
ကားကုမ္ပဏီတွေက လောင်စာဆီသုံးစွဲမှု လျော့နဲစေတဲ့ Enviromental friendly ကားတွေ အပြိုင်ထုတ်လုပ် နေကြတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ Jaguar E-type ပြိုင်ကားလေးလဲ တစ်စီး အပါ အဝင်ဖြစ်လာပါပြီ။ CX-75 လို့အမည်ရတဲ့ ဒီကားလေးကို အောက်တိုဘာလ ၂ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပမဲ့ ပဲရစ်စ် Paris ကားပြပွဲမှာ ပြသမည်ဖြစ်ကြောင်းသိရှိရပါတယ်။

တစ်နာရီကို၂၀၅ မိုင်အထိ အမြင့်ဆုံးမောင်းနိုင်တဲ့ ဒီကားလေးကို jet engin လေးလုံး တပ် Gas တာဘိုင်စနစ်နဲ့ ဗြစ်တစ်ရှ် အင်ဂျင်နီယာတွေကဒီဇိုင်းဆွဲ ထုတ်လုပ်ထားပါတယ်။ လက်ရှိ အပြိုင်အဆိုင် ထွက်ပေါ်လာတဲ့ hybrid electric ကားတွေထဲမှာ အမြန်ဆုံးနှုံး နဲ့သွားနိုင်တဲ့ ကားအဖြစ် စံချိန်တင်နိုင်သလို မိုင်၅၆၀ ထိကို အခြားသော ကားတွေလိုလျှပ်စစ် ထပ်ဖြည့် စရာမလိုပဲ မနားတမ်းမောင်းနိုင်တဲ့ ပါဝါ အမြင့်ဆုံး hybrid ကားအဖြစ်လဲသတ်မှတ်ခံရပါတယ်။

CX-75 ရဲ့ထူးခြားချက်က ဓတ်ဆီအင်ဂျင်မပါရှိတဲ့အတွက်ဓတ်ဆီ လုံးဝသုံးစရာမလိုပါဘူး။ ၆၅ မိုင်အထိမှာ ကာဘွန်ဒိုင်အောက်ဆိုက် ဇီးရိုး ပဲ ထုတ်လွှင့်တယ်လို့ဆိုပါတယ်။

Porshe spider 918 လိုပဲပုံစံ သွက်တဲ့အပြင် ခဏခဏ Recharge လုပ်စရာမလိုတဲ့ အားသာချက်တွေကြောင့် လူကြိုက်များမယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ပေါင်စတာလင် ၂သိန်း အထက်မှာ တင်ရောင်းမှ ကိုက်မှာဖြစ်တဲ့အတွက် ဈေးနှုံးသတ်မှတ်ရေး နဲ့ ဘယ်အချိန်မှာ ဈေးကွက်ထဲ တင်သွင်းမှာလဲဆိုတာကို Jaguar CEO တွေ ခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေကြဆဲ ရှိကြောင်း သိရှိရပါတယ်။

Posted 30 September, 2010 - 13:25 by ဗလမင်းထင်