You are here

သားသမီးရဖို့ ကြင်ယာမလိုဘူးဆိုတဲ့ ဂျနီဖာအနက်စတင်

ဟောလီဝုဒ်ရဲ့ အေလစ်စစ်A-list စတားလဲဖြစ် အမျိုးသမီးသရုပ်ဆောင်တွေထဲမှာ ဒုတိယဝင်ငွေအများဆုံးလဲဖြစ်တဲ့ ဂျနီဖာ Jennifer Aniston ကသူမရဲ့ ရုပ်ရှင်ကားအသစ် The Switch သတင်းစာရှင်းလင်းပွဲမှာ မီဒီယာ ကို အခုလိုပြောကြားခဲ့ပါတယ်။ "သားသမီးရဖို့ နဲ့ ဒီသားသမီးတွေကိုပြုစု စောင့်ရှောက်ဖို့အတွက်က မိခင်တစ်ဦးထဲနဲ့ လုပ်ဆောင်နိုင်ပြီး ဖခင်ယောက်ျား သားမလိုအပ်ကြောင်း" မိသားစုဘဝကို မိခင်တစ်ယောက်ထဲနဲ့ဖန်တီးနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒီလိုသူမရဲ့ခံယူချက်ကိုဖွင့်ဟခဲ့တာနဲ့ပတ်သက်ပြီး ပရိတ်သတ်ကြားမှာ အငြင်းပွါးမှုတွေဖြစ်ခဲ့ပါတယ်။ သူမရဲ့ ဒီရုပ်ရှင်ကား အသစ်မှာ ဂျနီဖာက တစ်ကိုယ်ရေသမား အမျိုးသမီး တစ်ယောက်အနေနဲ့ sperm donor အဖွဲ့စည်းတွေက sperm ရယူ ခလေးမွေးပြီး ကိုယ်ပိုင်မိသားစုဘဝကို ထူထောင် မဲ့မိန်းမ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

Jennifer in The Switch

ဂျနီဖာ့ကို ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးသူမအမြင်ကိုမေးခဲ့ရာမှာ ဒီဇတ်ကောင်လိုပဲ သူမခံယူတဲ့အကြောင်းနဲ့ တစ်နေ့မှာလဲ ဒီလိုပဲသူမ လုပ်ဆောင် ပြီး မိသားစုဘဝကိုဖန်တီးမယ်လို့ပြောကြားခဲ့ပါတယ်။ ဂျနီဖာဟာ ပြောရလောက်အောင်ရုပ်ရည်ချောမောသူ မဟုတ်ပေမဲ့ သူမကိုအားပေးတဲ့ပရိတ်သတ်က အခြားစွဲမက်စရာရုပ်ရည်ပိုင်ရှင်ရှိတဲ့မင်းသမီးတွေထက်များပါတယ်၊ ဟောလီဝုဒ်ရဲ့ စစ်တမ်းအရ လူကြိုက်များတဲ့ မင်းသမီးတွေကိုစဉ်လိုက်ရင် အန်ဂျလီးနားဂျိုလီ တောင်သူမနောက် နံပတ် ၂၀ ကျော်မှာရှိပါတယ်။ ဒါပေမဲ့ အခုလိုပြောလိုက်တဲ့အခါမှာ သူမကို အားပေးတဲ့ ပရိတ်သတ်အချို့က သူမကို မကြိုက်တော့ဘူးလို့ပြောပါတယ်၊ ဂျနီဖာလို ချမ်းသာနေရင်တော့ သားသမီးတွေအတွက်အဖေမရှိလို့ရပေမဲ့ သာမာန် လူတန်းစားတွေအတွက်ကတော့ ငွေကြေးရှာဖို့ဖခင်နဲ့ ကျွေးမွေးစောင့်ရှောက်ဖို့ မိခင်ဆိုတာလိုအပ်ကြောင်း၊ တစ်ချို့ကလဲ ငွေကြေးတင်မက အဖေတစ်ယောက်ရဲ့ သားသမီးတွေအပေါ်ဖြည့်ပေးနိုင် စွမ်းနဲ့ အမေတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေဟာဘယ်လိုမှ မတူနိုင် တဲ့အတွက် မိသားစုဘဝကို ဖန်တီးရာမှာ မိဘနှစ်ပါးလုံး လိုအပ်ကြောင်း မီဒီယာစာမျက်နှာတွေမှာ လာရေးကြပါတယ်။

Jennifer in the Switch

ဂျနီဖာနဲ့အမြင်တူ တဲ့လူအချို့ ကတော့ သူမဘက်ကထောက်ခံကြပါတယ်၊ အနောက်နိုင်ငံတွေမှာက အဖေမရှိဘဲခလေး မွေးလဲဘယ်သူက မှမကဲ့ရဲ့ သလို အနှိမ်လဲမခံရပါဘူး၊ ဝင်ငွေနဲရင်လဲ အစိုးရကထောက်ပံ့တော့ မိစုံဖစုံ မရှိပဲကြီးပြင်းလာသူတွေကအများကြီးပါ၊ တစ်ချို့ဘဝမှာအောင်မြင်သလို တစ်ချို့လဲဘဝပျက်သူတွေ အမျိုးမျိုးရှိကြပါတယ်။ မိဘတစ်ဦးထဲရဲ့ ပြုစု ထိန်းသိမ်းမှုနဲ့ကြီးပြင်းလာတဲ့ နာမည်ကျော်အနုပညာရှင် တစ်ဦးကတော့ မိဘစုံလင်နဲ့နေရပြီး ဆေးစွဲ ဘဝဆုံးသူတွေနဲ့ယှဉ်ရင် မိခင်ရဲ့အုပ်ထိန်းမှုတစ်ခုထဲနဲ့ သူမဒီလိုဖြစ်မြောက်လာတာကိုဂုဏ်ယူပါကြောင်း ပြောခဲ့ပါတယ်။ အများစုကတော့ ဘရက်ပစ် ရဲ့စိမ်းကားခြင်းခံခဲ့ ရတဲ့ ဂျနီဖာရဲ့ စိတ်ခံစားချက်ကို ကိုယ်ခြင်းစာနားလည်ပေးကြပါတယ်။

Posted 10 August, 2010 - 20:00 by Dannii kogyi