You are here

David Beckham in World cup 2010

အင်္ဂလန် ရဲ့ ရွှေမင်းသား တစ်ပါး လို့ မကြာမကြာ တင်စားခံရလေ့ရှိတဲ့ David Beckham ဟာ ဒီနှစ် တောင်အာဖရိကမှာ ကျင်းပမဲ့ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲမှာ မန်နေဂျာ Fabio Capello ရဲ့ ဝန်ထမ်းတစ်ဦး အဖြစ် လိုက်ပါဆောင်ရွက်ဖို့ မနေ့ကပဲ တောင်အာဖရိကကို အင်္ဂလန် အသင်းနဲ့ အတူရောက်ရှိပါတယ်။ Beckham ရည်မှန်းခဲ့ တာက ဒီနှစ် ပွဲမှာ သူကိုယ်တိုင်ပါဝင် ဆင်နွှဲဖို့ပါပဲ၊ ဒါပေမဲ့ ကံ မကောင်းစွာပဲမတ်လ လယ်က Inter-Milan ရဲ့ပွဲစဉ် တစ်ခုမှာ ဒဏ်ရာ ရ ရှိပြီး နောက် မှာတော့ သူ့ရဲ့ world cup dream ဟာ ပျက်ပြယ်သွားခဲ့ ပါတော့တယ်။ အသက် ၃၅ နှစ် ရှိပြီးဖြစ်တဲ့ Beckham ဟာအသက် အရွယ် အရ ဘောလုံး စွမ်းရည် ကျဆင်းလာတာ မှန်ပေမဲ့ world cup အတွေ့ အကြုံ အများကြီးရှိခဲ့သူမို့ မန်နေဂျာ Capello ကလဲ သူ့ကို ဒီနှစ် မှာထည့်သုံးဖို့ လျာထားခဲ့ပြီးသားပါ။

ဒါပေမဲ့လဲ ဘောလုံး ကန်တဲ့ ဘောလုံးသမား အဖြစ် ကနေ အနားယူဖို့ အချိန် မကြာခင် မှာပဲရောက်ရှိတော့ မဲ့Beckham ကို မန်နေဂျာ Capello က ပြီးခဲ့တဲ့လ က သူ့ရဲ့ ဝန်ထမ်း အဖြစ် တောင်အာဖရိကကို လိုက်ပါဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ Beckham အနေနဲ့ နည်းပြ နဲ့ပတ်သက်တဲ့ သင်တန်း တစ်ခု တစ်လေမှ တက်ရောက်ထားခြင်းမရှိတဲ့ အတွက် ဘောလုံး သမားတွေကို တော့ အမှန်တစ်ကယ် သင်ကြားပြသမှာတော့ မဟုတ်ပါဘူး၊ သူပါဝင်ခြင်းအားဖြင့် ပိရိတ် သတ်အားပေးမှု ပိုရနိုင်မယ်၊ လက်မှတ်တွေပိုရောင်းနိုင်မယ်ဆိုတဲ့ မျှော်လင့် ချက်နဲ့ FIFA ကသူ့ကို ရှိုးမန်း တစ်ယောက် အနေနဲ့ ခေါ်ဆောင်သွားခြင်းသာဖြစ်ပါတယ်။ Beckham ကိုယ်တိုင်က လဲ တစ်ချိန်မှာ ဘောလုံးနည်းပြ career ဘက်ကို ကူးပြောင်းဖို့ ယခင် ထဲက ရည်မှန်းချက်ရှိခဲ့ သူဖြစ်လေတော့ အမေရိကားက TV အစီ အစဉ် ၃ခုမှာပါဝင်တင်ဆက်ဖို့ ကမ်းလှမ်း ခဲ့ တာတွေကို လက် မခံ ပဲ တောင် အာဖရိကကို လိုက်ပါသွားခဲ့ပါတယ်။

Posted 4 June, 2010 - 21:40 by Dannii kogyi