You are here

Feed aggregator

စိတ်တိုတတ်တဲ့မျောက်

Thet Tant cho - Sat, 05/18/2013 - 02:10
တစ်ခါတုန်းက တောအုပ်လေးတစ်အုပ်တွင် မျောက်လေးတစ်ကောင်နေထိုင်သည် ။ ထိုမျောက်လေးသည် စိတ်လည်းအလွန်တိုတက်ကာ ဘယ်အရာကိုမှ ရှည်ရှည်မတွေးတတ်ပဲ ပြီးစလွယ်နေထိုင်သည် ။တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်နှင့်ရောက်ရှိလာပြီးလယ်သမားတစ်ဦး၏ ခြံနားသို့ချဉ်းကပ်လာမိသည် ။ မျောက်ကားဤသို့စဉ်းစား၏ ။“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရင်တော့ လယ်သမားမသိတန်ရာဘူး ” ဆိုပြီး လယ်သမားအိမ်နားကိုချဉ်းကပ်သွားတော့တယ် ။ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ ပဲစေ့တွေကို တစ်ခုခုနဲ့ထည့်ယူဖို့မစဉ်းစားပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူလာခဲ့တဲ့အတွက် နည်းနည်းပဲယူလာနိုင်ခဲ့တယ် ။ ဒီလိုနဲ့ပြန်လာတဲ့လမ်းတလျောက်မှာ ပြေးရင်းလွှားရင်းနဲ့လက်ကြားထဲကပဲစေ့တစ်စေ့ကထွက်ကျသွားခဲ့တယ် ။ဒီတော့ မျောက်ဟာ အဲဒီထွက်ကျသွားတဲ့ ပဲစေ့တစ်စေ့ကိုလိုက်ကောက်ဖို့ကြိုးစားတဲ့အခါ လက်ထဲကပဲစေ့ အစေ့ ၂၀ လောက်ထွက်ကျသွားပြန်တယ် ။ ဒီလိုနဲ့ကျသွားတဲ့ပဲစေ့တွေလိုက်ကောက်ဖို့ကြိုးစားလိုက်လက်ထဲကဆုပ်ထားတဲ့ပဲစေ့တွေထွက်ကျလိုက်နဲ့ ချာချာလည်နေပြီးနောက်ဆုံးမှာတော့ မျောက်ဟာ စိတ်တိုပြီးလက်ထဲရှိသမျှ ပဲစေ့တွေအကုန်ပစ်ချပြီး လက်ဗလာနဲ့ပဲ တောထဲပြန်ဝင်သွားခဲ့ပါတော့တယ် ။==========================ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို အသုံးမချပဲ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက် နှမျောတသ လိုက်လံဆယ်ယူနေတုန်းလက်ရှိအခွင့်အရေးတွေပါ ထပ်မံဆုံးရှုံးရတတ်ပါတယ် ။လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမှာပါပဲအကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထားလို့မရနိုင်ပါဘူး အချို့သောအရာတွေလွတ်ကျပါစေ . . .ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တဲ့အရာတွေကိုတော့ လွတ်ကျသွားတဲ့တချို့သောအရာတွေအတွက် ထပ်မံအဆုံးရှုံးမခံပါနဲ့ ။သက်တန့်ချိုA monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။ စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Categories:

သမ္မတဦးသိန်းစိန် အမေရိကန်ထွက်ခွာ (ဓာတ်ပုံများ)

BBC News - Sat, 05/18/2013 - 02:06
သမ္မတဦးသိန်းစိန် အမေရိကန်ထွက်ခွာ

မထူးဆန်းတဲ့ ပန်းချီ

Thet Tant cho - Sat, 05/18/2013 - 02:05
မထူးဆန်းတဲ့ ပန်းချီ နှုတ်ခမ်းပါးကိုစပြီးအဓိပ္ပါယ်ဖွင့်ကြည့်တယ် ထွက်ကျလာတဲ့နှောင်ကြိုးတွေက အဖြူရောင်မှဟုတ်ရဲ့လား ရမ္မက်တစ်ခုနဲ့အာသီသဟာလေးညှို့ကိုင်းမှာတွယ်ချိတ်လို့ အနောက်တောင်မှာ မိုးတောင်စွေနေပါရော့လား ... ။ အနီရောင်ဖဲကြိုးက သိပ်သည်းမဲမှောင်လွန်းတယ် ကာဖီရေတွေအေးစက်ပျံ့ကျဲ ငါ့အခန်းငယ်မှာ ပေါ့ထရိတ်ပန်းချီတွေ အကြောင်းပြချက်တော့ရှိပါလိမ့်မယ် ဘယ်လိုတွယ်ငြိချိတ်ဆက်ခဲ့ပုံတွေ စတဲ့ ... ။ မုဒ်က ဘယ်လိုကစပြီးမ၀င်ရတာလဲ ပြိုကျလာတဲ့ကောင်းကင်မှာ ဆန္ဒတွေက လှောင်တယ် ငါကလည်းမိုက်မိုက်မဲမဲမှောင်တဲ့ကောင်မို့ ဘာများဆန်းသလဲ လေယူရာယိမ်းရအောင်လည်း အိပ်မက်တွေက တာရှည်ခံပစ္စည်းတွေမှမဟုတ်ပဲ ... ။ ကြေသွားပြီဆိုပါတော့ ပွင့်ဖတ်အနွမ်းလေးတစ်ဖတ်မှာ ရေခိုးရေငွေ့တို့ချိတ်တွဲ . . အလဲအကွဲ ယစ်မူးနေလိုက်ပုံ .. ။ ထုတ်မကြည့်ဘူးဆုံးဖြတ်ထားခါမှ ခဏခဏထုတ်ကြည့်ဖြစ်တယ် ဘ၀ဆိုတာ သာသာယာယာပါပဲ တဲ့ ခဏခဏပြောတဲ့သူ့ နှုတ်ခမ်းပါးမှာ အာရုံငါးပါးဟာ တိမ်စိုင်တွေ လို ...။ သက်တန့်ချို စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Categories:

အတောင်ချိုးခံရတဲ့ ဌက်တကောင် အကြောင်း

ex-absdf - Sat, 05/18/2013 - 01:04
by Ye Min Tun (Notes) on Tuesday, May 14, 2013 at 9:04am ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်နှင့်တကွ နောက်လိုက်စစ်ထောက်လှမ်းရေး အပေါင်းတွေရဲ့ တချိန်က ကျောင်းသားတွေ အပေါ်ထားခဲ့သော မေတ္တာစေတနာတွေကို ပြန်သတိရလို့ ကျနော့်ကြုံခဲ့ရတဲ့ ခံစားချက်လေး ချရေးလိုက်ပါတယ်။ ထောင်ခုနှစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံပြီး လွတ်ရက်စေ့လို့ လွတ်လာတဲ့ကျနော်။ အင်းစိန်ထောင်ကြိုးတိုက်ထဲမှာ အကြာကြီး ပိတ်လှောင်ခံထားရလို့ ပိုးဟပ်ဖြူ ဖြစ်နေတဲ့ ကျနော် တယောက် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းရဲ့ နေ့တနေ့မှာတော့ အလွန်ဝမ်းသာနေပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်ရဲ့ ကျောင်း စိန်ပေါလ်ကျောင်းလို့ လူသိများသော အထက (၆) ဗိုလ်တထောင် သွားပြီး ကျောင်းပြန်တက်ဖို့ ကိစ္စအ၀၀ စီစဉ်ရန်ဖြစ်မှာမို့ပါ။အိမ်က သန်းခေါင်စာရင်းနှင့် ထောင်ထွက်လက်မှတ်ကိုင်လို့ ထွက်အလာမှာပဲ အိမ်ရှေ့ မျက်စောင်းထိုးက ဘန်ဒါပင်အောက် ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ လူနှစ်ယောက် စလိုက်လာပါတယ်။ သူတို့က သားရေအိတ်ကိုယ်စီ လွယ်ထားကာ မိုက်ကြည့်ကြည့်ပြီး လိုက်လာတာဖြစ်လို့ သိလိုက်တာတော့ ဒီလူတွေက စစ်ထောက်လှမ်းရေးတွေပါ။  ကုန်သည်လမ်းမမှာ ရှိတဲ့အဖေ့အိမ်ကနေ စထွက်တာနဲ့ လိုက်လာတဲ့ သူတို့ကို ကြည့်မရတာနဲ့ ကျောင်းကို တည့်တည့်မသွားတော့ပါ။ အနော်ရထာလမ်းအတိုင်း တက်သွားပြီး ဟိုးဆူးလေထိပ်မှာ ရှိတဲ့ ဆူးလေကျောက်ကျော အရင်သွားသောက်ပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံတွေ အကုန်လုံးကို ပတ်ပြီး ရုပ်ရှင်ကြေငြာဓါတ်ပုံတွေ လိုက်ကြည့်တယ်။ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လျှောက်လာပြီး တခါ လမ်း(၄၀) အထက်လမ်းထဲဝင် ငယ်ပေါင်းကြီးဖေါ်တွေ ၀င်ရှာသေးတယ်။ ပြီးမှ အနော်ရထာလမ်းဖက် ပြန်ထွက်လာပြီး ကျနော့်ကျောင်းဖက်ကို သွားတဲ့အချိန်မှာတော့ ဟိုလူနှစ်ယောက်မျက်နှာ ကျွဲမြီးတိုနေပါပြီ။ကျောင်းရှေ့ပေါက်က ၀င်ပြီး။ ကျောင်းရဲ့ အောက်ထပ်က ရုံးခန်းသေးလေးမှာ ကျနော်နှင့်သိပြီးသား ဆရာအချို့ တာဝန်ကျနေလို့ စကားပြော နှုက်ဆက်ပြီး။ ကျနော်လာရင်းကိစ္စပြောတဲ့ အခါမှာတော့ ကျနော်ကျောင်းပြန်တက်ဖို့ မြို့နယ်ပညာရေးမှူးရုံးက လက်မှတ်ရယ်။ ရပ်ကွက်ထောက်ခံစာရယ်။ ရဲစခန်းထောက်ခံစာရယ်။ မ၀တ ထောက်ခံစာရယ်လိုပါတယ်တဲ့ ဘာဖြစ်လို့လည်းဆိုတော့ ထောင်ကလွတ်လာလို့ပါ။ ကျနော်လည်းပြောတာပေါ့ ဆရာရယ် ကျနော်က ခိုးဆိုးလုယက်ပြီး ထောင်ကျတာမှ မဟုတ်တာ ဆိုတော့။ ဆရာတွေက သားရယ် ဆရာတို့ကို နားလည်ပါ။ ဆရာတို့ဆန္ဒနှင့် သားကိုတောင်းနေတာ တခုမှမရှိပါဘူးကွာတဲ့။ဒီလိုနှင့်ရက်ပေါင်းများစွာ ရက်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာယူလို့ပြီးတော့ မ၀တ ထောက်ခံစာက မရပါဘူး။ မြို့နယ်ပညာရေးမှူးရုံးက ထောက်ခံစာရမှ မ၀တက ထောက်ခံပေးပါမယ် ဆိုလို့ တခါ မြို့နယ်ပညာရေးမှူးရုံးကို သွားပြန်တော့။ မြို့နယ်က ကျောင်းကအောင်လက်မှတ်ပါမှ ဆိုတော့ ကျနော်မှာ ထောင်မကျခင်ထဲက အိမ်မှာရှိသမျှ ငယ်ငယ်ထဲက ကြီးလာတဲ့အထိ ဓါတ်ပုံတွေ ကျောင်းနှင့် ပတ်သက်သော ဆုတံဆိပ် သင်တန်းဆင်းလက်မှတ်ကစလို့ အမျိုးသားနေ့ဟောပြောပွဲဓါတ်ပုံပါမကျန် စစ်ထောက်လှမ်းရေးတွေ လာသိမ်းသွားပြီလေ။ဒီတော့ကျောင်းကို ပြန်သွားတဲ့အခါမှာတော့ ကျောင်းက နွေရာသီကျောင်းပိတ်နေပြီးတာလား စာမေးပွဲအချို့ဖြေနေတာလားတော့ မသိပါဘူး။  အဲဒီမှာအောက်ရုံးခန်းမှာ တာဝန်ကျနေတာက ခုနှစ်တန်းတုန်းက ဆရာမတယောက်လည်းပါတယ်။ ကျနော်ကိုးတန်းတက်တုန်းက ဆရာ တယောက်လည်းပါတယ်။ ဆရာမက အားရ၀မ်းသာ နှုက်ဆက်ပြီး။ လက်ဖက်ရည်ဖျော်တိုက် မုန့်တွေလည်း အတင်းစားခိုင်း ဆရာရော ဆရာမ နှစ်ယောက်လုံးရော ကျောင်းရုံးခန်းထဲ ၀င်ထွက်ကြတဲ့ ဆရာဆရာမအချို့ပါ ၀မ်းသာကြတယ်။ ဒီလိုနှင့်လာရင်းကိစ္စပြောတဲ့ အခါမှာတော့ ပြဿနာစပါပြီ။ ဆရာရော ဆရာမပါ စာအုပ်တွေ တထပ်ပြီး တထပ် ရှာတယ်။ ကျောင်းဝင်အမှတ် ၁၁၄/၈၀ မောင်ရဲမင်းထွန်း(ဘ)ဦးတင်ထွန်းဝေ ဆိုတဲ့ ကျောင်းသားကို ရှာမတွေ့ပါဘူး။ ဒီလိုနှင့် ဖုန်းတွေဆက်ကြ မေးကြ ရှာကြပြီး ဆရာတို့က နောက်နေ့ ပြန်ချိန်းလိုက်တယ်။နောက်တနေ့ကိုရောက်လာတဲ့အခါမှာတော့ အိမ်ကနေ ၀မ်းသာစွာနဲ့ ထွက်မိတယ်။ ငါမကြာခင် ကျောင်းပြန်တက်ရတော့မယ်။ ပညာရေးကို အမြင့်မားဆုံးသင်ယူမယ်လို့ ထောင်ထဲမှာ ရည်ရွယ်တဲ့ ကျနော်ရင်ထဲမှာ မျော်လင့်ချက်တွေအပြည့်နှင့်ပေါ့။ အိမ်ကထွက်ထဲတာနှင့် လိုက်နေကြ နှစ်ယောက်ကလည်း အနောက်ကပါလို့။ ကျောင်းရောက်တော့ ကျနော်ကိုမြင်တာနှင့် ထိုင်ခိုင်းပြီး အပြင်ထွက်လိုက် အထဲဝင်လိုက် ဖြစ်နေတဲ့ တာဝန်ကျ ဆရာဆရာမတွေကို ကြည့်ပြီး ရင်တုန်နေတယ် ဘာများဖြစ်ပြီလည်း တခုခုတော့ ဖြစ်ပြီဆိုတာ သိနေပြီ။ နောက်တော့ ဆရာလာထိုင်ပြီး စကားပြောဖို့ ချောင်းဟန့်လိုက် ဖြစ်နေပြီး စကားတွေ ခံနေတာ အရှည်ကြီးဖြစ်နေလို့ ကျနော်က ဆရာပြောပါ အားမနာပါနှင့်  ဆိုမှ။“သား မောင်ရဲမင်းထွန်း ဆရာတို့ မင်းကို ကိုယ်ချင်းလည်းစာတယ် အရမ်းလည်း အားနာတယ်ကွာ မင်းကို ဆရာတို့ ဘာမှထုက်ပေးစရာ မရှိပါဘူး။ မှတ်တမ်းကို မရှိတာ။ ဆရာတို့လုပ်တာ တခုမှ မပါဘူးနော် သားလည်းသိမှာပါ ဆရာတို့က ၀န်ထမ်းတွေ သက်သက်ပါ ဘာအာဏာမှ မရှိဘူးနော်”ကျနော်တုန်လှုပ်သွားတယ်။ ဗျာ… ကျနော်ခြောက်နှစ်သားထဲက တက်ခဲ့တဲ့ကျောင်းမှာ ကျနော့်မှတ်တမ်း မရှိတော့ဘူး။ စိတ်ထဲ ခိုကိုးရာမဲ့သွားသလို ခံစားလိုက်ရတယ်။ ၀မ်းနည်းလာမိတယ် ထောင်ထဲမှာ နေ့တိုင်းတွေးနေတဲ့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားမယ်။ အများကြီးသင်ယူဆိုတဲ့ ကျနော်အားတင်းလာတဲ့ ခြောက်နှစ် တလသော ညဆိုးတွေရဲ့ မျော်လင့်ချက်ကြီး ပြိုလဲသွားပြီ။ မျက်ရည်တွေ ပေါက်ပေါက် ကျလာတဲ့ ကျနော့်ကို ဟာကွာဆိုပြီး ဆရာက ထလာကာ ပုခုံးလာညှစ်ပြီး“သားရယ် ယောကျာင်္းပဲကွာ စိတ်တင်းထား မင်းဘ၀မှာ မင်းကြိုးစားလို့ ရနိုင်တာတွေ အများကြီး အားတင်းထားစမ်းပါ။ ဆရာ့ကို ကတိပေး မင်းအကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ မင်းလုပ်နိုင်ပါကွ မင်းက တကယ့်ကောင်ပါကွာ ဆရာတို့ အများကြီးမျော်လင့်တယ် သားရယ် အားမလျော့စမ်းပါနှင့်”ပြောခါမှာ ကျနော် ထလိုက်တယ်။ ဆရာကျနော်သွားတော့မယ်လို ပြောရင်း ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်တော့ အနီးနားက ဆရာမအချို့ ကျနော်ကို ဂရုဏာ သက်နေတဲ့မျက်လုံးတွေနှင့် ကြည့်နေတာကို မခံနိုင်တော့ဘူး ခပ်သုတ်သုတ်ထွက်လာတဲ့ ကျနော်နောက်ကို့ ဆရာက ပြေးလိုက်လာပြီး။“သား ဆရာတို့ကို အထင်မလွဲနှင့်နော် ဆရာတို့ဘာမှ မလုပ်ပါဘူး။ ဆရာတို့ဘ၀ကို သားနားလည်တယ် မဟုတ်လားဆိုပြီး” လိုက်ပြောတဲ့ ဆရာ့ကို ကျနော် ပြန်ပြောလိုက်ပါတယ်။"စိတ်ချပါ ဆရာရယ် ကျနော် သိပါတယ် ဘယ်သူတွေ လက်ချက်ဆိုတာ။ ဆရာလည်း ဆရာမတို့ကို ပြန်ပြောလိုက်ပါ ဆရာတို့ ဆရာမတို့ကို ကျနော်ကန်တော့ခဲ့ပါတယ်။ ဆရာတို့ အပြစ်မဟုတ်ပါဘူး ကျနော်သိပါတယ်"  လို့ပြောလိုက်တော့ ညိုမှောင်နေတဲ့ ဆရာမျက်နှာက မျက်ရည်တပေါက် ကျလာတာကို တွေ့လိုက်ရတယ်။ ငယ်ငယ်က အရိုက်ကြမ်းတဲ့ဆရာ ကျနော်တို့ မော့မကြည့်ရဲသောဆရာ မျက်နာတည်တဲ့ဆရာ၏ မျက်နှာက မျက်ရည်ကြောင့် ကျနော် ရှိုက်ငိုမိတယ်။ ကျနော် သွားတော့မယ် ဆရာဆိုပြီး ထွက်လာတော့ ဆရာက သဘက်သားပုဝါနှင့် ကျနော်မျက်နှာက မျက်ရည်တွေကို သုတ်ပြီး။“သားငိုပြီး မသွားပါနဲ့ ဆရာကို ကတိပေး မငိုတော့နှင့် မင်းကြိုးစားပါ ကြိုးစားမယ်မဟုတ်လား”  လို့မေးလာတော့ ကျနော် ခေါင်းညိမ့်ပြလိုက်တယ်။ ဆရာက သူ့အိတ်ထဲက ဖေါင်တိန်ကို ကျနော့အကျီအိတ်ထဲ ထည့်ပေးလိုက်ပြီး ပုခုံးပုတ်လွှတ်လိုက်ပါတယ်။ ကျနော်လို ၁၉ နှစ်အရွယ်မှာ ထောင်ကျပြီး အသက် ၂၅ နှစ်အရွယ်မှာ ထောင်ကလွတ်လာခါစ လူငယ်တယောက်ရဲ့ စိတ်ထဲ ဘယ်လိုဖြေနိုင်မှာလည်း။ကျောင်းတံခါးမကြီးကနေ ထွက်လိုက်တော့ မျော်လင့်ချက်တွေ ကုန်ဆုံး သွားသလို ခံစားလိုက်ရတယ်။ ပူပြင်းနေတဲ့ နေရောင်အောက်က ကျနော် တယောက်။ သစ်ပင်အောက် အရိပ်ကနေ ကျနော်ကို စောင့်ကြည့်နေတဲ့ စစ်ထောက်လှမ်းရေး နှစ်ယောက်ကို ဘုကြည့် ကြည့်လိုက်ပြီး။ နေပူထဲမှာ ဦးတည်ရာမဲ့ လျှောက်ခဲ့တော့တယ်။ချစ်ခင်စွာဖြင့်ရဲမင်းထွန်း
Categories: Myanmar Blogs

နာဇီဝါဒဆိုတာ

ex-absdf - Sat, 05/18/2013 - 00:29
Myo Set's photo.Feb 10/2013 Status ရခိုင်ကိစ္စနဲ့ နာဇီဝါဒလို့ပြောပြောနေကြလို့အစက မရေးဘဲနေမလို့ဘဲ။ အခုတော့ ရေးချင်စိတ်ဖြစ်လာမိတယ်။ နာဇီဝါဒဆိုတာ ဆိုရှယ်လစ်အမျိုးသားရေးဝါဒလို့တော့ အကြမ်းဖျင်းခေါ်ကြပြီး နာဇီပါတီက လူတွေသုံးစွဲတဲ့ဝါဒလို့ခေါ်သတဲ့။ အစွန်းေ၇ာက်လက်ယာဂိုဏ်းတွေဖြစ်ပြီး လက်ဝဲတွေနဲ့ အခါးသီးဆုံးရန်ဘက်တွေဖြစ်တယ်။ လက်ယာစွန်းတွေဆိုတာက ရှေးရိုးအစဉ်အလာနဲ့ နဂို Social Order အတိုင်းရှိနေလိုသူတွေလို့ဆိုလိုတာ။ ကိုယ့်အသိုင်းအဝန်းမှာပဲကိုယ်နေထိုင်ပြီး သူစိမ်းကို မျက်မှောင်ကုတ်ကြည့်တတ်တဲ့သူတွေပေါ့။ ဒါကြောင့်နိုင်ငံတစ်ခုမှာ လက်ယာဆန်တဲ့ပါတီ အာဏာရရင် လ.ဝ.က ပေါ်လစီတွေကြပ်ပြီး လက်ဝဲယိမ်းတွေအာဏာရရင် လ.ဝ.က ပေါ်လစီတွေပျော့ပြောင်းတတ်တယ်။ ဒါကေယဘုယ်သေဘာပါ။ ဒီလက်ယာစွန်းနာဇီဆိုတာ ဖက်ဆစ်ဝါဒရဲ့ တစ်စိတ်တစ်ပိုင်းလို့ဆိုကြတယ်။ ဖက်ဆစ်ဝါဒထွန်းကားလာပြီဆိုရင် အကြောင်းမဲ့ထွန်းကားတာမဟုတ်ဘူး။ ဒီဝါဒကို ဖြစ်စေတဲ့ အခြေခံနောက်ဖက် စီးပွားရေး၊ လူမှုရေးရှုခင်းတွေရှိတယ်။ ဒါတွေကို မြင်တတ်ရဦးမယ်။ ဒီဖက်ဆစ်ဝါဒဆိုတဲ့အထဲမှာ လူမျိုးရေးသန့်စင်မှု (Racial Purity)၊ လူမျိုးကြီးဝါဒ (Biological Superiority) စတာတွေပါတယ်။ အလွယ်ပြောရရင် ငါ့အမျိုးကလွဲလို့ ဘယ်ကောင်မှမကောင်းဘူးပေါ့။ မြန်မာပြည်ရဲ့ အနေအထားက တိုင်းရင်းသားတွေအများကြီး။ ဒီနိုင်ငံကိုလောလောဆယ် ဘာနဲ့ထိန်းထားတာလဲ။ ဒီဖက်ဆစ်ဆန်ဆန် လူမျိုးရေးနဲ့လား။ Fear လို့ အင်္ဂလိပ်လိုခေါ်တဲ့ အကြောက်တရား +တင်းကြပ်သောချုပ်ကိုင်မှုနဲ့လား သေချာစဉ်းစားကြည့်ပါ။ လူမျိုးရေးကို သိသိသာသာ အသားပေးတဲ့ စစ်တပ်တွေက ဘယ်စစ်တပ်တွေလဲ စဉ်းစားကြည့်ဖို့ကောင်းမယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာရခြင်းအကြောင်းတစ်ချက်ဖြစ်တဲ့ နာဇီပါတီထွန်းကားလာရခြင်းကို အောက်စဖို့ထုတ် ဒုတိယကမ္ဘာစစ်ကြီးဆိုတဲ့ စာအုပ်ထဲမှာ ဒီလိုရေးတယ်။ "နာဇီပါတီကြီးထွားလာရခြင်းသည် ဗာဆိုင်းစာချုပ်အရ စီးပွားရေးချွတ်ခြုံကျခဲ့သော ဂျာမနီအမျိုးသားတို့၏ အရှက်တရားမှစတင်သည်"တဲ့။ စီးပွားရေးအရ ဂျာမနီဟာ ထိခိုက်ခံစားနေခဲ့ရတယ်။ နောက်ပြီး စစ်ရေးနိုင်ငံရေးအရ အရှက်တရားတွေရနေခဲ့တယ်။ ဒါက ဂျာမနီက။ ဂျပန်မှာကျတော့ ဆာမူရိုင်းတွေ မေဂျီခေတ်ပြောင်းတော်လှန်ရေးအပြီးမှာ သူတို့ရဲ့ Social status ပျောက်သွားတယ်။ ဒီလူတွေဟာ ပါဝါရဖို့အတွက် ဂျပန်တပ်မတော်ကို ပြန်လည်ခိုဝင်ပြီး State Capitalism နဲ့ Imperialism ကိုအကောင်အထည်ဖော်ဖို့လုပ်လာတယ်။ အခြေခံသဘောတရားက Ultra-nationalism လို့ခေါ်တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ။ အဲ့ဒီကနေ Racist Ideology တွေဆင့်ကဲထွက်ပေါ်ပြီး ဂျပန်ဖက်ဆစ်ဝါဒဟာ ဧကရာဇ်ဟီရိုဟီတိုလက်ထက်မှာ ပေါ်ထွက်လာတယ်။ ဂျာမနီမှာ ဖြစ်ထွန်းရခြင်းထဲမယ် အခြေခံလူမျိုးရေးစိတ်ဓါတ်အပြင် စစ်ရှုံးလို့ အနှိပ်ခံရတဲ့အချက်တွေကလဲပါနေခဲ့တယ်။ ဂျပန်မယ်ကျတော့ Emperor နဲ့ ဒီ ဆာမူရိုင်းတွေကြားထဲက အင်အားပြိုင်ဆိုင်မှုတွေကနေ ထပ်ဆင့်ထွက်ပေါ်လာခဲ့တာဖြစ်တယ်။ လူတန်းစားမပျက်သုန်းရေးအတွက် ပါဝါအားပြိုင်မှုတွေကိုလုပ်ဖို့ အစွန်းရောက်အမျိုးသားရေးဝါဒတွေကို အသုံးချခဲ့ကြတယ်။ မြန်မာပြည်မှာကရော ဘယ်လိုလဲ။ တွေးဆနိုင်ကြဖို့အနည်းငယ်ရေးလိုက်တယ်။ တစ်ခါတစ်ခါကျရင် သူများ နာဇီဆိုလို့ ကိုယ်လဲ နာဇီကြခြင်းအတွက် စိတ်တော့ပျက်မိတယ်။ (မှတ်ချက်။ ။ အပေါ်က စာဟာ Contributing factors and background scenes of philosophical developments of Fascism and Nazism မျှသာဖြစ်တယ်။ တစ်ကယ့်တစ်ကယ်ကဒိထက်နက်ပါတယ်) 1
Categories: Myanmar Blogs

Today Market Rates (18 May 2013)

Mr slivermoon x rate - Sat, 05/18/2013 - 00:28
Saturday May 18, 2013. From Singapore (SG PNSL Market Zone) to YGN, 1 SGD: 738 Ks @02:00PM, SG PNSL Plaza - M D L Shop YGN OPEN Market Zone @YGN Time-12:30PM 100 Ks: 0.66 - 0.662 (China Yuan) 100 Ks: 3.16 - 3.15 (Thailand Baht) 100 Ks: 9.90 - 9.85 (Bangladesh Taka) 1 USD: 933 - 935 Ks 1 FEC: 933 - 935 Ks Earning : N/A 1 SGD: 750 Ks Gold: 698,000 Ks (YGN) | 698,000 Ks (MDY) YGN CLOSE Market Zone @YGN Time - 3:00PM ++++++ to be added ++++++ The rates may vary (+ / -) from time to time, depending on exchange amount, various market dealers and they are based on information supplied by leading market data contributors, SG PNSL - Myanmar Shops and YGN - eTm media broadcasting.
Categories: X- Rates

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၅)

ex-absdf - Fri, 05/17/2013 - 23:42
သစ်ထူးလွင်ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ဆေးဝါးတင်သွင်းမှု အထိနာဝန်ကြီးဦးစိုးမောင် တိုင်တန်းမှုဖြင့် ဖမ်းထားသူများကို မေ ၂၇ ရက် ရုံးတင်မည်ရှမ်းပြည်ကလော ရှိ ရွှေတွင်း လုပ်ငန်းခွင်အန္တရာယ် စိုးရွံ့၍ လုပ်သားရာကျော် နှုတ်ထွက်ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြားရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဇနီး နှင့် ကလေး ကန့်သတ်ပြီဗိုလ်ကြီးဟောင်းနေမျိုးဇင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ယနေ့ လွတ်မြောက်ပုဒ်မ ၄၀၁ ကျင့်သုံးမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမည်နှစ်၃၀ကျော် အရစ်ကျရောင်းမည့် အိမ်ရာစီမံကိန်း ၂၀၁၅ တွင် အပြီး တည်ဆောက်မည်မူအရ ဒဏ်ငွေ မပေးဆောင်နိုင်ကြောင်း ဦးဝင်းတင်ငြင်းဆို ယူနန် ဓာတ်ငွေ့ပိုက်လိုင်း ဆန့်ကျင်ရေး (ရုပ်/သံ)နိုင်ငံရေးအကျဉ်းသားတချို့လွတ်မြောက်အသိမ်းခံရသည့် လယ်မြေများ ပြန်ရရေး ထားဝယ်ဒေသခံများ တောင်းဆို ဒေါ်လာဈေး မြင့်တက်၍ စက်သုံးဆီများ ဈေးနှုန်း မြင့်တက်လာ မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည် မြန်မာ တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်း စက်ရုံ ယူနန် ဒေသခံတွေ ထပ်မံ ဆန္ဒပြFEC သမားများ ဒေါ်လာဘက် လှည့်လာ၍ ဒေါ်လာဈေး မြင့်တက်လာမူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေမြန်မာက အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိမြန်မာပြုပြင်ပြောင်းလဲရေး အမေရိကန်ထောက်ပံ့ကူညီမည်မုန်တိုင်းကြောင့်မသေ လှေမှောက်သေဆုံးခဲ့သူများပျဉ်းမနားမြို့ အမှတ် ၂ နဲ့ ၃၊ သကြားစက်ရုံမှာ အခြေအနေ တင်းမာနေ (ရုပ်/သံ) ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူတွေနဲ့ သွားရောက် တွေ့ ဆုံ (ရုပ်/သံ)၂၀၀၉ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်လက်ခံရယူဖိလစ်ပိုင် မြို့တော်ဝန် ခေါင်းပန်းလှန် ရွေး ကချင်ဒုက္ခသည်စခန်းများ ရိက္ခာခေါင်းပါး ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ဆေးဝါးတင်သွင်းမှု အထိနာPosted: 17 May 2013 06:45 AM PDTပြည်တွင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လို့ ပြည်ပသွင်းကုန် အမယ်တွေထဲမှာ ဆေးဝါး တင်သွင်းမှု အထိနာ ဆုံးပါလို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။အသင်းရဲ့ အတွင်ရေးမှူး ဦးဇော်မိုးခိုင်က “ဒေါ်လာ တန်ဖိုးတက်လို့ ဆေးဝါး ဈေးနှုန်းလည်း လိုက်တက်တာက ကောင်းတဲ့ လက္ခဏတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဆေးဝါး import လုပ်နေတဲ့ ကုမ္ပဏီတွေ အားလုံးက ဒေါ်လာနဲ့ တင်သွင်းနေရတာဖြစ်လို့ သူတို့ကိုတော့ အပြစ်သွားပြောလို့ မရဘူး။ ဒါကြောင့် ဒေါ်လာတန်ဖိုး တက်လာတာက ကျနော် တို့ ဆေးဝါးရောင်းချတဲ့ ဈေးကွက်အပေါ်မှာတော့ အထိဆုံးပါပဲ” လို့ ပြောပါတယ်။ပြည်တွင်သုံး ဆေးဝါးတွေရဲ့ ဆယ်ပုံကိုးပုံကို ပြည်ပကနေ တင်သွင်းနေတာဖြစ်လို့ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဆေးဝါးဈေးနှုန်းတွေကလည်း အတက်အကျရှိနေတာပါ။ဒီအတွက်ကြောင့် နိုင်ငံခြားဆေးဝါးတင်သွင်းရောင်းချနေတဲ့ ဆေးဝါးကုမ္ပဏီကြီး ၅ ခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆေးအမျိုးအမည် တခုအပေါ် ၄ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာပါ။ ဆေးအမယ်ပေါ်မူတည်ပြီး ခံနိုင်ရည်ရှိတဲ့  ဆေးအမယ် ဆိုရင်တော့ ဈေးမတက်ဘဲ ဆက်ရောင်းပေးနေတယ်လို့ သိရပါတယ်။အရင်ဈေးဟောင်းနဲ့ ၀ယ်ထားတဲ့ကုမ္ပဏီတွေရဲ့လက်ထဲမှာလဲ လက်ကျန်ရှိသေးလို့ ဈေးမတက်သေးဘဲ အရင်နှုန်းထားနဲ့ဘဲ ဆက်ရောင်းနေကြတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။တကယ်လို့  ဒေါ်လာဈေးက ပြန်မကျဘဲ လက်ကျန်ကုန်ပစ္စည်း ပြတ်လတ်ရင်တော့ ဆေးဈေးနှုန်းတွေ တက်နိုင်သလို ဒေါ်လာဈေး ဆက်တက်ရင်တော့ ဆေးဝါးတင်သွင်းတာ လျော့ကျမယ့် အခြေအနေ ရှိပါတယ်။ဦးဇော်မိုးခိုင်က “ဒေါ်လာဈေးတွေ တက်တဲ့ချိန်မှာ တင်သွင်းတဲ့သူက သူ့လက်ထဲမှာ stock အများကြီး မကျန်အောင် သတိထားပြီးတော့ တင်သွင်းမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးပြန်ကျခဲ့ရင် အရင် အမြင့်ဈေးနဲ့ဝယ်ခဲ့တာကို ဈေးမြင့်နဲ့ ပြန်ရောင်းဖို့က မလွယ်ဘူး။ ပြီးတော့ မြန်မာပြည်မှာက ဒေါ်လာဈေးကျရင် ဆေးဈေးနှုန်းပါ လိုက်မချတဲ့ကုမ္ပဏီက မရောင်းရဘူး။ ဒါကြောင့် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေက အရင်ဝယ်တဲ့ stock level လောက်တော့ ထားချင်မှထားတော့မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။နိုင်ငံခြားဆေးမျိုးစုံရောင်းဝယ်တဲ့ဈေးကွက်မှာ  အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေက ၃၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးတင်သွင်းနေပြီး ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ပြင်သစ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကနေလည်း တင်သွင်းနေပါတယ်။ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံက ပြည်ပကနေ နိုင်ငံခြားဆေးဝါးမျိုးစုံ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။by သိုက်ဇင် (ဒီဗွီဘီ)http://feeds.feedburner.com/thithtoolwin/yIWV၀န်ကြီးဦးစိုးမောင် တိုင်တန်းမှုဖြင့် ဖမ်းထားသူများကို မေ ၂၇ ရက် ရုံးတင်မည်Posted: 17 May 2013 06:30 AM PDTတောမီးရှို့မှုနဲ့ ရဲစခန်းမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင် တိုင်ကြားထားတဲ့ အမှုကို မေလ ၂၇ ရက်နေ့ တရားရုံးတင်မယ်လို့ ရဲစခန်းက ပြောပါတယ်။ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပင်လောင်းမြို့နယ် ကိုးကွေ့ရွာနားက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်တဲ့ သရက်ပင်တွေ တောမီးလောင်တဲ့အထဲ ပါဝင်ပျက်စီးသွားတဲ့အတွက် အဲဒီအနီးက တောင်ယာခုတ်သူ ကိုးကွေ့ရွာသား ၇ ဦးနဲ့ တောင်ကျ ရွာသား ၄ ဦးကို မီးလောင်မှုမှာ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရေးယူပေးဖို့ တိုင်ကြားတဲ့အတွက် ပင်လောင်းရဲစခန်းက ဖမ်းဆီးခဲ့တာပါ။ပင်လောင်ရဲစခန်း တာဝန်ရှိသူတဦးက “သူတို့ကို အပေါ်ကနေ တိုင်စာနဲ့ အမှုဖွင့်ခိုင်းလို့ ကျနော်တို့ စခန်းမှာချုပ်ပြီး အမှုဖွင့်ထားပါတယ်။ သမ္မတရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမောင်ကနေပြီး တိုင်စာနဲ့ ပေးထားတယ်ခင်ဗျ။ ၂၇ ရက်နေ့ကို ကျနော်တို့ တရားရုံး တင်ပေးရမှာ။ ရမန်ကြီး ၂ ပတ်။ ရဲလုပ်ငန်းအကုန်စင်အောင် လုပ်ရမှာ” လို့ ပြောပါတယ်။ရွာသားတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကယန်း နဲ့ ကရင်နီ အဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ခေါင်းဆောင် ခွန်းဘီဒူးက “ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတခု၊ အာဏာဖီဆန်မှု၊ နယ်မြေကျူးကျော်တာတွေ ပုဒ်မ ၆ ခုလောက်နဲ့ ဖြစ်ပါတယ်။ ရွာသားတွေကို မတရားဖမ်းပြီး ပုဒ်မတွေလျှောက်တပ်တာမျိုးက မလုပ်သင့်ဘူး” လို့ ပြောပါတယ်။ဝန်ကြီး ဦးစိုးမောင်ရဲ့ သရက်ပင်တွေမီးလောင်တဲ့ နေရာနဲ့ ရွာသားတွေတောင်ယာခုတ်တဲ့ နေရာဟာ အင်မတန်ဝေးကွာပြီး အလယ်မှာ ချောင်း ၃ ချောင်း ခြားနေသလို အဖမ်းခံရွာသားတွေဟာ တောမီးကို မရှို့ခဲ့ဘူးလို့ ဆိုပါတယ်။ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပင်လောင်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ရွာသားတွေ အပြစ်ရှိမရှိ တချို့တ၀က် စစ်ဆေးပြီးပြီလို့ ပြောပါတယ်။“လောလောဆယ် သူတို့ရှို့တဲ့နေရာတော့ ပြတယ်။ အခင်းနဲ့တော့ နည်းနည်းဝေးပါတယ်။ တောမီးတော့ တောမီးပဲ။ သူတို့က တောင်ယာခုတ်တာ။ တောမီးက လေ့သင့်ရာလောင်တာ ဆိုတော့ ကျနော်တို့က မျက်မြင်သက်သေကလည်း မရှိ၊ တိုင်ထားတဲ့သူကတော့ အတိအကျ တိုင်ထားပါတယ်။ စွဲတင်ပြီးရင်တော့ အခြေအနေက ပြောင်းရင် ပြောင်းသွားမှာပေါ့။”အဲဒီနေရာဟာ ပေါင်းလောင်းကြိုးဝိုင်းနဲ့လည်း နီးတဲ့အတွက် ရွာသားတွေ  တောင်ယာမခုတ်ဖို့လည်း ဒီနှစ် ဖေဖော်ဝါရီလတုန်းက ၀န်ခံချက် လက်မှတ်ထိုးခဲ့ရတယ်လို့ ခွန်းဘီဒူးက ဆိုပါတယ်။သူတို့လွတ်မြောက်ရေးအတွက် ကယန်းအမျိုးသားပါတီကရော ကယန်းလူငယ်အဖွဲ့တွေပါ သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၊ မြို့နယ်မှူး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရုံး စသဖြင့် ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။မီးလောင်မှုကြောင့် ၀န်ကြီးရဲ့ သရက်ပင်ပေါင်း ၅၀ ကျော် ဆုံးရှုံးတာကို နယ်မြေခံ တောအုပ်ကြီး၊ ရဲမှူး နဲ့ ရာအိမ်မှူးတို့က စစ်ဆေးတွေ့ရှိခဲ့ပေမယ်လည်း ၀န်ကြီးကိုယ်စားလှယ် ဦးစိုးမင်းထွေးက သရက်ပင် ၅၀၀ ကျော်ဆုံးရှုံးမှုနဲ့ ဖမ်းဆီးအရေးယူပေးဖို့ တိုင်တမ်းခဲ့တာလို့ ခွန်းဘီဒူးက ပြောပါတယ်။ရွာသားတွေ ပြန်လွတ်လာရေးအတွက် ကယန်းအဖွဲ့အစည်းက ရှေ့နေငှားရမ်းပြီး အမှုမှန်ပေါ်ရေး ကြိုးပမ်းသွားမှာဖြစ်သလို တရားရင်ဆိုင်ပြီးမှ ရွာသားတွေ မလွတ်လာဘူးဆိုရင် သတင်းစာရှင်းလင်းပွဲ၊ ဆန္ဒပြပွဲတွေ တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။မေ ၁၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး၊ ကယန်းအမျိုးသမီးများအစည်းအရုံး၊ ကောင်ရွေ လူမှုလှုပ်ရှားမှုဆောင်ရေးရေး ကွန်ရက်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း  ၆ ခုက ၀ိုင်းဝန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။  by နန်းမြနဒီ (ဒီဗွီဘီ)http://feeds.feedburner.com/thithtoolwin/yIWVရှမ်းပြည်ကလော ရှိ ရွှေတွင်း လုပ်ငန်းခွင်အန္တရာယ် စိုးရွံ့၍ လုပ်သားရာကျော် နှုတ်ထွက်Posted: 17 May 2013 06:19 AM PDTရှမ်းပြည်နယ် ကလောမြို့တွင် ဖြစ်သော မုန်တိုင်းဒဏ်ကြောင့် ရွှေတွင်း လုပ်သား သေဆုံးခဲ့ပြီး နောက် လုပ်သား ၁၂၀ လုပ်ငန်းမှ နှုတ်ထွက်ခဲ့ကြကြောင်း အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီ မှ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။“သဘာဝအန္တရာယ် နဲ့ကြုံရပြီး ၊ သူတို့မျက်စိရှေ့မှာ လူသေတာတွေလည်း မြင်ရတဲ့အတွက် လူသဘာဝ အရ ဒီနေရာမှာမလုပ်ချင်တော့လို့ ထွက်ကြတာ” ဟု ၄င်းက ဆက်ပြောသည်။မေ လ ၂ ရက်နေ့ နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် တွင်းပြိုခြင်း ၊ သစ်ပင်ပိခြင်း တို့ကြောင့် ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာ ရရှိသူ ၈ ဦးခန့် ရှိခဲ့ကြောင်းြ့ပည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့ကြောင်း သတင်းများတွင် လူရာကျော်သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုမ္ပဏီမှ ငြင်းဆိုသည်။“ဖြစ်စဉ်က တစ်နာရီလောက်ပဲကြာတယ် ၊ ၁၂ ခွဲကနေ ၄၅ မိနစ် လောက်ထိပဲ မုန်တိုင်းဒဏ်ကို ၁၅ မိနစ်လောက်ပဲ ခံရတာ ၊ သေဆုံးရတာ အများစုက သစ်ပင်ပိသေတာပါ” ဟု ဦးမြင့်ဦးက ပြောသည်။မုန်တိုင်းတိုက်ခတ်နေစဉ်ချိန်တွင် ၄င်းလည်း လုပ်ငန်းခွင်တွင်ရောက်ရှိနေ၍ မုန်တိုင်းဒဏ်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်လွတ်ခဲ့ပြီး ၊ လက်ရှိ သေဆုံးသူ ၁၇ ဦး အတွက် အာရှကမ္ဘာမြေ မှ လျော်ကြေးငွေ အဖြစ် အရာရှိတစ်ဦးကို သိန်း ၂၀ နှင့် ကျန်ဝန်းထမ်းများကို ၁၀ သိန်း စီပေးခဲ့ကြောင်း ၊ Golden Star Inn ကုမ္ပဏီမှ သေဆုံးသူ ၈ ဦးအတွက် ၁၃ သိန်းနှင့် Royal Star ကုမ္ပဏီမှ သေဆုံးသူ ၁ ဦးအတွက် သိန်း ၂၀ နှင့် ကျန်အရပ်သား များအတွက် ၂ သိန်းပေးခဲ့ကြောင်း သိရသည်။ခိုင်နွယ်ဦးPopular Myanmar News Journalhttp://feeds.feedburner.com/thithtoolwin/yIWVရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြားPosted: 17 May 2013 03:40 AM PDTဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အဲဒီပါတီကို ညွှန်ကြား လိုက်ပါတယ်။ အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး http://feeds.feedburner.com/thithtoolwin/yIWVရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဇနီး နှင့် ကလေး ကန့်သတ်ပြီPosted: 17 May 2013 03:18 AM PDTရခိုင်ပြည်နယ် မောင်းတော ခရိုင် အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ကလေး မွေးဖွားနှုန်းကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရ အမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။ မောင်းတော ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြားရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေး မွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ----သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWVဗိုလ်ကြီးဟောင်းနေမျိုးဇင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ယနေ့ လွတ်မြောက်Posted: 17 May 2013 02:35 AM PDTယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် အင်းစိန်အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၁၀) ဦး၁. ကံမင်းသာ၂. စိုင်းတင်မင်းကို၃. ထွန်းထွန်းဦး၎. စိုင်းခန်းလှ၅. ၀င်းမြင့်၆. ဟေမာနေ၀င်း၇.ရဲထွဠ်ခေါာင်၈. ကျော်မိုးထက်၉.စိုးရွှေ (ခ) ပညာဝံသ၁၀. အောင် နိုင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက်တောင်ငူထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၂) ဦး(၁)စောရှဒြ(၂) စိုင်းသီဟယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် သာယာဝတီထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား (၅) ဦး(၁) အေးမင်းနိုင်(၂) စန်းစန်းမော်(၃) ထက်ကိုလွင်(ခ) ဘုန်းကြီး(၄)ကျော်ဇင်ဦး(ခ) ဖိုးကျော်(၅) ဇော်လွင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် မန္တလေးအကျဉ်းထောင် မှ လွှတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသား (၁) ဦး(၁)ဌေးလွင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် အင်းစိန်အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၉) ဦး၁. ကံမင်းသာ၂. စိုင်းတင်မင်းကို၃. ထွန်းထွန်းဦး၎. စိုင်းခန်းလှ၅. ၀င်းမြင့်၆. ဟေမာနေ၀င်း၇.ရဲထွဠ်ခေါာင်၈. ကျော်မိုးထက်၉.စိုးရွှေ (ခ) ပညာဝံသယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက် မအူပင် အကျဉ်း ထောင် မှ လွှတ်မြောက်သောနိုင်ငံရေးအကျဉ်းသား(၁) ဦး၁. နေမျိုးဇင်ယနေ(၁၇.၅.၂၀၁၃) သောကြာနေ့ နံနက်တွင် လွှက်မြောက်လာ ကြသော နိုင်ငံရေးအကျဉ်းသား များကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ကြိုဆိုပါတယ် နိုင်/ကျဉ်း မှလည်း ကျန်းမာရေး၊လူမှုရေးစောင့်ရှောက်မှု များကိုတက်နိုင်သလောက်ကူညီပေး နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သို့ဆက်သွယ်ကြပါရန်လေးစားစွာပန်ကြားပါတယ်။ဆက်သွယ်ရန်လိပ်စာတိုက်အမှတ်(၁) အခန်းအမှတ်(၂၀၁) ၁၅၄ လမ်း တာမွေကြီး(က/ဂ)ရပ်ကွက် တာမွေမြို့နယ် ရန်ကုန်မြို့ဆက်သွယ်ရန် ဖုန်းဦးသက်ဦး ၀၉ ၇၃၁၀၇၉၃၃ဦးဘိုဘိုထွန်း ၀၉ ၇၃၀၁၇၅၃၆ဦးဇော်လင်းအောင် ၀၉ ၇၃၀၈၃၀၇၅ဦးစိန်လှိုင် ၀၉ ၄၉၅၈၁၅၉၅ဦးကျော်ဆန်း ၀၉ ၄၃၁၂၆၅၉၀ဦးထွန်းကြည် ၀၉ ၄၉၂၅၅၀၂၄ဦးဘမျိုးသိန်း ၀၉ ၄၃၁၅၄၉၄၉ဦးတင်မောင်ဦး ၀၉ ၅၅၀၁၄၂၉ဦးမြင့်အောင် ၀၉ ၅၁၃၄၆၈၅မမေမေသန်း ၀၉ ၄၂၀၀၃၅၉၃၅ဦးရဲအောင် ၀၉ ၄၉၅၉၀၄၉၅ဦးသော်ထွန်းဦး ၀၉ ၄၂၁၁ ၃၄၁၃၅ဦးလှဋ္ဌေး ၀၉ ၄၃၀၉ ၄၂၅၉Former Political Prisonershttp://feeds.feedburner.com/thithtoolwin/yIWVပုဒ်မ ၄၀၁ ကျင့်သုံးမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမည်Posted: 17 May 2013 02:15 AM PDTလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်ပြီး လွတ်မြောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကြပ်ကိုင်တဲ့ သဘော သက်ရောက်နေတဲ့ ပုဒ်မ ၄၀၁ ကျင့်သုံးမှုကို လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းမယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWVနှစ်၃၀ကျော် အရစ်ကျရောင်းမည့် အိမ်ရာစီမံကိန်း ၂၀၁၅ တွင် အပြီး တည်ဆောက်မည်Posted: 17 May 2013 02:03 AM PDTဝင်ငွေနည်း လူတန်းစားများ အိမ်ရာ ပိုင်ဆိုင်ရေး ဆိုသော စီမံချက်ဖြင့် အကောင် အထည်ဖော် တည်ဆောက်နေသော နှစ် ၃၀ ကျော် အရစ်ကျစနစ်ဖြင့် ရောင်းမည့် ဒဂုံဆိပ် ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီး တည်ဆောက် မည်ဖြစ်ကြာင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWVမူအရ ဒဏ်ငွေ မပေးဆောင်နိုင်ကြောင်း ဦးဝင်းတင်ငြင်းဆိုPosted: 17 May 2013 01:37 AM PDTသတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ၂၀၀၈ ခုနှစ်က အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်စဉ် ထောင်အင်္ကျီကို ယူဆောင်လာခဲ့မှုဖြင့် ထောင်အာဏာပိုင်များမှ နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှု (အပခ) ဖြင့် ဒဏ်ငွေ ကျပ် ၂၀၀၀ ပေးဆောင်ရန် သို့မဟုတ်ပါက ဒဏ်ကြေးအား ၎င်းတို့မှ စိုက်ဆောင်ပြီး ဦးဝင်းတင်မှ ကြေအေးကြောင်း လက်မှတ် ရေးထိုးပေးရန်နှင့် မလုပ်ဆောင်ပါက တရားဥပဒေအရ အရေးယူသွားမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက လာရောက် ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရပါသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWV ယူနန် ဓာတ်ငွေ့ပိုက်လိုင်း ဆန့်ကျင်ရေး (ရုပ်/သံ)Posted: 17 May 2013 01:28 AM PDTမြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေ တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ မြန်မာနိုင်ငံကတဆင့် တင်ပို့မယ့်ရေနံတွေ ကို ချက်လုပ်မယ့် စက်ရုံတခု တည်ဆောက်မယ့် စီမံကိန်းကြောင့် နစ်နာမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေနဲ့ တက်ကြွသူတွေ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ ---ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWVနိုင်ငံရေးအကျဉ်းသားတချို့လွတ်မြောက်Posted: 17 May 2013 12:35 AM PDTအစိုးရက ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသား တချို့ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ် လိုက်ပါတယ်။ ပြန်လွတ်လာ သူတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသား တွေလည်း ပါ ၀င်ပါတယ်။ဒီလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ လွတ်မြောက်လာမှုဟာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိ ကန်ပြည်ထောင်စုကို သွားရောက်မယ့် သမိုင်းဝင် ခရီးစဉ်မတိုင်ခင် ၂ ရက်အလိုမှာ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ဒီနေ့မှာ တနိုင်ငံလုံးရှိ အကျဉ်းထောင် တွေကနေ နိုင်ငံရေး အကျဉ်းသား ၂၃ ဦး လွတ်မြောက်လာမယ်လို့ သိရကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။ဒီဗွီဘီက မွန်းလွဲ ၁ နာရီခန့်ထိ မေးမြန်းချက် တွေအရ သာယာဝတီထောင်က ၅ ဦး၊ တောင်ငူထောင်က ၂ ဦး၊ မန္တလေးထောင်က ၁ ဦး လွတ်မြောက်လာပြီ ဖြစ်ပါတယ်။  တောင်ငူထောင်ကနေ စောဂျက်တင်နဲ့ ကိုစိုင်းသီဟတို့ ပြန်လွတ်လာပါတယ်။  ပြန်လွတ်လာတဲ့ ကိုစိုင်းသီဟ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အနှောင်အဖွဲ့မရှိ လွတ်ပေးလိုက်တာလို့ အခုလို ပြောပါတယ်။“ကျနော့်ကို အခုလွှတ်တာ ၄၀၁(၁)နဲ့။ အနှောင်အဖွဲ့ ဘာမှ မထားဘူးပေါ့။ အရင်က ခံဝန်ချက်လက်မှတ်ထိုးရတယ်။ ကျနော်တော့ အခု ခံဝန်ချက်လက်မှတ်မထိုးဘူး။ အရင်ခံဝန်ချက်နဲ့ဆို အမှုထပ်ဖြစ်ရင် ကျန်တဲ့အပြစ်ဒဏ်ခံရမှာပေါ့။ ကျနော်တို့ကတော့ ဘာမှမခံရဘူးပြောတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈ နှစ်နဲ့ ကျနော် ၁ နှစ် ၃ လလောက်ပဲ နေရပါတယ်။ ကိုယ်မဟုတ်ဘဲ ခံလိုက်ရတာ ပြန်လွတ်လာတော့ ၀မ်းသာပါတယ်။ အခု ကိုယ်လွတ်လာတော့လည်း ကျန်ခဲ့တဲ့ သူငယ်ချင်းတွေအတွက် စိတ်မကောင်းပါဘူး။ ကိုယ်လွတ်လာပြီး သူတို့မလွတ်ဘူး၊ အတူတူလွတ်စေချင်ပါတယ်။”တောင်ငူထောင်ကနေ ပြန်လွတ်လာတဲ့ စောဂျက်တာကလည်း ပြန်လွတ်လာလို့ ၀မ်းသာပေမယ့် ထောင်တွင်းကျန်နေသူအတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။ စောဂျက်တာဟာ ပုဒ်မ ၁၇ (၁) ဖောက်ခွဲမှု စတဲ့အမှု ၄ ခုနဲ့ ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်တွေ့အားဖြင့် အသိအမှတ်ပြုခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။အစိုးရက ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဦးဆောင်ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကတော့ နိုင်ငံတ၀န်းအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၈၃ ဦးလောက် ကျန်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။“အနည်းဆုံး စာရင်း ၁၈၃ ယောက် ဖြစ်ပါလိမ့်မယ်။ ၄၀၁နဲ့မဟုတ်ဘဲ ချွင်းချက်မရှိလွှတ်ပေးဖို့၊ ဘာမှစည်းကမ်းချက်မထားဘဲ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ တိတိကျကျ အဖြေမရသေးပါဘူး။” by နော်နိုရင်း  (ဒီဗွီဘီ)http://feeds.feedburner.com/thithtoolwin/yIWVအသိမ်းခံရသည့် လယ်မြေများ ပြန်ရရေး ထားဝယ်ဒေသခံများ တောင်းဆိုPosted: 17 May 2013 12:30 AM PDTထားဝယ်မြို့နယ်က လယ်သမားတွေဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိရေးနဲ့ လျော်ကြေး ပေးမယ်ဆို ရင်လည်း ကာလ တန်ဖိုးနဲ့အညီ ပေးရေး အတွက် တောင်းဆို လိုက်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဒေသခံ လယ်သမား တွေပိုင် လယ်မြေဧက ၈၀၀ လောက်ကို အစိုးရ၊ စစ်တပ်၊ စီးပွားရေး ကုမ္ပဏီတွေနဲ့ မြေစာရင်းဌာနက သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWV ဒေါ်လာဈေး မြင့်တက်၍ စက်သုံးဆီများ ဈေးနှုန်း မြင့်တက်လာPosted: 17 May 2013 12:06 AM PDTမေလဆန်းမှ စတင်၍ ဒေါ်လာဈေး မြင့်တက်လာ မှုကြောင့် ဓါတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်း ဆီ ဈေးနှုန်းများ မြင့်တက်လာ ခဲ့ကြောင်း စက်သုံးဆီ တင်သွင်း သူများထံမှ သိရသည်။ “ဒီရက်ထဲမှာ ဒီဇယ် ၁ ပီပါကို ၁၇၀,၂၀၀ ကျပ်အထိ ဖြစ်လာတယ်။ အောက်တိန်း(အဆင့်မြင့် ဓါတ်ဆီ) က ၁ ဂါလန်ကို ၃၀ ကျပ်လောက် ဈေးတက်လာတယ်။ လက်ကား ဖြန့်ဈေးအနေနဲ့ ၁ ဂါလန်ကို ကျပ် ၃,၆၀၀ ကျပ် ရှိတယ်” ဟု ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါhttp://feeds.feedburner.com/thithtoolwin/yIWV မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည် Posted: 17 May 2013 12:13 AM PDTရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWVမြန်မာ တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်း စက်ရုံ ယူနန် ဒေသခံတွေ ထပ်မံ ဆန္ဒပြPosted: 17 May 2013 12:19 AM PDTမြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေက တဆင့် ရောက်ရှိလာတဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက် လုပ်ဖြန့်ဖြူးမယ့် စက်ရုံနဲ့ ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယ အကြိမ် အဖြစ် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်ဒေါ်လာ သန်းသုံးထောင် လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWVFEC သမားများ ဒေါ်လာဘက် လှည့်လာ၍ ဒေါ်လာဈေး မြင့်တက်လာPosted: 16 May 2013 11:09 PM PDTဗဟိုဘဏ် ငွေလဲနှုန်း မြင့်တက်မှုနှင့် အတူ ကိုင်တွယ်သူများ ဒေါ်လာဘက် လှည့်ကိုင် လာသဖြင့် ဒေါ်လာ ဈေးနှုန်းများ မြင့်တက် လာကြောင်း ငွေကြေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။“မေလ ဆန်းက စတင်ပြီး ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းတွေ မြင့်တက်ခဲ့ သလို နိုင်ငံခြားငွေလဲ စင်တာတွေရဲ့ ဒေါ်လာ ရောင်းဈေး-ဝယ်ဈေးတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာဈေး တက်ရတဲ့ အဓိက အကြောင်းရင်းတွေက အစိုးရက FEC တွေ ပြန်သိမ်းတဲ့အတွက် FEC ကိုင်တွယ်သူ အများစုက ဒေါ်လာဘက် လှည့်လာတာကြောင့်ပါ။ ဒေါ်လာ သုံးစွဲသူတွေ များလာတဲ့အတွက် ငွေဈေး တက်လာတာပါ” ဟု အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။မေလ ၁၆ ရက်နေ့ နံနက်တွင် ငွေလဲစင်တာများ၏ ဒေါ်လာ ရောင်းဈေးမှာ ၉၃၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးမှာ ၉၂၆ ကျပ် ဖြစ်ခဲ့သည်။“မေ ၁၄ ရက်မှာ ဒေါ်လာ ရောင်းဈေး ၉၁၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးက ၉၀၆ ကျပ် ဖြစ်ပါတယ်။ မေ ၁၅ ရက်မှာ ရောင်းဈေး ၉၂၅ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၉၁၅ ကျပ် ဖြစ်ခဲ့ပါတယ်” ဟု သိမ်ဖြူလမ်း ငွေလဲစင်တာ တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။သိမ်ဖြူလမ်းရှိ ပုဂ္ဂလိက ငွေလဲစင်တာများ၏ ဒေါ်လာ ပေါက်ဈေးများမှာ မေလ ၁၂ ရက်တွင် ရောင်းဈေး ၉၀၈ ကျပ်နှင့် ဝယ်ဈေးမှာ ၈၉၈ ကျပ် ဖြစ်သည်။ မေလ ၁၃ ရက်တွင် ရောင်းဈေး ၉၁၀ ကျပ်နှင့် ဝယ်ဈေး ၉၀၀ ကျပ် ဖြစ်ခဲ့သည်။“ဒေါ်လာဈေး တက်ရင် ပို့ကုန်သမားတွေအတွက် အဆင်ပြေပါတယ်။ သွင်းကုန် လုပ်ငန်းသမားတွေ အထိနာပေမယ့် တနည်းအားဖြင့် ပဲ၊ ဆန်နဲ့ လယ်ယာထွက် ကုန်ပစ္စည်းတွေ၊ ရေထွက် ကုန်ပစ္စည်းတွေ စတဲ့ ပို့ကုန် လုပ်ငန်းသမားတွေ ဈေးနှုန်းကိုက်တော့ ပို့နိုင်ကြမယ်။ အစိုးရ အနေနဲ့ ပို့ကုန် တက်အောင် ဆွဲတင်တာလားလို့တော့ စဉ်းစားစရာရှိတယ်” ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဦးတင်အောင် က သုံးသပ်သည်။ယခင်နှစ် ဇွန်လအတွင်းကလည်း ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ ခန့်အထိ မြင့်တက်မှု ရှိခဲ့ပြီး ပြန်လည် ကျဆင်းခဲ့သည်။ခင်မျိုးသွယ် |  ရန်ကုန် (မဇ္ဈိမ)။   ။ by Mizzima - News in Burmesehttp://feeds.feedburner.com/thithtoolwin/yIWVမူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေPosted: 16 May 2013 11:01 PM PDTရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဗုံးပေါက်ကွဲတဲ့နေရာဟာ လူသွားလူလာပြတ်တဲ့ နေရာဖြစ်တဲ့ အတွက် ဗုံးကြောင့် သေဆုံးသူဟာ သူကိုယ်တိုင် ဗုံးလာထောင်ရင်းနဲ့ မတော်တဆ ပေါက်ကွဲသွားတယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ သေဆုံးသူဟာ လူလတ်ပိုင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဒဏ်ရာများကြောင့် ဘယ်ဘက် ခြေလက်၊ မျက်နှာနဲ့ ဝမ်းဗိုက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။ ထို့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ပေါက်ကွဲခြင်း မရှိသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိရလို့ မနက် ၈ နာရီကျော်မှာ လုံခြုံရေး တာဝန်ရှိသူများက အလွယ်တကူပဲ လာရောက်ဖြုတ်ယူသွားကြတယ်လို့ သိရပါတယ်။ မိုးလုံလေလုံ အားကစားကွင်း အနီးမှာတော့ အရင်နှစ်တွေကလည်း လူသူထိခိုက်မိမရှိတဲ့ ဗုံးပေါက်ကွဲမှု အသေးစားလေးတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ အစိုးရတပ်က RCSS/SSA တပ် အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မတာကို မေလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူစယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ အမည်မသိ အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့တဲ့ ဗုံးကွဲမှုများ၊ လူသေဆုံးအောင် လက်နက်ငယ်များနဲ့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ကော့လီမီဒီယာhttp://feeds.feedburner.com/thithtoolwin/yIWVမြန်မာက အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိPosted: 16 May 2013 07:48 PM PDTဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲ မျောပါလာတဲ့ သေဆုံးသူ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါအလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)http://feeds.feedburner.com/thithtoolwin/yIWVမြန်မာပြုပြင်ပြောင်းလဲရေး အမေရိကန်ထောက်ပံ့ကူညီမည်Posted: 16 May 2013 07:34 PM PDTမြန်မာနိုင်ငံ တွင်းက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီး အားကောင်း လာဖို့နဲ့ အစိုးရ အုပ်ချုပ်မှုအပါအ၀င် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြင့် တက်လာ ဖို့ အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အကူအညီ အထောက်အပံ့တွေ ပေးသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိနေပြီး၊ အဲဒီအထဲ အောက်ခြေပိုင်းမှာ ပြုပြင် ပြောင်းလဲရေး အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ယူဆပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီး ခိုင်မာအားကောင်းလာဖို့နဲ့ အခြားတဖက်မှာ တိုင်းပြည်တွင်း စီးပွားရေး လူမှုရေး လူမှုအကြပ်အတည်းတွေကို ဖြေရှင်းကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို အထောက်အပံ့တွေ ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ပြောသွားတာပါ။မနေ့တုန်းက အမေရိကန်အောက်လွှတ်တော်မှာပြုလုပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် အရှေ့အာရှရေးရာ အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲပြုလုပ်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှုး Nisha Biswal တို့ ထွက်ဆိုကြရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကူအညီပေးရေးကိစ္စတွေကို ဖြေရှင်းချက် ပေးသွားကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကထားပြီး အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းက ပြောပါတယ်။“မြန်မာနိုင်ငံတွင်းက သမိုင်းဝင် နိုင်ငံရေးနဲ့စီးပွားရေးအသွင်ကူးပြောင်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးနေပါတယ်။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိလာရေး၊ လူ့အဖွဲ့အစည်း အားကောင်းခိုင်မာလာရေး၊ မြန်မာပြည်သူတွေအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အစိုးရအုပ်ချုပ်မှုဖြစ်လာစေရေးအတွက် အဓိကထားရည်ရွယ်ပြီး ကူညီဆောင်ရွက်နေပါတယ်။”အာရှ ပစိတ်ဖိတ်ဒေသတွင်း ဒီမိုကရေစီဖွံဖြိုး တိုးတက်လာရေးအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူပေးရေးကို အဓိက အလေးပေးဆောင်ရွက် သွားမယ်လို့ မစ္စတာယွန်းက ပြော ပါတယ်။ နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှဒေသအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ဘဏ္ဍာရေးအသုံးစရိတ်ထက်၊ အခု ၂၀၁၄ ခုနှစ် အသုံးစရိတ်မှာ ၇.၁ ရာခိုင်နှုန်း လွှတ်တော်ကို တိုးမြင့် တောင်းခံထားတာပါ။ USAID က Ms.Biswal ကတော့ လက်ရှိ အပြောင်းအလဲမှာ ထိပ်ပိုင်းမှာ နိုင်ငံရေးအရ ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်တာကို တွေ့ရပေမယ့်၊ အောက်ခြေပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီအတွက် လိုအပ်သလို အကူအညီတွေပေးဖို့လိုမယ်လို့ မြင်ပါတယ်။“ကျန်နေတဲ့ အဓိကကျတဲ့ စိန်ခေါ်ချက်တခုကတော့ ထိပ်ပိုင်းမှာ အပြောင်းအလဲအတွက် စိတ်ဆန္ဒပြင်းပြပြီး၊ လုပ်နိုင်စွမ်းရည်တွေလည်း ရှိနေပေမယ့်လို့၊ အောက်ခြေပိုင်းမှာ တော်တော်လေး ပြဿနာတစုံတရာရှိပါသေးတယ်။ ဒီအခြေအနေတွေကို စောင့်ကြည့်ြ့ပီးတော့၊ လုပ်နိုင် စွမ်းရည်တွေကို မြင့်တင်ပေးဖို့လိုပါတယ်။”USAID အနေနဲ့ အကူအညီတွေပေးဖို့ သုံးသပ်စဉ်းစားတဲ့နေရာမှာ သမတအိုဘားမားရဲ့ ရန်ကုန်ရောက်တုန်း မြန်မာနိုင်ငံဆိုင်ရာ ပြောကြားချက် မူဝါဒကို အခြေခံပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီနေရာမှာတော့ အစိုးအုပ်ချုပ်ရေးပိုင်းကိုရော အောက်ခြေ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေကိုပါ အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ Ms. Biswal က ပြောပါတယ်။“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာပြည် သွားတုန်းက မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေအတွက် လက်တွဲဆောင်ရွက်မယ် ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီ မူဝါဒကိုအခြေခံပြီး ကျမတို့ ဆောင်ရွက်နေတာပါ။ အဲဒီအတွက် မြန်မာနိုင်ငံဖက်က နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုနဲ့ အတူ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုပါတယ်။ ဒီအတွက် လုပ်နိုင်စွမ်းရည်တွေရှိလာဖို့ အမေရိကန်ပြည်ထောင်စုဖက်က နည်းနာဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ အရေးကြီးတဲ့ အစိုးရအုပ်ချုပ်မှုပိုင်းက လုပ်နိုင်စွမ်းရည်တွေ မြင့်တက်လာဖို့ ကူညီရုံတင်မဟုတ်ပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အသင်းအပင်း အဖွဲ့အစည်းတွေမှာ စွမ်းရည်မြင့်တက်လာဖို့လည်း ကူညီမှာပါ။ ဒီအတွက် ကူညီဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ရေးဆွဲနေပါတယ်။ ဒါကြောင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဘယ်လို ကူညီနိုင်မလဲ၊ စွမ်းရည်မြင့်လုပ်ငန်းတွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာကို သုံးသပ်ပြင်ဆင်နေပါတယ်။ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တရားရေးစနစ်နဲ့  ဥပဒေစိုးမိုးမှု ခိုင်မာအာေးကာင်းလာဖို့ပဲဖြစ်ဖြစ် နည်းနာဆိုင်ရာအကူအညီတွေ ပေးသွားမှာပါ။”မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ လွှတ်တော် အမတ်တွေက မေးမြန်းကြရာမှာတော့ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးယွန်းက မြန်မာနိုင်ငံအပြောင်းအလဲအတွက် တွန်းအားဖြစ်စေခဲ့တဲ့ အချက်နှစ်ချက်ရှိမယ်လို့ သူ့အမြင်ကို အခုလို ပြောသွားပါတယ်။“မြန်မာနိုင်ငံဟာ မိမိဖာသာ ပြောင်းလဲမှုလုပ်လာတဲ့ကိစ္စမှာ အခြေခံအားဖြင့် အကြောင်း နှစ်ချက်ရှိမယ်လို့ ကျနော် ယူဆပါတယ်။ တချက်ကတော့ နိုင်ငံရေးစီးပွားရေးနောက်ကျကျန်ခဲ့တဲ့အခြေအနေပါ။ သူ့ပတ်ဝန်းကျင်နိုင်ငံတွေမှာ ရှိနေသလို စီးပွားရေးအလားအလာကောင်းတွေ ဆုံးရှုံးနေတယ်လို့ သူ သဘောပေါက်လာပုံရပါတယ်။ ဒုတိယအချက်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး သူဟာ နိုင်ငံရေးအရ အထီးကျန်ခဲ့ ပါတယ်။ ခေါင်းဆောင်မှုပြောင်းလဲလာတဲ့အချိန်မှာပဲ သူတို့အနေနဲ့ အဲလို အထီးကျန်နေတာမျိုး ဆက်မဖြစ်သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒီနှစ်ချက်ကြောင့် ပြောင်းလဲမှုတွေလုပ်လာတယ်လို့ ယူဆပါတယ်။”အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို အကူအညီပေးရေးတွေ တိုးမြင့်ဆောင်ရွက်ဖို့ရှိနေသလိုပဲ၊ အခြားတဖက်မှာလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်မှုတွေ လုပ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုက ယခင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ချက် အတော်များများကို ယာယီဆိုင်းငံထားပြီး၊ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လုပ်နိုင်ဖို့လည်း နိုင်ငံခြားရေးဌာနက ကမကထ လုပ်ပေးတာတွေ အတော်များများတွေ့ရပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ၀ါရှင်တန်ဒီစီကို လာရောက်ဖို့ရှိပြီး သမ္မတအိုဘားမားနဲ့ လာမယ့် တနင်းလာနေ့မှာ တွေ့ဆုံမှာဖြစ် ပါတယ်။ အဲဒီ ခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အထူးသဖြင့် စီးပွားရေးအရ လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ကို ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာဌာန)http://fe...[Message clipped]  View entire message
Categories: Myanmar Blogs

ပြည်မြို့ ဧရာဝတီ မြစ်ကမ်းမှ အဆောက်အဦးကို မြို့ ခံတွေ ဆန္ဒပြ ကန့် ကွက်

Thit Htoo Lwin - Fri, 05/17/2013 - 22:40
ပဲခူးတိုင်း ဒေသကြီး ပြည်မြို့တွင် ၁၇-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈း၁၀ အချိန်ခန့် ပြည်မြို့၊ ဆံတော်ရပ်ကွက် ၊ ကမ်းနားလမ်း ၊ ဧရာဝတီမြစ်ကမ်းနား သောင်ပြင်ကို မြေဖို့ပြီး အဆောက်အဦးကြီး တခု ဆောက်လုပ် နေသဖြင့် ဧရာဝတီမြစ်၏ အလှသဘာဝကို ဖုံးကွယ်နေခြင်း၊ မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းတို့ကြောင့် ယင်းအဆောက်အဦးအား ဖျက်သိမ်းပေးရန် ပြည်မြို့နေ လူထုက ၁၀၀ ခန့် က ကန့် ကွက် ဆန္ဒပြခဲ့ ကြောင်း သတင်းရရှိပါသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

လှိုင်သာယာ ကြိုးကြာဖြူ လူသတ်မှုမှ တရားခံဖမ်းမိ

Thit Htoo Lwin - Fri, 05/17/2013 - 22:25
၁၆.၅.၂၀၁၃  ရက်နေ့ (၁၆၃၀)အချိန် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန်(၁)၊ ကြိုးကြာဖြူ အထည်စက်ရုံ တွင် ဖြစ်ပွားသော စက်ရုံလုပ်သားချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။ ဖြစ်စဉ်မှာ ကြိုးကြာဖြူ အထည်ချုပ်စက်ရုံ လုပ်သားများဖြစ်သည့် သက်ပိုင်လင်း(ခ)လင်းလင်း နှင့် အလုပ်အဖွဲ့ ခေါင်းဆောင် တေဇာကျော်တို့ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ တရားခံ တေဇာကျော် http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

သမ္မတဦးသိန်းစိန် VOA မှာ နယ်ပယ်စုံပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမည်

Thit Htoo Lwin - Fri, 05/17/2013 - 21:29
အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း မြန်မာ အစိုးရ သမ္မတ အဖြစ်နဲ့ ပထမဆုံးအကြိမ် ရောက်ရှိလာမယ့် သမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့ မှာတော့ ဗီအိုအေမှာ ပြုလုပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ ဘာသာရေး ၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ အမေရိကန်သမ္မတရဲ့ နိုင်ငံတော်ဧည့်သည်အဖြစ် အမေရိကန်ကို သွားမယ့် သမ္မတဦးသိန်းစိန်က လိုက်ပါပို့ဆောင်သည့် ဝန်ကြီးများအား နှုတ်ဆက်နေစဉ်။ (မေ၊ ၁၇၊ ၂၀၁၃။) http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ရန်ကုန်မြို့တွင် စွန့်ပစ်အမှိုက်ပုံအတွက် မြေနေရာမရှိတော့

Thit Htoo Lwin - Fri, 05/17/2013 - 21:17
ရန်ကုန်မြို့တိုင်း ဒေသကြီးတွင်  နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ အဖြစ် ထပ်မံ အသုံးနိုင်သည့် မြေနေရာ မရှိ တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေး ဌာနမှ သိရသည်။ လက်ရှိတွင် လှိုင်သာယာမြို့ နယ်ထိန်ပင်သုသာန် အမှိုက်ပုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း  ရှိ ထားဝယ်ချောင် အမှိုက်ပုံနှစ်ခု တို့ကို --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News


Thit Htoo Lwin - Fri, 05/17/2013 - 20:31
အီရတ် နိုင်ငံမှာ ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ၆ဝ သေဆုံးသွားခဲ့ပြီး ဒါဟာ လပေါင်းများစွာ အတွင်း အသေအပျောက် အများဆုံးနေ့ ဖြစ်ပါတယ်။ ဘဂ္ဂဒက်မြို့တော်နဲ့ အနီးတဝိုက်က ဆွန်နီ မွတ်ဆလင်တွေ နေထိုင်ရာ ဒေသတဝိုက်မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု သုံးခု အနက် Baquba အရပ်က ဗလီအပြင်ဖက်မှာ သောကြာနေ့ ဝတ်ပြုသူတွေ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ အီရတ်က မြို့ကြီးတွေမှာ သွေးချောင်းစီးတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မေလ ၁၇ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၄၁

Thit Htoo Lwin - Fri, 05/17/2013 - 20:18
မေလ ၁၇ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၄၁ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မေလ ၁၆ ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၁၉)

Thit Htoo Lwin - Fri, 05/17/2013 - 20:15
မေလ ၁၆ ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၁၉)ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ဦးသိန်းစိန် မလာခင် တရက်အလို မြန်မာကို ပိတ်ဆို့မှု သက်တမ်း ထပ်တိုးဖို့ အဆိုပြု

BBC News - Fri, 05/17/2013 - 19:42
လူ့အခွင့်အရေး အဖွဲ့တွေက အချိန်မကျသေးဖူးလို့ ဝေဖန် နေကြပေမယ့် သမိုင်း ပါမောက္ခ Kenton Clymer ကတော့ ဒီခရီးစဉ်ဟာ အချိန် ကျရောက်ပြီလို့ ပြောပါတယ်။

ပျက်စီးသွားတဲ့ ဆီးရီးယား ပြန်လည်ထူထောင်ရေး အကြီးအကျယ်လို

BBC News - Fri, 05/17/2013 - 19:29
ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွား ပျက်စီး နေပေမယ့်လည်း ပြန်လည်ထူထောင်ရေး လုပ်ဖို့ ကုလသမဂ္ဂ အရာရှိ က အကြံပေးလိုက်ပါတယ်။

အီရတ် ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှု လူ၆ဝ သေဆုံး

BBC News - Fri, 05/17/2013 - 19:20
ရှီးယားဒေသတွေမှာ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ရက်အကြာမှာ ဆွန်နီ နေရာမှာ ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

Saturday Morning

BBC Radio feed - Fri, 05/17/2013 - 18:43
President U Thein Sein has left for US on official visit. At least sixty people have been killed in sectarian attacks in Iraq. Alinkar Palai Pan Burmese language programme.
Categories: BBC Radio

Pages

Subscribe to mandalar.net aggregator