Heavy sentences in Burma

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ လျှို့ဝှက် အစီရင်ခံစာများ အင်တာနက်မှ တဆင့် ပေါက်ကြားပြန်နှံ့ကုန်သဖြင့် အငြိမ်းစား ဗိုလ်မှူး ၀င်းနိုင်ကျော်ကို သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် (ခ) အောင်အောင်ကို သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ အရပ်သား ဂိုပျံစိန် (ခေါ် ) အစီးကို ထောင်ဒဏ် ၁၅ နှစ် အသီးသီး မြောက်ပိုင်း ခရိုင်တရားရုံးက အင်းစိန်ထောင်တွင်း၌အမိန့် ချမှတ်လိုက်သည်။