ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.
ယနေ့ဆဌမမြောက်ရုံးချိန်းတွင် နအဖစစ်အစိုးရက ၎င်းတို့ တင်ပြထားသော သက်သေ (၂၃) ဦးအနက်မှ (၁၀) ဦးကို ပယ်ဖျက်လိုက်ခြင်းဖြင့် တရားလိုပြသက်သေစစ်မေးမှုကို အဆုံးသတ်စေခဲ့ပြီဖြစ်သည်။
“ဒီနေ့ ပြန်ခေါ်သက်သေ (၄) ဦးကို စစ်မေးတယ်။ နောက်စစ်မေးဖို့ကျန်နေတဲ့ အထဲက (၁) ဦးကို မေးတယ်။ နောက်ထပ် စစ်မေးဖို့ကျန်နေသေးတဲ့ သက်သေ (၁၀) ဦးကို အစိုးရကပယ်ဖျက်လိုက်တယ်တဲ့” ဟု အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီးများက ပြန်ခေါ်သက်သေ (၅) ဦးကို ထပ်မံစစ်မေး မှုပြုရန် တင်ပြထားသော်လည်း ယနေ့တွင် (၄) ဦးသာ စစ်မေးခွင့်ရခဲ့သည်။ click