You are here

Beckham လေးများဘောလုံးစလေ့ကျင့်

ဩဂုတ်လ ဆယ့်တစ်ရက်နေ့ကအင်္ဂလန် England နဲ့ဟန်ဂေရီ Hunguary ဘောလုံးအသင်း တို့လန်ဒန် မို့မှာ ချစ်ကြည်ရေး ပွဲကစားခဲ့ကြပါတယ်။ မျိုးချစ်စိတ်ရှိပြီးနိုင်ငံအတွက် အမြဲတမ်းအဆင်သင့် ရှိမယ်ဆိုပြီး ကြွေးကျော်တတ်တဲ့ David Beckham ဘက်ခမ်မပါတဲ့အတွက် မန်နေဂျာ Fabio Capello ဖာဘီရိုကပလို ကို မီဒီယာတွေကမေးခဲ့ကြပါတယ်။

ကပလိုက ဘက်ခံ ဟာအသက်ကြီးသွားပြီး ရှေ့လျှောက်အင်္ဂလန် ပွဲတွေမှာ ပါဝင်ဖို့အခွင့်ရေးမရှိတော့ဘူးလို့ပြောခဲ့လို့ ပရိတ်သတ်တွေပွက်လောရိုက်ခဲ့ပါတယ်။ LA မှာရှိတဲ့ ဗစ်တိုးရီးယား Victoria Beckham ကနောက်တစ်ရက်မှာဒီလိုပြောတာကို ကြားပြီး ကပလိုကို ရိုင်းတယ်လို့ကောက်ချက်ချခဲ့ပါတယ်။ တစ်ကယ်တော့ အင်္ဂလိပ်စကားမကြွမ်းကျင်တဲ့ အီတာလီယံကြီး ကပလို အပြောမတတ်လို့ ဖြစ်သွားရတာပါ။

ဘယ်သူတွေဘာပဲပြောပြော အမြဲတမ်း အပြုံးမပျက်တတ်တဲ့ David Beckham ဘက်ခံကတော့ LA မှာ သူ့သားလေးသုံးယောက်ကို football training ဘောလုံးလေ့ကျင့်ခန်း စပေးနေပါပြီ။ သားလေးသုံးယောက်ထဲမှာ အလတ်ကလေး ရိုမီရို Romeo က အေးဆေးပုံရပြီး အငယ်ဆုံး Cruz နဲ့အကြီးဆုံးBrooklyn ကသွက်ပုံရပါတယ်။ ဘောလုံးလေ့ကျင့်တော့လဲ ရိုမီရိုကထိုင်နေတာတွေ့ ရပါတယ်။

ဓတ်ပုံထဲမှာမိသားစုတွေစားသောက်ဆိုင်ကပြန် အထွက်ဓက်ပုံလိုက်ရိုက်တဲ့ ဓတ်ပုံသမားတွေကိုပြောင်ပြနေတဲ့ အကြီးဆုံး Brooklyn နဲ့ အငယ်ဆုံးCruz ကိုတွေ့ ရပါတယ်။ Cruz ကိုအတင်းဆွဲထိုင်ခိုင်းနေတဲ့ဗစ်တိုးရီးယားကတော့ သားသုံးယောက်ဟာသူမ အတွက် အတိုင်းထက်အလွန်ကိုလုံလောက်ပါပြီး ထိန်းသိမ်းရတာ မောလွန်းလို့နောက်ထပ်မမွေးတော့ပါဘူးဆိုပြီး သူငယ်ချင်းအပေါင်းသင်းတွေကိုပြောပါတယ်။

Posted 18 August, 2010 - 22:56 by Dannii kogyi