ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.
၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်းမဟုတ်သော ဘယ်ကမှန်းမကျိန်းသေသည့်အနောက်တိုင်းရင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာလူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့်
ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ ၀တ်ဆင်ထားသောရတနာများဖြစ်ကြသည်ကို မိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ 
အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ
နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံး ကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်
ဖြစ်ပုံမှာကား....
လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစု
အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏ မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ့ ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။
သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။ ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲ
ဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ဟုတ်ချင်မှဟု
သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုးလေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့ ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏ သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကို
ယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင် ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို
လက်တို့ကာ "ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန်
လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ၊ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ၊ ဗိုလ်ချုပ်ကြီး ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ တို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသော ဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့် နှာစေးနေကြပေသည်။
ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့ သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့ အသိပေးလိုက်ပြီး ဖြစ်ပေသည်။