ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.
this email has been circulating among online users. this is an unfortunate event. I just post my opinion on mandalar.net
''မမှားသော ရှေ့နေ၊ မသေသော ဆေးသမား'' ဆိုသော်လည်း အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန် တစ်ယောက်၏ အသက်အရွယ် အရ၊ စောင့်ထိန်းအပ်သော ဆရာဝန် ကျင့်ဝတ်အရ၊ ရရှိထားသော ဆေးလက်မှတ်၊ ဒေါက်တာဘွဲ့အရ လူနာအား ခွဲစိတ်စဉ် မိမိ ထင်မြင်ယူဆသော ရောဂါ မဟုတ်ပါက အချိန်မီ ပြန်လည် ကုသပေးခဲ့လျှင် ၄င်းလူနာသည် လူ့ဘဝသက်တမ်းစေ့ နေနိုင် မည်ဖြစ်သည်။ The surgeon needed to meet family and explain properly about possible next steps of treatment if patient's condition had deteriorated.
ထိုသို့မဟုတ်ဘဲ ငွေမျက်နှာ ကြောင့်သော်လည်းကောင်း၊ မိမိရရှိထား သော ဆရာဝန်ဂုဏ်သိက္ခာဘွဲ့ ကျဆင်းမည် စိုးသောကြောင့် လည်းကောင်း၊ လူနာ အား မလိုလားအပ်ဘဲ ဗိုက်ခွဲ၊ ဗိုက်ထဲကနေ ရောဂါပြစရာ အကြောင်း တစ်ခုခုရှာပြီးဖြတ် တောက်၊ လှီးဖြတ်ပစ်လိုက်ပါက အနာတခြား၊ ဆေးတခြား ဖြစ်နိုင်ပေသည်။ I have some surgical experience in my early career. I don't think surgeons cut healthy gut or part of organs inside unnecessarily after their diagnosis went wrong. ထိုကဲ့သို့ ဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုကြောင့် လူ့အသက်တစ်ချောင်း မဆုံးရှုံးသင့်ဘဲဆုံး ရှုံးခဲ့ရသည့် ကြေကွဲရင်နင့် ဖွယ်ဖြစ်ရပ်ဆိုး တစ်ခု ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိက အထူးကုဆေးခန်းတွင် အောက်တိုဘာ (၂၅)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရ သည်။
နာမည်ကြီးအထူးကုဆေးခန်းရှိ နာမည်ကြီး အထူးကုဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုတွင် ဓားစာခံဖြစ်သွားရရှာသည့် ခိုင်ရွှန်းလဲ့ရည်သည် သူငယ်ချင်း အပေါင်းအသင်းများ၊ မိဘဆွေမျိုးများနှင့် ဆရာ၊ ဆရာမများ၏ ချစ်ခင်မြတ်နိုးမှုကို အပြည့်အဝ ရရှိထားပြီး နှစ်စဉ်ကျောင်း၌ ထူးချွန်တံဆိပ် တက်ယူရသူဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ ဇဋိလ(၁)လမ်း၊ အမှတ် (၉၈၂)တွင် နေထိုင်သူ ဖြစ်ပြီး၊ ကမာရွတ်မြို့နယ်၊ အ.ထ.က(၂) တွင် နဝမတန်း ပညာသင်ကြားလျက်ရှိကာ ဗြိတိသျှ သံရုံးတွင် အင်္ဂလိပ်စာပညာ သင်ကြားလျက်ရှိပြီး (B.C) S.4.1 အဆင့် ရောက်ရှိနေပေပြီ။ ခိုင်ရွှန်း လဲ့ရည်သည် အသက်(၁၅)နှစ်အရွယ်ရှိပြီး အောက်တိုဘာ(၂၆)ရက်နေ့တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ ဖြေဆိုမည့်ဆဲဆဲ အောက်တိုဘာ(၂၅) ရက်၊ နံနက်(၉းဝဝ)နာရီတွင် ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိကအထူးကု ဆေးရုံ၌ နေမကောင်း၍ ဆရာဝန်အားပြသခဲ့ရာ ဆရာဝန်ကြီးမှ အူအတက်ရောင်ရောဂါဟု ဆိုကာ ဗိုက်ခွဲခဲ့ပြီး အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ)တွင် ၄င်းဆေးရုံ၌ သေဆုံးသွားကြောင်း ခိုင်ရွှန်းလဲ့ရည်၏ ဦးလေးတော်စပ်သူ ဦးစိုးလင်းက လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။
ခိုင်ရွှန်းလဲ့ရည်၏ အုပ်ထိန်းသူ မိခင်ဒေါ်ချိုချိုမြင့်က '' သမီးက အောက်တိုဘာ (၂၁)ရက် နေ့လောက်ကတည်းက ဖျားနေတာ။ ကိုယ်ပူက တက်လိုက်၊ ကျလိုက်နဲ့ မသက်သာဘူး။ အောက်တိုဘာ (၂၅)ရက်နေ့ နံနက် (၉းဝဝ) နာရီမှာ ရန်ကုန်မြို့ရှိ နာမည်ကြီးပုဂ္ဂလိက အထူးကုဆေးခန်း အရေးပေါ် လူနာဌာနကို ရောက်တယ်။ (၉း၃ဝ)မှာ ဆရာဝန်ကြီးရောက်လာပြီး သမီးရဲ့ဗိုက်ကိုလက်နှင့်စမ်းတယ်။ လက်ဖဝါးတွေကို ကြည့်တယ်။ မျက်လုံးကိုကြည့်တယ်။ ပါးစပ်ဟခိုင်းတယ်။ ကျွန်မကတော့ သမီးအတွက် စိုးရိမ်နေတာက လွဲပြီး ဆရာဝန်က သမီးရဲ့ လက်တွေ၊ မျက်လုံးတွေက ဖွေးနေတာပဲလို့ ပြောတော့ ကျွန်မလည်း ဟုတ်တယ်။ ဖွေးနေတယ်လို့ ပြောခဲ့တယ်။ သမီးကို Pressure တိုင်းတော့ အပေါ်သွေး (၉ဝ)၊ အောက်သွေး (၆ဝ)ပဲရှိတယ်။ အဲ့ဒီအချိန်မှာ ဆရာဝန်ရဲ့ စစ်ဆေးချက်က ပြီးသွားပြီလို့ ကျွန်မထင်တာပဲ။ ဆရာဝန်ကြီးက အနီးစပ်ဆုံး အူအတက်ရောင်ရောဂါပဲ၊ ခွဲမလားလို့မေးတယ်။ ကျွန်မတို့က ဘာမှနား မလည်တော့ ဆရာဝန်ကြီးခွဲသင့်ရင်ခွဲပါ။ ဆရာဝန်ကြီး သဘောပါလို့ ပြောလိုက်တော့ တာဝန်ခံ (MO) ကိုခွဲစိတ်ခန်းဝင်မယ့် အကြောင်း ပြောပြီး ထွက်သွားတယ်။ According to the duration of illness and clinical findings, if she had an appendicitis, she would have been septic. She needed close observation. She needed intravenous antibiotic. She needed intravenous fluid. In case of burst appendix, she needed an emergency operation to remove appendix and pus. Some people with similar condition will need a drain after operation. To confirm or to support the diagnosis, a scan is required before operation.
ကျွန်မက သွေးပေါင် ၉ဝ/၆ဝ ဆိုရင်ခွဲလို့ ရရဲ့လားလို့မေးတော့ (MO)က ဆရာဝန် ကြီးလုပ်တတ်တယ်။ ဘာမှမပူနဲ့အစ်မလို့ ပြောတယ်။ မခွဲခင် နံနက်(၁ဝ)နာရီမှာ E.C.G ဆွဲပြီး၊ T.V ဓာတ်မှန်မရိုက်၊ သွေးမစစ်ဘဲသမီးလေးကို ခွဲစိတ်ခန်းထဲ ချက်ချင်းပို့လိုက်တယ်။ နေ့လယ်(၁၁း၃ဝ)နာရီ ဝန်းကျင်မှာ ခွဲစိတ်ခန်းထဲက ထွက်လာပြီး အူအတက်သေးသေးလေးနဲ့ သမီးဝမ်းဗိုက်ထဲက စက်နှင့် စုပ်ထုတ်ထားတဲ့ သွေးနဲနဲပါ၊ ဝါကြင်ကြင်ဂျယ်လီတွေကို ကျွန်မတို့ကိုပြတယ်။ It could be the body fluid mixed with pus which came out from inflammatory site. It would be secondary to the inflamed appendix or something else.
ကျွန်မလည်း အူအတက်ရောင်ရောဂါနဲ့ ဗိုက်ခွဲထားဖူးတော့ ငါ့သမီးလေးတော့ မှားပြီး အခွဲခံရပြီလို့ ထင်လိုက်မိတယ်။ Yes, in her case, probably she got her appendix removed in its early phase of inflammation. Medicine is not mathematics. Different people can have different situation even in the same condition.
ဂျယ်လီလို အရည်တွေကို ဘာလို့စုပ်ထုတ်တာလဲ ဆိုတာတော့ မသိရဘူး။ ကျွန်မတို့အထင် မှားခွဲမိလို့ ရောဂါတစ်ခုခု ပြဖို့ပဲလို့ ထင်တယ်။ သမီးလေး သတိရလာတော့ အရမ်းနာကျင်နေတယ်။ ခွဲစိတ်ခန်းဝင်နေတဲ့အချိန်မှာ ထုံဆေး ပြယ်သွားတော့ နာတယ်..နာတယ်..ဆိုပြီး သမီးရဲ့အော်သံကိုလည်း အကျယ်ကြီး ကြားရတယ်။ That is the evidence of poor practice in Burma. All post-operative patient must be with minimum pain or pain free. It is absolutely unacceptable to learn that someone after operation had been screaming because of pain. I think there is a shortage of Morphine or similar pain killers in Burma even though it is said to be world's second largest opium producer.
နောက်တော့ သမီးကို အိပ် ဆေးထိုးလိုက်တယ်။ အဲဒီ ခွဲစိတ်ခန်းထဲက အကြောင်းတွေကို သမီးပြောပြခဲ့တာ။ ကျွန်မ သမီးလေးကို အရမ်းသနားတာပဲ။ ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ် ခန်းမှာ ညနေ (၃းဝဝ)နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှုညံ့ဖျင်းတဲ့အကြောင်းပါ။ ကျွန်မတို့ပြောတာ ပြောလို့မရဘူး။ ကျွန်မအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်။ ကျွန်မသမီးလေးအတွက် အခန်းရတော့ (၅)ထပ်မှာရှိ တဲ့ အခန်းကို ပြောင်းလိုက်တယ်။ သမီးလေးက မသက်သာဘူး၊ အရမ်းနာတယ်ပြောတော့ MO ကို သွားပြောတယ်။ ဒီလိုပဲ သက်သာသွား မှာပါဆိုပြီး ကျွန်မတို့ကိုပြောလွှတ်တယ်။ ဂလူးကို့(စ်) တစ်ပုလင်း သွင်းရင် သွေး ပေါင်ချိန်က (၁ဝ)ကျ ကျသွားတယ်။ ကျွန်မ တို့ သတိထားမိတော့ ညနေ (၅းဝဝ)နာရီ၊ (၆းဝဝ) နာရီလောက်မှာ ဒေါက်တာရယ် ဒီ အတိုင်း ထားလို့ဖြစ်ပါ့မလား၊ လာကြည့် ပေးပါဦးလို့ သွားပြောတယ်။ အဲဒီ့အချိန် မှာ သမီးကိုသွေးဖောက်စစ်တယ်။ သွေး ပေါင်ချိန်တိုင်းတော့ (၇ဝ/ ၅ဝ)ဖြစ်နေပြီ။ It was a critical condition which needed senior doctor's review urgently. She needed to be transferred to ITU (Intensive Care Unit). I am not sure there is ITU in that private hospital. In that situation, Surgeon, Physician and anaesthetist needed to work together to save patient's life.
ည(၁ဝးဝဝ)နာရီလောက်မှာ သွေးရှာခိုင်း တော့ သွေးရှာပေးတယ်။ နံနက်(၂းဝဝ) နာရီလောက်မှာ သွေးတစ်ပုလင်း စသွင်း ဖြစ်တယ်။ It is poor system and poor organization. မနက်မိုးလင်းပြီးမှ သွေးကုန် သွားတယ်။ ခွဲပြီးနောက်နေ့ထိ ဆရာဝန် ကြီးက မလာသေးတာနဲ့ သွားခေါ်ခိုင်း တယ်။ မလာဘူး။ ခွဲပြီးနောက်နေ့ အောက်တိုဘာ(၂၆)ရက်၊ နေ့လယ် (၁၂းဝဝ)နာရီ မှာတစ်ကြိမ်သာ လာကြည့်သွားတယ်။ The surgeon who performed the operation needed to discuss with physician or anaesthetist for further intervention.
နောက်ထပ်ဆရာဝန် နှလုံးပါရဂူ လာပြီး စောင့်ရှောက်ကုသပေးတယ်။ အောက်တို ဘာ(၂၇)ရက်၊ နံနက်(၅း၃ဝ) နာရီခွဲမှာ နှလုံးပါရဂူဆရာဝန်ကို သွားပင့်တော့ ဆရာဝန်ကြီးက စေတနာပါပါနဲ့ သမီးလေးကို ကြိုး စားပြီး ကုသပေးရှာပါတယ်။ . ပထမ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးကတော့ ကျွန်မ သမီးလေးကို ခွဲတဲ့အချိန်နဲ့ နောက်နေ့တစ်ခါသာ လာကြည့်သွားတယ်။ ကျွန်မသမီးလေးက အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ)မှာ ကွယ်လွန်သွားတယ်။ တာချီလိတ်ကို ခရီးသွားနေတဲ့ သမီးရဲ့အဖေက အချိန်မီပြန်လာတယ်။ ဒါပေမယ့် နံနက် (၉း၃ဝ)နာရီမှ ရောက်လာတော့ သမီး ရဲ့အသက်ကိုမမီတော့ဘူး။ ကျွန်မ ယောက်ျားက သူ့သမီးကြီးကို အရမ်းချစ်တာ၊ သမီးလေးကို သွေး(၂)ပုလင်း၊ သွေးရည်ကြည်(၁)ပုလင်း သွင်းခဲ့ရတယ်။ MO တွေရဲ့ပြော ချက်အရ သမီးလေးက သွေးလွန်တုပ်ကွေး ဖြစ်နေတာ။ Not so clear who made the diagnosis. There are many conditions which present with oozing of blood. For example, patient with sepsis ( like this girl) can get DIC (Disseminated Intravascular Coagulation) which is a serious condition. ဒါကြောင့်မို့ သွေးကြောမွှားလေးတွေ ကနေ သွေးယို စိမ့်ပြီး သွေးသွင်းလည်း အကျိုးမရှိဘူးလို့ ပြောပြကြတယ်။ ကျောက်ကပ်ပျက်စီး သွားတယ်၊ အသည်း ကြီးသွားတယ်၊ နှလုံးလည်း ထိတယ်လို့လည်း ပြောတယ်။ သွေးလွန် တုပ်ကွေးကိုမစစ်ဘဲ ဆရာဝန်ကြီးက မှားခွဲမိတာလားလို့ မေးတော့ ဘာမှမပြောကြဘူး။ ဆေးရုံမှာ(၂)ရက် သမီးလေးကုသခဲ့တဲ့ ဆေးစရိတ်ကုန်ကျငွေက (၁၁)သိန်းကျော် ရှင်းခဲ့ရတယ် ''ဟု ပြောပြခဲ့သည်။ ¤င်းအထူးကုဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦးသည် ခိုင်ရွှန်းလဲ့ရည်၏ ဖခင်နှင့်မိတ်ဆွေဖြစ်ပြီး ခိုင်ရွှန်းလဲ့ရည်၏ နာရေးပြီးဆုံးသည့်နောက်နေ့တွင် အိမ်သို့ ရောက်ရှိလာကြောင်း မိခင်ဒေါ်ချိုချိုမြင့်က ဆက်လက်ပြောပြ ခဲ့သည်။ '' ကျွန်မတို့က အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တယ်။ သူက သိပြီးသားဖြစ်နေတယ်။ အဲဒီ့ဆေးရုံမှာ သမီးနဲ့ပတ်သက်ပြီး နိုဝင်ဘာ(၂)ရက်နေ့မှာ အစည်းအဝေး(၂)ခါထိုင်တယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ဆရာဝန်ကြီး ဆုံးဖြတ်ချက်မှားတာပါ ဆိုတဲ့အကြောင်း သမီးကသွေးဖြူဥအားနည်းနေသည်ကို မစစ်ဘဲခွဲလိုက်သည့် အတွက်ကြောင့် အခုလိုဖြစ်ရကြောင်းတောင်းပန် သွားတယ်။ ဆရာ ဝန်ကြီးက အခု တရုတ်ပြည်သွားနေလို့ ပြန်လာရင် ကျွန်မတို့အိမ်ကိုခေါ်လာပြီး တောင်းပန်ခိုင်းမယ်လို့ ပြောတော့ ကျွန်မယောက်ျားက မခံစားနိုင်ဘူး၊ ခေါ်မလာပါနဲ့''လို့ပဲ ပြောလိုက်တယ်။
သွေးလွန်တုပ်ကွေး ဖြစ်နေသော ကလေးကို မှားယွင်းစွာခွဲစိတ်ပြီး သိလျှင်သိချင်း အရေးပေါ် ကုသမပေးခဲ့ဘဲ၊ အထူးကြပ်မတ်ဆောင်သို့ ချက်ချင်းမပို့ဘဲ သာမန်လူနာတစ်ဦး ကဲ့သို့ ပစ်ထားခဲ့ခြင်းနှင့် ဆရာဝန်၏ ကျင့်ဝတ်နှင့် မညီမှုတို့ကြောင့် မခိုင်ရွှန်းလဲ့ရည်၏ မိခင်သည် များစွာ စိတ်ထိခိုက်ရပြီး ကြားလူတစ်ဦး၏ စိတ်မကောင်းပါဘူးဟု တောင်းပန်ပြောစကားနှင့် ဖြေဖျောက်လို့ မရနိုင်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်အား စာသင်ပေးနေသော ဆရာမများက ထူးချွန်ထက်မြက်ပြီး စာအလွန်တော်သည့် ကလေးငယ်တစ်ဦး မသေသင့်ဘဲ သေဆုံးသွားခဲ့သည့် အတွက် လွန်စွာနှမြောမိကြောင်း၊ မခိုင်ရွှန်းလဲ့ရည်သည် ဘာသာစုံ ဂုဏ်ထူးနှင့် အောင်မြင်မည့် ကလေးတစ်ဦးဖြစ်သောကြောင့် ဆရာမများ အားထားရသည့် တပည့်တစ်ဦးလည်း ဖြစ်ကြောင်း၊ ခိုင်ရွှန်းလဲ့ရည်အား ရည်စူးပြီး ရန်ကုန်၊ နာရေးကူညီမှု အသင်းသို့ ငွေငါးသိန်းကျပ်၊ ရပ်ကွက်နာရေး ကူညီမှုအသင်းကို တစ်သိန်းကျပ်၊ ရပ်ကွက် လမ်းပြုပြင်တဲ့နေရာမှာ တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း မိခင်ဖြစ်သူဒေါ်ချိုချိုမြင့်က လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။ I agree that it is a negligence of that surgeon. Parents should take a legal action.
အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသ ပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင်ဆွေမျိုးအသိုင်းအဝိုင်းက လျှပ်တစ်ပြက်သို့ ထပ်မံ ပြောကြားခဲ့သည်။
To conclude, there was a lack of communication between patient family and responsible surgeon. There is a negligence of surgen. It is very poor referral system. That private hospital is also poor in patient's care and patient's well fare. I beleive this is not the first case. Many people already died because of poor system. More people will also die. Of course, it is a system error. An efficient public or government body is required to regulate private hospitals.