အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ပို့ ပေးတာလို့ ဒုက္ခသည် တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ကုန်းတွင်းပိုင်းကို မ၀င်ရောက်မီ မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းသွားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှော့ချ မသတ်မှတ်ခင် စစ်တကောင်းနဲ့ Cox’s Bazar မြို့တွေမှာ အပြင်းအထန် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီကနေ့ စတင် ရှင်းလင်းနေကြပါ ပြီ။ အားပြင်းတဲ့ မုန်တိုင်းအဖြစ်နဲ့ ၀င်ရောက် လာနိုင်တယ်လို့ မိုးလေ၀သ ...
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ကုန်းတွင်းပိုင်းကို မ၀င်ရောက်မီ မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းသွားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှော့ချ မသတ်မှတ်ခင် စစ်တကောင်းနဲ့ Cox’s Bazar မြို့တွေမှာ အပြင်းအထန် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီကနေ့ စတင် ရှင်းလင်းနေကြပါ ပြီ။ အားပြင်းတဲ့ မုန်တိုင်းအဖြစ်နဲ့ ၀င်ရောက် လာနိုင်တယ်လို့ မိုးလေ၀သ ...
ဒီကနေ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ သာယာဝတီ အကျဉ်းထောင်က ၅ ဦးပါဝင် ပါတယ်။ သူတို့ ငါးဦးစလုံးဟာ ပုဒ်မမျိုးစုံ နဲ့ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ကြရသူတွေဖြစ်ပြီး ထောင်ထဲမှာ ၅ နှစ်ကျော် နေခဲ့ရပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီငါးဦးထဲကမှ ကိုဇော်လွင်၊ မစန်းစန်းမော်၊ ကိုအေးမင်းနိုင်နဲ့ ကိုကျော်ဇင်ဦး တို့ကို သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့ ဗွီအိုအေစတူဒီယိုမှာ ဖိတ်ခေါ်ပြီးတော့ ကိုကျော်ကျော်သိန်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ ...
ဒီကနေ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ သာယာဝတီ အကျဉ်းထောင်က ၅ ဦးပါဝင် ပါတယ်။ သူတို့ ငါးဦးစလုံးဟာ ပုဒ်မမျိုးစုံ နဲ့ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ကြရသူတွေဖြစ်ပြီး ထောင်ထဲမှာ ၅ နှစ်ကျော် နေခဲ့ရပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီငါးဦးထဲကမှ ကိုဇော်လွင်၊ မစန်းစန်းမော်၊ ကိုအေးမင်းနိုင်နဲ့ ကိုကျော်ဇင်ဦး တို့ကို သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့ ဗွီအိုအေစတူဒီယိုမှာ ဖိတ်ခေါ်ပြီးတော့ ကိုကျော်ကျော်သိန်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ ...
ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့ မနေ့က မြန်မာနိုင်ငံထဲကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမဟာစင် မြန်မာပြည်ထဲကို ရောက်မလာခင် ဘေး လွတ်ရာ ရွှေ့ပြောင်းပေးခဲ့တဲ့ ဒုက္ခသည်တွေကို အခု နေရပ် ပြန်ပို့နေပြီ ဖြစ် ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဟာ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ၀င်ရောက်လာရင် လူ ၆ သန်းလောက် ဘေးအန္တရာယ်ရှိနိုင်တဲ့အတွက် ...
ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့ မနေ့က မြန်မာနိုင်ငံထဲကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမဟာစင် မြန်မာပြည်ထဲကို ရောက်မလာခင် ဘေး လွတ်ရာ ရွှေ့ပြောင်းပေးခဲ့တဲ့ ဒုက္ခသည်တွေကို အခု နေရပ် ပြန်ပို့နေပြီ ဖြစ် ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဟာ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ၀င်ရောက်လာရင် လူ ၆ သန်းလောက် ဘေးအန္တရာယ်ရှိနိုင်တဲ့အတွက် ...
တရုတ် ထိပ်တန်း အရာရှိကြီး တစ်ယောက်က အစိုးရ သတင်း မီဒီယာမှာ ထုတ်ဖော် တိုက်တွန်း တာ ဖြစ်ပါတယ်။
Zaw Wann Maung မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို ပြည်နယ်အဆင့် သတ်မှတ်ရေုး တောင်းဆိုလိုက်တာပါ။သတိပြုရပါမယ်‘၀’ ပြည်နယ် တိုးမြှင့်ဖို့တောင်းဆိုချက် ပဲ ဖြစ်ပါတယ်။တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ၀’ဒေသမှာ ‘၀’ လူမျိုးဟာ ခြောက်သိန်းခန့်ပဲရှိပြီး’၀’အမြဲတမ်း နဲ့ အရန်စစ်တပ်ဟာ အင်အားသုံးသောင်း ကနေ ငါးသောင်းအထိရှိပါတယ်။ ခေါင်းဆောင်အများစုက တရုတ်နိုင်ငံ အတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ ‘၀’ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီး တရုတ်စာက ရုံးသုံးစာလို ဖြစ်ပါတယ်။ တရုတ်ငွေကြေးကိုသာ သုံးစွဲပြီး တရုတ်နိုင်ငံနဲ့ သီးခြား နိုင်ငံခြားဆက်ဆံရေး ရှိပါတယ်။ တရုတ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရုပ်မြင် သံကြားဌာနတစ်ခုလည်း ရှိပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များဟာ ခဲမဖြူတူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲ လုပ်ကိုင်ပါတယ်။ဝ’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့အနေအထားမှာ မရှိပါဘူး။တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။နာမည်ကျော် စစ်ဘက်ဆိုင်ရာ စာစောင်တစ်ခုဖြစ်တဲ့ Jane’s Defense Weekly က ဒုံးလက်နက်တွေပါဝင်တဲ့ စစ်ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တဲ့အကြောင်းမြန်မာအစိုးရတပ်အားခုခံကာကွယ်ရန် ဝ တပ်ဖွဲ့ကလည်း တရုတ်အစိုးရထံ စစ်တိုက်ရဟတ်ယာဉ် ၅ စင်း ( TY 90 ဒုံးလက်နက်တပ်ဆင်သည့် Mi 17 – Hip အမျိုးအစား) ရရှိထားသည်ဟု Jane’s Intelligence Review မှ ဧပြီလ ၂၉ ရက်နေ့ တွင် သတင်း ဖော်ပြခဲ့ပါတယ် ။UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။ ၀ ပြည်နယ် တွင် တိုက်ကြီးတာကြီးများတည်ဆောက်ခွင့်ရရှိနေတယ်။နယ်စပ်ဂိတ် ကုန်သွယ်မှု မှာလည်း အ ခွန်ကောက်ခွင့်ကို ရရှိထားပြီးတနေ့ ဒေါ်လာ ၁ သိန်းမှ ၂ သိန်းနီးပါးရှိနေပါတယ်။ တရုပ်ဖက်မှ ကုန်များနဲ့ မြန်မာပြည်မှ ကုန်များ အပေါ်မှာ အခွန်ကောက်ခွင့်ရနေပါတယ်။ ဒီအချိန်မှာ တခြားလူမျိုးစု ရွာတွေမီးရှို့ ခံနေရတယ်။ ၀ ပြည်နယ် က ကိုယ်ပိုင်ပြဌာန်းခွင့်ရနေ ပြီလား။ဝနယ်ကို တရုပ်ပြည်က အပြည့်အ၀ အကာကွယ်ပေးထား ပါတယ်။ ၀ကိုတရုပ်တွေက သူတို့ လူမျိုးလို့ပဲမြင်ကြပါတယ်။ စစ်ခေါင်းဆောင်တွေဟာ တရုပ်က UN မှာ ဗီတို အာဏာနှင့်သုံး ကူညီပေးနေတာကို အကောင်းမှတ်၊ ကျေးဇူး ရှင်ကြီးဆိုကာ ကိုးကွယ် ဆည်းကပ်၊ သယံဇာတတွေ ပူဇော်ပသ နေကြရတာ။ မြန်မာပြည် လဲ ယခုဆို တရုတ်တ၀က်ဖြစ်နေပါပြီ။ ရှေ့ဆက် စဉ်းစားသော် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ လက်တွင်းသို့ မလွဲဧကန် ရောက်ရှိသွားပါတော့မယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး ကိစ္စအရပ်ရပ်ကို ယူနန် ပြည်နယ် အုပ်ချုပ်ရေးမှူးမှ ကိုင်တွယ်ပါတယ်။ တရုတ်မှ နယ်စပ်နိုင်ငံများအားလုံးကို ၀ါးမြိုနိုင်ရေး အတွက် ဗဟိုမှ မူဝါဒသာ ချမှတ်ပေးပြီး သက်ဆိုင်ရာ နယ်စပ်ပြည်နယ် အုပ်ချုပ်ရေးမှူး များအား ကိုင်တွယ် စေခြင်းမှာ ပီကင်းဗဟိုရဲ့ ပေါ်လစီဘဲဖြစ်ပါတယ်။ စစ်အုပ်စုဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ကူညီထောက်ပံ့မှုဖြင့် မြန်မာပြည်သားအများစုအား တိရိစ္ဆာန်ကဲ့သို့ သဘောထားပြီး ဆင်းရဲမွဲတေ ငတ်မွတ်ရေး၊ ဦးနှောက်နှင့် အသိဥာဏ်ကင်းမဲ့ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လှုပ်ရှားသူများကို လုံးပါး ပါးစေရေး၊ မိမိတို့ စစ်အာဏာရှင်ကြီးများအား ကျေးဇူး ရှင်ကြီးများသဖွယ် ကိုးကွယ်ဆည်းကပ် လာစေရေး၊စစ်တပ် မှသာ နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိသည်ဟူသော အယူအဆများ ကိန်းဝင် နေစေရေး၊ ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ဖုံးလွှမ်းနေစေရေး စသည်တို့ကို အစီအစဉ် ရှိရှိ စနစ်တကျ ရေရှည် စီမံကိန်းများချမှတ်ကာလုပ်ကိုင်ခဲ့၊လုပ်ကိုင်ဆဲ၊လုပ်ကိုင်ကြဦးမှာ ဖြစ်ပါတယ်။တရုတ်ဟာ မြန်မာနိုင်ငံအား ၎င်းရဲ့အာဏာသက်ရောက်စေဖို့ ရေရှည် စီမံကိန်းများဖြင့် လုပ်ဆောင်ခဲ့ပါတယ်။ စစ်အာဏာရှင်များဟာ တရုတ်ရဲ့ အရိုးရင်း လက်စေခံများဖြစ်နေသလို မြန်မာပြည်သည်လည်း အလိုအလျောက် တရုတ်ကွန်မြူနစ် ယူနန် ပြည်နယ် လက်အောက်ခံ ပြည်နယ် တစ်ခုကဲ့သို့ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေခွင့် ရနေတာကိုပဲ နအဖ အာဏာရှင်ကြီးများ အနေနှင့် ကျေနပ်နေကြပါတယ်။ ပါပါကြီးတွေကို အဖေတော်ပြီး ခွဲဝေခိုးစားနေရတာကို အကျေနပ်ကြီး ကျေနပ်နေကြ ပါတယ်။ မြန်မာပြည်မှ ကျွန်းတစ်တန်ကို US$ 200 နှင့်ဝယ်ပြီး ဥရောပကို တစ်တန်လျှင် US$ 70000 နှင့် တရုတ်က ပြန်ရောင်းနေတာကို ကြည့်ပါ။ ဒီအဖြစ်ဟာ တိုင်းပြည်ကိုချစ်ပါတဲ့ကျွန်တော်တို့ ခေါင်းဆောင်ကြီးများလို့ လေးစား ကျေးဇူးတင် နေရ အုံးမှာလား။ ၂၀၀၇ တစ်နှစ်ထဲမှာတင် မြန်မာပြည်မှ သူခိုးဈေးနှင့် ၀ယ်သောသစ်များကို Export လုပ်ခဲ့ ရာမှာ US$18 ဘီလီယံဖိုး ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာတရုတ်တို့ရဲ့ Export စာရင်းတစ်ခုမှာ သစ်ရောင်းရငွေကို ဖော်ပြထားတာပါ။ တရုတ်မှာ သစ်ထုတ်ခွင့်လုံးဝ မရှိပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက် ရှိနေပါတယ်။ ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ? တရုတ်လိုနိုင်ငံကနိုင်ငံ အကြီးအကဲတွေဟာ သူ့ပြည်သူလူထု အပေါ်တော့ သိတတ်တာမို့မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့လည်းကိုယ့်တိုင်းပြည်နဲ့ ပြည်သူလူထု အပေါ်မှာကောင်းကျိုး မှန်သမျှကိုဆောင်ရွက်ပေးဖို့ အထူး လိုအပ်ပါတယ်။ ဇော်ဝမ်းမောင် —
ပြည်တွင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လို့ ပြည်ပသွင်းကုန် အမယ်တွေထဲမှာ ဆေးဝါး တင်သွင်းမှု အထိနာ ဆုံးပါလို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။
အသင်းရဲ့ အတွင်ရေးမှူး ဦးဇော်မိုးခိုင်က “ဒေါ်လာ တန်ဖိုးတက်လို့ ဆေးဝါး ဈေးနှုန်းလည်း လိုက်တက်တာက ကောင်းတဲ့ လက္ခဏတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဆေးဝါး import လုပ်နေတဲ့ ကုမ္ပဏီတွေ အားလုံးက ဒေါ်လာနဲ့ တင်သွင်းနေရတာဖြစ်လို့ သူတို့ကိုတော့ အပြစ်သွားပြောလို့ မရဘူး။ ဒါကြောင့် ဒေါ်လာတန်ဖိုး တက်လာတာက ကျနော် တို့ ဆေးဝါးရောင်းချတဲ့ ဈေးကွက်အပေါ်မှာတော့ အထိဆုံးပါပဲ” လို့ ပြောပါတယ်။
ပြည်တွင်သုံး ဆေးဝါးတွေရဲ့ ဆယ်ပုံကိုးပုံကို ပြည်ပကနေ တင်သွင်းနေတာဖြစ်လို့ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဆေးဝါးဈေးနှုန်းတွေကလည်း အတက်အကျရှိနေတာပါ။
ဒီအတွက်ကြောင့် နိုင်ငံခြားဆေးဝါးတင်သွင်းရောင်းချနေတဲ့ ဆေးဝါးကုမ္ပဏီကြီး ၅ ခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆေးအမျိုးအမည် တခုအပေါ် ၄ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာပါ။ ဆေးအမယ်ပေါ်မူတည်ပြီး ခံနိုင်ရည်ရှိတဲ့ ဆေးအမယ် ဆိုရင်တော့ ဈေးမတက်ဘဲ ဆက်ရောင်းပေးနေတယ်လို့ သိရပါတယ်။
အရင်ဈေးဟောင်းနဲ့ ၀ယ်ထားတဲ့ကုမ္ပဏီတွေရဲ့လက်ထဲမှာလဲ လက်ကျန်ရှိသေးလို့ ဈေးမတက်သေးဘဲ အရင်နှုန်းထားနဲ့ဘဲ ဆက်ရောင်းနေကြတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။
တကယ်လို့ ဒေါ်လာဈေးက ပြန်မကျဘဲ လက်ကျန်ကုန်ပစ္စည်း ပြတ်လတ်ရင်တော့ ဆေးဈေးနှုန်းတွေ တက်နိုင်သလို ဒေါ်လာဈေး ဆက်တက်ရင်တော့ ဆေးဝါးတင်သွင်းတာ လျော့ကျမယ့် အခြေအနေ ရှိပါတယ်။
ဦးဇော်မိုးခိုင်က “ဒေါ်လာဈေးတွေ တက်တဲ့ချိန်မှာ တင်သွင်းတဲ့သူက သူ့လက်ထဲမှာ stock အများကြီး မကျန်အောင် သတိထားပြီးတော့ တင်သွင်းမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးပြန်ကျခဲ့ရင် အရင် အမြင့်ဈေးနဲ့ဝယ်ခဲ့တာကို ဈေးမြင့်နဲ့ ပြန်ရောင်းဖို့က မလွယ်ဘူး။ ပြီးတော့ မြန်မာပြည်မှာက ဒေါ်လာဈေးကျရင် ဆေးဈေးနှုန်းပါ လိုက်မချတဲ့ကုမ္ပဏီက မရောင်းရဘူး။ ဒါကြောင့် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေက အရင်ဝယ်တဲ့ stock level လောက်တော့ ထားချင်မှထားတော့မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
နိုင်ငံခြားဆေးမျိုးစုံရောင်းဝယ်တဲ့ဈေးကွက်မှာ အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေက ၃၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးတင်သွင်းနေပြီး ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ပြင်သစ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကနေလည်း တင်သွင်းနေပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံက ပြည်ပကနေ နိုင်ငံခြားဆေးဝါးမျိုးစုံ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။
by သိုက်ဇင် (ဒီဗွီဘီ)
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီကနေ့မှာ အရေအတွက် အနည်းငယ် ပြန်လည် လွတ်မြောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ သွားရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေး လိုက်တာပါ။ အပြည့်အစုံကို ရန်ကုန်၊ အင်းစိန်ထောင်ရှေ့သွားရောက်ပြီး လွတ်မြောက်လာသူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
အင်းစိန်ထောင်၊ သာယာဝတီထောင်၊ ...
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီကနေ့မှာ အရေအတွက် အနည်းငယ် ပြန်လည် လွတ်မြောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ သွားရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေး လိုက်တာပါ။ အပြည့်အစုံကို ရန်ကုန်၊ အင်းစိန်ထောင်ရှေ့သွားရောက်ပြီး လွတ်မြောက်လာသူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
အင်းစိန်ထောင်၊ သာယာဝတီထောင်၊ ...
တောမီးရှို့မှုနဲ့ ရဲစခန်းမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင် တိုင်ကြားထားတဲ့ အမှုကို မေလ ၂၇ ရက်နေ့ တရားရုံးတင်မယ်လို့ ရဲစခန်းက ပြောပါတယ်။ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပင်လောင်းမြို့နယ် ကိုးကွေ့ရွာနားက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်တဲ့ သရက်ပင်တွေ တောမီးလောင်တဲ့အထဲ ပါဝင်ပျက်စီးသွားတဲ့အတွက် အဲဒီအနီးက တောင်ယာခုတ်သူ ကိုးကွေ့ရွာသား ၇ ဦးနဲ့ တောင်ကျ ရွာသား ၄ ဦးကို မီးလောင်မှုမှာ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရေးယူပေးဖို့ တိုင်ကြားတဲ့အတွက် ပင်လောင်းရဲစခန်းက ဖမ်းဆီးခဲ့တာပါ။ပင်လောင်ရဲစခန်း တာဝန်ရှိသူတဦးက “သူတို့ကို အပေါ်ကနေ တိုင်စာနဲ့ အမှုဖွင့်ခိုင်းလို့ ကျနော်တို့ စခန်းမှာချုပ်ပြီး အမှုဖွင့်ထားပါတယ်။ သမ္မတရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမောင်ကနေပြီး တိုင်စာနဲ့ ပေးထားတယ်ခင်ဗျ။ ၂၇ ရက်နေ့ကို ကျနော်တို့ တရားရုံး တင်ပေးရမှာ။ ရမန်ကြီး ၂ ပတ်။ ရဲလုပ်ငန်းအကုန်စင်အောင် လုပ်ရမှာ” လို့ ပြောပါတယ်။ရွာသားတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကယန်း နဲ့ ကရင်နီ အဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ခေါင်းဆောင် ခွန်းဘီဒူးက “ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတခု၊ အာဏာဖီဆန်မှု၊ နယ်မြေကျူးကျော်တာတွေ ပုဒ်မ ၆ ခုလောက်နဲ့ ဖြစ်ပါတယ်။ ရွာသားတွေကို မတရားဖမ်းပြီး ပုဒ်မတွေလျှောက်တပ်တာမျိုးက မလုပ်သင့်ဘူး” လို့ ပြောပါတယ်။ဝန်ကြီး ဦးစိုးမောင်ရဲ့ သရက်ပင်တွေမီးလောင်တဲ့ နေရာနဲ့ ရွာသားတွေတောင်ယာခုတ်တဲ့ နေရာဟာ အင်မတန်ဝေးကွာပြီး အလယ်မှာ ချောင်း ၃ ချောင်း ခြားနေသလို အဖမ်းခံရွာသားတွေဟာ တောမီးကို မရှို့ခဲ့ဘူးလို့ ဆိုပါတယ်။ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပင်လောင်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ရွာသားတွေ အပြစ်ရှိမရှိ တချို့တ၀က် စစ်ဆေးပြီးပြီလို့ ပြောပါတယ်။“လောလောဆယ် သူတို့ရှို့တဲ့နေရာတော့ ပြတယ်။ အခင်းနဲ့တော့ နည်းနည်းဝေးပါတယ်။ တောမီးတော့ တောမီးပဲ။ သူတို့က တောင်ယာခုတ်တာ။ တောမီးက လေ့သင့်ရာလောင်တာ ဆိုတော့ ကျနော်တို့က မျက်မြင်သက်သေကလည်း မရှိ၊ တိုင်ထားတဲ့သူကတော့ အတိအကျ တိုင်ထားပါတယ်။ စွဲတင်ပြီးရင်တော့ အခြေအနေက ပြောင်းရင် ပြောင်းသွားမှာပေါ့။”အဲဒီနေရာဟာ ပေါင်းလောင်းကြိုးဝိုင်းနဲ့လည်း နီးတဲ့အတွက် ရွာသားတွေ တောင်ယာမခုတ်ဖို့လည်း ဒီနှစ် ဖေဖော်ဝါရီလတုန်းက ၀န်ခံချက် လက်မှတ်ထိုးခဲ့ရတယ်လို့ ခွန်းဘီဒူးက ဆိုပါတယ်။သူတို့လွတ်မြောက်ရေးအတွက် ကယန်းအမျိုးသားပါတီကရော ကယန်းလူငယ်အဖွဲ့တွေပါ သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၊ မြို့နယ်မှူး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရုံး စသဖြင့် ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။မီးလောင်မှုကြောင့် ၀န်ကြီးရဲ့ သရက်ပင်ပေါင်း ၅၀ ကျော် ဆုံးရှုံးတာကို နယ်မြေခံ တောအုပ်ကြီး၊ ရဲမှူး နဲ့ ရာအိမ်မှူးတို့က စစ်ဆေးတွေ့ရှိခဲ့ပေမယ်လည်း ၀န်ကြီးကိုယ်စားလှယ် ဦးစိုးမင်းထွေးက သရက်ပင် ၅၀၀ ကျော်ဆုံးရှုံးမှုနဲ့ ဖမ်းဆီးအရေးယူပေးဖို့ တိုင်တမ်းခဲ့တာလို့ ခွန်းဘီဒူးက ပြောပါတယ်။ရွာသားတွေ ပြန်လွတ်လာရေးအတွက် ကယန်းအဖွဲ့အစည်းက ရှေ့နေငှားရမ်းပြီး အမှုမှန်ပေါ်ရေး ကြိုးပမ်းသွားမှာဖြစ်သလို တရားရင်ဆိုင်ပြီးမှ ရွာသားတွေ မလွတ်လာဘူးဆိုရင် သတင်းစာရှင်းလင်းပွဲ၊ ဆန္ဒပြပွဲတွေ တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။မေ ၁၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး၊ ကယန်းအမျိုးသမီးများအစည်းအရုံး၊ ကောင်ရွေ လူမှုလှုပ်ရှားမှုဆောင်ရေးရေး ကွန်ရက်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၆ ခုက ၀ိုင်းဝန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။ by နန်းမြနဒီ (ဒီဗွီဘီ)
http://feeds.feedburner.com/thithtoolwin/yIWV
ရှမ်းပြည်နယ် ကလောမြို့တွင် ဖြစ်သော မုန်တိုင်းဒဏ်ကြောင့် ရွှေတွင်း လုပ်သား သေဆုံးခဲ့ပြီး နောက် လုပ်သား ၁၂၀ လုပ်ငန်းမှ နှုတ်ထွက်ခဲ့ကြကြောင်း အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီ မှ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။
“သဘာဝအန္တရာယ် နဲ့ကြုံရပြီး ၊ သူတို့မျက်စိရှေ့မှာ လူသေတာတွေလည်း မြင်ရတဲ့အတွက် လူသဘာဝ အရ ဒီနေရာမှာမလုပ်ချင်တော့လို့ ထွက်ကြတာ” ဟု ၄င်းက ဆက်ပြောသည်။
မေ လ ၂ ရက်နေ့ နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် တွင်းပြိုခြင်း ၊ သစ်ပင်ပိခြင်း တို့ကြောင့် ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာ ရရှိသူ ၈ ဦးခန့် ရှိခဲ့ကြောင်းြ့ပည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့ကြောင်း သတင်းများတွင် လူရာကျော်သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုမ္ပဏီမှ ငြင်းဆိုသည်။
“ဖြစ်စဉ်က တစ်နာရီလောက်ပဲကြာတယ် ၊ ၁၂ ခွဲကနေ ၄၅ မိနစ် လောက်ထိပဲ မုန်တိုင်းဒဏ်ကို ၁၅ မိနစ်လောက်ပဲ ခံရတာ ၊ သေဆုံးရတာ အများစုက သစ်ပင်ပိသေတာပါ” ဟု ဦးမြင့်ဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်နေစဉ်ချိန်တွင် ၄င်းလည်း လုပ်ငန်းခွင်တွင်ရောက်ရှိနေ၍ မုန်တိုင်းဒဏ်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်လွတ်ခဲ့ပြီး ၊ လက်ရှိ သေဆုံးသူ ၁၇ ဦး အတွက် အာရှကမ္ဘာမြေ မှ လျော်ကြေးငွေ အဖြစ် အရာရှိတစ်ဦးကို သိန်း ၂၀ နှင့် ကျန်ဝန်းထမ်းများကို ၁၀ သိန်း စီပေးခဲ့ကြောင်း ၊ Golden Star Inn ကုမ္ပဏီမှ သေဆုံးသူ ၈ ဦးအတွက် ၁၃ သိန်းနှင့် Royal Star ကုမ္ပဏီမှ သေဆုံးသူ ၁ ဦးအတွက် သိန်း ၂၀ နှင့် ကျန်အရပ်သား များအတွက် ၂ သိန်းပေးခဲ့ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV
ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အဲဒီပါတီကို ညွှန်ကြား လိုက်ပါတယ်။ အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး
http://feeds.feedburner.com/thithtoolwin/yIWV
သမ္မတရဲ့ အမေရိကန်ခရီးစဉ် မစခင်လေးမှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်။
နိုင်ငံရေး အကျဉ်းသား
ရခိုင်ပြည်နယ် မောင်းတော ခရိုင် အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ကလေး မွေးဖွားနှုန်းကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရ အမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။ မောင်းတော ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြားရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေး မွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် အင်းစိန်အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၁၀) ဦး၁. ကံမင်းသာ၂. စိုင်းတင်မင်းကို၃. ထွန်းထွန်းဦး၎. စိုင်းခန်းလှ၅. ၀င်းမြင့်၆. ဟေမာနေ၀င်း၇.ရဲထွဠ်ခေါာင်၈. ကျော်မိုးထက်၉.စိုးရွှေ (ခ) ပညာဝံသ၁၀. အောင် နိုင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက်တောင်ငူထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၂) ဦး(၁)စောရှဒြ(၂) စိုင်းသီဟယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် သာယာဝတီထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား (၅) ဦး(၁) အေးမင်းနိုင်(၂) စန်းစန်းမော်(၃) ထက်ကိုလွင်(ခ) ဘုန်းကြီး(၄)ကျော်ဇင်ဦး(ခ) ဖိုးကျော်(၅) ဇော်လွင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် မန္တလေးအကျဉ်းထောင် မှ လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသား (၁) ဦး(၁)ဌေးလွင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် အင်းစိန်အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၉) ဦး၁. ကံမင်းသာ၂. စိုင်းတင်မင်းကို၃. ထွန်းထွန်းဦး၎. စိုင်းခန်းလှ၅. ၀င်းမြင့်၆. ဟေမာနေ၀င်း၇.ရဲထွဠ်ခေါာင်၈. ကျော်မိုးထက်၉.စိုးရွှေ (ခ) ပညာဝံသယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် မအူပင် အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၁) ဦး၁. နေမျိုးဇင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက်တွင် လွှက်မြောက်လာ ကြသော နိုင်ငံရေးအကျဉ်းသား များကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ကြိုဆိုပါတယ် နိုင်/ကျဉ်း မှလည်း ကျန်းမာရေး၊လူမှုရေးစောင့်ရှောက်မှု များကိုတက်နိုင်သလောက်ကူညီပေး နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သို့ဆက်သွယ်ကြပါရန်လေးစားစွာပန်ကြားပါတယ်။ဆက်သွယ်ရန်လိပ်စာတိုက်အမှတ်(၁) အခန်းအမှတ်(၂၀၁) ၁၅၄ လမ်း တာမွေကြီး(က/ဂ)ရပ်ကွက် တာမွေမြို့နယ် ရန်ကုန်မြို့ဆက်သွယ်ရန် ဖုန်းဦးသက်ဦး ၀၉ ၇၃၁၀၇၉၃၃ဦးဘိုဘိုထွန်း ၀၉ ၇၃၀၁၇၅၃၆ဦးဇော်လင်းအောင် ၀၉ ၇၃၀၈၃၀၇၅ဦးစိန်လှိုင် ၀၉ ၄၉၅၈၁၅၉၅ဦးကျော်ဆန်း ၀၉ ၄၃၁၂၆၅၉၀ဦးထွန်းကြည် ၀၉ ၄၉၂၅၅၀၂၄ဦးဘမျိုးသိန်း ၀၉ ၄၃၁၅၄၉၄၉ဦးတင်မောင်ဦး ၀၉ ၅၅၀၁၄၂၉ဦးမြင့်အောင် ၀၉ ၅၁၃၄၆၈၅မမေမေသန်း ၀၉ ၄၂၀၀၃၅၉၃၅ဦးရဲအောင် ၀၉ ၄၉၅၉၀၄၉၅ဦးသော်ထွန်းဦး ၀၉ ၄၂၁၁ ၃၄၁၃၅ဦးလှဋ္ဌေး ၀၉ ၄၃၀၉ ၄၂၅၉Former Political Prisoners
http://feeds.feedburner.com/thithtoolwin/yIWV
Pages