ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.
ဗြိတိန်နိုင်ငံမှာ နာမည်ကျော်ကြားလူသိများတဲ့ Britain got Talent ရဲ့ judge တစ်ဦးဖြစ်သူ၊ဂျာနယ်လစ် နဲ့ တယ်လီဗီးရှင်း presenter လဲဖြစ်တဲ့ ပီရာ့စ်မော်ဂန် (Piers Morgan) ဟာ ရှန်ဟိုင်း မြို့ကြီးရဲ့ကြွယ်ဝ ချမ်းသာမှုနဲ့ လူနေမှု အဆင့်မြင့်မားမှုတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာလည်ပတ်ပြီး မေးမြန်းတွေ့ ဆုံခဲ့တဲ့ အစီအစဉ် တစ်ခု ကို ဗြိတိသျှ တယ်လီဗီးရှင်း ITV ကနေတင်ဆက်ခဲ့ပါတယ်။ သူ့ရဲ့တင်ပြလိုမှုဟာ တရုတ်နိုင်ငံမှာ လူ့အခွင့်ရေးတွေဆုံးရှုံးနေ တာတွေကိုပြောချင်ပုံရပါတယ်၊ နောက်တစ်ခုက တရုတ်ပြည်ကြီး ကမ္ဘာကြီးကို သိမ်းခါနီးပြီးဆိုပြီး လူအများကိုသိစေချင်ပုံလဲရပါတယ်၊ ဒါ့အပြင် တရုတ်ပြည်ကြီးဟာ သူခိုးကြီးပါလို့လဲ ကမ္ဘာကြီးကို သိစေခြင်ပုံလဲပါ ပါတယ်။ မှန်ပါတယ် သူပြောသလိုပဲ ကျမတို့ရဲ့ အိမ်ထဲကိုကြည့်လိုက်မယ်ဆိုရင် ရှစ်ဆယ်ရာခိုင်နှုံး သောအသုံးအဆောင်တွေဟာ တစ်ရုတ်ပြည်ကပါ၊ မူရင်း အမေရိကန် တို့ဂျာမဏီတို့ဖြစ် တာတောင်မှ ထုတ်လုပ်တာက တစ်ရုတ်ပြည်ကပါ။ပြင်သစ်ကနာမီကြီးဝိုင် တွေလဲရှန်ဟိုင်းတစ်ဝိုက်မှာတင်ထုတ်လုပ်တာပါ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက်တို့ကအစ ခလေးကစားစရာ အရုပ်အဆုံးတစ်ရုတ်ပြည်ကပါပဲ။
ဒါဟာဘာဖြစ်လို့လဲဆိုတာရှင်းပါတယ်၊ ပီရာ့စ်မော်ဂန် (Piers Morgan) တင်ပြခဲ့သလိုပဲ တစ်ရုတ်ပြည် ရဲ့ကုန်စည်ထုတ်လုပ်မှု မှန်သမျှဟာ အနောက်နိင်ငံတွေက နမူနာယူပြီး ပိုဈေးသက်သာ ပိုကောင်းအောင်ထုတ်လုပ်ထားလို့ပါပဲ၊ ဈေးသက်သာတဲ့အတွက် တစ်ကမ္ဘာလုံးသူ့ဆီက အားပေးကြတာပါပဲ၊ သူရောက်ခဲ့သမျှ ဟော်တယ်၊ စတိုးဆိုင်၊ ကော်ဖီဆိုင် နောက်ဆုံးဘောလုံးပွဲအဆုံး အနောက် နိုင်ငံရဲ့အပြင်အဆင်တွေနဲ့ အရသာတွေပါပဲ၊ ဘောလုံးပွဲရဲ့ ကြော်ငြာစာတမ်း နဲ့ အလံ တွေဟာ လီဗာပူးအသင်းရဲ့ ဒီဇိုင်းတွေနဲ့ဆင်ဆင် တူနေတယ်လို့ပြောဆိုခဲ့ပါတယ်။ဟော်တယ်ရဲ့ အစားအသောက်တွေစားရ တာလဲသူ့ကိုယ်သူရှန်ဟိုင်းရောက်နေတယ် လို့မထင်မိပဲအင်္ဂလန်မှာပဲလို့ ခံစားခဲ့ရပါတယ်တဲ့၊ အသက်သုံးဆယ်အရွယ် သဘောင်္တွေပိုင်တဲ့ ၊ နိုင်ငံခြားကုန်စည်ကူးသန်းရေးကို လုပ်ဆောင်နေသူ၊တစ်ရုတ်အမျိုးသမီး သန်းကြွယ်သူဋ္ဌေးမလေးကလဲ တစ်ရုတ်နိုင်ငံကြီးဟာ မကြာခင်မှာပဲ ကမ္ဘာ့ အချမ်းသာဆုံး နံပတ် တစ် ဖြစ်တော့မယ် ဆိုတာ သူမအခိုင်မာယုံကြည် ကြောင်း သူ့ကိုပြောခဲ့ပါတယ်။
သူမပြောသလိုပဲ ဆယ်စုနှစ် တစ်ခုအတွင်းမှာ သန်းကြွယ်သူဋ္ဌေး တွေတရုတ်နိုင်ငံမှာ ဒီရေတက်သလိုတိုးလာပေမဲ့ အမေရိကန်၊ဗြိတိန်နဲ့ဂျာမဏီတို့မှာ အလုပ်လက်မဲ့ တွေ ကတောင်လိုပုံလာခဲ့ပါပြီး၊ တရုတ်ပြည်ကားစက်ရုံကအလုပ်သမားတွေ ရဲ့လစာဟာ ဗြိတိန်အလုပ်သမားတွေထက်မြင့်မားသလို၊ ဟော်တယ် ဝန်ထမ်းတွေရဲ့လစာဟာလဲ မနဲလှကြောင်း ပီရာ့စ်မော်ဂန် (Piers Morgan) တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က ကာကွယ်ပေးတဲ့ အလုပ်သမားသမ္မဂ္ဂတွေ မရှိသလို ဟော်တယ်ဝန်ထမ်းတွေရဲ့နေ့လည် နားချိန်ဟာ အလွန်နဲပြီး နောက်ကကျားလိုက်သလို နေ့လည်စာကို အမြန်စားရတဲ့အကြောင်း တွေသိခဲ့ရတယ်လို့လဲဆိုပါတယ်၊ အင်တာနက်မှာလဲ ဆင်ဆာ တွေ နဲ့ကန့်သတ် မှုတွေကိုတွေ့ရှိတယ်လို့တင်ပြခဲ့ပါတယ်။
ဒါပေမဲ့လဲ လူအများစု ဟာအဲဒီအချက်တွေကို ဘယ်လိုမှမခံစားရပါဘူး၊ လူငယ်များဟာလဲ နောက်ဆုံးပေါ်ဒီဇိုင်းနားဝတ်စုံများနဲ့၊ ခေတ်မှီ တိုက်ခန်းများမှာ ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့နေထိုင်ပြီး အကောင်းစား ကလပ်တွေမှာ လွတ်လပ်စွာပါဝင်ဆင်နွဲနေနိုင်တဲ့ဘဝမှာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို သိတောင်သိပုံမရကြပါဘူးလို့ဆိုခဲ့ပါတယ်၊ တရုတ်လူမျိုး အသက်ခြောက်ဆယ်နီးပါး အိမ်ပိုင်ရှင်လူကြီးတစ်ယောက်ကလဲ အစိုးရအမိန့်အရ အဆင့်မှီကွန်ဒို တွေဆောက် ဖို့အတွက် နှစ်ပေါင်းများစွာနေခဲ့တဲ့ သူ့ကိုယ်ပိုင်အိမ်ကနေ မြို့ပြင်ကို ပြောင်းရသည့်တိုင်အောင် "ရှန်ဟိုင်းသားတစ်ယောက်အနေနဲ့ ရှန်ဟိုင်းမြို့ကြီးတိုးတက်ဖို့ စတေးရတာကို ကျေနပ်ပါတယ်၊ အိမ်ပြောင်းရတဲ့အတွက်ဝမ်းနဲပေမဲ့ အစိုးရကိုတော့ ဘယ်လိုမှအဆိုးမမြင်ကြောင်း" ပြောကြားသွားခဲ့ပါတယ်။ လူငယ်လူရွယ် များကလဲ "ကျမတို့ဒီအချက်ကိုမစဉ်းစားမိကြပါဘူး" လို့ဆိုခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ပီရာ့စ်မော်ဂန် (Piers Morgan) အနေနဲ့ လူ့အခွင့်ရေးဆိုတာ သုံးလေးခွန်းထက်ပို မပြောနိုင်ခဲ့ပဲ ရှန်ဟိုင်းရဲ့ရောက်လေရာနေရာတိုင်းမှာ "ဒါလဲငါတို့တွေကို တုထားတာ၊ဒီတစ်ခုလဲ ငါတို့တွေစီကပုံတူကူးထားတာ၊ ဒီပုံစံလဲငါတို့ဒီဇိုင်း၊ ဒီအရသာလဲ ငါတို့တွေဆီကနဲ့တစ်ထပ် တည်းပဲ" ဆိုတဲ့အပြော တွေနဲ့အဆုံးသပ်သွားခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခဲ့သမျှ တစ်ရုပ် လူမျိုး အများစုဟာလဲ "တစ်ရုတ်ပြည်ရဲ့မနက်ဖန်ဟာဒီနေ့ထက်အမြဲတမ်းပိုကောင်းနေမယ် ဆိုတာကိုယုံကြည်ကြောင်း" တစ်လေသံထဲ ထွက်ကြတာကို ကြားခဲ့မြင်ခဲ့ရကြောင်းတင်ပြသွားခဲ့ပါတယ်။
ဒီအစီစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်မိတာကတော့ ကွန်မြူနစ်နိုင်ငံတစ်ခုရဲ့ အင်အားကြီးမားလာမှုကို အရင်းရှင်နိုင်ငံတွေတုံလှုပ်နေကြပါပြီ၊ တရုပ်နိုင်ငံဟာ ကွန်မြူနစ်ပါဝါကို အရင်းရှင်စီးပွါးရေးစနစ်နဲ့ ရောလျှက်ပြီး ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်တာပါပဲ၊ နိုင်ငံတစ်ခုကြီးပွါးတိုးတက်မှုမှာ ဒီမိုကရေစီကအဓိကလား၊ လူ့အခွင့်ရေးဆိုတာရော၊ ဒါတွေအားလုံးကို တရုတ်နိုင်ငံက ဆယ်နှစ်အတွင်းမှာ ဖြေသွားပါပြီ၊ အင်တာနက်သုံးစွဲ မှုကန့်သပ်တာတွေဟာလဲတစ်ရုတ်အစိုးရမှာ ခိုင်လုံတဲ့အကြောင်းရှိပုံရပါတယ်၊ အရင်းရှင်စနစ်ကိုမွေးစားပြီးနောက် သူ့ရဲ့ နောက်လိုက် Globalization, Multiculture နဲ့ Human rights တွေကို အဝင်မခံချင်တာဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ multiculture ကြောင့် ပြဿနာတွေတစ်နေ့ထက်တစ်နေ့ပိုရှုပ်ထွေးပြီး အကြမ်းဖက် ဗုံးခွဲမှုတွေများလာတာရယ်၊ မွတ်ဆလင်တွေက လူ့အခွင့်ရေးဆိုတာကို အလွန်အမင်း အလွဲသုံးစားလုပ်နေပုံတွေရယ်၊ အမဲ လူမျိုးများ ရဲ့ လူမျိုးရေးအရှုပ်အရှင်းတွေ ဟာ အတုယူကောင်းတဲ့ တရုတ် အတွက် စဉ်းစားစရာတွေပါ။
အနောက်နိုင်ငံတွေက ဘယ်လိုပဲသူခိုး လို့စွတ်စွဲ၊ လူ့အခွင့်ရေး အပြည့်မရဘူးပဲပြောပြော တရုတ်နိုင်ငံ ဟာကမ္ဘာမှာ လက်ရှိစီးပွါးရေးအင်အား အကြီးမားဆုံးဆိုတာ....................................
မြနန္ဒာ