You are here

Longines ရဲ့ ကြော်ငြာအသစ် နိုင်ငံတစ်ကာနာမည်ကြီးများနှင့်ရိုက်ကူး

ကမ္ဘာကြီး ဟာတစ်နေ့ထက်တစ်နေ့နေရာတိုင်းမှာ Globalization ဖြစ်လာတာနှင့်အမျှ စီးပွါးရေးလုပ်ငန်းရှင်တွေလဲ အကွက်မြင်မြင်နဲ့ ကြော်ငြာတွေကိုရိုက်ကူးလာကြရပါတယ်။ sports အားကစားပစ္စည်းတွေရိုက်ကူးရာမှာ မင်းသား၊ မင်းသမီးတွေထက် footballers ဘောလုံးသမားတို့ Tennis players တင်းနစ်ကစားသမားတို့နဲ့ ရိုက်ကူးတတ်သလို ယခုခေတ် သူတို့ရဲ့ ကုန်ပစ္စည်း တွေကမ္ဘာအနှံ့ဖြန့်ချီရာမှာလဲ သက်ဆိုင်ရာနိုင်ငံတွေက သရုပ်ဆောင်မော်ဒယ်လ် တွေနဲ့ ရိုက်ကူးလာကြပါတယ်။ ဒီပုံထဲမှာလဲ Hollywood ဟောလီဝုဒ် စတား ကိတ် Kate Winslet ၊ ထိုင်ဝမ်မင်းသမီး လင် Lin Chi Ling နဲ့ အိန္ဒိယ Bollywood ဘိုးလီဝုဒ်က မင်းသမီးအာရှာဝါရာ Aishwarya Rai ရေ တို့ကို သုံးပြီး ဆွစ် Swiss နာရီကုမ္ပဏီ Longines ကအီတလီနိုင်ငံ Rome ရုန်းမ် မြို့တော်မှာ ကြော်ငြာ ရိုက်ကူးနေတာပါ။

အသက် ၃၄ နှစ် အရွယ် ခလေးနှစ်ယောက် မိခင် ကိတ် Kate Winslet ဟာ ဟောလီဝုဒ် မင်းသမီးတွေထဲမှာ ကာလသားအကြိုက် ခန္ဓာကိုယ်ပိုင်ရှင်အဖြစ်မဲအများဆုံးရထားသူပါ။ မပိန်လွန်း မဝလွန်း Healthy ဘော်ဒီနဲ့ တိုင်တန်းနစ် ကားထဲက မျက်နှာအတိုင်း ဆွဲဆောင်မှုရှိဆဲဖြစ်တဲ့သူမကို မိန်းမ၊ ယောက်ျား ပရိတ်သတ် အကုန်နှစ်ကြိုက်ကြပါတယ်။ ကိတ် Kate ဟာသရုပ်ဆောင်ကောင်း တဲ့မင်းသမီးတစ်လက် အနေနဲ့လဲအပြည့်အဝထောက်ခံမှုရထားပြီး အော်စကာဆုရထားသူတစ်ယောက်ပါ။

အိန္ဒိယ မင်းသမီး အာရှာဝါရာရေ Aishwarya Rai ဆိုတာလဲ အိန္ဒိယ ရဲ့ဒိတ်ဒိတ်ကျဲတစ်ယောက်ပါ။ အသက်၃၆ နှစ်ရှိသွားပြီး ဖြစ်တဲ့သူမဟာ Miss World မယ်ကမ္ဘာ ဆုရရှိခဲ့ဘူးပြီး လက်ရှိအိန္ဒိယ ရုပ်ရှင်တွေမှာနာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်က နာမည်ကြီးမင်းသား၊ လက်ရှိ အိန္ဒိယပါလီမန်ဝန်ကြီးတစ်ဦးဖြစ်တဲ့ Amitabh Bachchan အမီတာဘဂျမ်း ရဲ့ သားနဲ့လက်ထပ်ထားသူ တစ်ယောက်ပါ။

ထိုင်ဝမ်မင်းသမီးချော အသက်၃၅ နှစ် အရွယ် လင် Lin Chi Ling ဟာလဲ အရပ်ရှည်ရှည် နဲ့ နာမည်ကြီး မော်ဒယ်လ် မင်းသမီး အလုပ်အပြင် China Air တရုပ်လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရာထူး အဖြစ်နေရာရ ထားသူတစ်ရောတ်ပါ။ ဒီလို နိုင်ငံတစ်ကာ ကနာမည်ကြီးအချောအလှ တွေစုပြီးရိုက် ထားတဲ့ဒီကြော်ငြာကို လူအများက စိတ်အားထက်သန်စွာမျှော်လင့်နေကြပါတယ်။ ရိုက်ကွင်းထဲမှာ အနက်ရောင် ကား ပေါ်က အနက်ရောင် ဝတ်စုံတွေနဲ့ ကိတ်နဲ့ အာရှာဝါရာရေက ပြေးဆင်းလာ တာကို လင်က ရှေးဟောင်း အီတလီကား အနီရောင် အမိုးဖွင့်နဲ့ စောင့်နေပုံဖြစ်ပါတယ်။

Posted 9 September, 2010 - 16:42 by Dannii kogyi