You are here

Feed aggregator

အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်

Voa Burmese - Thu, 05/16/2013 - 19:14
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက်  အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ်  Recep Tayyip Erdogan တို့က သဘောတူခဲ့ကြပါတယ်၊ သမ္မတ အာဆတ် အနေနဲ့ အသွင် ကူးပြောင်းရေး အုပ်စုကို အာဏာ လွှဲပြောင်းပေး သင့်တယ်ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ဆီးရီးယားက အတိုက်အခံ အဖွဲ့တွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်ပြီး ဆီးရီးယားနိုင်ငံကို ...
Categories: VOA Radio

မဟာစင် မုန်တိုင်း အားပျော့ ပျက်ပြယ်ပြီ

Voa news international - Thu, 05/16/2013 - 19:09
Bangladesh နိုင်ငံကို ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ရွေ့လျားသွားတာနဲ့အမျှ အင်အားပျော့ပြီး အပူပိုင်း မုန်တိုင်း အသွင်ပြောင်းသွားပါပြီ၊ ဆိုင်ကလုန်း မုန်တိုင်းအသွင်နဲ့ B’desh ကမ်းရိုးတမ်းဒေသဖက်ဖြစ်တဲ့ စစ်တကောင်းနဲ့ Cox’s Bazar တွေဖက်ကို တိုက်ခတ်ခဲ့တဲ့အတွက် ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ B’desh တာဝန်ရှိသူတွေက ပြောပါတယ်။ အင်အားပြင်းမုန်တိုင်း တိုက်မယ်ဆိုတဲ့အတွက် လူပေါင်း ၁ သန်းကျော်လောက် ကြိုတင် ဘေးကင်းရာ ...
Categories: VOA Radio

မဟာစင် မုန်တိုင်း အားပျော့ ပျက်ပြယ်ပြီ

Voa Burmese - Thu, 05/16/2013 - 19:09
Bangladesh နိုင်ငံကို ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ရွေ့လျားသွားတာနဲ့အမျှ အင်အားပျော့ပြီး အပူပိုင်း မုန်တိုင်း အသွင်ပြောင်းသွားပါပြီ၊ ဆိုင်ကလုန်း မုန်တိုင်းအသွင်နဲ့ B’desh ကမ်းရိုးတမ်းဒေသဖက်ဖြစ်တဲ့ စစ်တကောင်းနဲ့ Cox’s Bazar တွေဖက်ကို တိုက်ခတ်ခဲ့တဲ့အတွက် ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ B’desh တာဝန်ရှိသူတွေက ပြောပါတယ်။ အင်အားပြင်းမုန်တိုင်း တိုက်မယ်ဆိုတဲ့အတွက် လူပေါင်း ၁ သန်းကျော်လောက် ကြိုတင် ဘေးကင်းရာ ...
Categories: VOA Radio

ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား

BBC News - Thu, 05/16/2013 - 18:59
နိုင်ငံရေး အာဏာလုမှုတွေကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာခဲ့ ပါတယ်။

မြန်မာပြုပြင်ပြောင်းလဲရေး အမေရိကန်ထောက်ပံ့ကူညီမည်

Voa news international - Thu, 05/16/2013 - 18:54
မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီးအားကောင်းလာဖို့နဲ့ အစိုးရအုပ်ချုပ်မှုအပါအ၀င် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြင့်တက်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီအထောက်အပံ့တွေ ပေးသွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိနေပြီး၊ အဲဒီအထဲ အောက်ခြေပိုင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ယူဆပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ မြန်မာနိုင်ငံမှာ ...
Categories: VOA Radio

မြန်မာပြုပြင်ပြောင်းလဲရေး အမေရိကန်ထောက်ပံ့ကူညီမည်

Voa Burmese - Thu, 05/16/2013 - 18:54
မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီးအားကောင်းလာဖို့နဲ့ အစိုးရအုပ်ချုပ်မှုအပါအ၀င် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြင့်တက်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီအထောက်အပံ့တွေ ပေးသွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိနေပြီး၊ အဲဒီအထဲ အောက်ခြေပိုင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ယူဆပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ မြန်မာနိုင်ငံမှာ ...
Categories: VOA Radio

Friday Morning

BBC Radio feed - Thu, 05/16/2013 - 18:48
US prisident said that he'd seen evidence that chemical weapons had been used in Syria. Mahasen weakened considerably before making landfall. Cool Tech programme.
Categories: BBC Radio

မဟာစင် အစိမ်းရောင်ပြောင်း အားပျော့ ပျက်ပြယ်

BBC News - Thu, 05/16/2013 - 18:43
ရခိုင် ကမ်းရိုးတန်းမှာ မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။

ပျဉ်းမနားမြို့ အမှတ် ၂ နဲ့ ၃၊ သကြားစက်ရုံမှာ အခြေအနေ တင်းမာနေ (ရုပ်/သံ)

Thit Htoo Lwin - Thu, 05/16/2013 - 18:37
ပျဉ်းမနားမြို့ အမှတ် ၂ နဲ့ ၃၊ သကြားစက်ရုံမှာ စက်ရုံဝန်ထမ်း ၇ ဦး အလုပ်ထုတ်ခံရတဲ့ကိစ္စ၊ အခြေခံလစာ နည်းပါးတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စက်ရုံ တာဝန်ရှိသူတွေအကြား အခြေအနေ တင်းမာနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူတွေနဲ့ သွားရောက် တွေ့ ဆုံ (ရုပ်/သံ)

Thit Htoo Lwin - Thu, 05/16/2013 - 18:29
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့မဲဆန္ဒနယ် ကော့မှူးမြို့ ကို ဒီနေ့မနက်ပိုင်းက သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အပြည့် အစုံကို RFA သတင်းထောက် ကိုသီဟထွန်း ကတင်ပြထားပါတယ်။ --- ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

၂၀၀၉ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်လက်ခံရယူ

Thit Htoo Lwin - Thu, 05/16/2013 - 18:04
တောင်ကိုးရီးယားနိင်ငံမှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိင်ဟာ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီး ယားနိုင်ငံ က ရွေးချယ် ချီးမြှင့်ခဲ့တဲ့ Gwanju လူ့အခွင့် အရေးဆုကို ဒီကနေ့ အထူး အခမ်းအနားနဲ့ ကိုယ်တိုင်လက်ခံ ရယူခဲ့တယ်လို့ ကိုမင်းကိုနိုင်ရဲ့ ခရီးစဉ်အတွင်း လိုက်ပါ ကူညီဆောင်ရွက်နေတဲ့ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ၂၀၀၉ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်လက်ခံရယူ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ဖိလစ်ပိုင် မြို့တော်ဝန် ခေါင်းပန်းလှန် ရွေး

Thit Htoo Lwin - Thu, 05/16/2013 - 17:47
 ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန် ရွေးကောက်ပွဲ အတွင်း ကိုယ်စားလှယ် လောင်း နှစ်ဦးစလုံး မဲအရေအတွက် အတူတူ ရခဲ့ကြတဲ့ အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။ Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာ လုပ်ကိုင်စား ကြတဲ့ အဲ့ဒီ့မြို့ကလေးမှာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲမြင်ကွင်း http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ကချင်ဒုက္ခသည်စခန်းများ ရိက္ခာခေါင်းပါး

Thit Htoo Lwin - Thu, 05/16/2013 - 17:42
ကချင် ပြည်နယ်တွင်းက စစ်ပြေး ဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး သောက်သုံးရေ ပြတ်လပ်မှုတွေ နဲ့ကြုံနေရပါတယ်။ မိုးဦးကာလ စခန်းတွင်း နေစရာ အခက်အခဲတွေ လည်း ကြုံနေရ သလို ဒုက္ခသည် တွေထဲမှာ ဝမ်းပျက် ဝမ်းလျော၊ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်နေ ပြီး အကူအညီ တွေဟာလည်း  မရသလောက် နည်းပါး လာနေပါတယ်။ ကချင် လက်နက်ကိုင်တပ် နဲ့ မြန်မာ စစ်တပ်ကြားလည်း ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ စစ်ရေး တင်းမာမှု တွေရှိနေပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေတွေတင်မဟုတ်ဘဲ အစိုးရထိန်းချုပ်ရာနယ်မြေတွေမှာ ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ အခုချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကချင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ကြုံနေရပြီးတော့ မိုးဦးလေဦး ကာလမှာ နေစရာအခက်အခဲတွေနဲ့ပါ ကြုံနေရတယ်လို့ ဒေသတွင်းမှာ ကချင်အရေး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။“သူတို့ရဲ့ အဖြစ်သဘောမိုးထားတဲ့ အမိုးအကာတွေက အကုန်လွင့် သွားတယ်။ နေရာတိုင်းမှာ အဲ့ပြဿနာတွေကဖြစ်နေတယ်။ ဒီရာသီမှာကျတော့ အကူးအပြောင်းကာလမှာ ကျန်းမာရေးကလည်း နဂိုကမှ အာဟာရကလည်း မပြည့်စုံတဲ့ အခါကျတော့ အာဟာရချို့တဲ့ တဲ့ အတွက် နောက်ဆက်တွဲပြဿနာတွေ က ကျန်းမာရေးပြဿနာတွေဖြစ် လာတယ်။ သူတို့မှာ အားရှိတဲ့အစားအစာတွေက သိပ်မစားရဘူးလေ။ ထမင်းလောက်ပဲစားရတယ်။ တခြားအလုပ်ကလည်း အပြင်မှာ သွားလုပ်ဖို့က သူတို့မှာ သိပ်မလွယ်လှဘူး။ အဲ့လို ဖြစ်တဲ့အခါကျတော့ အဓိကကတော့ ကျန်းမာရေးအတွက် အရမ်းလိုအပ် တယ်။ နေရာတိုင်းမှာ ရောဂါတွေဖြစ်တာ များတယ်ပေါ့နော်။”ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း လေးဆယ်ကျော်နဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေဖြစ်တဲ့ မြစ်ကြီးနားမြို့နားက ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပြီး ဆေးဝါးပြတ်လပ်မှုတွေနဲ့ကြုံနေရ တယ်လို့ ကချင်သတင်းစဉ် အယ်ဒီတာချုပ် ကိုနော်ဒင်းကပြောပါတယ်။“ ကေအိုင်အိုဒုက္ခသည်စခန်းနော်၊ ဝိုင်းမော်မြို့နယ် ဒုက္ခသည်စခန်း တရုတ်နယ်စပ်အနီး ဇိုင်းအောင် ဒုက္ခသည်စခန်းဆိုရင်လည်း ဝမ်းပျက်၊ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အဲ့တာတွေက မိုးတွင်းစလာပြီ၊ မိုးလည်း ရွာနေပြီဆိုတော့ အကြီးအကျယ်ဖြစ်နေတာတွေ့ရတယ်။ သို့သော်လည်းပဲ ဆေးဝါးတွေက ကုန်နေတယ်နော်။ ထပ်ပြီးမှ လည်း ဆေးဝါးကူညီတဲ့ အဖွဲ့လည်း မရှိသေးဘူးဆိုတော့ အခြေအနေက အတော်လေး ဆိုးနေတာတွေ့ရတယ်။ အဲ့ဒီ့ဇိုင်းအောင်ဒုက္ခသည် စခန်းတင် မဟုတ်ပါဘူး။ ဒီကေအိုင်အိုထိန်းချုပ်တဲ့ဒေသမှာရှိတဲ့ စုစုပေါင်း ဒုက္ခသည်စခန်းက လေးဆယ်ကျော်လောက်ရှိတယ်။ အဲ့ဒီ့စခန်းတွေအားလုံးဟာ အဲ့လိုမျိုး ပြဿနာတွေ တကယ်ပဲ အရေးပေါ်ကို လိုအပ်နေတယ်ဆိုတာ ကျနော်တို့တွေ့ရပါတယ်။”အခုအချိန်ဟာ ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန် စခန်းထဲက ဒုက္ခသည်တွေ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။  စခန်းတွေရှိရာကို သွားတဲ့လမ်းကြောင်းတွေမှာလည်း ပိတ်ဆို့ ဟန့်တားမှုတွေရှိတာမို့  ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့ပစ္စည်းတွေကို ကုလသမဂ္ဂအပါအဝင် NGO အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အလှူရှင်တွေဆီကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ကြုံနေရ တယ်လို့ သိရပါတယ်။  စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးမှုတွေ နည်းလာလို့ အခုလို ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံ လာရတာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။“ကူတဲ့သူကလည်း သိပ်များများစားစားတော့မဟုတ်ဘူး၊ တနိုင်တပိုင်၊ သူတို့ရပ်ရွာက တတ်နိုင်သလောက်၊ အဲ့လိုမျိုး ကောက်ပြီးတော့ ပေးကြတယ်။ အဲ့လောက်ပဲ ကူနိုင်တာပါ။ ဒုက္ခသည်က တစ်သိန်းကျော်တယ်လေ။ တနေရာမှာ ကြည့်နိုင်ရင်လည်း မကြည့်နိုင်တဲ့နေရာက ပိုများတယ်။ ပင်လယ်ပြင်ထဲမှာ ရေတပုံးလောင်း လိုက်သလိုပါပဲ၊ ဘာမှ ထိရောက်မှုတော့ မရှိဘူး။ ဒီလိုင်ဇာဘက်မှာ UN တို့ ဘာတို့ ဝင်လာတာကလည်း တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ။ ဒါတောင် လိုင်ဇာပတ်ဝန်းကျင်မှာမို့လို့၊ တခေါက်၊ နှစ်ခေါက်လောက် ဝင်လာတာ။ တခြားနေရာတွေမှာတော့ မရောက်နိုင်ဘူး။ ပြီးတော့လည်း ကြက်ခြေနီပေါ့နော်။ သူတို့တွေ လာတာတောင်မှ လမ်းမှာ နည်းမျိုးစုံနဲ့ တားဆီးခံနေရတာတွေရှိတယ်။ ဒါကြောင့် ဒုက္ခသည်စခန်းထဲကို ရောက်လာဖို့က အတော်ခက်ခဲပါတယ်။”ကချင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်မြန်မာနယ်စပ်အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင်  အပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီဖြစ်ပါတယ်။ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံတွင်းမှာ တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ ဧပြီလကစပြီး  တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေးနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ ကချင်တပ်နဲ့ မြန်မာစစ်တပ်ကြား ပြန်ပြီး စစ်ရေးတင်းမာမှုတွေရှိလာနေပါတယ်။အခုဖြစ်နေဆဲ ကချင်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေး ဖို့  နှစ်ဖက်စလုံးက အမှန်တကယ် ယုံကြည်မှု တည်ဆောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ကြဖို့ကို ကချင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေက လိုလားနေတာဖြစ်ပါတယ်။မဆုမွန် (ဗွီအိုအေ) လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မဟာစင် မုန်တိုင်း မြန်မာ ကနေ ကွေ့ထွက်သွား

Thit Htoo Lwin - Thu, 05/16/2013 - 17:39
မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၁၆ ရက် ကြာသပတေးနေ့ ညနေက ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသကို ဖြတ်ကျော် ပြီး ကုန်းတွင်း ပိုင်းကို ဝင်ရောက် သွားခဲ့ ပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းရဲ့ အကြွင်း အကျန် အနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာ နိုင်ငံ နယ်စပ် ဘက်မှာ ကုန်းတွင်း မုန်တိုင်း အဖြစ် ဆက်လက် တည်ရှိ နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာနက ပြောပါတယ်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ပိုင်ဆိုင် သမျှ ပစ္စည်းတွေကိုသယ်၊ ကလေးတွေကို ခေါ်ပြီး မုန်တိုင်းကို ရှောင်ပြေး ခဲ့ကြ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မောင်တောမှာ မဟာစင်မုန်တိုင်းဒဏ် သိပ်မခံလိုက်ရ

Thit Htoo Lwin - Thu, 05/16/2013 - 17:32
မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားမြို့ ကြားကို မဟာစင် ဆိုင်ကလုန်း မုန်တိုင်း အဓိက ဖြတ်သန်း တိုက်ခတ်မယ်ဆိုတဲ့ အတွက် နှစ်ဘက် နိုင်ငံစလုံးက ကြိုတင် ပြင်ဆင်မူတွေ အကြီးအကျယ် ပြုလုပ်ထား ခဲ့ပါတယ်။ ဒါပေမယ့် မောင်တောဘက်ကို မ၀င်ဘဲ လမ်းကြောင်း ပြောင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကိုပဲ ဖြတ်ကျော် ၀င်ရောက်သွားခဲ့ပါတယ်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မုန်တိုင်း ဝင်နိုင်မယ်လို့ ကြေညာထားတဲ့ စစ်တွေမြို့က ဒုက္ခသည်တွေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မေလ ၁၇ ရက်နေ့ ထုတ် EURO SPORTS Journal အတွဲ ၄၊ အမှတ် ၅၆

Thit Htoo Lwin - Thu, 05/16/2013 - 17:18
မေလ ၁၇ ရက်နေ့ ထုတ် EURO SPORTS Journal  အတွဲ ၄၊ အမှတ် ၅၆ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

မေလ ၁၈ ရက်နေ့ ထုတ် Tech Space နည်းပညာဂျာနယ် အတွဲ ၂၊ အမှတ် ၇

Thit Htoo Lwin - Thu, 05/16/2013 - 17:14
မေလ ၁၈ ရက်နေ့ ထုတ် Tech Space နည်းပညာဂျာနယ် အတွဲ ၂၊ အမှတ် ၇ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ http://feeds.feedburner.com/thithtoolwin/yIWV
Categories: Myanmar News

ကန်သမ္မတ နဲ့ တူရကီ ဝန်ကြီးချုပ် တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ

BBC News - Thu, 05/16/2013 - 17:03
ဆီးရီးယား ပဋိပက္ခ အဆုံးသတ် သွားအောင် ခြေလှမ်းပြင် လုပ်ဆောင်ရမှာတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

မီးသွေးမကူ ထင်းမယူဘဲ ရေထဲက ပိုးမွှားသန့်စင်အောင်လုပ်မယ်

BBC News - Thu, 05/16/2013 - 13:25
နေရောင်ခြည် စွမ်းအင်သုံးလို့ ရေကို နေလှမ်းကာ ရေသန့်ရအောင် ထုတ်နိုင်တဲ့ နည်းလမ်းတခု မျှဝေ ထားပါတယ်။

Pages

Subscribe to mandalar.net aggregator