ဗြိတိန်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဟာထူးထူး ခြားခြား မဲရလဒ် တွေနဲ့ပြီး ဆုံးသွားပါပြီး၊ ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်မရပဲ ညွန့်ပေါင်းအစိုးရ ဖွဲ့ရမဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်တွေလဲ ပိတ်ရက် စနေ၊ တနင်္ဂနွေမှာတောင် မနားနိုင်ပဲ အပြင်းအထန် ခေါင်းခြင်းဆိုင်နေကြရပါတယ်။ Conservative ပါတီက ၃၀၆၊ Labour ပါတီက ၂၅၈၊ Liberal Democrat ပါတီက ၅၇ နဲ့ အခြားသောပါတီတွေက အမတ်နေရာ၆၅၀ ထဲက ကျန်တဲ့ နေရာတွေကို ရရှိကြပါတယ်။ ဗြိတိန်ရဲ့ပါလီမန် စည်းမျဉ်းအရ အမတ်နေရာ ၃၂၆ ရရှိမှ အနိုင်ရမှာဖြစ်တဲ့အတွက် Conservative ပါတီဟာမဲ အများဆုံးရပေမဲ့ နိုင်ငံကို အုပ်ချုပ်ခွင့်မရှိပါဘူး။ မဲနေရာ ၃၂၆ ရဖို့အတွက် အနိုင်ရတဲ့ပါတီငယ် များနဲ့ ညှိနှိုင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ ပြီးမှ ပါလီမန်မှာ အာဏာယူရမှာဖြစ်တဲ့ အတွတ် Conservative ခေါင်းဆောင် David Cameron ဟာ Liberal Democrat ခေါင်းဆောင် Nick Clegg နဲ့ ပိတ်ရက်နှစ်ရက်လုံးမှာအပြင်းထန်ညှိ နှိုင်းနေကြပါပြီး။ နောက်ဆုံးသတင်းအရကတော့ သဘောတူညီမှုမရရှိသေးကြောင်းနဲ့၊ ပြည်သူလူထု နဲ့ စီးပွါးရေး ဂုရုကြီးများကလဲ အဖြေကို အမြန်ဆုံးသိချင် နေကြကြောင်း မီဒီယာတွေကတစ်နေ့လုံး ပြောနေကြပါတယ်။
ရွေးကောက်ပွဲ အဖြေမပြတ်သားမှုဟာ နိုင်ငံရဲ့ စီးပွါးရေးကိုအများကြီးထိခိုက်တဲ့အတွက် စီးပွါးရေး ခေါင်းဆောင်များက ဆုံးဖြတ်ချက်အမြန်ချဖို့ တွန်းအားပေး သလို မီဒီယာတွေကလဲ Labour ပါတီခေါင်းဆောင် လက်ရှိ အာဏာရ ဝန်ကြီးချုပ် Gordon Brown ကို ရာထူးမှနှုတ်ထွက်ဖို့ လူထုကို လှုံ့ဆော်ပေးနေပါတယ်။ တစ်ချို့သော လူနဲစု ကလဲ ရွေးကောက်ပွဲအသစ် လုပ်ပေးဖို့တောင်းဆိုနေကြပါတယ်။ မီဒီယာ ဒီဘိတ် တွေထဲမှာ တော့ Conservative ကြိုက်သူနဲ့ Labour ထောက်ခံသူ တွေ တစ်နေ့လုံး အငြင်းပွါးနေကြပါတယ်။ ဗြိတိန်မှာ ဒီလို ရွေးကောက်ပွဲအဖြေမပြတ်သားမှုဟာ နှစ်ပေါင်း ၃၉ကြာခဲ့ပြီးနောက် ပထမဆုံးအဖြစ်ပါ။ Conservative နဲ့ Labour ဟာဗြိတိန်မှာ အကြီးဆုံးပါတီနှစ်ခုဖြစ်ပြီး နိုင်ငံကိုတစ်လှဲ့ စီဦးဆောင်ခဲ့ကြတာပါ၊ Liberal Democrat ကအမြဲ တတိယနေရာလိုက်ပေမဲ့ ဘယ်သောအခါမှ အမတ်နေရာ ၆၅ထက်ကျော်မရခဲ့ ပါဘူး။ သူ့ရဲ့ပေါ်လစီများဟာ Labour နဲ့ ဆင် ဆင်တူပြီး Conservative နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။ ခေါင်းဆောင်ဖြစ်တဲ့ Nick Clegg ကြောင့်လဲပါတီဟာ ဒီနှစ် ပို နာမည်ကြီးတယ်လို့လဲဆိုပါတယ်။ ဖခင်ရုရှားစပ် နဲ့ မိခင် ဒတ်ခ်ျ လူမျိုး ကကြီးပြင်းလာပြီး စပိန်သူ ကိုလက်ထပ်ထားသူ၊ ဘာသာစကားလေးမျိုး တတ်တဲ့ သူ့ကို မီဒီယာတွေကဗြိတိန်ရဲ့ Obama လို့တင်စားရေးကြပါတယ်။
မာဂရက်သက်ချာလက်ထက်မှာ အကြီးအကျယ် နာမည်ဆိုးထွက်ခဲ့တဲ့ Conservative နဲ့ ယခုလက်ရှိ ၁၃ နှစ်ကြာ အုပ်ချုပ်ပြီး ရိုယွင်းလာတဲ့ Labour ကို စီးပွါးရေး သမားများ နဲ့ နိုင်ငံရေးကြွမ်းကျင် သူများက အယုံအ ကြည်မရှိတော့ တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင်ထဲက မီဒီယာတွေက Nick Clegg ကို အတင်းပင့် ပြီးပြောဆိုကြတာတွေ့ ရပါတယ်။ ဒါပေမဲ့လဲ ပါတီခေါင်းဆောင် သုံးဦးပြိုင်ပြီး လူထု ဒီဘိတ်လုပ်တဲ့အခါမှာတော့ သူဟာ အခြားခေါင်းဆောင်နှစ်ဦးကို မယှဉ်နိုင်ခဲ့ပါဘူး၊ David Cameron က တိကျတဲ့ ရည်ရွယ်ချက်တွေကို တင်ပြနိုင်ခဲ့သလို Gordon Brown ဟာလဲအပြောကောင်း ပြီးအောက်ခြေလူတန်းစားအရေးကြည့်ခဲ့သူပါ။ David Cameron ဟာ အင်္ဂလိပ် လူမျိုးအစစ်ဖြစ်ပြီး မျိုးချစ်စိတ်ရှိ၊နိုင်ငံကို ချစ် ပေမဲ့ နိုင်ငံခြားသားတွေ ထပ်ဝင်မှု ကို ကန့်သပ်ပြီး ဆင်းရဲသားတွေကို ပေးနေတဲ့ ထောက်ပံ့ကြေး တွေကို လဲလျှော့ချ ဖြတ်တောက်မယ်လို့ဆိုခဲ့သူပါ၊ Labour ပါတီကတော့ ဆင်းရဲသားတွေဖက် ကဖြစ်ပေမဲ့ အခုလို ကမ္ဘာ့စီးပွါးရေးအကျပ်အတည်းဖြစ် ချိန်မှာ လူလတ်တန်းစားနဲ့အထက်တန်းလွှာ Tax ပေးရ သူတွေက Taxတိုးကောက်မဲ့ သူ့အဆိုကို မကြိုက်ခဲ့ကြပါဘူး။
ဒီအချိန်မှာ Liberal Democrat ပါတီရဲ့ Nick Clegg သာ ပါးနပ်စွာနဲ့ ပြောဆိုခဲ့မယ်ဆို ရင် သူ့အတွက်အခွင့်ကောင်းပါပဲ။ သူ့ရဲ့မရေရာတဲ့ Euro နဲ့ပေါင်းမယ်ဆို တဲ့ပေါ်လစီ ကို နောက်ဆုံးဒီဘိတ်မှာ အဆိုသွင်း ပြီး နောက်ပိုင်းမှာ ပဲသူဟာမဲထပ်ရဖို့ အခွင့်ရေးနဲသွားပါတော့တယ်။ မီဒီယာတွေက ဘယ်လောက်ပဲ ဗြိတိန်ရဲ့ Obama လို့ ပင့်ပင့် သူဟာ Obama ရဲ့တစ်ဝက်ကို မမှီခဲ့ပါဘူး၊ နောက်တစ်ချက်ကလဲ သူဟာ ရုပ်ရည် ကြည့်ကောင်းသူဖြစ်လို့ မီဒီယာ တွေကသူတို့ရဲ့အကျိုးစီးပွါးအတွက် မြှောက်ခဲ့တာလို့လဲဆိုနိုင်ပါတယ်။ အမှန်တစ်ကယ်ကတော့ ပြည်သူအများစုက Labour ရဲ့ပေါ်လစီကို Conservative ထက်ပိုကြိုက် ကြပေမဲ့ ခေါင်းဆောင် Gordon Brown ကို မကြိုက်ကြလို့ မဲပေးမဲ့သူတွေ မဲမပေးကြဘူးလို့ လဲမီဒီယာတွေကသုံးသပ်ကြပါတယ်။ အရင်းရှင်နိုင်ငံတွေရဲ့ ဓလေ့အတိုင်းလူငယ်ခေါင်းဆောင် များကပိုပြီး လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆို တဲ့အချက်နဲ့ပဲ စကော့တစ်ရှ်လူမျိုး အသက်၆၀နီးပါးရှိပြီး ဖြစ်တဲ့ Labour ပါတီခေါင်းဆောင်Gordon Brown ဟာ အသက် ၄၂ သာရှိကြသေးတဲ့ သူ့ရဲ့ပြိုင်ဘက်နှစ်ဦး ထက်ဒီဘက်ပိုင်းမှာအားပျော့ခဲ့ပါတယ်။ ဘယ်လိုပဲ ပြောဆိုသုံးသပ်ကြပေမဲ့ ယခုချိန်မှာတော့ ဗြိတိန်ရဲ့ ရှေ့ရေးဟာ တင်းကျပ်တဲ့ Conservative ခေါင်းဆောင် David Cameron နဲ့ အရည်အချင်းမပြည့်တဲ့ ဗြိတိန်ရဲ့ Obama လို့တင်စားခံရသူ Liberal Democrat ခေါင်းဆောင် Nick Clegg ရဲ့ညွန့်ပေါင်းအစိုးရလက်ထဲရောက်ရှိဖို့ ၈၀ ရာခိုင်နှုံးသေချာနေပြီး ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
Posted 10 May, 2010 - 07:32 by မြနန္ဒာ