Accept the truth

အမှန်တရားကို မြတ်နိုးကြပါ၊ ပြီးတော့ လက်ခံကြပါ ....

ရန်ကုန်မြို့ မှာ လတ်တလောလေးကမှ အလွန်ရေပန်းစားသွားသောသတင်းတခုအကြောင်းရှင်းပြချင်လို့ ပါ။ SSC မှာမှားခွဲမိလို့ သေသွားတယ်ဆိုတဲ့ ကောင်မလေးဖြစ်ရပ်ပါ။ ကောင်မလေးသေဆုံးရမှုအပေါ် တကယ်ကိုပဲစိတ်မကောင်းဖြစ်ရပါတယ် ။

တကယ်ကို တော်တဲ့ ကလေးတယောက်မို့ လို့ ပါ။ ဒါပေမဲ့ ခွဲတဲ့ ဆရာကြီး အပြစ်လို့ ဝိုင်းပြောနေကြတဲ့  ဂျာနယ်လစ်တွေကို တော့ တကယ်ကိုစိတ်တိုမိပါတယ်။ ဆရာကြီးဦးကြည်စိုး ဆိုတာမြန်မာနိုင်ငံမှာ နှစ်ယောက် မရှိနိုင်တဲ့  surgeon တယောက်ပါ။ ဆေး (၁)၊ ဆေး (၂) ၊ ဆေး မကွေး ၊ဆေးမန်း စတဲ့ ဆေးကျောင်းလေးကျောင်းလုံးမှာ head and professor ရာထူးနဲ့ ဆောင်ရွက်ခဲ့ ပြီး အခု retire ယူထားတဲ့ surgeon ဘိုးအေကြီးတယောက်ပါ။

အခုဖြစ်ရပ်မှာလည်း တကယ်တန်းတာဝန်ရှိတာ ကောင်မလေးကို စဖျားကတည်းက ကုတယ်ဆိုတဲ့  GPဆရာဝန်ပါ။ သူဟာ ဆရာဝန်တယောက် ဖြစ်ပါရဲ့ နဲ့  သူ့ ဆီလာပြတဲ့ လူနာ သွေးလွန်တုပ်ကွေး ဆိုတာ diagnose မလုပ်နိုင်တာသူ့  ညံ့ ဖျင်းမှုပါ။ ကောင်မလေးက လေးရက်တောင်ဖျားပြီးမှ ဆရာ ဦးကြည်စိုး ဆီရောက်တာပါ။

လူနာက ဆရာကြီးဆီ ရောက်တဲ့ အချိန်မှာ dengue shock ၀င်နေပါပြီ။ ပြီးတော့ကောင်မလေးမှာပြနေတဲ့ sign တွေ က appendicitis case နဲ့  တထပ်တည်းကိုတူနေတာပါ။ ဗိုက်ကြီးပူတာ၊ ချက်ပတ်ဝန်းကျင်မှာ နာတာ ၊ သွေးကြောတွေဝမ်းဗိုက်မှာ မြင်နေရတာ အူအတက်ပေါက်တယ်ဆိုတဲ့ (appendicitis) ရဲ့ sign တွေပါပဲ။ အူအတက်ပေါက်တယ်ဆိုတာ ချက်ချင်းခွဲ မှဖြစ်မှာပါ။ အဲဒါကို လူပိန်းတောင်သိပါတယ်။ မှားတတ်ပါတယ် ၊ ဆရာကြီးနေရာမှာ တခြားနာမည်ကြီးဆရာဝန်တယောက် ဆိုလည်း မှားမှာပါပဲ။

ဒီတော့နည်းနည်းမှစစ်ဆေးမှုမလုပ်ဘူးလား ဆိုပြီးမေးဖွယ်ရာရှိပါတယ်။ အူအတက်ပေါက်တာအမှန်ဆိုရင် ချက်ချင်းခွဲ မှဖြစ်မယ့်  အတွက် စစ်ချိန်မရတာဆိုရင် ပိုမှန်ပါမယ် ။ လူနာက ဆရာကြီးဆီ ရောက်လာတဲ့ အချိန်မှာ သေကိုသေတော့မယ့် အခြေအနေပါ။ စစ်ပြီး dengueမှန်းသိလို့ မခွဲရင် လည်း မခွဲလို့ သေတယ်ဆိုပြီး ဖြစ်လာဦးမှာပါ။ အဲဒီတော့ ဘယ်သူ့ အမှားလည်း ဆိုတာသာတွေးကြည့် ပါတော့ ။ ပြီးတော့နောက်တခုက ဆရာကြီးက လူနာကို တခါပဲ လာကြည့် ပြီး ၊ လက်လွတ်စပါယ်ထားတယ်ဆိုတဲ့ အကြောင်းပါ။

ဆရာကြီးဟာ ဒီလူနာရောက်မလာခင် တပတ်လောက်အလိုကတည်းက တရုတ်ကိုသွားဖို့  well planned လုပ်ထားပြီးသားပါ။ လူနာရှင်တွေက ဆရာဦးကြည်စိုးနဲ့ မှ ကုချင်တယ် ဆိုပြီး by name နဲ့ ရောက်လာတာပါ။ သူတို့   ပြထားတဲ့  GP ဆ၇ာဝန်က appendicitis case ဖြစ်လို့ ဆရာကြီးနဲ့ သွားပြပါဆိုပြီးလွှတ်လိုက်လို့  ဆရာကြီးက ခရီးမထွက်ခင်လေး operation လုပ်ပေးခဲ့ တာပါ။

ပြီးတော့လူနာဆုံးပါးသွားတဲ့ အချိန်မှာလည်းဆရာကြီးက တရုတ်မှာပါ။ သူ့ ကနဂိုတည်းက အစီအစဉ်ရှိပြီးသား ခရီးစဉ်ကိုသွားတာပါ။ ဒီမှာဘယ်လိုအခြေအနေရှိလဲဆိုတာ သူ ကဒီလူနာကိုမကြည့် ပေးနိုင်ခဲ့ တာလဲ ဒါကြောင့်ပါ။ ဆိုချင်တာက ဆရာကြီးကခွဲလိုက်လို့  သေရတာမဟုတ်ပါဘူး။ သေမည့် လူနာကို ဆရာကြီးကခွဲမိသွားတာပါ။ ပြီးတော့ ဆေးရုံစရိတ် ၁၁သိန်းဆိုတာကလည်း ၁၁သိန်းနဲ့ တန်အောင်လုပ်ပေးတဲ့ ဆေးရုံကိုသွားလို့ ၁၁သိန်းကုန်တာပါ ။ ၁၁သိန်းကုန်အောင် ၀န်ဆောင်မှုပေးခဲ့ လို့  တန်သလောက်ပေးရတာပါ။ အဲဒါကို weekly eleven ဂျာနယ်မှာ ရေးထားတာတွေက တကယ်ကို ဆိုးဝါးပါတယ်။

ဘာကြောင့် လဲဆိုတော့ အဲဒီဂျာနယ်တိုက်ပိုင်ရှင်က ဒေါက်တာသန်းထွန်းအောင် ဖြစ်ပြီး ၊ သူဟာ အာရှတော်ဝင် ဆေးခန်းရဲ့  ရှယ်ယာဝင်တဦးလည်းဖြစ်ပါတယ်။ SSC ဆိုတာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးပြင်ပဆေးခန်းတွေထဲမှာမှTOP ပါ။ ၀င်ငွေအနေနှဲ့ လည်း အကောင်းဆုံးဆေးခန်းတခုပါ။ အဲဒါကြောင့်  အာရှတော်ဝင် နဲ့ SSC ဟာအပြိုင်သဘောမျိုးဖြစ်နေတာပါ။ အခုဖြစ်ရပ်မှာလည်း လူနာသေဆုံးခြင်း ထက် ဆရာကြီးကို အသုံးချကာ SSC ဆေးခန်းအား တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ အသေးစိတ်မသိတဲ့ ပြည် သူလူထုကိုထင်ယောင်မှားတွေ ဖြစ်အောင်သွေး ထိုးလှုံ့ ဆော်ကာ စီးပွားရေး အရတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

ဒီဂျာနယ်တိုက်ပိုင်ရှင်ကိုလည်း အတော်ကိုအံ့ သြမိပါတယ်။ သူကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်ပါလျက်နှင့်  ဒီလိုသတင်းမှားမျိုးကို ရေးသားထုတ်ဝေရဲ တာ ဆရာဝန်စိတ်ဓာတ် မရှိခြင်းပင် ဖြစ်ပါတယ်။ ဒီလိုဆရာဝန်မျိုးနှင့်  ကုသမည့်  လူနာများအတွက်လည်း ရင်လေးမိပါတယ်။ ကြားထဲက ဓားစာခံ ဖြစ်သွားရတဲ့ ဆရာကြီးဦးကြည်စိုးမှာလည်း နာမည်ဂုဏ်ထိခိုက်ရသည်။ ဆရာကြီးအတွက် ဆမ အပိတ်ခံရခြင်းသည် ဆရာကြီး၏ အခြားသောစီးပွားရေး များကိုထိခိုက်ခြင်းမရှိပေ။ အခုဆရာကြီးက နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားလေပြီ။

သူ့ လို လူတော်တယောက်အတွက် နိုင်ငံခြားဆိုတာ ၀င်ငွေပိုကောင်းပါတယ်။ သူ့ ဘ၀တက်လမ်းပိုကောင်းတဲ့  နိုင်ငံခြားမှာမနေပဲ၊ မြန်မာနိုင်ငံကို အလုပ်အကျွေးပြုနေတာဆရာကြီးရဲ့ စေတနာပါ။ တကယ်လို့ သင်ဆိုလျှင်ကော နိုင်ငံအတွက်ဆိုပြီး အနစ်နာခံနိုင်မလား ။ ဒီလိုလူတယောက်ကို ၀ိုင်းဝန်းနှင်ထုတ်လိုက်ခြင်းမှာ ဘယ်လို အကျိုးကျေးဇုူးတွေ ဖြစ်လာနိုင်သလဲ။

စဉ်းစားကြည့် ပါ။ တကယ်တမ်းနစ်နာတာ ကျွန်မတို့ ပြည်သူတွေပါ။ အဲဒါကိုကောင်းမှန်းမသိ ၊ဆိုးမှန်းမသိ သူတပါးကိုပုတ်ခတ်လိုက်ရလျှင်ပဲ ငါဟဲ့ ဆိုပြီးဖြစ်နေတဲ့ လူ့ အောက်တန်းစား၊လူပြိန်း၊ လူညံ့ များအား ကျွန်မတို့   ဆေးလောကအသိုင်းအ၀ိုင်းက သနားတယ်လို့ ပြောပြီးဟားတိုက်တောင် ရယ်ချင်ပါသေးသရှင်။ သူငယ်ချင်းတို့ လည်း ဒီမေးလ်ကိုဖတ်ပြီး မသိသေးတဲ့ သူတွေ ကိုforward လုပ်ပေးကြပါနော်။

ရေးသားသူ အဖြူရောင်(ဆေး ၂)