![]() |
ဗြိတိန် ရဲ့ နာမည်ကြီး ကား Range Rover ကုမ္ပဏီ က သူ့ရဲ့ နောက်ဆုံးပေါ်မော်ဒယ် ဖြစ် တဲ့ Range Rover Evoque ကို မကြာခင် မှာ ဖြန့်ချီတော့မှာဖြစ် ပါတယ်။ Range Rover ဟာ Free lander၊ , Land rover တို့နဲ့ ကုမ္ပဏီ တစ်ခုထဲက ထုပ်လုပ်တာဖြစ်ပြီး ဗြိတိန် မှာ လူကြိုက်များလှတဲ့ off-road ကားအဖြစ်နာမည်ကြီးပါတယ်။ ဗြိတိန်ဘုရင်မကြီးက သူ့ရဲ့ခရီးစဉ်တွေမှာ Range Rover ကိုသုံးလေ့ရှိပြီး ဝန်ကြီးချုပ် အဆင့်များက ဗြိတိန်ထုပ် Jaguar ကားတွေကိုသုံးတဲ့ အစဉ်အလာရှိကြပါတယ်။ ဒီလို မျိုးအစဉ်လာတွေနဲ့ နာမည်ရှိတဲ့ Range Rover ကုမ္ပဏီ က ယခုနောက်ဆုံးထုပ်လုပ်မဲ့ Range Rover Evoque ရဲ့အတွင်း ဒီဇိုင်း အတွက် ဒေးဗစ်ဘက်ခမ် ရဲ့ မိန်းမ၊ မော်ဒယ် နဲ့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ Spice Girl အဆိုအဖွဲ့ ထဲက ဗစ်တိုးရီးယား ဘက်ခမ်ကို ဒီဇိုင်းဆွဲဖို့ခန့်အပ် ခဲ့ပါတယ်။
![]() |
![]() |
ဗစ်တိုးရီးယား ဟာ အဆိုအဖွဲ့ကထွက်ပြီးနောက်ပိုင်းမှာ သူ့ကိုယ်ပိုင် တံဆိပ်နဲ့ ဖက်ရှင် အဝတ်အစား၊ လက်ကိုင်အိတ်တွေ ကြိုးစားထုပ်လုပ်နေခဲ့ပြီး အချို့ဖက်ရှင်တွေကို ဟောလီဝုဒ် ကသရုပ်ဆောင် တစ်ချို့ ပြီးခဲ့တဲ့နှစ်တွေကအသုံးပြုခဲ့ကြပါတယ်။ သူမ ရဲ့ ဒီဇိုင်းတွေဟာ အခြားသော နာမည်ကြီး ဒီဇိုင်းနားတွေနဲ့ယှဉ် ရင် နာမည်သိပ်မရသေးပေမဲ့ ဈေးကွက်ထဲမှာတော့ စတင်နေရာယူလာပါပြီ။ ဒါပေမဲ့လဲ ဗစ်တိုးရီးယား ဘာပဲလုပ် လုပ် ဗြစ်တစ်ရှ် လူများစုက သတင်းတွေထဲမှာ မကောင်းပဲပြောလေ့ရှိကြ ပါတယ်၊ သူမ ကိုဒေးဗစ်နဲ့ ကွဲနေကြပြီဆိုပြီး တွစ်တာမှာ ပြီးခဲ့တဲ့အပတ်က ကောလ ဟာလ ထွက်ခဲ့လို့ သူတို့စုံတွဲ သတင်းစာမှာရှင်းခဲ့ရပါသေးတယ်။ ဗစ်တိုးရီးယားဟာ မော်ဒယ် ရုပ်ရည်မျိုးရှိသူဖြစ်ပေမဲ့ ဒေးဗစ်ဘက်ခမ်နဲ့ ယှဉ်တဲ့အခါမှာတော့ သူ့မအမျိုးသားရဲ့ချောမောခန့်ညားမှုကို လိုက်မမှီပါဘူး။ ဒါကြောင့်လဲ ဒါဟာ အမျိုးသမီး ပိရိတ်သတ်ရဲ့ မနာလိုမှုလို့ သုံးသပ်ကြပေမဲ့ တစ်ချိန်ထဲမှာပဲ အမျိုးသားပိရိတ်သက်က လဲ သူမရဲ့ အရိုး ပေါ်အရေတင် ပိန်နေတဲ့ခန္ဓာကိုယ် ကိုလက်မခံနိုင်ကြပါဘူး၊ သူတို့လင်မယားကြား မပြေလည်စရာတစ်စုံတစ်ခု အသံထွက်တာနဲ့ သတင်းတွေက ကွဲရေးပြဲရေးတွေတွန်းအားပေး ရေးလေ့ရှိပါတယ်။ ယခု Range Rover Evoque ရဲ့ကားအတွင်းခန်း ဒီဇိုင်းနား အဖြစ် သူမ ဆောင်ရွက်မှာကိုလဲ လူအများက ထုံးစံ အတိုင်း ဝေဖန် မှုတွေပြုနေကြပါတယ်။
![]() |
Posted 2 July, 2010 - 10:26 by Dannii kogyi