American and Asian countries

အမေရိကန် နှင့် အာရှနိုင်ငံများ

အမေရိကန် ရဲ့ လက်တစ်လော လှုပ်ရှားမှူ အပေါ်မူတည်ပြီး ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်.......လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလများတုန်းက  ကျမတို့ မြန်မာ ပြည်သူတွေ... အားလုံးကိုမဆိုလိုပါ တော်တော်များများပေါ့နော် ...အမေရိကန် ဆိုရင်.. ကမ္ဘာ့ ကယ်တင်ရှင်ကြီး အင်အားကြီးမားဆုံးနိုင်ငံကြီးလို့ မြင်ခဲ့ ကြပါတယ်... အခုချိန်ထိ အဲဒီလိုမြင်တဲ့သူတွေရှိလဲရှိနေဆဲပါပဲ။ ဒါဟာဘာကြောင့်လဲ ကျမတို့တွေ နိုင်ငံရေးအတွေ့ ကြုံနုကြသေးလို့လား... နိုင်ငံတစ်ကာ အဆင့်မှီပညာတွေမတတ်ကြလို့လား... ဗဟုသုတတွေမပြည့်စုံလို့လား....ကျမတို့ဆန်းစစ်ကြဖို့လိုပါပြီ.....

ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ ဆုံမယ်လို့သတင်းတွေ ထွက် တော့ လူတွေကမျှော်လင့် ခဲ့ကြတယ်... တစ်စုံတစ်ရာ ပြောင်းလဲတန်ကောင်းရဲ့လို့...  အမေရိကန်ရဲ့ သဘောထားကို သိထားသူများနဲ့... ကမ္ဘာ့ နိုင်ငံရေးကြွမ်းကျင်သူတွေကတော့ မထင်ခဲ့ကြပါဘူး၊ ဘာလို့မထင်လဲဆိုတာရှင်းပါတယ်....အနောက်နိုင်ငံများရဲ့ နိုင်ငံရေးမူဝါဒတွေဟာ အရင်းရှင် ငွေကြေးစနစ်ပေါ်မှာ အခြေခံထားတဲ့အတွက် သူတို့အတွက်အကျိုးမြတ် မရရင် ဘာမှမလုပ်ပါဘူး... အီရတ်နဲ့အာဖဂန်ကို တိုက်ပြီးတဲ့နောက်ပိုင်း ကျမတို့မြန်မာပြည်သူ တစ်ချို့က မြန်မာပြည်ကိုဝင်တိုက်ဖို့ မျှော်လင့်ခဲ့ကြပါတယ်...

ဝင်တိုက်ဖို့နေနေသာ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်ခဲ့ပဲ လွှတ်တော်စည်းဝေးပွဲတွေမှာ စကားထဲထည့်တောင်မပြောခဲ့ပါဘူး... အခုမှ သမိုင်းဝင် အရေးတော်ပုံအပြီး....နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ မြန်မာနိုင်ငံနဲ့ ဆက်ဆံဖို့ကြိုးစားတယ်... ဘာကြောင့်လဲ?... မြန်မာပြည်ကဘာရမှာလဲ?... ကမ္ဘာကြီးကိုလွှမ်းမိုးချင်တဲ့ဝါဒချဲ့ချင်လို့လား?... ကုန်သွယ်ခွင့်တွေရချင်လို့လား ?... ဖြစ်နိုင်ချေအရှိဆုံးကတော့ အရှေ့ နိုင်ငံတွေမှာ အင်အားကြီးစပြုလာ တဲ့ တစ်ရုတ်ပြည်ကို အံတုခြင်းပါပဲ.... တစ်ရုတ်ပြည်ရဲ့ ဩဇာ မြန်မာပြည်ကိုအကုန်မလွှမ်းမိုးခင်သူတို့ဝင်ဖို့ကြိုးစားကြတာပါ... ဒေါ်စုနဲ့ညှိနှိုင်းမရရင် နောက်ခြေလှမ်းကဘာလဲ?... စစ်အစိုးရနဲ့ညှိမှာလား?...  စဉ်းစားစရာပါ....

ဒါပေမဲ့အမေရိကန်နောက်ကျသွားပါပြီ၊ တစ်ရုတ်ပြည်ရဲ့ လွှမ်းမိုးမှုဟာ အရှေ့တောင်အာရှတင်မက အာဖရိကတောင်ရောက်နေပါပြီ...တစ်ရုတ်ရဲ့ mass production နဲ့ cheap products တွေဟာ ကမ္ဘာကြီးကို မြိုသွားပါပြီ... အမေရိကန်ရဲ့ Imperialism နဲ့ ခေတ်သစ် colonialism စနစ်ဟာအာရှနိုင်ငံတွေကို မထိုးဖောက် နိုင်ခဲ့ပါဘူး.... ဗီယနမ် ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာလဲမအောင်မြင်ခဲ့ပါဘူး....ကမ္ဘောဒီးယား နဲ့သီရိလကာင်္ ရဲ့ မတစ်ရားမှူ့တွေကိုရော ဘာပြောနိုင်မှာလဲ.... တစ်ရုတ် ရဲ့ Technology နဲ့ Economy တွေ ကမ္ဘောဒီးယား မှာ လွှမ်းမိုးနေတာရော.... အင်ဒိုနီးရှား ရဲ့ မြန်မာပြည်လိုပဲ အာဏာရှင်စနစ် ဖွံ့ဖြိုးနေတာရော... ဝင်ပါချင်သေးလား? ...မြောက်ကိုရီးယား ရဲ့ညူကလီးယားစမ်းသပ်မှုကိုရော တားနိုင်ခဲ့လား?.. အီရတ်ရဲ့ဆုံးရှုံးမှူ့တွေကို ခါးစည်းခံနေရချိန်မှာ ခေတ်သစ်ကိုယ်လိုနီစနစ်ဟာမအောင်မြင်နိုင်ဘူးဆိုတာ အမေရိကန်အမြင်မှန်ရဖို့ကောင်းပါပြီ....

အာရှနိုင်ငံတွေအတော်များများဟာ လွပ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေ မဟုတ်ကြဘူးဆိုတာ အမေရိကန်သဘောပေါက်သင့်သလို ကျမတို့လဲသိသင့်ပါတယ်၊.... ဒီမိုကရေစီတော်လှန်ရေးအောင်မြင်ဖို့မှာ.. အမေရိကန်ကအဓိကမကျဘူးဆိုတာ..  အမေရိကန် အားကိုးချင်သူများသိသင့်ကြပါပြီ...  သိသိကြီးနဲ့ နိုင်ငံရေးအမြတ်ထုတ် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများလဲ Hillary Clinton က မြန်မာပြည်အကြောင်း နှစ်ခွန်းလောက်လေး မိန့်ခွန်းထဲထည့်ပြောတာကို ပုံကြီးချဲ့မရေးသင့်ကြပါဘူး....

အမေရိကန်ဘာလဲ?...ဘယ်လဲ?... ဘယ်လိုရှေ့ဆက်ခြေလှမ်းမှာလဲ?....ဆိုတာ တွေးကြည့်ကြပါလို့ဆန္ဒပြုရင်း....................

မြနန္ဒာ