
တွီလိုက် Twilight ရုပ်ရှင်ကားများနဲ့ ဆယ်ကျော်သက်တွေရဲ့ အသဲစွဲဖြစ်လာတဲ့ ရောဘတ်ပါတင်ဆင် Robert Pattinson ရဲ့ ရုပ်ရှင် ဇတ်ကား အသစ် Water for Elephants ရဲ့ ရိုက်ကွင်း ပုံများဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ရောဘတ်က မိဘမဲ့ တိမွေးကုကျောင်း ကျောင်းသားလေးအဖြစ် အော်စကာ ဆုရှင် ရီးစ်ဝစ်တာစပွန်း Rees Witherspoon နဲ့တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက ရောဘတ်က် ရီးစ်ဝစ်တာစပွန်း ရဲ့ သားအဖြစ် ဗီနတီဖဲ Vanity Fair ရုပ်ရှင်ကားမှာသရုပ်ဆောင်ခဲ့ဖူးပြီး အခု အခါမှာတော့ ချစ်သူရီးစားအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အသက်ဆယ်နှစ်ကွာကြပေမဲ့ ဒီလိုချစ်သူအဖြစ်သရုပ်ဆောင်ရာမှာ အခက်အခဲမရှိပါဘူးလို့ ဝါရင့် သရုပ်ဆောင် ရီးစ်ဝစ်တာစပွန်း ကပြောကြားခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်များကိုအခြေခံပြီးရိုက်တဲ့ ဒီဇတ်ကားသစ်ဟာရိုက်ကူးလို့မကြာခင်မှာပြီးဆုံးတော့မှာဖြစ်ပါတယ်။ 

Harry Potter ဟာရီပေါ်တာ ကားတွေထဲမှာ Cedric Diggory အဖြစ် သရုပ်ဆောင်ခဲ့စဉ်က လူသိမများခဲ့ပေမဲ့ ယခု အခါမှာတော့ ဟောလီးဝုဒ် ရဲ့ A-list စတားအဖြစ် သတ်မှတ်ခံလာရပြီး သူ့ရဲ့ဖယောင်းရုပ်ထု ပုံတူကို လဲ လန်ဒန် နဲ့ နယူးယောက်က မဒမ်တူးဆော Madame Tussauds ပြတိုက်တွေမှာ ထားရှိဖို့စီစဉ်နေကြပါပြီ၊ လန်ဒန်ဖွား အင်္ဂလိပ်ရှ် မင်းသားရောဘတ် ရဲ့လက်ရှိချစ်သူကတော့ တွီလိုက် ဇတ်ကားထဲက တွဲဖက်သရုပ်ဆောင် ခါစတင်းန် စတီးဝပ် Kirsten Stewart ဖြစ်ပါတယ်။

Robert Pattinson as Cedric in Harry Potter
Posted 1 August, 2010 - 10:50 by Dannii kogyi