
အမြဲတမ်းဆန်းသစ်တီထွင်မှုတွေ နဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ ပေါ့ဘုရင်မ Lady Ga Ga လေဒီဂါဂါ တစ်ယောက် ဒီနှစ် MTV Award မှာ ဆုပေါင်း ၈ ဆု ရရှိခဲ့ပါတယ်။ MTV award မှာ အများဆုံး ဆုဆယ်ဆုရခဲ့ဘူးသူ ဟာ ၁၉၈၇ခုနှစ် မှာ Peter Gabriel ပီတာ ဂါဘရီရယ်လ် နဲ့ သူမလို ၈ ဆုရခဲ့ဘူးသူ က ၁၉၈၆ ခုနှစ်က A-ha အေဟ ဆိုသူ တို့ပဲရှိပါတယ်။ လေဒီဂါဂါ ကထုံးစံ အတိုင်း ထူးခြားဆန်း ပြားတဲ့ဝတ်စုံဆန်းတွေနဲ့ ဆုတွေကိုတက်ရောက်ယူခဲ့ပါတယ်။ အဝတ် အစား သုံးစုံလဲခဲ့ ရာမှာ နာမည်ကျော် Alexander McQueen ရဲ့ ဂါဝန်အရှည်ဒိဇိုင်းနဲ့ ဖိနပ်လဲပါဝင်ခဲ့ပါတယ်။



raw meat dress by Franc Fernandez >> Black leather dress by Giorgio Armani >>>
ဆုမရပေမဲ့လာရောက်ဖျော်ဖြေကြတဲ့ အဆိုကျော်များထဲမှာ အသံကောင်းအဆိုကောင်းတဲ့ Taylor Swift တေလာ တစ်ယောက် ဖိနပ်မပါတဲ့ ဘဲလေးဝတ်စုံနဲ့ သီဆိုခဲ့သလို Male video award ဆုနဲ့ Hip hop award ဆု နှစ်ဆုရခဲ့ တဲ့ Eminem အယ်မနင်ကလဲ Rihanna ရီဟားနားနဲ့တွဲဖျော်ဖြေ ခဲ့ပါတယ်။


Country & pop singer Taylor Swift >>>>>>>>>>>Eminem &Rihanna
New Artist award ဆုရခဲ့တဲ့ ကနေဒါ သား ၁၆နှစ်ကောင်လေး Justin Bieber ဂျပ်စတင်ဘီဘာ နဲ့ ဆုမရရှိခဲ့တဲ့ Usher အာရှာတို့လဲ အတူဖျော်ဖြေခဲ့ကြပါတယ်။

ဆုမရပေမဲ့ နေမကောင်းတဲ့ကြားက လက်သဲအလှဒီဇိုင်း , ဝတ်စုံအဆန်းနဲ့ Katy Perry ကေတီပယ်ရီတစ်ယောက်လဲရောက်ရှိလာခဲ့ပါတယ်။ လက်သဲမှာ သူမချစ်သူ စေ့စပ်ထားတဲ့ Russell Brand ရဲ့ ပုံတွေနဲ့ လက်သဲအလှပုံဖော်ထားပါတယ်။

Katy Perry
ဒီနှစ်ထဲမှာ နာမည်ကြီးလာတဲ့ အဆိုရှင်အသက် ၁၈ နှစ်အရွယ် ကောင်မလေး Selena Gomez ဆယ်လီးနားဂိုးမက်ဇ် တစ်ယောက် လဲငွေမှင်ရောင် ချစ်စရာ ဒီဇိုင်း လေးနဲ့ တက်ရောက်ခဲ့ပါတယ်။ အခြားနာမည်ကျော် အဆိုတော်များလဲ ဒီဇိုင်းမျိုးစုံနဲ့ တက်ရောက်ကြတဲ့ ဒီပွဲကို စက်တင်ဘာ၁၂ ရက်နေ့ က လော့စအိန်ဂျလီမြို့ နိုကီရာ ပြဇတ်ရုံမှာကျင်းပခဲ့ကြောင်းသိရှိရပါတယ်။



Selena Gomaz >>>>>>>>>>Twilight star Ashley Greene >>>>>>>>>>>>>D&G Evan Rachel Wood
ဒီပွဲဟာ ဒီနှစ်မှာဆု တွေအများဆုံး ရရှိခဲ့ပြီး လူတစ်ကာ အသိမှတ်ပြု ရလောက်အောင် ထူးခြားလှတဲ့ ဝတ်စုံဒီဇိုင်း ဆန်းတွေနဲ့ တက်ရောက်ခဲ့တဲ့  လေဒီဂါဂါရဲ့ပွဲ ဖြစ်ခဲ့တယ်လို့ အများက ကောက်ချက်ချခဲ့ကြပါတယ်။


Alexander McQueen's design
McQueen ရဲ့ဖိနပ် ဒီဇိုင်းဟာ အမြင်ဆန်းပေမဲ့ သက်တောင့်သက်သာမရှိ တာကို လေဒီဂါဂါပြောကြားချက်အရသိရပါတယ် ။ လေဒီဂါဂါက ဖိနပ်ဆန်းကြောင့် ဆုတက်ယူရာမှာ နှေးကွေး ခဲ့တာကြောင့် ပရိတ်သတ်ကို စင်ပေါ်ကနေ တောင်းပန်ခဲ့ပါတယ်။

Alexander McQueen's design
Posted 13 September, 2010 - 12:45 by Dannii kogyi