေတဲ့ ဆင်းရဲနွမ်းပါးသူများ၊ စစ်ဘေးဒုက္ခသည်များ၊ လမ်းပေါ်ရောက်နေသော ကလေးသူငယ်များနဲ့ မိမိတို့ဘာသာ ၀မ်းစာရှာဖွေ စားသောက်နေရသော ကလေးသူငယ်များ၊ အမျိုးသမီးများရဲ့ အရေးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်များအရ ပညာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတော် အသုံးစရိတ် တော်တော်များများဟာ တန်းတူညီမျှမှု မရှိပဲ ဖြစ်နေပြီး၊ ထူးချွန်ထက်မြက်လာဖို့ အလားအလာရှိတဲ့ ကျောင်းသား တော်တော်များများဟာ မိဘရဲ့ စီးပွားရေးအဆင်မပြေမှု၊ အခွင့်အလမ်းနည်းပါးမှု၊ လုံလောက်သော သတင်းအချက်အလက်များ မရရှိမှု စတဲ့ အကြောင်းတရားတွေကြောင့် တိုးတက်မှုတွေ နှောင့်နှေးနေကြရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးတည်တဲ့ ပညာရေးဆိုင်ရာ မူဝါဒများနဲ့ framework များကိုလဲ ဖော်ထုတ်ခဲ့ကြပါတယ်။Education decentralizationဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးတည်တဲ့ ပညာရေးဆိုင်ရာ framework များစွာအနက် Education decentralization ကို နိုင်ငံတော်တော်များများမှာ အသုံးပြုလာကြပါတယ်။ Rondinelli (1981) ဆိုသူက decentralization ဆိုတာ စီမံကိန်းများရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနဲ့ လုပ်ငန်းဆောင်တာ များကို စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို အစိုးရအဆင့်ကနေ အဖွဲ့အစည်းအဆင့်၊ အေဂျင်စီ အဆင့်များကို တာဝန်ခွဲဝေပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် decentralised state apparatus တခုရဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြင့်လာပြီး၊ သက်ဆိုင်ရာဒေသအလိုက် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ဒီလိုလွှဲပြောင်းပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ပါဝါတွေထဲမှာ နိုင်ငံရေးပါဝါ၊ အုပ်ချုပ်ရေးပါဝါနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုပါဝါတွေ ပါဝင်နိုင်ပါတယ်။ Martinussen (1997)ဆိုသူက decentralization အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ ပထမအမျိုးအစားကတော့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ၀န်ကြီးဌာန တခုချင်းစီအလိုက် ဒေသဆိုင်ရာ ယူနစ်တွေကို တာဝန်လွှဲပေးတဲ့ Deconcentration အမျိုးအစား ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ semiautonomous government agencies တွေကို သက်ဆိုင်ရာကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းဖော်ဆောင်မှုတာဝန်များ ခွဲဝေလွှဲပြောင်းပေးတဲ့ Delegation အမျိုးအစား ဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို ဒေသဆိုင်ရာ အစိုးရတွေကို လွှဲပြောင်းပေးထားတဲ့ Devolution အမျိုးအစား ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ လုပ်ငန်းတာဝန်အချို့ကိုPrivatisation လုပ်ခြင်းပဲ ဖြစ်ပါတယ်။ဒီလိုတွေ လုပ်ခြင်းအားဖြင့် decentralization ဟာ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုသဏ္ဍာန် (structures) နဲ့ ဖြစ်စဉ် (processes) တွေကို အသွင်ပြောင်းပေးနိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှု သဏ္ဍာန်ကို ဆင်းရဲနွမ်းပါးသူများအား ကိုယ်စားပြုသော ဖြစ်တည်မှုသဏ္ဍာန်များ တည်ဆောက်ခြင်း၊ ဒေသတဦးချင်းစီရဲ့ လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးနိုင်သော အဖွဲ့အစည်းများ ပေါ်ထွန်းလာခြင်း၊ privatisation ရဲ့ အကျိုးကျေးဇူးဖြစ်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်လာခြင်း စတာတွေနဲ့ အသွင်ပြောင်းနိုင်ပါတယ်။ဖြစ်စဉ်တွေကိုတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများချမှတ်ရာမှာ ဒေသဆိုင်ရာ သတင်းအချက်အလက်များ ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးသူ များနဲ့ မူဝါဒ ချမှတ်သူများအကြား ဆက်သွယ်မှု တိုးမြင့်လာစေခြင်း၊ မူဝါဒများ ရေးဆွဲရာမှာ ပါဝင်မှုဖြစ်စဉ်များ (participatory processes) များ တိုးမြင့်လာစေခြင်း၊ တာဝန်ခံမှု (accountability) နှင့် ပွင့်လင်းမြင်သာမှု (transparency) များ ပိုမိုရှိလာခြင်း စတာတွေနဲ့ အသွင်ပြောင်းနိုင်ပါတယ်။သို့ပေမယ့် decentralization ဟာ ဆင်းရဲနွမ်းပါးသူများဘက်မှ ချဉ်းကပ်ရပ်တည်ခြင်း (pro-poor approach) အနေနဲ့တော့ သူ့ဘာသူအသွင်ပြောင်းသွားနိုင်ခြင်းမရှိပါဘူး။ ဒီလိုအသွင်ပြောင်းလာအောင် စနစ်တကျ စီမံချက်များ ရေးဆွဲပြီး၊ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ Education Decentralization နဲ့ သက်ဆိုင်တဲ့ pro-poor conditions တွေကို ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ကြရမှာ ဗဟိုနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြားက ဆက်ဆံရေး (central-local relations) နဲ့ local mechanisms များက အဓိကကျပါတယ်။Central-local relations ဆိုရာမှာ ဗဟိုအစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို political commitment တခုအနေနဲ့ သတ်မှတ်ပြီး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပရိုက်ဗိတ် အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ခွဲဝေပြဌာန်းပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဒေသဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြဌာန်းခွင့်နဲ့ တာဝန်ခံမှုအကြားကို ချိန်ခွင်ညှိပြီး၊ စီမံချက်များ ချမှတ်လုပ်ဆောင်နိုင်တဲ့ ဘဏ္ဍာရေးအရင်းအမြစ် အသုံးချနိုင်ခွင့်ပါဝါ ရှိဖို့ လိုအပ်ပါတယ်။ဗဟိုအစိုးရအနေနဲ့ အုပ်ချုပ်ရေးယူနစ်များအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီခြင်း စတာတွေကို စောင့်ကြပ်ကြည့်ရှုပြီး လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအရင်းအမြစ် ခွဲဝေသုံးစွဲမှုဆိုင်ရာ မသမာမှုများနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများကို ပါဝါရှိတဲ့ ရေပေါ်ဆီလူတန်းစားများက စွက်ဖက် ချုပ်ကိုင်မှုများ ဖြစ်ပွားလာခြင်း မရှိအောင်လဲ ဗဟိုအစိုးရက စောင့်ကြပ်ကြည့်ရှု ထိန်းသိမ်း ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ privatization ကို အကောင်အထည်ဖော်ဆောင်ရာမှာလဲ အကျိုး အမြတ်ကိုပဲ ကြည့်တဲ့ လုပ်ငန်းများကို ဦးစားပေးခြင်း မဟုတ်ပဲ pro-poor approach လုပ်ငန်းများကို ဦးစားပေးဖို့ လိုအပ်ပါတယ်။Local mechanisms တွေမှာတော့ ကိုယ်စားပြုဒီမိုကရေစီ (representative democracy)နဲ့ အခြား participatory democracy စနစ်ကို အကောင်အထည်ဖော်ပြီး၊ မူဝါဒချမှတ်မှုများနဲ့ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေကို ဆင်းရဲနွမ်းပါးသူများက ကိုယ်စားပြုနိုင်တဲ့ Voice mechanism ၊ ဒေသဆိုင်ရာနိုင်ငံရေးနဲ့ လှုပ်ရှားဆောင်ရွက်မှုများဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးပေးတဲ့ Information mechanism နဲ့ ဆင်းရဲနွမ်းပါးသူများမှ ပရိုက်ဗိတ်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုကို ယူဆောင်ခြင်းဆိုင်ရာ Exit mechanism များကို ဖော်ထုတ်ပေးဖို့ လိုပါတယ်။နိဂုံးဘောဂဗေဒပညာရှင် Amartya Sen က ဆင်းရဲနွမ်းပါးမှုဆိုတာ လူ့အဖွဲ့အစည်းတခု ထိရောက်စွာ ရှင်သန်လည်ပတ်ရေးအတွက် စွမ်းရည် (capability)လျော့နည်းခြင်းလို့ ဆိုခဲ့ပါတယ်။ ဒီလိုစွမ်းရည် လျော့နည်းရခြင်းမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းကလဲ အရေးပါတဲ့ အကြောင်းတရား ဖြစ်တာကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် လူတဦးချင်းစီရဲ့ human capital တိုးမြင့်လာပြီး၊ ဆင်းရဲနွမ်းပါးမှု ကို လျှော့ချပေးနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ခင်မမမျိုး (၁၂၊ ၅၊ ၂၀၁၂)ရည်ညွှန်းကိုးကားCrook, Richard C. & Alan Sturla Sverrisson (2001). “Decentralisation and poverty alleviation in developing countries: a comparative analysis or, is West Bengal unique?” IDS Working Paper 130, Brighton: Institute of Development Studies.Gemmel, N. (1996). Evaluating the impacts of human capital stocks and accumulation on economic growth: some new evidence. Oxford Bulletin of Economics and Statistics, 58(1), 9-28.Hanushek, E. A., & Wößmann, L. (2007). The role of school improvement in economic development. NBER Working Paper 12832. Cambridge, Mass.: National Bureau of Economic Research.Krueger, A., & Lindahl, M. (2001). Education for growth: Why and for whom? Journal of Economic Literature, 39, 1101-36.Martinussen, John (1997) Society, State and Market: A Guide to Competing Theories of Development, chapter 15, Zed Books, LondonRondinelli, D.A. (1981) “Government Decentralization in Comparative Perspective: Theory and Practice in Developing Countries”, International Review of Administrative Sciences, Vol. 47: 22-42.Sen, A. (2001). Development as freedom. Oxford: Oxford University Press.World Bank (2001) “Decentralisation and governance: does decentralisation improve public service delivery?” PREM notes, June 2001, Number 55

အားလုံးဖတ်ခြင်၊ သိခြင်နေကြသော မောင်ကျော်ထွန်းလေး အကြောင်း

Mon, 05/14/2012 - 02:25
Ko Naingအားလုံးဖတ်ခြင်၊ သိခြင်နေကြသော မောင်ကျော်ထွန်းလေး အကြောင်း တင်လိုက်ပါပြီABSDF တပ်ရင်း (၂၀၅)၊ သေဘော့ဘိုးစခန်း၏ အောင်မြေစစ်ကြောင်းမှ ကော့ကရိတ်မြို့နယ် တံတားဦးကျေးရွားသား ကျောင်းသားရဲဘော်ငယ်လေး မောင်ကျော်ထွန်းလေး အသတ်ခံရခြင်းအကြောင်း၁၉၉၈ ခုနှစ် ဇူလိုင်လ မိုးများရွာကောင်းနေသောအချိန် သေဘော့ဘိုးစခန်း ရဲ့ ဒုတိယ အကြိမ်မြောက် စစ်ကြောင်း -- အောင်မြေစစ်ကြောင်းလို့လည်းခေါ်ပါတယ်၊ အမဲ (BALCK) စစ်ကြောင်းလို့လည်းခေါ်ပါတယ် -- ကျုံဒိုးနှင့် ကောကရိတ် နယ်မြေများသို့ စစ်ဆင်ရေး ဆင်းခဲ့ပါတယ်။ဒီစစ်ကြောင်းကတော့ သေဘောဘိုး စခန်း chairman ကိုအောင်လွင်နဲ့ ဒဿ ခေါ် ထွန်းထွန်း တို့ သီးသန် စီစဉ်လိုက်တဲ့စစ်ကြောင်းပါ။ ကျွန်တော် ဒီစစ်ကြောင်းမှာ မပါဝင်ခဲ့ပါဘူး ဘာကြောင်လည်းဆိုတော့ ဒဿ ခေါ် ထွန်းထွန်းကို မယုံကြည်လို့ပါဘဲ… ဘာကြောင့် မယုံကြည်ရသလဲဆိုတော့ ပြည်ချစ်ပါတီ ရဲ့ အလင်းဝင်တယောက်ဖြစ်နေလို့ပါဘဲ….စစ်ကြောင်းအတွက် ရဲဘော်တွေရွေးပြီး သင်တန်းတွေ ပေးခဲ့ကြပါတယ်… သင်တန်းပြီးခါနီးမှဘဲ.. သင်တန်းထဲက ရဲဘော်တော်တော်များများ နှုတ်ထွက်သွားကြတယ်… ဘာကြောင်လည်းဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မသိပါဘူး… ဖွဲ့စည်းပုံမပြည်တဲ့ စစ်ကြောင်းအတွက် တွေ့ရာရဲဘော်တွေ နီးစပ်ရာရဲဘော်တွေနှင့် ပြန်လည်အင်အားဇြည့်ခဲ့ကြတယ်.. အဲဒီ အကြောင်းတွေကြောင့် ကော့ကရိတ်မြီု့နယ် တပ်ခွဲ က ရဲဘော်ငယ်ငယ်တွေပါဝင်လာရတယ်… အသတ်ခံသွားရတဲ့ ကျော်ထွန်းလေး အပါအ၀င်ပေါ့ဗျာ…ကျွန်တော်ကိုယ်တိုင်လည်း စစ်ကြောင်းထွက်ဖို့ တပတ်လောက်အလိုမှ စစ်ကြောင်းထဲမှာ ပါဝင်နေတယ်ဆိုတာသိရတယ်… ဘယ်လိုလုပ်မလဲ မလိုက်ခြင်ကြောင်း ပြောပေမယ့် .. အထက်အမိန့်အရဆိုတာကြီးနဲ့ကိုင်ပေါက်နေတော့ ဘယ်လိုလုပ်ရမလဲမသိခဲ့ပါဘူး.. ဘယ်ကအထက်အမိန့်လည်းဆိုတာကို စစ်ကြာင်း ရုံးအဖွဲ့ဝင်ဖြစ်တဲ့ ကိုနန်းလွင် (တောင်ပိုင်းသို့ တာဝန်အရ ထွက်ခွာအပြီး တောင်ပိုင်းစစ်ဆင်ရေးတခုတွင်ကျဆုံး) ကို မေးကြည့်ဘို့ကြိုးစားပေမယ့်.. သူကိုယ်တိုင်လည်း အထက်အမိန့်ဆိုတာကို ကြောက်နေပုံရတဲ့အတွက် မသိခဲ့ရပါဘူး……စစ်ကြောင်းကို စစ်ကြောင်းမှုး ဒဿ ခေါ်ထွန်းထွန် ဒု- စစ်ကြောင်းမှုး အောင်ဗလ စစ်ကြောင်းအရာခံဗိုလ် ရန်မင်းအောင် အမှတ်(၁) တပ်စုမှုး တင်စိန် ဒု- တပ်စုမှုး ကိုအောင်၊ အမှတ်(၂)တပ်စိတ်မှုး သန်းလွင် (recently passed away), ဒု- တပ်စုမှုး ကိုနိုင် (myself)၊ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အင်အား (၂၀) ကျော်၊ ရုံးအဖွဲ့ဝင် (၅) ဦးနှင့်အတူ ဖွဲ့စည်းခဲ့ကြတယ်……ကျွန်တော့်တပ်စုမှာ…..• တပ်စိတ်မှုး သန်းလွင် (recently passed away)• ဒု- တပ်စုမှုး ကိုနိုင် (myself)၊• ရဲဘော် မြင်ဇော်• ရဲဘော် နောက်တိုး• ရဲဘော် သန်းလွင်ဦး (ဆေးမှုး)• ရဲဘော် နောက်တိုး• ရဲဘော် စံမြင့်• ရဲဘော် လှထွန်း• ရဲဘော် စောရင်ကြည်• ရဲဘော် ကိုငွေလှိုင်• ရဲဘော် ရဲစိုး• ရဲဘော် အတု ခေါ် သန်းထိုက်စစ်ကြောင်းရုံးအဖွဲ့မှာတော့..• စစ်ကြောင်းမှုး ထွန်းထွန်း• ဒု-စစ်ကြောင်းမှုး အောင်ဗလ• စိုးအောင် (မြ၀တီတပ်ခွဲ)• ကိုနန်းလွင်(စစ်ကြောင်းရုံးအဖွဲ့မှုး)• ကို သန့်ဇင့် (စစ်ကြောင်းထောက်ပို့)• ပေါ်ဦးလေး (the same age as ကျော်ထွန်းလေး)• ကျော်ထွန်းလေးတပ်စု (၂) မှ ရဲဘော်များစါရင်းကို တော့ ကောင်းကောင်းမမှတ်မိတော့ပါ၊စစ်ကြောင်း ကျိုက်ဒုံ ကျေးရွာကို ရောက်အပြီး (၂)ရက်ခန့် အနားယူကြတယ်၊ အနားယူအပြီး စစ်ကြောင်းကော့ကရိတ်နှင့် ကျုံဒိုးနယ်မြေတွေကို ဆင်းခဲ့ကြတယ်… စစ်ဆင်ရေး နယ်မြေတွေက ကျေးရွာတွေ တော်တော်များများမှာ… လှည့်လည် စခန်းချကြရင်းနဲ့ အချိန်ဖြုန်းခဲ့ကြတယ်…. ရန်သူကို တိုက်ခိုက်ဖို့ စစ်ဆင်ရေး ဆင်းခဲ့ကြပေမယ့်… ရန်သူဆိုတာ ဘယ်မှာဆိုတာ မတွေ့ခဲ့ မမြင်ခဲ့ရပါဘူး၊ တရွာဝင်တရွာထွက်နဲ့ ပြည်သူလူထု ဆင်းရဲစွာ နေထိုင်နေတဲ့ရွာတွေမှာ… ရွာတရွာကိုရောက်ရင် ရိက္ခာတွေကောက်၊ အရက်တွေကောက်။ ၀က်သား အမဲသားတွေ ပေါ်စားကြရင်း ပြည်သူတွေကို ဒုက္ခပေးခဲ့ကြတယ်လေ..ကျုပ်တို့တပ်စုတွေက ရဲဘော်တွေ ကတော့ ကိုယ်တည်းခို တဲ့အိမ်က အိမ်မှုလုပ်ငန်းတွေကို ၀ိုင်းဝန်းလုပ်ဆောင်ပြီး အိမ်ရှင်တွေကို စည်းရုံးနေတဲ့အချိန်မှာ.. စစ်ကြောင်းမှုးက အရက်ကောက်တာ မရလို့ ဒေါင်းပလန်လို့ခေါ်တဲ့ ရွာက ရွာလူကြီးရန်ဖြစ်စကားတွေများပြီး သေနတ်တွေ ပြစ်ဖေါက်နေလေရဲ့.. KNU က စက်ပေါ်ရောက်လာပြီးမေးတဲ့အချိန်မှာ.. ရွာနားကို ရန်သူတပ်ဝင်လာတယ်လို့ တွေ့လို့ပြစ်တယ်လို့ပြောတဲ့အတွက်.. ရဲဘော်တွေ ထမင်းစား၊ အရက်သောက် (အိမ်ရှင်မှ အိမ်အလုပ်များကို ၀ိုင်းဝန်းလုပ်ဆောင်တဲ့အတွက် ပေးသောအရက်) နေရာကနေ ၀ရုန်းသုန်းကားနဲ့တောင်ပေါ်ပြေးတက် နေရာတွေယူခဲ့ကြရသေးတယ်လေ.. ကျွန်တော်တို့ အောင်မြေစစ်ကြောင်းရဲ့ ပေါ်လစီကတော့ ရေတွင်းနီးနီး၊ အိမ်ကြီးကြီးနှင့် အပျိုမချောချောရှိတဲ့အိမ်ဆိုရင်.. စစ်ကြောင်းမှုးနှင့်အတူ သူ့ရုံးအဖွဲ့အတွက်ပေါဗျာ.. တပ်စုတွေအနေနှင့်ကတော့.. စစ်ကြောင်းမှုးနေရာချပေးတဲ့နေရာမှာဘဲ နေခဲ့ကြရတယ်လေ….နောက်ပိုင်းမှ စစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက် က KNU တပ်မဟာမှုး ဗိုလ်ချုပ်ရွေဆိုင်းရဲ့ အမိန့် အရ ကော့ကရိတ်-ကျုံဒိုးလမ်းကို ကားမိုင်း ထောင်ဘို့ဆိုတာသိခဲ့ရတယ်.. မိုင်းလည်းမထောင်ဖြစ်ပါဘူး… မိုင်းတွေကို အဇွန်းကျေးရွာမှာ ရွာသားတွေရဲ့အကူအညီနှင့် တောထဲမှာ မြေမြုတ်ခဲ့ပြီး… ကရင်နှစ်သစ်ကူးအမှီ.. ကျိုက်ဒုံကျေးရွာကို ပြန်ခဲ့ကြတယ်…ကျိုက်ဒုံကျေးရွာကို ပြန်ရောက်အပြီး ကျွန်တော်တို့ တပ်စုနှစ်စုကတော့ ကျေးရွာ ရဲ့အပေါ်ပိုင်းမှာ စခန်းချခြင်းခံခဲ့ရအပြီး.. စစ်ကြောင်းမှုးနှင့်အတူ ရုံးအဖွဲ့ကတော့ ကျေးရွာရဲ့အောက်ပိုင်းမှာ စခန်းချခဲ့ကြတယ်..ရဲဘော်အားလုံးလည်း ကရင်နှစ်သစ်ကူးပွဲတော်နှင့် ပျော်ပါးနေခဲ့ကြတယ်လေ…ကျော်ထွန်းလေး အသတ်ခံရတာကတော့ ဒီလိုပါ…ကရင်နှစ်သစ်ကူးတည… ညပိုင်း ၁၁း၀၀ ခန့်မှာ.. အသက် (၁၃)နှစ်သာသာ ရှိသေးတဲ့ ကျော်ထွန်းလေးဟာ အိပ်ချင်လာတဲ့အတွက် သူ့ အဖေါ် ပေါ်ဦးလေးကို ပြောပြပြီး သူနှင့်အတူ စစ်ကြောင်းရုံးအဖွဲ့ တည်းတဲ့ ကျိုက်ဒုံကျေးရွာ အောက်ပိုင်းက အိမ်ကို ပြန်ခဲ့တယ်…အိမ်ကိုရောက်တဲ့အချိန်မှာ.. အိမ်အပေါ်မှာ.. ကျိုက်ဒုံ ကျေးရွာ KNDO အဖွဲ့ဝင် ဖိုးထောင်နှင့် သန်းအောင် တို့နှစ်ယောက်ဟာ.. ဒဿ ခေါ် ထွန်းထွန်း နဲ့အတူ အစည်းအဝေး လုပ်နေတဲ့အတွက် သူအိမ်ပေါ်ကို တက်လို့မရဘဲ.. အိမ်အောက်ကလှေကားရင်းမှာ ထိုင်စောင့်ရင်း သူတို့အစည်းအဝေး ပြီးတဲ့အချိန်ကိုစောင့်နေခဲ့တယ်…. အစည်းအဝေးပြီး သွားတဲ့နောက်မှာ .. ဖိုးထောင် နဲ့ သန်းအောင် အိမ်အောက်ကို ဆင်းလာတဲ့အချိန်လာတယ်.. သူတို့နှစ်ယောက်ဟာ .. အိမ်အောက်မှာ အိပ်ဖို့ ထိုင်စောင့်နေတဲ့ ကျော်ထွန်းလေးကို တွေ့သွားပြီး.. မသင်ကာဘူးဆိုပြီး အိမ်ပေါ်ကို ခေါ်ဆောင်ခဲ့ကြတယ်.. အိမ်ပေါ်ရောက်တော့ ထွန်းထွန်းနဲ့ စကားပြောဆိုခဲ့ကြပြီး ထွန်းထွန်းက သူ့စစ်ကြောင်းက ရဲဘော်လေးကို KNDO ဖိုးထောင်နဲ့ သန်းအောင် ထင်မြင်ချက်ပေးတဲ့အတိုင်း သူတို့ အစည်းအဝေးကို အိမ်အောက်ကနေ ချောင်းနားထောင်နေသော မ.ဆ.လ ရဲ့သူလျှိုတယောက်အဖြစ် ဖမ်းဆီးခွင့်ပြုလိုက်တယ်..စစ်ကြောင်းအတွင်းမှာဘဲ ပြုလုပ်သင့် တဲ့အဖြစ်အပျက်ကို KNDO က ကျောင်းသားသွေးဆာနေတဲ့ လူ့ဘီးလူးတွေရဲ့လက်ကို သူကိုယ်တိုင်ထည့်လိုက်ခြင်းဟာ.. စစ်ကြောင်းမှုးတယောက်ရဲ့ တာဝန်မဲ့ လုပ်ရပ်တခုဖြစ်တဲ့အပြင်.. သူကိုယ်တိုင် ကျောင်းသားတွေကို one-by-one စတင်ရှင်းမဲ့အစီအစဉ် ကို စတင်အကောင်အထည်ဖေါ်လိုက်ခြင်းဖြစ်တယ်….သူရဲ့နောက်ပိုင်း အစီအစဉ်ကိုလည်း တဖြေးဖြေနဲ့အကောင်အထည် စတင်ဖေါ်ဆောင်လာတာတွေ့ရတယ်.. အဲဒါတွေကတော့… စစ်ကြောင်းအစည်းအဝေးမှာ သူကို မေးခွန်းထုတ်ဝေဖန်ခဲ့တဲ .. ကျောင်းသားရဲဘော်တွေကို သေနတ်ဖြင့်ပြစ်ခြင်း ကန်ကျောက်ခြင်၊ တပ်မဟာ (၇) နယ်မြေမှာ KNU က ကျောင်းသားရဲ့ဘော်နှစ်ယောက်ကို နယ်မြေအပြင်ဘက်မှာ ဖမ်းဆီးရမိတော့ ကျောင်းသားရဲဘော် ဟုတ်မဟုတ် confirm လုပ်တာကို မဟုတ်ဘူးလို့ငြင်းလိုက်တဲ့အတွက်..KNU ကအဲဒီကျောင်းသားရဲဘော်နှစ်ယောက်ကို သတ်လိုက်တဲံ အမှုတွေကို အစိအစဉ်တကျ စီစဉ်ခဲ့တယ်…ကျော်ထွန်းလေးကို KNDO က ဖမ်းသွားအပြီး မနက်ပိုင်းမှာ.. ရုံးအဖွဲ့ဝင် ကိုနန်းလွင် ကျွန်တော့်ဆီကို ရောက်လာပြီး ကျော်ထွန်းလေး ကိစ္စကို အသိပေးပြီး ဘယ်လိုလုပ်မလဲလို့ လာရောက် ပြောဆိုတဲ့အတွက် အဖြစ်အပျက်တွေကို ကျွန်တော်ကိုယ်တိုင်သိရပြီး KNDO တပ်ရှိတဲ့နေရာကို ကျွန်တော်တို့နှစ်ယောက် သွားပြီး ကျော်ထွန်းလေးကို ပြန်လည်ခေါ်ဆောင်ဖို့ သွားတဲ့အချိန်မှာ.. ဖိုးထောင်နှင့် သန်းအောင် ဆီးကြိုပြီး ကျွန်တော်တို့နှစ်ယောက်ကို ပြောလိုက်တာကတော့.. မင်းတို့ကျောင်းသားတပ်က သူလျှိုကို လမ်းမှန်ကို ပို့လိုက်ပြီဆိုတာပါဘဲ… လမ်းမှန်ဆိုတာကတော့..ခေါင်းဖြတ်သတ်ခြင်း. ဂေါ်ပြားဖြင့်ရိုက်သတ်ခြင်း ၀ါးကြောဖြင့် လည်မြိုကို လှီးဖြတ်ခြင်း နှင့် အရှင်လတ်လတ် မြေမြုတ်သတ်ခြင်းတို့ပါဝင်ပါတယ်.. အဲဒီနည်းတွေထဲက တခုခုသောနည်းဖြင့် ရဲဘော်ကျော်ထွန်းလေးဟာ ရက်ရက်စက်စက် အကြိုးအကြောင်းမဲ့စွာ သတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ကျွန်တော်တို့ စစ်ကြောင်းမှာ ရှိနေတဲ့ ရဲဘော်တွေအားလုံးယုံကြည်ခဲ့ကြတယ်…ဒီအဖြစ်အပျက်ကို အဲဒီအချိန်မှာ တာဝန်ရှိခဲ့ကြတဲ့ သေဘော့ဘိုးစခန်း ကော်မီတီဝင်တွေ၊ ABSDF ရဲ့စစ်ရေးတာဝန်ခံတွေ၊ ကော်မီတီဝင်တွေ သိခဲ့ကြလား?ကော်မီတီဝင်တွေကလည်း နေရာတွေ ထိုင်ခုံတွေ ရဖို့ရူး.. စစ်ရေးတာဝန်ခံတွေကလည်း.. ရာထူးတွေနဲ့ရူး.. တပ်ရင်းမှုးဆိုတဲ့သူတွေကလည်း power တွေနဲ့ ရူးနေတဲ့အချိန်မှာ… အညတရ ရဲဘော်တွေရဲ့ အသက်ဟာ သူတို့လက်မှာ.. ဖုန်တပွင့်လောက်တောင် အဖိုးမတန်ခဲ့တာကိုတော့ သေတဲ့အထိမမေ့နိုင်ပါဘူးဗျာ… ကိုနိုင်

14.05.2012 နေ့ဖတ်ရန်သတင်းများ

Mon, 05/14/2012 - 02:00
by Myanmar Journal on Sunday, May 13, 2012 at 4:26pm မစ္စတာ ရတ်ခ်မာနိဟာ တာလီဘန် အရာရှိဟောင်း တဦး ဖြစ်ပါတယ်အာဖဂန် ငြိမ်းချမ်းရေး ကိုယ်စားလှယ် လုပ်ကြံခံရအာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး အတွက် ကြားဝင် စေ့စပ်ပေးနေတဲ့ ထိပ်တန်း အရာရှိတဦး ဖြစ်သူ အာဆာလာ ရတ်ခ်မာနိကို သေနတ်သမား တဦးက မြို့တော်ကာဘူးမှာ လုပ်ကြံ သတ်ဖြတ် လိုက်ပါတယ်။မစ္စတာ ရတ်ခ်မာနိဟာ တာလီဘန် အရာရှိ ဟောင်း တဦး ဖြစ်ပြီး ငြိမ်းချမ်းရေး အစီအစဉ် အတွက် တာလီဘန် ဘက်ကနေ ပထမဦးဆုံး ပူပေါင်း ဆောင်ရွက်လာသူ ဖြစ်ပါတယ်။တနင်္ဂနွေနေ့ မနက် ၉နာရီခွဲလောက် အချိန်မှာ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် လည်းဖြစ်သူ အာဆာလာ ရတ်ခ်မာနိကို အမည်မသိ သေနတ်သမားက အသံတိတ် ပစ်စတိုနဲ့ ပစ်သတ် သွားခဲ့တာ ဖြစ်တယ်လို့ ကာဘူးမြို့ ရဲမှူးကြီး ဗိုလ်ချုပ်ကြီး ဒဟုအမင်း က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။မြို့တော်ကာဘူးမှာ ယာဉ်ကြောများပြီး မစ္စတာ ရတ်မာနိရဲ့ကားလည်း လမ်းပိတ်မိနေတဲ့ အချိန်မှာ သနတ်သမားက တချက်တည်းနဲ့ ပစ်သတ် သွားတာ ဖြစ်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ သက်တော်စောင့်လည်း မရှိဘူးလို့ဆိုပါတယ်။အခုလို မစ္စတာ ရတ်ခ်မာနိ သေဆုံးသွားတဲ့ အတွက် တာလီဘန်တွေနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ အာဖဂန် ထိန်တန်း အရာရှိတွေက ပြောကြား ပါတယ်။တာလီဘန်တွေရဲ့ သဘောထား အယူအဆတွေကို သိနိုင်ဖို့အတွက် သမ္မတက သူ့ကို အားထား နေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။RCSS/SSA နဲ့ အစိုးရစစ်တပ် အကြား ပစ်ခတ်မှုတွေဖြစ် အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ဟာ လာမယ့် ရက်ပိုင်း အတွင်း၊ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ထပ်မံ တွေ့ဆုံဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ အစိုးရ စစ်တပ်နဲ့ ပစ်ခတ်မှုတွေ ဆက်ပြီး ဖြစ်ပွား နေဆဲလို့ သိရပါတယ်။RCSS/SSA တပ်ဖွဲ့ဟာ အစိုးရ စစ်တပ်နဲ့ ပြီးခဲ့တဲ့ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်။ အစိုးရ စစ်တပ်ဘက်က အင်အား ရာနဲ့ချီပြီး ရှိတာကြောင့် တိုက်ပွဲတွေက ပြင်းထန်ပြီး အနည်းဆုံး တစ်နာရီကျော်ကြာ ပစ်ခတ်ကြရတယ်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဘီဘီစီကို ပြောပါတယ်။အစိုးရစစ်တပ်နဲ့ ဆက်လက် ပစ်ခတ်မှုတွေ ဖြစ်ပွားနေရတာဟာ အစိုးရစစ်တပ် ဘက်က SSA တပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာ တပ်စခန်းဘက်ကို ကြိုတင် အကြောင်းမကြားဘဲ၊ ကျူးကျော် ဝင်ရောက် လာလို့ ပစ်ခတ်မှုတွေ ဖြစ်ပွားရတာလို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆက်ပြော ပါတယ်။တိုက်ပွဲမှာ RCSS/ SSA ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးသလို အစိုးရစစ်တပ် ဘက်က အသေအပျောက် စာရင်းကိုလဲ မသိရဘူးလို့ ဆိုပါတယ်။SSA တပ်ဖွဲ့ဟာ လာမယ့် ၁၉ ရက်နေ့မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ထပ်မံတွေ့ဆုံဖို့ ပြင်ဆင်နေပါတယ်။RCSS/SSA ဟာ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်တိုင်း၊ ပစ်ခတ်မှု တွေ ဆက်လက် ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် အခါခါ တင်ပြခဲ့ပေမယ့်လည်း တိုက်ပွဲက ဖြစ်ပွားမြဲ ဖြစ်ပွားနေတာကြောင့် အခု ထပ်မံတွေ့ဆုံတဲ့အခါ RCSS အနေနဲ့ တိုက်ပွဲကိစ္စနဲ့ ပက်သက်ပြီး ဆက်လက် တင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။အခုတခါ တင်ပြပြီးလို့ တိုက်ပွဲတွေက အရင်အတိုင်းပဲ ဆက်လက် ဖြစ်ပွားနေရင်တော့ RCSS အနေနဲ့ အစိုးရနဲ့ ပြုလုပ်ထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ စိုင်းလောဝ်ဆိုင်က ပြောပါတယ်။လာမယ့်တွေ့ဆုံပွဲမှာ တိုက်ပွဲဖြစ်ပွားမှုအပြင်၊ နှစ်ဖက် သဘောတူညီထားတဲ့ နယ်မြေသတ်မှတ် ရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့နဲ့ အစိုးရနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ စတာတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ဆွေးနွေးပွဲအတွက် SSA ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ကို ဗိုလ်မှူးချုပ် ပေါင်ခေးက ဦးဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။RCSS/SSA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူတဲ့အချိန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းကစလို့၊ အခုချိန်ထိ အစိုးရ စစ်တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲပေါင်း ၂၀ နီးပါး လောက် ရှိခဲ့တယ်လို့ သိရပါတယ်။ကချင်မှာ ထိုးစစ်တွေ ရပ်ဖို့ UNFC တောင်းဆို UNFCကို တိုင်းရင်းသား လက်နက်ကိုင် ၆ဖွဲ့နဲ့ ဖွဲ့စည်းထားကချင်ဒေသမှာ KIA ကချင် လွတ်လပ်ရေး တပ်မတော် ကို အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို လာမယ့် June လ ၁၀ရက်နေ့ မတိုင်ခင် ရပ်တန့်ပေးဖို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီက အထူးအစည်းအဝေး တရပ်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။အဲဒီလို မရပ်တန့်ဘူးဆိုရင် အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ UNFC အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ အပစ်ရပ်စဲရေး သဘောတူချက်တွေကို ပြန်လည် သုံးသပ်သွားမယ်လို့ မေလ ၁၀ရက်နေ့မှာ ထုတ်ပြန်တဲ့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။အစိုးရဘက်က ဒီလို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို မရပ်တန့်ဘူး ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေနဲ့ ပတ်သက်လို့ စောင့်ကြည့် သုံးသပ်ကြဖို့ ကိုလည်း UNFC က တိုက်တွန်းထားပါတယ်။တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ အပစ်ရပ်ရေး သဘောတူနိုင်ခဲ့ ပေမယ့် KIO နဲ့ သဘောတူချက် မရသေးတာဟာ နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရဘက်က အာမခံမှ အပစ်ရပ်ဖို့ KIOက လိုလားနေချိန်မှာ အစိုးရဘက်ကတော့ နိုင်ငံရေး ဆွေးနွေးရေး ကို ကတိပေးခြင်း မရှိပဲ ယာယီ အပစ်ရပ်ရေးကိုပဲ တစိုက်မတ်မတ် တောင်းဆိုနေတာကြောင့် ဖြစ်တယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။တချိန်ထဲမှာပဲ အပစ်ရပ်ရေး လက်မှတ်မထိုးခင် ကချင်ဒေသက နယ်မြေ အတော်များများကို အစိုးရတပ်တွေရဲ့ လက်အောက်မှာထားနိုင်ဖို့ အခုလို အကြီးအကျယ် ထိုးစစ်ဆင်နေတာလို့ သူ့အနေနဲ့ ယူဆတယ်လို့လည်း ပြောပါတယ်။KIO အနေနဲ့ အစိုးရနဲ့ အခုလို သီးခြား ဆွေးနွေးနေတာ အဆင်မပြေရင် UNFC နဲ့ တပေါင်း တစည်းထဲ ပါဝင် ဆွေးနွေးဖို့ UNFC က ဖိတ်ခေါ်ထားကြောင်းနဲ့ ဒီကိစ္စကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်းကို အကြောင်းကြား ထားပြီး ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ဂရိနိုင်ငံမှာ အစိုးရဖွဲ့ရေးကြိုးပမ်းမှု မအောင်မြင်သေး လက်ဝဲအစွန်းရောက် ဆီရီဇာပါတီဟာ ခြိုးခြံ ချွေတာ ရေးကို သဘောမတူဂရိသမ္မတ ကာရောလော့စ်ပတ်ပူးလက်စ် ဟာ အရေးပေါ် အစိုးရ ဖွဲ့စည်းရေး သဘောတူ ချက် ရရှိနိုင်ဖို့ အတွက် နောက်ဆုံး ကြိုးပမ်း တဲ့ အနေနဲ့ အဓိက ပါတီကြီး သုံးခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်။ဆွေးနွေးပွဲ အပြီးမှာတော့ လက်ဝဲအစွန်းရောက် ပါတီ ဖြစ်တဲ့ ဆီရီဇာ ပါတီခေါင်းဆောင် အလက်စစ် ဆီးပရတ်စ် က သူ့အနေနဲ့ ဥရောပရဲ့ ချေးငွေ အကူအညီ ရရှိရေးကို လိုလားတဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့မှာ ပါဝင်မှာ မဟုတ်သလို ထောက်ခံမှာလည်း မဟုတ်ကြောင်း သူ့သဘောထားကို ထပ်လောင်း ပြောကြားသွားပါတယ်။ဂရိနိုင်ငံမှာ တင်းကျပ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ် ချမှတ်ကျင့် သုံးရေး အတွက် ဒီပါတီကြီးသုံးခု အကြားမှာ နက်နက်ရှိုင်းရှိုင်း ကွဲလွဲမှုတွေ ဖြစ်နေပါတယ်။သမ္မတဟာ အခုတော့ ပါလီအမတ်နေရာတွေ အတွက် အနိုင်ရရှိ ခဲ့တဲ့ ပါတီငယ်တွေရဲ့ ခေါင်းဆောင် တဦးချင်းဆီနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။သမ္မတရဲ့ အခုကြိုးပမ်းချက်ဟာ ရွေးကောက်ပွဲ ထပ်မလုပ်ရရေးအတွက် နောက်ဆုံး ကြိုးပမ်းချက်ဖြစ်ပါတယ်။တကယ်လို့ ရွေးကောက်ပွဲ ပြန်ကျင်းပရရင်တော့ ဥရောပချေးငွေ ရရှိရေးကို ဆန့်ကျင်တဲ့ ပါတီက အနိုင်ရဖို့ အလားအလာ ရှိတာကြောင့် ဂရိဟာ ယူရိုဇုန်ကနေ ထွက်ခွာမယ့် အန္တရာယ် ရှိလာနိုင်တယ်လို့ အေသင်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။၈၈ မျိုးဆက် ကိုကိုကြီး ပါ့စ်ပို့ မကျသေး၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးမြန်မာနိုင်ငံမှာ နိုင်ငံသား တဉီး နိုင်ငံကူး ပါ့စ်ပို့ လျှောက်ထားလိုရင် သီတင်းနှစ်ပတ်၊ သုံးပတ် အတွင်း ရပါစေမယ် လို့ တရားဝင် ကြေညာ ထားပေမယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဉီး ဖြစ်တဲ့ ကိုကိုကြီး က သုံးလ နီးပါး ပါ့စ်ပို့ မကျသေးလို့ သူကိုယ်တိုင် မြန်မာ နိုင်ငံသား မှ ဖြစ်ပါသေးရဲ့လား လို့ စောကြောမိပုံ ကို ဘီဘီစီ ကို ပြောပါပါတယ်။ဒါမှ မဟုတ်ရင် နိုင်ငံရေး ကြောင့် အကျဉ်းကျ ခဲ့တဲ့ ကျောင်းသား နိုင်ငံရေး သမား ထောင်ထွက် တွေကို နိုင်ငံသား အဖြစ် မသတ်မှတ်ဘူး၊ ဒုတိယ တန်းစား နိုင်ငံသား အဖြစ် ခွဲခြား သတ်မှတ် ခံရတယ် လို့ ခံစားမိပုံ ဘီဘီစီ ကိုရှင်းပြ ပါတယ်။လျှောက်လွှာတင်စဉ် ကလည်း စာတစောင် သပ်သပ်ရေးတင်ဖို့၊ ထောင်ထွက် လက်မှတ် ကို မိတ္တူ ကူးတင်ဖို့၊ သာမန် နိုင်ငံသားထက် အပိုဆောင်း လုပ်ခဲ့ပေးရပုံ၊ ဒီ အခါမှာ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် အတွင်း ထောင်ကျခဲ့ရတဲ့ အဖြစ် အပျက် အသေးစိတ် ရေးတင်ခဲ့ရပုံ လည်း ပြောပါတယ်။သူတဉီးတည်းတင် မကပဲ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ် တွေလည်း ခေါင်းဆောင်ပိုင်း တွေ မလွတ်ခင် က ပါ့စ်ပို့ လျှောက်ထား ကြပေမယ့် မရကြသေးတဲ့ အတွက်၊ တနှစ်ဆိုင်းငံ့ ထားတယ်ဆိုတဲ့ သတင်းထွက်ပုံ ကို ကိုကိုကြီး က ပြောပါတယ်။ပြည်တွင်းမှာလည်း ပညာသင်ခွင့် မပေး၊ ပြည်ပ က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကို သင်တန်းတွေပေးဖို့ ကမ်းလှမ်းတာကိုလည်း ပိတ်ပင်နေလို့ ထောင်ထွက် အကျဉ်းသား တွေဟာ အသက်အရွယ် နဲ့ မမျှအောင် နှစ်ရှည် ထောင်ဒဏ် ကျခံပြီးတဲ့တိုင် ဖိနှိပ် ပိတ်ပင်မှု ဟာ ဆိုရင် လူမဆန်တဲ့ လူသားပြစ်မှု ကို ထပ်ပြီး ကျူးလွန်တယ် လို့ မြင်တဲ့ အကြောင်း ကိုကိုကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။စပိန်က ဆန္ဒပြနေကြသူများစပိန်မှာ မေ ၁၅ နှစ်ပတ်လည် ချီတက်ကြစပိန် နိုင်ငံမှာတော့ ခြိုးခြံ ချွေတာရေး အစီအမံ တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် ခဲ့တာ ၁ နှစ် ပြည့်တဲ့ အထိမ်းအမှတ် အဖြစ် လူထောင်ပေါင်း များစွာ ချီတက် ခဲ့ကြပါတယ်။အဲဒီ အထဲက မခံရပ်နိုင်သူများ လို့ ခေါ်တဲ့ အစိုးရ ဆန့်ကျင်သူတွေရဲ့ အဓိက ချီတက် ဆန္ဒပြပွဲကြီး ကိုတော့ မနှစ်က ဆန္ဒပြသူတွေ စခန်းချ ခဲ့ကြတဲ့ မဒရစ် မြို့လယ်မှာ ကျင်းပပါတယ်။တခါ ဒီဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ မေ ၁၅ ကို ဂုဏ်ပြုပြီး ၁၅ အမ် လို့ အမည်ပေးထားတဲ့ အဖွဲ့တဖွဲ့ကလည်း ရက်တော်တော် ကြာမဲ့ ချီတက်ပွဲတွေ လုပ်သွားဖို့ စီစဉ်နေပါတယ်။မဒရစ်မြို့က အာဏာပိုင်တွေက ဒီလူတွေအတွက် ယာယီ ဆန္ဒပြခွင့်တွေ ထုတ်ပေးထားပေမယ့် မနှစ်တုန်းကလို တလလောက် စခန်းချကြတာ မျိုးကိုတော့ တားဆီး သွားမယ်လို့ ဆိုပါတယ်။အဲဒီ လိုမျိုး ခပ်ဆင်ဆင် ဆန္ဒပြပွဲ တွေကိုလည်း လန်ဒန်မြို့ အပါအဝင် ကမ္ဘာ တဝှမ်းက မြို့ကြီးတွေမှာ ပြုလုပ် ကြပါတယ်။စပိန်မှာ မနှစ်က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ လူပေါင်း သိန်းနဲ့ ချီပြီး တက်ရောက် ခဲ့ကြသလို အဲဒီ နောက်ပိုင်းမှာ စပိန်ရဲ့ စီးပွားရေးကလည်း တော်တော်ကျဆင်း သွားခဲ့ပါတယ်။ခြိုးခြံချွေတာ နေတဲ့ ဝန်ကြီးချုပ် မွန်တီအီတလီမှာ ခြိုးခြံရေးကို မကျေနပ်လို့ တိုက်ခိုက်ကြအီတလီ နိုင်ငံမှာတော့ အစိုးရရဲ့ ခြိုးခြံရေးမူ တွေကို ဆန့်ကျင်တဲ့ အနေနဲ့ တိုက်ခိုက် မှုတွေ လုပ်ခဲ့ကြ ပါတယ်။လီဗော်နို မြို့မှာ ရှိတဲ့ အခွန်ရုံးကို ဓာတ်ဆီဗုံး နဲ့ တိုက်ခိုက်ခဲ့ ပေမယ့် တဉီး တယောက်မှ ထိခိုက် ဒဏ်ရာ ရခြင်း မရှိခဲ့ပါဘူး။အခွန်အေဂျင်စီ တခု ဖြစ်တဲ့ အီကွစ်တားလီယာ မှာလည်း စာအိတ်ဗုံး တွေရရှိခဲ့ ပါတယ်။ တခါ အဲဒီကဝန်ထမ်း တဉီးကိုလည်း သေနတ်နဲ့ချိန်လို့ ဓားစာခံ လုပ်ထားတယ် လို့လဲ သိရပါတယ်။အီတလီမှာ ဝန်ကြီးချုပ် မာရီယို မွန်တီ ခေါင်းဆောင်တဲ့ အစိုးရက အသုံး စားရိတ် တွေကို လျှော့ချပြီး အခွန်နှုန်းထားတွေ တိုးမြှင့်ခဲ့တာကြောင့် အခုလို တိုက်ခိုက်မှုတွေ ပိုပြီး များပြား လာမှာကို စိုးရိမ်နေကြတယ်လို့ အဲဒီက သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။ဆီးရီးယားက ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဒမတ်စကတ်စ်ဗုံးခွဲမှု သူတို့လုပ်တာလို့ စစ်သွေးကြွေ အဖွဲ့ပြောဆီးရီးယား နိုင်ငံက အဲလ်ခိုင်းဒါး အဖွဲ့နဲ့ အဆက် အသွယ် ရှိတဲ့ လူသိ မများလှတဲ့ စစ်သွေးကြွ အဖွဲ့ တခုက ကြာသပတေး နေ့က ဒမတ်စကတ်စ် မြို့မှာ ဖြစ်ပွား ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုကို သူတို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။အဲဒီ တိုက်ခိုက်မှုကြောင့် လူ ၅၅ ဉီးထက် မနည်း သေဆုံး သွားခဲ့ရပါတယ်။ ဒီ အဲလ် နုစရာ တပ်ဉီး လို့ခေါ်တဲ့ အဖွဲ့က ဆီးရီးယား အစိုးရက လူနေ အိမ်ခြေ တွေကို တိုက်ခိုက်မှု တွေလုပ်ခဲ့တဲ့ အပေါ်မှာ လက်တုန့်ပြန် တာဖြစ်ကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထား ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒမတ်စကတ်စ် မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီး တခုကိုလည်း သူတို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဒီအဖွဲ့က ကြေညာ ခဲ့ဖူးပါတယ်။ဆီးရီးယား အာဏာပိုင် တွေက အတိုက်အခံတွေကို အဲလ် ခိုင်းဒါးအဖွဲ့က နောက်က ပံ့ပိုး ပေးနေတယ်လို့ မကြာခဏ စွပ်စွဲ ခဲ့ဖူး ပါတယ်။သမာရိုးကျ ကျား-မ အိမ်ထောင်ပြုမှုထောက်ခံသူ Romney ကို လူကြိုက်များBy ဗွီအိုအေ (မြန်မာဌာန)အမေရိကန်ပြည်ထောင်စုမှာ ရီပက်ဘလီကန် ပါတီဘက်က သမ္မတလောင်းအဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့်သူလို့ ပြောလို့ရတဲ့ မစ် ရွန်မနီ (Mitt Romney) ဟာ အမျိုးသမီးနဲ့ အမျိုးသားကြား လက်ထက် ပေါင်းသင်းတဲ့ ဓမ္မတာ အိမ်ထောင်ရေးကိုပဲ ထောက်ခံ ပြောဆိုသွားလို့ စနေနေ့မှာ သမာရိုးကျဝါဒီ ခရစ်ယာန်တက္ကသိုလ်မှာ သူ့မိန့်ခွန်းကို လာနားထောင်ကြတဲ့ ပရိသတ်က အကြီးအကျယ်ကို ထောက်ခံခဲ့ပါတယ်။ရီပက်ဘလီကန်ပါတီက တကယ့် သမာရိုးကျဝါဒီတွေရဲ့ သံသယမျက်လုံးနဲ့ ကြုံရတတ်တဲ့ မစ္စတာ ရွန်မနီဟာ ဗာဂျီးနီးယားပြည်နယ်က လစ်ဘာတီတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောကြားတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် သက်ဝင်ယုံကြည်မှုနဲ့ မိသားစုအပေါ်မှာ အလေးအနက်ရှိမှုက ဘယ်လောက် အရေးကြီးလှကြောင်း ပြောသွားခဲ့ပါတယ်။သမ္မတ ဘရက်အိုဘားမားက အမေရိကန် ပြည်ထောင်စုမှာ လိင်တူချင်း တရားဝင် လက်ထပ်ပေါင်းသင်းမှု ကိစ္စကို ထောက်ခံကြောင်း ပြောသွားပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ ဒီလို လိင်တူ လက်ထပ်မှုနဲ့ ပတ်သက်ပြီး မစ္စတာ ရွန်မနီက မှတ်ချက် ခပ်တိုတို ပေးသွားတော့ ပရိသတ် သုံးသောင်းကျော်ထဲက အကြီးအကျယ် ထောက်ခံမှု ရခဲ့တာပါ။ပြည်နယ် ခြောက်ခုနဲ့ District of Columbia ကပဲ လိင်တူချင်း လက်ထပ်ခွင့်ရှိတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတရဲ့ ထောက်ခံမှုက အငြင်းပွားစရာ ဖြစ်နေပါတယ်။ ပြည်နယ် ၃၁ ပြည်နယ်က ဒါကို တားဆီးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လိင်တူချင်း လက်ထပ်မှုကို ထောက်ခံမှုက များလာနေပြီးတော့ အရေအတွက်အားဖြင့် ဆိုရင်တော့ မထောက်ခံသူတွေထက် နည်းနည်း ပိုသာနေတာ တွေ့ရပါတယ်။ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဂရိသမ္မတ ကြိုးပမ်းBy ဗွီအိုအေ (မြန်မာဌာန)ဂရိနိုင်ငံမှာ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့နိုင်ရေးအတွက် နောက်ဆုံး ကြိုးပမ်းတဲ့အနေနဲ့ သမ္မတက အဓိက နိုင်ငံရေးပါတီကြီး ၃ ခုက ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံနေပါတယ်။ကွန်ဆာဗေးတစ် ဒီမိုကရက်တစ်ပါတီသစ် ၊ အလယ်အလတ်ဝါဒကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ Syriza ပါတီနဲ့ ဆိုရှယ်လစ် PASOK ပါတီက ခေါင်းဆောင်တွေကို သမ္မတ Karolos Papoulias က ဒီကနေ့ ခေါ်တွေ့နေတာပါ။ နောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီငယ်လေးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီတွေက ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြင်းမရှိတဲ့အတွက် နောက်ထပ် ရွေးကောက်ပွဲ ကျင်းပစရာ မလိုအောင် သမ္မတက ပါတီခေါင်းဆောင်တွေနဲ့ အခုလို တွေ့ဆုံနေတာပါ။ သူ့အနေနဲ့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ တနင်္ဂနွေနေ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ PASOK ပါတီ ခေါင်းဆောင် Evangelos Venizelos က ပြောပါတယ်။လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီငယ်လေးတွေက သူတို့နဲ့ ပူးပေါင်းလာရင်တော့ ဒီမိုကရက်တစ်ပါတီသစ်နဲ့ PASOK ပါတီတို့ ၂ ခုပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မှာဖြစ်ပေမဲ့ Syriza ပါတီ မပါဘဲ သူတို့ချည်းပဲ လာမပေါင်းလိုဘူး ဆိုပြီး ငြင်းဆိုနေကြတာပါ။သမ္မတ Papoulias အနေနဲ့ လာမယ့် ကြာသပတေးနေ့အထိ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အချိန်ကျန်ပါသေးတယ်။ တကယ်လို့ သဘောတူညီချက် တစုံတရာ မရရင်တော့ ဂရိနိုင်ငံမှာ ဇွန်လအတွင်း ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးရမှာပါ။အကြွေးတွေနဲ့ ပိနေတဲ့ ဂရိအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဥရောပ အိမ်နီးချင်းနိုင်ငံတွေရဲ့ တောင်းဆိုချက်တွေအတိုင်း အစိုးရအသုံးစားရိတ် လျော့ချရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်လျောပေးလိုက်တဲ့အပေါ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေတာပါ။မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃နိုင်ငံသတိပေးBy ဗွီအိုအေ (မြန်မာဌာန)မြောက်ကိုရီးယားဘက်က ရန်လိုတဲ့အပြုအမူမျိုးကို နောင်မှာ သည်းခံမှာမဟုတ်ဘူးလို့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အသစ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန် ဒီသတိပေး ပြောဆိုချက် ထွက်လာတာပါ။တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao)၊ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကိုနိုဒ (Yoshihiko Noda) တို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံအပြီး တောင်ကိုရီးယားသမ္မတ အီမြောင်ဘက် (Lee Myung-bak) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။မြောက်ကိုရီးယားက မအောင်မြင်တဲ့ ဒုံးပျံ ပစ်လွှတ်မှု ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်ခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ စမ်းသပ် ပစ်လွှတ်မှု မလုပ်ရဘူးလို့ ပိတ်ပင် တားမြစ်ထားတဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်း မပြုလုပ်ရဆိုတဲ့ ပိတ်ပင် တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင် ဝေဖန် ခဲ့ကြတာပါ။ဒီခေါင်းဆောင် ၃ ဦးဟာ အကောက်ခွန် ကင်းလွတ်တဲ့ ကုန်သွယ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတွေ အခုနှစ်မကုန်ခင်မှာ စတင်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း ခေါင်းဆောင် ၃ ဦးက လက်မှတ် ရေးထိုးခဲ့ကြတာပါ။တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ အရှေ့အာရှတိုက်အတွင်း စီးပွား အကြီးဆုံး ၃ နိုင်ငံလည်း ဖြစ်ပါတယ်။ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲBy ဦးရော်နီညိမ်းပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပြန်လာကြဖို့ သမ္မတဦးသိန်းစိန်က ထပ်ပြီး ဖိတ်ခေါ်လိုက်ပေမဲ့ ပြန်လာချင်သူတွေရော  ပြည်တွင်းကနေ နိုင်ငံရပ်ခြား အတွေ့အကြုံ ယူချင်သူတွေ အတွက်ပါ အခက်အခဲတွေ အမျိုးမျိုး ရှိနေတယ်လို့  တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မေလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ပိုပြီး ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ထပ်မံဖိတ်ခေါ်လိုက်တာပါ။ သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်ကလည်း ပထမအကြိမ် ဖိတ်ခေါ်ခဲ့သလို  အခု ဒုတိယအကြိမ် ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ပြည်ပက မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒုတိယအကြိမ် ထည့်သွင်းဖိတ်ခေါ်တဲ့ ကိစ္စကို (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဗွီအိုအေက စပြီး မေးမြန်းကြည့်ခဲ့ပါတယ်။“သမ္မတကိုယ်တိုင်ပြောတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် လေးနက်တာ မှန်ပေမဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေ အားလုံး ပြန်လာဖို့အတွက် သေချာခိုင်လုံတဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို အမိန့်မျိုးနဲ့ ဥပဒေပြဌာန်းပြီး ဖိတ်ခေါ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ ပြည်ပကလူတွေ ပြန်လာတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိရှိ အာမခံချက်ရှိရှိ ပြန်လာနိုင်အောင် လုပ်ပေးသင့်သလို၊ ပြည်တွင်းကနေပြီးတော့ ကျနော်တို့လို ထောင်ကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ passport မရသေးတဲ့ကိစ္စ၊ နိုင်ငံကူး လက်မှတ် မရသေးတဲ့ကိစ္စဟာလည်း တဘက်မှာကျတော့ ကျနော်တို့က ပြည်ပမှာ အတွေ့အကြုံတွေ ရယူဖို့ သင်တန်းတွေ တက်ဖို့ စတဲ့ကိစ္စမျိုးတွေမှာလည်း အခုချိန်အထိ ပိတ်ပင်ထားဆဲ အခြေအနေမျိုးတွေ ကြုံနေရတာ အားလုံးကို ဆက်စပ်ပြီးတော့ ဒါကို နိုင်ငံတော်သမ္မတအနေနဲ့ ဥပဒေဘောင်ဝင်အောင် အမိန့်ကြေညာချက်တစ်ခုမျိုး သတ်သတ်မှတ်မှတ် ထုတ်ပေးသင့်တယ်လို့ မြင်ပါတယ်”ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ နာဂိုယာတက္ကသိုလ်(Nagoya University) မှ ပါရဂူ နှစ်ဘွဲ့ရ တိုကျိုမြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်ကိုလည်း မေးကြည့်ပါတယ်။“သမ္မတဦးသိန်းစိန်ရဲ့ ထပ်မံဖိတ်ခေါ်မှုကို ကြားရတဲ့အတွက် အင်မတန်လည်း ၀မ်းသာတယ်၊ ကြိုလည်း ကြိုဆိုတယ်။ ဟိုတုန်းက ဦးနေ၀င်း လက်ထက်မှာက နိုင်ငံခြားကို ပညာလာသင်တယ် ဆိုရင်၊ အစိုးရရဲ့ ပညာတော်သင် မဟုတ်ဘူးဆိုရင် ဘယ်လောက်ပဲ ပညာတွေတတ်တတ် အသိအမှတ်မပြုခဲ့ဘူးလေ။ အခု ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့နောက် အသိအမှတ် ပြုလာတယ်၊ ကျနော်တို့တွေကို ပြန်လာပါလို့ ဖိတ်ခေါ်တဲ့အတွက် ၀မ်းလည်း ၀မ်းသာတယ်။ ကျနော်တို့ကလည်း ဒီလိုအချိန်မျိုးကို စောင့်နေတာလေ။ ကျနော်တို့တတ်တဲ့ ပညာတွေနဲ့ ကျနော်တို့ တိုင်းပြည်မှာ ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ဟာကိုပဲ ကျနော်တို့က စဉ်းစားတယ်။ အရင်တုန်းက လုပ်ချင်ပေမဲ့ လုပ်လို့မရဘူး။ အသိအမှတ်လည်း မပြုဘူးလေ။ အခုကျတော့ အသိအမှတ်လည်း ပြုတယ်ဆိုတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျနော့်အနေနဲ့ကတော့ ၀မ်းမြောက်ဝမ်းသာစွာနဲ့ ပြန်ပြီး လုပ်ချင်တယ်လို့ပဲ ပြောချင်ပါတယ်။”ဦးမင်းညို ဆိုရင် အစိုးရနဲ့အတိုက်အခံ ပြည်ပမှာထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်နေတော့ ဒီအတိုင်း ပြန်သွားလို့ဖြစ်မလား၊ အဲဒါလည်း သိချင်ပါတယ်။ -“အကောင်းဆုံးကတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဟာကိုတော့ ပေးသင့်တယ်လို့တော့ ထင်တာပေါ့။ အဲဒါက ဦးနေ၀င်းခေတ်မှာတော့ ပေးတော့ပေးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေး မပြုပြင်တာကြောင့်မို့၊ ပြောရင်တော့ ထောင်ဘယ်လောက်ပဲ ခါခါ နောက်ပိုင်းထောင်မှာ လူတွေ ပြန်ပြည့်လာတာပဲလေ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားတွေ။ ဒါပေမဲ့ လွှတ်တော်ထဲမှာ အတိုက်အခံတွေလည်း အများကြီး ရှိလာပြီဆိုတော့ လွှတ်တော်ကလည်း ဒါကို တရားဝင်တောင်းဆိုပြီးတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်အောင် လုပ်ဖို့တော့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ နိုင်ငံရေးပညာ လေ့လာသူတစ်ယောက်အနေနဲ့ ကျနော် ပြောရရင်တော့ အဲဒီလို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မပေးဘူးဆိုရင်တော့ ခုနက ပြန်ချင်တဲ့သူတွေ၊ ပြန်လို့မရနိုင်တဲ့ဟာတွေ ရှိတာတော့ မကောင်းတာ အမှန်ပဲ။”နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။“နိုင်ငံ တည်ဆောက်ရေးအပိုင်းကကြည့်မယ် ဆိုရင်တော့ သမ္မတ ဖိတ်ခေါ်တာကို ကြိုဆိုသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ တရုတ်ပြည်မှာပဲဖြစ်ဖြစ်၊ ဗီယက်နမ်မှာပဲဖြစ်ဖြစ် စီးပွား ဖွံ့ဖြိုးတိုးတက်နေတာဟာ ပြည်ပရောက်နေတဲ့ ပြည်သူပြည်သား အစုအဝေးကြီး ပြန်လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာတွေ၊ တတ်စွမ်းတဲ့ သူတို့ရဲ့စွမ်းရည်တွေပေါ့။ ဒါတွေကို စီးပွားဖွံ့ဖြိုးအောင် ပေါင်းထည့်ပြီးတော့ လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ မြန်မြန်ဆန်ဆန် ပိုပြီးတော့       ဖွံ့ဖြိုးမှုဘက်ကို ပိုပြီး ရောက်သွားနိုင်တာပေါ့ဗျာ။ သူတို့မှာရှိပြီးသား အဆက်အသွယ်တွေကနေ တဆင့် ကျနော်တို့ ဒီကနေ National market ထဲမှာ ဆက်သွယ်မှုတွေလည်း ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတဲ့အတွက်ကြောင့် မိုလို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဘက်က ကြည့်ရင်တော့ ဖိတ်ခေါ်မှုအပိုင်းကိုတော့ဖြင့် ကြိုဆိုသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။“လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲနဲ့ ဖိတ်ခေါ်ကမ်းလာတဲ့ ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေတယ်ဆိုတာ သက်ဆိုင်ရာ သံရုံးတွေကနေတဆင့် မေးမြန်းပြီးတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ဖြင့် ပြန်လာသင့် မလာသင့်ဆိုတာ ကြိုတင်ပြီးတော့ သိနိုင်စွမ်းရှိလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပထမအကြိမ် တတိယလွှတ်တော်အစည်းအဝေးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ပေးဖို့ ဆိုပြီး ကျနော်တို့ပါတီက တင်သွင်းပြီး ဖြစ်ပါတယ်။ အဲဒီတော့ သမ္မတဟာ သူ ပြောထားတဲ့စကားကို သူ တည်အောင်လုပ်ဖို့တော့ လိုတာပေါ့ဗျာ။ ဖိတ်ကြားပြီးတဲ့အခါမှာ ဘာကြောင့်ညာကြောင့် ဆိုတာ ဖြစ်တဲ့ဟာတွေဆိုတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းတွေက ရှင်းဖို့တော့ လိုတာပေါ့။”ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ပြန်လာဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်တာကို ပြည်တွင်း နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုရော်နီညိမ်း စုစည်း တင်ပြခဲ့တာဖြစ်ပါတယ်။

ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း

Sun, 05/13/2012 - 12:10
by Nyein Chan Aye on Sunday, May 13, 2012 at 7:25amသတင်းတစ်ပုဒ်မှာ စစ်တပ်က ရွာတစ်ရွာမှာ ရေတွင်း၊ ရေကန်တွေကို ဖော်ပေး၊ သန့်ရှင်းရေးလုပ်ပေးတဲ့အကြောင်း ဖတ်လိုက်ရတယ်။  တခြား ဖတ်မိတဲ့ သတင်းဖတ်သူတချို့က ဒီသတင်းကြောင့် ဝမ်းသာကြတယ်..၊ ချီးကျူးကြတယ်။ မှန်ပါတယ်..။ အရင်လို နယ်တွေမှာ လူထုကို ဗိုလ်ကျတာထက်စာရင် ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ပေးရင် ဝမ်းမြောက်၊ ဝမ်းသာနဲ့ သာဓုခေါ်ရမယ့် ကိစ္စပါ။ဒါပေမယ့် အခြေခံကျကျ စဉ်းစာရမှာက ဒီလိုလုပ်ပေးတာဟာ တကယ်ကိုယ်ထိလက်ရောက် လုပ်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်၊ အကြပ်၊ တပ်သားလေးတွေရဲ့ ကိုယ်ပိုင်တကယ့် ဆန္ဒအရ လုပ်ကိုင်ပေးခြင်းသာဖြစ်ရမယ်ဆိုတဲ့ အပိုင်းပါ။ စစ်တိုင်းမှုး ဗိုလ်ချုပ်က အမိန့်နဲ့ခိုင်းလို့သာ လုပ်ရရင် ဒါတွေဟာ အဓမ္မအလုပ်စေခိုင်းမှုမှာ အကျူံးဝင်တယ်။ နိုင်ငံတကာက လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း မိမိနိုင်ငံ (သို့) အခြားနိုင်ငံတစ်ခုခုမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင် ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက် ပြုပြင်ရေး၊ လုံခြုံရေး စတာတွေမှာ ပါဝင်လုပ်အားပေး ကူညီတဲ့ ဓလေ့ရှိကြတယ်။ ဒါပေမယ့် ဒါဟာ အရေးပေါ်အခြေအနေတွေအတွက် သက်သက်သာဖြစ်တဲ့အပြင် တစ်ဦးချင်းအနေနဲ့လည်း  မိမိတာဝန်၊ ဝတ္တရားပြင်ပက အပိုအလုပ်တွေကို  ငြင်းချင်ရင် ငြင်းပိုင်ခွင့် အပြည့်ရှိတယ်။နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ  တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊  မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။စာရေးသူ ငယ်စဉ်ကစားသမားဘဝက ကြုံတွေ့ဖူးတဲ့ ဖက်ထိပ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးဆိုရင် ခုအချိန်အထိ ရင်ထဲမှာ ရှိနေတယ်။ စာရေးသူထက် ကြီးတဲ့ စီနီယာ ကစားသမားကြီး တစ်ယောက်ဟာ အားကစားထူးချွန်လို့ စစ်ဌာနချုပ်တိုင်း တစ်ခုက လစာပေး၊ အပိုဆုတွေ ပေးပြီး သူတို့ စစ်ဌာနချုပ်ပြိုင်ပွဲတွေ၊ နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြီး အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်ကစားစေတယ်။ နောက်တော့ လူငယ်အဆင့်မှာ တိုင်းပြည်ကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရပြီး နိုင်ငံတကာမှာ ရွှေတံဆပ်တွေယူ၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တယ်။ အဲ့အတွက် စစ်တပ်ကလည်း ရာထူးတဆင့် တိုးပေးတာ၊ ဂုဏ်ပြုငွေ ချီးမြှင့်တာစတာတွေ လုပ်ပေးတယ်။  မူရင်း စစ်တိုင်းဌာနချုပ်ရှိတဲ့ တိုင်းအားကစားကွင်းကြီးမှာဆို စာရေးသူ လက်လှမ်းမှီတဲ့ အချိန်ကလောက်အထိ သူ့ဓာတ်ပုံကို ဗွီနိုင်းအဖြစ်နဲ့ ချိတ်ဆွဲဂုဏ်ပြုထားတယ်။ ဒါပေမယ့် ကစားရင်း ဒဏ်ရာအနာတရဖြစ်တဲ့အချိန်၊ အားကစားပြိုင်ပွဲတွေ မရှိတဲ့ အချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်တဲ့အတွက် မဖြစ်မနေ တွဲလျက် ပါလာတဲ့ လုပ်အားပေးတွေ၊ ဖက်ထိပ်တွေကို နေ့စဉ်အမျှ ရင်ဆိုင်လာရတယ်။  ကစားသမားဘဝကို မြတ်နိုးလို့၊ အားကစားနဲ့ တိုင်းပြည်တာဝန် ထမ်းချင်လို့ အားကစားတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့တဲ့ အဲ့ဒီ ကစားသမားကြီးဟာ နောက်ဆုံးတော့ နေ့စဉ် ညှင်ပမ်းနှိပ်စက်သလို မတရားခိုင်းခံနေရတဲ့ ဖက်ထိပ်ကို ကြောက်လန့်၊ ရွံ့ရှာ၊ ငြီးငွေ့ပြီး စစ်တပ်က ထွက်ခွင့်တောင်းတယ်၊ နောက်ဆုံး ထွက်ခွင့်မရတော့ ခွင့်မတောင်းဘဲ အိမ်ကိုပြန်ခဲ့တယ်။ နောက် သိပ်မကြာခင်မှာ စစ်တပ်က တပ်ပြေးမှုနဲ့ သူ့ကို ဖမ်းပြီး ထောင် (၅) နှစ်ချတယ်။ နိုင်ငံတကာမှာ ရွှေတံဆပ်တွေ ယူပေးခဲ့တဲ့ တိုင်းပြည်ဂုဏ်ဆောက် အားကစားသမားဟာ အပြစ်မရှိဘဲ ထောင်ထဲမှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း နေခဲ့ရတယ်။ ထောင်ထဲက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့အတွက်လည်း ကစာသမားဘဝနဲ့ ရိုးရိုးသားသား ချွေးနဲ့ ရင်းရှာခဲ့တဲ့ ငွေကြေးတွေကို အကုန်အသုံးပြုလိုက်ရတယ်။ဒါမျိုးဖြစ်စဉ်တွေဟာ ကာကွယ်ရေး၊  ပြည်ထဲရေး စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကစားသမားအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ စာရေးသူရဲ့ အခြား အားကစားသမားမိတ်ဆွေတွေလည်း အမြဲကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ ထမ်းဆောင်နေတဲ့ အခြား ကစားသမားမဟုတ်တဲ့ မိတ်ဆွေတွေလည်း ခံစားရမှု အဖြစ်အပျက်တွေဟာ အတူတူပါပဲ။ လူကြီးအလှူမှာ ဗူးသီလှီး၊ ခွေးမောင်း၊ ယက်ခတ် ရတာကအစ နေ့စဉ် လူကြီးအိမ် အဝတ်လျှော်၊ ရေခပ်၊ လူကြီး ကလေးထိန်း၊ ကျောင်းပို့၊ ကျောင်းကြို၊ လူကြီးကတော် ဈေးပို့၊ ဖုန်းဘီလ် ဆောင်ပေးရတာအဆုံး မဆိုင်တဲ့ အလုပ်တာဝန်အပို၊ ကြီးကြီးသေးသေးတွေကို မထမ်းချင်ဘဲ ထမ်းနေကြရတယ်။ ဒါတွေဟာ ရာထူး အဆင့်ဆင့်အလိုက် ဟိုးထိပ်ပိုင်းအထိရှိတာဖြစ်ပြီး ကြီးနိုင်၊ ငယ်ညှင်း ဆက်ဆံမှုပုံစံဟာ ဓလေ့တစ်ခုလို ဖြစ်နေတယ်။ ကိုယ်ထက်ကြီးတဲ့လူကို ကိုယ်က ကျွန်ခံလိုက်၊ ကိုယ်ထက်ငယ်တဲ့သူကြ ကိုယ်က ကျွန်လိုခိုင်းလိုက်နဲ့ စနစ်ဆိုး သံသရာဟာ လည်နေတယ်။ အဲ့လို အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးတည်းသာ ကျွန်လို ခိုင်းခံနေရတာမဟုတ်ပဲ၊ သူရဲ့ မိသားစုပါ အမြဲလိုလို တွဲလျက် အထက်လူကြီးရဲ့ ပုဂ္ဂလိက ဘဝ အလုပ်တွေကို အခမဲ့ ဝင်ရောက် လုပ်ကိုင်ပေးရလေ့ရှိတယ်။ စာရေးသူ မိတ်ဆွေ ဗိုလ်မှုးကြီးသား တစ်ယောက်ဆို သူငယ်ငယ်တုန်းက (သူ့ဖခင် အရာရှိငယ်ဘဝတုန်းက) သူ့ဖခင်ရဲ့ အထက်အရာရှိ တပ်ရင်းမှုးရဲ့ သားနဲ့ ကစားဖို့ စိတ်မပါဘဲနဲ့ အမြဲလိုလို သွားကစားပေးခဲ့ရတာကို သတိတရနဲ့ ပြောဖူးတယ်။ ဒီလို မူလ အလုပ်တာဝန်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အပိုဝန်တွေကို မိသားစုပါ ထမ်းနေရတာဟာ ဓလေ့တစ်ခုလိုဖြစ်နေတာ၊ ကြောက်လို့ လုပ်ပေးနေရတာအပြင် အရည်အချင်းအရ ရာထူးတက်တဲ့ စနစ်အဖွဲ့အစည်း မဟုတ်တဲ့ အတွက် ကိုယ်ရဲ့ အလုပ်အကိုင် ဘဝ တက်လမ်းအတွက်လည်း ဖြစ်နေကြရတယ်။နောက်မတရားမှုတစ်ခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရက ငွေကြေး၊ လစာ၊ ရိက္ခာ အပြည့်အဝမထောက်ပံ့ပေးနိုင်ဘဲ ရူးကြောင်ကြောင်အတွေးအခေါ်နဲ့ ကိုယ်ထူကိုယ်ထ တပ်တွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို စီမံချက်အနေနဲ့ အတင်းအဓမ္မ လုပ်ခိုင်းနေခြင်းဖြစ်တယ်။ စစ်သင်တန်း သုံးလေးလသာ တက်ခဲ့ရတဲ့ တပ်သားလေးတွေဟာ သေနတ်အကြောင်းသာ ကောင်းကောင်းမသိရင်နေရမယ် မြေတူး၊ မြေဆွ၊ ပေါင်းသင်၊ ရေလောင်း၊ ဝက်မွေး၊ ကြက်မွေးအလုပ်တွေကိုတော့ နေ့စဉ် အဓမ္မ အခိုင်းခံနေရတော့ ကျွမ်းကျင်ကြတယ်။ ဒီလိုအလုပ်တွေကို မိမိဘာသာ အရပ်သားဘဝနဲ့ လုပ်ကိုင်စားသောက်ရင် ဘယ်အထက်လူကြီးမှ ကြောက်စရာမလို၊ ကျွန်ခံစရာမလိုဘဲ တဝမ်းတခါး လောက်ငအောင် နေထိုင်၊ စားသောက် နိုင်မှာဖြစ်ပေမယ့် စစ်သားဘဝနဲ့ ဒီလို အလုပ်တွေပဲ ပင်ပင်ပန်းပန်းလုပ်ရတယ်၊ ရလာတဲ့ အကျိုးအမြတ်၊ အသီးအပွင့်ကျတော့လည်း လူကြီးအိမ်ကိုသာ အဓိကရောက်ပြီး ကိုယ်တိုင်ကျ မသေရုံစား၊ အရှက်လုံရုံဝတ်၊ ကိုယ်ပိုင်မိသားစုဘဝ တာဝန်မကျေဖြစ်နေရတာတွေဟာ အရင်တုန်းကနဲ့ လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေက အခြေခံ၊ အကြပ်၊ တပ်သားတွေ ဖြစ်ပျက်နေတဲ့ ပကတိ ဘဝတွေ ဖြစ်တယ်။ ဒီလို စုတ်ပြတ်နုံခြာ ချွန်ခြုံကျနေတဲ့ လူ့ဘဝတွေမှာ စာရိတ္တ မဏ္ဍိုင် ခိုင်ခံ့ရမယ်ဆိုတာလည်း လက်တွေ့မလွယ်တဲ့ စိတ်ကူးယဉ် ရူးသွပ်မှုသက်သက်သာ ဖြစ်ကုန်တယ်။ လက်နက်ကိုင်ထားတဲ့၊ အာဏာယူထားတဲ့ အဖွဲ့အစည်းတွေကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးတာဟာ လက်နက်မဲ့ ပြည်သူဆီက ဓါးပြတိုက်စား၊ ခြိမ်းခြောက် ငွေညှစ်စားကြလို့ သွယ်ဝိုက်တဲ့နည်းနဲ့ တရားဝင်အခွင့်ပေးနေခြင်းသာ ဖြစ်တယ်။ ဒီလိုနဲ့ တိုင်းပြည်မှာ မတရားမှုတွေ၊ အကျင့်ပျက်မှုတွေ၊ ပြည်သူနဲ့ စစ်တပ်၊ ရဲ အဖွဲ့အစည်းတွေ၊ အကြား မုန်းတီးမှု၊ ပဠိပက္ခတွေဟာ ကြီးလာတယ်။ဗမာပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်ကတည်းက ဝင်ရောက် စွက်ဖက် နေရာယူထားတဲ့အတွက် အထက်ကတင်ပြသလို လူကျင့်ဝတ်မညီတဲ့၊ လူသိက္ခာမရှိတဲ့၊ လူတစ်ဦးချင်းရဲ့ အခွင့်အရေး၊ တန်ဖိုးကို အလေးမထားတဲ့ အုပ်ချုပ်မှုပုံစံ စနစ်တွေဟာ အရပ်သားအစိုးရ ဌာနတွေမှာလည်းကူးစက်ပြီး စနစ်ဆိုးဟာ နေရာတိုင်းမှာ ရှင်သန်ကြီးထွားလာတယ်။ ဒီလိုနဲ့ ကြီးနိုင်၊ ငယ်ညှင်းလုပ်ကိုင်မှု၊ လူလူချင်း စာနာထောက်ထားမှုမရှိမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်လာဘ်စားမှု၊ အကျင့်စာရိတ္တ ယိုယွင်း ခြစားနေမှုတွေဟာ လူတစ်ဦးချင်းရဲ့ ချွတ်ယွင်းချက်၊ လူတစ်ဦးချင်းရဲ့ အကျင့်စာရိတ္တဖောက်ပြန်မှု ပုံစံမဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဓလေ့အနေနဲ့ အံ့သြောတုန်လှုပ်ဖွယ် ဖြစ်ပေါ်လာရတယ်။ ဒီလိုနဲ့ ခရီးသည်ကို မောက်မာစော်ကားတဲ့ စပယ်ယာ၊ အကျင့်ပျက်တဲ့ ရုံးဝန်ထမ်းအစ၊ အာဏာအလွဲသုံးစားလုပ်တဲ့ မြို့နယ်၊ ပြည်နယ်တိုင်းအဆင့်ဆင့် အရာရှိကြီးအလယ်၊ လူနာအပေါ် ငွေကြေးအလိုအတွက်ပဲ စေတနာမပါ ဆက်ဆံတတ်တဲ့ တတ်သိ၊ ပညာရှင် ဆရာဝန်ကြီးအဆုံး လူမှုအဆောက်အအုံရဲ့ လှုမှု၊ လူတန်းလွှာအသီးသီးမှာ စာရိတ္တ မဏ္ဍိုင်ပျက်စီးမှုတွေဟာ ကြောက်ခမန်းလိလိ ရှင်သန်နေပြီး စနစ်ဆိုးရဲ့ သားကောင်တွေအနေနဲ့ ဝမ်းနည်းဖွယ်တွေ့မြင်နေရတယ်။နောက်အကျိုးဆက်တစ်ခုကတော့ နယ်တွေမှာ၊ လူမျိုးစုဒေသတွေမှာ စစ်တပ်က လူထုအပေါ် မတရားမှုတွေ၊ နောက်ဆုံး စစ်ရာဇဝတ်မှု (War Crimes)တွေ ဖြစ်တဲ့အဆင့်ထိ လူသားမဆန်စွာ ပြုမှုဆက်ဆံမှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်လေ့ရှိတဲ့ အကြောင်းအရင်းတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒ၊ လမ်းစဉ်ရေးရာ ကွဲပြားမှုတွေကြောင့်ဆိုတာထက် အဓိကကျူးလွန်တဲ့ အစိုးရ စစ်တပ်အတွင်းမှာ ကိုက အထက်မှာ တင်ပြခဲ့သလို အထက်၊ အောက် အဆင့်ဆင့် ကြီးနိုင်ငယ်ညှင်း အဓမ္မ၊ မတရားသဖြင့် ဆက်ဆံခံနေရတဲ့အခြေအနေတွေကြောင့် ဆိုရင် ပိုမှန်မယ်။ ဒီအခြေအနေဆိုးတွေရဲ့ ရလဒ်အနေနဲ့ ကိုယ်တိုင် တပ်တွင်းမှာ မတရားမှုတွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ အောက်ခြေက အရာရှိငယ်၊ အရာခံ၊ အကြပ်၊ တပ်သားတွေဟာ  ပြင်ပနဲ့ ပြုမူ၊ ဆက်ဆံ၊ လုပ်ကိုင်တဲ့နေရာမှာလည်း ဒီလို မတရားတဲ့ အလေ့အကျင့်တွေက အရိုးစွဲနေပြီး သူတို့ တပ်တွင်းမှာ ခံနေရတဲ့ ကြီးနိုင်ငယ်ညှင်းဒုက္ခတွေရဲ့ ထွက်ပေါက်အနေနဲ့လည်း လက်နက်မဲ့ ပြည်သူ၊ လူမျိုးစု တိုင်းရင်းသာတွေ အပါအဝင် အားလုံးကို ဖိထောင်းပြီး နှိပ်စက်ညှင်ပမ်းမှုတွေ ပိုဖြစ်လာကြတယ်။ဗမာလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ကိုယ်ထူကိုယ်ထစနစ်၊ လုပ်အားပေးစနစ် စတဲ့ အဓမ္မအလုပ်စေခိုင်းမှုတွေဟာလည်း ဒီသဘောပဲ ဖြစ်တယ်။ စစ်တပ်က "ငါတို့တောင် နွားလို လုပ်ပေးနေရတာ၊ မင်းတို့ အရပ်သားတွေလည်း လုပ်ပေါ့" ဆိုတဲ့ သဘောဖြစ်တယ်။ လမ်းဖောက်တယ်၊ တံတားဆောက်တယ်၊ ရေတွင်းတူးတယ်၊ ရေကန်ဖော်တယ်၊  အစရှိတဲ့ တိုင်းပြည်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတာ တိုင်းပြည်ကို  တာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ လုပ်ပေးရတဲ့ တာဝန်၊ ဝတ္တရားဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ အတတ်ပညာရှင်တွေ၊ ဝန်ထမ်းတွေနဲ့ စနစ်တကျ လုပ်ရမယ့် လုပ်ငန်းသာဖြစ်တယ်။ မဆိုင်တဲ့ စစ်သား၊ အရပ်သားတွေ ပါဝင်ပတ်သက်ရမယ့် အလုပ်မျိုး မဟုတ်ပါ။ ပညာမလိုတဲ့ အလုပ်ကြမ်းသဘောဆောင်တဲ့ အလုပ်တွေမှာ လူအင်အားမလုံလောက်လို့ အရပ်သားကို ခေါ်ခိုင်းချင်ရင်လည်း ထိုက်တန်တဲ့ အဖိုးအခပေးပြီး လုပ်အားကို အသုံးပြုရမှာသာ ဖြစ်တယ်။စစ်တပ်က တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ်သာ အဓိကဖြစ်ပြီး သာမန်ပြည်သူလူထုကလည်း မိမိရဲ့ အသက်မွေးဝမ်းကြောင်းမှုကို လွတ်လပ်အေးချမ်းစွာ တရားဝင် လုပ်ကိုင်စားသောက်၊ ဝမ်းစာရှာပြီး သက်ဆိုင်ရာ အခွန်တွေကို ကျေပွန်စွာ ထမ်းရွက်ဖို့သာရှိတယ်။ အစိုးရက ပြည်သူတွေ ထမ်းတဲ့အခွန်ငွေ၊ ပြည်သူ့ ဘဏ္ဍာကိုအသုံးပြုပြီး ပြည်သူ့အတွက် တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ၊ ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန ပြည်သူ့ဝန်ထမ်း တွေမှတဆင့် ပြန်လည်တည်ဆောက်ပေး၊ ဝန်ဆောင်မှုပေးခြင်းဟာ ရိုးရှင်းတဲ့ အစိုးရ၊ ပြည်သူ ဆက်ဆံမှု ပုံစံဖြစ်တယ်။ ဒီဖြစ်စဉ်မှာ ဘယ်သူ့၊ ဘယ်သူမှ ကျေးဇူးတင်စရာ မရှိ၊ ကျေးဇူးခံ၊ ကျေးဇူးစားမရှိ။ အစိုးရက အစိုးရ့ အလုပ် လုပ်တယ်၊ ပြည်သူကလည်း ပြည်သူ့အလုပ် လုပ်ခြင်းသာဖြစ်တယ်။ အစိုးရက တံတားဘယ် နှစ်စင်းဆောက်တယ်၊ လမ်းအရှည်ဘယ်လာက်ဖောက်တယ် စတာတွေကို အစိုးရပြန်တမ်းတွေမှာ မှတ်တမ်းတင်ရုံကလွဲလို့ ဒီလိုလုပ်ပေးနေပါတယ်၊ ဒီလုပ်ငန်းတွေမှာ စစ်တပ်ကလည်း ပါဝင်ကူညီနေပါတယ်ဆိုပြီး အပိုကြွားစရာ မလို။ စစ်တပ်လည်း ပါစရာ အကြောင်းမရှိ။ ပြည်သူလည်း ပါစရာ အကြောင်းမရှိ။ ပါခဲ့ရင်လည်း တစ်ဦးချင်း ဆန္ဒသဘောထားမဟုတ်ဘဲ ကြောက်လို့ လုပ်ပေးရရင် အဓမ္မအလုပ်စေခိုင်းမှုသာ ဖြစ်တယ်။ ဗမာပြည်လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အကျိုးအမြတ်မပါတဲ့ လူမှုရေး အဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အစိုးရရဲ့ လုပ်ငန်းတာဝန်တချို့၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို ဝင်ရောက်တာဝန်ယူပေးရတဲ့ ပုံစံတွေရှိတယ်။ ဒါဟာလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ တာဝန်သိလူတစ်ဦးချင်းက မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုကြောင့်မဟုတ်ဘဲ မိမိသဘောစိတ်ဆန္ဒနဲ့ စေတနာသက်သက် (volunteer) အရပ်ဖက်လူမှုအဖွဲ့အစည်းပုံစံ တိုင်းပြည်တာဝန်ကို တတပ်တအား ဝင်ရောက်ထမ်းရွက်ခြင်းသာဖြစ်တယ်။အစိုးရက အစိုးရတစ်ရပ် လုပ်ပေးရမယ့် အလုပ်တာဝန်တွေကို မကျေပွန်ရင် အချိန်ကာလ တစ်ခုအထိသာ တည်ရှိနိုင်ပြီး နောက်တော့ အစိုးရအဖြစ်ကနေ ဆင်းပေးရမှာသာ ဖြစ်တယ်။ စစ်တပ်ကလည်း တိုင်းပြည်ကာကွယ်တာ၊ အရေးပေါ်အခြေအနေတွေမှာ ဝင်ရောက်ကူညီတာပဲ တာဝန်ရှိပြီး၊ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်ရေး၊ တည်ဆောင်ရေးတွေအတွက် တာဝန်မရှိပါ။ ပြည်သူကလည်း ပြည်သူ့ တာဝန် အခွန်ထမ်းဖို့သာရှိပြီး ပျက်ကွက်ရင် ဥပဒေနဲ့ အရေးယူခံရမှာသာဖြစ်တယ်။ လုပ်အားပေးရတာ၊ လုပ်အားမပေးနိုင်လို့ ဆက်ကြေးပေးရတာ၊ ယုတ်စွအဆုံး မီးကင်းစောင့်ရတာ၊ မစောင့်နိုင်လို့ မီးကင်းကြေးပေးရတာ စတာတွေအတွက် တာဝန်မရှိပါ။ အရပ်ဖက်လူ့မှုအဖွဲ့အစည်း   တွေကလည်း  စေတနာမှန်မှန်၊ တကယ်အကျိုးအမြတ်မပါပဲ မိမိတတ်နိုင်တဲ့ ကိစ္စတွေကို မိမိသဘောနဲ့ ဝင်ရောက်ထမ်းရွက်ခြင်းသက်သက်သာ ဖြစ်တယ်။ ဒါဟာ ရိုးရှင်းတဲ့၊ မလိုအပ်တဲ့ အပိုဆာဒါးတွေမပါတဲ့၊  ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းမှာ ရှိရမယ့် အစိုးရ၊ စစ်တပ်၊ ပြည်သူ၊ လူမှုအဖွဲ့အစည်း ဆက်ဆံရေးပုံစံနဲ့ တာဝန်တွေဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပြည်သူ (သို့) အခြားမသက်ဆိုင်တဲ့၊ လူမှုရေးအဖွဲ့အစည်းမဟုတ်တဲ့ စစ်တပ်လို အဖွဲ့အစည်း တစ်ခုခုက လူပုဂ္ဂိုလ်တွေ ဝင်ရောက်လုပ်ကိုင်ပေးနေရတာဟာ ဖက်စစ်ခေတ် သေမင်းတမန် ရထားလမ်းဖောက်ဖို့အတွက် တာဝန်ယူရတဲ့ ဖက်စစ်ရဲ့ စစ်တပ်နဲ့ သူတို့ရဲ့  အဓမ္မပြန်ပေးဆွဲ ကျွန်လို အခိုင်းခံရတဲ့ ပြည်သူလူထု ချွေးတပ်လို  သဘောသာဖြစ်နေပြီး ဒီလို အားရှိသူကြောက်ရတဲ့၊ အာဏာရှိသူ၊ အုပ်ချုပ်သူခိုင်းရင် လုပ်ရတဲ့ ဓလေ့တွေ  ရှင်သန်ကြီးစိုးနေတဲ့ စနစ်ဟာလည်း တရားမျှတမှု မရှိတဲ့ ဖက်စစ်စနစ်သာ ဖြစ်နေမှာ ဖြစ်တယ်။ဗမာပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပြဿနာအများစုရဲ့ အကြောင်းအရင်းဟာ လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ အုပ်စုအသီးသီး၊ အဖွဲ့အစည်းအသီးသီးဟာ ကိုယ်တာဝန် မဟုတ်တာတွေကို ဝင်ရောက် စွက်ဖက် ချယ်လှယ် လုပ်ကိုင်နေတာ၊ လုပ်ကိုင်ရတာ၊ ကိုယ်တကယ် လုပ်ရမယ့်တာဝန်ကို မကျေတာ စတဲ့ ချွတ်ချော်မှုတွေကြောင့် ဖြစ်တယ်။ ထုတ်တန်းပေါ် ကြွက်တက် ခုတ်လို့ ပေါင်ကျိုးတဲ့ နွားကို တံတားဖွင့်ပဲတက်ရမှာမလို့ ဆေးကုမပေးနိုင်သေးတဲ့ ဆရာဝန် အဖြစ်လို ဆရာ အော်ပီကျယ် ကာတွန်းရေး သရော်ထားတဲ့ ကမောက်ကမနိုင်မှုတွေကြောင့်ဖြစ်နေရတာတွေပါ။   စစ်တပ်က စစ်တပ် အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ၊ အစိုးရက အစိုးရ အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ၊ ပြည်သူက ပြည်သူ့တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ အစရှိသလို ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ကိုယ်ယူနေရင် တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာ အများစုဟာ ပြေလည်သွားမှာ ဖြစ်တယ်။ဒီလို ကိုယ်ကြိုးစားရင်၊ ကိုယ့်တာဝန်ဝတ္တရား ကျေရင် တိုးတက်ကြီးပွားတဲ့၊ ကိုယ်လုပ်သလောက် ကိုယ် အကျိုးစီးပွားဖြစ်စေတဲ့ ဓလေ့ဟာ ဆူကြုံနိမ့်မြင့်မရွေး သာတူ၊ ခွင့်တူ၊ လွတ်လပ်ငြိမ်းချမ်း လုပ်ကိုင်စားသောက်၊ နေထိုင်နိုင်မှုကို အာမခံတဲ့ ဒီမိုကရေစီစနစ် တိုင်းပြည်မှာ ရှင်သန်ကြီးထွားမှ ဖြစ်မှာပါ။ ဒီလို တရားမျှတ လွတ်လပ်တဲ့၊ လူ့အခွင့်အရေးအပြည့်အဝလိုက်နာတဲ့ ဒီမိုကရေစီစနစ်ကသာ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက လက်ရှိအချိန်ထိ နိုင်ငံတော်သီချင်းမှာ ထည့်သွင်း ရွက်ဆိုနေပေမယ့် အကောင်အထည် မဖော်နိုင်သေးတဲ့ "ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်" ကို တကယ်လက်တွေ့ ဖော်ဆောင်နိုင်မှာဖြစ်တယ်။ဒီလို လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အကျင့်စရိုက်၊ လက္ခဏာတွေ ဗမာပြည်မှာရှင်သန်ကြီးထွားစေချင်ရင်၊ တနည်းအားဖြင့် ဒီမိုကရေစီအမြစ်တွယ်ရှင်သန်စေချင်ရင် နိုင်ငံရဲ့ လှုမှုအလွှာအသီးသီး၊ အဖွဲ့အစည်းစည်းအသီးသီးမှာ ဒီမိုကရေစီ မျိုးစေ့တွေ ဖြန့်ကျက် ပြုစုပျိုးထောင်ပြီး ဒီမိုကရေစီ ရေခံ၊ မြေခံကောင်းအောင် လုပ်ပေးရမှာ ဖြစ်တယ်။ အထူးသဖြင့် တိုင်းပြည်မှာ အရေးကြီးတဲ့ နေရာကို အစဉ်တစိုက် လက်ရှိအချိန်ထိလည်း ယူထားတဲ့၊ အထက်မှာ တင်ပြခဲ့သလို မတရားမှုတွေလည်း ဒင်းကြမ်းပြည့်နေတဲ့ အင်အားကြီးမားခိုင်မာတဲ့အဖွဲ့အစည်း၊ အဆောင်အအုံ (Institution) တစ်ခုဖြစ်တဲ့ တပ်မတော်မှာ ဒီမိုကရေစီဓလေ့၊ အလေ့အကျင့်တွေ ရှင်သန်မှဖြစ်ပါမယ်။ အခုလို ဒီမိုကရေစီ အခြေတည် ဖြစ်ထွန်းနေပြီ ဖြစ်တဲ့ အနောက်နိုင်ငံတွေနဲ့ အရင်ကထက် ပိုမိုရင်းနှီးစွာ ဆက်ဆံလာခွင့်ရတဲ့ အချိန်မှာ တပ်မတော်မှ ဗိုလ်ချုပ်ကြီးတွေ၊ လက်ရှိ အစိုးရအဖွဲ့မှ ဗိုလ်ချုပ်ဟောင်းကြီးတွေအနေနဲ့ အနောက်နိုင်ငံတွေက ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းတည်ဆောင် လုပ်ကိုင်၊ ကျင့်ကြံတဲ့ တပ်မတော်ပုံစံကို အတုယူ၊ အားကျပြီး ကောင်းမွန်တဲ့၊ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အလေ့အကျင့်တွေကို ဗမာ့တပ်မတော်မှာ မွေးယူကျင့်ကြံ ရှင်သန်စေမယ်ဆိုရင် ပြည်သူချစ်တဲ့ တပ်မတော်ကို အမှန်တကယ် တည်ထောင်နိုင်ပြီး တပါတည်း အစိုးရဌာန အုပ်ချုပ်မှု ယန္တယား အဆင့်ဆင့်နဲ့ အခြားတိုင်းပြည်ရဲ့ လူမှု့အဖွဲ့အစည်း၊ အလွှာအသီးသီးမှာပါ ဒီမိုကရေစီအလေ့အကျင့် ရှင်သန်ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မတရားမှုတွေ ပြည့်နှက်နေတဲ့ ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်းဟာ တဖြေးဖြေး ကွယ်ပျောက်သွားပြီး လွတ်လပ်မျှတ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။ငြိမ်းချမ်းအေး၁၄၊ မေ၊ ၂၀၁၂

မြန်မာ့နိုင်ငံရေး အတွေးအခေါ်

Sun, 05/13/2012 - 11:49
ငှက်သွင်ပျံကြွ မတတ်သော်about an hour ago ဒီစာအုပ်လေးကတော့ အရင်နှစ်အုပ်ထက် နည်းနည်းပိုရှည်တယ်။ဒါပေမယ့် စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့အတွက် ဖတ်ရတာ မပျင်းစေပါဘူး။like လုဎ်ပေးရုံ share ပေးရုံထက် မကဘဲ သေသေချာချာ ဖတ်ဖြစ် စဉ်းစားဖြစ်စေချင်တယ်။ဘယ်အချက်ကိုဖြင့် သဘောတူတယ်။ ဘယ်ဟာကိုဖြင့် မကျေလည်ဘူး အစရှိသဖြင့် ဆွေးနွေးပေးနိုင်ရင် သိပ်ကောင်းမှာပါ။အချိန်မရရင် download လုဎ်ထားပြီး အားမှ ဂရုတစိုက် ဖတ်စေချင်တယ်။အရင်လိုပဲ ကူညီပြီး pdf လေး ဖွဲ့ပေးကြပါဦးနော်။(ဪ.... အကြောင်းမသိသေးသူ Friends of friends များရှင် >>>ဆက်ဖတ်ချင်ရင် album တစ်ခုလုံး next လုဎ်ပြီး ဖတ်သွားရုံပါပဲ။PDF မပြောင်းရသေးတဲ့အတွက် link တော့ ပေးစရာ မရှိပါဘူး။Album privacy က public ပါ။) အောက်ပါလင့်ကိုနှိပ်၍ ဖတ်နိုင်ပါသည်။http://www.facebook.com/media/set/?set=a.335017946564967.73392.100001702942262&type=3

ငြိမ်းချမ်းရေးကောင်စီသစ်နဲ့ ဖြေရှင်းရမယ့် ပဋိပက္ခများ

Sun, 05/13/2012 - 11:36
by Lu Cifer on Sunday, May 13, 2012 at 9:40amဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ  ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရရဲ့  ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်အကြောင်း နဲ့ ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး ပဋိပက္ခများအရေးကို ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း၊ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ဦးကျော်ဇံသာ ။ ။ အခုအခါမှာ မြန်မာအစိုးရဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ ညှိနှိုင်းဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ဆိုတာကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ အရင်တုန်းက နှစ်ဖွဲ့ရှိခဲ့တာ တချို့ က ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေပါတယ်၊ ဘာညာဆိုပြီး သတင်းတွေထွက်နေခဲ့ပါတယ်။အခုအခါမှာတော့ တိုင်းရင်းသားအရပ်သားတဦးဖြစ်တဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကို ဦးစားထားဖွဲ့စည်းတယ်၊ ပိုမိုကျယ်ပြန့်တဲ့အဖွဲ့အစည်းဖြစ်တယ်။ လွှတ်တော်က တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေပါတယ်။ တရားသူကြီးချုပ်၊ ရှေ့ နေချုပ်ပါတယ်။ စစ်ဆင်ရေးမှာ အဓိကပါဝင်နေတဲ့ ဒေသခံတိုင်းမှူးတွေပါတယ်ဆိုတော့ ပိုမိုထိရောက်တဲ့အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ထဲမှာပါဝင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောပါတယ်။ ပထမဦးဆုံး တိုင်းရင်းသားသတင်းသမားတွေ အခုလက်ရှိ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အစဉ်သဖြင့် သတင်းရေးနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုကြားပါသလဲ။ ဘယ်လို မြင်ပါသလဲဆိုတာကို ပထမဦးဆုံး ကိုနော်ဒင်း ကို မေးချင်ပါတယ်။ ကိုနော်ဒင်း တာဝန်ယူပြီးလိုက်နေတဲ့ ကိုနော်ဒင်းတို့ဒေသကဖြစ်တဲ့ KIA/KIO တို့နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လောလောဆယ် အပြင်းထန်ဆုံး၊ တားလို့မရဆုံး ဖြစ်နေပါတယ်။ ဆိုတော့ ဒီလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ပြုပြင်ဖွဲ့စည်းလိုက်တဲ့အတွက် ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့အတွက် တစုံတရာ အလားအလာကောင်း တွေ့ရပါသလား။ကိုနော်ဒင်း ။ ။ အခုလိုမျိုး ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဒေါက်တာစိုင်းမောင်ခမ်း ကို အခု ငြိမ်းချမ်းရေးအသစ်ဖွဲ့စည်းလိုက်တဲ့ ကောင်စီရဲ့  ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာကိုတော့ ကျနော့်ကိုယ်ပိုင်အမြင်အရ ကြိုဆိုပါတယ်။ ကချင်အမျိုးသားတွေအားလုံးကလည်း ကြိုဆိုပါလိမ့်မယ်။ သို့သော်လည်း သူ့အနေနဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တကယ်ပဲ ကချင်လူမျိုးတွေ တောင့်တတဲ့ ပင်လုံကိုအခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖက်ကို ဘယ်လောက်အထိ ဦးဆောင်နိုင်ဖို့ လုပ်ပေးနိုင်မလဲ။ ဦးဆောင်နိုင်မလဲဆိုတဲ့ အခြေအနေကတော့ စိတ်ပူစရာဖြစ်တယ်။ တခုကလည်း မြန်မာအစိုးရအနေနဲ့က ၂၀၀၈ အခြေခံဥပဒေမူဘောင်အတွင်းမှာပဲ သူက နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းတွေအားလုံးကို အဓိက လုပ်ချင်တာဖြစ်တယ်ဆိုရင် သူ့အနေနဲ့က ရုပ်ပြပဲဖြစ်ပြီး လက်တွေ့မှာ သူဘယ်လောက်အထိ လုပ်နိုင်မလဲ။ သူကို ဘယ်လောက်အထိ စစ်တပ်က အခွင့်အရေးပေးထားမလဲ။ ပြီးတော့ သမ္မတဦးသိန်းစိန် အစိုးရက သူကို အာဏာပေးထားမလဲ စတဲ့အချက်တွေကတော့ အရမ်းအရေးကြီးပါတယ်။ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ တိုင်းမှူးတွေ၊ တပ်မမှူးတွေ ပါလာလိမ့်မယ်ဆိုတော့ ဒီ ပုဂ္ဂိုလ်တွေ ပါလာခြင်းဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပိုပြီးအထောက်အကူ မဖြစ်နိုင်ဘူးလား။ သို့တည်းမဟုတ် သူတို့ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပိုပြီးအဟန့်အတားဖြစ်စေမယ် ထင်ပါသလား။ ဆရာခွန်စိုင်း ဘယ်လိုသဘောရပါသလဲ။ဦးခွန်စိုင်း ။ ။ ကျနော့်အမြင်မှာ ဒုသမ္မတကြီး စိုင်းမောက်ခမ်း ပါတာဟာ ရိုးရိုးလူတွေ၊ လူပိန်းအနေနဲ့ ပြောမယ်ဆိုရင် ဒီဥစ္စာက make-up ပေါ့။ ဒါပေမဲ့ make-up ထည့်တယ်ဆိုတာက အရေးမကြီးဘူးလားဆိုတော့ အလုပ်တိုင်းမှာ make-up ဆိုတာ အမြဲတမ်းလိုပါတယ်။ ကျနော်တို့ make-up မရှိဘဲနဲ့ ကြည့်ရှုလို့မကောင်းဘဲနဲ့ အလုပ်တခုလုပ်ရတယ်ဆိုတာ ဒါမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လည်း ဒုသမ္မတကြီး စိုင်းမောက်ခမ်း ပါတာဟာ make-up ကောင်းတခုဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။နံပါတ်တစ်က။ နံပါတ်နှစ်က စစ်ဘက်ဆိုင်ရာက ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ဒု-ဥက္ကဋ္ဌအဖြစ် ပါဝင်တယ်။နောက်ပြီး အရေးကြီးတဲ့ စစ်တိုင်းဒေသက စစ်တိုင်းမှူးတွေလည်းပါမယ်။ဒီဥစ္စာက ကချင်ဘက်ကရော၊ SSA - ရှမ်းပြည်တပ်မတော်တွေက မျှော်မှန်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအထိ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်တွေချုပ်ခဲ့ပြီးပြီ။ SSA ဆိုရင် ငါးလကျော်ပြီ။ အခုအထိ အကောင်အထည်မဖော်နိုင်သေးတာက စစ်ဖက်ဆိုင်ရာဘက်က ပါဝင်မှုက သိပ်အားနည်းသေးတယ်လို့ သူတို့မြင်တယ်။ ဒါကြောင့်မို့ စစ်တိုင်းဖက်က ပိုပြီးအာဏာရှိတဲ့လူ၊ ပိုပြီးဆုံးဖြတ်နိုင်တဲ့လူတွေပါလို့ရှိရင် သိပ်ကောင်းမယ်လို့ သူတို့က အကြံပြုထားတာ ဖြစ်ပါတယ်။ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်းအနေနဲ့ စစ်တပ်က အကြီးအကဲတွေကိုယ်တိုင် ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါဝင်ဆွေးနွေးမယ်ဆိုတော့ ဆွေးနွေးပွဲကောင်းလာနိုင်မယ့် အလားအလာ မမြင်ဘူးလား။ကိုနော်ဒင်း ။ ။ ကျနော်က ဒီနေရာမှာ ပြီးခဲ့တဲ့ ကချင်အပစ်အခတ်ရပ်စဲရေးနဲ့ အခု တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာ တွေ့ဆုံပွဲတွေရဲ့  အတွေ့အကြုံကို နည်းနည်းလေးပြောချင်တယ်။ စစ်အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးကို လုပ်နိုင်တယ်။ သို့သော်လည်း အရပ်သားအစိုးရလို့ ပြောတဲ့ သမ္မတဦးသိန်းစိန် တက်လာတဲ့ အရပ်သားအစိုးရနောက်ပိုင်းမှာ စပြီးတိုက်ခိုက်လာတာကို တွေ့ရတယ်။ တိုက်တဲ့နောက်ပိုင်းမှာလည်း ကျနော်တို့ အခုအချိန်ထိ ခုနှစ်ကြိမ် အနည်းဆုံး KIO ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရဖက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက တွေ့ဆုံခဲ့တယ်။အဲဒီ တွေ့ဆုံပွဲ အတွေ့အကြုံအရဆိုရင် နိုင်ငံရေးကို ဆွေးနွေးသွားဖို့ကို ပြောကြတယ်။ ပြီးတော့ အပြန်အလှန်ယုံကြည်မှု ရှိဖို့အတွက်။ တိုက်ပွဲတွေဖြစ်နေတဲ့နေရာကနေ နှစ်ဖက်တပ်များကို ဆုတ်ခွါပေးဖို့အတွက် သဘောတူညီချက်တွေလည်း ထုတ်ပြန်တာမျိုးတွေ ရှိခဲ့တယ်။ စစ်တပ်က အဲဒါကို လိုက်နာမှုမရှိဘူး။ အဲဒါကြောင့် အခုအခြေအနေမှာက တကယ်ပဲ အစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားလားဆိုတဲ့အချက်က မေးခွန်းကြီး ဖြစ်လာပါတယ်။ဦးကျော်ဇံသာ ။ ။ ဦးနော်ဒင်း ကို ဆက်ပြီးမေးချင်တဲ့အချက်က ဦးအောင်သောင်း အကြောင်းကို ပြောလာတော့။ အခုအခါမှာ ဦးအောင်သောင်းလည်း မပါတော့ဘူးလို့ ပြောပါတယ်။ အဲဒီတချက်ကိုလည်း မေးချင်တယ်။နောက် စစ်တပ်က မလိုက်နာဘူးဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ကြားတဲ့ သတင်းတချို့ ကို ပြောပါရစေ တချို့ က ဘာပြောသလဲဆိုရင် ဘယ်သူနဲ့ စကားပြောရမလဲ၊ ငြိမ်းချမ်းရေးတခါတည်းမိသေးအောင်။ ပွဲပြတ်အောင်ဆိုပြီးမေးတယ်။သို့ပေမယ့် ကချင်ဖက်မှာက ကေအိုင်အို ခေါင်းဆောင်တွေက သူတို့တပ်ကို သူတို့ထိန်းလို့ရသည့်တိုင်အောင် ကချင်ပြည်သူစစ်တွေ ဖွဲ့စည်းထားတယ်။ အဲဒီ ပြည်သူစစ်တွေက ဗဟိုကအမိန့်ပေးတာကို အတိအကျ မလိုက်နာဘူး၊ ပြည်သူစစ်တွေဒဏ်ကို စစ်တပ်ကလည်း အတော်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီအချက် ဘယ်လောက်မှန်ပါသလဲ။ကိုနော်ဒင်း ။ ။ လုံးဝမမှန်ကန်ဘူး။ သက်သေလည်း မရှိဘူး။ ဘာကြောင့်လဲဆိုရင် ကေအိုင်အိုဖက်က အရပ်သားအဖွဲ့တွေကို ဖွဲ့စည်းထားတာကတော့ မှန်ပါတယ်။ သို့သော်လည်း အရပ်သားအဖွဲ့တွေအားလုံးက သက်ဆိုင်ရာဒေသအသီးသီးမှာ အခြေစိုက်ထားတဲ့ သက်ဆိုင်ရာ တပ်ရင်းတွေအောက်မှာ စစ်ရေးနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှုတွေအားလုံးက အမိန့်ကို လိုက်နာရတာဖြစ်တယ်။ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း ကို ပြန်မေးချင်ပါတယ်။ အခု ကျနော်တို့ဆီက သတင်းထောက်က စောစောကပဲ ငြိမ်းချမ်းရေးအဖွဲ့သစ်ရဲ့  အဖွဲ့ဝင်ဝန်ကြီးတယောက်ကို မေးတယ်။သူတို့ဟာ ကချင်နဲ့ အရင်တွေ့မယ်။ တွေ့ပြီးတော့ အကုန်လုံး ဘက်စုံပါဝင်တဲ့အဖွဲ့တွေနဲ့ တွေ့မယ်။ မျက်နာစုံညီတွေ့မယ်လို့ ပြောပါတယ်။ ကချင်နဲ့ မတွေ့ခင်မှာ အရင်တုန်းက ဦးအောင်သောင်းနဲ့ တွေ့မယ်။ ဒါပေမဲ့ မပြေလည်ဘူး၊ ပျက်သွားတယ်။ အခု ဦးအောင်သောင်း မပါဘူး။ ဦးစိုင်းမောက်ခမ်း ဦးဆောင်ပြီးတွေ့မယ်။ ဦးခွန်စိုင်း ပြောတဲ့ make-up လိမ်းပြီးတော့ တွေ့တယ်ဆိုတော့ ပိုပြီးအမြင်ကောင်းတဲ့ အခြေအနေမျိုးများ မဖြစ်လာနိုင်ဘူးလား။ မထင်ဘူးလား။ကိုနော်ဒင်း ။ ။ ကချင်တွေဖက်ကတော့ အဲဒီလိုမျိုး မျှော်လင့်ပါတယ်။ အဓိကတော့ နိုင်ငံရေးကို တက်လှမ်းနိုင်မယ့် ဆွေးနွေးပွဲမျိုးကို ကချင်ဖက်က လိုလားနေတာဖြစ်တယ်။ သမ္မတဦးသိန်းစိန် အစိုးရကိုလည်း တောင်းဆိုထားတဲ့အချက်ရှိတယ်။ အဓိကတော့ ပြဿနာတွေအားလုံးကတော့ ပင်လုံကနေ စလာတာဖြစ်တယ်။ ပင်လုံကတိကဝတ်ကို ကတိမတည်တော့ အခုလိုမျိုး ပြဿနာတွေ ဖြစ်လာတာဖြစ်တော့ တွေ့ဆုံပွဲတွေအားလုံးက အဲဒီဖက်ကို ဦးတည်သွားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ရမယ်။ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း အဲဒီတော့ ကချင်ကလွဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အင်အားစု အတော်များများနဲ့ နားလည်းမှုလည်း အတော်ရလာပြီ။ မကြာခင်က ဒီရက်အတွင်းမှာပဲ CNF နဲ့ လက်မှတ်ရေးထိုးကြတယ်။ ဘာခြားနားသလဲ။ တခြားတိုင်းရင်းသားတွေကလည်း ပင်လုံက သဘောတူညီချက်ကို အကောင်အထည်ဖော်ပါ။ နိုင်ငံရေးအရ ဖြေရှင်းဖို့ကို ပြောကြတယ်။ ကချင်ကတော့ ဒီအတိုင်းပြောတယ်။ ပြောတဲ့နေရာမှာ ဘယ်သူမှမထူးဘူး။ အတူတူပဲ တိုင်းရင်းသားတိုင်း ဒီစကားပဲပြောကြတယ်။ ဘာဖြစ်လို့ ကချင်က ဝကွက်ပြီး ပြဿနာတက် ကျန်ရစ်တယ်လို့ ထင်သလဲ။  ကိုနော်ဒင်း ရဲ့  ပုဂ္ဂိုလ်ရေးအမြင်ကို သုံးသပ်ပြပါ။ကိုနော်ဒင်း ။ ။ အဓိကတော့ အခုအခြေအနေမှာ ကချင်ပြည်သူလူထုတွေအားလုံးကလည်း ထူးခြားမှုတခုရှိတယ်။ ကချင်ပြည်သူလူထုက လူမျိုးတွေအများစုက ခရစ်ယာန်တွေဖြစ်တယ်။ သူတို့အားလုံးက အသင်းတော်မှာ ဆုတောင်းတာပဲဖြစ်ဖြစ် အားလုံးက တိုက်ပွဲတွေရပ်သွားဖို့ ဆုတောင်းတာ မရှိတော့ဘူး။ အရင်က ငြိမ်းချမ်းရေးကာလတုန်းကတော့ ဗမာပြည် ငြိမ်းချမ်းဖို့အတွက်၊ ကချင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက်  ကချင်ပြည်သူတွေအားလုံးကတော့ ဆုတောင်းကြတယ်။ သို့သော်လည်း ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်းမှာ ကချင်လူမျိုးတွေအားလုံးက ကချင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်၊ ကချင်လူမျိုးတွေ ရသင့်ရထိုက်ဖို့အတွက် အချုပ်အခြာအာဏာကို ရဖို့အတွက် ကျနော်တို့ ကချင်လူမျိုးတွေအားလုံးက ဆုတောင်းနေကြတာဖြစ်တယ်။အဲဒီအချက်ကို အခြေခံပြီးမှ ကေအိုင်အို ဖက်ကလည်း ကချင်လူမျိုးတွေ လိုလားတဲ့ နိုင်ငံရေးရပိုင်ခွင့်အတွက် အခုအခြေအနေမှာတော့ လမ်းမှန်မှန်ရောက်ပြီးမှ ကချင်လူမျိုးတွေအားလုံးရဲ့  ထောက်ခံမှုကို အပြည့်အဝရနိုင်တဲ့ အကောင်းဆုံး၊ အမြင့်မားဆုံးရနိုင်တဲ့ အခြေအနေကို ရောက်လာပြီဆိုတဲ့ အချက်ကို ကျနော်အနေနဲ့ မြင်ပါတယ်။ဦးကျော်ဇံသာ ။ ။ ဦးခွန်စိုင်း နည်းနည်းဖြည့်စွက် ဆွေးနွေးစေချင်ပါတယ်။ ကချင်ဒေသမှာမှ ဘာဖြစ်လို့ ပြဿနာ မပြေမလည် ဖြစ်နေရတာလဲ။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ကိုနော်ဒင်း ပြောသလို ကချင်တိုင်းရင်းသားတွေ လိုချင်သလို ဖယ်ဒရယ် လိုချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်ကြတယ်။ နိုင်ငံရေးကိစ္စကို ပြေလည်ချင်ကြတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ကချင်နဲ့ ဒီကိစ္စကို ညှိလို့မရဖြစ်နေတာလဲ။ဦးခွန်စိုင်း ။ ။ ကချင်နဲ့က တခြားအဖွဲ့တွေနဲ့ မတူနိုင်တာကတော့ သူက ခါးသည်းတဲ့အတွေ့အကြုံကို ရလိုက်တယ်။ မထင်မှတ်ဘဲနဲ့ စစ်ပွဲဖြစ်လာတဲ့အခါကြတော့ ဒီခါးသည်းတဲ့ အတွေ့အကြုံအရ သူတို့က နိုင်ငံရေးဖက်က အရင်ဖြေရှင်းချင်တယ်လို့ အဲဒီလိုမျိုး သူတို့အနေနဲ့ တောင်းဆိုမှု ဖြစ်လာတယ်လို့ ထင်ပါတယ်။ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကျနော်ထင်တာကတော့ ပင်လုံအခွင့်အရေး၊ ပြည်နယ်တွေ အခွင့်အရေးရဖို့ဆိုလို့ရှိရင် ရှမ်းပြည်နယ်ကြီးပဲ သက်သက်တောင်းလည်းမရဘူး။ ကရင်ပြည်နယ်သက်သက် တောင်းလည်းမရဘူး။ ရခိုင်ပြည်နယ်ကြီးသက်သက်ပဲ တောင်းလို့မရဘူး။ ပြည်နယ်တွေအားလုံးက ဝိုင်းဝန်းပြီးမှ အတူတူတွဲ တောင်းရမယ်။ ဒါတင်မကဘူး တိုင်းဒေသကြီးတွေနဲ့ ပေါင်းပြီး ထပ်တောင်းရမယ်။ အဲဒီလိုမှ ဖြစ်နိုင်မယ်။ ကျနော်တို့ တပြည်နယ်ထဲ တောင်းတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာကို မြင်ကြတာကို တွေ့ရပါတယ်။ဦးကျော်ဇံသာVOAသတင်းသုံးသပ်ချက်ကဏ္ဍဗုဒ္ဓဟူး, 09 မေ 2012http://www.voanews.com/burmese/news/news-analysis/news_analysis_05-09-2012-150872905.html

Pages